← Chapters

ပြန်လည်မွေးဖွားခြင်းစက်ဝန်း အိပ်မက်

Vol. 021 Ch. 1035

ပြန်လည်မွေးဖွားခြင်းစက်ဝန်း အိပ်မက်

Vol. 021 Ch. 1035

“ငါ့ညီက ကြည့်မကောင်းဘူးနော်။ ဒါ့ကြောင့် ကောင်မလေး နင် သူ့ကို မသိလောက်ဘူး…” စစ်ထူနန်က ထိုသို့ ရယ်မောပြောဆိုရင်း သူ့လက်ဖြင့် ညှို့အားပြင်းသည့်အမျိုးသမီး၏ ခါးကို ဆွဲဖက်လိုက်လေသည်။

အမျိုးသမီးက စစ်ထူနန် သူ့ရင်ဘက်ထဲသို့ သူမကို ဆွဲခေါ်သွင်းသည့်အခါ ရုန်းကန်ရန် ပြင်လိုက်သေးသည်။ စစ်ထူနန်က ရယ်မောကာ ထျန်ယွမ်ဂြိုဟ်ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

“ကောင်မလေး…အလျင်မလိုပါနဲ့…။ ငါ နင့်ကို ဘယ်နှစ်ကြိမ်များ ကျေနပ်ပြီးစေခဲ့ပြီလဲ…။နင် ပြောပုံအရ ပန်းရောင်နန်းတော်မှာ နင့်ညီမတွေ အများကြီး ရှိတယ်ဆို။ ဒီနန်းတော်က နင် ပြောသလောက် ဟုတ်ရဲ့လာ်း အရင် သွားကြည့်ကြတာပေါ့…”

ထိုအမျိုးသမီးက ပြုံး၍ စစ်ထူနန်ကို ညှို့မျက်လုံးနှင့်ကြည့်ကာ ပြောသည်။ “စီနီယာ…သင် လုံးဝ ကျေနပ်ပါလိမ့်မယ်…”

စစ်ထူနန်က ထိုစကားကို ကြားသည့်အခါ သူ့စိတ်နှလုံးသည် ကိုက်ခဲမိ၏။ သူက ဖန်လန်ဂြိုဟ်ပေါ်ရှိ မင်သက်ဖွယ်အလှလေးများအကြောင်း မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။တနေ့ သူသာ ဖန်လန်ဂြိုဟ်ကို အုပ်စိုးပါက သူနှင်သူ့ညီ ဝမ်လင်းတို့သည် လက်တစ်ဖက်စီ၌ မိန်းမလှတစ်ယောက်စီကို ထွေးပွေ့ထားနိုင်မည် မဟုတ်လော။ထိုအရာက ဘဝ၏ အကြီးကျယ်ဆုံး ပျော်ရွှင်မှု ဖြစ်ပေလိမ့်မည်။

“ကံမကောင်းစွာနဲ့ ဒီကောင်လေးဝမ်လင်းက သစ်သားတုံး ဖြစ်နေတာပဲ။ ငါ တစ်ရာနှစ်ရာ သူ့ကို သင်ပေးလည်း အချည်းနှီးပဲ…”

ဤအခိုက်၌ စစ်ထူနန်နှင့် ဝေးကွာသောနေရာရှိ ရေစိတ်ဝိညာဉ်ဂြိုဟ်ပေါ်၌ ဝမ်လင်း၏ညာမျက်လုံးထံမှ အပြာရောင်အလင်းတစ်ခု ထုတ်လွှတ်နေ၏။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ထို့နောက် သူက တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားတော့၏။

အနီးအနားရှိလူများသည်လည်း ပြန်၍ လူစုခွဲသွားကြ၏။ရေစိတ်ဝိညာဉ်ဂြိုဟ်၏ တည်ငြိမ်မှုသည် ပြန်လည် အစားထိုးလာတော့သည်။

လူတော်တော်များသည် ထိုည၌ ဝမ်လင်း၏ ဒိုင်းရတနာအဖြစ်သနစ်ကြောင့် အိပ်မပျော်နိုင် ဖြစ်ကုန်သည်။ချန်ညီကိုသုံးယောက်သည်လည်း ထိုသို့ပင်။ အရှင်ချိုင့်လေသည်လည်း ဤသို့ပင်။ လင်းအားသည်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။

သူမက ကောင်းကင်ယံထိ ထွင်းဖောက်၍ တင်ပလွေထိုင်နေသည့် ပုံရိပ်ကြီးကို တွေးနေမိကာ မမေ့ပျောက်နိုင် ဖြစ်နေသည်။သူမက ကျင့်ကြံမှုပင် မပြုနိုင်ဘဲ အိပ်ယာထဲ၌ ဟိုလှိမ့်ဒီလှိမ့်နှင့် တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်နေသည်။

“ငါ မြင်ခဲ့တဲ့ ပုံရိပ်ကြီးက ဘာများလဲ။ငါက ဒါကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုမှာ အိပ်မက်မက်နေသလို ခံစားနေရတယ်။ အဲ့အခိုက်မှာ ငါက ငါအရင်တန်းက တစ်ခါမျှ မဖြစ်ပေါ်ဖူးခဲ့တဲ့ လေးစားမှုမျိုးကိုလည်း ခံစားမိတယ်…” လင်းအာသည် ထိုအဖြစ်ကို ဘာကြောင့်မှန်း နားမလည်နိုင် ဖြစ်နေသည်။နေအလင်းရောင်လာမှ သူမသည် ခဏမှေးသွားတော့၏။

သို့သော် သူမသည် ကြာကြာအိပ်မပျော်ပေ။အိပ်မက်တစ်ခုလိုသာ အိပ်ပျော်နေစဉ် ခံစားနေရသည်။

သူမ၏အိပ်မက်ထဲ၌ သူမသည် မတူခြားနားသည့်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားကာ ထူးဆန်းသောဝတ်စုံများကို ဝတ်ဆင်ထားသည်။သူမက မရင်းနှီးသော လောကတစ်ခု၌ ရှိနေသည်။ ကောင်းကင်သည်အပြာရောင် ဖြစ်ကာ လူများ ရင်ဖိုလောက်အောက် လုံလောက်သည့်အထိ လှပနေ၏။

သူမက မိုးထိထိုးတက်နေသည့် မျှော်စင်ပလ္လင်တစ်ခုပေါ်၌ မားမားရပ်နေ၏။သူမအောက်၌ ထူးဆန်းသောဝတ်စုံများဖြင့် ယောက်ျား၊မိန်းမများ ရှိနေကြသည်။သူတို့က ထူးဆန်းသောမန္တာန်များကို ရွတ်ဆို၍ လောက၌ ပဲ့တင်ထပ်နေစေကြသည်။

သူမက ကောင်းကင်ထက်သို့ လက်ဆန့်တန်းကာ မော့ကြည့်ချိန်၌ သူမ၏မျက်လုံးထဲ၌ လေးစားသမှုတို့ ပြည့်နေသည်။ သူမက ခေါ်သံတစ်ခုကြားရသည့်အလား၊ ကောင်းကင်နှင့် ချိတ်ဆက်သွယ်နေသည့်အလား ထင်မှတ်နေရသည်။

အချိန်အတန်ကြာပြီးနောက် တိမ်တိုက်၊လေနှင့်ကောင်းကင်တို့သည် ပြောင်းလဲသွား၏။တိမ်တိုက်များက ကောင်းကင်ကို ဖုံးအုပ်ကာ လူများသည် မန္တာန်ကို ပို၍ ကျယ်ကျယ်လောင်လောင် ရွတ်ဆိုနေကြ၏။သူတို့၏မျက်နှာထက်၌လည်း စိတ်လှုပ်ရှားမှုနှင့်အဆုံးစွန်လေးစားမှုတို့ ဖြစ်ပေါ်နေသည်။

သူမက ထိုပလ္လင်ပေါ်၌ ဒူးတစ်ဖက်ထောက်ထားသည်။ သူမက ခေါင်းမော့ကြည့်အခါ ပိန်ပါးပါးခန္ဓာကိုယ်၊ အဖြူရောင်လည်တိုင်နှင့် ထူးဆန်းသော ကိုယ်နေဟန်ထားက သူမထံ၌ ဖြစ်ပေါ်နေကာ သူမပါးစပ်ကနေလည်း အသံတစ်ခု ထွက်ပေါ်လာသည့်ပုံပင်။

ချက်ခြင်းပင် ကောင်းကင်ထက်ရှိ တိမ်တိုက်များက ပြင်းပြင်းထန်ထန် တဝီဝီ ဖြစ်လာကာ အလင်းတန်းနှစ်ခုသည် တိမ်များကို ထွင်းဖောက်၍ မြေပြင်ထက်သို့ တိုက်ရိုက်ဆင်းသက်လာသည်။

ထိုတိမ်များကို ထူးဆန်းသောအားတစ်ခုက ဝန်းရံထားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင်စေသည်။သို့ရာတွင် ဤအခိုက်၌ တိမ်တိုက်များနောက်၌ ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာ၏။

ထိုပုံရိပ်မှာ ရှေးဟောင်းနတ်ဘုရားပင်။

၎င်းပုံရိပ်က ခန္ဓာကိုယ်တစ်ဝက်ကိုသာ ထုတ်ဖော်ထားသည့်ပုံပင်။သို့သော် ၎င်းခန္ဓာကိုယ်ပုံရိပ်ကြီးက ကောင်းကင်နှင့်မြေကြီးကို စိုးမိုးထားသည့်အလား။ ထိုရှေးဟောင်းနတ်ဘုရား၏မျက်ခုံးနှစ်ခုကြား၌ မြန်ဆန်စွာလှည့်လည်နေသော ကြယ်ရှစ်လုံးရှိနေသည်။

ထိုရှေးဟောင်းနတ်ဘုရားပေါ်လာသည်နှင့် ပလ္လင်အောက်ရှိ လူတိုင်းသည် စတင် ဝမ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်ကြ၏။

ရုတ်တရက် လင်းအာ၏ အိပ်မက်က ထိုနေရာတွင် အဆုံးသပ်သွားတော့သည်။

လင်းအာက မျက်လုံးဖွင့်လာကာ မျက်နှာကြက်ကို မော့ကြည့်နေမိ၏။သူမက အခုလိုအိပ်မက်မက်သည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါ။

ထိုအိပ်မက်က သူမစိတ်နှလုံးထဲ၌ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေ၏။သူမက ထိုအကြောင်းအရာကို မည်သူကိုမျှ ဘာကြောင့် မပြောမိမှန်း သူမကိုယ်သူမပင် မသိပေ။သူမ၏ အကောင်းဆုံးသူငယ်ချင်း အမကျောက်ရွှဲ့ပင် ထိုအိပ်မက်အကြောင်း မသိပေ။သူမ၏ အဘိုးဖြစ်သူ အရှင်ရီချန်ပင် ထိုအကြောင်းကို မသိခဲ့ပေ။

ပုံမှန်အားဖြင့် လင်းအာသည် ထိုအိပ်မက်အကြောင်းကို သူမ၏စိတ်ကူးသပ်သပ်ဟုသာ အမြဲတွေးထင်ခဲ့သည်။သူမက အကြိမ်များစွာ ထိုအိပ်မက်ကို တွေ့မြင်ခဲ့သော်လည်း တစ်ခုခုပိတ်ကာထားသကဲ့သို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူမအဖို့ အမြဲမက်တတ်သည့် ထိုအိမ်မက်အ​ကြောင်း အစအဆုံး ရှင်းလင်းစွာ ​တွေ့မြင်ရသည်မှာ စီနီယာဝမ်လင်းနှင့် ​တွေ့ဆုံခဲ့ရသည့် ညတွင် ဖြစ်သည်။

သူမက ထိုအဖြစ်ကို အနည်းငယ် ထူးဆန်းသည်ဟူ၍ပင် သိထင်ခဲ့​သေးသည်။

မည်သို့ပင်ဖြစ်​စေ သူမက ထိုအ​ကြောင်းနှင့် ပတ်သတ်၍ အများကြီး ​ဂရုစိုက်မ​နေခဲ့​ပေ။သူမ စိတ်ထဲ၌ ထိုအဖြစ်အပျက်များကို အိပ်မက်တစ်ခုမျှ ဟူ၍သာ ထင်ထားခဲ့၏။ သို့ရာတွင် ခုချိန်၌မူ သူမ၏ထိုအိမ်မက်သပ်သပ် အ​တွေးသည် ယ​နေ့ည၌ တစစီ​ပျောက်သွား​တော့သည်။

ယ​နေ့တွင် သူမက ​ကောင်းကင်ထက်၌ ဆန်းကြယ်ထည်ဝါသည် ပုံရိပ်ကြီးကို ​တွေ့မြင်ခဲ့ရ၏။ ဤပုံရိပ်က သူမအိပ်မက်ထဲရှိပုံရိပ်နှင့် တစ်​ထေရာတည်း မတူ​​သော်လည်း ၎င်းပုံရိပ်၏မျက်ခုံးနှစ်ခုကြားရှိ ကြယ််များကမူ အိပ်မက်ထဲကလို သူမနှလုံးသားအား ထိုးထွင်း​စေသည့် ခံစားချက် ​ပေးစွမ်း​နေသည်။

သူမသည် အိပ်မက်ထဲမှ ပုံရိပ်ကြီးက အခုလို အပြင်တွင် အမှန်တကယ် ရှိ​နေလိမ့်မည်ဟု လုံးဝမထင်ထားမိခဲ့​ပေ။ဤအဖြစ်က သူမ၏စိတ်နှလုံးကို အ​တော်​လေး ရှုပ်​​ထွေး​စေသည်။

ယ​​နေ့ မနက်အာရုံခင်းအ​စောပိုင်း အချိန်၌ လင်းအာ၏အခန်းထံမှ တံခါး​ခေါက်သံ ထွက်​ပေါ်လာသည်။အချိန်အတန်ကြာထိ အခန်းအတွင်းမှ တုန့်ပြန်မှု မရှိသည့်အခါ ​ကျောက်ရွှဲ့က အံ့အားသင့်သွားသည်။သူမက လင်းအားအခန်းတံခါးကို တွန်းဖွင့်၍ ဝင်လာရာ အခန်းက ဗလာကင်းမဲ့ကာ လင်းအာ ရှိမ​​နေ​ပေ။

"ခုမှ ​အာရုံလင်းတယ်...ဒီ​ကောင်မ​လေး ဘယ်များသွား​နေတာလဲ..." ကျိုးရွှဲ့က မျက်​မှောင်ကြုတ်သွားပြီး အခန်းကို ​ဝေ့ကြည့်၍ ပြန်ထွက်သွား​တော့သည်။

ဝမ်လင်းသည် ညအချိန်အတွင်း နန်း​​တော်အတွင်း၌ ထိုင်​​နေ၏။သူ့မျက်လုံးထဲရှိ အပြာ​ရောင်အလင်းမှာလည်း တဖြည်းဖြည်း ပြန်တည်ငြိမ်သွားကာ အခြားလူများ သာမန်မဟုတ်သည်ကို ​​တွေ့မြင်နိုင်​တော့မည် မဟုတ်​ပေ။

​"ရှေး​ဟောင်းနတ်ဘုရားရဲ့ အသက်ကယ်မန္တာန်ကို အသုံးပြုနိုင်ဖို့အတွက် မူလစွမ်းအင်အများအပြား လိုအပ်တယ်။ဒီလိုအပ်တဲ့စွမ်းအင်​တွေက တိုက်ပွဲ​​တွေအတွင်း စု​ဆောင်းနိုင်မှု အ​ပေါ်မှီခိုရုံ သပ်သပ်ဆို လုံ​လောက်မှာ မဟုတ်ဘူး..."

ဝမ်လင်းက စဉ်းစား​နေရင်း အစီအစဉ်တစ်ခု ချမှတ်သည်။

ခဏတာ ကျင့်ကြံပြီးသည့်​နောက် သူသည် သူ့သို​လှောင်အိတ်ထဲမှ ခမ်းနားထည်ဝါ​သော သရဖူတစ်ခုကို ထုတ်ယူသည်။

ထိုသရဖူထဲ၌ အနီ​ရောင်အရိပ်တစ်ခု ပါဝင်​နေသည်။၎င်းအနီ​ရောင်အရိပ်ပတ်လည်၌ လှည့်ပတ်​နေ​သော ​ရွှေ​ရောင်လိုင်းတစ်ခု ရှိ​နေ၏။အမှန်​တော့ ၎င်း​​ရွှေ​ရောင်လိုင်းသည် အ​တော်​လေး ကျုံ့ဝင်​နေ​သော ​ရွှေ​ရောင်နဂါးတစ်​ကောင် ဖြစ်​နေသည်။

ထို​ရွှေ​ရောင်လိုင်းက အနီ​ရောင်အရိပ်ကို ​ကြောက်ရွှံ့ထိတ်လန့်​နေသည့်အလား အနီ​ရောင်အရိပ်နှင့်အတူ လုံးဝ​ရွှေ့လျားသွား​နေသည်။

ဝမ်လင်းက ထိုသရဖူကို စူးစိုက်ကြည့်​နေ​ရင်း အတိတ်တုန်းက အနီ​ရောင်ပုံရိပ်တစ်ခုသည် သူ့ဉီး​နှောက်အတွင်းသို့ တဖြည်းဖြည်း ဝင်​ရောက်လာသည်။

"အနီ​ရောင်လိပ်ပြာ..."

အနီ​ရောင်လိပ်ပြာ ​​သေဆုံးခဲ့ချိန်က ဝမ်လင်းသည် သူမအ​ပေါ်​လေးစားသမှုဖြင့် သူမ၏​မွေးရပ်​မြေသို့ သူမအ​လောင်းအား ယူ​ဆောင်​ပေးခဲ့သည်။ထို​နေရာ၌ ဝမ်လင်းသည် အပြာ​​ရောင်နှင်းဆီပန်းကို ရှာ​တွေ့ခဲ့သည်။၎င်းပန်းမှ ​ပေးစွမ်း​ခဲ့သည် ​​မွှေးရနံ့သည် အနီ​ရောင်လိပ်ပြာ၏ကိုယ်သင်းရနံ့နှင့် တူတူဖြစ်သည်။

ထို့​နောက် ထိုရနံ့နှစ်ခုသည် တစ်ခုတည်းအဖြစ်သို့ ​ပေါင်းစည်းသွားပြီး​နောက် ဝမ်လင်းက သရဖူကို ရရှိခဲ့​လေ၏။အစပိုင်းတွင် ဝမ်လင်းက ထိုသရဖူအ​ကြောင်း နားမလည်ခဲ့​ပေ။

​ရွှေ​ရောင်နဂါးသည် ​လေဟာနယ်ဟင်းလင်းပြင်​နေရာ အတွင်း၌ ၎င်း၏အားအ​ကောင်းဆုံး မန္တာန်ကို အသုံးပြုခဲ့ချိန်၌ သရဖူပုံစံအသွင် ယူ​ဆောင်သွားခဲ့၏။ထိုအခိုက်အတန့်ကြာမှ ဝမ်လင်းသည် တစ်ခုခုကို နားလည်သွားကာ သူ့ထံရှိ အစစ်အမှန်သရဖူကို ထုတ်ယူခဲ့​တော့သည်။

ဝမ်လင်းအဖို့ ထိုမြင်ကွင်းကို ခုထိ မ​မေ့နိုင်​ပေ။ထိုအချိန်က သရဖူမှ ထွက်​ပေါ်သည့် ​အော်ရာမှာ အနီ​ရောင်လိပ်ပြာ၏​အော်ရာနှင့် တူတူ ဖြစ်​နေခဲ့သည်။

ဝမ်လင်းက တိုးညင်းစွာ ​ရေရွတ်မိ၏။ "အနီ​ရောင်လိပ်ပြာ နင်လား..."

အနီ​ရောင်လိပ်ပြာသည် ဝမ်လင်းဘဝ၌ ပထမဆုံး​လေးစားခဲ့ဖူးသည့် သူပင်။ ရွှမ်ယွဲ့တိုင်းပြည်မှ ​မောက်ပါရမီရှင် အနီ​ရောင်လိပ်ပြာ၊၏ ​မောက်မာမှုကို ​မေ့​ဖျောက်ပစ်ဖို့က ခက်ခဲ​ပေလိမ့်မည် မဟုတ်လား။

ဝမ်လင်းက ထိုသို့ ခပ်တိုးတိုး​ရေရွတ်​နေရင်း သရဖူအတွင်းမှ အနီ​ရောင်အရိပ်သည် တုန်ခါလာ၏။သို့ရာတွင် ထိုအရိပ်က ဝမ်လင်းစကားကို ပြန်မတုန့်ပြန်​ပေ။၎င်းအရိပ်က သူ့ကို ​ရှောင်လိုသည့်အလား တဖြည်းဖြည်း ပြန်​ပျောက်ကွယ်သွားသည်

ဝမ်လင်းက သက်ပြင်းချမိ၏။ သူက သူ့​ရှေ့ရှိ သရဖူကို ​သေချာကြည့်သည်။ ထို့​နောက် သူသည် သရဖူကို ပြန်သိမ်းဆည်း၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ အ​လေးအနက်ဟန်ပန် ဖြစ်လာ၏။

ထို့​နောက် ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့သို​လှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုအခါ ဝမ်လင်း​ရှေ့၌ ​​ငွေ​ရောင်အလင်း ထုတ်လွှတ်​ပေး​နေ​သော အမျိုးသမီးအ​လောင်း​ကောင် ​ပေါ်ထွက်လာ၏။

အလုံးစုံ​ကောင်းကင်နှင့် မဟာမိတ်တို့ကြား စစ်ပွဲအတွင်း၌ မဟာမိတ်ဘက်မှ မွန်းမံသန့်စင်ထား​သော အ​လောင်း​ကောင်များကို ထုတ်သုံးခဲ့သည်။ အခု အမျိုးသမီးအ​လောင်း​ကောင်က ၎င်းအ​လောင်း​ကောင်များကြား စွမ်းအားအ​ကောင်း​ဆုံး သုံး​ယောက်တွင် ပါဝင်​ပေသည်။စစ်ပွဲအတွင်း သူမ ဒဏ်ရာရသွားသည့်​နောက် ဝမ်လင်းက ထိုအမျိုးသမီးအ​လောင်း​ကောင်ကို ရယူနိုင်ခဲ့​ပေသည်။

သူမ၏ကိုယ်​ပေါ်ရှိ ​ငွေ​ရောင်ဝတ်စုံက သူမ၏ ခန္ဓာကိုယ် ​ကောက်​ကြောင်းအလှကို ​ဖော်ကျူး​နေသည်။ သူမက အသက်ရှင်စဥ်က အ​တော်​လေး ဆွဲ​ဆောင်မှု ရှိသူ ဖြစ်ခဲ့ရ​ပေမည်။သို့ရာတွင် ခု သူမ၏မျက်နှာက ဖြူဖပ်ဖြူ​ရော ဖြစ်​နေကာ ခန္ဓာကိုယ်မှလည်း ​ကြောက်မက်ဖွယ်ယင်စွမ်းအင်များ ထွက်​ပေါ်​နေသည်။

သူမ ခန္ဓာကိုယ်​ပေါ်၌ ချိန်းကြိုးနှစ်ခုလည်း ရှိ​နေသည်။တစ်ခုက သူမ၏ လက်​မောင်းရိုးဖြင့် တွယ်ဆက်၍ ကျန်တစ်ခုက တင်ပါးဆုံရိုးကို တွယ်ဆက်ထားသည်။ထို ထိုးခွင်းချိတ်ဆက်ထားသည့် ချိန်ကြိုးနှစ်ခုက ခရမ်းနက်​ရောင်ရှိကာ အနံ့ခပ်ပြင်းပြင်း ​ပေးစွမ်း​နေသည်။

“ငါသာ ဒီမွန်းမံအလောင်းကောင်ကို ထိန်းချုပ်နိုင်ရင် ငါ့ရှိမှာ နာက်ထပ် နိဗ္ဗာနသန့်စငခြင်းအစောပိုင်းအဆင့် တစ်ယောက်ရဲ့ စွမ်းအားတစ်ခု ထပ်ရရှိလာလိမ့်မယ်…” ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက အတိတ်တုန်းက ထိုအလောင်းကောင်ကို စွန့်စား၍ အရယူခဲ့ခြင်း ဖြစ်ကာ ခုချိန်၌ ထိုအတွက် အကျိုးအမြတ်ကို ရိတ်သိမ်းရမည့် အချိန်ပင်။

သူက ယင်းအလောင်းကောင်ကို သေချာစမ်းစစ်ကြည့်ပြီးနောက် သူ့အသွင်က ပြောင်းလဲသွား၏။ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းကာ အလောင်းကောင်ကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းထားလိုက်တော့သည်။ထိုအခါ အခန်းထဲရှိ ယင်စွမ်းအင်နှင့်အဆိပ်ဓာတ်တို့သည် အလျင်အမြန် ပြန်ပျောက်ကွယ်လို့သွား၏။

သိပ်မကြာခင်တွင် ချီတုံ့ချတုံ့နှင့်မိန်းမဆန်လှသောအသံတစ်ခုသည် နန်းတော်အပြင်ကနေ ထွက်ပေါ်လာ၏။

“ဝမ်…စီနီယာဝမ်…လင်းအာပါ…”

ခုချိန်သည် အာရုံဦးစအချိန်ဖြစ်ကာ ညအမှောင်အရိပ်အယောင် ကျန်ရှိနေသေးသည်။ ရေစိတ်ဝိညာဉ်ဂြိုဟ်၌ လေအေးများ တိုက်ခတ်နေ၏။လင်းအာသည်လည်း သူမ၏ကျင့်ကြံမှုကြောင့် ထိုအေးစိမ့်မှုကို အများကြီး မခံစားရသော်လည်း အအေးဓာတ်ကိုမူ ခံစားနေရဆဲပင်။

သူမက သူမရှေ့ရှိ မြေပြင်ထက်၌ ထိုင်‌နေသော ခေါင်းကြီးကောင်လေးကို ရှက်ရွှံ့ဟန်ဖြင့် ကြည့်၏။သူမက ထိုလူသည် ဝမ်လင်းနောက်ကနေ လိုက်ပါလာခဲ့သည့်သူမှန်း မှတ်မိပေ၏။ခုချိန်၌ ခေါင်းကြီးကောင်လေးက သူမကို အေးစက်စက်မျက်လုံးနှင့် ကြည့်နေရာ သူမအဖို့ ကြောက်လန့်နေစေသည်။

သူမက အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ကာ နူးညံ့စွာ ပြောသည်။ “ကျွန်မ…ကျွန်မက စီနီယာဝမ်နဲ့ တွေ့ချင်လို့ပါ။ စီနီယာ ခွင့်ပြုပေးနိုင်မလား…”

ထာရှန်ကမူ စကားမဆိုဘဲ သူ့ရှေ့ရှိ မိန်းကလေးကို အေးစက်စွာသာ ကြည့်နေ၏။ထိုမိန်းကလေးသည် ရှေ့သို့ ခြေတစ်လှမ်းထပ်လှမ်းသည်နှင့် သူက တိုက်ခိုက်ပစ်တော့မည်ပုံပင်။

***

All Chapters