← Chapters

စနစ်ဈေးဆိုင်

Vol. 9 Ch. 83

စနစ်ဈေးဆိုင်

Vol. 9 Ch. 83

သွေးစွန်းဝတ်ရုံမျှော်စင်တွင် တိုးတက်ရန် နည်းလမ်း နှစ်သွယ် ရှိ၏။ ချီယွမ်က သူ၏ကိုယ်ပိုင် ခွန်အားဖြင့် အမည်းရောင်ဝတ်စုံလုပ်ကြံသတ်ဖြတ်သူဖြစ်လာရန် တိုးမြင့်နိုင်ခဲ့ပါက သူက ချန်နင်စီရင်စုတွင် ဆယ်နှစ်ကျော် အချိန်ဖြုန်းနေခဲ့မည် မဟုတ်ပေ။

ထို့ကြောင့် သူက ဒုတိယ နည်းလမ်းဖြင့် တိုးတက်ရန်သာ မျှော်လင့်နိုင်ပေ၏။

သို့သော် ချန်နင်စီရင်စုတွင် နှစ်များစွာအတွင်း ချီယွမ်၏လုပ်ရပ်များမှာ အမှားမရှိသလို အောင်မြင်မှုလည်း မရှိဟုသာဆိုနိုင်ပြီး၊ အောင်မြင်မှုအပေါ် အခြေခံ၍ သူရာထူးတိုးခံရရန် အခြေခံအားဖြင့် မဖြစ်နိုင်ချေ။

သို့သော် ဆုရှင်း၏လက်ထဲမှ စာအုပ်ငယ်လေးကတော့ သွေးစွန်းဝတ်ရုံမျှော်စင်၏တရားဝင် အဖွဲ့ဝင် တစ်ယောက်ဖြစ်လာရန်လုံလောက်သည့် အောင်မြင်မှုများရရှိစေမည်သော့ချက်ပင်။

ချီယွမ်၏ သွေးစွန်းဝတ်ရုံအဖွဲ့က တောင်ပိုင်း လူရိုင်းများထုတ်လုပ်သော အဆိပ်အချို့ကို စုဆောင်းရန် အစွမ်းကုန် ကြိုးစားခဲ့၏။ သူတို့က တောင်ပိုင်း လူရိုင်းဘာသာစကားများကို သင်ယူရန် တပည့် များစွာကို အထူးလေ့ကျင့်ပေးခဲ့ကာ ဤအဆိပ်များကို ဝယ်ယူနိုင်ရန် ဆက်သွယ်ရေးအတွက် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြရသည်။

ထိုသို့ဖြစ်လင့်ကစား ချီယွမ်က တစ်နှစ်လျှင် အဆိပ်ရှိသော သတ္တဝါအနည်းငယ်ကိုသာ စုဆောင်းနိုင်ခဲ့ပြီး အများဆုံးဆိုလျှင် တစ်ရာခန့်သာ ရှိ၏။

ဆုရှင်း တင်ပြသော စာအုပ်ငယ်မှာ တောင်ပိုင်း လူရိုင်းမျိုးနွယ်စုများကို အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ ရေးခိုင်းထားသော အဆိပ်ရှိသည့် သတ္တဝါများ အားလုံး၏စာရင်းတစ်ခုဖြစ်ပြီး ၎င်းတို့မှာတစ်ထောင်ကျော်ရှိ၏။

အကယ်၍ သူက ဤအဆိပ်များကို သွေးစွန်းဝတ်ရုံမျှော်စင်ဌာနချုပ်သို့ ပို့ဆောင်နိုင်ပါက၊ ဤမျှ ကြီးမားသောအောင်မြင်မှုက သွေးစွန်းဝတ်ရုံမျှော်စင်၏အဖွဲ့ဝင် အပြည့်အဝအဖြစ် ရာထူးတိုးခံရရန် လုံလောက်ပေလိမ့်မည်။

ချီယွမ် စာအုပ်ငယ်ကို ပိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်၏။ "သွေးစွန်းဝတ်ရုံအဖွဲ့ က ဂိုဏ်းချုပ်ဆုကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်။"

ဟယ်ထျန်း က ချက်ချင်းပြန်ဖြေလိုက်သည်။ "သံမဏိဓားအဖွဲ့ ကလည်း ဂိုဏ်းချုပ်ဆု ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုချင်ပါတယ်။"

အချိန်အများစုတွင် သံမဏိဓားအဖွဲ့ ကို သူ တစ်ယောက်တည်းကသာ ထောက်ပံ့ပေးခဲ့ရပြီး သူ၏လက်အောက်ငယ်သားများမှာလည်း အကျိုးအမြတ်ရှိသော စီးပွားရေးလုပ်ငန်း အလွန် နည်းပါး၏။

ဆုရှင်း၏လုပ်ရပ်က ဟယ်ထျန်း အတိအကျလိုချင်သည့်အရာဆိုလည်းမမှားပေ။ ငွေငါးသန်းကို အင်အားစုသုံးစုကြား ခွဲဝေရမည် ဖြစ်သော်လည်း တစ်သန်းကျော် ရရှိနေဆဲဖြစ်ရာ ၎င်းမှာ သံမဏိဓားအဖွဲ့၏သုံးလစာ စုစုပေါင်း ဝင်ငွေနှင့် ညီမျှပေသည်။

ဤငွေပမာဏအတွက် မဟာမိတ် ခေါင်းဆောင် ဟူသော ခေါင်းစဉ်ကို လဲလှယ်ခြင်းက ထိုက်တန်သော အရောင်းအဝယ်တစ်ခုပင်။

"နတ်လေပြေအဖွဲ့ကလည်း ဂိုဏ်းချုပ်ဆု ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုချင်ပါတယ်" ကုန်းချင်းဖုန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

အခြား ဂိုဏ်းသုံးဂိုဏ်းက သဘောတူပြီးဖြစ်သည်ကို မြင်သောအခါ နင်လော့ကျွင်းက မန်ချန်ဟယ်ကို တိတ်တဆိတ် လက်တုံ့ပေးလိုက်ပြီး စိုးရိမ်တကြီး မျက်စိမှိတ်ပြလိုက်၏။

အပြင်ပန်းတွင် သူတို့က ဆုရှင်းကို မဟာမိတ် ခေါင်းဆောင်အဖြစ် လေးစားကြသော်လည်း သူတို့ လုံးဝ ထိခိုက်နစ်နာမှု ရှိမည် မဟုတ်ပေ။

အနှစ်သာရမရှိသော ဂုဏ်သတင်း တစ်ခုကို ငွေ သန်းပေါင်းများစွာဖြင့် လဲလှယ်ခြင်းက မည်သို့ပင်ကြည့်စေ အရှုံးပေါ်မည့်အဆိုပြုချက်တစ်ခုသာဖြစ်၏။

ထို့အပြင် ၎င်းမှာတစ်ကြိမ်တည်း အရောင်းအဝယ် မဟုတ်ပေ။ ဗဟိုလွင်ပြင်မှ ကုန်သည်ယာဉ်တန်းများက နှစ်စဉ်ဤနေရာကို လာကြလိမ့်မည်။

ထိုအတိတ်မှ ရန်ငြိုးများက ဤငွေများ နှင့် ယှဉ်လိုက်လျှင် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ ၎င်းတို့က ဘာမှမဟုတ်ပေ။

သို့သော် သူ၏သားကို သတ်ခဲ့သော ဤလူကို မဟာမိတ် ခေါင်းဆောင်ဟု ခေါ်ရမည်ကို တွေးမိသောအခါ မန်ချန်ဟယ်က ဒေါသများပေါက်ကွဲလာသည်ကို ခံစားလိုက်ရ၏။

သို့သော် နင်လော့ကျွင်း နှင့် ဒွမ့်ရှောင်တို့၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် မန်ချန်ဟယ်မှာ အံကြိတ်ကာပြောရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ "သူရဲကောင်းသုံးဖော်အသင်းကလည်း မင်းကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဖို့ သဘောတူပါတယ်။"

မန်ချန်ဟယ် စကားပြောပြီးသည်နှင့် စနစ်၏အသံက ဆုရှင်း၏စိတ်ထဲတွင် မြည်ဟည်းလာခဲ့၏။

[ဂုဏ်ယူပါတယ် လက်ခံသူ။ ပင်မ မစ်ရှင် - ချန်နင်စီရင်စုကို လွှမ်းမိုးခြင်းကို ပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက်။"

မစ်ရှင် ဆုကြေးများ - စနစ်ဈေးဆိုင်ကို ဖွင့်ပြီး သတ်မှတ်ထားတဲ့ကဏ္ဍတစ်ခုမှာ အခမဲ့မဲဖောက်ခွင့် တစ်ကြိမ် အဆင့်ကန့်သတ်ချက် ကြယ် ၃.၅ ပွင့်ကို ရရှိပါတယ်။ ]

ဆုရှင်းက သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ မဟာမိတ်ခေါင်းဆောင်ရာထူးကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ တောင်ပိုင်း လူရိုင်းမျိုးနွယ်စုရဲ့ အမှတ်အသားပြားကို ခင်ဗျားတို့ဆီ ပို့ပေးဖို့ လူတစ်ယောက်စီစဉ်လိုက်ပါ့မယ်။"

"ဒါပေမဲ့ ဒါကို ကျွန်တော်အရင်ပြောထားပါမယ်။ ဒီစာရင်းတွေထဲက ပစ္စည်းတွေ အားလုံးရဲ့ဈေးနှုန်းတွေကို။ ဝယ်ဈေးရောရောင်းဈေးပါ ကျွန်တော် သေချာ တွက်ချက်ထားတာပါ။"

"ဒီဈေးနှုန်းက တောင်ပိုင်းလူရိုင်း မျိုးနွယ်စုတွေကို ကျေနပ်စေလိမ့်မယ်။ ပြီးတော့ အဲဒီကုန်သည်တွေကိုလည်းနာကျင်စေပေမဲ့ အမြတ်တော့ ကျန်နေပါသေးတယ်။ ဒါကြောင့် ဒီဈေးနှုန်းကို မထိဖို့ ခင်ဗျားတို့ အားလုံးကို အကြံပြုချင်ပါတယ်။ မဟုတ်ရင် မကျေနပ်မှုတွေဖြစ်လာရင် ကျွန်တော် တာဝန်ယူမှာ မဟုတ်ဘူး။"

ဆုရှင်း၏စကားများကို ကြားပြီးနောက် လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းခေါင်းဆောင်များ အနေဖြင့် သူတို့က သေချာပေါက်အမြင်ကျဉ်းသူများ မဟုတ်ကြပေ။

သူတို့က ဤစီးပွားရေးလုပ်ငန်းကို ရေရှည် လုပ်ကိုင်ရန် ရည်ရွယ်ထားကြ၏။ တောင်ပိုင်း လူရိုင်းများအတွက် ဈေးလျှော့၍ပေးခြင်း သို့မဟုတ် နိုင်ငံခြား ကုန်သည်များအတွက် ဈေးတင်ခြင်းက ရွှေဥဥသောငန်းကို သတ်ခြင်းနှင့် တူသလိုဖြစ်ပြီး သူတို့ ဘယ်သောအခါမျှ ထိုသို့လုပ်ဆောင်မည် မဟုတ်ချေ။

ဆုရှင်းက စနစ်ထဲတွင် သူ့ဆုကြေးများကို စစ်ဆေးရန် စိတ်အားထက်သန်နေပြီးအခြားသူများမှာလည်း စကားပြောကာ အချိန်ဖြုန်းရန် ပျင်းရိနေကြ၏။ သူတို့ အားလုံးက ပြန်သွားပြီး ဤကိစ္စများကိုဂရုစိုက်ရန် လူတစ်ယောက်ကို စီစဉ်ရန် ပြင်ဆင်နေကြသဖြင့် စကားအနည်းငယ် ဖလှယ်ပြီးနောက် လူတိုင်း အိမ်သို့ ပြန်သွားကြတော့သည်။

ဆုရှင်း လင်းယုန်ပျံဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူ့အခန်းတံခါးကိုချက်ချင်းသော့ခတ်ပြီး စနစ်ထဲသို့ ဝင်ရောက်သွားသည်။

ဤအချိန်တွင် စနစ်နေရာလွတ်ရှိ မျက်နှာပြင်ကြီးတွင် လည်ပတ်နေသောဘီးတစ်ခုသာမက ဈေးဆိုင်ပုံစံသေးသေးလေး တစ်ခုလည်းရှိနေ

လေပြီ။

အတွေးတစ်ခုဖြင့် ဆုရှင်းက ဆိုင်၏ဆိုင်းဘုတ်ကို ဖွင့်လိုက်ရာ ၎င်းကို ရွေးချယ်စရာငါးခုအဖြစ် ခွဲခြားထားခဲ့၏။ ကျင့်စဉ် ၊ သုံတစ်ခါသုံးပစ္စည်း၊ လက်နက်များ၊ဆေးလုံး နှင့် အထွေထွေပစ္စည်း။

အမြန်ကြည့်လိုက်ပြီးနောက် အချို့သော နာမည်များကြောင့် ဆုရှင်းအံ့အားသင့်သွားပြီး ဖော်ပြထားသောကျင့်စဉ်များမှာ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားလှပါသည်။

ရှန့်ကွမ်းကျင်းဟုန် ၊ တုန်းဖန်းပုပိုက် ၊ ရှုံးပါး၊ လီချန်ကျိုး ၊ ရှစ်ကျစ်ရွှမ်း၊ ယွမ်ရှစ်စန်း၊ ဖန်းပန်၊ ယဲ့ကူးချန်။

အလွန်များပြားသော စွမ်းအားကြီးမားသော ဗီလိန်များ၏အရေအတွက်က ဆုရှင်းကို စိတ်လှုပ်ရှားသွားစေခဲ့သော်လည်း လဲလှယ်ရန်လိုအပ်သည့် ကျင့်စဉ်ဈေးနှုန်းက သူ့ကို ရေခဲဂူထဲသို့ထိုးကျသွားစေခဲ့၏။

ကြယ်လေးပွင့်ကျင့်စဉ်က ကံစမ်းမဲမှတစ်ဆင့် ရရှိပြီးနောက် သတ်မှတ်ထားသော ပစ္စည်းတစ်ခုကို မဲဖောက်ရန် အမှတ် ၃၂၀၀ လိုအပ်သော်လည်း ဆိုင်တွင် လဲလှယ်ရန်အတွက် ၎င်း၏နှစ်ဆ ကုန်ကျပါသည်။

ကြယ်လေးပွင့်ခွဲ ပစ္စည်းတစ်ခုအတွက် အမှတ် ၁၀,၀၀၀ လိုအပ်ပြီး ကြယ်ငါးပွင့် ကျင့်စဉ် ပစ္စည်းတစ်ခုအတွက် လဲလှယ်ရန် အမှတ် ၂၀,၀၀၀ လိုအပ်သည်။

"စနစ်။ ဒီဈေးနှုန်းက အရမ်းဈေးကြီးလွန်းမနေဘူးလား။ ဒီလောက် ဈေးကြီးတာ ငါ သွားပြီးကံစမ်းမဲလေးပဲဝင်စမ်းကြည့်တာ ပိုကောင်းမယ်။"

စနစ်က "ကြယ်လေးပွင့် ကျင့်စဉ်ရဲ့ ဈေးနှုန်း နှစ်ဆဖြစ်သွားတာက ပုံမှန်ပါပဲ။ လက်ခံသူက ကံစမ်းမဲဖောက်တဲ့အခါ ရရှိတဲ့ ဇာတ်ကောင်က ကျပန်းဖြစ်ပေမဲ့ ဆိုင်မှာတော့ ဇာတ်ကောင် တစ်ခုနဲ့ သတ်မှတ်ထားတဲ့ ကျင့်စဉ်တစ်ခုကို ဝယ်ယူဖို့ သတ်မှတ်နိုင်လို့ ဈေးနှုန်းက နှစ်ဆဖြစ်သွားတာပါ။"

"ကြယ်လေးပွင့်ခွဲ နဲ့ ကြယ်ငါးပွင့်ကျင့်စဉ်တွေက ဈေးကြီးပေမဲ့ ကံစမ်းမဲထက်ပိုသက်သာပါသေးတယ်။"

"အကယ်၍ လက်ခံသူက ကြယ်လေးပွင့်ခွဲ ဇာတ်ကောင်တစ်ခုကို မဲဖောက်ရရှိရင် သတ်မှတ်ထားတဲ့ ဇာတ်ကောင်တစ်ခုကို မဲဖောက်ဖို့ ဗီလိန်အမှတ်တွေကို အသုံးမပြုဘူးဆိုရင်၊ ဘာမှ မရတာလည်းရှိတတ်တယ်။ အောင်မြင်မှုနှုန်းကို ၁၀% တိုးစေဖို့ ဗီလိန်အမှတ် ၁၀၀၀ကိုလဲ အသုံးပြုနိုင်တယ်။"

"ဒါကြောင့် တကယ်လို့ လက်ခံသူက ကြယ်လေးပွင့်ခွဲကျင့်စဉ်ကို ၁၀၀% အောင်မြင်မှုနှုန်းနဲ့ ရယူချင်ရင် အဆင့်မြင့်မဲဖောက်ခွင့် တစ်ကြိမ်နဲ့ စုစုပေါင်း ဗီလိန်အမှတ် ၁၀,၀၀၀ကို သုံးစွဲဖို့ လိုအပ်ပါလိမ့်မယ်။"

"အခုလက်ခံသူ လိုချင်တဲ့ကြယ်လေးပွင့်ခွဲ ကျင့်စဉ်ကိုရယူဖို့ ဗီလိန်အမှတ် ၁၀,၀၀၀ ပဲသုံးစွဲဖို့ လိုအပ်ပြီး အဆင့်မြင့်ကံစမ်းမဲမီာ အခွင့်အရေးတစ်ကြိမ် သက်သာစေပါတယ်။"

စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ဆုရှင်း ပေါင်မုန့်လည်နင်သွား၏။

*သူဒီလို ပြောတာကိုကြားတော့လည်း သူငါ့ဆီကနေ အများကြီးအမြတ်ထုတ်သွားသလိုပဲ။*

ထို့နောက် သူက အခြား ရွေးချယ်စရာများကို ကြည့်ရှုလိုက်ရာ ဈေးနှုန်းများမှာ ယေဘုယျအားဖြင့် အလွန်မြင့်မားနေကြောင်း တွေ့ရှိလိုက်ရ၏။ ဥပမာအားဖြင့် သူ ယခင်က မဲဖောက်ရရှိခဲ့သော ကြယ်နှစ်ပွင့်ခွဲ ရှောင်လင်ကျောင်း အသေးစားပြန်လည်နုပျိုခြင်းဆေးလုံး အတွက် လဲလှယ်ရန် ဗီလိန်အမှတ် ၂၀၀ လိုအပ်ပါသည်။

ဤနေ့စဉ် ကျင့်ကြံခြင်းအတွက် ဆေးလုံးကို ဗီလိန်အမှတ်များဖြင့် လဲလှယ်ခြင်းက သေချာပေါက် တွက်ခြေမကိုက်ပေ။

သို့သော် ရှန်းထျန်းသိုင်းပညာရှင်များကို အတားအဆီးများမှကျော်ဖြတ်ရာတွင် ကူညီပေးနိုင်သော နတ်ဆေးလုံးကဲ့သို့သော ရွေးချယ်စရာအချို့လည်း ရှိ၏။ ၎င်းတွင်ကြယ်သုံးပွင့် အဆင့်ရှိပြီး ဗီလိန်အမှတ်သာ ကုန်ကျသဖြင့် အခြား ကြယ်သုံးပွင့် နေ့စဉ် ကျင့်ကြံခြင်းဆေးများနှင့် နှိုင်းယှဉ်နိုင်သည်။

၎င်းက ဆေးလုံး တစ်လုံး၏ဈေးနှုန်းနှင့် အတူတူပင်။

သို့သော် ပြင်ပကမ္ဘာတွင် ဤနတ်ဆေးလုံးမှာ အလွန်ရှားပါးပြီး လူအများ လိုချင်တပ်မက်ကြ၏။ ဤအရာက အနောက်ပိုင်းနယ်စပ် ဝိဇ္ဇာယာနာဗုဒ္ဓလမ်းစဥ်ဂိုဏ်းမှ ပြုလုပ်သော ထူးခြားသည့် ဆေးလုံးဖြစ်ပြီး ဗဟိုလွင်ပြင်သိုင်းလောကတွင်ပင် အလွန်ရှားပါးသည်ဟုဆိုင်နိုင်သည်။

လက်နက်များနှင့် အထွေထွေ ပစ္စည်းများ အလွန်အမင်း များပြားနေသဖြင့် ဆုရှင်းက ၎င်းတို့ကို နှစ်ခါလောက်ကြည့်ပြီးနောက် ဆက်မကြည့်တော့ချေ။ အကယ်၍ သူလိုအပ်လာပါက နောက်တစ်ကြိမ်ဤနေရာတွင် လာရောက်ဝယ်ယူနိုင်သည်။

စနစ်ဈေးဆိုင်တွင် ဆုရှင်းကို အံ့အားသင့်စေနိုင်သည့် တစ်ခုတည်းသောအရာမှာ တစ်ခါသုံး ပစ္စည်းများပင်။

တစ်ခါသုံး ပစ္စည်းများမှာလည်း အလွန်ဈေးကြီးပြီး တစ်ခါသုံး ပစ္စည်းတစ်ခုစီမှာ အစစ်မှန် ပစ္စည်း တစ်ခု၏ဈေးနှုန်း ဆယ်ပုံတစ်ပုံကုန်ကျပါသည်။

ဥပမာအားဖြင့် ဆုရှင်း ယခင်က မဲဖောက်ရရှိခဲ့သော မီးလျှံဓားသွားက အလုံးစုံအဆင့်သတ်မှတ်ချက် ကြယ်သုံးပွင့်ခွဲ ရှိ၏။ ၎င်းကို မဲဖောက်ရန် ဗီလိန်အမှတ် ၁၆၀၀ လိုအပ်ပြီး စနစ်ဈေးဆိုင်တွင် အမှတ် ၃၂၀၀ လိုအပ်သည်။ ဤတစ်ခါသုံး ပစ္စည်း၏ဈေးနှုန်းမှာတော့ အမှတ် ၃၂၀ ဖြစ်နေ၏။

ဆုရှင်းက မီးလျှံဓားသွား၏စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ၎င်းမှာ လုံးဝ အသက်ကယ်ဝှက်ဖဲတစ်ခုဖြစ်သည်။ ဗီလိန်အမှတ် ၃၂၀ ကို အသက်ကယ်ခွင့်တစ်ကြိမ်ဖြင့် လဲလှယ်ခြင်းက သေချာပေါက်တန်ပါသည်။

ထို့အပြင် မီးလျှံဓားသွားကဲ့သို့သော သိုင်းပညာများက အနည်းဆုံးတွက်ခြေကိုက်သော သုံးစွဲနိုင်သော ပစ္စည်းများထဲတွင်ပါဝင်၏။

အဘယ်ကြောင့်ဆိုသော် မီးလျှံဓားသွားကို အသုံးပြုခွင့်ဖြင့် ရရှိသောကြောင့်ဖြစ်သည်။

အသုံးပြုခွင့်ပစ္စည်းများအောက်ရှိ အသေးစိတ် ဖော်ပြချက်များမှတစ်ဆင့် အချို့သော အသုံးပြုခွင့်ပစ္စည်းများကို အသုံးပြုမှုအကြိမ်ရေ အလိုက် တွက်ချက်ပြီး အချို့ကိုမူ ၁၅ မိနစ်မှ နာရီဝက်အထိ အချိန်ကန့်သတ်ချက်များအပေါ် အခြေခံ၍ တွက်ချက်ကြောင်း ဆုရှင်း လေ့လာသိရှိခဲ့၏။

ဥပမာအားဖြင့် အာဏာရှင်၏သုံးဆင့်ရှေးဦးချီကို အကြိမ်အရေအတွက်အလိုက်အသုံးပြု၍ မရဘဲ နာရီဝက်၏လေးပုံတစ်ပုံအချိန်ကန့်သတ်ချက်ထားပါသည်။

သင့်၏အတွင်းအား လုံလောက်နေသရွေ့ သုံးဆင့်ရှေးဦးချီကို နာရီဝက်၏လေးပုံတစ်ပုံအတွင်း အကန့်အသတ်မရှိအသုံးပြုနိုင်ပါသည်။

ယဲ့ကူးချန်၏ကောင်းကင်အလွန်မသေမျိုးပျံသန်းခြင်းကို ပျံသန်းခြင်းအကြိမ်ဖြင့်တွက်ချက်သည်။

ဤလဲလှယ်မှုနည်းလမ်းမှာ အလွန်ပြောင်းလွယ်ပြင်လွယ်ရှိပြီး ဆုရှင်းအား မတူညီသောအချိန်များတွင် အသုံးပြုရန်မတူညီသော ပစ္စည်းများကို ရွေးချယ်ခွင့် ပေးထား၏။

သေချာသည်မှာ ဤတစ်ခါသုံးပစ္စည်းအတွက် ကန့်သတ်ချက် တစ်ခု ရှိသည်။

၎င်းကို တစ်နေ့လျှင် သုံးကြိမ်သာအသုံးပြုနိုင်ပြီး အသုံးပြုမှု တစ်ကြိမ်နှင့် တစ်ကြိမ်ကြား တစ်နာရီ ကြားကာလ ရှိရပါလိမ့်မည်။

ဤသည်မှာ ဆုရှင်းက တစ်ခါသုံးပစ္စည်းများကိုအချိန်တိုအတွင်း ဆက်တိုက်အသုံးပြုခြင်းဖြင့် စွမ်းအားမညီမျှမှုဖြစ်ပေါ်လာခြင်းကို တားဆီးရန်လည်း ဖြစ်၏။

ဥပမာအားဖြင့် ကောင်းကင်အလွန်ပျံသန်းခြင်းကဲ့သို့ ထိပ်တန်း သတ်ဖြတ်ခြင်းသိုင်းကွက်တစ်ခုကို ဆက်တိုက်အသုံးပြုနိုင်မည်ဆိုပါက လက်တွေ့တွင် bugတစ်ခုဖြစ်သွားမည်ဖြစ်ပြီး စနစ်၏စရိုက်အရ ထိုသို့သော အရာမျိုးကို ဘယ်သောအခါမျှ ခွင့်ပြုမည် မဟုတ်ချေ။

"ဒါနဲ့ ငါ့ရဲ့မစ်ရှင်ဆုကြေးမှာ ကြယ်သုံးပွင့်ခွဲ အဆင့် သီးခြားကဏ္ဍမဲဖောက်ခွင့်တစ်ကြိမ်လည်း ပါတယ်မလား။ ဒါကို အခုပဲကျင့်စဉ် မဲဖောက်ဖို့ သုံးမယ်။"

မျက်နှာပြင်ကြီးပေါ်တွင် ပုံရိပ်မျိုးစုံ ပေါ်လာပြီး အဆက်မပြတ်ပြောင်းလဲနေကာ နောက်ဆုံးတွင် အရပ်ရှည်ပြီး ထင်ရှားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

၎င်းမှာ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး ဖြူဝင်းသောအသားအရေ၊ ထက်မြက်သောမျက်နှာသွင်ပြင်နှင့် ချောမောသော မျက်နှာရှိသည်။

သူက အရပ်ရှည်ပြီး မတ်မတ်ရပ်နေကာကြော့ရှင်းနေလေ၏။

အသွင်အပြင်တစ်ခုတည်းဖြင့် အကဲဖြတ်မည်ဆိုပါက သူက သေချာပေါက် ကြော့ရှင်းပြီး သူရဲကောင်းဆန်သော လူငယ်တစ်ဦး ဖြစ်ပေလိမ့်မည်။

သို့သော် တကယ်တမ်းတွင်မူ သူက ဝံပုလွေကဲ့သို့ ရည်မှန်းချက်ကြီးမားသည်။ ကောက်ကျစ်စဉ်းလဲကာ ယုတ်မာသောသဘာဝရှိပြီး ရက်စက်ကြမ်းကြုတ်၏။

သူ၏ရည်မှန်းချက်များ အောင်မြင်ရန် ဘာကိုမှ နောက်တွန့်မည် မဟုတ်သော ဗီလိန်တစ်ဦးပင်။

သူက အာဏာအတွက် သူ၏ညီအစ်ကိုကိုပင် လုပ်ကြံသတ်ဖြတ်ပြီး သူ၏သူငယ်ချင်းများကို သစ္စာဖောက်လေ့ရှိသည်။

သူက သူရဲကောင်းများဇာတ်လမ်းတွဲ၏ပထမအပိုင်းရှိ အဓိကဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်ပြီး ရွှေလေပြေနှင့် မိုးဖွဲမဏ္ဍပ်၏ ပိုင်ရှင် ပိုင်ချိုးဖေးပင်။

ပိုင်ချိုးဖေး၏စရိုက်မှာ မျက်နှာနှစ်ဖက်ရှိ၏။ တစ်ဖက်တွင် သူက မာနကြီးပြီး ဉာဏ်ရည်ထက်မြက်ကာ၊ စကားပြော ထက်မြက်သည်။ အခြားတစ်ဖက်တွင် သူက ရည်မှန်းချက်ကြီးပြီး သူ၏ရည်မှန်းချက်များ အောင်မြင်ရန် ဘာကိုမှ နောက်တွန့်မည် မဟုတ်ချေ။

ပိုင်ချိုးဖေးက ဗီလိန်စစ်စစ်တစ်ဦး ဖြစ်သော်လည်း သူ့တွင် လေးစားလောက်သောအရည်အသွေးအချို့ ရှိ၏။

ဝမ်ရွေ့အန်းက ပိုင်ချိုးဖေး၏ဘဝကို စကားလုံး ရှစ်လုံးဖြင့်သာ ဖော်ပြနိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။

"ပျံသန်းချင်တဲ့ သူ့ရဲ့ဆန္ဒက ဘယ်တော့မှ မသေဘူး"

ပိုင်ချိုးဖေးက သူ၏ဘဝတစ်လျှောက်လုံး အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ထပ်တလဲလဲရှုံးနိမ့်မှုများကြားမှ ဘယ်သောအခါမျှ လက်မလျှော့ခဲ့ချေ။

သူက ဆင်းရဲဒုက္ခများကြားတွင် ပိုမိုသန်မာလာခဲ့ပြီး ဘယ်သောအခါမျှ စိတ်ဓာတ်မကျခဲ့ပေ။ သူက သူ၏ညီအစ်ကိုကို လုပ်ကြံသတ်ဖြတ်ပြီး သူ၏သူငယ်ချင်းများကို သစ္စာဖောက်ခဲ့သဖြင့် သူ၏လက်များ သွေးစွန်းနေသော်လည်း သူ၏လုပ်ရပ်များက သူ့ကို သူ၏ခေတ်ကာလတွင် တကယ့် သူရဲကောင်းတစ်ဦး ဖြစ်လာစေခဲ့၏။

အမှားအမှန်အကောင်းအဆိုးကို ဘေးဖယ်ထားလျှင် ဆုရှင်းက ပိုင်ချိုးဖေးကို အချက်တစ်ချက်တည်းအတွက်သာ လေးစားပါသည်။

သူ၏ခွန်အားပင်။

မတရားမှုများနှင့် အတားအဆီးမျိုးစုံကို ကြုံတွေ့ခဲ့ရသော်လည်း သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ကိုမော့ကြည့်ရင်း မာနထောင်လွှားစွာ ရပ်တည်နေဆဲဖြစ်သည်။

*ကောင်းကင်ကပဲ ငါ့ကိုပျံသန်းခွင့် ပေးနိုင်တယ်။*

သူ၏အစ်ကိုကြီး ဆုမန်ရှန်း နှင့် မတူဘဲ သူက ရွှေလေပြေနှင့် မိုးဖွဲမဏ္ဍပ်၏ သခင်လေးအဖြစ် မွေးဖွားလာခဲ့ပြီး လောက၏လေးစားခြင်း ခံခဲ့ရသည်။

သူ့တွင် ဝမ်ရှောင်ရှစ်ကဲ့သို့ ကျစ်ဇိုင်ဂိုဏ်း၏ထိပ်တန်းဆရာကြီးများစွာလည်း မရှိခဲ့ပေ။

သူ့တွင်ရှိသမျှအရာအားလုံးမှာ သူ၏မဆုတ်မနစ်သော တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် ရည်မှန်းချက်သာ ဖြစ်၏။

ဤအရာက ပိုင်ချိုးဖေးပင်။ ကောင်းကင်ဘုံကိုးခုထံသို့ကို ပျံသန်းရန်အတွက် မည်သည့်အရာကိုမှ နောက်တွန့်နေမှာမဟုတ်သည့် ပိုင်ချိုးဖေးပင်။

All Chapters