← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) ဒီလောက်တောင် အားနည်းတာလား

"သူ သေသွားပြီလား"

"မသေရင်တောင် ရစရာမရှိအောင် ကျိုးပဲ့သွားလောက်ပြီ"

"ဒါက အနည်းဆုံး ဆယ့်ငါးထပ်လောက် မြင့်တယ်နော်"

လူတစ်စုလုံး အလွန်အမင်း ထိတ်လန့်သွားကြပေ၏။

အချို့သောသူများသည် အပေါ်မှ ခုန်ချနိုင်စွမ်းရှိသော်လည်း ဤမျှ အထိအခိုက်မရှိဘဲ လုံးဝ အကောင်းပကတိအတိုင်း ရှိနေရန်မှာမူ လုံးဝ မဖြစ်နိုင်ချေ။ထိုအခိုက်

အခိုးအငွေ့များနှင့် ဖုန်မှုန့်များ ကွဲလွင့်သွားလေသည်။

လူတိုင်း၏ရှေ့တွင် ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာခဲ့၏။ထိုအမျိုးသားသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် ညာဘက်လက်ဖြင့် ထောက်ထားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ လုံးဝ အထိအခိုက်မရှိသလို အသက်ရှူသံပင် ပြောင်းလဲသွားခြင်း မရှိပေ။သူ ခြေချလိုက်သော ဘိလပ်မြေကြမ်းပြင်မှာမူ ခြေလှမ်းကြောင့် အစအနအဖြစ် ကျိုးပဲ့ကြေမွသွားခဲ့လေပြီ။

မြေကြီးပင်လျှင် ချိုင့်ဝင်သွားခဲ့ပေသည်။

"ဒါက..."

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပေသည်။

ချင်းလုံနှင့် တိုက်ခိုက်နေသော စစ်သေနာပတိ ယင်းရှား၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။

မကောင်းတော့ဘူး…

သူသည် ချန်ဖုန်းနှင့် တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ဖူးသော်လည်း ဤပြိုင်ဘက်က အလွန် အစွမ်းထက်ကြောင်း သူ ခန့်မှန်းသိရှိနိုင်ပေသည်။

သူ့ရှေ့ရှိ ချင်းလုံထက်ပင် ပိုမို အစွမ်းထက်နေသေး၏။

ဘာပဲဖြစ်ဖြစ်...ရဟတ်ယာဉ်ပေါ်မှ ခုန်ချနိုင်စွမ်းရှိခြင်းကပင် ချန်ဖုန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြသရန် လုံလောက်နေပေသည်။

သူ ကိုယ်တိုင်ပင်လျှင် မီတာလေးဆယ်အမြင့်မှ ထိုကဲ့သို့ ခုန်ချရဲမည် မဟုတ်ချေ။

"ဒါက ချန်ဖုန်းလား..."

မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင် လဲကျနေသော တပ်မှူးယွင်ကျဲ့မှာ အလွန်အမင်း ဝမ်းသာသွားပေ၏။

ချန်ဖုန်း၏ ထွက်ပေါ်လာမှုက ဤမျှ တုန်လှုပ်ဖွယ်ကောင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ယခု ချင်းလုံလည်း ပြန်ရောက်လာပြီဖြစ်သလို ချန်ဖုန်းကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးပါ ရှိနေပြီဖြစ်သည်။ စစ်သေနာပတိတော့ ကယ်တင်ခံလိုက်ရပြီ။

အခန်းထဲတွင် ပုန်းအောင်းနေသော ဟွမ်ဇီ၏ မျက်လုံးများမှာလည်း ပြူးကျယ်နေခဲ့၏။

ချန်ဖုန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ကြယ်ငါးပွင့်အဆင့် စစ်သည်တစ်ဦးကဲ့သို့သော အထင်အမြင်မျိုး ရရှိခဲ့ကြောင်း သူ မှတ်မိနေသေးသည်။ ချန်ဖုန်းက သူ့ကို အနိုင်ယူနိုင်လျှင်ပင် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်ခဲ့ချေ။

ဒါပေမဲ့ အခုတော့...

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို သူ တကယ်ပင် ခံစားနေရပေ၏။ ချန်ဖုန်းသည် စစ်သေနာပတိအဆင့်အထိပင် ရောက်ရှိနေပြီ ဖြစ်လောက်သည်။

"ဒါကို မြန်မြန် အဆုံးသတ်လိုက်တော့"

စစ်သေနာပတိယင်းရှားက ကြိတ်မနိုင်ခဲမရ ပြောဆိုလိုက်သည်။

လွန်ခဲ့သော ငါးမိနစ်ခန့်က သူ အသာစီးရခဲ့သော်လည်း ယခုအခါတွင်မူ အန္တရာယ်အငွေ့အသက်များကို စတင်ခံစားနေရပြီ ဖြစ်ပေ၏။

ဒါက တကယ့် အန္တရာယ်ပဲ…

သူ၏ ပတ်လည်ရှိ အငွေ့အသက်များသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအငွေ့အသက်များက ချင်းလုံအား ရူးသွပ်စွာ ဖိနှိပ်သွားလေ၏။

သူသည် ပြိုင်ဘက်ကို တိုက်ရိုက် ထိုးကြိတ်လိုက်ပြီး နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားစေသဖြင့် နံရံမှာ ဂျုံးခနဲ အသံနှင့်အတူ ပြိုကျသွားတော့သည်။

ရန်သူ့တပ်ဖွဲ့မှ ကျန်ရှိနေသူများသည်လည်း အရူးများအလား ဝင်ရောက်တိုက်ခိုက်ကြပေ၏။

သူတို့အနေဖြင့် အခန်းထဲသို့ ဖောက်ဝင်ကာ အတိုတောင်းဆုံး အချိန်အတွင်း စစ်သေနာပတိကို သတ်ဖြတ်ရမည် ဖြစ်လေသည်။

"သောက်ကျိုးနည်းပဲ..."

ပြိုကျနေသော နံရံကြားမှ ချင်းလုံက အလျင်အမြန် ကုန်းထလာခဲ့၏။

သူလည်း ဒဏ်ရာရသွားပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပေသည်။

သူ့အမြန်နှုန်းက နှေးကွေးလွန်းလှသဖြင့် ပြိုင်ဘက်ကို မတားဆီးနိုင်ခဲ့ချေ။

အကူအညီတွေ ရောက်လာရင်တောင် ဘာထူးမှာလဲ...စစ်သေနာပတိယင်းရှားသာ အခန်းထဲသို့ ဝင်ရောက်သွားနိုင်ပါက နောက်ဆုံးတွင် သူတို့က သူ့ကို သတ်ဖြတ်နိုင်လျှင်ပင် စစ်သေနာပတိ ရှန်ကွမ်ယွဲ့၏ အသက်မှာ အန္တရာယ်ရှိနေပြီ ဖြစ်ပေသည်။

စစ်သေနာပတိ သေဆုံးသွားလျှင်...

အရာအားလုံး ပြီးဆုံးသွားပြီပဲ...

ချင်းလုံသည် ရှန်ကွမ်ယွဲ့၏ လက်အောက်ငယ်သားအဖြစ် နေထိုင်ရန် ဆန္ဒမရှိသော်လည်း...

ရှန်ကွမ်ယွဲ့ စစ်ဘက်ဆိုင်ရာဌာနကို တာဝန်ယူခဲ့သော နှစ်များတစ်လျှောက် တိုင်းပြည်သည် ပြည်တွင်း၌ တည်ငြိမ်အေးချမ်းခဲ့ပြီး မည်သည့်စစ်ပွဲမျှ မဖြစ်ပွားခဲ့ချေ။

နယ်စပ်ရှိ စစ်သေနာပတိ၏ ဂုဏ်သတင်းကပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် တည်ရှိနေခဲ့လေသည်။

ရန်သူတွေကို လှုပ်ရှားဖို့တောင် မရဲအောင် လုပ်နိုင်ခဲ့တယ်…

ချင်းလုံသည် ရှန်ကွမ်ယွဲ့အပေါ် လေးစားမှု ရှိနေဆဲပင်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ သူ ပြန်လာခဲ့တာပဲ။

သို့သော် သူ အမှန်တကယ် မကယ်တင်နိုင်သေးကြောင်း တွေ့ရှိလိုက်ရ၏။ စစ်သေနာပတိ ယင်းရှားသည် အလွန်အစွမ်းထက်ပြီး သူကိုယ်တိုင်ပင် ယှဉ်နိုင်ရန် ခက်ခဲနေပေသည်။

ထိုအခိုက်အတန့်၌...

ချန်ဖုန်းသည် ချိုင့်ဝင်နေသော မြေပြင်ပေါ်မှ ရုတ်တရက် မတ်တပ်ရပ်လိုက်လေ၏။

အဆောက်အအုံထဲသို့ ဝင်ရောက်ရန် ပြင်နေသော စစ်သေနာပတိယင်းရှားကို မြင်လိုက်ရချိန်တွင် သူ၏ ခြေထောက်များက ရုတ်တရက် အားယူလိုက်ပြီး ခန္ဓာကိုယ်မှာ ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

အရမ်းမြန်တာပဲ…

စစ်သေနာပတိ ယင်းရှားသည်လည်း အစွမ်းထက်သော လေပြင်းတစ်ချက် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရပေ၏။

သူက အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။

"သူ့ကို တားထားစမ်း"

ငါးစက္ကန့်မျှ တားဆီးထားနိုင်သရွေ့ သူက အထဲသို့ ဖောက်ဝင်ကာ ဟွာရှနိုင်ငံရဲ့ စစ်သေနာပတိကို သတ်ဖြတ်နိုင်မည် ဖြစ်လေသည်။

ထိုခဏလေးအတွင်းမှာပင်…

ရန်သူ့တပ်ဖွဲ့မှ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူအားလုံးသည် ချန်ဖုန်းထံသို့ ပြေးဝင်လာကြပေ၏။

သူတို့၏ တာဝန်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စစ်သေနာပတိယင်ရှား နောက်သို့ လိုက်ခွင့်မပြုရန်ပင် ဖြစ်သည်။

"မင်းတို့က တားနိုင်လို့လား... သေစမ်း..."

ချန်ဖုန်းက လက်သီးတစ်ချက် ထိုးချလိုက်၏။ သူ၏ အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်လှသည်။ လက်သီးတစ်ချက်သာ ထိုးလိုက်သော်လည်း လက်သီးပုံရိပ် ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပေသည်။

ဘုန်း…

မိုးကြိုးပစ်ချလိုက်သည့်အလား အသံကြီး ထွက်ပေါ်လာ၏။လမ်းပိတ်တားနေသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးမှာ ချက်ချင်းပင် အစအနအဖြစ် ကြေမွသွားတော့သည်။

ချန်ဖုန်း၏ မျက်နှာအမူအရာမှာ အေးစက်နေပေ၏။ သူက ရှေ့သို့ ဆက်လက်ပြေးဝင်သွားပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်သည်။

အနောက်ဘက်ရှိ လူက ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့သော် သူ လုံးဝ ရှောင်တိမ်း၍မရနိုင်ကြောင်း သိလိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ပေါ်လာခဲ့ပေသည်။

ဘုန်း...

ချက်ချင်း သေဆုံးသွားခြင်းပင်…

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦး ချက်ချင်း သေဆုံးသွားလေ၏။

လုံးဝ အားစိုက်ထုတ်စရာမလိုဘဲ အေးအေးဆေးဆေးပင်။

ကူညီရန် ပြေးဝင်လာသော ချင်းလုံ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။

ထိုသေဆုံးသွားသော လူနှစ်ဦးမှာ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများအနက် ထိပ်တန်းအဆင့်တွင် ရှိကြပြီး ယခင်က သူသတ်ဖြတ်ခဲ့သော သူများထက်ပင် ပိုမို အစွမ်းထက်ကြပေ၏။ ချန်ဖုန်း၏ လက်ထဲတွင်မူ သူတို့မှာ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

‘ဒီချန်ဖုန်းက တကယ်ကို အစွမ်းထက်တာပဲ’

ယခုအချိန်၌...စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များဖြစ်စေ၊ရန်သူ့တပ်ဖွဲ့များဖြစ်စေ၊ စစ်သေနာပတိယင်းရှားနှင့် ချင်းလုံတို့ပင်ဖြစ်စေ လူတိုင်း၏ မျက်နှာများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေကြလေ၏။

ယခင်က ဤချန်ဖုန်းသည် မည်မျှ အစွမ်းထက်ကြောင်းကိုသာ သူတို့ ကြားဖူးခဲ့ကြသည်။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို သူ ဘယ်လို သတ်ဖြတ်ခဲ့သလဲဆိုတာကိုပေါ့။

သို့သော် လက်ရှိမြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ ချန်းဖုန်းသည် ကောလဟာလများထက် ပိုမို အစွမ်းထက်ကြောင်း ၎င်းတို့ တုန်လှုပ်ဖွယ်ရာ ခံစားလိုက်ရသည်။

ဒီစွမ်းရည်က စစ်သေနာပတိထက် လုံးဝ မနိမ့်ကျလောက်ဘူး။

ထိုအချိန်၌...

ချန်ဖုန်းသည် ဝိုင်းရံထားမှုကို ဖောက်ထွက်လာခဲ့ပြီး စစ်သေနာပတိယင်းရှား၏ အနောက်သို့ ချက်ချင်း ရောက်ရှိသွားကာ ခြေကန်ချက်တစ်ချက် ပေးလိုက်လေသည်။

"စစ်သေနာပတိ... သတိထား"

"သတိထား"

ရန်သူ့ဘက်က လူတိုင်းက အလန့်တကြား အော်ဟစ်လိုက်ကြ၏။

စစ်သေနာပတိယင်းရှား သည်လည်း အပြည့်အဝ သတိထားနေခဲ့ပေသည်။

သူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။

သာမန် ခြေကန်ချက်တစ်ခုက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာပြီး ချင်းလုံ၏ စွမ်းအားထက်ပင် များစွာ သာလွန်နေသေးသည်။

လေထုထဲတွင် ပေါက်ကွဲသံများ ပြည့်နှက်သွားလေ၏။

"သောက်ကျိုးနည်းပဲ..."

စစ်သေနာပတိယင်းရှားက အလျင်အမြန် လှည့်ပတ်လိုက်သည်။

သူ၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး ခွန်အားအကုန်သုံးကာ ရှေ့သို့ လက်သီးတစ်ချက် ထိုးချလိုက်၏။

ဘန်း...

ထင်မှတ်ထားသကဲ့သို့ ပေါက်ကွဲမှု မြင်ကွင်းမျိုး ဖြစ်ပေါ်မလာခဲ့ချေ။

စစ်သေနာပတိယင်းရှားသည် ကျောက်တိုင်တစ်ခုနှင့် အတားအဆီးမရှိ ရိုက်မိသွားပြီး သူ၏ ရင်ဘတ်မှ နံရိုးများစွာ ကျိုးကြေသွားခဲ့လေသည်။

ထိုကျောက်တိုင်မှာလည်း မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ပြိုကျသွားတော့၏။

သူ၏ အနောက်ဘက်ရှိ အမိုးပင်လျှင် တိုက်ရိုက် ပြိုကျလာခဲ့ပေသည်။

ရှီး...

လူတိုင်း အံ့အားသင့်စွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ကြ၏။

စစ်သေနာပတိယင်းရှားက တစ်ကွက်တည်းနဲ့ ချက်ချင်း အရေးနိမ့်သွားတာလား။

စစ်သေနာပတိယင်းရှား ဆိုတာ ဘယ်သူလဲ...ရန်သူ့တပ်ဖွဲ့ရဲ့ စစ်သေနာပတိလေ…

ရှန်ကွမ်ယွဲ့နှင့် အဆင့်တူသော ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သူမထက် အနည်းငယ် အားနည်းသော်လည်း အများကြီး အားနည်းနေခြင်း မဟုတ်ချေ။

ယခုမူ သူသည် ချန်ဖုန်း၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ချက်ချင်း အရေးနိမ့်သွားခဲ့လေပြီ။

ချီးပဲ...

လူတိုင်းက ချန်ဖုန်းအား လုံးဝ ဇဝေဇဝါဖြစ်စွာဖြင့် စိုက်ကြည့်နေကြပေ၏။

ဒါက ဟုတ်သေးလို့လား ချန်ဖုန်းက အဲဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား။

ချင်းလုံပင်လျှင် ဆွံ့အသွားခဲ့သည်။

သူ့ကို ပြန်မတိုက်နိုင်အောင် ဖိနှိပ်ထားတဲ့ စစ်သေနာပတိ ယင်ရှားက အခုကျတော့ ချန်ဖန်းရဲ့ တိုက်ခိုက်ချက် တစ်​ချက်တောင် မခုခံနိုင်ဘူးလို့ ဘယ်ထင်ထားပါ့မလဲ။

ချန်ဖုန်းက အရမ်း အစွမ်းထက်နေတာလား ဒါမှမဟုတ် စစ်သေနာပတိ ယင်းရှားကပဲ အရမ်း အားနည်းလွန်းနေတာလား။

ချင်းလုံက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ဒီကိစ္စ ပြီးဆုံးသွားပါက နယ်စပ်ပြင်ပ စစ်မြေပြင်သို့ ချက်ချင်းပြန်ရန်နှင့် သူ၏ စွမ်းရည်မှာ စစ်သေနာပတိအဆင့်သို့ မရောက်မချင်း ပြန်မလာတော့ရန် သူ ဆုံးဖြတ်လိုက်ပေ၏။

ချန်ဖုန်းသည်လည်း သူ၏ ခြေထောက်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူသည် စစ်သေနာပတိယင်းရှား ကဲ့သို့သော ကျွမ်းကျင်သူနှင့် တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ဖူးခဲ့ဘဲ သူ၏ အစစ်အမှန် စွမ်းရည်ကိုလည်း သူကိုယ်တိုင် မသိခဲ့ချေ။

ဒါကြောင့် စောစောက ခြေကန်ချက်က သူ၏ ခွန်အားအားလုံးနီးပါးကို သုံးပြီး ကန်လိုက်ခြင်း ဖြစ်ပေသည်။

တစ်ဖက်လူက အရမ်း အားနည်းလွန်းနေတာလား။

စစ်သေနာပတိယင်းရှားသည် အလွန် အစွမ်းထက်ပေ၏။သို့သော် ရေတွက်၍မရနိုင်သော အားဖြည့်မှုများ ပြုလုပ်ပြီးနောက် ချန်ဖုန်း၏ ခန္ဓာကိုယ်သည် ခွန်အားပိုင်းတွင်သာမက အငွေ့အသက်နှင့် တိုက်ခိုက်ရေး အတွေ့အကြုံများတွင်ပါ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဤအချိန်၌...စစ်စခန်းတစ်ခုလုံး တိတ်ဆိတ်သွားပုံရ၏။

ရန်သူ့တပ်ဖွဲ့များသည် ပိုမို၍ ကြောက်ရွံ့စိုးရိမ်လာကြသည်။

စစ်သေနာပတိယင်းရှားသည် အပျက်အစီးများကြားမှ ပြေးထွက်လာခဲ့သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် သွေးများ စွန်းထင်းနေပေ၏။သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ရှင်းလင်းစွာပင် လုံးဝ ကမောက်ကမ ဖြစ်နေလေပြီ။သူ၏ မျက်လုံးများက ချန်ဖုန်းအား စိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။

သူ တိုက်ခိုက်လိုစိတ် လုံးဝ ကင်းမဲ့သွားခဲ့၏။ဒီဘဝမှာ သူ့ကို ဒီလောက်အထိ ထိတ်လန့်သွားစေနိုင်တဲ့ တစ်ဦးတည်းသောသူက လွန်ခဲ့တဲ့နှစ်တွေတုန်းက အဇူရာနန်းတော်သခင်ပဲ ရှိလောက်တယ်ထင်တာ။

အခုတော့ သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ ချန်ဖုန်းက သူ့ကို ပိုလို့တောင် ကြောက်လန့်သွားစေသည်။

All Chapters