← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂) ကြီးကျယ်ခမ်းနားသော အောင်ပွဲ

"စစ်သေနာပတိယင်း"

"စစ်သေနာပတိ"

ရန်သူ့တပ်ဖွဲ့မှ ကျွမ်းကျင်သူများသည် အလျင်အမြန် ပြေးလာကြပြီး စစ်သေနာပတိယင်းရှားကို ကာကွယ်လိုက်ကြ၏။

စစ်သေနာပတိမှာ စောစောကတည်းက အသာစီးရမှုကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် အခန်းထဲသို့ ဖောက်ဝင်ရန် အခွင့်အရေး မရှိတော့ချေ။

အခုလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီနေရာကနေ ထွက်ပြေးဖို့ အခွင့်အရေးရှာဖို့ပဲ။

စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များက ဖြည်းညင်းစွာ ချဉ်းကပ်လာကြသည်။

ချင်းလုံပင်လျှင် သူ၏ ပုဆိန်ကြီးကို တရွတ်တိုက်ဆွဲကာ ရှေ့သို့ တက်လာခဲ့၏။ စစ်သေနာပတိယင်းရှား ဒဏ်ရာရသွားသည့် အချိန်မှစ၍ ရန်သူတို့တွင် အခွင့်အရေး မရှိတော့ချေ။

တစ်ချိန်တည်းမှာ...စစ်သေနာပတိယင်းရှားက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ချန်ဖုန်းထံမှ သူ့ကို ထိတ်လန့်စေခဲ့သော အဇူရာနန်းတော်သခင်၏ အရိပ်အယောင်ကို သူ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပေ၏။

သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

သူ့ရှေ့ရှိ ဤလူငယ်လေးသည် အမှန်တကယ်ပင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။ သူသာ ဆက်လက် တိုးတက်လာပါက အနာဂတ်တွင် အဇူရာနန်းတော်သခင် ကဲ့သို့သော ကျွမ်းကျင်သူတစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

စစ်သေနာပတိယင်းရှားက အံကိုကြိတ်ကာ ပြောဆိုလိုက်၏။

"မင်း... မင်းက ချန်ဖုန်းလား..."

"မင်းက စစ်သေနာပတိယင်းရှားလား"

ချန်ဖုန်းက ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။

"မင်းနဲ့ငါက ဘာရန်ငြိုးမှမရှိဘဲ ငါ့ကိုသတ်ဖို့ လူတွေကို ထပ်ခါတလဲလဲ လွှတ်နေတာ ဘာသဘောလဲ..."

"သောက်ကျိုးနည်း ငါ့ဘာသာ ကျောင်းကောင်းကောင်း တက်လို့မရဘူးလား..."

အမှန်ပင်...သူ၏ အမှတ်အသားမှာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးမျှသာ ဖြစ်ပေ၏။

ဤကာလအတွင်း သူသည် ရန်သူ့တပ်ဖွဲ့များနှင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့ရပြီး လူအမြောက်အမြားကိုပင် သတ်ဖြတ်ခဲ့ရသည်။

ဒါက ချန်ဖုန်းကို အနည်းငယ် ကြမ်းတမ်းသွားစေခဲ့တယ်…

‘ကျောင်းတက်မယ် ဟုတ်လား…’

အနောက်ဘက်ရှိ ချင်းလုံက ရုတ်တရက် ခြေလှမ်းရပ်တန့်သွား၏။

ချန်ဖုန်းအပေါ် သူ၏ မျက်နှာအမူအရာမှာ ပိုမို ထူးဆန်းလာခဲ့သည်။

‘ချီးပဲ...သူက တကယ်ကြီး ကျောင်းသားတစ်ယောက်လား’

ချင်းလုံသည် နောက်တစ်ကြိမ် လှောင်ပြောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပေ၏။

သူကကျောင်းသားတစ်ယောက်

လောက်တောင် အသုံးမကျဘူးလို့ ခံစားရတယ်...

သူ ပိုတွေးလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်ကာ အော်ဟစ်လိုက်သည်။

"သူတို့ကို သတ်စမ်း... အကုန်လုံးကို သတ်ပစ်..."

"ဟမ့်... ငါ့ကို သတ်ချင်တာလား... အဲဒီလောက် မလွယ်ပါဘူးကွ..."

တပ်မှူးယင်းရှား၏ အငွေ့အသက်များက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့၏။

ဤတစ်ကြိမ်တွင် ပြင်းထန်သော ဒဏ်ရာရရှိမည်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် သူက ထွက်ပြေးရန် စိတ်ပိုင်းဖြတ်ထားလေသည်။

"သူတို့ကို တားထားစမ်း... ဘယ်သူမှ ဆုတ်ခွာခွင့်မရှိဘူး..."

တစ်ချိန်တည်းမှာပင်...

သူသည် ချန်ဖုန်းထံသို့ အလျင်အမြန် ပြေးဝင်သွားပြီး ခွန်အားအကုန်သုံးကာ လက်သီးတစ်ချက် ထိုးလိုက်ပေ၏။

ချန်ဖုန်းသည်လည်း လက်သီးတစ်ချက် ထိုးလိုက်သည်။

ဘုန်း…

တပ်မှူးယင်းရှားသည် သွေးတစ်လုတ် ရုတ်တရက် အန်ချလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ အနောက်သို့ လွင့်စင်သွားတော့သည်။

သို့သော်လည်း...ဤလွင့်စင်သွားသော အရှိန်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ပေသည်။

ချက်ချင်းပင် သူက စစ်စခန်းထဲမှ ပြေးထွက်သွားလေ၏။

စစ်ဘက်ဆိုင်ရာဌာနမှ အခြားအဖွဲ့ဝင်များက သူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသော်လည်း ကျန်ရှိနေသူများက ကမောက်ကမဖြစ်အောင် ဖန်တီးခဲ့ကြသည်။

ရန်သူ့တပ်ဖွဲ့မှ ကျန်ရှိနေသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများသည်လည်း တိုက်ခိုက်ရင်း ဆုတ်ခွာနေကြပေ၏။

"သောက်ပဲ... ထွက်ပြေးဖို့ ကြိုးစားနေတုန်းလား..."

ချင်းလုံက အလျင်အမြန် နောက်သို့ လိုက်သွားလေသည်။

ပုဆိန်ကြီးက ထိုနေရာတစ်ဝိုက်ကို လွှဲခုတ်သွား၏။ သို့သော် သူ၏ ခွန်အားမှာ ကန့်သတ်ချက်ရှိပြီး ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးဦးမှ ငါးဦးခန့်က သူ့ကို တားဆီးထားနိုင်သေးသည်။

ကန့်သတ်ချက်မရှိတဲ့ တစ်ဦးတည်းသောသူက ချန်ဖုန်းပဲ။

"တစ်…နှစ်…သုံးယောက်..."

တပ်မှူးယွင်ကျဲ့သည် သစ်ပင်တစ်ပင်အောက်တွင် ထိုင်ကာ ချန်ဖုန်းသတ်ဖြတ်ခဲ့သော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အရေအတွက်ကို ရေတွက်နေခဲ့၏။

ချန်ဖုန်းက စစ်စခန်း၏ ထွက်ပေါက်ကို လှမ်းကြည့်လိုက်ရာ စစ်သေနာပတိယင်းရှား၏ ပုံရိပ်မှာ သူ၏ အမြင်အာရုံမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

သူ၏ မျက်ခုံးများ ပြင်းထန်စွာ တွန့်ချိုးသွားပေ၏။ သူက သူ့ရှေ့တွင် ရပ်နေသော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ကန်ကျောက်လိုက်သည်။

သူ၏ ခွန်အားမှာ လွန်စွာ အစွမ်းထက်လှသဖြင့် စစ်သေနာပတိယင်းရှားပင်လျှင် မခံနိုင်ခဲ့ချေ။ သာမန် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးက လုံးဝ ခံနိုင်ရည်မရှိပေ။ သူ၏ နံရိုးများအားလုံး ကျိုးကြေသွားပြီး ရင်ဘတ်မှာ ပေါက်ကွဲထွက်သွားလေ၏။

"အခု လေးယောက်..."

တပ်မှူးယွင်ကျဲ့၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

အနီးအနားရှိ ချင်းလုံကို ကြည့်လိုက်ရာ သူကလည်း အလုပ်ရှုပ်နေပြီ ဖြစ်၏။

ထိုအချိန်၌...ချန်ဖုန်းသည် စစ်စခန်းအပြင်ဘက်သို့ ဆက်လက် လိုက်သွားခဲ့ပြီး အဆက်မပြတ် တားဆီးခံရကာ လူသေဆုံးမှုများ ရှိလာခဲ့ပေသည်။

သို့သော် ရန်သူ့တပ်ဖွဲ့မှ ဤလူများသည် သေရမည်ကို လုံးဝ မကြောက်ရွံ့ကြပုံပေါ်၏။

စစ်သေနာပတိယင်ရှား ထွက်ပြေးနိုင်ရန်အတွက် သူတို့၏ အသက်ကို အသုံးပြု၍ အချိန်အနည်းငယ် ရယူပေးရန် သူတို့ ဆန္ဒရှိနေကြသည်။

ရှန်ကွမ်ယွဲ့ ထွက်ပြေးစဉ်က စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များ သေသည်အထိ တိုက်ခိုက်ခဲ့သကဲ့သို့ပင်။

"မင်းတို့က သေချင်နေမှတော့ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့..."

ချန်ဖုန်း အနည်းငယ် ဒေါသထွက်သွားပေ၏။

တစ်ဖက်လူတွေက သေဖို့ ထိုက်တန်ရဲ့လား

နှစ်ဖက်စလုံးတွင် မတူညီသော ရပ်တည်ချက်များ ရှိကြပြီး မည်သူက မှန်သည် မှားသည်ဟု မရှိချေ။

သို့သော် ချန်ဖုန်း တစ်ခုနားလည်ထားသည်။

ဒီအချိန်တစ်လျှောက်လုံး စစ်သေနာပတိယင်းရှားနှင့် အခြား ရန်သူ့တပ်ဖွဲ့များက သူ့ကို သတ်ဖြတ်ချင်နေခဲ့ကြသည်။

သူတို့က သူ၏ ရန်သူပင် ဒါကြောင့်…

‘သတ်ရမယ်...သတ်ပစ်ရမယ်…’

ရုတ်တရက် သူ၏ အတွေးများ လင်းလက်သွားမှုနှင့်အတူ သူသည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဘေးတွင် ပေါ်လာခဲ့၏။

"ဒီတစ်ကြိမ် ငါ မင်းတို့ကို အကုန်သတ်ပစ်မယ်... အဲဒါဆို မင်းတို့ ငါ့ကို ထပ်ပြီး ဆန့်ကျင်ရဲတော့မှာ မဟုတ်ဘူး... သေစမ်း..."

သူ၏ လက်ထဲတွင် ဓားမြှောင်တစ်လက် ရုတ်တရက် ပေါ်လာခဲ့သည်။

အလွန် သာမန်ဆန်သော ဓားမြှောင်တစ်လက်ပင် သူက မြေပြင်ပေါ်မှ ကောက်ယူလိုက်ခြင်း ဖြစ်သော်လည်း ဤဓားမြှောင်က နတ်ဘုရားလက်နက်တစ်ခုနှင့် တူနေပေ၏။

အရှိန်ဖြင့် ဆွဲယူလိုက်သည်။ ထို့နောက်

နောက်ထပ် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားလေပြီ။

ရှလွတ်…

ရှလွတ်…

"ရှစ်... ကိုး..."

တပ်မှူးယွင်ကျဲ့မှာ လွန်စွာ တုန်လှုပ်နေခဲ့ပြီ ဖြစ်၏။ စက္ကန့်သုံးဆယ် မပြည့်မီအတွင်း ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ကိုးဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချင်းလုံဘက်တွင်မူ တစ်ဦးတည်းသာ သေဆုံးသေး၏။

နှိုင်းယှဉ်ကြည့်လိုက်လျှင်...

ချင်းလုံမှာ လှုံ့ဆော်မှုကြောင့် ရူးသွပ်နေပြီ ဖြစ်ပေသည်။သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"သေစမ်း..."

ပုဆိန်ကြီးက နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်သည်။

ကြမ်းတမ်းလွန်းသော စွမ်းအားက လူတစ်ဦးကို ထက်ပိုင်း တိုက်ရိုက် ပိုင်းဖြတ်သွားလေ၏။

တိုက်ပွဲ ချိန်ခွင်လျှာက နောက်ဆုံးတွင် ကျိုးပေါက်သွားပြီး ကျန်ရှိနေသော လူနှစ်ဦးမှာ မျက်နှာဖြူရော်သွားကာ အထိတ်တလန့် ထွက်ပြေးသွားကြတော့သည်။

"ဟားဟားဟား... ထွက်ပြေးဖို့ ကြိုးစားနေတုန်းပဲလား..."

ချင်းလုံသည် နောက်ဆုံးတွင် အသက်ရှူချောင်သွားသလို ခံစားလိုက်ရပြီး ရူးသွပ်စွာ ချေမှုန်းပစ်လိုက်၏။

ထို့နောက် ချန်ဖုန်း၏ အခြေအနေကို စစ်ဆေးရန် သူ ခေါင်းလှည့်ကြည့်လိုက်သည်။

တစ်ချက် ကြည့်လိုက်ချိန်တွင်...

သူ၏ နှုတ်ခမ်းထောင့်က ပြင်းထန်စွာ တုန်ယင်သွားလေ၏။

ချန်ဖုန်းသည် လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် စစ်စခန်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။

သူ၏ လက်ထဲရှိ ဓားမြှောင်က လေထုကို ခုတ်ပိုင်းသွားပြီး သူ့ကို တားဆီးရန် ကြိုးစားသူများကို မြေပြင်ပေါ် လဲကျသေဆုံးသွားစေခဲ့၏။

သူတို့ သေဆုံးသွားလျှင်ပင် မည်သို့ သေဆုံးသွားမှန်း သိကြမည် မဟုတ်ချေ။

"နှစ်ဆယ့်ငါး... နှစ်ဆယ့်ခုနစ်... နှစ်ဆယ့်ကိုး..."

တပ်မှူးယွင်ကျဲ့၏ စိတ်ထဲတွင် လုံးဝ ကမောက်ကမ ဖြစ်နေလေပြီ။

သူ ဘယ်နှစ်ခေါင်း ရေတွက်လိုက်မိမှန်း မသိတော့သော်လည်း စုစုပေါင်း နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကျော် ရှိနေပေသည်။

တစ်မိနစ်တောင် မပြည့်သေးဘူး…

တကယ်ပဲ ကြက်တစ်ကောင်ကို သတ်သွားသလို ခံစားရတယ်။

ကြည့်ရတာ ကြက်တစ်ကောင်ကို သတ်ရတာထက်တောင်

ပိုလွယ်နေသလိုပဲ။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူတွေက တကယ်ပဲ အဲဒီလောက်အားနည်းတာလား။

စစ်သေနာပတိယင်းရှားသည် အမြန် ပြေးလွှားနေခဲ့၏။

ချန်ဖုန်း သူ့နောက်သို့ လိုက်လာချိန်တွင် သူတို့သည် မီတာ နှစ်ရာ သို့မဟုတ် သုံးရာခန့် ကွာဝေးနေပြီ ဖြစ်သည်။

ချန်ဖုန်းက အမီလိုက်ရန် အစွမ်းကုန် ကြိုးစားလျှင်ပင် မီတာတစ်ရာအထိသာ အကွာအဝေးကို လျှော့ချနိုင်ပေမည်။

ချန်ဖုန်း၏ အနောက်ဘက်တွင် ချင်းလုံက အလျင်အမြန် အမီလိုက်လာခဲ့သည်။

အဝေးမှနေ၍ သူက အော်ဟစ်လိုက်၏။

"မလိုက်နဲ့တော့... သတိထား... ချုံခိုတိုက်ခိုက်မှု ရှိနိုင်တယ်... စစ်သေနာပတိကို ကာကွယ်ဖို့က ပိုအရေးကြီးတယ်..."

ချန်ဖုန်းလည်း လန့်ဖြတ်သွားလေ၏။

‘ဟုတ်သားပဲ...ငါ့အသက်က တန်ဖိုးရှိတယ် တကယ်လို့ တစ်ယောက်ယောက်က ချုံခိုတိုက်ခိုက်ရင် ငါ သေမှာပဲ အဓိကက သေနတ်တွေကို သူ့အနေနဲ့ ကြောက်နေရတုန်းပဲ ’

ထို့သို့ သူ တွေးနေရင်း …

ချင်းလုံ၏ လက်ထဲရှိ ပုဆိန်ကြီးကို မြင်လိုက်ရချိန်တွင် ချန်ဖုန်းက ၎င်းကို လုယူကာ လှည့်ပတ်လိုက်ပြီး အဝေးရှိ ပုံရိပ်ဆီသို့ ပြင်းထန်စွာ လွှဲပေါက်လိုက်တော့သည်။

[ ဒင်... ပိုင်ရှင်မှ ဆရာသခင်အဆင့် လှံပစ်စွမ်းရည်ကို လဲလှယ်ခြင်း အောင်မြင်ပါသည်... စနစ်ပွိုင့် ၁၀၀ လျော့ကျသွားပါသည်]

[ ပိုင်ရှင်၏ လက်ကျန် စနစ်ပွိုင့်များ... ၆၁၀၀ ]

ထိုနောက် ချက်ချင်းပင်...

အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

စစ်သေနာပတိယင်းရှား၏ လက်တစ်ဖက်ကို ပုဆိန်ကြီးဖြင့် ပြတ်တောက်သွားစေသည်ကို ချန်ဖုန်း မြင်လိုက်ရပုံရသည်။

အနီးအနားတွင် ရပ်နေသော ချင်းလုံမှာ ဆွံ့အသွားခဲ့ပေ၏။

‘ချီးပဲ...ဒါက မီတာတစ်ရာ အကွာအဝေးနော်…’

သူ သရဲတစ္ဆေ မြင်လိုက်ရသလိုပင်။

ဂုဏ်သိက္ခာကြီးမားလှသော စစ်သေနာပတိယင်းရှားသည် ချန်ဖုန်း၏ လုံးဝ အနိုင်ယူခြင်းကို ခံရရုံသာမက သူ၏ လက်တစ်ဖက်ပင် ပြတ်တောက်သွားခဲ့လေပြီ။

အရေးအကြီးဆုံးအချက်ကတော့...

ဒီလောက် အဝေးကြီးကနေတောင် ပစ်မှတ်ကို သူ ထိအောင် ပစ်နိုင်ခဲ့တယ်ပေါ့။

‘ဒီကောင်လေးက လူရောဟုတ်ရဲ့လား ဟု…’ချင်းလုံတစ်ယောက် မတွေးပဲ မနေနိုင်တော့ချေ။

ချန်ဖုန်းက မျက်မှောင်ကြုတ်လိုက်၏။

မူလက သူသည် တပ်မှူးယင်းရှား၏ ရင်ဘတ်ကို ပစ်မှတ်ထားခဲ့သော်လည်း အကွာအဝေးမှာ ဝေးလွန်းနေခဲ့သည်။

သူက ပြိုင်ဘက်ရဲ့ လက်တစ်ဖက်ကိုပဲ ဖြတ်ပစ်နိုင်ခဲ့တယ်။

သို့သော်လည်း...နောက်တစ်ကြိမ်ကျရင် သူ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး။

နယ်စပ်သို့ တစ်ကြိမ်လာရောက်ရန်မှာ မလွယ်ကူလှချေ။ မထွက်ခွာမီ လျှို့ဝှက်အန္တရာယ်များ အားလုံးကို ဖယ်ရှားပစ်ရမည် ဖြစ်ပေ၏။

‘ယင်းရှား အို စစ်သေနာပတိယင်းရှား...

ငါ့ကို စောင့်နေ... မင်း သိပ်ကြာကြာ အသက်ရှင်ရတော့မှာ မဟုတ်ဘူး…’

"သွားကြစို့... စစ်စခန်းကို ပြန်မယ်..."

ချန်ဖုန်းသည် နောက်ထပ် ဘာမှ ဆက်မပြောချင်တော့ချေ။

စစ်သေနာပတိယင်းရှား ရောက်လာချိန်က ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ လေးဆယ်ကျော်အပါအဝင် လူတစ်ရာ ရှိခဲ့သည်။ ယခုမူ သူတစ်ဦးတည်းသာ လွှတ်မြောက်သွားရခြင်း ဖြစ်ရပေမည်။

All Chapters