← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃) ရှန်ကွမ်ယွဲ့နှင့် တွေ့ဆုံခြင်း

ဟွာရှနိုင်ငံက ဤစစ်ပွဲကြီးတွင် အနိုင်ရရှိခဲ့ပေ၏။

သို့သော် မည်သူမျှ မပျော်ရွှင်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် လူအများအပြား သေဆုံးခဲ့ရသောကြောင့် ဖြစ်သည်။

ရန်သူ့တပ်ဖွဲ့များ၏ ဆုံးရှုံးမှုများထက် များစွာ လျော့နည်းသော်လည်း

လူတိုင်း၏ အသက်သည် တန်ဖိုးရှိပြီး သေဆုံးသွားပါက အရာအားလုံး ဆုံးရှုံးသွားပြီ ဖြစ်လေသည်။

ချင်းလုံက အခြေအနေ တစ်ရပ်လုံးကို တာဝန်ယူ ကိုင်တွယ်လိုက်၏။

လူဆယ်ဦးကျော် သေဆုံးပြီး ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် ဒဏ်ရာရရှိခဲ့ကာ တပ်မှူးယွင်ကျဲ့ကဲ့သို့သော ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြသည်။

အထူးသဖြင့် တပ်မှူးယွင်ကျဲ့ ကိုယ်တိုင်ပင်။

သူ၏ ဘယ်ဘက်လက်ရှိ အရိုးများအားလုံး ကျိုးကြေသွားပြီး ပြန်လည်ကုသနိုင်မည်လား ဆိုသည်မှာ မသေချာသေးချေ။ အကယ်၍ သူ ပြန်လည်မကောင်းမွန်နိုင်ပါက သူ၏ စွမ်းရည်သည် များစွာ ကျဆင်းသွားပေလိမ့်မည်။

ရန်သူ့တပ်ဖွဲ့များထံမှ နောက်ထပ် ချုံခိုတိုက်ခိုက်မှု တစ်ခုကို ကာကွယ်ရန်အတွက် ချင်းလုံသည် နေရာအနှံ့ ကင်းလှည့်ရန် လူများကို စီစဉ်ထားပြီး ခေါင်းဆောင်များမှာ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများချည်း ဖြစ်ကြ၏။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများသာလျှင် အရေးပေါ်အခြေအနေများတွင် ပိုမို လျင်မြန်စွာ တုံ့ပြန်နိုင်ပေသည်။

အရာအားလုံး စီစဉ်ပြီးသွားသောအခါ…

ထိုအချိန်မှသာ ချင်းလုံသည် ချန်ဖုန်းထံသို့ အကြည့်ပြောင်းသွားလေ၏။ သူ ဤလူကို ကောင်းစွာ နားမလည်နိုင်ဖြစ်ကာ မေးမြန်းခြင်းကို မတားဆီးနိုင်ခဲ့ချေ။

"မင်း... မင်းရဲ့ စွမ်းရည်က ဘယ်လိုအဆင့်မျိုးလဲ... မင်းက တကယ်ပဲ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားလား"

မည်သို့ပင်ဆိုစေကာမူ ကျောင်းသားတစ်ဦးတွင် ဤမျှလောက် စွမ်းရည်ရှိနိုင်သည်ဟု သူ မယုံကြည်နိုင်ချေ။ ဖြစ်နိုင်တာက ကျောင်းသားဆိုတာ တစ်ဖက်လူ သူ့ရဲ့ အမှတ်အသားကို ဖုံးကွယ်ဖို့ သုံးတဲ့ နည်းလမ်းတစ်ခုပဲနေမှာ။

ချန်ဖုန်းက ပခုံးတွန့်လိုက်သည်။

"ဘယ်လိုစွမ်းရည်မျိုးလဲဆိုတာ ငါ မသိဘူး... ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူကို သတ်ရတာ ကြက်တစ်ကောင် သတ်ရသလိုပဲ အဲဒါအပြင် ငါက ပေ့ဟူတက္ကသိုလ်က ကျောင်းသားတစ်ယောက် ဆိုတာ အမှန်ပဲ… မင်း ခန့်မှန်းနေစရာ မလိုပါဘူး... ငါ့မှာ တခြား ဘာအမှတ်အသားမှ မရှိဘူး..."

တစ်ဖက်လူ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ၎င်းမှာ သူ၏ အမှန်တရားပင် ဖြစ်လေ၏။

စွမ်းရည်များ သင်ယူရန်အတွက် အားဖြည့်စနစ်ကို နေ့တိုင်း အသုံးပြုသော်လည်း သူ၏ လက်ရှိစွမ်းရည်မှာ မည်သည့်အဆင့်ဖြစ်ကြောင်း စနစ်က ဘယ်သောအခါမှ မပြောခဲ့ချေ။

ချင်းလုံက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး ချန်ဖုန်းအား စူးရှစွာ ကြည့်လျက် ပြောဆိုလိုက်၏။

"အဇူရာနန်းတော် ကို မင်း ကြားဖူးလား..."

"အဇူရာနန်းတော်..."

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။

ဘာလို့ အဲဒီစကားလုံး သုံးလုံး ထပ်လာရတာလဲ အရင်က ပြည်နယ်မြို့တော်တွင် လုပ်ကြံသတ်ဖြတ်သူများကို သူ သတ်ဖြတ်ခဲ့စဉ်က တစ်ဖက်လူက ဤအဖွဲ့အစည်းအကြောင်းကို ပြောခဲ့ဖူးပေ၏။

နယ်စပ်ပြင်ပ စစ်မြေပြင်တွင် အလွန် အစွမ်းထက်ပြီး ထိပ်တန်းအဖွဲ့အစည်း သုံးခုစာရင်းတွင် ပါဝင်သည်ဟု ဆိုကြသည်။ အထူးသဖြင့် သူတို့ရဲ့ အဇူရာနန်းတော်သခင် ကြည့်ရတာ တကယ်ကို အစွမ်းထက်ပုံပဲ။

"မင်း... မင်း ငါဘာဆိုလိုလဲဆိုတာ တကယ် သိတာပဲ..."

ချင်းလုံ၏ သံသယများက ပိုမို သေချာလာခဲ့၏။

အကယ်၍ တစ်ဖက်လူသည် သာမန် တက္ကသိုလ်ကျောင်းသား တစ်ဦးသာဆိုလျှင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ပြီးတော့ နယ်စပ်ပြင်ပ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဇူရာနန်းတော် အကြောင်းကို သူ ဘယ်လို ကြားဖူးမှာလဲ။

‘ချီးပဲ...ငါ သူ့အလိမ်ခံရမလို့...

အရမ်း တည်ကြည်လေးနက်ပုံရတဲ့ ဒီကောင်လေးက တကယ့် လိမ်လည်သူကြီး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…’

ချင်းလုံက အစောကြီးကတည်းက သိထားသလိုမျိုး ပုံစံဖမ်းလိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

"အဇူရာနန်းတော်က သူတို့ရဲ့ နန်းတော်သခင် သေဆုံးပြီးနောက် လွန်ခဲ့တဲ့ သုံးနှစ်က အနားယူသွားခဲ့တယ်..."

"ဒါပေမဲ့ မကြာသေးခင်က နယ်စပ်ပြင်ပ စစ်မြေပြင်မှာ သူတို့ ထပ်ပေါ်လာတယ်လို့ ကြားတယ်..."

"ကြားရသလောက်တော့ သူတို့က အဇူရာနန်းတော်သခင် အသစ်တစ်ယောက်ကို ရှာဖွေနေပြီး သဲလွန်စတချို့ ရှိနေပုံရတယ်..."

"လွန်ခဲ့တဲ့ ငါးရက်က ဟွာရှနိုင်ငံ နယ်စပ်မှာ အဇူရာနန်းတော်ရဲ့ ခြေရာတွေကို တစ်ယောက်ယောက်က တွေ့ခဲ့တယ်... ဒါကြောင့် သူတို့ ရှာနေတဲ့သူက ဟွာရှနိုင်ငံမှာ ရှိနေဖို့ အရမ်း များတယ်..."

ထို့နောက်သူက ချန်ဖုန်းအား ရုတ်တရက် ကြည့်ကာ မေးလိုက်သည်။

"မဟုတ်မှလွဲရော... အဲဒါ မင်းလား..."

အဇူရာနန်းတော်၏ မျက်စိကျခြင်းကို ခံရသူ မည်သူမဆိုသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦး သေချာပေါက် ဖြစ်ပေသည်။

ယခု ဟွာရှနိုင်ငံ တစ်ဝန်းလုံးတွင် စစ်သေနာပတိမှလွဲ၍ ချန်ဖုန်း တစ်ဦးတည်းကသာ အစွမ်းအထက်ဆုံး ဖြစ်လေ၏။

စစ်သေနာပတိကို အဇူရာနန်းတော်က ရွေးချယ်နိုင်မည် မဟုတ်ချေ။

ဘာကြောင့်လဲဆိုတော့ သူမက စစ်ဘက်ဆိုင်ရာဌာနရဲ့ အစိတ်အပိုင်း ဖြစ်နေပြီလေ... ဒါကြောင့် ကျန်နေတဲ့ တစ်ဦးတည်းသောသူက ချန်ဖုန်းပဲ...

ချင်းလုံသည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားလိုက်ရပေ၏။

‘ချီးပဲ...အဇူရာနန်းတော် ဆိုတာ လုံးဝကို အစွမ်းထက်တဲ့ အဖွဲ့အစည်းတစ်ခုပဲ...

ချန်ဖုန်းသာ အဲဒါကို ထိန်းချုပ်လိုက်ပြီဆိုရင်…’

သူ၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် နောက်ခံအကြောင်းအရင်းများသည် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး နယ်စပ်ပြင်ပ စစ်မြေပြင် တစ်ဝန်းလုံးတွင် ကြောက်ရွံ့ရသော ဖြစ်တည်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

"ငါ မဟုတ်ပါဘူး... အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ..."

ချန်ဖုန်းမှာ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွား၏။‘ဒီလူရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး

အရာအားလုံးကို ငါနဲ့ ဆက်စပ်နေတယ်လို့ ဘယ်လိုများ တွေးလိုက်တာလဲဟ’

"တကယ်လို့ မင်းက မဟုတ်ဘူးလို့ ပြောရင် အဲဒါက မင်းပဲ ဖြစ်ရမယ်... မင်းက စကားကို ပြောင်းပြန်ပြောရတာ သဘောကျတယ်လေ..."

ချင်းလုံက သူ၏ သံသယကို ပိုမို သေချာသွားလေ၏။

‘ဟုတ်တယ်...အဲဒါ သေချာပေါက် သူပဲနေမှာ’

"ငါ..."

တစ်ဖက်လူက ခန္ဓာကိုယ်သာကြီးပြီး ဦးနှောက်ကတော့ တစ်ခန်းလွတ် နေပီဆိုတာ ချန်ဖုန်း ရုတ်တရက် သဘောပေါက်သွားပေသည်။

သူ တစ်ဖက်လူကို ဆက်လက်ရှင်းပြနေရန် စိတ်မရှည်တော့ချေ။ သူ ပိုရှင်းပြလေလေ တစ်ဖက်လူက သူ တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ပိုတွေးလေလေပဲ။

"ဒါကြောင့်ကိုး... ဒါကြောင့်ကိုး..."

ချင်းလုံက ရုတ်တရက် သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

"မင်းက ဒီလောက်တောင် အစွမ်းထက်နေတာ မဆန်းပါဘူး... မင်း အဇူရာနန်းတော်သခင်ကို သိရမယ်... သူ မသေခင်မှာ မင်းကို သူ့ရဲ့ စွမ်းရည်တချို့ လက်ဆင့်ကမ်းပေးခဲ့တာ သေချာတယ်..."

အကယ်၍ ၎င်းသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက သူက ချန်ဖုန်းလောက် မတော်သည်မှာ နားလည်နိုင်ပေ၏။

ချန်ဖုန်းသည် ဤကိစ္စအပေါ် ဆက်လက် တွေးတောနေလိုခြင်း မရှိတော့သဖြင့် အလျင်အမြန် ပြောဆိုလိုက်သည်။

"သွားကြစို့... စစ်သေနာပတိ အခြေအနေ ဘယ်လိုရှိလဲ သွားစစ်ကြည့်ရအောင်..."

"သွားကြစို့..."

ချင်းလုံသည်လည်း လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွား၏။

မည်သို့ပင်ဆိုစေကာမူ ချန်ဖုန်းသည် စစ်ဘက်ဆိုင်ရာဌာန၏ အစိတ်အပိုင်း မဟုတ်ချေ။ ယခု သူတို့ လုပ်ဆောင်ရန် လိုအပ်သည့် တစ်ခုတည်းသောအရာမှာ စစ်သေနာပတိအား အမြန်ဆုံး သတိရလာစေရန်ပင် ဖြစ်သည်။

ချင်းလုံ၏ ဦးဆောင်မှုအောက်တွင် သူတို့အဖွဲ့သည် အထဲတွင် အခန်းများစွာပါရှိသော အဆောက်အအုံတစ်ခုထဲသို့ ဝင်ရောက်သွားကြ၏။

ထိုအခန်းများကို ဖြတ်သန်းပြီးနောက် မြေအောက်ခန်းတစ်ခုသို့ ရောက်ရှိသွားသည်။

ရှန်ကွမ်ယွဲ့သည် ဤအခန်းထဲတွင် လဲလျောင်းနေပေ၏။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အများအပြားက ဝင်ပေါက်နှင့် အတွင်းဘက်တွင် အစောင့်အဖြစ် ရပ်နေကြသည်။

ချန်ဖုန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့က သူ့ကို တိုက်ရိုက် အရိုအသေပေးလိုက်ကြ၏။

"မစ္စတာချန်... ကျွန်တော်တို့ရဲ့ အရိုအသေပေးမှုကို လက်ခံပါ..."

ချန်ဖုန်းသာ မရှိခဲ့လျှင်...

စစ်သေနာပတိ ရှန်ကွမ်ယွဲ့ သေချာပေါက် ဒီနေ့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး သူတို့လည်း အတူတူပဲ။

စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရဖို့ အရမ်းများတယ်

ချင်းလုံ ပေါ်လာရင်တောင်မှပေါ့…

ချင်းလုံကလည်း စစ်သေနာပတိယင်းရှားရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။

"ကောင်းပီ... အားလုံး ထကြပါ..."

ချန်ဖုန်းက အားနာမနေခဲ့ချေ။

"စစ်သေနာပတိကို အရင် သွားကြည့်ရအောင်..."

"မစ္စတာချန်... ကျေးဇူးပြုပြီး..."

အခန်းထဲမှာတွင် ရှန်ကွမ်ယွဲ့သည် ဆေးရုံကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ချန်ဖုန်းက သူမ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေ၏။

အေးစက်တယ်…

လှပတယ်…

ကြီးမားတယ်…(ဟင်)

ရှန်ကွမ်ယွဲ့၏ အသွင်အပြင်ကို ဖော်ပြရန် မည်သည့်စကားလုံးများကို အသုံးပြုရမည်ကို သူ မသိခဲ့ချေ။ မိန်းမတစ်ယောက်တွင် ရှိသင့်သော အင်္ဂါရပ်များ အားလုံးရှိသော်လည်း ဘုရင်မတစ်ပါး၏ အငွေ့အသက်မျိုးလည်း ရှိနေပေသည်။

အဓိကကတော့ မလေးမစား လုပ်လို့မရတာပဲ…

ရှန်ကွမ်ယွဲ့၏ ဘေးတွင် တိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သက်ပြင်းချလျက် ပြောဆိုလိုက်၏။

"စစ်သေနာပတိက သတိမလည်လာသေးဘူး...

ကျွန်မက သူမရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဂရုစိုက်ပေးပါတယ်... အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး..."

ချန်ဖုန်းက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

"ငါ သူမကို စမ်းသပ် ကြည့်လို့ရမလား..."

"ဟင်..."

"ငါ ဆေးပညာ တချို့ကို သိတယ်..."

ချန်ဖုန်းက ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"တရုတ်တိုင်းရင်းဆေးရော အနောက်တိုင်းဆေးရော နည်းနည်းပါးပါး နားလည်တယ်... သူမရဲ့ အခြေအနေက တော်တော်ဆိုးရွားနိုင်ပြီး သေချာသိရဖို့ စေ့စေ့စပ်စပ် စစ်ဆေးဖို့ လိုအပ်တယ်..."

"မင်းက ဆေးပညာကိုတောင် နားလည်တာလား..."

ဘေးနားရှိ ချင်းလုံမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပေသည်။

ဟွာရှနိုင်ငံမှ ဝန်ကြီးကျန်းထျန်ရှန်းသည် စစ်သေနာပတိကို ကုသရန်အတွက် နာမည်ကြီး ဆရာဝန်များကို အထူး စေလွှတ်ထားကြောင်း သူ ကောင်းစွာ သိရှိထား၏။ ဒါပေမဲ့ ဒီလူတွေထဲမှာ ချန်ဖုန်း ပါတယ်လို့ သူ့ကို မပြောခဲ့ဘူး မဟုတ်လား။

‘ဒီကောင်လေးက တိုက်ခိုက်တာ အရမ်းတော်နေတော့ ဆေးပညာက သာမန်လောက်ပဲ ဖြစ်မှာပါလေ’ချင်းလုံ တွေးလိုက်သည်။

ထိုအချိန်၌...

စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်တစ်ဦး ရုတ်တရက် ပြေးဝင်လာခဲ့ပြီး

သူက အလျင်အမြန် ပြောဆိုလိုက်၏။

"အစ်ကိုချင်းလုံ... ဝန်ကြီးကျန်း ရှာပေးထားတဲ့ ဆရာဝန်တွေ အကုန်လုံး ရောက်လာပါပြီ... သူတို့ အခု အပြင်မှာ ရောက်နေကြတယ်..."

"မြန်မြန်... သူတို့ကို မြန်မြန် ခေါ်လာခဲ့..."

ချင်းလုံ ဝမ်းသာသွားပေ၏။

‘ဒီဆရာဝန်တွေက စစ်သေနာပတိရဲ့ ရောဂါကို ကုသနိုင်ဖို့ မျှော်လင့်ပါတယ်…’

အမှန်တကယ်တော့ ချန်ဖုန်းသည် ရှန်ကွမ်ယွဲ့၏ ခန္ဓာကိုယ်ကို မစစ်ဆေးရသေးသလို အမှန်တကယ် ဘာဖြစ်နေသနည်းဆိုတာကို မသိသလို သူမကို ကုသပေးနိုင်မည်လား

ဆိုတာကိုလည်း မသိခဲ့ချေ။

ယခုအချိန်တွင် စစ်ဆေးရန် အလျင်လိုမနေပေ။

မကြာမီမှာပင်...ဆရာဝန် လေးငါးဦးခန့် အလျင်အမြန် ဝင်လာကြသည်။

အချိန်က အရမ်း ကျပ်တည်းနေသောကြောင့် ကျန်းထျန်ရှန်းသည် မြို့တော်တစ်ဝိုက်မှ နာမည်ကြီး ဆရာဝန်အချို့ကိုသာ ခေါ်လာနိုင်ခဲ့ခြင်း ဖြစ်ပေ၏။

All Chapters