← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) ကုသရန်ခက်ခဲသော ရောဂါ

ထိုဆရာဝန်များသည် ဟွာရှနိုင်ငံတွင် အတော်လေး နာမည်ကြီးကြပြီး ၎င်းတို့အနက်မှ တစ်ဦးမှာ အနောက်တိုင်းဆေးပညာတွင် အလွန် လေးစားခံရကာ ထိုနယ်ပယ်၏ ဦးဆောင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေ၏။ သူကား ပရော်ဖက်ဆာ ဟူရီတောက် ပင် ဖြစ်လေသည်။

ဟူရီတောက်၏ ဘေးတွင် တရုတ်တိုင်းရင်းဆေးအသင်း ဥက္ကဋ္ဌ ပရော်ဖက်ဆာ ရှားဟွာ ရှိနေပေ၏။

သူတို့နှစ်ဦးသည် ယခင်က ပေ့ဟူသို့ ရောက်ရှိခဲ့ဖူးပြီး ထိုနေရာတွင် ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

၎င်းတို့အထဲတွင် အတွေ့အကြုံအရင့်ကျက်ဆုံးမှာ မြောင်ရန် ဖြစ်ပြီး သူက အသက်အကြီးဆုံး ဆရာဝန်လည်း ဖြစ်ပေ၏။ သူသည် ပရော်ဖက်ဆာ ရှားဟွာ၏ ဆရာလည်း ဖြစ်လေသည်။

ကျန်နှစ်ဦးမှာ ၎င်းတို့လောက် မထင်ရှားသော်လည်း ကျိုတိုတွင်မူ နာမည်ကြီး ဆရာဝန်များအဖြစ် သတ်မှတ်ခံထားရပေသည်။

ကျန်းထျန်ရှန်းအနေဖြင့် ဤမျှတိုတောင်းသော အချိန်အတွင်း သူတို့ငါးဦးစလုံးကို ရှာဖွေနိုင်ခဲ့ခြင်းက ကြီးမားသော ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်ခဲ့မည်မှာ သေချာလှ၏။

"အားလုံးပဲ... စစ်သေနာပတိရဲ့ အသက်က ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေပါတယ်..." ချင်းလုံသည် သူ၏ရှေ့ရှိ ဆရာဝန်များအပေါ် အလွန် ယဉ်ကျေးနေဆဲ ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ရှန်ကွမ်ယွဲ့ကို ကယ်တင်နိုင်မည် မကယ်တင်နိုင်မည်မှာ သူ၏ရှေ့ရှိ ဤလူများအပေါ်တွင်သာ မူတည်နေလေ၏။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... စစ်သေနာပတိရဲ့ ရောဂါကို ကုသပေးရတာက ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါ... စိတ်ချပါ... ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ ပေါက်ကြားစေမှာ မဟုတ်ပါဘူး..."

မြောင်ရန်သည် စစ်ဘက်ဆိုင်ရာဌာန၏ စည်းမျဉ်းများကို ကောင်းစွာ သိရှိထားပေ၏။ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးက ဟွာရှနိုင်ငံအတွက် မည်မျှ အရေးကြီးကြောင်းကိုလည်း သူ ကောင်းစွာ သိရှိထားလေသည်။

"စစ်သေနာပတိရဲ့ အခြေအနေကို အရင်ဆုံး ကြည့်ကြတာပေါ့..." မြောင်ရန်သည် အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်ပြီး အငြိမ်းစားယူထားပြီး ဖြစ်ပေသည်။

သို့သော် ဤတစ်ကြိမ်တွင် သူ၏တပည့် ပရော်ဖက်ဆာ ရှားဟွာက ကိုယ်တိုင် ဖိတ်ကြားခဲ့ပြီး နောက်ပိုင်းတွင် ဝန်ကြီးကျန်းကပါ ကိုယ်တိုင်လာရောက် တွေ့ဆုံခဲ့သဖြင့် စစ်သေနာပတိအား ရောဂါရှာဖွေရာတွင် ကူညီရန် သူ သဘောတူခဲ့ခြင်း ဖြစ်ပေ၏။

ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော ရှန်ကွမ်ယွဲ့ကို ကြည့်ရင်း ၎င်းတို့၏ နှလုံးသားများ နက်ရှိုင်းစွာ တုန်လှုပ်သွားခဲ့ကြသည်။

ဤနေရာသို့ မလာရောက်မီ စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိမှာ အမှန်တကယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြချေ။ ခဏတာမျှ လူတိုင်းသည် ကြီးမားသော ဖိအားကို ခံစားလိုက်ကြရ၏။

အကယ်၍ ရောဂါပျောက်ကင်းသွားပါက ကိစ္စမရှိသော်လည်း သူမသေဆုံးသွားခဲ့ပါက ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

မြောင်ရန်ကိုယ်တိုင်က တရုတ်တိုင်းရင်းဆေးပညာကို အထူးပြုလေ့လာထားသူ ဖြစ်သည်။ တရုတ်တိုင်းရင်းဆေးပညာတွင် သူ၏ အောင်မြင်မှုများသည် သူ၏တပည့်ဖြစ်သော တရုတ်တိုင်းရင်းဆေးအသင်း ဥက္ကဋ္ဌ ပရော်ဖက်ဆာ ရှားဟွာထက်ပင် သာလွန်နေပေ၏။

သူသည် ရှန်ကွမ်ယွဲ့၏ လက်ကောက်ဝတ်ကို ဖြည်းညင်းစွာ ကိုင်တွယ်ကာ သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ ခနအကြာတွင် သူ၏ မျက်မှောင်များမှာ ပိုမို တွန့်ချိုးလာခဲ့ပေ၏။

ငါးမိနစ်၊ ဆယ်မိနစ်၊ နောက်ဆုံးတွင် ဆယ့်ငါးမိနစ် ကုန်ဆုံးသွားခဲ့လေသည်။

မြောင်ရန်က သက်ပြင်းချလျက် ပြောဆိုလိုက်၏။ "စစ်သေနာပတိရဲ့ ကျန်းမာရေးက အရမ်း စိုးရိမ်ရတယ်... သူ့မှာ အနည်းဆုံး ရောဂါဆယ်မျိုးလောက် ရှိနေပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်..."

"ဒါကြောင့် ဆေးပေးရတာလည်း အရမ်းခက်ခဲတယ်... ဥပမာအနေနဲ့ ပထမရောဂါအတွက် ပေးရမယ့်ဆေးက ဒုတိယရောဂါ အခြေအနေကို သက်ရောက်မှု ရှိနေတယ်... ဒါကြောင့် ကုသဖို့ အရမ်းခက်ခဲတယ်... တကယ်ကို ခက်ခဲလွန်းတယ်..."

စကားပြောနေစဉ်မှာပင် သူက နောက်ဘက်ရှိ လူများကို လက်ယပ်ခေါ်လိုက်ပေ၏။ "မင်းတို့ အကုန်လုံးလည်း လာကြည့်ကြပါဦး..."

ဟူရီတောက်က ပထမဆုံး လျှောက်လာခဲ့သည်။ သူသည် ရှန်ကွမ်ယွဲ့၏ စမ်းသပ်မှု အစီရင်ခံစာ အမျိုးမျိုးနှင့် ယခင် ဆေးမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးလိုက်၏။

ထို့နောက် သူလည်း မျက်မှောင်ကြုတ်

သွားခဲ့လေသည်။ "အနောက်တိုင်းဆေးပညာနဲ့ ကုသဖို့ ခက်ခဲတယ်... လိုအပ်တဲ့ ဆေးတွေက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်လို့ တခြားနည်းလမ်းတွေကိုပဲ စဉ်းစားရမယ်... ပရော်ဖက်ဆာ ရှားဟွာ... ခင်ဗျားလည်း ကြည့်လိုက်ပါဦး..."

"ကျွန်တော့်ရဲ့ ဆရာတောင် ကုသဖို့ ခက်တယ်လို့ ထင်နေမှတော့ ကျွန်တော့်မှာ လုပ်စရာ ပိုတောင် မရှိသေးတယ်..." ပရော်ဖက်ဆာ ရှားဟွာက ထိုသို့ပြောလိုက်သော်လည်း ရှန်ကွမ်ယွဲ့၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်ဆဲပင်။ "တကယ်ကို ကုသဖို့ ခက်ခဲတာပဲ... အထူးသဖြင့် နှလုံးသွေးကြော ပျက်စီးမှုက အတော်လေး ဆိုးရွားတဲ့ အဆင့်ကို ရောက်နေပြီ..."

အကယ်၍ အချိန်ထပ်ဆွဲနေပါက သူမ ဘယ်တော့မှ ပြန်လည်နိုးထလာနိုင်မည် မဟုတ်ချေ။

"ဟင်..." ဘေးတွင် ရပ်နေသော တိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်းပင် သေလုမတတ် ဖြူလျော့သွားခဲ့ပေ၏။

သူမက အလျင်အမြန် ပြောဆိုလိုက်သည်။ "ဆရာဝန်ကြီး... ကျေးဇူးပြုပြီး စစ်သေနာပတိကို နိုးလာအောင် လုပ်ပေးပါ... သူမ ထိခိုက်လို့ လုံးဝ မဖြစ်ဘူးနော်..."

ချင်းလုံ၏ မျက်နှာအမူအရာမှာလည်း အလွန်အမင်း တည်ကြည်လေးနက်နေခဲ့၏။ "ဆရာဝန်ကြီး... တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား..."

"ဟူး..." မြောင်ရန်က သက်ပြင်းချလျက် ပြောဆိုလိုက်သည်။ "နည်းလမ်းတစ်ခုတော့ ရှိတယ်... စစ်သေနာပတိအတွက် အသုံးဝင်နိုင်တဲ့ အပ်စိုက်ကုထုံး တစ်ခုကို ငါ သိထားတယ်... ဒါပေမဲ့ ငါက အဲဒါရဲ့ တစ်ဝက်လောက်ကိုပဲ ကျွမ်းကျင်သေးတယ်... ပြီးတော့ ငါလည်း ယုံကြည်မှု မရှိဘူး... တစ်ခုခု မှားယွင်းသွားမှာကိုပဲ ကြောက်နေတာ...အဲ့ဒါကတော့ ကွေ့ကူ အပ်စိုက်ကုထုံးပဲ…”

အနီးတွင် ရပ်နေသော ပရော်ဖက်ဆာ ရှားဟွာမှာလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့ပေ၏။

လွန်ခဲ့သော နှစ်အနည်းငယ်က ဆရာဖြစ်သူသည် ဤအပ်စိုက်ကုထုံးကို လေ့လာနေခဲ့သည်။

၎င်းသည် အလွန်ရှေးကျသော နည်းလမ်းတစ်ခုဖြစ်ပြီး စစ်သေနာပတိ၏ လက်ရှိအခြေအနေအတွက် အသုံးဝင်နိုင်သည်ဟု ဆိုကြလေ၏။

သို့သော် ဆရာဖြစ်သူသည် အရာအားလုံးကို မကျွမ်းကျင်သေးသဖြင့် တစ်စုံတစ်ရာ မှားယွင်းသွားနိုင်ချေ အမှန်တကယ် ရှိနေပေသည်။

ဟင်... ဤအချိန်၌ ပရော်ဖက်ဆာ ရှားဟွာသည် အနီးတွင် ရပ်နေသော ချန်ဖုန်းကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။

သူက မျက်လုံးများကို အလျင်အမြန် ပွတ်သပ်ကာမေးလိုက်သည်။ "ဥက္ကဋ္ဌလေး ချန်ဖုန်းလား..."

‘ဘုရားရေ... သူက ဘာလို့ ဒီကို ရောက်နေတာလဲ…’

ထိုအခိုက်အတန့်တွင် ပရော်ဖက်ဆာ ရှားဟွာသည် ချက်ချင်း စိတ်လှုပ်ရှားသွားလေ၏။ "ဆရာ... ယင်ယန် အပ်ကိုးချောင်း ကို အသုံးပြုနိုင်တဲ့သူ တစ်ယောက်ရှိတယ်လို့ ကျွန်တော် ပြောဖူးတာ မှတ်မိလား... အဲဒါ ဥက္ကဋ္ဌလေး ချန်ဖုန်း ပဲ... စစ်သေနာပတိတော့ ကယ်တင်ခံရပြီ... ယင်ယန် အပ်ကိုးချောင်း ရဲ့ အပ်စိုက်ကုထုံးက အရမ်း ထူးခြားပြီး အကျိုးသက်ရောက်မှု ရှိနိုင်တယ်..."

အနီးတွင် ရပ်နေသော ဟူရီတောက်မှာလည်း အံ့အားသင့်သွားခဲ့ပေသည်။ ပြီးခဲ့သည့်အကြိမ်က သူနှင့် ပရော်ဖက်ဆာ ရှားဟွာတို့သည် ပေ့ဟူတွင် ချန်ဖုန်းကို အချိန်အတော်ကြာ ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြချေ။ ဤနေရာတွင် မထင်မှတ်ဘဲ ဆုံတွေ့ရလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

"ဥက္ကဋ္ဌလေးချန်... မင်းလည်း စစ်သေနာပတိကို ကုသပေးဖို့ ရောက်လာတာလား...ဟင်းးး... ခုနကတင် စစ်သေနာပတိ မပျောက်ကင်းနိုင်မှာကို ငါတို့ စိုးရိမ်နေကြတာ... အခု မင်းရောက်လာပြီဆိုတော့ စိတ်အေးရပြီ..."

စကားပြောနေစဉ်မှာပင် ဟူရီတောက်သည် သက်ပြင်းတစ်ချက် ချလိုက်လေ၏။

သူတို့နှစ်ဦး၏ အခြေအနေကို ကြည့်ပြီးနောက် မြောင်ရန်နှင့် အခြားသူများမှာ အနည်းငယ် အံ့အားသင့်သွားကြပေသည်။

ယင်ယန် အပ်ကိုးချောင်း...

ဥက္ကဋ္ဌလေးချန်...

သူတို့၏ရှေ့ရှိ လူငယ်လေးမှာ အသက်နှစ်ဆယ်ကျော်သာ ရှိသေးပုံရပေ၏။ သူက တကယ့်ကို ဒဏ္ဍာရီလာ ယင်ယန် အပ်ကိုးချောင်း ကို သိရှိထားတာလား။ ၎င်းသည် ကွေ့ကူ အပ်စိုက်ကုထုံးထက်ပင် ပိုမို လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းတစ်ခု ဖြစ်လေသည်။

မြောင်ရန်က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။ "ပရော်ဖက်ဆာ ရှားဟွာ... သူက ယင်ယန် အပ်ကိုးချောင်း ကို အသုံးပြုနိုင်တယ်ဆိုတာ သေချာလို့လား... စစ်သေနာပတိရဲ့ ကျန်းမာရေးကို ပေါ့ပေါ့ဆဆ လုပ်လို့မရဘူးနော်... တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ငါတို့နှစ်ယောက်စလုံး အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."

"ကျွန်တော် သေချာပါတယ်..." ပရော်ဖက်ဆာ ရှားဟွာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားလေသည်။

ဤဆရာဖြစ်သူက အဘယ်ကြောင့် သူ့ကို သံသယဝင်နေရသနည်း။

သူက အလျင်အမြန် ပြောဆိုလိုက်၏။ "ပြီးခဲ့တဲ့အကြိမ် ကျွန်တော်နဲ့ ပရော်ဖက်ဆာဟူ တို့ ပေ့ဟူမှာ ရှိနေတုန်းက ကျွန်တော့်မျက်စိနဲ့တပ်အပ်... မဟုတ်ဘူး... သူ ကိုယ်တိုင် ယင်ယန် အပ်ကိုးချောင်း ကို အသုံးပြုနေတဲ့ ဗီဒီယိုကို ကျွန်တော် တကယ် မြင်တွေ့ခဲ့တာပါ... ကျွန်တော့်ကို မယုံရင် ပရော်ဖက်ဆာဟူ ကို မေးကြည့်လိုက်ပါ..."

အနီးတွင် ရပ်နေသော ဟူရီတောက်မှာ အနည်းငယ် အနေရခက်သွားပုံရပေသည်။ "အင်း... ပြီးခဲ့တဲ့အကြိမ်က ချန်ဖုန်း ငွေအပ်တွေကို အသုံးပြုနေတာကို ကျွန်တော် မြင်ခဲ့ပေမဲ့ အဲဒါ ယင်ယန် အပ်ကိုးချောင်း ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး... ပရော်ဖက်ဆာရှား ပြောတာလည်း မမှားနိုင်ပါဘူး..."

"မင်း တကယ်ပဲ ယင်ယန် အပ်ကိုးချောင်း ကို အသုံးပြုတတ်တာလား..." ဤတစ်ကြိမ်တွင် မြောင်ရန်က ချန်ဖုန်းကို လှမ်းမေးလိုက်ခြင်း ဖြစ်ပေ၏။

သူသည် အသက်ခြောက်ဆယ်ကျော်သည်

အထိ ဤအပ်စိုက်ကုထုံးကို မသင်ယူနိုင်ခဲ့ဘဲ သူ၏ရှေ့ရှိ လူငယ်လေးက အမှန်တကယ် သင်ယူတတ်မြောက်ထားသည်တဲ့လား။ ၎င်းက သူ့အတွက် အတော်လေး ထိုးနှက်ချက်တစ်ခု ဖြစ်လေသည်။

"ဟုတ်လောက်ပါတယ်..." ချန်ဖုန်းမှာ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရ၏။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးကို စနစ်မှ လဲလှယ်ထားခြင်းဖြစ်ရာ သူကိုယ်တိုင်ပင် ထိုအပ်စိုက်ကုထုံးက မည်သည့်အရာမှန်း မသိခဲ့ချေ။

သူ၏ဘေးရှိ ချင်းလုံ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ စောစောက ချန်ဖုန်းသည် ဆေးပညာကို အနည်းငယ် နားလည်သည်ဟု ပြောခဲ့သော်လည်း သူ သိပ်ဂရုမစိုက်ခဲ့ချေ။ ဤမျှ ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ပြီးနောက် သူက တကယ်ပဲ ဆေးပညာကို နားလည်နေခဲ့ခြင်း ဖြစ်ပေ၏။

ထို့အပြင် သူ၏ရှေ့ရှိ လူအနည်းငယ်ထက်ပင် ပိုမို အထင်ကြီးစရာ ကောင်းနေပုံရပေသည်။ နေပါဦး... ယခင် အဇူရာနန်းတော်သခင် သည်လည်း ဆေးပညာကို နားလည်ကြောင်း သူ ရုတ်တရက် သတိရသွားလေ၏။ ‘ချီးပဲ... အဇူရာနန်းတော်သခင် က သူ့ကို သင်ပေးခဲ့တာများလား ထင်တဲ့အတိုင်းပဲ သူက တကယ့်ကို အဇူရာနန်းတော် ရဲ့ သခင်လေးပဲ…’

ချင်းလုံက သူ့အား ထူးဆန်းစွာ ကြည့်နေသည်ကို ချန်ဖုန်း သတိပြုမိသွားပြီး သူ၏ ခန္ဓာကိုယ်ကို အဝေးသို့ အလျင်အမြန် ရွှေ့လိုက်သည်။

‘ဒီကောင်က ထူးခြားတဲ့ ဝါသနာ တစ်ခုခု ရှိနေတာလား...ဆပ်ပြာကောက်တာလိုမျိုးလေ လခွမ်းပဲ…’ ထိုရွံရှာဖွယ်ကောင်းသော မြင်ကွင်းများကို မတွေးတောရန် ကြိုးစားရင်း သူ ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်၏။

ထို့နောက် မြောင်ရန်နှင့် အခြားသူများဘက်သို့ လှည့်ကာ သူက ပြောဆိုလိုက်သည်။ "စစ်သေနာပတိရဲ့ အခြေအနေကို အရင်ဆုံး စစ်ဆေးကြည့်ပါ့မယ်... ကုသလို့ ရနိုင်မရနိုင်ဆိုတာကိုတော့ ကျွန်တော် မသေချာသေးဘူး..."

"မင်း... အရင်ဆုံး ကြည့်ကြည့်လိုက်ပါ..." မြောင်ရန်က များများစားစား မပြောခဲ့ချေ။

ပညာရှိသည် ဆရာပင် ဖြစ်၏။ သူသည် အတွေ့အကြုံများစွာ ရှိသော်လည်း အကယ်၍ ဤလူငယ်က ယင်ယန် အပ်ကိုးချောင်း ကို တကယ်ပင် နားလည်ထားမည်ဆိုပါက သူသည် နှိမ့်ချစွာဖြင့် အကြံဉာဏ်တောင်းခံရန် ဆန္ဒရှိနေဆဲပင် ဖြစ်လေသည်။

ချန်ဖုန်းသည် ရှန်ကွမ်ယွဲ့၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများ တင်လိုက်ရာ သူမ၏ အသားအရေမှာ အလွန် နူးညံ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ကို တွေ့ရှိရသဖြင့် သူ အံ့အားသင့်သွားခဲ့ပေ၏။

သူသည် တစ်ဖက်လူ၏ သွေးခုန်နှုန်းကို တိတ်ဆိတ်စွာ စမ်းသပ်လိုက်သည်။

ဆယ်မိနစ်အကြာတွင် နောက်ဆုံး၌ သဲလွန်စတစ်ခုကို တွေ့ရှိသွားလေတော့၏။

All Chapters