← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈) အဇူရာနန်းတော် ထွက်ပေါ်လာခြင်း

ညလယ်ပိုင်း ဆယ်နာရီခန့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ။

နယ်စပ်၏ အခြားတစ်ဖက်တွင်။

ဂိုဘီသဲကန္တာရ၏ အဆုံး၌ တောအုပ်တစ်ခုရှိပြီး ထိုနေရာတွင် ရန်သူ့စစ်စခန်းတစ်ခု တည်ရှိနေပေသည်။

ဤနေရာမှာ ပဉ္စမတပ်မကြီး ၏ အခြေစိုက်စခန်းပင် ဖြစ်လေ၏။

ရန်သူ့နိုင်ငံ၏ အထူးတပ်ဖွဲ့တစ်ခုအနေဖြင့် ပဉ္စမတပ်မကြီး သည် အဆင့်မြင့် လက်နက်များနှင့် စက်ပစ္စည်းများကို ပိုင်ဆိုင်ထားပြီး တိုက်ပွဲဝင်ရာတွင် အစွမ်းဆုံး တပ်မကြီး ဖြစ်ပေသည်။

အခန်းတစ်ခုအတွင်း၌။

စစ်သေနာပတိ ယင်းရှား သည် သူ၏ကုလားထိုင်ပေါ်တွင် ဒေါသတကြီး ထိုင်နေခဲ့၏။ ဤအချိန်၌ သူ၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံးသည် ပခုံးမှနေ၍ ပြတ်တောက်သွားခဲ့လေပြီ။

၎င်းကို ပတ်တီးစီးထားသည်မှာ ကြာပြီဖြစ်သော်လည်း ပတ်တီးစများကြားမှ သွေးများ စိမ့်ထွက်နေဆဲပင် ဖြစ်သည်။

စစ်ဘက်ဆိုင်ရာဌာနမှ သူလွတ်မြောက်လာခဲ့သည့် စစ်စခန်းတွင် သူ၏ ဘယ်ဘက်လက်မောင်းကို ဧရာမ ပုဆိန်ကြီးတစ်လက်ဖြင့် ဖြတ်တောက်ခံလိုက်ရမည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။

၎င်းမှာ မီတာတစ်ရာ အကွာအဝေးမှ ဖြစ်ပေ၏။

‘ချီးပဲ... တကယ်ကို တိကျလွန်းတယ်…’

သူ၏ မျက်နှာချင်းဆိုင်တွင် ကင်မိုဖလက်ရှ် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက လှောင်ပြောင်လျက် ပြောဆိုလိုက်သည်။

"ဂုဏ်သိက္ခာကြီးမားတဲ့ စစ်သေနာပတိ ယင်းရှား က ဒီလောက် သနားစရာကောင်းတဲ့ အခြေအနေမျိုး ရောက်နေလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... မင်းက အရမ်း အစွမ်းထက်တယ်လို့ ငါ ထင်နေခဲ့တာ... စစ်ဘက်ဆိုင်ရာဌာနရဲ့ ရိုက်နှက်မှုကို ခံလိုက်ရပြီး ဖုန်တွေနဲ့ လူးနေတာ မဟုတ်ဘူးလား... ဒီတိုက်ပွဲက ငါတို့ရဲ့ ပဉ္စမတပ်မကြီး က တိုက်ခိုက်ဖို့ လိုအပ်သေးတယ်လို့ ငါ အရင်က ပြောခဲ့တယ်လေ... လေယာဉ်တွေ အမြောက်တွေ တပ်ဆင်လိုက်ရုံပဲ... ငါတို့ မသိမ်းပိုက်နိုင်ဘူးဆိုတာ ငါ လုံးဝ မယုံဘူး..."

စစ်သေနာပတိ ယင်းရှား သည် လက်ဝါးတစ်ချက်တည်းဖြင့် စားပွဲကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေရန် ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်၏။

"အဓိပ္ပာယ်မရှိတာတွေ..."

"အထီးကျန်ဝံပုလွေ... မင်း အရမ်း ဝမ်းသာမနေနဲ့... တကယ်လို့ မင်းသာ အဲဒီကောင်လေးနဲ့ ကြုံရင် မင်းတော့ သေချာပေါက် သေပြီပဲ..."

သူ၏ စိတ်ထဲတွင် တကယ်ကို ဒေါသထွက်နေခဲ့ပေ၏။ သူသာ ပြင်းထန်စွာ ဒဏ်ရာမရရှိခဲ့ပါက ပြန်လည်သက်သာလာစေရန် ပဉ္စမတပ်မကြီး ထံသို့ လာရောက်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် လက်နက်ကြီးများနှင့် လုံလောက်သော လူအင်အားများ ရှိနေလေသည်။

စစ်ဘက်ဆိုင်ရာဌာနမှ ဝင်ရောက်စီးနင်းမှုတစ်ခုနှင့် ကြုံတွေ့ရလျှင်ပင် အဆင်ပြေသေးပေ၏။

သို့သော် မထင်မှတ်ဘဲ

စစ်သေနာပတိတစ်ဦးဖြစ်သော အထီးကျန်ဝံပုလွေ က သူ့ကို အမှန်တကယ် လှောင်ပြောင်နေခဲ့ပြီး တစ်ဖက်လူ၏ လည်ပင်းကို တိုက်ရိုက် ညှစ်ချိုးပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။

တစ်ဖက်လူ အမှန်တကယ် ဒေါသထွက်သွားသည်ကို မြင်သောအခါ အထီးကျန်ဝံပုလွေ သည် နောက်ပြောင်ခြင်းကို ရပ်တန့်လိုက်လေ၏။

ထို့နောက် သူက လေးနက်စွာ ပြောဆိုလိုက်သည်။

"ဟွာရှနိုင်ငံမှာရှိတဲ့ ကျွမ်းကျင်သူတွေ အကုန်လုံးက နာမည်ကြီးတွေချည်းပဲ... စစ်ဘက်ဆိုင်ရာဌာန ရဲ့ အကြီးအကဲကလွဲရင် မင်းကို ဒီလို ဒဏ်ရာရအောင် လုပ်နိုင်မယ့်သူ ရှိမယ်မထင်ဘူး... အဲဒီလူက ဘယ်သူလဲ..."

"ငါ ဘယ်လိုလုပ် သိမှာလဲ..."

စစ်သေနာပတိ ယင်းရှား မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ပေ၏။

သူ၏ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အများစုမှာ သတ်ဖြတ်ခံလိုက်ရပြီး ကျန်ရှိနေသူများမှာလည်း အသုံးမကျသူများသာ ဖြစ်လေသည်။ ဆိုလိုသည်မှာ သူသည် အထီးကျန် စစ်သေနာပတိတစ်ဦး ဖြစ်သွားခဲ့လေပြီ။

"ဒေါသ မထွက်ပါနဲ့... ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲလေ... ဒီကာလအတွင်းမှာ ငါနဲ့အတူ နေချင်ရင် ဒီမှာပဲ နေပါ... မင်း ပြန်ချင်တဲ့အချိန် ပြန်လို့ရပါတယ်... ဘယ်သူမှ တားမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် အခုချိန်မှာ မင်းက တကယ်ကို သနားစရာကောင်းနေတာကိုး..."

"အထီးကျန်ဝံပုလွေ... မင်း စကားမပြောရင် မင်းကို ဆွံ့အနေတယ်လို့ ဘယ်သူမှ မထင်ဘူးနော်..."

"ကောင်းပြီ ကောင်းပြီ... ထပ်ပြောနေစရာ မလိုတော့ပါဘူး..."

အထီးကျန်ဝံပုလွေ က အားရပါးရ ရယ်မောလိုက်၏။

"မင်း ခုနက ပြောတဲ့စကားတွေအရဆိုရင် ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာန ရဲ့ စစ်သေနာပတိ က ဒုက္ခရောက်နေတာ သေချာတယ်... အခုက ငါတို့ တန်ပြန်တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ…”

“ဟွာရှနိုင်ငံက အဲဒီ စူပါကျွမ်းကျင်သူက အစွမ်းထက်တယ်ဆိုပေမဲ့ သူက တစ်ယောက်တည်းလေ... တကယ်လို့ လေယာဉ်တွေနဲ့ အမြောက်ဆံတွေသာ သူ့ဆီကို တိုက်ရိုက် ပျံသန်းလာရင် သူလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး... စစ်သေနာပတိ ယင်းရှား... ငါ သွားပြီး အစီအစဉ်တွေ ချလိုက်ဦးမယ်... ငါ့ဆီက သတင်းကောင်းကိုသာ မျှော်လင့်နေလိုက်..."

သူ စကားပြော၍ ပြီးဆုံးသွားချိန်မှာပင်…

ပတ်ဝန်းကျင်၌ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

ထို့နောက် ချက်ချင်းပင် အပြင်ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပေသည်။

"ရန်သူတွေ လာပြီ... ရန်သူတွေ လာပြီ..."

"စစ်သေနာပတိ အထီးကျန်ဝံပုလွေ... ရန်သူတွေ ရောက်လာပြီ..."

"တိုက်ခိုက်ဖို့ ပြင်ထားကြ..."

"သောက်ပဲ..."

အထီးကျန်ဝံပုလွေ သည် အပြင်ဘက်သို့ ကမန်းကတန်း ပြေးထွက်သွားလေ၏။

စစ်စခန်း၏ အစွန်အဖျားတွင် တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာက ဗုံးကြဲတိုက်ခိုက်နေကြသည်။

၎င်းတို့သည် စစ်စခန်း၏ ခံစစ်ကို မချိုးဖျက်နိုင်ခဲ့သော်လည်း အထီးကျန်ဝံပုလွေ အား ချွေးသီးချွေးပေါက်များ ကျလာစေခဲ့ပေ၏။

ရန်သူသည် မရှာဖွေတွေ့ရှိမီမှာပင် ၎င်းတို့၏ တံခါးဝအထိ အမှန်တကယ် ရောက်ရှိလာခဲ့လေပြီ။

ချီးပဲ... တစ်ဖက်လူတွင် ရေဒါရှာဖွေမှုမှ ရှောင်လွှဲနိုင်သော ကိုယ်ပျောက် စက်ပစ္စည်းများ ရှိရမည် ဖြစ်သည်။

အထီးကျန်ဝံပုလွေ သည် တကယ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ တကယ်လို့ ရန်သူက အမြောက်ဆံ တစ်လုံးကိုသာ စစ်စခန်းဆီ တိုက်ရိုက် ပစ်ခတ်လိုက်မယ်ဆိုရင် အားလုံး သေကုန်ကြမှာ မဟုတ်ဘူးလား။

လွန်ခဲ့သော အခိုက်အတန့်လေးတွင် သူက စစ်သေနာပတိ ယင်းရှား ၏ရှေ့၌ ကြွားလုံးထုတ်နေခဲ့ပြီး ယခုအခါ မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပေပြီ။

စစ်စခန်း၏ ပတ်ပတ်လည်တွင် တိုက်လေယာဉ် အစင်းနှစ်ဆယ်ခန့်က ဗုံးကြဲတိုက်ခိုက်နေသော်လည်း အားလုံးကို ပဉ္စမတပ်မကြီး က အစွန်အဖျားတွင် ပိတ်ဆို့ထားနိုင်ခဲ့သဖြင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်ခဲ့ချေ။

နှစ်ဖက်စလုံးသည် ချက်ချင်းပင် အပြန်အလှန် ပစ်ခတ်မှုများ စတင်ခဲ့ကြလေ၏။

မီးတောက်များက ကောင်းကင်ကို လင်းထိန်သွားစေသည်။ မူလက မှောင်မိုက်နေသော ညဉ့်ယံသည် ချက်ချင်းပင် လင်းထိန်သွားတော့၏။

အထီးကျန်ဝံပုလွေ သည် စစ်ဆင်ရေး အစီအစဉ်များ ဆွေးနွေးရန် စစ်သူကြီးများအားလုံးကို အလျင်အမြန် စုဝေးစေခဲ့သည်။

"ဟမ့်... ဟွာရှ စစ်ဘက်ဆိုင်ရာဌာန က ငါတို့ကို လက်နက်ကြီးတွေနဲ့ ဖိနှိပ်ချင်နေတာလား... တကယ်ကို စိတ်ကူးယဉ်နေတာပဲ..."

"ဟုတ်တယ်... ငါတို့ရဲ့ တိုက်လေယာဉ်တွေ ပေါ်လာတာနဲ့ သူတို့တွေ နေရာအနှံ့ ထွက်ပြေးကြပြီး မျက်နှာချင်းဆိုင် ရင်မဆိုင်ရဲကြဘူး..."

"ဒီတစ်ခါ ငါတို့ ရန်သူတွေဆီ တောက်လျှောက် လိုက်သွားပြီး သူတို့ရဲ့ စစ်စခန်းကို တိုက်ရိုက် ဗုံးကြဲပစ်ရင်ရော မကောင်းဘူးလား..."

လူတစ်စုမှာ တက်ကြွစွာ ဆွေးနွေးနေကြပေသည်။

အထီးကျန်ဝံပုလွေ က မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။

ဤအချိန်၌ စစ်သေနာပတိ ယင်းရှား သည် မည်သို့ရလာမှန်းမသိသော ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး တိတ်ဆိတ်စွာ ထိုင်နေခဲ့ပေသည်။ သူက ဤအရာကို ဝေဝါးစွာ ခံစားသိရှိနေခဲ့၏။ ‘ဒီညက တကယ်ကို တည်ငြိမ်မှာ မဟုတ်ဘူး…’

နှစ်ဖက်စလုံးသည် အဆက်မပြတ် အပြန်အလှန် ပစ်ခတ်နေကြသည်။

နယ်စပ် တောအုပ်အတွင်းရှိ ကုန်းမြင့်တစ်ခုပေါ်တွင် နောက်ကျော၌ ဧရာမ ဓားကြီးတစ်လက်ကို လွယ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ရပ်နေပေ၏။

ဓားကြီးတွင် အသွားမရှိချေ။

ထိုအမျိုးသားသည် မီးရောင်များဖြင့် လင်းထိန်နေသော ကောင်းကင်ကို ကြည့်ရင်း အတွေးများထဲတွင် နစ်မြောနေခဲ့သည်။

ထိုအချိန်၌ ထူးဆန်းသော ရနံ့တစ်ခု ပျံ့လွင့်လာပြီး သူ၏ဘေးတွင် အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာခဲ့၏။

အမျိုးသမီးက တခစ်ခစ် ရယ်မောလိုက်သည်။

"လဲ့ယန်... ဒီစစ်ပွဲက ဟွာရှနိုင်ငံ အတွင်းပိုင်းအထိ ရောက်သွားပြီး နင့်ရဲ့ ဟွာရှနိုင်ငံ ခရီးစဉ်ကို ထိခိုက်မှာကို စိုးရိမ်နေတာလား...ငါတို့ရဲ့ အမှတ်အသားတွေက တော်တော်လေး ထူးခြားတယ်လေ... ဒါကြောင့် လျှို့ဝှက်ထားတာက အကောင်းဆုံးပဲ..."

လဲ့ယန် ၏ အကြည့်များသည် အဝေးမှနေ၍ အမျိုးသမီးထံသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။

တစ်ဖက်လူ ပထမဆုံး ပေါ်လာချိန်တွင် မျက်နှာတစ်မျိုးဖြစ်ပြီး ယခုအခါတွင် အခြားမျက်နှာတစ်မျိုး ဖြစ်နေလေပြီ။

မျက်နှာပေါင်း တစ်ထောင်လိုမျိုး... ၎င်းမှာ မျက်လှည့်ပြနေသကဲ့သို့ပင်။

တစ်ခါတစ်ရံတွင် လဲ့ယန် ပင်လျှင် မည်သည့်မျက်နှာက တစ်ဖက်လူ၏ အစစ်အမှန် မျက်နှာဖြစ်ကြောင်း မခွဲခြားနိုင်ချေ။ သို့သော် မျက်နှာတိုင်းမှာ လှပပြီး ဆွဲဆောင်မှုရှိကာ ရင်သပ်ရှုမောဖွယ် အလှတရားများ ပိုင်ဆိုင်ထားကြပေ၏။

သူက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။

"မင်းရဲ့ အမူအရာကို ပြောင်းလဲနေတာ ရပ်လိုက်တော့... မင်းက ငါ့ကို ခေါင်းမူးအောင် လုပ်နေပြီ... မင်း ဟွာရှနိုင်ငံကို ရောက်နေတာ တော်တော်ကြာပြီလေ... နန်းတော်သခင် ရဲ့ သဲလွန်စကို ဘာတစ်ခုမှ မတွေ့ရသေးဘူးလား..."

"အစအနလေးတောင် မတွေ့ရဘူး..."

အမျိုးသမီးက ပခုံးတွန့်လိုက်၏။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နန်းတော်သခင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီးတဲ့နောက် ကုသမှုခံယူဖို့ ဟွာရှနိုင်ငံကို သွားခဲ့တယ်... ဒီနှစ်တွေတစ်လျှောက်လုံး သူက ငါတို့ကို မဆက်သွယ်ခဲ့ဘူးဆိုတော့ သူ သေသွားလောက်ပြီ... လဲ့ယန်... နန်းတော်သခင် ကို ဒီလို ဒဏ်ရာရအောင် ဘယ်သူက လုပ်နိုင်မလဲဆိုတာ ငါ့ကို ပြောပြပါဦး... ဘာပဲဖြစ်ဖြစ် သူက အဇူရာနန်းတော် ရဲ့ သခင်လေ..."

"ငါလည်း မသိဘူး..."

လဲ့ယန် က ခေါင်းခါလိုက်၏။

"ဒီကမ္ဘာပေါ်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေသေးတယ်လေ... သူတို့က နန်းတော်သခင် နဲ့ ရန်ငြိုးရှိနေမှတော့ သူတို့က ငါတို့ရဲ့ အဇူရာနန်းတော် ကို ပစ်မှတ်ထားလာမှာကို သတိထားရမယ်... အဇူရာနန်းတော် က မကြာသေးမီ နှစ်တွေအတွင်း နယ်စပ်ပြင်ပ စစ်မြေပြင်ကနေ ဆုတ်ခွာခဲ့တယ် ဆိုပေမဲ့လည်း ပေါ့ပေါ့ဆဆ နေလို့မရဘူး..."

"နားလည်ပါပြီ..."

အမျိုးသမီးက နှုတ်ခမ်းဆူလိုက်ပေသည်။

လဲ့ယန် သည် နောက်ကျောမှ ဓားကြီးကို လွယ်ကာ ရှေ့သို့ လျှောက်သွားလေ၏။

"နန်းတော်သခင် အသက်ရှင်နေသေးသည်ဖြစ်စေ မရှင်တော့သည်ဖြစ်စေ... ဒီတစ်ခါတော့ ငါ ဟွာရှနိုင်ငံကို သွားမှဖြစ်မယ်... အဖွဲ့အစည်း အားလုံးက ငါတို့ကို သခင်လေးတစ်ယောက် ရှာနေတယ်လို့ ထင်နေကြတာ... တကယ်တော့ ငါတို့ ရှာနေတာက အဇူရာတိုကင် ကိုပဲ... အဲဒီတုန်းက နန်းတော်သခင် ထွက်သွားတုန်းက အဇူရာတိုကင် ကို ယူသွားခဲ့တယ်... အဇူရာတိုကင် ရဲ့ အရေးပါမှုကို မင်းလည်း သိပါတယ်... အဲဒါ တခြားသူတွေရဲ့ လက်ထဲကို လုံးဝ ရောက်သွားလို့ မဖြစ်ဘူး..."

"ကောင်းပါပြီ... ကောင်းပါပြီ... အဇူရာတိုကင် ကို ရှာလိုက်ပါ့မယ်..."

အမျိုးသမီးက သူ၏နောက်သို့ မလိုလားစွာဖြင့် လိုက်ပါသွားခဲ့၏။

"နင်က ဒီအတိုင်း ဓားကြီးကို ကျောမှာလွယ်ပြီး နိုင်ငံထဲကို ဝင်ဖို့ စီစဉ်နေတာလား... ငါ နင့်ကို ပြောမယ်... နင့်ရဲ့ အခုပုံစံအတိုင်းသာဆိုရင် လူတွေက နင့်ကို အရူးလို့ သေချာပေါက် ထင်ကြလိမ့်မယ်..."

လဲ့ယန် က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။

"ဒါက ငါ့ရဲ့ လက်နက်လေ... အပျောက်ခံလို့ မဖြစ်ဘူး..."

"ဘယ်သူက အပျောက်ခံခိုင်းလို့လဲ... ငါက နင့်ကို တစ်ခုခုနဲ့ ထည့်သိမ်းထားဖို့ ပြောတာလေ..."

အမျိုးသမီးက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပေ၏။ သူမက တစ်ဖက်လူနှင့်အတူ ထွက်မသွားမီ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်သည်။

‘ဟူး... တကယ်ကို သစ်တုံးကြီးပဲ…’

All Chapters