← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) သတ်ဖြတ်ခြင်း

လဲ့ယန် သည် ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးချိန်တွင် အဝေးမှ ပုံရိပ်တစ်ခုက စစ်စခန်းတစ်ခုဆီသို့ အလျင်အမြန် ဦးတည်သွားနေသည်ကို မြင်တွေ့လိုက်ရသည်။

ပြိုင်ဘက်၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်ပြီး သူ၏ စွမ်းရည်များမှာလည်း အထင်ကြီးစရာ ကောင်းလှပေ၏။

စစ်စခန်း၏ အစွန်အဖျားတွင် ကင်းလှည့်နေသူ အချို့နှင့် ကြုံတွေ့ရသော်လည်း ၎င်းတို့အားလုံးကို သူက လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းသွားခဲ့သည်။

ဟွာရှနိုင်ငံတွင် ရန်သူ့စခန်းအတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်စီးနင်းနိုင်သည့် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို စစ်ဘက်ဆိုင်ရာဌာန ၏ စစ်သေနာပတိသာလျှင် ပိုင်ဆိုင်ထားကြောင်း သူ မှတ်မိနေခဲ့၏။

သို့သော် စစ်ဘက်ဆိုင်ရာဌာန ၏ စစ်သေနာပတိမှာ အမျိုးသမီးတစ်ဦး မဟုတ်ဘူးလော။

ပြီးတော့ အဝေးက အဲဒီလူက ဘယ်သူလဲ…

အနီးရှိ အမျိုးသမီးက ရယ်မောလျက် ပြောဆိုလိုက်သည်။

"ငါ အဲဒီလူနဲ့ အရင်က ဆုံဖူးတယ်... သူ့နာမည်က ချန်ဖုန်း တဲ့... တရားဝင် အမှတ်အသားကတော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပေါ့... ဒါပေမဲ့ သူ့ရဲ့ လျှို့ဝှက် အမှတ်အသားကတော့ မသေချာသေးဘူး..."

"သူက... အစွမ်းထက်ပုံရတယ်..."

လဲ့ယန် သည် သူ၏ နောက်ကျောရှိ ဓားကြီးကို ကိုင်တွယ်လိုက်ပြီး စမ်းသပ်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့၏။

အမျိုးသမီးက အလျင်အမြန် ပြောဆိုလိုက်သည်။

"ပေါ့ပေါ့ဆဆ မလုပ်နဲ့နော်... အဲဒီကောင်လေးက အခု စစ်ဘက်ဆိုင်ရာဌာန ကို ကူညီပြီး ရန်သူတွေကို ရှင်းလင်းပေးနေတာ သေချာတယ်... တကယ်လို့ နင်သာ သူ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်ရင် ဟွာရှနိုင်ငံ တစ်ခုလုံးက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး... အဲဒီအချိန်ကျရင် ဟွာရှနိုင်ငံထဲမှာ အဇူရာတိုကင် ကို ရှာဖို့တောင် မတွေးနဲ့တော့..."

"သွားကြစို့..."

ယခုအချိန်မှာ တိုက်ခိုက်ယှဉ်ပြိုင်ရန် အချိန်မဟုတ်ကြောင်း လဲ့ယန် လည်း သိရှိထားလေသည်။ သူက ချန်ဖုန်း ရှိရာဘက်သို့ နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့၏။

အမျိုးသမီးသည်လည်း ထိုဘက်သို့ တစ်ချက်ကြည့်ကာ အတွေးများထဲတွင် နစ်မြောသွားခဲ့သည်။

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ချက်ချင်းပင်။ အဝေးတစ်နေရာမှ ချန်ဖုန်းသည် ရုတ်တရက် ခေါင်းလှည့်ကာ အဝေးသို့ ကြည့်လိုက်လေ၏။

ထိုအခိုက်အတန့်တွင် အန္တရာယ်ရှိနေသည့် ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် ဖြတ်ပြေးသွားခဲ့သည်။ သူ မမြင်နိုင်တဲ့ နေရာမှာများ ကျွမ်းကျင်သူ တစ်ယောက်ယောက် ရှိနေနိုင်မလား။

မဖြစ်နိုင်ဘူး ရန်သူ့နိုင်ငံရဲ့ အစွမ်းအထက်ဆုံး စစ်သေနာပတိ ယင်းရှား တောင် လက်တစ်ဖက် ပြတ်သွားပြီး သူ့ရဲ့ စွမ်းအားတွေ အများကြီး လျော့ကျသွားပြီလေ ပဉ္စမတပ်မကြီး မှာ ကျွမ်းကျင်သူတွေ သိပ်များများစားစား ရှိမှာ မဟုတ်ပါဘူး။

ချန်ဖုန်းက ခေါင်းခါလိုက်၏။

သူ၏ လက်ထဲရှိ ဓားမြှောင်ဖြင့် ထက်မြက်စွာ ခုတ်ပိုင်းလိုက်ရာ ရှေ့တွင် ကင်းလှည့်နေသူ တစ်ဦးကို လျင်မြန်စွာ သတ်ဖြတ်လိုက်လေသည်။ သူ၏ ပုံရိပ်သည် စစ်စခန်းဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့၏။

ပဉ္စမတပ်မကြီး ၏ စစ်စခန်းတွင်။

အထီးကျန်ဝံပုလွေ ၏ မျက်မှောင်များ ပိုမို တွန့်ချိုးလာခဲ့ပေသည်။

စစ်ဘက်ဆိုင်ရာဌာန ၏ တိုက်လေယာဉ်များသည် ၎င်းတို့နှင့် မျက်နှာချင်းဆိုင် မရင်ဆိုင်ဘဲ ဗုံးအနည်းငယ် ကြဲချပြီးနောက် ဆုတ်ခွာသွားသောကြောင့် သူသည် ဟွာရှနိုင်ငံဘက်သို့ တိုက်ရိုက် မလိုက်ရဲခဲ့ချေ။

တကယ်လို့ ထောင်ချောက်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။

သူ၏ ပတ်ဝန်းကျင်ရှိ စစ်သူကြီး အနည်းငယ်က သူ့ကို အဆက်မပြတ် တိုက်တွန်းနေကြ၏။

"စစ်သေနာပတိ အထီးကျန်ဝံပုလွေ... ဟွာရှနိုင်ငံ က အခု အဆိုးရွားဆုံး အခြေအနေမှာ ရှိနေတာ... မြန်မြန် လိုက်ကြရအောင်... တကယ်လို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ကြိမ် ကိုင်တွယ်ဖို့က ဒီလောက် လွယ်မှာ မဟုတ်တော့ဘူး..."

"ဟုတ်တယ်...ဟွာရှ စစ်ဘက်ဆိုင်ရာဌာန ရဲ့ အားသာချက်က အနီးကပ် တိုက်ခိုက်ရေးမှာပဲ ရှိတာ... ဒါပေမဲ့ လက်နက်ကြီးတွေကျတော့ သူတို့က ငါတို့ထက် နည်းနည်း အားနည်းနေသေးတယ်..."

"ငါတို့ သူတို့ကို လိုက်တိုက်သင့်တယ်လို့ ထင်တယ်..."

"အမှန်ပဲ... အခု အလုံးစုံ တိုက်ခိုက်မှု စတင်ကြရအောင်..."

အထီးကျန်ဝံပုလွေ သည် တိတ်ဆိတ်နေခဲ့ပေ၏။

အထူးသဖြင့် မလှမ်းမကမ်းတွင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေသော စစ်သေနာပတိ ယင်းရှား ကို မြင်ချိန်တွင် သူ အနည်းငယ်ပင် တင်းမာလာသလို ခံစားလိုက်ရသည်။

သူ၏ နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုများက ပိုမို အားကောင်းလာခဲ့လေ၏။ တစ်ခုခုတော့ မှားနေပြီ။

သူ ရုတ်တရက် ခေါင်းမော့ကာပြောလိုက်သည်။

"အမိန့်ပေးလိုက်...ရန်သူ နောက်ကိုမလိုက်နဲ့..."

"အားလုံး အဆင့် ၁ သတိပေးချက်ကို ဝင်ရောက်ပြီး ရန်သူ့ ချုံခိုတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တွေ အကုန်လုံး ဒီနေရာမှာ မြန်မြန် စုဝေးကြ..."

ဟင်... လူတိုင်းမှာ အလွန် ဇဝေဇဝါ ဖြစ်သွားကြပေ၏။ တိုက်ပွဲများစွာ အပြီးတွင် ဟွာရှ စစ်ဘက်ဆိုင်ရာဌာန သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားနေရဆဲ ဖြစ်သည်။ သူတို့က ပဉ္စမတပ်မကြီး ကို ချုံခိုတိုက်ခိုက်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး မဟုတ်လား။

ထို့အပြင် ပဉ္စမတပ်မကြီး ၏ ခံစစ်မှာ အတော်လေး ခိုင်မာလှရာ ၎င်းတို့ အထဲသို့ မဝင်ရောက်နိုင်မီမှာပင် ရှာဖွေတွေ့ရှိသွားနိုင်ပေ၏။

၎င်းတို့ ထိုသို့ တွေးတောနေကြစဉ်ပင် ပုံရိပ်တစ်ခုက အခန်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး တဟားဟား ရယ်မောလိုက်လေသည်။

"စစ်သေနာပတိ အထီးကျန်ဝံပုလွေ က တကယ်ကို သတိထားတာပဲ... ပြီးတော့ စစ်သေနာပတိ ယင်းရှား လည်း ရှိနေတာကိုး... ဒီမှာ ပုန်းနေရင် မင်းတို့ကို ငါ မရှာတွေ့နိုင်ဘူးလို့ ထင်နေတာလား..."

"မင်း..."

စစ်သေနာပတိ ယင်းရှား ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

ချန်ဖုန်း သည် ပဉ္စမတပ်မကြီး ထံသို့ ခိုးဝင်လာလိမ့်မည်ဟု သူ တကယ်ကို မထင်မှတ်ထားခဲ့ချေ။ အရေးအကြီးဆုံးမှာ ယခုအချိန်အထိ သူ့ကို မည်သူကမျှ မရှာဖွေတွေ့ရှိသေးခြင်းပင်။

‘မဟုတ်ဘူး... အဲဒါ မမှန်ဘူး... သူ့ကို ရှာတွေ့တဲ့လူတွေက သေသွားတာ ကြာလောက်ပြီ…’

စစ်သေနာပတိ ယင်းရှား သည် တကယ်ကို ထိတ်လန့်သွားခဲ့၏။ ယခင်က ချန်ဖုန်း ၏ ပြိုင်ဘက် မဟုတ်ခဲ့သလို ယခု လက်တစ်ဖက် ဆုံးရှုံးသွားချိန်တွင် ပို၍ပင် ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

အထီးကျန်ဝံပုလွေ နှင့် အခြားသူများမှာလည်း ဖြူလျော့နေကြသည်။သူတို့မှာ ရေခဲတိုက်ထဲ ကျသွားသလို ခံစားလိုက်ရ၏။

“တောက်... သူက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ…”

"ရန်သူတွေ ဝင်လာပြီ... မြန်မြန်... မြန်မြန်... လူလာကြပါဦး..."

အထီးကျန်ဝံပုလွေ အော်ဟစ်လိုက်ပြီးနောက်။

ချန်ဖုန်း ရုတ်တရက် ရှေ့သို့ ပြေးဝင်သွားပြီး သူ၏ လည်ပင်းကို ဓားမြှောင်ဖြင့် ခုတ်ပိုင်းလိုက်လေ၏။

ဖြတ်... သွေးများ ပန်းထွက်လာခဲ့သည်။

ချက်ချင်း သေဆုံးသွားခြင်းပင်။

အခြားသူများမှာ ထိတ်လန့်သွားကြပြီး အကြောက်တရားဖြင့် အပြင်ဘက်သို့ ပြေးထွက်သွားကြပေ၏။

စစ်သေနာပတိ ယင်းရှား သည် လူတိုင်းအား ဘေးသို့ ချက်ချင်း ကန်ထုတ်လိုက်ပြီး သူ၏ ဓားမကြီးဖြင့် ချန်ဖုန်း အား ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

သို့သော် သူကိုယ်တိုင်မှာမူ လျှပ်စီးကဲ့သို့ လှုပ်ရှားကာ စစ်စခန်းထဲမှ

ပြေးထွက်သွားလေ၏။

"မင်းက ငါ့ကို လက်နက်ပေးနေတာလား..."

ချန်ဖုန်း က ဖျော့တော့စွာ ပြုံးလိုက်သည်။

သူ၏ လက်ဖဝါးက လွင့်ပျံလာသော ဓားမကြီးကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။ ထွက်ပြေးနေသော စစ်သူကြီးများမှာ ချက်ချင်းပင် သွေးအန်သွားကြတော့သည်။

ချန်ဖုန်း ၏ အမြန်နှုန်းမှာ လုံးဝ နှေးကွေးမသွားခဲ့ချေ။ သူ တိုက်ခိုက်လိုက်တိုင်း လူတစ်ယောက် လဲကျသွားပေ၏။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများ ပင်လျှင် သူ၏ လက်မှ တိုက်ကွက်တစ်ချက်ကိုမျှ မရှောင်တိမ်းနိုင်ခဲ့ချေ။

ပဉ္စမတပ်မကြီး တွင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ များစွာ ရှိနေဆဲပင်။ ဤအချိန်၌ လူတိုင်းက ဝိုင်းရံလာကြလေပြီ။

ချန်ဖုန်း က ခေါင်းခါလိုက်၏။ သူ၏ ပထမဆုံး ပစ်မှတ်မှာ စစ်သေနာပတိ ယင်းရှား ဖြစ်ပြီး ဤတစ်ကြိမ်တွင် သူ့ကို ထွက်ပြေးခွင့် မပေးနိုင်တော့ချေ။

သူက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကာ

မလှမ်းမကမ်းရှိ စစ်သေနာပတိ ယင်းရှား ၏ ကျောပြင်ကို သူ ကန်ကျောက်လိုက်၏။

"ဖူး..."

စစ်သေနာပတိ ယင်းရှား သည် သူ၏ ရင်အုပ်ရိုးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မြေပြင်ပေါ်မှ သူ မထနိုင်မီမှာပင် ချန်ဖုန်း ၏ ဓားမကြီးက သူ၏ ကျောပြင်ကို ထိုးဖောက်သွားခဲ့လေပြီ။

သေဆုံးသွားချိန်တွင်ပင် သူ၏ မျက်နှာထက်၌ နက်ရှိုင်းသော အကြောက်တရားများ ပြည့်နှက်နေခဲ့ပေ၏။

"အားနည်းလွန်းတယ်... ဒီလောက်ပါပဲလား..."

ချန်ဖုန်း ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့သည်။

ဤတစ်ကြိမ် သူ နယ်စပ်သို့ လာရောက်ခြင်းမှာ သူ မည်သည့် အစွမ်းသတ္တိ အဆင့်သို့ ရောက်ရှိနေပြီလဲဆိုတာကို စမ်းသပ်ရန် ဖြစ်ပေ၏။ ဒါပေမဲ့ ရန်သူတွေ အကုန်လုံးက ဒီလောက်တောင် အားနည်းနေတာလား အဲဒါက အရမ်း အားနည်းလွန်းနေတာ မဟုတ်ဘူးလား။

"သတင်းဆိုးပဲ... စစ်သေနာပတိ အထီးကျန်ဝံပုလွေ သေသွားပြီ..."

"သတင်းဆိုး... သတင်းဆိုး... စစ်သေနာပတိ ယင်းရှား လည်း သေသွားပြီ..."

"မြန်မြန်... သူ့ကို ဝိုင်းထား... သူ့ကို ထွက်ပြေးခွင့် မပေးနဲ့..."

ပဉ္စမတပ်မကြီး တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရလေသည်။

လူတစ်ရာနီးပါးခန့်က ချန်ဖုန်း အား

ဝိုင်းရံထားကြ၏။ အားလုံးနီးပါးမှာ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ များဖြစ်ပြီး အားအနည်းဆုံးမှာ အနည်းဆုံး ကြယ်ငါးပွင့်အဆင့် တွင် ရှိပေသည်။

အစွန်ဆုံးတွင် အခြားတစ်စုက စက်သေနတ်များကို ကိုင်ဆောင်ထားကြပြီး အစွန်အဖျားတွင်မူ ဒုံးပျံပစ်လောင်ချာများကို ချန်ဖုန်း ထံ ချိန်ရွယ်ထားကြလေ၏။ အတွင်းအပြင် အလွှာများစွာဖြင့် ဝိုင်းရံထားခြင်းပင်။

စစ်သေနာပတိ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့သည် အထက်လူကြီးများထံ ပြန်လည်အစီရင်ခံနိုင်ရန်အတွက် ဤရန်သူ၏ အသက်ကို ယူမှ ဖြစ်ပေ၏။

သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်မှာ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော တွေ့ရှိမှုပင် ဖြစ်သည်။

၎င်းတို့ မည်မျှပင် များပြားနေပါစေ တစ်ဖက်လူအား သတ်ဖြတ်ရန် မလုံလောက်သကဲ့သို့ ဖြစ်နေပေ၏။

တစ်ဖက်လူ၏ လက်ထဲရှိ ဓားမြှောင်သည် သံများကို ရွှံ့အလား ခုတ်ပိုင်းနိုင်ပြီး အနည်းငယ် ခြေလှမ်းမှားလိုက်သည်နှင့် အသက်ဆုံးရှုံးသွားနိုင်လေသည်။

တစ်မိနစ်။

နှစ်မိနစ်။

နောက်ဆုံး ဆယ်မိနစ်အကြာတွင်။

ချန်ဖုန်း ၏ ခြေရင်း၌ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် လဲကျနေခဲ့လေပြီ။

သူသည် ငရဲမှ အဇူရာတစ်ပါးနှင့် တူနေပေ၏။ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ပင်ဖြစ်စေ ကြယ်ငါးပွင့်အဆင့် ပင်ဖြစ်စေ ခြေတစ်လှမ်းလှမ်းတိုင်း အသက်တစ်ချောင်း ဆုံးရှုံးသွားရလေသည်။

အပြင်ဘက်ရှိ စက်သေနတ်များက ချန်ဖုန်းကို ထိမှန်သော်လည်း သူ့ကို လုံးဝ မထိခိုက်စေနိုင်ချေ။ အချို့သော ကျည်ဆန်များကို ဓားမြှောင်ဖြင့် တိုက်ရိုက် ကာကွယ်နိုင်ခဲ့ပြီး အချို့မှာ သတ္တုကို ထိမှန်သွားသည့်အလား အသံများ ထွက်ပေါ်လာခဲ့ပေသည်။ အစွန်ဆုံးရှိ ဒုံးပျံပစ်လောင်ချာမှာ ပို၍ပင် အသုံးမဝင်ချေ။

ဤလက်နက်သည် လူများကို ကိုင်တွယ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ပစ်မှတ်မှာ သေးငယ်လွန်းသဖြင့် ထိမှန်ရန် ခက်ခဲကာ ချန်ဖုန်း က ၎င်းကို အလွယ်တကူ ရှောင်တိမ်းနိုင်ပေသည်။

ခဏတာမျှ လူတိုင်း ထိတ်လန့်သွားကြလေ၏။

အကယ်၍ ၎င်းတို့သာ အသေခံလိုပါက ထောင်ပေါင်းများစွာသော လူများက ချန်ဖုန်း ကို ချောင်ပိတ်ဖမ်းနိုင်ကောင်း ဖမ်းနိုင်ပေလိမ့်မည်။

ချန်ဖုန်း က သတ်ဖြတ်ရလွန်း၍ ပင်ပန်းသွားချိန်တွင် ၎င်းတို့က သူ့ကို အဆုံးသတ်လိုက်နိုင်ပေ၏။

သို့သော် ထိုနေရာရှိ မည်သူက အသေခံချင်မည်နည်း။

အထူးသဖြင့် ခေါင်းဆောင်ကို ဆုံးရှုံးလိုက်ရပြီးနောက် ၎င်းတို့၏ ကျောရိုးများ ကျိုးပဲ့သွားကာ ပဉ္စမတပ်မကြီး တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားခဲ့လေသည်။

ချန်ဖုန်း က ဆက်လက် သတ်ဖြတ်နေခဲ့၏။

ဤလူများ လုံးလုံးလျားလျား ပျက်စီးသွားသည်အထိ သတ်ဖြတ်နေခဲ့ခြင်း ဖြစ်ပေသည်။

"သူ... သူက အဇူရာဘုရင် ပဲ..."

"သူက ငရဲကလာတဲ့ အဇူရာဘုရင် ပဲ..."

လူတစ်စုမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီး သတ်ဖြတ်မှုများကြောင့် ထိတ်လန့်သွားကြပေ၏။

နယ်စပ်ပြင်ပ စစ်မြေပြင်တွင် အဇူရာနန်းတော် ၏ သခင်သည် အဇူရာနန်းတော် ကို တာဝန်မယူမီ စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ရသည်ဟု ဆိုကြလေသည်။

၎င်းကို သတ်ဖြတ်မှုဟု ခေါ်ပေ၏။

လူတစ်ထောင်ကို သတ်ဖြတ်နိုင်မှသာလျှင် သင် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။

မကြာသေးမီက အဇူရာနန်းတော် သည် လောကသို့ ပြန်လည်ထွက်ပေါ်လာရန် သခင်လေးတစ်ဦးကို ရွေးချယ်လိုက်ပြီဆိုသည့် ကောလာဟလများကို ၎င်းတို့ ကြားသိခဲ့ရ၏။

ဤသူက အဇူရာနန်းတော် မှ ရွေးချယ်ထားသော သခင်လေး ဖြစ်နိုင်မည်လား။ သူက အခု အဲဒီစမ်းသပ်မှုကို ဖြတ်ကျော်နေတာများလား။

ချီးပဲ... ဤအကြောင်းကို တွေးမိချိန်တွင် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြပေ၏။ အသေခံတိုက်ခိုက်ရန် မစဉ်းစားတော့ဘဲ ၎င်းတို့သည် အလျင်အမြန် ထွက်ပြေးကြတော့သည်။

ဤသတ်ဖြတ်မှုသည် ၎င်းတို့၏ ထွက်ပြေးမှုနှင့်အတူ အဆုံးမသတ်သွားခဲ့ချေ။

မကြာမီမှာပင် ပဉ္စမတပ်မကြီး ၏ ခေါင်းဆောင်နှင့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ များ သတ်ဖြတ်ခံရရုံသာမက အခြားသော နယ်စပ်ခံတပ်များတွင် တပ်စွဲထားသည့် ရန်သူ့တပ်ဖွဲ့များမှ စစ်သေနာပတိများလည်း သတ်ဖြတ်ခံလိုက်ရသဖြင့် ရန်သူ့တပ်ဖွဲ့ တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားခဲ့လေ၏။

တစ်ဖက်တွင်လည်း ဟွာရှ စစ်ဘက်ဆိုင်ရာဌာနက ချန်ဖုန်းတစ်ယောက်တည်း ရန်သူ့စစ်စခန်းသို့ ချုံခိုတိုက်ခိုက်နေချိန်တွင်

နယ်စပ်​ပြင်ပ စစ်မြေပြင်မှ ကျွမ်းကျင်သူများကို ၎င်းတို့ စုဆောင်းခဲ့ရပေသည်။

အချို့သော အကြီးတန်း အရာရှိများမှာ အိပ်မပျော်ခြင်းနှင့် ဂနာမငြိမ်သော ညများကိုပင် ခံစားခဲ့ကြရလေ၏။

All Chapters