← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်

ချန်ဖုန်း သည် စစ်ဘက်ဆိုင်ရာဌာန စစ်စခန်းသို့ ပြန်ရောက်လာချိန်တွင် နံနက်စောစောသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဤအချိန်၌ လူတိုင်းက သူ့အား အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။ ယခင်က ချန်ဖုန်း သည် ရန်သူ့စခန်းအတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်စီးနင်းပြီး စစ်သေနာပတိ ယင်းရှား ကို သတ်ဖြတ်ချင်သည်ဟု ပြောခဲ့စဉ်က ချန်ဖုန်း အောင်မြင်နိုင်မည်ဟု ၎င်းတို့ မယုံကြည်ခဲ့ကြချေ။

အခုကော တစ်ဖက်လူက တကယ်ပဲ လုပ်နိုင်ခဲ့တာပဲ ဒါတင်မကသေးဘူး ရန်သူ့ ပစ်ခတ်မှုများကို ဆွဲဆောင်ရန် စစ်ဘက်ဆိုင်ရာဌာန က သူ့ကို ပူးပေါင်းကူညီခဲ့သည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း အချို့မှာ ဒဏ်ရာရခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မျှ မသေဆုံးခဲ့ချေ။

၎င်းတို့ကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည်မှာ စစ်သေနာပတိ ယင်းရှား သေဆုံးရုံသာမက ပဉ္စမတပ်မကြီး မှ စစ်သေနာပတိ အထီးကျန်ဝံပုလွေ လည်း သေဆုံးသွားခဲ့ခြင်းပင်။

အခြားသော ခံတပ်များမှ စစ်သေနာပတိများနှင့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ရာနီးပါးခန့်ပင် လုံးလုံးလျားလျား သုတ်သင်ခံလိုက်ရလေပြီ။

ဒီတိုက်ပွဲဟာ ကြီးမားတဲ့ အောင်ပွဲပဲ အခုဆိုရင် ရန်သူ့နိုင်ငံရဲ့ တပ်ဖွဲ့တစ်ခုလုံး ထိတ်လန့်နေကြပြီ... နယ်စပ်မှာ တပ်စွဲထားတဲ့ တပ်မကြီးတွေတောင် အလွန်အမင်း ထိတ်လန့်မှုကြောင့် လီသုံးဆယ်လောက် ဆုတ်ခွာသွားကြကာ နယ်စပ်နဲ့ အရမ်း နီးကပ်စွာ မနေရဲကြတော့ချေ။

တစ်နေ့နေ့တွင် ချန်ဖုန်း သည် စစ်စခန်းအတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်စီးနင်းပြီး ၎င်းတို့၏ ထိပ်တန်းအရာရှိများကို တစ်ပြိုင်နက်တည်း သုတ်သင်ပစ်မည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်ပေ၏။

ဒီည... ရန်သူ့နိုင်ငံရဲ့ တပ်ဖွဲ့တွေ တုန်လှုပ်သွားရုံသာမက နယ်စပ်ပြင်ပ စစ်မြေပြင်ပင်လျှင် တုန်လှုပ်သွားခဲ့ပြီး အဖွဲ့အစည်း အသီးသီးကြားတွင် သတင်းများ ပျံ့နှံ့နေခဲ့သည်။

ယခင် အဇူရာနန်းတော် က ပြန်လည်မွေးဖွားလာတော့မည်…

ဒီနှစ်အတွက် အဇူရာနန်းတော် ရဲ့ သခင်လေးကို ရွေးချယ်ပြီးသွားပြီဖြစ်ပြီး သူက ဟွာရှနိုင်ငံကနေ လာကာ အဇူရာဘုရင် ဆိုတဲ့ ဘွဲ့ကို ရရှိထားတယ်…

စသဖြင့် အပြင်ဘက်တွင် ကောလာဟလများ ပျံ့နှံ့နေလေ၏။ သတင်းမျိုးစုံက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ချန်ဖုန်း အောင်ပွဲခံ၍ ပြန်လာသည်ကို မြင်သောအခါ ချင်းလုံ သည် အလျင်အမြန် ရှေ့ထွက်လာပြီး ဒူးတစ်ဖက် ထောက်လိုက်လေ၏။

"အောင်ပွဲခံပြီး ပြန်လာတဲ့အတွက် ဂုဏ်ယူပါတယ် သခင်..."

"အောင်ပွဲခံပြီး ပြန်လာတဲ့အတွက် ဂုဏ်ယူပါတယ် သခင်..."

"အောင်ပွဲခံပြီး ပြန်လာတဲ့အတွက် ဂုဏ်ယူပါတယ် သခင်..."

စစ်ဘက်ဆိုင်ရာဌာန စစ်စခန်းတစ်ဝိုက်တွင် လူသောင်းချီ၍ ဒူးတစ်ဖက် ထောက်နေကြပေသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် ချန်ဖုန်း ကို လုံးလုံးလျားလျား လက်ခံသွားကြလေပြီ။

နယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဤနှစ်များတစ်လျှောက် ၎င်းတို့သည် စစ်သေနာပတိနှင့်အတူ အကြီးအသေး တိုက်ပွဲပေါင်း အနည်းဆုံး တစ်ရာခန့်တွင် ပါဝင်ခဲ့ပြီး အကြိမ်တိုင်း၌ အသေအပျောက် မရှိခဲ့ချေ။

ဒါပေမဲ့ အခုကော တစ်ယောက်မှ မသေခဲ့ဘူးလေ ရန်သူ့တပ်ဖွဲ့တွေကို လီသုံးဆယ်လောက်အထိ ဆုတ်ခွာသွားအောင်တောင် လုပ်နိုင်ခဲ့တယ်... ဒီလို အခြေအနေမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။

သူတို့ကို ပို၍ အံ့အားသင့်သွားစေခဲ့သည်မှာ... ချန်ဖုန်း က တကယ်ပဲ အဇူရာနန်းတော် ရဲ့ သခင်လေး အဇူရာဘုရင် ဖြစ်နေတာလား။ ကောလာဟလအချို့မျှသာ ဖြစ်သော်လည်း သူတို့က တကယ်ပင် ယုံကြည်နေကြလေ၏။

"ကောင်းပြီ... ထကြတော့..."

ချန်ဖုန်း က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ကောလာဟလများ သို့မဟုတ် ထိုကဲ့သို့သောအရာများကို သိပ်ဂရုမစိုက်ခဲ့ချေ။ အဇူရာဘုရင် ဆိုတာ အဇူရာဘုရင် ပါပဲလေ။

ဒါပေမဲ့ အစောပိုင်းက သူသည် စစ်သေနာပတိ ယင်းရှား နှင့် ပဉ္စမတပ်မကြီး မှ အဖွဲ့ဝင်များကိုသာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အခြား ခံတပ်များမှ လူများကိုမူ သူ တကယ် မသတ်ဖြတ်ခဲ့ချေ။

တစ်ချိန်တည်းမှာပင်။

ဟွာရှနိုင်ငံ အတွင်းရှိ ထူထပ်သော တောအုပ်တစ်ခုအတွင်း၌ လဲ့ယန် သည် သူ၏ ဓားကြီးပေါ်မှ သွေးများကို သုတ်ပစ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"ခုနက အဲဒီကောင်လေး လူသတ်တာကို ကူညီဖို့ ဘာလို့ ငါ့ကို ခိုင်းရတာလဲ... နိုင်ငံ M မှာလည်း နယ်စပ်ပြင်ပ စစ်မြေပြင်က ကျွမ်းကျင်သူတွေ ရှိတယ်... ငါတို့ သူတို့ရဲ့ ခံတပ်တွေက စစ်သေနာပတိတွေနဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အတော်များများကို သတ်ခဲ့တယ်... အဇူရာနန်းတော် က တာဝန်ယူမှုကနေ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး..."

စကားပြောရင်းနှင့်သူက ဘေးရှိ အမျိုးသမီးအား ရုတ်တရက် ကြည့်လိုက်သည်။

"မင်း... မင်း သူ့ကို သဘောကျသွားတာလား..."

"အဓိပ္ပာယ်မရှိတာ..."

အမျိုးသမီးက မျက်လုံးလှန်လျက် ပြောဆိုလိုက်၏။

"သူက ငါတို့ရဲ့ နန်းတော်သခင် နဲ့ နည်းနည်း တူတယ်လို့ ထင်လို့ပါ... ငါ သူ့ကို ကူညီပေးလို့ မရဘူးလား..."

"တကယ်လား..."

လဲ့ယန် မှာ အနည်းငယ် သံသယဖြစ်နေခဲ့သည်။

"ကောင်းပြီ... သွားကြစို့..."

ထိုသို့ပြောပြီးနောက် သူမသည် လဲ့ယန် အား အော့ဖ်ရုဒ် ကားတစ်စီးထဲသို့ ဆွဲသွင်းလိုက်၏။ ၎င်းတို့သည် ဟွာရှနိုင်ငံ ၏ အတွင်းပိုင်းဆီသို့ တောက်လျှောက် အရှိန်ပြင်းပြင်း မောင်းနှင်သွားကြလေသည်။

ချန်ဖုန်း သည် ဤကဲ့သို့သော ကြီးမားလှသည့် တိုက်ပွဲကြီးကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်း ဖြစ်ပေ၏။ သူ၏ တိုက်ခိုက်ရေးဝတ်စုံကို ချွတ်လိုက်သည်။ စောစောက ကျည်ဆန်များကို ရှောင်လွှဲနိုင်ခဲ့ခြင်းမှာ တိုက်ခိုက်ရေးဝတ်စုံကြောင့်ပင် ဖြစ်လေသည်။

ချင်းလုံ သည် ထိုညနေခင်းတွင် အောင်ပွဲခံရန် မူလက စီစဉ်ထားသော်လည်း ချန်ဖုန်း က ငြင်းပယ်ခဲ့၏။ သူ တကယ်ကို ပင်ပန်းနေခဲ့ပြီ။

သူ၏ ခန္ဓာကိုယ်သည် စနစ်ကြောင့် အကြိမ်ကြိမ် အားဖြည့်ခံထားရသော်လည်း တစ်ညလုံး အာရုံကြော တင်းမာမှုနှင့် တိုက်ခိုက်ရေး အလွန်အကျွံ လုပ်ခြင်းက အမှန်တကယ်ပင် အနားယူရန် လိုအပ်ပေသည်။

နောက်တစ်နေ့။

ချန်ဖုန်း နိုးလာချိန်တွင် ဝန်ကြီး ကျန်းထျန်ရှန်း လည်း မြို့တော်မှ ရောက်ရှိနေပြီ ဖြစ်၏။

အောင်ပွဲကြီးသတင်းကို ကြားပြီးနောက်။

ကျန်းထျန်ရှန်း သည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ချန်ဖုန်း ကို တိုက်ရိုက် သွားရှာကာ ပြောဆိုလိုက်သည်။

"ချန်ဖုန်း... မင်းက ဟွာရှနိုင်ငံ အတွက် ကြီးမားတဲ့ အကျိုးပြုသူတစ်ယောက်ပဲ... ဒီတစ်ခါ မင်းက ပထမတန်းစား ဂုဏ်ပြုဆုကို ရရှိခဲ့ပြီ... တကယ်လို့ မင်းမှာ တောင်းဆိုစရာတွေ ရှိရင် ပြောပါ... ငါတို့ သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်..."

"မလိုပါဘူး..."

ချန်ဖုန်း က လက်ကို ဝှေ့ယမ်းလိုက်၏။

"ဘာပဲဖြစ်ဖြစ်... ကျွန်တော်က စစ်ဘက်ဆိုင်ရာဌာန ကို မကူညီရင်တောင် စစ်သေနာပတိ ယင်းရှား ကို ရှင်းပစ်ရမှာပဲ... ဒါကို စစ်သေနာပတိ ရှန်ကွမ်ယွဲ့ ကို ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပါ... ပြီးတော့ မနက်ဖြန်

ကျွန်တော် မထွက်သွားခင် စစ်သေနာပတိ ကို နောက်ဆုံး ကုသမှု လုပ်ပေးခဲ့မယ်... ခင်ဗျားကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပြီးပြီနော်..."

စကားပြောရင်းနှင့် သူက ကျန်းထျန်ရှန်း အား လေးနက်စွာ ကြည့်လိုက်သည်။

ထို့နောက် ချန်ဖုန်းက ဆက်ပြောသည်။

"ဝန်ကြီးကျန်းက... စစ်သေနာပတိ ရာထူးကို ကျွန်တော့်ကို ဆက်ခံစေချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်... အဲဒီရာထူးကို ကျွန်တော် တကယ် စိတ်မဝင်စားဘူး... တစ်လလောက် အနားယူပြီးရင် စစ်သေနာပတိ ရှန်ကွမ်ယွဲ့ ရဲ့ ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်... ဒါကြောင့် သူ စစ်ဘက်ဆိုင်ရာဌာန ကို ပြန်တာဝန်ယူနိုင်ပြီ..."

"ဟူး..."

ကျန်းထျန်ရှန်း က သက်ပြင်းချလိုက်၏။

တစ်ဖက်လူကို စစ်ဘက်ဆိုင်ရာဌာန တွင် ဆက်လက်ထိန်းထားရန် သူ အမြဲတမ်း အလိုရှိခဲ့သော်လည်း ယခုအခါ မဖြစ်နိုင်တော့ကြောင်း တွေ့ရှိရပေသည်။

ထို့နောက် သူက ဖျော့တော့စွာ ပြုံးလျက် ပြောဆိုလိုက်သည်။

"ချန်ဖုန်း... စစ်ဘက်ဆိုင်ရာဌာန ရဲ့ နည်းပြချုပ် ဖြစ်လာဖို့ကိုရော မင်း စိတ်ဝင်စားလား..."

"စိတ်မဝင်စားဘူး..."

"ချန်ဖုန်း... ချန်ဖုန်း..."

ချန်ဖုန်း ထွက်သွားရန် ပြင်လိုက်ချိန်မှာပင် ကျန်းထျန်ရှန်း က သူ့နောက်သို့ အလျင်အမြန် လိုက်လာပြီး ရိုးသားသော မျက်နှာဖြင့် ပြောဆိုလိုက်၏။

"ဒါက ရာထူးငယ်လေးတစ်ခုပါပဲ... နယ်စပ်မှာ နေစရာ မလိုပါဘူး... ကျောင်းတက်ချင်ရင် ဆက်တက်လို့ ရပါတယ်... အချိန်ရတဲ့အခါ လာပြီး သူတို့ကို လမ်းညွှန်မှု နည်းနည်းပေးရုံပါပဲ... မင်းသိတဲ့အတိုင်း စစ်ဘက်ဆိုင်ရာဌာန မှာ အခု ထိပ်တန်းစွမ်းရည်တွေ နည်းပါးနေတယ်... နယ်စပ်ပြင်ပ စစ်မြေပြင် တချို့မှာ စစ်သေနာပတိ ကလွဲရင် အတွင်းထဲမှာ လူသိပ်မရှိသလောက်ပဲ..."

"ကျွန်တော့်အတွက် ဘာအကျိုးရှိမှာလဲ..."

ချန်ဖုန်း သည် သူတော်စင် တစ်ဦးမဟုတ်ချေ။ သူသည် အကျိုးခံစားခွင့် မရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။

ယခင်က စစ်ဘက်ဆိုင်ရာဌာန ကို ကူညီခဲ့ခြင်းမှာ ကြီးမားသော အကျိုးကျေးဇူးအတွက် ဖြစ်လေ၏။

သို့သော် ယခုအခါတွင်မူ ၎င်းသည် ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သွားလေပြီ။

ကျန်းထျန်ရှန်း က အလျင်အမြန် ပြောဆိုလိုက်သည်။

"နည်းပြချုပ် က စစ်ဘက်ဆိုင်ရာဌာန မှာ စစ်သေနာပတိ ပြီးရင် ဩဇာအကြီးဆုံးဖြစ်ပြီး အာဏာကြီးမားတယ်... သူက စစ်ဘက်ဆိုင်ရာဌာန က အဖွဲ့ဝင်တွေကို လွတ်လွတ်လပ်လပ် ပြောင်းရွှေ့နိုင်တယ်... စဉ်းစားကြည့်ပါ... အခု မင်းရဲ့ အဆင့်အတန်းက ပြောင်းလဲသွားပြီ... မင်းရဲ့ မိဘတွေဘက်မှာ စစ်ဘက်ဆိုင်ရာဌာန က လျှို့ဝှက် ကာကွယ်ပေးထားတယ် ဆိုပေမဲ့... တကယ်လို့ မင်း ကိုယ်တိုင် ကျွမ်းကျင်သူ အနည်းငယ်ကို လေ့ကျင့်ပေးလိုက်ရင် လုံခြုံရေးက ပိုကောင်းလာနိုင်တယ်..."

ချန်ဖုန်း ၏ နှလုံးသား လှုပ်ရှားသွား၏။ အမှန်တကယ်ပင် သူ၏ မိဘများဘက်တွင် ၎င်းတို့ကို ကာကွယ်ရန် ကျွမ်းကျင်သူ အများအပြားကို စေလွှတ်ရန် လိုအပ်ပေသည်။

"ကျွန်တော့်ကို အရင် စဉ်းစားခွင့်ပေးပါ..."

ဤအဖြေကို ရရှိပြီးနောက် ကျန်းထျန်ရှန်း သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့လေ၏။

"ကောင်းပြီလေ... ဒါဆို စစ်သေနာပတိ ကို အရင် ကုသပေးလိုက်ပါ..."

ချန်ဖုန်း သည် ရှန်ကွမ်ယွဲ့ ၏ လူနာဆောင်အတွင်းသို့ ဝင်သွားသည်ကို မြင်သောအခါ ကျန်းထျန်ရှန်း ၏ စိတ်ထဲတွင် အတွေးများစွာ နောက်တစ်ကြိမ် ဖြတ်ပြေးသွားပြန်သည်။

‘ဒီနှစ်ယောက်က အတူတူ ပေါင်းဖက်နိုင်ပါ့မလား... ချန်ဖုန်းက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မြင်ပြီးသွားပြီလေ…

အဆင်ပြေသင့်ပါတယ်…’

ချန်ဖုန်း အခန်းထဲသို့ ဝင်သွားချိန်တွင် ရှောင်လန် သည် ရှန်ကွမ်ယွဲ့ ၏ အဝတ်အစားများကို ချွတ်ပေးထားပြီး ဖြစ်လေ၏။ သူမက ဒီလုပ်ငန်းစဉ်ကို ကြာရှည်စွာ အသားကျနေပြီ ဖြစ်ပုံရသည်။

ဤအရာကို ကြည့်ရင်း ချန်ဖုန်းက စကားပြောစရာမဲ့ ဖြစ်သွားရပေသည်။

‘အဲဒီ ချွတ်တဲ့ အကွက်က တကယ်ကို မြန်ဆန်တာပဲ’

[ ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် ၁၅၀ ကို ဆုချီးမြှင့်လိုက်ပါတယ် ]

[ ပိုင်ရှင် - လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့် - ၆၂၅၀ ]

[ ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်ရာမှာ ပိုင်ရှင်က ပါဝင်ခဲ့တဲ့အတွက် စနစ်ရဲ့ လက်ရှိ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါပြီ... အခုဆိုရင် ၁၄၇၅ ကနေ ၂၀၉၀ အတွင်းက မည်သည့် ဖြစ်ရပ်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ ]

အချိန်ကာလက နောက်တစ်ကြိမ် တိုးချဲ့သွားပြန်ပြီ။ စစ်သေနာပတိ ၏ ဗီဒီယို တာဝန်မှာ ယမန်နေ့က ဆုချီးမြှင့်သင့်သော်လည်း အခုလိုမျိုး နောက်ကျသွားပြန်ပြီ။

ချန်ဖုန်း သည် ၎င်းကို အသားကျနေပြီ ဖြစ်လေ၏။ စနစ်က ဘာပဲလုပ်လုပ် သူ့ကို မလိမ်ညာသရွေ့ အဲဒါက လုံလောက်ပါပြီ။

ရှန်ကွမ်ယွဲ့ အား သူ ကုသရန် ပြင်လိုက်ချိန်မှာပင် သူ၏ စိတ်ထဲ၌ အခြားအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

[ ဒင်... ကျပန်းဆုကို အသက်သွင်းလိုက်ပါပြီ ]

[ ပိုင်ရှင်ရဲ့ အပေါ်မှာ ပြင်းထန်တဲ့ သတ်ဖြတ်မှုတွေကို တွေ့ရှိရတဲ့အတွက် တိုကင်တစ်ခုကို ကျပန်း ဆုချီးမြှင့်လိုက်ပါတယ် ]

နောက်တစ်ခဏတွင် တိုကင်တစ်ခုက ချန်ဖုန်း ၏ လက်ထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။

တိုကင်တစ်ခုလုံးမှာ အနက်ရောင် ဖြစ်ပေသည်။

၎င်း၏အပေါ်တွင် စာလုံးကြီး သုံးလုံး ရှိနေလေ၏။

"အဇူရာတိုကင်..."

ချန်ဖုန်း သည် ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားတော့၏။

All Chapters