အခန်း (၁၀၀၁-၁၀၀၂)
Vol. 48 Ch. 1001-1002
အခန်း(၁၀၀၁) လောဘဇော
ခုနက ကြမ်းကြမ်းတမ်းတမ်း ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသော်လည်း သံမဏိသစ်ပင်ကြီး၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ရာ ပျက်စီးအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ဝံပုလွေအကြီးအကဲ၏ မျက်နှာအမူအရာမှာ အတော်လေး ညိုမှိုင်းသွားခဲ့ရသည်။ သူသည် သံမဏိသစ်ပင်ကြီး၏ အနားသို့ လျှောက်လှမ်းသွားပြီးနောက် ယင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ချေသည်။ အသက်ငွေ့ငွေ့သာ ကျန်ရှိတော့သော သံမဏိသစ်ပင်ကြီးက သူ့ကို ကြည့်ကာ မဲ့ပြုံးပြုံးလျက် ပြောဆိုလိုက်တော့သည်။
"ငါ့ခန္ဓာကိုယ်က ကောင်းကင်ဘေးဒုက္ခပေါင်း ရာနဲ့ချီပြီး ခံခဲ့ရတာတောင် မပျက်စီးခဲ့ဘူး။ မင်းတို့လူစုလောက်နဲ့တော့ ဘယ်လိုမှ မလုပ်နိုင်ပါဘူးကွာ"
"ဒါပေမဲ့ မင်းကို နှိမ်နင်းဖို့ ငါတို့ တျန်ချန်ပုတီးစေ့ကို သုံးရင် သုံးလို့ရမှာပေါ့" ဟု ဝံပုလွေအကြီးအကဲက ဆိုသည်။
သံမဏိသစ်ပင်ကြီး၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်ယွင်းသွားပြီးနောက် ဘာမျှမပြောဘဲ အေးစက်စက်နှင့် အကြိမ်အနည်းငယ် ရယ်မောလိုက်ချေသည်။ သို့သော် ဝံပုလွေအကြီးအကဲက ယင်းကို ရိပ်မိသွားခဲ့သဖြင့် ပြောလိုက်မိတော့သည်။
"ဒါဆို မင်းကို နှိမ်နင်းဖို့ တျန်ချန်ပုတီးစေ့ကို သုံးတာ တကယ်ပဲ အလုပ်ဖြစ်တာပေါ့"
ထို့နောက်တွင် ဝံပုလွေအကြီးအကဲသည် ချင်ယွမ်ဖုန်းထံသို့ ကြည့်လိုက်ချေသည်။ တျန်ချန်ပုတီးစေ့ကို ချင်ယွမ်ဖုန်းက ပြုပြင်ပေးခဲ့ပြီးနောက်ပိုင်း ယင်းမှာ သူ၏ လက်ထဲ၌သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဝံပုလွေအကြီးအကဲသည် ယင်းကို ပြန်လည်သိမ်းဆည်းလိုနေခဲ့သည်မှာ ယင်းက ၎င်းတို့ ဝံပုလွေမျိုးနွယ်စု၏ ရတနာတစ်ခု ဖြစ်သကဲ့သို့ သံမဏိသစ်ပင်ကြီးကို နှိမ်နင်းရန်အတွက်လည်း အဓိကသော့ချက် ဖြစ်နေသောကြောင့် ဖြစ်တန်ရာသည်။
"ငါတို့ကို တျန်ချန်ပုတီးစေ့ ပြုပြင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ငါတို့ဘာသာပဲ ရှင်းလိုက်တော့မယ်" ဟု ဝံပုလွေအကြီးအကဲက ပြောရင်း ချင်ယွမ်ဖုန်း၏ လက်ထဲရှိ တျန်ချန်ပုတီးစေ့ကို လှမ်းကြည့်ကာ ယူရန် ပြင်လိုက်ချေသည်။
သို့သော် ထိုအချိန်တွင် ချင်ယွမ်ဖုန်းက ကန့်ကွက်လိုက်သည်။
"ဒီကိစ္စက ပြီးသွားပြီ မဟုတ်လား။ မင်းတို့ ငါ့ကို ပေးထားတဲ့ ကတိကို တည်ရမယ့်အချိန် ရောက်ပြီလေ"
"ဒါပေါ့..."
ကွက်တိပင် ထိုအချိန်၌ သူ၏ ဘေးနားရှိ မျိုးနွယ်စုဝင်တစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ငါတို့ မင်းကို ဘာကတိပေးလို့လဲ"
ချင်ယွမ်ဖုန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် ပြောလိုက်တော့သည်။
"မင်းတို့ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး မေ့သွားတာလား။ ဒီသံမဏိသစ်ပင်ကြီးကို နှိမ်နင်းပြီးရင် ငါ နတ်ဆို့သစ်သားကို ရရမယ်လေ"
"ဟွန်း" ထိုမျိုးနွယ်စုဝင်က နှာခေါင်းရှုံ့လျက် ဆိုသည်။ "ငါတို့ ဒီလိုမျိုး ဘယ်တုန်းကမှ မပြောခဲ့ဘူး။ မင်းကို ဘယ်သူက ကတိပေးခဲ့လဲ၊ အဲဒီလူကိုပဲ သွားရှာချေ"
ချင်ယွမ်ဖုန်းသာမက မီးနဂါး၏ မျက်နှာအမူအရာပါ ဤအခိုက်အတန့်တွင် အလွန်အမင်း ညိုမှိုင်းသွားခဲ့ရချေသည်။ ဝံပုလွေမျိုးနွယ်စုက ကတိဖျက်ပြီး မျက်နှာပြောင်တိုက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ၎င်းတို့၏ အကြည့်များသည် ဝံပုလွေအုပ်စုကြားထဲတွင် လိုက်လံရှာဖွေနေမိပြီး ၎င်းတို့နှင့် စကားပြောကာ ကတိပေးခဲ့သော ဝံပုလွေကို ရှာဖွေလိုသော်လည်း ဝံပုလွေအုပ်စုတစ်ခုလုံးတွင် ယင်းကို ဘယ်နေရာမှ မတွေ့ရတော့ချေ။
ခုနက စကားပြောခဲ့သော မျိုးနွယ်စုဝင်က မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။
"ရှာမနေနဲ့တော့၊ သူက ခုနက တိုက်ပွဲထဲမှာ သေသွားပြီ"
ချင်ယွမ်ဖုန်း အနည်းငယ် လန့်သွားပြီးနောက် သူ၏ အကြည့်က ဝံပုလွေအကြီးအကဲထံသို့ ကျရောက်သွားခဲ့သည်။ အကြီးအကဲကလည်း သူ့ကို ပြန်လည်ကြည့်ရှုနေခဲ့ချေသည်။ ထိုမျိုးနွယ်စုဝင် တိုက်ပွဲတွင် သေဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သော်လည်း ထိုမျိုးနွယ်စုဝင်သည် ဝံပုလွေအကြီးအကဲ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေရာ အကြီးအကဲအနေဖြင့် ဤကိစ္စကို မသိဘဲ မနေနိုင်ချေ။ ထို့ကြောင့် ချင်ယွမ်ဖုန်းက ဘာမျှမပြောဘဲ သူ့ကို စိုက်ကြည့်ကာ အဖြေကိုသာ စောင့်ဆိုင်းနေခဲ့သည်။
ဝံပုလွေအကြီးအကဲ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခဏအကြာတွင် ရုတ်တရက် ပြောဆိုလိုက်တော့သည်။
"ငါတို့ မင်းကို ဘာမှ ကတိမပေးခဲ့ဘူး။ မင်းပြောတာ မှန်တယ်ဆိုရင်တောင် ဒီသစ်ပင်အိုကြီးက လုံးဝ သေသွားတာ မဟုတ်သေးဘူး။ ဒါကြောင့် ဒီကိစ္စက လုံးဝ ပြီးသွားပြီလို့ ပြောလို့မရသေးဘူး"
"ဘာလဲ" မီးနဂါး၏ ဒေါသသည် ဤအခိုက်အတန့်တွင် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့ချေသည်။ ဤကောင်များက ကတိဖျက်ရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ဝူး..."
ကွက်တိပင် ထိုအချိန်၌ ဝံပုလွေဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ဧရာမ ဝံပုလွေအုပ်ကြီးတစ်ခုလုံးက ချင်ယွမ်ဖုန်းနှင့် မီးနဂါးကို စတင်တိုက်ခိုက်ကြတော့သည်။ ဝံပုလွေအကြီးအကဲသည် နောက်ကွယ်တွင် တိတ်ဆိတ်စွာ ရပ်နေပါသော်လည်း သူ၏ လုပ်ရပ်က မျိုးနွယ်စုဝင်များ၏ လုပ်ဆောင်ချက်ကို သဘောတူခွင့်ပြုထားကြောင်း ပြသနေခဲ့ချေသည်။
တိုက်ခိုက်မှုကို ဦးဆောင်နေသော ဝံပုလွေက ဟိန်းဟောက်လိုက်သည်။
"ငါတို့ ဝံပုလွေမျိုးနွယ်စုရဲ့ တျန်ချန်ပုတီးစေ့ကို ပြန်ပေးစမ်း"
"ငါ့ရဲ့ နတ်ဆို့သစ်သားကော ဘယ်မှာလဲ" မီးနဂါးက ဒေါသတကြီး ပြန်လည်အော်ဟစ်လိုက်သည်။
"နတ်ဆို့သစ်သားက ဘယ်တုန်းကမှ မင်းတို့ဥစ္စာ မဟုတ်ဘူး။ မင်းတို့က ငါတို့ ဝံပုလွေမျိုးနွယ်စုရဲ့ တျန်ချန်ပုတီးစေ့ကို ကိုယ်ပိုင်အဖြစ် သိမ်းချင်နေတာလား။ အရှက်မရှိတဲ့ အကောင်တွေ" ဟု ဦးဆောင်နေသော ဝံပုလွေကလည်း ဒေါသတကြီး ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်သော်လည်း သူ၏ အပြုံးက အတော်လေး အေးစက်လှချေသည်။ ဤဝံပုလွေများက မျက်စိတစ်မှိတ်အတွင်း ကတိသစ္စာ ဖောက်ဖျက်လိမ့်မည်ဟု သူ မမျှော်လင့်ထားသော်လည်း ဤကဲ့သို့သော ရလဒ်မျိုးကို သူ ကြိုတင်တွေးဆထားပြီး ဖြစ်ချေသည်။ အောက်ခြေရှိ ရန်သူများက စစ်ဗျူဟာ မခင်းကျင်းရသေးခင်မှာပင် ချင်ယွမ်ဖုန်းက မီးနဂါး၏ ပုခုံးကို ပုတ်ကာ လေသံအေးအေးဖြင့် အမိန့်ပေးလိုက်သည်။
"သွားစို့"
"ဘယ်သွားမှာလဲ" မီးနဂါးက အခြေအနေကို နားမလည်သော်လည်း ချင်ယွမ်ဖုန်းနှင့်အတူ ရှိနေသရွေ့ အဆင်ပြေလိမ့်မည်ဟု သိထားခဲ့ချေသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေအုပ်စု၏ မပြည့်စုံသေးသော ဝိုင်းရံမှုကို တိုက်ရိုက်ဖောက်ထွက်ကာ လမ်းကြောင်းတစ်ခုအတိုင်း လျင်မြန်စွာ ပျံသန်းသွားခဲ့ကြတော့သည်။
"သူတို့ကို အလွတ်မပေးကြနဲ့။ ငါတို့ရဲ့ တျန်ချန်ပုတီးစေ့က သူတို့လက်ထဲမှာ ရှိနေသေးတယ်"
"သူတို့ဆီမှာ တခြား ရတနာလည်း ရှိသေးတယ်..."
"အဲဒါ နဂါးသားရဲတစ်ကောင်နဲ့ လူသားမျိုးနွယ်ရဲ့ ထိပ်တန်းသိုင်းပညာရှင်ပဲ။ သူတို့ကိုယ်ပေါ်မှာ ရတနာတွေ အများကြီး ရှိရမယ်။ သူတို့ကို သတ်လိုက်ရင် အဲဒီရတနာတွေက ငါတို့ ဝံပုလွေမျိုးနွယ်စုဆီမှာ ထာဝရ ကျန်ခဲ့မှာပဲ"
နောက်ကွယ်မှ လိုက်လံနေသော ဝံပုလွေများ၏ အော်ဟစ်သံများကို ကြားရသည့်အခါ မီးနဂါး၏ ဒေါသက ပိုမိုပြင်းထန်လာခဲ့ရချေသည်။ ဤကောင်များသည် ဘယ်တုန်းကမှ လူကောင်းများ မဟုတ်ခဲ့ကြဘဲ ယခုကဲ့သို့ လုပ်ရပ်မျိုးမှာလည်း မျှော်လင့်ထားပြီးသား ဖြစ်ချေသည်။ ၎င်းတို့သည် နတ်ဆို့သစ်သားကို မရရှိသေးသဖြင့် အလွယ်တကူ ထွက်ခွာသွားမည် မဟုတ်သကဲ့သို့ ဝံပုလွေအုပ်စုကလည်း ချင်ယွမ်ဖုန်း၏ လက်ထဲရှိ ရတနာများကို မျက်စိကျနေခဲ့ကြပြီး ဖြစ်သောကြောင့် ၎င်းတို့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ချေ။
---
ဤအခိုက်အတန့်တွင် ဝံပုလွေအုပ်စုသည် ၎င်းတို့နှစ်ဦးအပေါ် ပြင်းထန်သော လိုက်လံဖမ်းဆီးသည့် စစ်ဗျူဟာကို တိုက်ရိုက် ခင်းကျင်းလိုက်ကြတော့သည်။ ချင်ယွမ်ဖုန်းသည် ၎င်းတို့နှင့် စကားအပိုပြောရန် ပျင်းရိနေခဲ့ချေသည်။ ဤဝံပုလွေများ၏ တစ်ဦးချင်းစီ ခွန်အားမှာ မသန်မာပါသော်လည်း ၎င်းတို့ စုစည်းမိသွားသည့်အခါ နတ်ဘုရားနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦးပင်လျှင် ဘာမျှမတတ်နိုင် ဖြစ်ရချေသည်။ ကောင်းကင်ဘေးဒုက္ခပေါင်းများစွာကို ကြံ့ကြံ့ခံခဲ့သော သံမဏိသစ်ပင်ကြီးမှာ ယင်းအတွက် ပုံစံကောင်းတစ်ခု ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ယခင်က ဤဝံပုလွေများကို သူ၏ ကမ္ဘာငယ်လေးထဲသို့ တစ်ကြိမ် ဆွဲသွင်းခဲ့ဖူးသော်လည်း ၎င်းတို့က လွတ်မြောက်သွားခဲ့ကြသည်။ ဝံပုလွေအကြီးအကဲအနေဖြင့် မရဏသစ်တောသို့ ချက်ချင်း ပြန်ရောက်အောင် မည်သည့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့သည်ကို သူ မသိချေ။
ရန်သူက ထိုရွှေ့ပြောင်းခြင်း နည်းလမ်းမျိုးကို ထပ်မံအသုံးမပြုနိုင်တော့လျှင်တောင် ချင်ယွမ်ဖုန်းတွင် ၎င်းတို့ကို ထပ်မံဆွဲသွင်းရန်အတွက် ခွန်အား မလုံလောက်တော့ချေ။
ထို့ကြောင့် ယခုအကြိမ်တွင်မူ သူသည် သံမဏိသစ်ပင်ကြီး ရှိခဲ့သော တည်နေရာကိုသာ အားကိုးရန် ရှိတော့သည်။
ဝံပုလွေအုပ်စုသည် ၎င်းတို့နှစ်ဦး ယခင်က သံမဏိသစ်ပင်ကြီး ရှိခဲ့သော ရေကန်ကြီး၏ အထက်သို့ ရောက်ရှိသွားသည်ကို မြင်သောအခါ အနည်းငယ် တွန့်ဆုတ်သွားခဲ့ကြသည်။ လိုက်လံဖမ်းဆီးခြင်းကို ဦးဆောင်နေသော ဝံပုလွေသည် ဝံပုလွေအကြီးအကဲ၏ ရှေ့သို့ ရောက်လာပြီး မေးမြန်းလိုက်သည်။
"သူတို့က အဲဒီသစ်ပင်အိုကြီး ရှိခဲ့တဲ့ နယ်မြေထဲကို ဝင်သွားကြပြီ။ ငါတို့ သတိထားရမလား"
ဝံပုလွေအကြီးအကဲက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်တော့သည်။
"ဒီနှစ်ယောက်က ငါတို့နဲ့ ပူးပေါင်းတုန်းက တခြား ရည်ရွယ်ချက် ရှိပုံရတယ်။ ငါတို့ တကယ်ပဲ သတိထားရမယ်။ ရှေ့က မျိုးနွယ်စုဝင်တွေကို ပြောလိုက်၊ ရှေ့က နယ်မြေကို တတ်နိုင်သမျှ ရှောင်ကွင်းကြဖို့"
"ဟုတ်ကဲ့"
ဝံပုလွေအကြီးအကဲ၏ အမိန့်ကို လွှဲပြောင်းပေးလိုက်သည့်အခါ လိုက်လံနေသော ဝံပုလွေများသည် ရုတ်တရက် ရပ်တန့်သွားကြပြီး ရှေ့သို့ ဆက်လက်၍ မတိုးရဲကြတော့ပေ။
ချင်ယွမ်ဖုန်းသည် ဝံပုလွေအုပ်စု နောက်ကွယ်မှ လိုက်မလာတော့သည်ကို မြင်သော်လည်း မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိခဲ့ချေ။ ရေကန်ကြီး၏ အထက်သို့ ရောက်ရှိသည့်အခါ သူက ရုတ်တရက် သူ၏ လက်ဝါးကို ဆန့်တန်းလိုက်ရာ ဧရာမ လက်ဝါးကြီးတစ်ခုသည် ရေကန်၏ မျက်နှာပြင်ဆင်သို့ တိုက်ရိုက် ဆင်းသက်သွားခဲ့သည်။ မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာပြီး ရေကန်မျက်နှာပြင်သည် ပြင်းထန်စွာ လှုပ်ခတ်ချောက်ချားလာခဲ့ချေသည်။ ထိုအသံအရ အောက်ခြေမှ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
ဘုန်း...
ဧရာမ ရေတိုင်လုံးကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားလှသော သစ်ပင်ငုတ်တိုကြီးတစ်ခုသည် ရေအောက်မှ ချက်ချင်းပင် ဆွဲတင်ခြင်း ခံလိုက်ရချေသည်။ ထိုသစ်ပင်ငုတ်တိုကြီးသည် မည်မျှကြာအောင် တည်ရှိခဲ့သည်မသိရဘဲ အလွန်အမင်း ထုထည်ကြီးမားလှသော်လည်း ချင်ယွမ်ဖုန်း၏ ခွန်အားကလည်း အလွန်အမင်း အစွမ်းထက်လှပေရာ ထိုမျှကြီးမားသော သစ်ပင်ငုတ်တိုကြီးကို သူက အောက်ခြေမှ တိုက်ရိုက် ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်တန်ရာသည်။
သစ်မြစ်များပါ ဆွဲထုတ်ခံလိုက်ရသည့်အခါ သစ်မြစ်များပေါ်ရှိ ကြီးမားလှသော သစ်ပင်အပေါက် ဆယ်ဂဏန်းကျော်ကို မူလက ဖုံးအုပ်ထားသော တံဆိပ်ခတ်နှိပ်မှုသည်လည်း ချက်ချင်းပင် ပွင့်ထွက်သွားခဲ့ရချေသည်။
အခန်း(၁၀၀၂) မရဏသစ်တောမှ ထွက်ခွာခြင်း
လေတိုးသံများက နားစည်ဘေးမှ အဆက်မပြတ် ဖြတ်သန်း တိုက်ခတ်နေပြီး ဝံပုလွေအုပ်သည် ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လေထုက များစွာ ပါးလွှာသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရချေသည်။
သစ်မြစ်ကြီး ပေါ်ထွက်လာခြင်းနှင့်အတူ မရဏသစ်တောအတွင်းရှိ ထူးခြားသော အရှိန်အဝါများသည် တဖြည်းဖြန်း ပျောက်ကွယ်သွားနေပြီ ဖြစ်သည်။
ရေကန်ဘေးတွင် စုဝေးနေကြသော ဝံပုလွေအုပ်သည် လောလောဆယ်၌ ကြောင်အမ်းသွားကြပြီး ချင်ယွမ်ဖုန်းက ထိုအရာကို အမြစ်ပါမကျန် ဆွဲနှုတ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ၎င်း၏တံဆိပ်တော်ကို ဖျက်ဆီးပြီးနောက်တွင်ပင် ယင်းက မရဏသစ်တော၏ အရှိန်အဝါကို မည်သည့် အဟန့်အတားမျှမရှိ အဆင်ပြေချောမွေ့စွာ ဆက်လက် စစ်ထုတ်ပေးနေဆဲ ဖြစ်ပေရာ ထိုသို့သော အခြေအနေကို သူတို့ လုံးဝ မတွေးမိခဲ့ကြချေ။
ချင်ယွမ်ဖုန်း သွားလေရာ အရပ်တိုင်းတွင် မရဏသစ်တောကြီးသည် လင်းထိန်သွားသကဲ့သို့ ရှိတော့သည်။
"အကိုနဂါး... အဲဒါကို ဖမ်းထားလိုက်၊ ကျွန်တော် စတော့မယ်" ချင်ယွမ်ဖုန်းက ပြောပြောဆိုဆိုနှင့် ဧရာမ သစ်ငုတ်တိုကြီးကို အကိုနဂါးထံ တိုက်ရိုက် လွှဲအပ်ပစ်လိုက်ချေသည်။
အကိုနဂါးသည် ဟိန်းဟောက်သံတစ်ချက် ပြုလုပ်လိုက်ပြီး မီးလျှံနဂါးသားရဲကြီး အသွင်သို့ ပြောင်းလဲကာ သစ်မြစ်ကြီးကို ရစ်ပတ်နှောင်ဖွဲ့ထားလိုက်သည်။
ထို့နောက် ချင်ယွမ်ဖုန်းက အောက်ဘက်ရှိ ဝံပုလွေအုပ်ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်းတို့နဲ့ သဘောတူညီချက်မရမှတော့ အားနာနေဖို့ မလိုတော့ဘူးပေါ့"
သူသည် ကျိန်းယွမ်သတ္တုကို မည်သို့ ရယူရမည်နည်းဟု မူလက တွေးတောနေခဲ့ခြင်း ဖြစ်သော်လည်း ဝံပုလွေအုပ်က သူ့ကို အရင် သစ္စာဖောက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ယခုမူ သူသည် တိုက်ရိုက် အရေးယူဆောင်ရွက်ပြီး သူတို့လက်ထဲမှ နတ်ဆို့သစ်သားကို လုယူနိုင်ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် အတိုင်းအဆမဲ့မြေကမ္ဘာကို တိုက်ရိုက် အသက်သွင်းလိုက်ပြီးနောက် မြောင်ကျင်းရေစင် ပါရှိသော ပုလင်းကို ဖွင့်လိုက်ချေသည်။
ရေစက်တစ်စက်သည် ချက်ချင်း ပျံသန်းထွက်ပေါ်လာပြီး ယင်း ပေါ်လာသည်နှင့်အတူ ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် မတည်မငြိမ် ဖြစ်သွားကာ ပြင်းထန်သော စွမ်းအားကြောင့် သစ်ပင်စည်ကြီးပင်လျှင် တိုက်ရိုက် ကွဲအက်သွားရသည်။
"အရမ်း သန်မာတာပဲ"
ဝံပုလွေအုပ်သည် ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်ကာ မဟောနိုင်ကြသော်လည်း သူတို့၌ အတွေးများစွာ တွေးတောနေရန် အချိန်မရှိတော့ချေ။
ချင်ယွမ်ဖုန်းသည် အတိုင်းအဆမဲ့မြေကမ္ဘာကို ထိန်းချုပ်ကာ မြောင်ကျင်းရေစင်ကို အစိတ်အပိုင်းများစွာ ခွဲခြားလိုက်ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ရေစက်ပေါင်းများစွာကို သူက သွယ်ဝိုက်၍ ထိန်းချုပ်လိုက်ပြီးနောက် အရှိန်အဟုန်မြှင့် တိုးကွယ်စေလိုက်သည်။
အရှိန်နှုန်းက အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ သူသည် အတိုင်းအဆမဲ့မြေကမ္ဘာ၏ ဟင်းလင်းပြင်ကို လျင်မြန်စွာ ပြိုကွဲပျက်စီးစေလိုက်ချေသည်။
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အမြောက်ဆန်တစ်ခု ထွက်ပေါ်လာသကဲ့သို့ လေပြင်းမုန်တိုင်းတစ်ခုက လမ်းခရီးရှိ အရာခပ်သိမ်းကို လွှမ်းမိုးတိုက်ခတ်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ ရှေးဟောင်းသစ်ပင်ကြီးများသည် ချက်ချင်းပင် ဖုန်မှုန့်ဘဝသို့ ရောက်ရှိသွားရပြီး မြေပြင်သည်ပင်လျှင် ပေပေါင်းများစွာ နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခုအဖြစ် အတင်းအကျပ် ဆွဲဖြဲခြင်း ခံလိုက်ရချေသည်။
ဝံပုလွေအုပ်သည် မြေအောက်မှ မရဏသစ်တော၏ စွမ်းအားကို စုပ်ယူလိုကြသော်လည်း ယခုအခါတွင် မည်သည့် စွမ်းအားကိုမျှ စုပ်ယူ၍ မရတော့ပေ။ မြောင်ကျင်းရေစင်၏ ရိုက်ခတ်မှုသည် ထိုအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်တန်ရာသည်။
နီရဲသော သွေးမြူများက ပတ်ဝန်းကျင်တွင် ချက်ချင်း လွှမ်းမိုးသွားပြီး ဝံပုလွေမျိုးနွယ်စု၏ စူးရှသော အော်ဟစ်သံများသည် မိုင်ပေါင်းရာချီ ပျံ့လွင့်သွားတော့သည်။
ဤတိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ဝံပုလွေမျိုးနွယ်စုဝင်များ၏ ထက်ဝက်ကျော်သည် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်း ဘဝသို့ ရောက်ရှိသွားရရှာသည်။
ဝံပုလွေမျိုးနွယ်စု အကြီးအကဲ၏ မျက်ဝန်းများတွင် ထိုမြင်ကွင်းကို မြင်လျှင်မြင်ခြင်း ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ထင်ဟပ်သွားချေသည်။
သူသည် ထိုသို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးပေ။ တိုက်ကွက်တစ်ကွက်တည်းဖြင့် သူတို့၏ ဝံပုလွေမျိုးနွယ်စုတစ်ခုလုံး နီးပါး ပျက်စီးလုနီးပါး ဖြစ်သွားရသည်။
ဤကြောက်မက်ဖွယ် မြင်ကွင်းသည် ယခင်က သူ့အိပ်မက်ထဲတွင်သာ ပေါ်လာဖူးခြင်း ဖြစ်သော်လည်း ယခုအခါ လက်တွေ့တွင် တကယ် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
၎င်းအပြင် တိုက်ခိုက်မှု တစ်ချက်အပြီးတွင် ချင်ယွမ်ဖုန်းက ဒုတိယအကြိမ်မြောက် တိုက်ကွက်ကို ချက်ချင်း ပြင်ဆင်နေပြီ ဖြစ်သည်။
"မြန်မြန်... အစီအရင်လုပ်ပြီး ဒီအရာကို ခုခံကြ" ဝံပုလွေမျိုးနွယ်စု အကြီးအကဲက အော်ဟစ်အမိန့်ပေးလိုက်သည်။
အကယ်၍ သူတို့သည် မြောင်ကျင်းရေစင်ကို မခုခံနိုင်ပါက သူတို့၏ ဝံပုလွေမျိုးနွယ်စုသည် သေဆုံးခြင်းနှင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သို့သော်လည်း ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုဝင်များသည် ကောင်းကင်ယံသို့သာ မော့ကြည့်နေကြပြီး ထိုနေရာတွင် အကိုနဂါးက သစ်ငုတ်တိုကြီးကို ရစ်ပတ်ကာ သူတို့အထက်တွင် ပျံသန်းနေသည်။
ထိုသစ်ငုတ်တိုကြီးသည် ရေစုပ်စက်တစ်ခုကဲ့သို့ မြေအောက်မှ မရဏသစ်တော၏ အရှိန်အဝါများကို အဆက်မပြတ် စုပ်ယူနေခြင်း ဖြစ်သည်။
ဝံပုလွေမျိုးနွယ်စုသည် မည်သည့် အပိုစွမ်းအားကိုမျှ မရရှိနိုင်တော့ပေ။ သူတို့၏ ကိုယ်ပိုင်အစွမ်းဖြင့် မြောင်ကျင်းရေစင်ကို ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
"မဖြစ်ဘူး... လုံးဝ မဖြစ်နိုင်ဘူး" ဝံပုလွေမျိုးနွယ်စု အကြီးအကဲသည် ထိုအခိုက်အတန့်တွင် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားလိုက်ရပြီး ဝံပုလွေမျိုးနွယ်စုသည် မရဏသစ်တောအတွင်း အမှန်တကယ် ပျက်စီးခြင်းသို့ ရောက်ရတော့မည် ဖြစ်တန်ရာသည်။
"အကြီးအကဲ... သူလိုချင်တာ နတ်ဆို့သစ်သားလေ၊ ကျွန်တော်တို့ သူ့ကို နတ်ဆို့သစ်သား မြန်မြန် ပေးလိုက်ရအောင်" ဝံပုလွေမျိုးနွယ်စုဝင်များက အကြီးအကဲကို ချက်ချင်း ဖျောင်းဖျကြတော့သည်။ "အခုအချိန်မှာ တခြားအရာတွေကို မမျှော်လင့်တာ အကောင်းဆုံးပဲ၊ မျိုးနွယ်စုဝင်တွေကို ထိန်းသိမ်းဖို့က အဓိကပဲ။ မဟုတ်ရင် မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားတဲ့အခါ နောင်တရဖို့တောင် အခွင့်အရေး ရှိမှာ မဟုတ်ဘူး"
ဝံပုလွေမျိုးနွယ်စု အကြီးအကဲ၏ မျက်ဝန်းများတွင် မူလက လောဘစိတ်များ ပြည့်နှက်နေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် ချင်ယွမ်ဖုန်း၏ စွမ်းအားက သူထင်ထားသည်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းကြောင်း ရုတ်တရက် နားလည်သွားချေသည်။
သူ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
သူ အခု လုပ်နိုင်သည်မှာ သူ့ကိုလည်းကောင်း၊ သူ့မျိုးနွယ်စုဝင်များကိုလည်းကောင်း အသက်ချမ်းသာပေးရန် တောင်းပန်ဖို့သာ ရှိတော့သည်။
"ကျွန်တော်တို့ နတ်ဆို့သစ်သားကို ပေးပါ့မယ်"
ချင်ယွမ်ဖုန်းက ဒုတိယအကြိမ်မြောက် တိုက်ကွက်ကို ပြင်ဆင်နေဆဲမှာပင် ဝံပုလွေမျိုးနွယ်စု အကြီးအကဲက ရုတ်တရက် အော်ဟစ်လိုက်ချေသည်။
ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မည့် ဟန်ပန်သည် အနည်းငယ် တုန့်ဆိုင်းသွားသည်။
ချက်ချင်းဆိုသလိုပင် ဝံပုလွေမျိုးနွယ်စုဝင်တစ်ဦးသည် သံမဏိသစ်ပင်ကြီးထံမှ လုယူထားသော နတ်ဆို့သစ်သားကို ပါးစပ်ဖြင့် ကိုက်ချီကာ ချင်ယွမ်ဖုန်းထံသို့ ချဉ်းကပ်လာသည်ကို သူ မြင်လိုက်ရသည်။
ကောင်းကင်တစ်ခုလုံးတွင် ပြည့်နှက်နေသော ရေစက်များကို ကြည့်ပြီး ထိုဝံပုလွေ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် တုန်ရင်နေရှာသည်။
အဘယ်ကြောင့်ဆိုသော် သေခြင်းတရားက အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ခံစားနေရသောကြောင့် ဖြစ်သည်။
နတ်ဆို့သစ်သားကို ချထားပြီးနောက် သူသည် မိမိမျိုးနွယ်စုထံသို့ လျင်မြန်စွာ ပြန်လည် ဆုတ်ခွာသွားတော့သည်။
ချင်ယွမ်ဖုန်းက လက်ဝါးကို ဝေ့ယမ်းလိုက်ရာ နတ်ဆို့သစ်သားသည် သူ့လက်ထဲသို့ တိုက်ရိုက် ရောက်ရှိလာချေသည်။
သူသည် အနည်းငယ် စစ်ဆေးကြည့်လိုက်ရာ ယင်းက အမှန်တကယ်ပင် နတ်ဆို့သစ်သား ဖြစ်နေသည်။
သူက ဝံပုလွေအုပ်ကို တစ်ချက် ပြန်ကြည့်လိုက်ရာ သူတို့သည် အဝေးကြီးသို့ ဆုတ်ခွာသွားကြပြီး ချင်ယွမ်ဖုန်းအနီးသို့ မချဉ်းကပ်ရဲကြတော့ပေ။ အကိုနဂါးကမူ သူတို့ခေါင်းထက်တွင် အဆက်မပြတ် ပျံသန်းနေပြီး ပတ်ဝန်းကျင်ရှိ မရဏသစ်တော၏ အရှိန်အဝါကို အမြဲမပြတ် ထိန်းချုပ်ထားဆဲ ဖြစ်သည်။
"အကိုနဂါး... ပြန်ကြစို့" နတ်ဆို့သစ်သားကို ရရှိပြီးနောက် လိုအပ်သော ပစ္စည်းအားလုံး စုံလင်သွားပြီ ဖြစ်ပေရာ ချင်ယွမ်ဖုန်းသည် ဤနေရာတွင် ဆက်လက် နေထိုင်ရန် အစီအစဉ် မရှိတော့ပေ။
ဤဝံပုလွေများအတွက် နောက်ဆက်တွဲ ရလဒ်များက မည်သို့ပင် ဖြစ်စေကာမူ ယင်းက အရေးမကြီးတော့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့ ကိုယ်တိုင် ဖိတ်ခေါ်ခဲ့သော ဘေးဒုက္ခ ဖြစ်ပြီး ချင်ယွမ်ဖုန်းအနေဖြင့် သူတို့ကို ဂရုစိုက်နေရန် ဆန္ဒမရှိတော့ချေ။
---
ချင်ယွမ်ဖုန်း ထွက်ခွာသွားသည်နှင့်အမျှ သစ်ငုတ်တိုကြီးကို သယ်ဆောင်ထားသော အကိုနဂါးသည်လည်း အနီးကပ် လိုက်ပါသွားပြီး ဝံပုလွေအုပ်သည်လည်း လိုက်လံ တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။
သူတို့နှစ်ဦး သံမဏိသစ်ပင်ကြီး အနားသို့ ရောက်ရှိသောအခါ ချင်ယွမ်ဖုန်းက အကိုနဂါးကို ပြောလိုက်သည်။
"သစ်ငုတ်တိုကို အောက်ချပြီး သူ့ကို ပြန်ပေးလိုက်"
အကိုနဂါးသည် ထိုအရာကို မည်သို့ ကိုင်တွယ်ရမည်ကို မသိသဖြင့် ချင်ယွမ်ဖုန်း၏ စကားကို ကြားပြီးနောက် ဧရာမ သစ်ငုတ်တိုကြီးကို အောက်သို့ တိုက်ရိုက် လွှင့်ပစ်လိုက်ချေသည်။
ယင်းက လေထဲတွင် ဝူးဝူးဝါးဝါး မြည်ဟီးကာ သံမဏိသစ်ပင်ကြီး၏ ဘေးတွင် ပြုတ်ကျသွားတော့သည်။
အသက်ငင်နေပြီ ဖြစ်သော သံမဏိသစ်ပင်ကြီးသည် ထိုအခိုက်အတန့်တွင် ကောင်းကင်မှ ကျလာသော သစ်ငုတ်တိုကြီးကို မြင်လိုက်ရသောအခါ အနည်းငယ် ကြောင်အမ်းသွားရှာသည်။
သူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ လျင်မြန်စွာ ထွက်ခွာသွားကြသော ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့၏ ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။
သူ့မျက်ဝန်းများတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာပြီးနောက် သူ၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ဆွဲကာ သစ်ငုတ်တိုကြီးပေါ်သို့ တွားသွား၍ တက်လိုက်ချေသည်။
အပေါ်ဆုံးသို့ ရောက်ရှိသွားသောအခါ ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံသွားတော့သည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းနှင့် အကိုနဂါးတို့သည် မရဏသစ်တောမှ ထွက်ခွာလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း သူတို့ လာခဲ့သည့် လမ်းတစ်လျှောက်တွင် သွေးရောင်ခြင်္သေ့များသည် အနက်ရှိုင်းဆုံးပိုင်းသို့ အဆက်မပြတ် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ မချိတင်ကဲ ခေါင်းယမ်းလိုက်မိသည်။ ဤဝံပုလွေများသည် ကြီးစွာသော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်တန်ရာသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုအရာများကို ဂရုစိုက်ရန် ပျင်းရိနေပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် စောင်းမျှော်စင်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
ကျိန်းယွမ်သတ္တုကို မထင်မှတ်ဘဲ ရရှိခဲ့ခြင်းက သူတို့အတွက် အချိန်များစွာ သက်သာစေခဲ့ချေသည်။
သူတို့သည် အိမ်တော်ထံသို့ သတင်းစကား ပေးပို့လိုက်ပြီး သူ့ကို ပြန်လာရန် ဖိတ်ခေါ်လိုက်ကြသည်။
ယခုအခါတွင် ပစ္စည်းအားလုံး နောက်ဆုံးတွင် စုံလင်သွားပြီ ဖြစ်ပေရာ သူတို့သည် အလင်းထက် မြန်သော ဟင်းလင်းပြင် ကူးပြောင်းခြင်းကို ပြုလုပ်နိုင်ရန်အတွက် မှော်ရတနာကို စတင် သွန်းလုပ်နိုင်ပြီ ဖြစ်သည်။