အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း ၁၃၄
နဂါးမြှုပ်နှံခြင်းချိုင့်ဝှမ်းသည် မိုးကြိုးတောင်း၏ မိုးကြိုးနဂါး သေဆုံးခဲ့ရာနေရာဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေ၏။
ထိုနေရာသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးဖိအားများနှင့် ပြည့်နှက်နေပြီး နဂါးသွေးများနှင့် နဂါးဝိဉာဉ်များ နေရာအနှံ့ ပျံ့ကြဲနေသည်။ သားရဲဖြစ်စေ၊ လူသားဖြစ်စေ ထိုနေရာထဲသို့ ဝင်ရောက်လာသူတိုင်းသည် ကြီးမားသော ဖိနှိပ်မှုဒဏ်ကို ကြံ့ကြံ့ခံကြရမည်ဖြစ်သည်။ အနည်းငယ် စွမ်းအားနိမ့်ကျသောသူများမှာ ထိုနေရာထဲသို့ ခြေချရန်ပင် မစွမ်းသာကြချေ။
၎င်းအပြင် ထိုနေရာကို ပြင်းထန်သော မိုးကြိုးစွမ်းအင်စက်ကွင်းများဖြင့် ဖုံးလွှမ်းထားပြီး မိုးကြိုးများ မကြာခဏ ပစ်ခတ်လေ့ရှိသည်။ ၎င်းမှာ နဂါးကြီး သေဆုံးသွားပြီးနောက်ပိုင်း မကျေမနပ်ဖြစ်ကာ မုန်တိုင်းထန်နေသော အမုန်းတရားများအလား တစ်နှစ်ပတ်လုံး မငြိမ်းချမ်းနိုင်ဘဲ ကာလရှည်ကြာစွာ တည်ရှိနေခြင်း ဖြစ်သည်။
သို့သော်လည်း အမြင့်ဆုံးဖြစ်သော ခရမ်းရောင်မိုးကြိုးတောင်ထွတ်နှင့် နှိုင်းယှဉ်လျှင် နဂါးမြှုပ်နှံချိုင့်ဝှမ်းက များစွာ ပို၍ဘေးကင်းသည်။ အဘယ်ကြောင့်ဆိုသော် အတွင်း၌ မည်သည့်မိစ္ဆာ သားရဲမျှ ရှင်သန်မနေကြသလို ပြင်ပမှ သားရဲများသည်လည်း ထိုနေရာသို့ မချဉ်းကပ်ဝံ့ကြသောကြောင့် ဝင်သွားသည့်အခါ သားရဲများ၏ တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်စရာမလိုပေ။
ဤသည်မှာ မိုးချုပ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ကျန်းဟန်တစ်ယောက် နဂါးမြှုပ်နှံခြင်းချိုင့်ဝှမ်းထဲသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်ဝံ့ရသည့် အကြောင်းအရင်းပင် ဖြစ်သည်။
တစ်ကီလိုမီတာခန့် လျှောက်လှမ်းပြီးနောက် ကျန်းဟန်သည် နဂါးမြှုပ်နှံခြင်းချိုင့်ဝှမ်း၏ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက နဂါးမြှုပ်နှံခြင်းချိုင့်ဝှမ်း၏ အတွင်းပိုင်းသည် မည်သည့်အပင်မျှ ပေါက်ရောက်ခြင်းမရှိဘဲ ခြောက်သွေ့သွေ့နိုင်လှသည်။ မြေပြင်ကို မည်းနက်နေသော ကျောက်ဖြစ်မြေမာများဖြင့် ဖွဲ့စည်းထားပြီး ကျောက်ခဲအကြေအမွများမှာလည်း နေရာအနှံ့ ရှိနေသည်။
ဘေးတစ်ဖက်တစ်ချက်တွင် မြင့်မားသော ကျောက်ဆောင်ကမ်းပါးကြီးများ ရှိနေပြီး ထိုအရာမှာ ကြီးမားကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သည်။ ချိုင့်ဝှမ်း၏ အထက်ကောင်းကင်တွင်မူ ရေးရေးမျှသာ မြင်တွေ့နိုင်သော ဧရာမ ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ အရာတစ်ခု ရှိနေပြီး မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေသည်။
“ဂူးးး...”
ဟုတ်ဟုန်သည် ရုတ်တရက် ဂဏာမငြိမ် ဖြစ်လာပြီး ၎င်း၏ အမွေးအတောင်များအားလုံး ထောင်ထသွားခဲ့ကာ မီတာရာဂဏန်းခန့် နောက်သို့ ပျံသန်း ဆုတ်ခွာသွားပြီးမှ ရပ်တန့်သွားတော့သည်။
“မင်း ဘာဖြစ်လို့လဲ။”
ကျန်းဟန်က ဟုတ်ဟုတ်ကို ကြည့်ကာ မေးလိုက်သည်။ သူကိုယ်တိုင်လည်း ထိုဖိအားကို ခံစားနေရသည့်အပြင် သူ့ကို အနည်းငယ် စိတ်တိုဒေါသထွက်လွယ်စေသော အစဉ့်ကလျား အငွေ့အသက်တစ်ခုကို ခံစားနေရသော်လည်း သိပ်ပြီးတော့ ပြင်းထန်ခြင်းမရှိပေ။ သို့သော် ဟုတ်ဟုတ်၏ တုံ့ပြန်မှုမှာမူ အလွန်အမင်း ပြင်းထန်လွန်းနေသည်။
“ဂူးဂူး...”
ဟုတ်ဟုတ်က ခေါင်းခါပြလိုက်ပြီး ဘာမှမပြောဘဲ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့သာ ပြန်သွားချင်နေ၏။
“ကောင်းပြီလေ... ဒါဆိုလည်း မင်း အရင်ပြန်နားလိုက်တော့။”
ကျန်းဟန်က ခေါင်းညိတ်ကာ ဟုတ်ဟုတ်ကို ပြန်သိမ်းလိုက်ပြီး ပိုင်လင်းကို အပြင်ထုတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ဤနေရာသည် နဂါးမြှုပ်နှံခြင်းချိုင့်ဝှမ်းဟု လူသိများပြီး ပိုင်လင်းမှာ နဂါးတစ်ကောင် ဖြစ်သောကြောင့် တစ်စုံတစ်ခုကို အာရုံခံမိနိုင်ချေ ရှိသည်။
ပိုင်လင်း အပြင်သို့ ရောက်လာပြီးနောက် ကျန်းဟန်သည် မြူခိုးမျက်နှာဖုံးကို အသက်သွင်းလိုက်သည်။ သူ၏ စိတ်ဝိဉာဉ်ထဲတွင် ဖုံးကွယ်ထားသော မြူခိုးများသည် သီးခြားအမျှင်တန်း နှစ်ခုအဖြစ် ကွဲထွက်သွားပြီး တစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းသွားကာ နောက်တစ်ခုက ပိုင်လင်းအပေါ် သက်ရောက်သွားခဲ့သည်။
မြူလိုးမျက်နှာဖုံးတွင် ပြင်းထန်သော ဖုံးကွယ်ခြင်းအာနိသင် ရှိသည်။ ကျန်းဟန်၏ မျက်နှာသွင်ပြင်သည် တိုက်ရိုက် ပြောင်းလဲသွားပြီး ပိုင်လင်းသည်လည်း နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြင်ပမှကြည့်လျှင် ငွေဖြူရောင် လေဟုန်စီး ငှက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းဟန်သည် မြူခိုးမျက်နှာဖုံး၏ ဆန်းကြယ်မှုကို ယခင်ကတည်းက မြင်တွေ့ခဲ့ဖူးသော်လည်း ယခုအထိ အံ့ဩမိနေဆဲပင်။ ဤအရာမှာ အနည်းငယ် ဆန်းကြယ်လွန်းလှသည်။
“ဝေါင်းးးး”
ပိုင်လင်းသည် အပြင်သို့ ရောက်လာပြီးနောက် ခဏမျှ မှင်တက်သွားပြီး မြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်ကာ ဝမ်းနည်းပူဆွေးဖွယ် ဟိန်းဟောက်သံများကို ထုတ်ဖော်လိုက်တော့သည်။ ၎င်း၏ ခန့်ညားထည်ဝါပြီး စူးရှလှသော မျက်ဝန်းအိမ်များထဲမှ မျက်ရည်များပင် စီးကျလာခဲ့သည်။
ထိုမျက်ရည်များ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် မည်းနက်နေသော ကျောက်ဖြစ်မြေမာများသည် ပျော့ပြောင်းသွားပြီး ခရမ်းနီရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ထူထဲသိပ်သည်းသော သွေးညှီနံ့များ ထွက်ပေါ်လာခဲ့သည်။ မကြာမီမှာပင် ထိုသွေးညှီနံ့များထဲမှ ဝိုးတိုးဝါးတား အရိပ်သဏ္ဌာန်များ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့အားလုံးမှာ နဂါးများ၏ ပုံသဏ္ဌာန်များ ဖြစ်ကြသည်။
၎င်းအပြင် အရိပ်သဏ္ဌာန်တစ်ခုစီတွင် သွေးနီရောင် အရိပ်အယောင်အချို့ ပါဝင်နေသည်။ မကြာမီမှာပင် မြေပြင်သည် မည်းနက်သော မြေမာအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ထိုဝိုးတိုးဝါးတား နဂါးရိပ်များအားလုံးသည် တစ်စုတစ်စည်းတည်း ပေါင်းစပ်သွားကာ သွေးနီရောင် နဂါးဝိဉာဉ်တစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။
ထိုနဂါးဝိဉာဉ်သည် လေထုထဲတွင် အသံတိတ် ဝမ်းနည်းစွာ ဟိန်းဟောက်လိုက်ပြီးနောက် ပိုင်လင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် မှတ်ဉာဏ်တစ်ခုသည် ပိုင်လင်း၏စိတ်ထဲ၌ ပွင့်ထွက်သွားခဲ့ပြီး ကျန်းဟန်ထံသို့ပါ တိုက်ရိုက်ကူးပြောင်း ရောက်ရှိလာခဲ့သည်။
ထိုမှတ်ဉာဏ်ထဲတွင် ကျန်းဟန်သည် နဂါးဝိဉာဉ်၏ မူလအစကို မြင်တွေ့လိုက်ရ၏။ ဤမည်းနက်နီမြန်းသော ကျောက်ဖြစ်မြေမာများ၏ အောက်ခြေတွင် အဆုံးမရှိသော ပြောင်းပြန်ကမ္ဘာတစ်ခု အမှန်တကယ် ပုန်းကွယ်နေခဲ့သည်။ ထိုကမ္ဘာကြီးသည် စိတ်ကူးယဉ်၍မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်ပြီး အောက်ခြေတွင် မီးခိုးရောင် အုံ့မှိုင်းနေသော ကောင်းကင်ရှိကာ အထက်တွင်မူ မည်းနက်သော မြေကမ္ဘာ ရှိနေသည်။
ထိုကမ္ဘာကြီးထဲတွင် သေဆုံးသွားခဲ့ကြသော ရေတွက်၍မရနိုင်သည့် နတ်နဂါးများနှင့် မဟာနဂါးကြီးများ ရှိနေကြပြီး ၎င်းတို့၏ အလောင်းများက ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထိုနေရာတွင် နဂါးအလောင်းတစ်ခုစီသည် တောင်တစ်လုံးကဲ့သို့ ကြီးမားလှပြီး အချို့မှာ မြစ်ကြီးများနှင့် တောင်တန်းကြီးများကဲ့သို့ပင် ရှည်လျားကြီးထွားလှသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် အဆုံးမဲ့သော အချိန်ကာလများကြောင့် ယုတ်လျော့သွားခဲ့ပြီဟု ထင်ရသော်လည်း လွင့်ပျံလာသော အငွေ့အသက် အနည်းငယ်ကပင် ကျန်းဟန်ကို အသက်ရှူကျပ်သွားစေကာ သူ၏နှလုံးခုန်သံမှာ ရုတ်တရက် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုအငွေ့အသက်သည် ဆန်းကြယ်ပြီး ရှေးကျလှသည်။ နဂါးတစ်ကောင်ချင်းစီသည် အနှိုင်းမဲ့ ဒဏ္ဍာရီတစ်ခုစီကို ပြောပြနေသည့်အလား ရှိနေပြီး တစ်ချိန်က ကမ္ဘာတစ်ခုစီ၏ အရှင်သခင်များ၊ မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့၏ ကိုးကွယ်ဆည်းကပ်မှုနှင့် ရိုသေလေးစားမှုကို ခံခဲ့ရသော တည်ရှိမှုများ ဖြစ်ခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်တွင်မူ သိပ်သည်းထူထပ်သော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သွေးများ အဆက်မပြတ် ပန်းထွက်နေကာ မီးခိုးရောင် ကမ္ဘာမြေကြီးကို နက်မှောင်သော အမည်းရောင်အဖြစ်သို့ စိုရွှဲသွားစေခဲ့သည်။ ၎င်းမှာ အလွန်အမင်း နီရဲရာမှ ပြောင်းလဲသွားသော အနက်ရောင် ဖြစ်သည်။
ကောင်းကင်တစ်ခုလုံးတွင် အသံတိတ် ဝမ်းနည်းပူဆွေးဖွယ် ဟိန်းဟောက်သံများဖြင့် ပြည့်နှက်နေပြီး နဂါးဝိဉာဉ်များသည် မနားတမ်း တိုက်ခတ်နေသော ဧရာမ လေပြင်းမုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ မည်ကဲ့သို့သော တည်ရှိမှုမျိုးက ဤမျှအထိ သန်မာပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးမျိုးနွယ်ဝင် အမြောက်အမြားကို ဤနေရာတွင် သတ်ဖြတ်နိုင်ခဲ့ပါသနည်း။
ကျန်းဟန်တစ်ယောက် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အတိုင်းအဆမရှိ ကြီးမားသော တောင်တစ်လုံးကို မြင်တွေ့လိုက်ရသည်။ သူ၏ အမြင်အာရုံသည် မီတာသောင်းချီ၍ မြင့်တက်သွားသောအခါ ကျန်းဟန်သည် ဤအရာမှာ အမှန်တကယ်တော့ လှဲလျောင်းနေသော ဧရာမ သားရဲကြီးတစ်ကောင် ဖြစ်နေကြောင်း သေသေချာချာ မြင်လိုက်ရတော့သည်။ ၎င်းမှာ မျက်လုံးတစ်လုံးတည်းရှိသော ဧရာမသားရဲကြီး ဖြစ်သည်။ ၎င်းတွင် လူသားကဲ့သို့ ခန္ဓာကိုယ် ရှိရုံသာမက ကျောပြင်တွင်လည်း မတူညီသော ဆန်းကြယ်သည့် အငွေ့အသက် ကိုးမျိုးကို ထုတ်ဖော်နေသည့် ဧရာမနဂါးအမြီး ကိုးချောင်းရှိနေသည်။
၎င်း၏ရှေ့တွင် ထိုနဂါးမျိုးနွယ်ဝင်များသည် ပိုးကောင်လေးများကဲ့သို့ သေးငယ်လွန်းလှ၏။ ကြောက်မက်ဖွယ် အကောင်းဆုံးအချက်မှာ ထိုသားရဲကြီးသည် သေဆုံးခြင်းမရှိသေးဘဲ စောစောက ကြောက်မက်ဖွယ်ကောင်းသော နဂါးဝိဉာဉ် လေပြင်းမုန်တိုင်းမှာ ၎င်း၏ နှာခေါင်းပေါက်များမှ မှုတ်ထုတ်လိုက်ခြင်း ဖြစ်သည်။
၎င်းရှိနေသောနေရာမှာ နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်ပြီး နဂါးသွေးအားလုံးက ၎င်းဆီသို့ စီးဆင်းသွားကာ ၎င်း၏ခန္ဓာကိုယ်မှ ဖြာထွက်နေသော အနက်ရောင် ပြွန်ချောင်းအချို့က အဆက်မပြတ် စုပ်ယူဝါးမြိုနေကြခဲ့သည်။
ကျန်းဟန် ဆက်လက်စောင့်ကြည့်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ကိုးရောင်ခြယ် အလင်းတန်းတစ်ခုသည် မျက်လုံးတစ်လုံးတည်းနှင့် နဂါးအမြီးရှိသော သားရဲကြီး၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပွင့်ထွက်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံးသည် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားပြီး အရာအားလုံး ပျောက်ကွယ်သွားတော့သည်။
“ဟင်...”
ကျန်းဟန်သည် လက်တွေ့ဘဝ၌ ချက်ချင်း အသိပြန်ဝင်လာပြီး သူ့ရှေ့ရှိ မည်းနက်နေသော မြေပြင်ကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။
မြေအောက်တွင် ရေတွက်မရနိုင်သော နဂါးမျိုးနွယ်စု အလောင်းများနှင့် အမည်မသိ စွမ်းအားရှိသော မျက်လုံးတစ်လုံးတည်းနှင့် နဂါးအမြီးရှိ သားရဲကြီး ရှိနေသည့် ပြောင်းပြန်ကမ္ဘာတစ်ခု တကယ်ပဲ ရှိနေခြင်းလော။
“ဒါ ငါ့ရဲ့ စိတ်ကူးယဉ် အာရုံမှားမှုများလား...”
ကျန်းဟန်သည် မိမိကိုယ်ကိုယ် ရေရွတ်လိုက်မိသော်လည်း စောစောက မြင်တွေ့ခဲ့ရသမျှ အရာအားလုံးမှာ အလွန်အမင်း စစ်မှန်လွန်းနေသဖြင့် အာရုံမှားမှုတစ်ခုနှင့် လုံးဝ မတူပေ။
“ဝေါင်းးး”
ပိုင်လင်း၏ လှုပ်ရှားမှုက ကျန်းဟန်၏ အတွေးစများကို ဖြတ်တောက်ပစ်လိုက်သည်။
သွေးနီရောင် အလင်းတန်းတစ်ခုသည် ပိုင်လင်း၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို အတွင်းမှ အပြင်သို့ အသွင်ပြောင်းလဲပေးနေသည်။ ထိုအသွင်ပြောင်းလဲမှုသည် လျင်မြန်စွာ ဖြစ်ပေါ်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သွေးရောင်အလင်းတန်းများ လွင့်ပြယ်သွားခဲ့သည်။ ပိုင်လင်း၏ ကျင့်ကြံမှုအဆင့်သည် မြင့်တက်မလာသည့်အပြင် လက်ရွေးစင်အဆင့်၏ အစောပိုင်းအဆင့်သို့ပင် ပြန်လည်ကျဆင်းသွားခဲ့သည်။
သို့သော်လည်း ပိုင်လင်း၏ ခန္ဓာကိုယ်သည် ပိုမိုထူးခြားဆန်းကြယ်လာခဲ့သည်။ ၎င်း၏ အကြေးခွံများပေါ်တွင် သေးငယ်သော ရှေးဟောင်းအက္ခရာပုံစံများ ပေါ်ထွက်လာပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးအငွေ့အသက်သည်လည်း ယခင်ကထက် များစွာ ပိုမိုကြီးမား ကျယ်ပြန့်လာခဲ့သည်။ ထို့ပြင် ၎င်းထံတွင် စောစောက ပြောင်းပြန်ကမ္ဘာထဲ၌ အသတ်ခံလိုက်ရသော နတ်ဘုရားနဂါးများထံမှ အငွေ့အသက်နှင့် အလွန်တူသော ရှေးကျသည့် မှိန်ဖျော့ဖျော့ အငွေ့အသက်တစ်ခု ကိန်းအောင်းနေပြီ ဖြစ်သည်။
[ သင်၏ သားရဲဖြစ်သော ခရမ်းရောင်မိုးကြိုးနဂါးသည် ဆန်းကြယ်သော လက်ဆောင်တစ်ခုကို ရရှိခဲ့ပြီး နဂါး၏ မူလသွေးနှင့် ဝိဉာဉ်ကို ရရှိသွားခဲ့သည်။ ၎င်း၏ အလားအလာသည် ကိုးကြယ်ပွင့်အထိ ကြီးထွားသွားခဲ့ပြီး ဒဏ္ဍာရီလာ သားရဲတစ်ကောင် ဖြစ်လာနိုင်သည့် အခွင့်အရေး ရှိသွားပါပြီ။ ]
[ နဂါး၏ မူလသွေးနှင့် ဝိဉာဉ်သည် ကောင်းကင်နှင့် မြေကြီးတွင် ပထမဆုံးသော သက်ရှိသတ္တဝါအုပ်စု စတင်မွေးဖွားလာစဉ်က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ပိုင်ဆိုင်ပြီးနောက်တွင် ကြီးထွားမှုအပိုင်း၌ မည်သည့်ကန့်သတ်ချက်မျှ ရှိတော့မည်မဟုတ်ပါ။ ]
“သွားပြီ...”
ကျန်းဟန်သည် သူ့မျက်စိရှေ့တွင် ပိုးစုန်းကြူးလေးများအလား ပေါ်ထွက်လာသော စာသားလေးများကို ကြည့်ရင်း မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
ဤနဂါး၏ မူလသွေးနှင့် ဝိဉာဉ်သည် သေဆုံးသွားသော နဂါးအလောင်းများက နည်းလမ်းမျိုးစုံကို အသုံးပြု၍ အထက်သို့ ပို့လွှတ်လိုက်ခြင်းဖြစ်သည်မှာ သေချာသည်။ ၎င်းတို့က သူ့ကို ဤမျှအထိ ကြီးမားသော လက်ဆောင်မွန်တစ်ခု ပေးအပ်ခဲ့သဖြင့် သေချာပေါက် ကြီးမားသော တောင်းဆိုချက်တစ်ခု ရှိနေပေလိမ့်မည်။ ၎င်းတို့က ထိုမျက်လုံးတစ်လုံးတည်းနှင့် နဂါးအမြီးရှိသော သားရဲကြီးကို ရင်ဆိုင်ရန် သူ့ကို ကူညီခိုင်းချင်နေခြင်းလော။
ဖြစ်နိုင်သည်မှာ ၎င်းတို့သည် လျှို့ဝှက်ချက်အချို့ကို ကြိုတင်လုပ်ဆောင်ထားပြီး ဖြစ်နိုင်ကာ လက်ရှိအချိန်တွင် သူကိုယ်တိုင် လုံးဝ မမြင်နိုင်သေးခြင်းသာ ဖြစ်နိုင်သည်။
လောကတွင် အလကားရသော နေ့လယ်စာဟူ၍ မရှိကြောင်း ကျန်းဟန် ကောင်းစွာနားလည်ထားသည်။ ဤကဲ့သို့သော ကြီးမြတ်သည့် လက်ဆောင်ကို လက်ခံရရှိပြီးနောက်တွင် သူသည် ပိုမိုကြီးမားသော တန်ဖိုးကို ပြန်လည်ပေးဆပ်ရမည်မှာ မလွဲဧကန် ဖြစ်သည်။ ထိုမျက်လုံးတစ်လုံးတည်းနှင့် နဂါးအမြီးရှိ သားရဲကြီးသည် နဂါးမျိုးနွယ်စု ကမ္ဘာတစ်ခုလုံးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ နဂါး၏ မူလသွေးနှင့် ဝိဉာဉ်ကို ပိုင်ဆိုင်ထားသော ထိုနဂါးများပင်လျှင် ၎င်း၏ ပြိုင်ဘက်မဖြစ်ခဲ့ပါက သူက မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
“ငါ့ရဲ့ စွမ်းအားက အခုချိန်မှာ အားနည်းလွန်းနေသေးတယ်။ ဒီလိုအရာမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ့မှာ ငြင်းပယ်ပိုင်ခွင့် လုံးဝမရှိဘူး။”
ကျန်းဟိးန်သည် သက်ပြင်းချလိုက်မိပြီး မိမိ၏ အားနည်းချက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ ငြင်းပယ်ခြင်းဟူသည်မှာ သန်မာသောသူများသာ ပိုင်ဆိုင်သည့် အစွမ်းသတ္တိ ဖြစ်သည်။ မြူခိုးအဖွဲ့အစည်းဖြစ်စေ၊ ယခု ရရှိခဲ့သော မူလသွေးလက်ဆောင်ဖြစ်စေ ၎င်းတို့သည် သူ အလိုရှိ၊ မရှိကို ထည့်မတွက်ခဲ့ကြပေ။ ဤသည်မှာ အားနည်းသူတစ်ဦး၏ ဝမ်းနည်းဖွယ်ရာ ပကတိတရားပင် ဖြစ်သည်။
သူသည် ယခုအခါ သန်မာလာစေရန် ပိုမိုပြင်းပြစွာ လိုလားနေမိတော့သည်။ အစွမ်းထက်မြက်မှသာ စကားပြောပိုင်ခွင့် ရှိမည်ဖြစ်ပြီး ထိုအချိန်ကျမှသာ ငြင်းပယ်ပိုင်ခွင့် ရရှိမည် ဖြစ်သည်။
လက်ရှိအခြေအနေအရမူ ဤပြောင်းပြန်ကမ္ဘာ၊ ရေတွက်မရနိုင်သော နဂါးအလောင်းများနှင့် အနှိုင်းမဲ့ကြီးမားလှသော မျက်လုံးတစ်လုံးတည်းနှင့် နဂါးအမြီးရှိ သားရဲကြီးတို့သည် လက်တွေ့ဘဝ၌ အမှန်တကယ် တည်ရှိနေပုံရသည်။
သို့သော် ၎င်းတို့သည် မည်သည့်နေရာမှ ရောက်ရှိလာကြသနည်း။ ဤအရာသည် လက်ရှိကမ္ဘာတွင် တည်ရှိနေနိုင်သော အရာမျိုး မဟုတ်ပေ။ ဤမိုးကြိုးတောင်သည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို သေချာပေါက် ဖုံးကွက်ထားပြီဖြစ်သည်။