← Chapters

အခန်း ၄၁၆

Vol. 35 Ch. 416

အခန်း ၄၁၆

Vol. 35 Ch. 416

အခန်း (၄၁၆)

"ငါ ခုနက ပြောလိုက်တဲ့ စကားတွေက ဗီလိန်တစ်ယောက်နဲ့ အရမ်း တူသွားသလား" ရဲချီယန်က မြင့်မားသော နေရာတွင် ရပ်နေဆဲဖြစ်ပြီး မြို့တွင်း၌ ဖြစ်ပေါ်နေသော ဖရိုဖရဲ မြင်ကွင်းများကို ကြည့်ရှုနေလေ၏။

ပြတ်သားစွာ ဆုံးဖြတ်ချက် ချပြီးသည့်နောက် ဒွိုင်းလ်က သူ၏ တပ်မတော်ကို ဦးဆောင်ကာ အင်ပါယာ၏ စတုတ္ထမင်းသား မန်းစတာကို ပုန်ကန် တော်လှန်လိုက်ချေပြီ။

ဒွိုင်းလ်၏ တပ်မတော်မှာ နယ်စပ်တွင် တစ်နှစ်ပတ်လုံး တပ်စွဲထားရသည့် အထက်တန်းလွှာ တပ်ဖွဲ့ဖြစ်ပြီး တပ်မတော်သား အားလုံးနီးပါး၏ မိသားစုများမှာ အင်ပါယာ မြို့တော်၌ နေထိုင်ကြသည်။ ဤသည်က အိုမင်းနေသော ဧကရာဇ်ကြီး၏ ကျေးဇူးတော်ဟု ဆိုသော်ငြား အမှန်တကယ်တွင်မူ နယ်စပ်တပ်ဖွဲ့များကို ထိန်းချုပ်ရန် သုံးသည့် ချည်နှောင်ကြိုး တစ်ချောင်းသာ ဖြစ်ပေ၏။

အဲ့ဒီ့အကြောင်းရင်းကြောင့်ပင် စစ်သည်များမှာ မန်းစတာ၏ စီမံကိန်းအပေါ် ကြာမြင့်စွာကတည်းက မကျေမနပ် ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။ တပ်မှူး၏ ခေါ်ဆောင်သံ တစ်ချက်အောက်တွင် ရာနှင့်ချီသော စစ်သည်တို့က တုံ့ပြန်လာကြပြီး အင်မတန် လွယ်ကူ ချောမွေ့စွာ ရှေ့သို့ တက်ရောက် တိုက်ခိုက်ကြတော့သည်။

"ဒွိုင်းလ်... မင်း ဘာလုပ်နေတာလဲ"

"မင်းသား... ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေရုံပါပဲ။ အင်ပါယာရဲ့ တပ်မှူးကြီး တစ်ယောက်အနေနဲ့ အင်ပါယာ မြို့တော် ကျဆုံးသွားတာကို လက်ပိုက်ကြည့်နေပြီး ကိုယ့်ရဲ့ ဇနီးနဲ့ ကလေးတွေ မကောင်းဆိုးဝါးတွေရဲ့ ပါးစပ်ထဲ အသေဆိုးနဲ့ သေဆုံးရတာကိုသာ ထိုင်ကြည့်နေရမယ်ဆိုရင် ကျွန်တော်နဲ့ အဲ့ဒီ့မကောင်းဆိုးဝါးတွေအကြား ဘာများ ကွာခြားတော့မှာလဲ"

တစ်ယောက်က လိုက်လံ တိုက်ခိုက်ပြီး အခြားတစ်ယောက်က ထွက်ပြေးလေသည်။ အခြေအနေ မဟန်တော့မှန်း သိ၍ နောက်ဆုံး စက္ကန့်တွင် သစ္စာဖောက်ရန် ပြင်ဆင်နေကြသည့် မှူးမတ်အထက်တန်းလွှာများမှာလည်း တပ်မတော်၏ သံခွာနင်းခြေမှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ကြချေ။

နောက်ဆုံးတွင် မန်းစတာသည် ရဲချီယန် ရှိနေသည့် မြို့ရိုးထိပ်ဆီသို့ ထွက်ပြေး လာခဲ့တော့၏။

"မစ္စတာ ရဲ... မစ္စတာ ရဲ၊ ကျွန်တော့်ကို ကယ်ပါဦး"

သူက ရဲချီယန်ထံသို့ ပြေးလာရင်း လဲကျသွားခဲ့ရာ ပစ်လွှတ်လိုက်သော ဓားရှည်တစ်ချောင်း၏ အန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့သည်။ မန်းစတာက ခေါင်းလှည့်ကာ မဝေးလှသော နေရာ၌ ရပ်တန့်နေပြီး ရှေ့သို့ ဆက်မတိုးရဲသည့် ဒွိုင်းလ်ကို ကြည့်လိုက်ချိန်တွင် သူ၏ အကြောက်တရားတို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ တမင် ဟန်ဆောင်ထားသော သိမ်မွေ့မှုတို့ သူ၏ မျက်နှာပေါ်၌ မရှိတော့ဘဲ အလွန်တရာ အကျည်းတန် ရုပ်ဆိုးကာ ကြောက်မက်ဖွယ် ကောင်းသော အပြုံးတစ်ခုဖြင့် အစားထိုး နေရာယူလာလေ၏။

"ဒွိုင်းလ်... မင်း တကယ် ရူးသွားပြီပဲ။ မင်းက ငါ့ကို သတ်နိုင်မယ်လို့ တကယ် ထင်နေတာလား"

"မမေ့နဲ့... ငါက တခြားလောကက စွန့်စားသူတွေကို ဆင့်ခေါ်ထားတဲ့သူကွ။ မင်းက ငါ မွေးထားတဲ့ ခွေးတစ်ကောင်ထက် မပိုဘူး"

ဒွိုင်းလ်က တိတ်ဆိတ်နေဆဲ ဖြစ်ပြီး အဲ့ဒီ့တိတ်ဆိတ်မှုက မန်းစတာကို ပိုမို မာနထောင်လွှားလာစေခဲ့သည်။

"မင်း ဘာလို့ ပုန်ကန်တာလဲဆိုတာ ငါ သိတယ်။ မင်းရဲ့ ဇနီးနဲ့ သမီးလေး အင်ပါယာ မြို့တော်ထဲမှာ ရှိနေလို့ မဟုတ်ဘူးလား။ အသုံးမကျတဲ့ သာမန် ပြည်သူ နှစ်ယောက်အတွက်နဲ့ မင်းရဲ့ ကြီးကျယ်တဲ့ အနာဂတ်နဲ့ ဂုဏ်ကျက်သရေကို စွန့်လွှတ်လိုက်တာလား"

"ငါသာ ဧကရာဇ် ဖြစ်လာရင် ဘယ်လို မိန်းမမျိုးကို မရနိုင်မှာလဲ။ ကံမကောင်းစွာနဲ့ပဲ မင်းက အရမ်း နှေးကွေးလွန်းလို့ ငါ ဒီအထိ ရောက်လာနိုင်ခဲ့ပြီ" သူက မတ်တပ်ရပ်လျက် ဒွိုင်းလ်ဆီသို့ လက်ညှိုး ထိုးလိုက်သည်။ "သူ့ကို သတ်လိုက်စမ်း"

...

မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ်မလာခဲ့ချေ။ ရဲချီယန်က အဲ့ဒီ့နေရာ၌ တိတ်ဆိတ်စွာ ရပ်လျက် ဤပြဇာတ်ကောင်းကို အေးဆေးစွာ ကြည့်ရှုနေရုံသာ ဖြစ်၏။

"မစ္စတာ ရဲ... ခင်ဗျား။ ငါတို့ရဲ့ အရောင်းအဝယ်ကို မမေ့နဲ့လေ" မန်းစတာ၏ နှလုံးသားထဲ၌ ထိတ်လန့် တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။

"အရောင်းအဝယ်... ဟုတ်သားပဲ၊ ငါတို့အကြားမှာ အရောင်းအဝယ်တစ်ခု ရှိခဲ့တာပဲ"

"ဒါဆို ဘာလို့ ကတိမတည်တာလဲ။ မြန်မြန် လုပ်လေ၊ သူ့ကို သတ်ပစ်လိုက်စမ်းပါ"

ရဲချီယန်က သူ့ကိုယ်သူ ပြန်လည် လက်ညှိုးထိုးပြလိုက်၏။ "ငါက... ကတိမတည်ဘူး ဟုတ်လား"

သူက ပြုံးလိုက်သည်။ "ဟား... မင်း မေ့သွားပြီလား"

"ဘာကိုလဲ"

"ငါတို့ရဲ့ အရောင်းအဝယ်က မင်းကို ဧကရာဇ် ဖြစ်လာအောင် လုပ်ပေးဖို့လေ၊ မင်းအတွက် လူသတ်ပေးဖို့ မဟုတ်ဘူး။ ပြီးတော့..."

ရဲချီယန်၏ မျက်နှာပေါ်ရှိ အပြုံးတို့က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဒုန်း...။

မှောင်မိုက်သော ညဉ့်ယံ တိမ်တိုက်များအကြား မိုးကြိုးသံတို့ ဟိန်းဟောက် မြည်ဟည်းလာ၏။ မြင့်မားသော ကောင်းကင်ယံဆီမှ အေးစက်သော မိုးပေါက်များ ကျဆင်းလာခဲ့သည်။ လီဆက်က သူ့အတွက် အနက်ရောင် ထီးတစ်လက်ကို ဆောင်းမိုး ဖွင့်လှစ်ပေးလိုက်သည်။

ဤမိုးကြိုးမုန်တိုင်းအလယ်တွင် သူက ကျယ်လောင်မှု မရှိသည့်တိုင် ရှင်းလင်း ပြတ်သားစွာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။

"အချက်တစ်ခုကိုတော့ အထင်မလွဲစမ်းပါနဲ့"

"ငါ ဒီကို လာတာ ငါ့ဆန္ဒကြောင့် လာတာ၊ မင်းကြောင့် မဟုတ်ဘူး"

ပါးစပ်က ပြောနေသည့် အရောင်းအဝယ် ဆိုသည်မှာလည်း ရဲချီယန်က လျှို့ဝှက်တာဝန်များကို ရှာဖွေရန် ဤအချိန်များကို ဖြုန်းတီးလို၍သာ ဖြစ်ပေ၏။ တကယ်လို့သာ အခြား တစ်ယောက်ယောက် ဖြစ်နေခဲ့ပါက ဤကောင် ရထားဒင်္ဂါး လေးရာကျော် ထုတ်ပြလိုက်သည့် စက္ကန့်မှာပင် ပထမဆုံး လုပ်မည့်အရာမှာ သူ့ကို သတ်ဖြတ် လုယက်ပြီး သယံဇာတများ ဆက်လက် စုဆောင်းခြင်းသာ ဖြစ်ပေလိမ့်မည်။

ဘာ အရောင်းအဝယ်လဲ။ ဘာ ဧကရာဇ် ရာထူးလဲ။ သူကဲ့သို့သော ရထားမောင်းနှင်သူ တစ်ယောက်အတွက်မူ အဲ့ဒီ့အရာများက လုံးဝကို အဓိပ္ပာယ် ကင်းမဲ့လွန်းလှပေသည်။

"ဒါပေမဲ့... ဒါပေမဲ့ ငါ ဧကရာဇ် ဖြစ်ဖို့ဆိုရင် အသက်ရှင်နေမှ ဖြစ်မှာလေ။ မင်း... မင်း ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်ရတာလဲ"

"အင်း... မင်း ပြောတာ မှန်ပါတယ်"

"ဒါဆိုရင်"

"ဒါဆိုတော့... ဘာဖြစ်လဲ"

ရထားမောင်းနှင်သူ ဆိုသည်မှာ မည်သည့်အခါမျှ ကယ်တင်ရှင် မဟုတ်ခဲ့သလို ရထားဒင်္ဂါးအနည်းငယ်အတွက် တခြားသူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးရသည့် ဆုတောင်းပြည့် စက်ယန္တရား လည်း မဟုတ်ချေ။

ရဲချီယန်က မြို့ရိုးပေါ်မှ တည့်တည့်မတ်မတ် လျှောက်ဆင်းသွားရင်း မန်းစတာ၏ ဘေးမှ ဖြတ်သွားစဉ် စကားတစ်ခွန်း ချန်ထားခဲ့သည်။

"လူတွေက လူတွေပဲ၊ ဘာ သာမန် ပြည်သူ မှ မဟုတ်ဘူး။ ရိုးရိုးသားသား ပြောရရင် ဒီကမ္ဘာပေါ်မှာ မင်းနဲ့ တခြားသူတွေအကြား ဘာများ ကွာခြားနေလို့လဲ။ သူတို့ကို စော်ကားတာက ကိုယ့်ကိုယ်ကိုယ် ပြန်စော်ကားနေတာနဲ့ အတူတူပဲ"

သူ မြို့ရိုးပေါ်မှ ဆင်းသွားခဲ့ချေပြီ။

သူ၏ နောက်ကျောဘက်တွင်မူ ရုတ်တရက် ပြတ်တောက်သွားသော စူးရှသည့် အော်ဟစ်သံ တစ်ချက်သာ ကျန်ရစ်ခဲ့၏။ ဓားနှင့် သွေးတို့က အေးစက်သော မိုးရေအောက်ရှိ မြေဆီလွှာနှင့် ရောယှက်သွားကာ ကမ္ဘာကြီးတစ်ခုလုံး ရွှံ့ဗွက်အိုင်အဖြစ် ပြောင်းလဲသွားစေတော့သည်။

ရဲချီယန်က မြို့တံခါးအောက်တွင် တစ်ယောက်တည်း ရပ်လျက် ဗိုက်စင်သီး တစ်လုံးကို စားသုံးရင်း အခြားသူများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေလေသည်။

သံဖိနပ်များက ရွှံ့ဗွက်များအတွင်းသို့ နင်းချလာသည်။ ဒွိုင်းလ်က မိုးရေပင် ဆေးကြော သန့်စင်၍ မရနိုင်လောက်အောင် နီရဲသော သွေးစွန်းနေသည့် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်လျက် သူ့ထံသို့ တည့်တည့်မတ်မတ် လျှောက်လာခဲ့၏။

"အရှင်... ကျွန်တော်တို့ စတင် ထွက်ခွာလို့ ရပါပြီ"

"မဟုတ်ဘူး၊ ငါတို့ မဟုတ်ဘူး"

ရဲချီယန်က ခေါင်းခါယမ်းလိုက်သည်။ သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး မြို့တံခါးမကြီးအောက်၌ ကြည်လင်သော လက်ဖျောက်တီးသံ တစ်ချက် ပဲ့တင်ထပ်သွားခဲ့၏။

"အဲ့ဒါက ဘာကို ဆိုလိုတာလဲ"

"စကားလုံး အတိုင်းပဲလေ"

နဂါးပုံသဏ္ဌာန် သတ္တုက သူ၏ ညာဘက်လက်ကောက်ဝတ်တွင် ပေါ်ထွက်လာသည်။

ငွေရောင်တောင်ပံပါ ကပ်ဘေးကြယ်က သူ၏ ပတ်လည်တွင် နားစည် ကွဲမတတ် ဟိန်းဟောက်သံကြီး ထုတ်လွှတ်လိုက်၏။

နီရဲသော အလင်းတန်း အစအနများ ပေါက်ကွဲ စီးဆင်းလာခဲ့သည်။ တဖြည်းဖြည်း ပြင်းထန်လာသည့် အသံကြီးက မိုးကြိုးနှင့် လေပြင်းသံများကိုပင် လွှမ်းမိုး ဝါးမျိုသွားခဲ့ချေပြီ။ သူက ငွေရောင်နှင့် နီရဲသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြင့်မားသော ကောင်းကင်ယံဆီသို့ ပျံသန်း တက်ရောက်သွားတော့သည်။

ဒွိုင်းလ်၏ အံ့ဩ တုန်လှုပ်နေသော အကြည့်အောက်တွင် သူက လက်ပြ နှုတ်ဆက်လိုက်လေ၏။

"သေချာ စဉ်းစားကြည့်စမ်းပါ။ မင်းသားကို သတ်ပြီးသွားပြီဆိုတော့ ဒီနောက်ပိုင်း မင်း ဘာဆက်လုပ်မလဲ"

"အဓိပ္ပာယ် မရှိတော့တဲ့ သစ္စာတရားတစ်ခုကို ဆက်ပြီး ထိန်းသိမ်းမလား၊ ဒါမှမဟုတ်..."

"ဧကရာဇ် လုပ်ကြည့်မလား"

"မင်း မလုပ်နိုင်ဘူးလို့ မတွေးလိုက်ပါနဲ့"

"ဘာ ဧကရာဇ်လဲ၊ ဘာ တော်ဝင် မိသားစုလဲ။ သူတို့က တကယ်ပဲ သာမန်လူတွေထက် ပိုပြီး မြင့်မြတ်နေလို့လား"

ဤမျှ သာမန်ဖြစ်ပြီး ငြီးငွေ့စရာ ကောင်းလှသည့် မှတ်တိုင်တစ်ခုတွင် ပုန်ကန် တော်လှန်ရေး ပြဇာတ်ကို ကြည့်ရှုချင်၍သာ မဟုတ်ပါက ရဲချီယန်သည် ဤလူများအကြား၌ ဤမျှလောက် အချိန်များစွာ ဖြုန်းတီးချင်မည် မဟုတ်ချေ။ ယခုတော့ ပထမ ပြဇာတ်ခန်း အဆုံးသတ်သွားခဲ့ပြီ။

ဤမှတ်တိုင်ရှိ ဂေါ်ဘလင်များတွင် မည်သို့သော စွမ်းရည်များ ရှိသနည်းဆိုတာကို ကြည့်ရှုရမည့် အချိန် ရောက်လာခဲ့ပေပြီ။

【ကပ်ဘေးကြယ် · ကောင်းကင်ဥက္ကာပျံ မောင်းနှင်စနစ် လျှို့ဝှက်နီရဲရောင်ခြည်။】

အရှိန်မြှင့်တင်သည်၊ ဖောက်ထွက်သွားသည်—

လွင့်မျောကြယ် သန့်စင်သော အမှတ်အသားက အလိုအလျောက် သက်ဝင် လည်ပတ်လာပြီး ပတ်ဝန်းကျင်မှ လေပြင်းနှင့် မိုးရေများကို အပြည့်အဝ ဖယ်ကျဉ် ကာကွယ်ပေးလိုက်၏။ သဲပုံစံငယ်ပေါ်ရှိ တည်နေရာအမှတ်အသား အလင်းစက်လေးမှာ ဂရင်းမ်အင်ပါယာ မြို့တော်၏ တည်နေရာနှင့် နီးပါး ထပ်တူကျသွားခဲ့ချေပြီ။

နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ... အမဲလိုက်ရမည့် အချိန်ပင် ဖြစ်တော့သည်။

————

အဆင့် ၁၂ ဘူတာရုံကမ္ဘာ · နတ်ဘုရား၏ နိုင်ငံတော် · ဂေါ်ဘလင် အင်ပါယာ။

ကြီးကျယ် ခမ်းနားလှသော ဂေါ်ဘလင် အင်ပါယာ၏ အရှင်သခင်၊ အဆင့် A အထက်တန်းလွှာ၊ ဂေါ်ဘလင် နတ်ဘုရား။ ရွှေရောင် အလှဆင် ပစ္စည်းများကို ရုံလွှမ်းထားသော ဂေါ်ဘလင် နတ်ဘုရားက သူ၏ နီညိုရောင် မျက်လုံးများကို ဖွင့်လှစ်လိုက်လေ၏။

"ဘုရားသခင်ကို ပြစ်မှားစော်ကားသူ တစ်ယောက်ရဲ့ အရှိန်အဝါကို ငါ ခံစားမိနေတယ်။ ဘာဘာရော့ဆာ... ငါ့ရဲ့ တပ်မတော်ကို ဦးဆောင်ပြီး ငါ့ရဲ့ နောက်လိုက်တွေ တိုက်ခိုက်နေတဲ့ အဲ့ဒီ့ကမ္ဘာဆီ သွားချေ၊ ပြီးရင် အဲ့ဒီ့ဘုရားသခင်ကို ပြစ်မှားစော်ကားသူရဲ့ ဦးခေါင်းကို ငါ့ရှေ့မှောက် ယူဆောင်လာခဲ့စမ်း"

ဧရာမ ကြက်ခြေခတ် ပုံသဏ္ဌာန် သံတူရွင်းကြီးကို ကိုင်ဆောင်ထားပြီး သွေးရဲရဲ ဝတ်ရုံနှင့် ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားသည့် ဂေါ်ဘလင်တစ်ကောင်က ဒူးတစ်ဖက် ထောက်လိုက်သည်။

"အမိန့်တော်အတိုင်းပါ ကျွန်တော်မျိုးတို့ရဲ့ နတ်ဘုရား"

"အဲ့ဒီ့ဘုရားသခင်ကို ပြစ်မှားစော်ကားသူရဲ့ ဦးခေါင်းကို သေချာပေါက် ဆက်သပါ့မယ်"

ဂေါ်ဘလင် နတ်ဘုရားက လက်ထဲရှိ ရွှေရောင် ရာဇလှံတံကို ဝှေ့ယမ်းလိုက်၏။

ကြီးမား ကျယ်ပြန့်လှသော မြင့်မြတ်သည့် စွမ်းအားတော်တို့က ဘာဘာရော့ဆာ အမည်ရသော ဤဂေါ်ဘလင်၏ ခန္ဓာကိုယ်နှင့် သူ၏ နောက်ကျောဘက်ရှိ သပ်ရပ် လှပသော ငွေဖြူရောင် သံချပ်ကာများ ဝတ်ဆင်ထားသည့် သိပ်သည်း မှောင်မိုက်နေသော ဂေါ်ဘလင် တပ်မတော်ကြီးအတွင်းသို့ စီးဆင်း ဝင်ရောက်သွားခဲ့တော့သည်။

"မင်းတို့က ဂေါ်ဘလင်တွေရဲ့ သူရဲကောင်းတွေပဲ။ ဘုရားသခင်ကို ပြစ်မှားစော်ကားသူရဲ့ စွမ်းအားက တစ်ကြိမ်ပဲ အကျိုးသက်ရောက်နိုင်စွမ်း ရှိတယ်။ ဘယ်သူပဲ ဖြစ်နေပါစေ မင်းတို့ရဲ့ အသက်ကို စတေးလိုက်ပါ၊ ကျန်တဲ့သူတွေက မင်းတို့အတွက် ကလဲ့စားချေပေးလိမ့်မယ်"

All Chapters