← Chapters

မယုံကြည်နိုင်ဖွယ်စွမ်းအား

Vol. 99 Ch. 1379

မယုံကြည်နိုင်ဖွယ်စွမ်းအား

Vol. 99 Ch. 1379

“စတုတ္ထမန္တန်.... ကိုယ်မန္တန်” မန်ဟိုသည် သူ့အရှေ့ရှိ ကမ္ဘာနှင့် သူ၏ကိုယ်ပွားများ ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။ နောက်ဆုံးတော့ သူက ထရပ်လိုက်သည်။

သူ၏ကျင့်ကြံခြင်းအခြေခံသည် ပြောင်းလဲမှုတစ်စုံတစ်ရာ မကြုံတွေ့ခဲ့သော်လည်း ယခု သူ့တွင် ချုပ်နှောင်ခြင်းမန္တန်ခြောက်ခုမကတော့ဘဲ ခုနစ်ခု ရှိနေလေပြီ။

“ကိုးခုပြည့်ဖို့ နှစ်ခုပဲ လိုတော့တယ်။ တစ်ခုက မူလပထမမန္တန်၊ နောက်တစ်ခုက ငါ့ရဲ့ကိုယ်ပိုင် နဝမမန္တန်ပဲ” မန်ဟိုသည် ချုပ်နှောင်မန္တန်များ ရရှိခဲ့သည့် အချိန်များကို ပြန်တွေးရင်း သက်ပြင်းချလိုက်၏။

သူက တစ်ဖက်လှည့်ရင်း လက်ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်မီးအိမ်များ ပေါ်လာသည်။ သူ့တွင် စုစုပေါင်း ၃၃ လုံးရှိပြီး ၁၀ လုံးငြိမ်းကာ ၂၃ လုံး လောင်နေသေးလေသည်။

“ပျက်စီးခြင်းခုနစ်မျိုးမှာ ပထမနှစ်မျိုးကို ငါ ကျော်ဖြတ်ခဲ့ပြီးပြီ၊ အခု ဒဏ္ဍာရီနဂါးရဲ့စွမ်းအားကို စုပ်ယူပြီးပြီဆိုတော့ တတိယပျက်စီးခြင်းစတင်လို့ရပြီ” မန်ဟိုသည် ဆယ့်တစ်လုံးမြောက်မီးအိမ်အပေါ် အာရုံစိုက်လိုက်သဖြင့် မျက်လုံးများ လင်းလက်တောက်ပလာ၏။

“တတိယပျက်စီးခြင်းက .. နှလုံးသားပျက်စီးခြင်းပဲ...” တခဏတွေးပြီးသော် မန်ဟိုသည် ဝိညာဉ်မီးအိမ်ကို လက်ညှိုးထိုးလိုက်၏။ လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး မီးတောက်က မန်ဟို၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ထဲ ဝင်ရောက်သွားသော အစိမ်းရောင်အငွေ့များအသွင် ပြောင်းသွားသည်။

သူ မျက်လုံးပိတ်၍ တိတ်ဆိတ်စွာ ထိုင်ချလိုက်သောအချိန်တွင် သူ၏အပြင်အားကိုယ်သော်လည်းကောင်း၊ သူ၏ဝိညာဉ်သော်လည်းကောင်း ပြောင်းလဲမှုမရှိပေ။ သို့ရာတွင် သူ၏နှလုံးသားမှာ ... ဧရာမလက်ကြီးတစ်ဖက်ဖြင့် ဖြစ်ညစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ဒုတ်...ဒုတ်

နှလုံးသား၏ စူးအောင့်နာကျင်မှုကြောင့် မန်ဟို့မျက်နှာမှာ ဖြူဆုပ်လာသည်။ နာကျင်မှုသည် နှလုံးသာားအစစ်ကို ထိခိုက်နေသည်သာမက သူ၏စိတ်နှလုံးကိုလည်း နာကျင်နေစေ၏။ နာကျင်မှုကား အဆုံးမရှိသည့်အလားပင်။

ချွေးသီးချွေးပေါက်များက သူ့နဖူးမှ စီးကျလာပြီး သူ့မှာ တဆတ်ဆတ် တုန်ရီလာသည်။ သွေးလေချောက်ချားမှုမရှိသော်လည်း နာကျင်မှုက တစ်ကမ္ဘာလုံး သေဆုံးနေသည့်အလား၊ မိုးနှင့်မြေတွင် သူတစ်ယောက်တည်း ကျန်တော့သည့်အလား ခံစားရစေသည်။

“မလုပ်နဲ့....” သူက ခပ်တိုးတိုး ရေရွတ်ပြီးနောက် ရုတ်တရက် ခေါင်းနောက်လှန်၍ ပြင်းထန်သောနာကျင်မှုတို့ ပြည့်နေသည့် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်၏။ ထိုကဲ့သို့အထီးကျန်မှုကို သူ မခံစားနိုင်၍ ကောင်းကင်ဘုံနှင့်အရာရာတိုင်းကို ဖျက်စီးချင်နေသည့်အလား ထင်ရသည်။

ငရဲဘုံ ၃၃ ဘုံသည် ပြိုကျနေဆဲဖြစ်သော်လည်း သူ၏အော်သံအကျယ်ကြီး ပဲ့တင်ထပ်လာသည့်အခါ သူ့ထံမှ စွမ်းအင်လှိုင်းက သူ့အပေါ်ရှိ မြေပြင်များကို ရိုက်ခတ်လျက် ဧရာမဝဲကြီးတစ်ဝဲ ပေါ်လာစေသည်။

မရေမတွက်နိုင်သော အပျက်အစီးများ၊ မြေခဲများသည် မန်ဟို့ကို ဗဟိုပြုလျက် ထိုဝဲထဲ လည်ပတ်ဝင်ရောက်ကုန်ကြ၏။ အပြင်သူသားရဲများမှာတော့ မန်ဟို့ကို ကြည့်ရင်း တုန်ရီနေကြသည်။ သူ့ထံမှ ဖြာထွက်နေသော ဖိအားနှင့် ခံစားချက်က သူတို့အပေါ် သက်ရောက်နေဟန်တူ၏။

“ပျက်စီးခြင်းခုနစ်မျိုး ... အထင်ကြီးစရာကောင်းပေမယ့် တကယ်တမ်း ပြစ်ဒဏ်ခုနစ်မျိုး.... နှိပ်စက်မှုခုနစ်မျိုးပါပဲ” မန်ဟိုက မျက်လုံးများဖွင့်ပြီးနောက် သူ့နှလုံးသားရှိရာသို့ လှမ်းဖိလိုက်သည်။

“တတိယပျက်စီးခြင်း.. နှလုံးသားပျက်စီးခြင်းတဲ့လား....” သက်ပြင်းချရင်း သူက ထရပ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အတန်ငယ်မြင့်တက်သွားခဲ့၏။ ယခင်က အင်ပါယာအဆင့်ထက် သာလွန်ခဲ့သော်လည်း ပါရာဂွန်အဆင့်မှ ခြေတစ်လှမ်းမျှ ကွာသေးသည်။ လက်ရှိမြင့်တက်သွားမှုဖြင့် ထိုခြေလှမ်းပြည့်အောင် မလှမ်းနိုင်သေးသော်လည်း တိုင်းထွာမရလောက်အောင် နီးကပ်သွားခဲ့ချေပြီ။

သူ ဘေးဘီဝဲယာကို ကြည့်နေစဉ် သူ၏စွမ်းအင်သည် ပြိုကျနေသော ငရဲဘုံ ၃၃ ဘုံနှင့် အပြင်သူသားရဲအားလုံးအပေါ် အုပ်မိုးလျက် ကြောက်မက်ဖွယ်ဖိအားကြီးဖြင့် ဖိချလိုက်သည်။

“သစ္စာခံမလား သေမလား” သူက အသံဖြင့်မပြောဘဲ နတ်ဘုရားအာရုံမှတစ်ဆင့် ပြောသည်။ ပတ်ဝန်းကျင်ရှိ အပြင်သားရဲအားလုံး သူ့အမေးကို ချက်ချင်း သိရှိလိုက်ကြ၏။

သူတို့သည် ပါရာဂွန်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် မန်ဟို ထုတ်လွှတ်နေသော အသတ်အဖြတ်အရှိန်အဝါကိုတင် ကြောက်နေခဲ့ပြီးဖြစ်ရာ ခေါင်းငုံ့အညံ့ခံလိုက်ကြတော့သည်။

ထိုအခိုက်အတန့်တွင် မန်ဟိုက ငရဲဘုံ ၃၃ ဘုံမှ အပြင်သူသားရဲအုပ်စုနှင့်အတူ ထွက်ပေါက်ထံ ပျံသန်းသွားသော အလင်းတန်းတစ်တန်း ဖြစ်သွားသည်။

“ဆယ်လကြာသွားပြီ” သူက ခပ်တိုးတိုး ရေရွတ်သည်။ “အပြင်မှာ စစ်ပွဲ စနေလောက်ပြီ...” သူသည် အရှိန်တင်လိုက်ကာ တခဏကြာသော် အပြင်ရောက်သွား၏။

မန်ဟို ငရဲဘုံ ၃၃ ဘုံအတွင်းမှ ထွက်လာသောအချိန်တွင် တောင်ပင်လယ်လောကအတွင်းရှိ စစ်ပွဲမှာ ပြင်းထန်နေလေပြီ။ အပြင်သူသန်းပေါင်းများက ရက်ရက်စက်စက် တိုက်ခိုက်နေကြသည်။ မရေမတွက်နိုင်သော တာအိုနယ်ပယ်ပညာရှင်များနှင့် ဘီလူးကြီးများကြောင့် တောင်ပင်လယ်လောကမှ အထိနာပြီးရင်း အထိနာနေသည်။

ထိုအခိုက်အတန့်တွင် ဝမ်ယိုချိုင်နှင့်အခြားသူများ ငရဲဘုံ ၃၃ ဘုံမှ ပြန်ရောက်လာကြသည်။ သူတို့သည် တစ်ချက်လေးမှတွန့်ဆုတ်မနေဘဲ အပြင်သူများ၏အကြားမှ အစွမ်းထက်ပညာရှင်များကို ရှာကာ တိုက်ခိုက်ချေမှုန်းကြတော့၏။

ရွေးချယ်ခံအယောက်နှစ်ဆယ်ကျော် ရောက်ရှိလာမှုနှင့် တောင်ပင်လယ်သခင်များ၏အင်အားက နှစ်ဖက်အကြား အစွမ်းထက်ကျင့်ကြံသူအရေအတွက်ကို သိပ်မကွာစေတော့ပေ။ ယခုတွင် တောင်ပင်လယ်လောက၏အထိနာမှုက လျော့ကျလာသည်။

အနှစ်သာရ ၈ ခုပါရာဂွန်တစ်ဦးက ဖနောင့်တစ်ချက်ပေါက်၍ ပဉ္စမတောင်ကို ဖျက်စီးခဲ့သော်ငြား ထိုပါရာဂွန်မှာ ပင်လယ်အိပ်မက်၊ ပါရာဂွန်ရုပ်သေးရုပ်၊ ကျမ်းဆရာတော်မြတ်သုံးပါးနှင့် အခြားသူများ၏ ချုပ်ထားခံရသည်။ သို့သော် သူတို့က သူမအတွက် ပြိုင်ဘက်မဟုတ်ပေ။ အမျိုးသမီးပါရာဂွန်က အေးစက်စက် နှာမှုတ်၍ မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ ဧရာမဝဲကြီးတစ်ဝဲအား အရပ်လေးမျက်နှာတွင် ပြန့်ကားသွားစေသည်။

ဝုန်းးးးးးးးး

ပါရာဂွန်ပင်လယ်အိပ်မက်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ကျမ်းဆရာသုံးပါးလည်း ထိုနည်းတူပင်။ ပါရာဂွန်ရုပ်သေးရုပ်၏ရင်ဘတ် ချိုင့်ဝင်သွားသည်။ လူတိုင်းမှာ တွန်းထုတ်ခံလိုက်ရသည့်အတွက် အနှစ်သာရ ၈ ခု အမျိုးသမီးပါရာဂွန်အား မတားနိုင်တော့ပေ။

“ပိုးမွှားတွေကများ” သူမက ပြောသည်။ ခြေတစ်လှမ်းက သူမအား တစ်ဖွဲ့လုံးကို ကျော်၍ ဆဋ္ဌမပင်လယ်ထံ ခေါ်သွားသည်။ ထိုနေရာရောက်သော် သူမက လက်ဆန့်တန်း၍ အားပြင်းပြင်း ရိုက်ချလိုက်သည်။

ချက်ချင်းပင် သူမလက်ထဲမှ အစိမ်းရောင်မီးလုံးတစ်လုံး ထွက်လာပြီး ပင်လယ်ရေထဲ ဝုန်းခနဲ ကျသွားသည်။ ဆဋ္ဌမပင်လယ်တစ်စင်းလုံး ပွက်ပွက်ဆူ၍ ခမ်းခြောက်သွားရန် တဒင်္ဂသာ ကြာလိုက်သည်။

မရေမတွက်နိုင်သော ဆဋ္ဌမပင်လယ်သားရဲတို့မှာ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရသဖြင့် နာကျင်စွာ အော်ဟစ်သေဆုံးကုန်ကြတော့သည်။

ဆဋ္ဌမပင်လယ်ကား ဖျက်စီးခံလိုက်ရလေပြီ။

ယခုတွင် စစ်ပွဲတစ်ပွဲလုံးမှာ တစ်ဖက်စောင်းနင်းဖြစ်နေ၏။ တောင်ပင်လယ်လောကသည် အစွမ်းထက်ကျင့်ကြံသူအရေအတွက်၌ ညီမျှသော်လည်း ကောင်းကင်ဘုံ ၃၃ ဘုံက ရှိရှိသမျှအရာရာတိုင်းဖြင့် တိုက်ခိုက်နေလေသည်။ ဘီလူးကြီးများ၏အရေပြားသည် မယုံနိုင်လောက်အောင် မာကြောသည်သာမက ၎င်းတို့ခြေတစ်လှမ်းလှမ်းလိုက်တိုင်း တောင်ပင်လယ်ကျင့်ကြံသူများမှာ တားနိုင်စွမ်းမရှိကြပေ။ တားဖို့ကြိုးစားလျှင် သူတို့အားလုံး ပြားကပ်သွားလိမ့်မည်။

အပြင်သူသန်းပေါင်းများစွာသည် တောင်ပင်လယ်ကျင့်ကြံသူများကို ဆက်တိုက်တွန်းထုတ်နေကြ၏။ တောင်ပင်လယ်ကျင့်ကြံသူများမှာ နောက်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိသဖြင့် ခံပြင်းပြင်းအော်သံများ ဟိန်းထွက်လာသည်။ တဖြေးဖြေး မျိုးဖြုတ်သုတ်သင်ခံရတော့မည့် ခံစားချက်က တောင်ပင်လယ်ကျင့်ကြံသူများ၏နှလုံးသားထဲတွင် ပေါက်ဖွားစပြုလာလေပြီ။

ယခုလိုကြီးမားလှသော အင်အားကြီးနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ပြင်ဆင်မှုအားလုံးမှာ ... ဘာမှမထူးတော့သည့်အလားပင်။

“စစ်ဖြစ်တာ တော်တော်ကြာနေပြီ” အနှစ်သာရ ၈ ခု အမျိုးသမီးပါရာဂွန်၏ အေးစက်စက်အသံ ထွက်လာသည်။ “ဒီနေ့... နိဂုံးချုပ်စေရမယ်” သူမသည် ဆဋ္ဌမတောင်ထံ နောက်တစ်လှမ်းလှမ်းလိုက်၏။ သူမရည်ရွယ်ချက်က ထင်ရှားသည်။

သူမသည် တောင်ပင်လယ်တစ်ခုချင်းစီ မြန်နိုင်သမျှမြန်မြန် ဖျက်စီးပစ်ချင်နေ၏။

ထိုသို့ပျက်စီးသွားသောအခါ ကျင့်ကြံသူများသာ ကျန်ခဲ့မည်။ သူတို့အား အလွယ်တကူ ရှင်းနိုင်မည်။

ပင်လယ်အိပ်မက်နှင့် အခြားသူများ၏ မျက်လုံးများ နီရဲသွားပြီး သူတို့က တားဖို့ကြိုးစားကြသော်လည်း အနားပင်မကပ်နိုင်ပေ။ သို့သော် အနှစ်သာရ ၈ ခု ပါရာဂွန် ဆဋ္ဌမတောင်ပေါ် နင်းတော့မည့်အချိန်မှာပဲ ကောင်းကင်ဘုံ (၁၇) သည် ဧရာမအားကြီးတစ်ရပ်က ၎င်းကို ကျန်ကောင်းကင်ဘုံများထံမှ ခွဲထုတ်၍ တောင်ပင်လယ်ထံ စေလွှတ်နေသည့်အလား တသိမ့်သိမ့်တုန်လာ၏။

သို့သော် အနီးကပ်ကြည့်လျှင် ၎င်းက တောင်ပင်လယ်ကျင့်ကြံသူများထံ မဦးတည်ဘဲ... အပြင်သူစစ်တပ်ကြီးထံ ဦးတည်နေကြောင်း မြင်ရလိမ့်မည်။

ဤအလှည့်အပြောင်းက တောင်ပင်လယ်ကျင့်ကြံသူများကို တအံ့တဩ ငေးကြည့်မိသွားစေသည်။ အပြင်သူများလည်း ထိုနည်းတူ တုန်လှုပ်ကုန်ကြသည်။ အမျိုးသမီးပါရာဂွန်ပင်လျှင် ရပ်၍ ကောင်းကင်ဘုံ (၁၇) အား အံ့ဩတကြီး လှည့်ကြည့်လိုက်သည်။

“ကောင်းကင်ဘုံ ၃၃ ဘုံထဲမှာ သူလျှိုတွေ ရှိနေခဲ့တာကို ငါ သိခဲ့သင့်တယ်” သူမသည် သုန်သုန်မှုန်မှုန်ဖြင့် နောက်တစ်လှမ်းလှမ်း လိုက်သည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံ (၁၇) ထံ ဦးတည်သွားလေသည်။ ထို့နောက် လှမ်း၍ ဖမ်းဆုပ်သည့်လက်ဟန် လုပ်လိုက်ရာ ကောင်းကင်ဘုံ (၁၇) တစ်ခုလုံး ဝုန်းခနဲ ကြေမွသွား၏။ မြေထုတစ်ခုလုံးကား ပြာကျသွားလေပြီ။

သို့ထိတိုင် အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသမီးမှာ လက်သည်တရားခံကို ရှာမတွေ့သေးပေ။ သူမက မျက်မှောင်ကြုတ်လျက် စစ်မြေပြင်ကို အကဲခတ်လိုက်သော်လည်း မည်သည့်သဲလွန်စမှ မတွေ့ရ။

“လေဟုန်ခွင်း မဟုတ်ဘူး။ သူက တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံထားရတာ။ သူမဟုတ်ရင် ဘယ်သူများလဲ

“ကိစ္စတော့မရှိပါဘူး။ ငါတို့ရဲ့အင်အားနဲ့ဆို ငါတို့လမ်းကို ပိတ်နေတဲ့ ဘယ်အရာကိုမဆို နင်းခြေပစ်နိုင်တယ်” အမျိုးသမီးပါရာဂွန်က အေးစက်စက်နှာမှုတ်ရင်း အပြင်သူစစ်တပ်၏အနောက်၌ တည်ရှိသော အနီရောင်နေထံသို့ လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ထိုနေကြီးသည် အဆုံးမဲ့အလင်းရောင်ကို ဖြန့်ကျက်လျက် သူမရှိရာသို့ ဦးတည်လာရင်း ကျုံ့နေသည်။ ထို့နောက် ၎င်းသည် ချပ်ဝတ်တန်ဆာအသွင်ပြောင်းရင်း သူမကို ရစ်ပတ်လွှမ်းခြုံလိုက်၏။

ထိုချပ်ဝတ်ဖြင့် အနှစ်သာရ ၈ ခု ပါရာဂွန်၏ အတိုက်အခိုက်စွမ်းရည်ကား ပို၍ပင်မြင့်တက်သွားတော့သည်။ သူမက လက်နှစ်ဖက်မုဒြာလက်ကွက် လျင်မြန်စွာ ဖော်ပြီးနောက် သူမ၏စစ်တပ်ထံ လက်ဝှေ့ယမ်းလိုက်ရာ အပြင်သူများသည် မမြင်ရသောအားတစ်ရပ်ဖြင့် လှုံ့ဆော်ခံလိုက်ရပုံပေါ်လာသည်။ သူတို့၏မျက်လုံးများ နီရဲလာကြပြီး အတိုက်အခိုက်စွမ်းရည်တို့ တိုးတက်လာကြသည်။ ထို့နောက် သူတို့၏တိုက်ကွက်များက ပို၍လူမဆန်တော့ပေ။

တအုန်းအုန်းပေါက်ကွဲသံများနှင့်အတူ တောင်ပင်လယ်ကျင့်ကြံသူများမှာ ဆုတ်ပြီးရင်ဆုတ်နေရတော့သည်။ ထိခိုက်သေဆုံးမှုအရေအတွက်ကား ... မှန်းဆ၍ပင်မရတော့ပေ။

ထို့နောက် အမျိုးသမီးပါရာဂွန်က တောင်ပင်လယ်လောကထံ ပြန်လှည့်သွားသည်။ ထပ်မံ၍ သူမသည် ဆဋ္ဌမတောင်ပေါ်တွင် ပေါ်လာကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဆဋ္ဌမတောင်မှာ တဝုန်းဝုန်းတုန်ခါစပြုလာပြီး အချိန်အနည်းငယ်ကြာသော် ၎င်း၏ရွှမ်းဝူလိပ်ကြီး စိစိညက်ညက်ကြေသွားသည်။ ၎င်း၏အော်သံကြီး ဟိန်းထွက်နေစဉ်မှာပဲ ဆဋ္ဌမတောင်တစ်တောင်လုံး ... ပျက်စီးနေလေပြီ။။

တောင်ပင်လယ်ကျင့်ကြံသူများမှာ အသားတို့တဆတ်ဆတ် တုန်နေကြပြီး ဆောက်တည်ရာမဲ့ကုန်ကြသည်။ တချို့ဆိုလျှင် ကယောင်ချောက်ချား ရူးကုန်သည်။ တာအိုဆရာအစည်းအရုံးသုံးခုမှ အစွမ်းထက်ပညာရှင်များက နတ်ဘုရားစွမ်းရည်အားလုံး ထုတ်လွှတ်လိုက်ကြသည်။ တချို့က ခန္ဓာပင် ဖောက်ခွဲပစ်ကြ၏။

သို့သော် ဆဋ္ဌမတောင်ပြိုကျသွားသော အခိုက်အတန့်တွင် တောင်၏အပျက်အစီးများအတွင်းမှ တောက်ပသော အလင်းတန်းသုံးတန်း ထွက်လာသည်။ ချက်ချင်းပင် သူတို့က ပါရာဂွန်အမျိုးသမီးကို ပိတ်လှောင်လိုက်သော တြိဂံစည်းတစ်စည်းကို ဖော်ဆောင်လိုက်သည်။

“နင်တို့မှာ ရှိတာ ဒါအကုန်ပဲလား” သူမက အေးစက်စွာ ရယ်သည်။ ဆဋ္ဌမတောင်ကို သူမ ဖြိုဖျက်ဖို့ လုပ်ခဲ့စဉ်တုန်းက ကောင်းကင်ဘုံ (၁၇) ဖြစ်ရပ်က သူမကို ၎င်းအား ဖျက်စီးရုံမှတစ်ပါး ရွေးချယ်စရာမပေးခဲ့ပေ။ ထိုအချိန်ကတည်းက တောင်ပင်လယ်လောကသည် သူမကို အချိန်ဆွဲဖို့ ကောင်းကင်ဘုံ ၃၃ ဘုံအတွင်းရှိ သူလျှိုများကို ဆက်သွယ်နေကြောင်း သူမ ခန့်မှန်းမိခဲ့၏။ ထိုသို့ဖြစ်လျှင် သူတို့တွင် အကွက်ချထားသည့် တခြားလှည့်ကွက်များလည်း သေချာပေါက် ရှိလိမ့်မည်။

ထို့ကြောင့် ပြိုကျနေသော ဆဋ္ဌမတောင်အတွင်းမှ ဤစည်းပေါ်လာခြင်းက အံ့ဩစရာမဟုတ်ပေ။ သို့သော် သူမ ထိုစည်းကို ဖယ်ရှားဖို့ ပြင်လိုက်စဉ်မှာပဲ စောစောကမှ စစ်ပွဲတွင် လူလုံးထွက်ပြခဲ့သော ကျမ်းဆရာသုံးပါးက ရုတ်တရက် ဝါးခနဲ ပျောက်ကွယ်သွားကြသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့ပြန်ပေါ်လာသောအခါ ထိုတြိဂံစည်းက ထောင့်တစ်ထောင့်စီတွင် နေရာယူထားကြလေပြီ။

“ငါက မြင့်မြတ်သောဝိညာဉ်ကျမ်းဆရာ”

“ငါက တာအိုနတ်ဘုရားကျမ်းဆရာ”

“ငါက ကောင်းကင်ဘုံဖျက်စီးကျမ်းဆရာ”

“ငါတို့တာဝန်က မင်းရောက်လာတဲ့အထိ စောင့်ပြီး ငါတို့အသက်၊ ငါတို့တာအိုနဲ့ မင်းကို ချုပ်နှောင်ဖို့ပဲ”

All Chapters