← Chapters

အခန်း ၇၅၅

Vol. 73 Ch. 755

အခန်း ၇၅၅

Vol. 73 Ch. 755

အခန်း (၇၅၅)။

"ရှူး…"

ရွှီဝူယွိက ခုန်းကို ကယ်တင်သွားခြင်းက နန်းတက်ပွဲ အခမ်းအနား၌ ကြုံတွေ့ခဲ့ရသော ဘေးဒုက္ခများ လုံးဝ ချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။ နန်းတက်ပွဲမှာ လည်း အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ။ ကျောက်စိမ်းဧကရာဇ်သည် ထီးနန်းကို တရား ဝင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို၊ ကျောက်စိမ်းဧကရာဇ် တံဆိပ်တော်မှာလည်း လူသား မျိုးနွယ်၏ တကယ့်အစစ်အမှန် တံဆိပ်တော် ဖြစ်လာခဲ့သည်။ ဤတံဆိပ်တော်မှာ မူလ နဂါးဘိုးဘေးနှစ်ပါးကို ထွင်းထုထားသဖြင့် နတ်ဘုရားတန်ခိုးစွမ်းအား ကြီးမားရုံသာမကဘဲ အရေးအကြီးဆုံးမှာ 'သူတော်စင်တစ်ရာ' ၏ အသိအမှတ်ပြုမှုကို ရရှိထားခြင်းကြောင့် လူသားမျိုးနွယ် တစ်စုတစ်စည်းတည်း ဖြစ်တည်မှုကို ကိုယ်စားပြုသည့် ဂုဏ်ဒြပ်ကို ရရှိသွားခြင်းပင် ဖြစ်သည်။

ဟုန်ယွိက ရွှီဝူယွိ ထွက်ခွာသွားသော ဟင်းလင်းပြင်နေရာကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။ "ဒီရွှီဝူယွိရဲ့ သိုင်းပညာက ပိုပိုပြီးတော့ ကောင်းလာသလို သူစွမ်းအားကလည်း ပိုပြီး တိုးလာနေတယ်။ အချိန်မြစ်ရေစီးကြောင်းနဲ့ ပစ္စုပ္ပန်ကာလကို ချိတ်ဆက်နိုင်တဲ့ သူ့ပညာရပ်တွေက တကယ်ကို လက်ဖျားခါစရာပဲ... တကယ်လို့ သူသာ ဒီနေ့ ငါ့ကို အသေအကျေ သတ်ဖို့ ကြံစည်ခဲ့ရင် ငါ့အနေနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေ တဲ့ အခြေအနေမှာ အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ အမြီးကို သန့်စင်နိုင်ခဲ့ရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ခေါင်းမာမာနဲ့ အတင်းလိုက်တွယ်ကပ်တတ်တဲ့ လူစားမျိုး မဟုတ်လို့သာ ငါ့အတွက် အလုပ်ရှုပ်သက်သာသွားတာ"

ဟုန်ယွိသည် အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားစိုင်ခဲ အမြီးကို အာရုံစိုက်လိုက် ပြီး ခုန်းကို ဝါးမျိုရန် ကြိုးစားခဲ့ခြင်းကြောင့် ထိုရှေးဦးမိစ္ဆာမျောက်ဝံကြီးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဟုန်ယွိမှာ အသာစီးရခဲ့သည်မှာ မှန်သော်လည်း အကယ်၍ ရွှီဝူယွိ သာ ဘာကိုမှ ဂရုမစိုက်ဘဲ ယနေ့တွင် အင်အားသုံး၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါက ရလဒ်မှာ မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။

ရွှီဝူယွိ၏ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်မှာ ဟုန်ယွိ အထွက်အထိပ်တွင် ရှိနေစဉ်က သိုင်းပညာအဆင့်နှင့် များစွာ ကွာခြားမှု မရှိပေ။ ထို့အပြင် သူ၏ တိုက်ပွဲအတွေ့အကြုံမှာ ဟုန်ယွိထက် ပိုမို ကြွယ်ဝသလို သူ၏ လှုပ်ရှားမှုများမှာလည်း အဆုံးမဲ့နေသည်။ ယခု အချိန်အထိ သူသည် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်နေဆဲပင်။

ထို့အပြင် ဤရွှီဝူယွိ၏ အထွက်အထိပ် အဆင့်မှာ ဟင်းလင်းပြင် ဖျက်ဆီးခြင်း အဆင့်သို့ တဖြည်းဖြည်း ချဉ်းကပ်နေပြီဖြစ်ကြောင်း ဟုန်ယွိ ခံစားမိသည်။ ၎င်းမှာ ရှေ့သို့ ကြီးမား သော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ခြင်းပင် ဖြစ်သည်။

"ဒီနေ့ ငါ ယန်နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ မအောင်မြင်ခဲ့ပေမဲ့ မကြာခင်မှာ ဒီရွှီဝူယွိ က ဟင်းလင်းပြင် ဖျက်ဆီးခြင်း အဆင့်ကို တက်လှမ်းသွားလိမ့်မယ်လို့ ငါ ခံစားနေရတယ်။ သူ့ရဲ့သိုင်းတာအိုနဲ့ ငါ့ရဲ့သိုင်းတာအို... ဘယ်သူက အဲဒီအဆင့်ကို အရင်ရောက်မလဲဆိုတာ သိချင်မိတယ်" ဟုန်ယွိက သူ၏ စိတ်ထဲတွင် အနာဂတ်သခင်ရှီနှင့် ဆက်သွယ်ကာ တွက်ချက်လိုက်သည်။

"ခုနက တိုက်ပွဲအရဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ စွမ်းအားဟာ ဖန်ဆင်းရှင် ၁၅ ဦးရဲ့ အင်အားနဲ့ ညီမျှတယ်။ ပြီးတော့ သူ့ရဲ့အပ်စိုက်မှတ်တွေက ပြည်နယ် ၉၉ ခု မှာ ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုနဲ့ ချိတ်ဆက်ထားတယ်။ တကယ်လို့ သူက ရှေးဦး လျှို့ဝှက်နည်းလမ်းကိုသာ အသုံးပြုခဲ့ရင် သူက မင်းလိုပဲ သူ့ရဲ့ အတွေးစတွေနဲ့ ဒီကမ္ဘာကြီး ကို ချိတ်ဆက်နိုင်လိမ့်မယ်။ အဲဒီအခါမှာ သူ့သိုင်းဆန္ဒက နှစ်ဆ ပိုသန်မာလာမှာဖြစ်သလို ပေါက်ကွဲအားကလည်း နှစ်ဆ ဖြစ်လာလိမ့်မယ်။ ဒါဟာ ပုန်းအောင်းနေတဲ့ စွမ်းအင်တွေကို ထုတ်ဖော်လိုက်တာပဲ။ ဒါဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် တံခါးကို ဖွင့်လှစ်ဖို့ သော့ချက် ဖြစ်နိုင်သလို အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ သွေးယဇ်ပူဇော်ခြင်း နည်းလမ်း နဲ့လည်း ဆင်တူတယ်..."

အနာဂတ်သခင်ရှီ၏ အစွမ်းထက်သော အတွေးစများမှာ အဆက်မပြတ် လည်ပတ်နေ သည်။ ထောင်ပေါင်းများစွာသော ခန့်မှန်းချက်များကို တစ်ခုချင်းစီ နားလည်အောင် ခွဲခြမ်း စိတ်ဖြာပြီးနောက် နောက်ဆုံးတွင် အဖြစ်နိုင်ဆုံး ကောက်ချက်တစ်ခု ချမှတ်လိုက်သည်။

"ဒါကြောင့် ရွှီဝူယွိက အချိန်မရွေး ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်သွားနိုင် တယ်။ သူက အလွန် သိမ်မွေ့တဲ့ ဟန်ချက်ညီမှု အခြေအနေမှာ ရှိနေတာ။ ပြီးတော့ မင်း ယန်နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ ကြိုးစားတဲ့ ဖြစ်စဉ်ကို သူက မြင်တွေ့ခဲ့ရတဲ့ အတွက် သူက အမြင့်ဆုံးသော အတွေ့အကြုံတွေကို ရရှိသွားခဲ့ပြီး သူ့စွမ်းအားကိုလည်း ပိုတိုးစေခဲ့တယ်။ သူ အလျင်အမြန် ထွက်သွားပြီး မင်းနဲ့ မတိုက်ခိုက်ခဲ့တာဟာ တစ်ခုခုကို နားလည်သွားလို့ဖြစ်မယ်။ ပြန်သွားပြီး ပြန်လည်ကျင့်ကြံချင်လို့ ဖြစ်နိုင်တယ်။ အနည်းဆုံး တော့ သူ အဲဒီအဆင့်ကို ရောက်ဖို့ ၉၈ ရာခိုင်နှုန်းလောက် သေချာနေတယ်။ ဒါပေမဲ့ ငါ့မှာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်နဲ့ ပတ်သက်တဲ့ အချက်အလက် အစစ်အမှန်တွေ မရှိသေးတဲ့အတွက် ငါ့တွက်ချက်မှုက သိပ်ပြီးတော့ တိကျချင်မှ တိကျလိမ့်မယ်။ ယန်နတ်ဘုရားအဆင့်နဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ဆိုတာကတော့ တာအို ဉပဒေသတွေရဲ့ အထွက်အထိပ် အဆင့်တွေပဲ"

"အဲဒါကိုတော့ ငါ သိတာပေါ့။ အနည်းဆုံး တစ်နှစ်၊ အများဆုံး သုံးနှစ်ပေါ့ ဟုတ်လား" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ "နောက်ထပ် ခုနစ်နှစ် ကျန်သေးတယ်။ တောင်ပင် လယ်မှာ ငါနဲ့ မုန့်ရှန်းကျီတို့ရဲ့ အဆုံးဖြတ်တိုက်ပွဲ မတိုင်ခင် ခုနစ်နှစ် ကျန်သေးတယ်။ မုန့်ရှန်းကျီရဲ့ ကျင့်စဉ်က ဘယ်အခြေအနေ ရောက်နေပြီလဲ သိချင်မိတယ်။ သူက ကျောက်စိမ်းမြို့တော် နန်းတက်ပွဲ အခမ်းအနားကိုတောင် မလာခဲ့ဘူး။ တိုင်ရှန်တာအို ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ သူက သူ့ရဲ့တရားဝင် ရပ်တည်မှုကို ပြသဖို့ လာသင့်တာလေ။ သူ မလာဘူးဆိုတာကတော့ သူ့ကျင့်စဉ်က အလွန်အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ပဲ ဖြစ်ရမယ်"

ဟုန်ယွိ၏ အင်အားမှာ များစွာ တိုးတက်လာခဲ့ပြီး သူ၏ နည်းလမ်းများမှာလည်း မုန့်ရှန်းကျီ ထက် သာလွန်နေပြီ ဖြစ်သော်လည်း နောက်ထပ် ခုနစ်နှစ်အတွင်း ဖြစ်လာမည့် တိုက်ပွဲကို သူ ပေါ့ပေါ့တန်တန် မယူဝံ့ပေ။

မုန့်ရှန်းကျီသည်လည်း ယန်နတ်ဘုရား အဆင့်သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်ကြောင်း သတိပြုရမည်။ သူသည် အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်သို့ မရောက်သေးသော်လည်း သူ့တွင် ထာဝရနိုင်ငံတော် ရှိနေသည့်အတွက် 'တိုင်' ထံမှ လျှို့ဝှက်နည်းစနစ်အချို့ကို သင်ယူထားနိုင်ပေသည်။

အဆုံးတွင် မုန့်ရှန်းကျီ၏ အမွေအနှစ်မှာ ယန်နတ်ဘုရား ပညာရှင်တစ်ဦး၏ အတွေ့အကြုံ များမှ တိုက်ရိုက် ဆင်းသက်လာခြင်း ဖြစ်သော်လည်း ဟုန်ယွိမှာမူ မိမိဘာသာ ကြိုးစား ရှာဖွေနေရခြင်း ဖြစ်သည်။

ဤအကြိမ် ကျောက်စိမ်းမြို့တော်၏ ဘေးဒုက္ခကြီးတွင် အင်မော်တယ် နတ်ဘုရားဘုရင် က ကျောက်စိမ်းမြို့တော်ကို ပြည်နယ် ၉၉ ခု ၏ မြေပုံမှ ဖျက်ဆီးပစ်ရန် ကျူးကျော်လာစဉ် က မုန့်ရှန်းကျီ ပေါ်လာလိမ့်မည်ဟု ဟုန်ယွိ ခန့်မှန်းခဲ့သည်။

အကယ်၍ မုန့်ရှန်းကျီသာ ပေါ်လာခဲ့ပါက နောင်အနာဂတ် သမိုင်းမှတ်တမ်းများတွင် ဤသို့ ရေးထိုးခံရပေလိမ့်မည် - 'တစ်နေ့သောအခါတွင် ကျောက်စိမ်းဧကရာဇ် နန်းတက်ခဲ့ရာ ကမ္ဘာမြေကြီး၏ ကံကြမ္မာက မနာလိုဖြစ်ခဲ့သဖြင့် မိစ္ဆာများ ကသောင်းကနင်း ဖြစ်ခဲ့ကြ သည်။ ရှေးဦးမိစ္ဆာ နတ်ဘုရားဘုရင်က မိစ္ဆာအုပ်စုကို ဦးဆောင်၍ တိုက်ခိုက်ခဲ့သော်လည်း သူတော်စင်ယွိနှင့် တိုင်ရှန်တာအိုဂိုဏ်း ချုပ် မုန့်ရှန်းကျီတို့က တွန်းလှန်နိုင်ခဲ့ကြသည်...'

၎င်းမှာ မော်ကွန်းတစ်ခု ဖြစ်သလို ဒဏ္ဍာရီတစ်ခုလည်း ဖြစ်လာပေလိမ့်မည်။ အရာအားလုံး တစ်သားတည်း ဖြစ်သွားခြင်းပင်။

ဤနည်းအားဖြင့် တိုင်ရှန်တာအိုဂိုဏ်းသည်လည်း တရားဝင် ဂိုဏ်းအစစ်အမှန် ဖြစ်လာပေ လိမ့်မည်။ သူ ယခု ရောက်မလာခဲ့သည့်အတွက် နောင်အနာဂတ်တွင် သူ၏ ဂုဏ်သိက္ခာ အပေါ် ထိခိုက်မှု ရှိလာနိုင်ပေသည်။

မုန့်ရှန်းကျီက ဤအချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်ဟု ဟုန်ယွိ ယုံကြည်သည်။ သူတို့သည် လူအလူမိုက်များ မဟုတ်ကြပေ။ သူ မလာရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့ကျင့်စဉ်၏ အရေးအကြီးဆုံး အဆင့်သို့ ရောက်ရှိနေပြီး မည်သည့် အရာကမျှ သူ၏ စိတ်ဝင်စားမှုကို မနှိုးဆော်နိုင်တော့ခြင်းကြောင့်ပင် ဖြစ်ရမည်။

“ဒီတစ်ကြိမ်မှာတော့ ငါဟာ ဒီမဟာစကြဝဠာရဲ့ ဗဟိုချက်မ ဖြစ်လာခဲ့ပြီ၊ အစွမ်းထက် တည်ရှိမှုတွေရဲ့ အတွေးစတွေက ငါ့ကို သတိထားမိသွားကြပြီ...”

ဟုန်ယွိသည် ထပ်မံ စဉ်းစားလိုက်ရင်း အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားစိုင်ခဲ များကို သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အသန့်စင်ဆုံး ရှေးဦးမူလစွမ်းအင်များကို ခွဲထုတ်လိုက်ပြီး ကော့လီ နတ်ဘုရား ဘုရင်မနှင့် အထွက်အထိပ် လူသားအင်မော်တယ် ငါးဦးတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းကာ သူတို့၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။

"ကောင်းလိုက်တာ"

မူလက သူတော်စင်ပေါင်းစုံခန်းမရှိ မိုးကြိုးရေကန် အထက်တွင် ရှောက်ရှိူက်မှာ မျက်စိ မှိတ်၍ ကုသနေခဲ့ခြင်း ဖြစ်သည်။ ရုတ်တရက် သူသည် သန့်စင်သော ရှေးဦးမူလစွမ်းအင် များ သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အပ်စိုက်မှတ်များမှာ မိုးရေစက်များကို ရရှိလိုက်သကဲ့သို့ အာဟာရများ ရရှိသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးသားများမှာ အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာခဲ့သည်။

မရေတွက်နိုင်သော သေးငယ်သည့် အသားစများ၊ အရိုးမှုန့်များနှင့် အရေပြားများမှာ လည်ပတ်နေကြပြီး ထိုခဏချင်းမှာပင် သူ၏ အင်အားမှာ များစွာ တိုးတက်လာသည်ဟု သူ ခံစားလိုက်ရသည်။

ရုတ်တရက် စီးဝင်လာသော ရှေးဦးမူလစွမ်းအင်များက ရှောက်ရှိူက်၏ စွမ်းအင်များကို အပြည့်အဝ ပြန်လည် ဖြည့်တင်းပေးလိုက်သဖြင့် သူ၏ သွေးစွမ်းအင်များမှာ လျှံတက်လာ ခဲ့သည်။ သူသည် မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ဘုံကိုးထပ်အထိ ဟိန်းထွက်သွားစေ နိုင်သည့် ဟစ်ကြွေးသံကြီးကို လွှတ်လိုက်မိသည်။

တစ်ချိန်တည်းမှာပင် ပေချန်၊ လီဖူ၊ ဝူကျွင်းနှင့် ရန်ယန်တို့သည်လည်း သူတို့၏ စွမ်းအား များ များစွာ တိုးတက်လာသည်ကို ခံစားလိုက်ရပြီး ဒဏ်ရာများ အားလုံး ပျောက်ကွယ်သွား ခဲ့သည်။ သူတို့၏ ခန္ဓာကိုယ် သဘာဝများ ပြောင်းလဲသွားခဲ့ပြီး အပ်စိုက်မှတ်များမှာလည်း ရှေးဦးမူလစွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ထိုစဉ် ဟုန်ယွိ၏ အစွမ်းထက်သော စိတ်ဆန္ဒက သူတို့၏ အတွေးစများအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ "ဒါဟာ အင်မော် တယ် နတ်ဘုရားဘုရင်ရဲ့ သွေးသားစိုင်ခဲတွေ ဖြစ်ပြီး ဒီလောကမှာ အစွမ်းထက်ဆုံး ရတနာ တစ်ခုပဲ။ ကျင့်ကြံသူတွေ၊ အထူးသဖြင့် သိုင်းလမ်းစဉ်ကျင့်ကြံသူတွေအတွက် ဒါဟာ အသက်ရှည်စေတဲ့ အာနိသင် ရှိတယ်။ ဒီသွေးသားစိုင်ခဲတွေကို ဝါးမျိုပြီးရင် မင်းတို့ရဲ့ သက်တမ်းက အနည်းဆုံး နှစ် ၃,၀၀၀ လောက် တိုးလာလိမ့်မယ်၊ ဒါ့အပြင် ဒီသွေးသားစိုင်ခဲ တွေက သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်ကို တက်လှမ်းဖို့အတွက် အရမ်း အသုံးဝင်တယ်။ မင်းတို့အားလုံးက ဖန်ဆင်းရှင်တွေ ဖြစ်သလို အစွမ်းထက်တဲ့ လူသား အင်မော်တယ်တွေလည်း ဖြစ်ကြတယ်။ တကယ်လို့ မင်းတို့သာ အဲဒီအဆင့်ကို ချိုးဖျက်နိုင် ခဲ့ရင် မင်းတို့ဟာ မသေမျိုးခန္ဓာကိုယ်ကို ရရှိသွားလိမ့်မယ်။ ဒါပေမဲ့ ချိုးဖျက်နိုင်မလားဆို တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်"

အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားစိုင်ခဲများမှာ အထွက်အထိပ်အဆင့်ရှိ လူသား အင်မော်တယ်များကို သွေးတစ်စက်မှပြန်လည်မွေးဖွားခြင်း အဆင့်ကို ပိုမို နားလည်လာ စေရန် ကူညီပေးနိုင်သည်မှာ မှန်သော်လည်း ၎င်းမှာ လုံးဝ သေချာသည့် အရာမျိုး မဟုတ် ဘဲ မိမိဘာသာ နားလည်သဘောပေါက်ရန် လိုအပ်သေးသည်။

ဟုန်ရွှန်ကျိသည် ထိုအသားကို စားသုံးပြီးနောက် အဆိုပါအဆင့်ကို နားလည်သွားရခြင်းမှာ သူ၏ ထူးကဲလှသော သိမြင်နိုင်စွမ်းကြောင့် ဖြစ်သည်။

ထိုကဲ့သို့ ထူးချွန်သည့် ပုဂ္ဂိုလ်မျိုးမှာ စကြဝဠာတစ်ခုလုံးတွင် တွေ့ရခဲလှပေသည်။ နတ်ဘုရားတန်ခိုးစွမ်းအင်များ လှိုင်းထလာပြီးနောက် သူတို့၏ သွေးစွမ်းအင်များမှာ ဟုန်းဟုန်းတောက်လာခဲ့သည်။ အထွက်အထိပ် လူသားအင်မော်တယ် ငါးဦးမှာ တုန်ခါသွား ကြပြီး သူတို့၏ သွေးသားများမှာ သက်ရှိများကဲ့သို့ လှုပ်ရှားလာခဲ့သည်။ သို့သော်လည်း သူတို့သည် ခန္ဓာကိုယ်မှ သီးခြားစီ ကွဲထွက်သွားနိုင်ခြင်း မရှိသေးပေ။

"ဟူး"

ခဏမျှ ကြိုးစားကြည့်ပြီးနောက် အထွက်အထိပ် လူသားအင်မော်တယ် ငါးဦးမှာ အဆုံးတွင် ရပ်တန့်လိုက်ကြသည်။ သူတို့သည် သက်ပြင်းရှည်ကြီးများ ချလိုက်ကြပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ သူတော်စင်ပေါင်းစုံခန်းမ အတွင်းမှ ထွက်၍ ဟုန်ယွိ၏ ရှေ့တွင် ရပ်လိုက်ကြသည်။

"ငါတို့ အဲဒီအဆင့်ကို မဖောက်ထွက်နိုင်သေးဘူး၊ ဒါပေမဲ့ အရေးကြီးတဲ့ အမှတ်ကိုတော့ ရောက်နေပြီ။ အဲဒီ အကန့်အသတ် အဆင့်ကိုပေါ့။ တကယ်လို့ ငါတို့သာ ဆက်ပြီး ကျင့်ကြံနေမယ်ဆိုရင် တစ်နေ့မှာ ကျိန်းသေပေါက် ချိုးဖျက်နိုင်မှာပါ" ရှောက်ရှိူက်က ပြောလိုက်သည်။

အထွက်အထိပ် လူသားအင်မော်တယ် ငါးဦးစလုံးမှာ အရေးကြီးသော အမှတ်သို့ ရောက်နေ ကြပြီဖြစ်ပြီး၊ ၎င်းမှာ လွန်ခဲ့သောအချိန်က ခုန်း သူ၏ ထာဝရအသက်တာအိုသစ်သီး ဆုံးရှုံး သွားစဉ်က အခြေအနေနှင့် တူညီသည်။ ထိုစွမ်းအားမှာ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကို ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦးနှင့် ညီမျှသည်။

"မလောပါနဲ့။ ငါတို့ရဲ့ အခုအင်အားက ဗဟိုကမ္ဘာက ဝန်ကြီးခုနစ်ပါးနဲ့ ယှဉ်နိုင်နေပါပြီ" လီဖူ ကြယ်သခင်မက ပြောလိုက်သည်။ သူမက သူမ၏ နတ်ဘုရားစွမ်းအားကို လည်ပတ်ကြည့် လိုက်ရာ အပ်စိုက်မှတ်များအတွင်းမှ စွမ်းအင်များ လျှံတက်နေသည်ကို ခံစားလိုက်ရသည်။ ထို့နောက် လေထဲသို့ လက်သီးဖြင့် ထိုးလိုက်ရာ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ သူမပုံစံက အလွန်ပင် ကျေနပ်နေပုံရသည်။

"ဟုတ်တယ်။ ဗဟိုကမ္ဘာက ဝန်ကြီးခုနစ်ပါးလုံးက ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူတွေပဲ။ ငါတို့ရဲ့ကျင့်စဉ်က သူတို့ထက် မနိမ့်ပါဘူး၊ နည်းနည်းတောင် ပိုသာဦးမယ်။ ဒါပေမဲ့ ဝန်ကြီးခုနစ်ပါးစလုံးမှာ ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားလက်နက်တွေ နဲ့ 'မိုးကြိုးစင်မြင့်' တွေ ရှိကြတယ်။ အဲဒါကတော့ ငါတို့ ယှဉ်လို့မရသေးတဲ့ အချက်ပဲ" နေမီးလျှံကြယ်သခင်က ပြုံး၍ ပြောလိုက်သည်။ "ဟိုးအရင်က ငါဟာ စိုက်ပျိုးရေးဝန်ကြီးရဲ့ မူလမျိုးစေ့နဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာ။ အဲဒီနတ်ဘုရားလက်နက်ရဲ့ စွမ်းအားက တကယ်ကို ကြီးမားလွန်းတယ်၊ 'မသေမျိုးစစ်အလံ' ထက် မနိမ့်ဘူး။ ပိုပြီး အထင်ကြီးစရာ ကောင်းတာ က သူတို့ရဲ့ 'မိုးကြိုးစင်မြင့်' တွေဟာ 'ထိုက်ကျိ မိုးကြိုးရေကန်' နဲ့ အဆင့်ချင်း တူညီတာပဲ။ ဗဟိုကမ္ဘာမှာ အဲဒီလို စင်မြင့် စုစုပေါင်း ကိုးခု ရှိတယ်"

"ငါလည်း အဲဒီ 'မိုးကြိုးစင်မြင့်' တွေကို မမြင်ဖူးသေးဘူး၊ ဒါပေမဲ့ အဲဒါတွေကို ဧကရာဇ် ချန်ရှန်းနဲ့ ဧကရာဇ်ဖန်တို့က သူတို့ရဲ့ စံနှုန်းတွေအတွက် ဖန်တီးခဲ့တာဆိုတော့ 'ထိုက်ကျိ မိုးကြိုးရေကန်' လောက် မကောင်းရင်တောင် သိပ်တော့ ကွာခြားမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်" ဟုန်ယွိက ခေါင်းညိတ်၍ ပြောလိုက်သည်။ သူသည်လည်း ဤအချက်ကို သတိထားမိပြီးသား ဖြစ်သည်။ "ဒါ့အပြင် အခြေအနေက တော်တော်လေး ရှုပ်ထွေးတယ်။ ဗဟိုကမ္ဘာ တစ်ခုတည်း မဟုတ်ဘူး။ ငါ ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ မအောင် မြင်ခဲ့ပေမဲ့ ရှုပ်ထွေးတဲ့ အရာတော်တော်များများကိုတော့ အာရုံခံမိလိုက်တယ်။ အစွမ်း ထက် ပုဂ္ဂိုလ်တော်တော်များများလည်း အဲဒါကို သတိထားမိသွားကြပြီ။ အလွယ်ပြောရရင် နေနဲ့ လရှိတဲ့ လေဟာနယ်နဲ့အချိန် ဟင်းလင်းပြင်ထဲမှာလည်း အစွမ်းထက်တဲ့ တည်ရှိမှု တွေ ရှိနေကြတယ်"

"နေနဲ့ လရဲ့ အထက်မှာ အစွမ်းထက်တဲ့ တည်ရှိမှုတွေ ရှိနေတယ် ဟုတ်လား" ဟုန်ယွိ၏ စကားကို ကြားသောအခါ အထွက်အထိပ် လူသားအင်မော်တယ် ငါးဦးမှာ အံ့အားသင့်သွား ကြသည်။ "ငါတို့ ကောင်းကင်အပြင်ပနယ်မြေရဲ့ နေနဲ့ လကတော့ သတ္တုတွေကိုတောင် အရည်ပျော်စေနိုင်တဲ့ တောက်လောင်နေတဲ့ မီးတောက်ကြီးတွေပဲလေ။ အထဲက မီးတောက်တွေက ပိုပြီး ပြင်းထန်ပြီး ဟင်းလင်းပြင်ကိုတောင် လောင်ကျွမ်းစေနိုင်တယ်။ ဖန်ဆင်းရှင်တွေရဲ့ စိတ်ဝိညာဉ်တွေတောင် အဲဒီထဲကို မဝင်နိုင်ဘူး၊ ဒါကြောင့် သက်ရှိတွေ အဲဒီမှာ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အစွမ်းထက် ပညာရှင် တော်တော်များများလည်း နေနဲ့ လကို သွားရောက် စူးစမ်းခဲ့ကြဖူးတယ်" ရှောက်ရှိူက်က စဉ်းစားရင်း ပြောလိုက် သည်။

"ကောင်းကင်အပြင်ပနယ်မြေရဲ့ နေနဲ့လကတော့ မီးလုံးကြီးနဲ့ ရေခဲလုံးကြီးတွေပဲပေါ့။ ဒါပေမဲ့ မဟာကမ္ဘာလောကရဲ့ နေနဲ့လကတော့ လုံးဝ ကွဲပြားပြီး ထူးဆန်းတဲ့ ပြောင်းလဲမှု တွေ ရှိတယ်။" အသံတစ်ခု ထွက်ပေါ်လာသည်။ အသံရှင်မှာ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားပြီဖြစ်သော ကော့လီ နတ်ဘုရားဘုရင်မပင် ဖြစ်သည်။ "ကောင်းကင် အပြင်ပနယ်မြေမှာ ဖန်ဆင်းရှင်တွေ သွားနိုင်ပေမဲ့ မဟာကမ္ဘာလောကရဲ့ နေနဲ့ လကိုတော့ မသွားနိုင်ကြဘူး။ ယန်နတ်ဘုရား ဒါမှမဟုတ် 'နတ်ဘုရားလက်နက်ဘုရင်' ရှိမှပဲ ရမယ်။ နေနဲ့ လပေါ်မှာလည်း 'နေမင်း၏ သားတော်' လိုမျိုး အစွမ်းထက်တဲ့ တည်ရှိမှုတွေ ရှိတယ်။ 'ရှေးဦးရွှေကျီးကန်း' က မီးလျှံထဲကနေ မွေးဖွားလာသလို ဖီးနစ်လည်း အတူတူပဲ။ ရှေးဦး ခေတ်တုန်းက အစွမ်းထက် ပညာရှင်တစ်ဦး ဖြစ်တဲ့ နေနတ်ဘုရားသခင် ရှိခဲ့ဖူးတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းနန်းတော်က နေရှိတဲ့ဟင်းလင်းပြင်ထဲမှာ ရှိနေတာ" ဗဟုသုတ ကြွယ်ဝသော ကော့လီ နတ်ဘုရားဘုရင်မက ရှင်းပြသည်။ "ဒီတစ်ကြိမ်မှာ ဟုန်ယွိက ယန်နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ ကြိုးစားခဲ့တာကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်အားလုံး သိသွားကြလိမ့် မယ်။ နှစ်ပေါင်း သောင်းနဲ့ချီပြီး ယန်နတ်ဘုရား ပညာရှင် မပေါ်ခဲ့တာဆိုတော့ ဒါဟာ အာရုံ စိုက်မခံရဘဲ ဘယ်နေပါ့မလဲ။ အခုကစပြီး မဟာကမ္ဘာလောကဟာ ရှုပ်ထွေးတဲ့ ကာလ တစ်ခုကို ရောက်တော့မယ်။ ပြီးတော့ မင်းနဲ့ အင်မော်တယ် နတ်ဘုရားဘုရင်တို့ရဲ့ တိုက်ပွဲ က ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ နေနဲ့ လ ရဲ့အထက်မှာ ရှိနေတဲ့ တည်ရှိမှုတွေဟာ အဲဒီဥမင်ကနေတစ်ဆင့် မဟာကမ္ဘာလောကထဲ ကို ဝင်လာနိုင်ခြေ ရှိတယ်"

"ဒါကိုတော့ ငါတို့ တားလို့မရဘူး။ ရောက်လာမှပဲ ရင်ဆိုင်ရမှာပေါ့" ဟုန်ယွိက ပြောလိုက် သည်။ "မဟာကမ္ဘာလောကရဲ့ အနာဂတ်ကတော့ ကသောင်းကနင်း ဖြစ်တော့မှာပဲ၊ ဒါကြောင့် အဲဒီထဲမှာ နောက်ထပ် တစ်ခုနှစ်ခု တိုးလာလည်း ဘာမှ မဖြစ်ပါဘူး။ ငါတို့ရဲ့ အင်အားကို တိုးအောင် လုပ်ဖို့ပဲ လိုတာပါ။ အခု ငါ အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ အမြီး က သွေးသားစိုင်ခဲတွေကို လှီးဖြတ်ပြီး ငါတို့ဆီမှာ ဖန်ဆင်းရှင်တွေ ပိုများလာအောင် လုပ်ပေးမယ်"

"ဟုန်ယွိ၊ မင်း ငါ့ကို ချိပ်ပိတ်ထားပြီးရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ" အသံတစ်ခုမှာ ထိုက်ကျိ မိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။ ဟုန်ယွိ ကြည့် လိုက်သောအခါ အသံရှင်မှာ သူ အရင်ဆုံး ချိပ်ပိတ်ထားခဲ့သော အနှစ်သာရနတ်ဘုရား ကျောင်း၏ ယဇ်ပုရောဟိတ်အမျိုးသမီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ "ငါကလည်း ဖန်ဆင်းရှင် တစ်ဦးပဲလေ။ ဟုန်ယွိ... တကယ်လို့ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ မင်းဆီ မှာ အမှုထမ်းပြီး ဗဟိုကမ္ဘာရဲ့ ကျူးကျော်မှုကို ကူညီတိုက်ခိုက်ပေးမယ်။ ဘယ်လိုလဲ။ ငါက ဗဟိုကမ္ဘာရဲ့ လျှို့ဝှက်ချက် အတော်များများကိုလည်း သိထားတယ်။ ဒါ့အပြင် ငါ့မှာ နောက်ထပ် အဆင့်အတန်းတစ်ခုလည်း ရှိသေးတယ်။ ငါဟာ ဗဟိုကမ္ဘာ ခေါင်းဆောင်ရဲ့ ဇနီးက မွေးစားထားတဲ့ သမီးတော်ပဲ..." ယဇ်ပုရောဟိတ်အမျိုးသမီးက ဟုန်ယွိ သူမကို ကြည့်နေသည်ကို မြင်သောအခါ မိုးကြိုးရေကန် ချိပ်ပိတ်မှုအတွင်းမှ မတ်တတ်ရပ်၍ လိမ္မာပါးနပ်သော လေသံဖြင့် ပြောလိုက်သည်။

"ဗဟိုကမ္ဘာအကြောင်း ငါ အလုံအလောက် သိပြီးသားပါ။ ငါ စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေကိုတောင် စုပ်ယူထားတာပဲ။ ငါမသိတဲ့အရာ ဘာရှိဦးမှာလဲ" ဟုန်ယွိက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ယဇ်ပုရောဟိတ်အမျိုးသမီးမှာ မိုးကြိုးရေကန်အတွင်းမှ လွင့်ထွက်လာခဲ့သည်။ သို့သော် သူမမှာ ကြီးမားသော စွမ်းအားတစ်ခုဖြင့် ဖိနှိပ်ခံထားရ သဖြင့် လှုပ်ရှား၍ မရပေ။ "မင်းက ဟုန်ရွှန်ကျိနဲ့ လက်ထပ်ထားပြီးသားပဲလေ။ ဘာလို့ လိမ္မာပါးနပ်စွာနဲ့ သူ့ရဲ့ မယားငယ်အဖြစ် မနေတာလဲ။ ဒါဟာ မင်းကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ။ ဘယ်သူမှ မင်းကို အတင်းအကျပ် မခိုင်းခဲ့ပါဘူး" ဟုန်ယွိက အေးစက်စွာ ပြောလိုက်လေတော့သည်။

All Chapters