← Chapters

အခန်း ၇၅၆

Vol. 73 Ch. 756

အခန်း ၇၅၆

Vol. 73 Ch. 756

အခန်း (၇၅၆)။

"ဟုန်ရွှန်ကျိရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားက ပျက်စီးသွားပြီ။ သာမန်လူတစ်ယောက် အနေ နဲ့ သူ့မှာ ဘယ်လောက်ပဲ သိုင်းပညာ အတွေ့အကြုံတွေ ရှိနေပါစေ၊ အဲဒါကို ပြန်ဖြည့်ဆည်း ပေးနိုင်မယ့် နတ်ဘုရားတန်ခိုးနဲ့ မူလစွမ်းအင်တွေ မရှိတော့ဘူး။ ဒါ့အပြင် ကျွန်မကလည်း သူ့မယားငယ်အဖြစ် ဟန်ဆောင်တာကလည်း သူ့ကို အသုံးချလို့ပဲ။ အခုတော့ ရှင် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ကျွန်မ မြင်လိုက်ရပြီ။ ရှင်က ယန်နတ်ဘုရား အဆင့်ကိုတောင် တက်လှမ်းနိုင်လုနီးပါး ဖြစ်ခဲ့တယ်၊ စကြဝဠာတစ်ခုလုံးတောင် တုန်လှုပ်သွားခဲ့ရတယ်။ 'ငှက်ကောင်းဆိုတာ သစ်ပင်ကောင်းကို ရွေးနားတတ်တာ' ပဲလေ။ ဒါက ဘာမှ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ အခု အနှစ်သာရနတ်ဘုရားကျောင်းက ရှင့်လက်ထဲ ရောက်သွားပြီဆိုတော့ အနောက်ဘက်ဒေသ တစ်ခုလုံးလည်း ရှင့်လက်ထဲ ရောက်သွားပြီပေါ့။ ကျွန်မက ဖန်ဆင်းရှင်တစ်ပါး ဖြစ်ပေမဲ့ ရွေးချယ်စရာလမ်း မရှိတော့သ လိုပဲ။ သူရဲကောင်းမှတ်တမ်းထဲမှာ အသန့်စင်ခံရတာထက်စာရင်တော့ ဒါက ပိုကောင်းပါ တယ်"

အနှစ်သာရ နတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ်အမျိုးသမီးသည် ဟုန်ယွိက သူမကို ဟုန်ရွှန်ကျိ၏ မယားငယ်အဖြစ် ပြန်ထားချင်သည်ဟု ပြောလာသည့်အခါ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။ သို့သော် ခဏအကြာတွင် သူမက ဟုန်ယွိ စိတ်တိုင်းကျ လုပ်နိုင်ရန် အရှုံးပေးလိုက်သည့်အလား ပြန်လည် တည်ငြိမ်သွားခဲ့သည်။

သူမ၏ အရှင်သခင်ဖြစ်သော မူလဝိညာဉ်နတ်ဘုရားပင်လျှင် ဟုန်ယွိ၏ သန့်စင်ခြင်းကို ခံလိုက်ရပြီး မှတ်ဉာဏ်များမှာ သူရဲကောင်းမှတ်တမ်းထဲ ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူမကိုယ်တိုင်လည်း ဟုန်ယွိကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပါက မူလဝိညာဉ် နတ်ဘုရားကဲ့သို့ အဆုံးသတ်သွားမည်ကို ကြောက်ရွံ့နေမိသည်။

"မင်းကို ဟုန်ရွှန်ကျိဆီ ပြန်လွှတ်ပေးတာက သူ့ကို ပြုစုစောင့်ရှောက်ဖို့ပဲ။ မင်း သူ့ကို ဂရုစိုက်ပေးရမယ်၊ သူ ကျန်ရှိတဲ့ ဘဝသက်တမ်းကို ဝူဝမ်မြို့စားစံအိမ်ထဲမှာပဲ အေးအေး ဆေးဆေး ကုန်ဆုံးစေချင်တယ်" ဟုန်ယွိက ထိုယဇ်ပုရောဟိတ်မကို ခဏမျှ ကြည့်လိုက် သည်။ "သူ့မှာ နတ်ဘုရားတန်ခိုးစွမ်းအားတွေ မရှိတော့ပေမဲ့ သူက လူအများ လိုချင်နေတဲ့ ရတနာတစ်ခုလို ဖြစ်နေတုန်းပဲ။ အင်မော်တယ် နတ်ဘုရားဘုရင်တောင်မှ သူ့ကို ခေါ်သွား ချင်နေတာ။ အနာဂတ်မှာ ဗဟိုကမ္ဘာက လူတွေလည်း သူ့ကို အသုံးချဖို့ ကြံစည်လာကြ လိမ့်မယ်။ မင်းလို ဖန်ဆင်းရှင် တစ်ယောက်က သူ့ကို စောင့်ရှောက်ဖို့ အသင့်တော်ဆုံးပဲ"

ထိုသို့ ပြောရင်း ဟုန်ယွိက လက်ကို လွှတ်ပေးလိုက်ရာ ယဇ်ပုရောဟိတ်အမျိုးသမီးမှာ သူ မ၏ ခန္ဓာကိုယ် ပေါ့ပါးသွားပြီး နတ်ဘုရားတန်ခိုးစွမ်းအားများ ပြန်လည် ရရှိလာသည်ကို ခံစားလိုက်ရသည်။

"အို... ကျွန်မ တစ်ခုခု လှည့်စားမှာကို ရှင် မကြောက်ဘူးလား" ဟုန်ယွိက သူမကို အလွယ်တကူ လွှတ်ပေးလိုက်သဖြင့် သူမ အံ့အားသင့်သွားမိသည်။

"မင်းက အင်မော်တယ် နတ်ဘုရားဘုရင်ထက် ပိုအစွမ်းထက်တယ်လို့ ထင်နေရင်တော့ ငါ့ရှေ့မှာ လှည့်ကွက်တွေ သုံးကြည့်ပေါ့။ ဒါ့အပြင် မင်းက ဗဟိုကမ္ဘာ ခေါင်းဆောင်ဇနီးရဲ့ မွေးစားသမီးဆိုတော့ မင်းကို ငါက ငါ့ရန်သူတွေကို မျှားခေါ်ဖို့ ငါးစာအဖြစ် အသုံးချရဦးမှာ" ဟုန်ယွိက အထင်သေးဟန်ဖြင့် တိုက်ရိုက်ပင် ပြောချလိုက်သည်။ "ဒါပေမဲ့ ဒီနေ့ကစပြီး မင်း ဝူဝမ်မြို့စားစံအိမ်ထဲကနေ ခြေတစ်လှမ်းတောင် ထွက်ခွင့်မရှိဘူး။ တကယ်လို့ မင်းသာ ခိုးထွက်ဖို့ ကြိုးစားရင် ငါ့ရဲ့နည်းလမ်းတွေက ညှာတာနေမှာ မဟုတ်ဘူး။ မင်းရဲ့ ကျင့်စဉ် တွေကို ဖျက်ဆီးပြီး မှတ်ဉာဏ်တွေကို သူရဲကောင်းမှတ်တမ်းထဲ ထည့်ပစ်မယ်"

စကားဆုံးသည်နှင့် ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ပြီး "မူလတာအိုသခင်၊ အနာဂတ်သခင်ရှီနှင့် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး.. မင်းတို့ ဝူဝမ်မြို့စားစံအိမ်ကို အသစ်ပြန်ဆောက်ပြီး ပြင်ဆင်လိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် အစွမ်းထက်သော တည်ရှိမှု ၁၄ ပါးမှာ မြို့စားစံအိမ်ဟောင်း၏ အထက်တွင် ပေါ်လာကြသည်။ သူတို့က လက်ဖြင့် လှမ်းဖမ်းဆုပ်လိုက်ရာ သူတော်စင်ပေါင်းစုံခန်းမ အတွင်းမှ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ရွှေရောင်နန်းကြိုးသစ်သားများ၊ ခရမ်းစွဲ ကျောက်များ၊ နတ်ဘုရားသံမဏိများ၊ နေလမြေနီများနှင့် မဟာကမ္ဘာလောကမှ ရှားပါး လှသော ဆောက်လုပ်ရေး ပစ္စည်းများ ထွက်ပေါ်လာခဲ့သည်။

ထိုရှားပါးပစ္စည်းများကို ပျက်သုဉ်းခြင်း ၁၂ ပါးနှင့် မူလတာအိုသခင်၊ အနာဂတ်သခင်တို့က ကျွမ်းကျင်စွာ ပေါင်းစပ်ပြီး စံအိမ်အသစ်ကို တည်ဆောက်ကြသည်။ ဟုန်ယွိနှင့် အင်မော်တယ် နတ်ဘုရားဘုရင်တို့၏ တိုက်ပွဲကြောင့် ပျက်စီးသွားသော စံအိမ်ဟောင်းတွင် ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးမှာ နှစ်နာရီအတွင်း ပေါ်ပေါက်လာခဲ့သည်။

ဟုန်ရွှန်ကျိ၏ ဟုန်မျိုးနွယ်စု ဘိုးဘေးဗိမာန်တွေ၊ ခန်းမထဲမှာ ရေးထားသည့် ကြီးမားသည့် 'လီ' စာလုံးနှင့် လန်ဟွမ်းစာကြည့်တိုက်တို့ပါ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုအခါတွင် ပျက်စီးသွားသော နေရာဟောင်းတွင် မူလ ဝူဝမ်မြို့စားစံအိမ်ထက် အဆတစ်ရာမက ခန့်ညားထည်ဝါသော စံအိမ်ကြီး ပေါ်လာခဲ့သည်။ ပျက်သုဉ်းခြင်း ၁၂ ပါး နှင့် မူလတာအိုသခင်၊ အနာဂတ်သခင်တို့၏ နည်းလမ်းများမှာ ဗိသုကာပညာရှင် ထောင် သောင်းမကထက် သာလွန်သဖြင့် ဤမျှ မြန်ဆန်ခြင်း ဖြစ်သည်။

ဥယျာဉ်အတွင်း၌ မြင့်မားသော အဆောက်အအုံများ၊ ပြာသာဒ်ဆောင်များနှင့် ရွှေရောင် လှေကားထစ်များ ရှိနေသည်။ ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအင်များမှာ လျှံထွက်နေပြီး နတ်ဘုရားကြိုးကြာငှက်များမှာ လမ်းလျှောက်နေကြသလို၊ နတ်ဘုရားသမင်များမှာလည်း မြက်ခင်းပေါ်တွင် အေးချမ်းစွာ မြက်စားနေကြသည်။ စံအိမ်ကြီးသည် နတ်ဘုရားတို့၏ ဘုံဗိမာန်တစ်ခုကဲ့သို့ပင် ဖြစ်သော်လည်း ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ခိုင်မာသော ပညာရှင် သူတော်စင်များ၏ အငွေ့အသက်များ လွှမ်းခြုံထားသည်။ အထူးသဖြင့် ဤပင်မစံအိမ်ကြီး ၏ အဝင်ဝရှိ ဆိုင်းဘုတ်တွင် စာလုံးကြီးအချို့ကို ရေးထိုးထားသည်။ ၎င်းမှာ "ဝူဝမ်မြို့စား စံအိမ်" မဟုတ်တော့ဘဲ "မန်ပိုင်ယွန်ကျောင်းဆောင်" ဟု ဖြစ်နေသည်။

ထိုစံအိမ်၏ ပင်မခန်းမအလယ်တွင် မြတ်သော ရုပ်တုတစ်ခု ရှိနေပြီး၊ ကျောက်စိမ်းကဲ့သို့ အလင်းတန်းများ ဖြာထွက်နေ၏။ ရုပ်တုမှာ ရေခဲပိုးသားဖြင့် ပြုလုပ်ထားသော တိမ်တိုက် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ ဝတ်စုံမှ ခါးစည်းများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ သူမ၏ မျက်နှာမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်ပြီး ဘဝနှင့် ချစ်ကြည်ရင်းနှီးမှုအပေါ် အဆုံးမရှိသော မေတ္တာတရားများကို ဖော်ပြနေ သည်။ ဤအမျိုးသမီး၏ မျက်ဝန်းများတွင် အရာအားလုံးမှာ လှပနေသည်။

ထိုမြင့်မြတ်သော ရုပ်တု၏ မျက်ဝန်းများကို မြင်လိုက်ရသည်နှင့် ဤစကြဝဠာကြီးအတွင်း တွင် ရုပ်ဆိုးအကျည်းတန်မှု၊ ဟန်ဆောင်မှုနှင့် လှည့်စားမှုများ မရှိတော့ဘဲ စစ်မှန်သော မေတ္တာတရားများသာ ရှိတော့သည်ဟု တစ်ဦးတစ်ယောက်က နားလည်သွားပေလိမ့်မည်။ ဤရုပ်တုမှာ ဟုန်ယွိ၏ မိခင် မန်ပိုင်ယွန်ပင် ဖြစ်သည်။

ဟုန်ယွိသည် ဝူဝမ်မြို့စားစံအိမ်ကို အသစ်ပြန်လည် တည်ဆောက်ပြီးနောက်တွင် ဟုန် မျိုးနွယ်စု၏ ဘိုးဘေးဘွဲ့ထူး ဂုဏ်ထူးမှတ်တမ်းများကို မထားရှိတော့ဘဲ သူ့မိခင်အတွက် သာ စံအိမ်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

...

"ခမည်းတော်... ကျွန်တော် အသစ်ပြင်ဆင်ထားတဲ့ ဒီစံအိမ်ကို ဘယ်လိုမြင်လဲ" စံအိမ်ကြီး ဆောက်လုပ်ပြီးစီးသွားသည်ကို ဟုန်ယွိ မြင်သောအခါ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ထိုက်ကျိ မိုးကြိုးရေကန်ထဲတွင် ပိတ်လှောင်ခံထားရသော ဟုန်ရွှန်ကျိသည် အလင်းလုံးတစ်ခုအတွင်းမှ စံအိမ်ရှေ့တွင် ပေါ်လာခဲ့သည်။

အင်မော်တယ်နတ်ဘုရားဘုရင်၏ တိုက်ခိုက်လုယူမှုကို ခံခဲ့ရပြီးနောက်တွင်ပင် ဟုန်ရွှန်ကျိ မှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်နဲ့နေပြီး သူ၏ သွေးစွမ်းအင်များမှာ မလုံလောက်တော့သည်မှာ ထင်ရှားလှသည်။ သို့သော် သူ၏ စိတ်ဆန္ဒ မှာမူ ဝိညာဉ်များနှင့် နတ်ဘုရားများ၏ နယ်မြေထဲ ရောက်နေသကဲ့သို့ မိန်းမောနေသော အခြေအနေတွင် ရှိနေသည်။

ဟုန်ယွိ ပြန်လည်ပြင်ဆင်ထားသော စံအိမ်ကြီးကို ကြည့်ရင်း ဟုန်ရွှန်ကျိက မျက်လုံးအစုံ မှိတ်ထားလိုက်သည်။ ခေတ္တအကြာတွင် သူက မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး အလွန်ပင် တည်ငြိမ်၍ နှေးကွေးသော လေသံဖြင့် "မင်းက ငါ့ကို ဒီမှာ နေစေချင်တာလား" ဟု မေးလိုက်သည်။

"မှန်ပါတယ်" ဟုန်ယွိက ပြုံးလိုက်သည်။ "ခမည်းတော်က ကျန်ရှိတဲ့ ဘဝသက်တမ်းကို ဒီ မန်ပိုင်ယွန်ကျောင်းဆောင်ထဲမှာပဲ ကုန်ဆုံးရမှာပါ။ ဒီနေ့ နန်းတက်ပွဲ အခမ်းအနား အပြီးမှာ မင်းသားယုဖြစ်တဲ့ ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင်က ကျွန်တော့်အမေ မန်ပိုင်ယွန်ကို ကောင်းကင်ယံ တိမ်တိုက်တွေနဲ့ ကမ္ဘာလောကရဲ့ ရေခဲပြင်တွေကို အုပ်စိုးတဲ့ 'မန်ပိုင်ယွန် နတ်ဘုရားမ' အဖြစ် ဘွဲ့အပ်နှင်းပါလိမ့်မယ်။ ဒီစံအိမ်ကိုလည်း မန်ပိုင်ယွန်ကျောင်းဆောင် လို့ အမည်ပေးထားပါတယ်။ ခမည်းတော်ကတော့ ဒီကျောင်းဆောင်ကို စောင့်ရှောက်ဖို့ အသင့်တော်ဆုံးသူပါပဲ"

"မန်ပိုင်ယွန်ကျောင်းဆောင်..." ဟုန်ရွှန်ကျိက အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။ "မင်းက နောက်ဆုံးတော့ တိုင်းပြည်ကို ထိန်းချုပ်ပြီး နတ်ဘုရားတွေရဲ့ အာဏာကို စော်ကားနေပြီပေါ့"

"အဖေ ပြောချင်သလိုပြောပါ" ဟုန်ယွိက မတုန်မလှုပ်ဘဲ ခေါင်းခါလိုက်သည်။ သူက ပြုံးရုံ သာ ပြုံးနေပြီး ဒေါသမထွက်တော့ပေ။ အခုအချိန်တွင် သူသည် မည်သည့်အရာကိုမဆို ဒေါသထွက်နေတော့မည် မဟုတ်ပေ။

"အထွက်အထိပ် ယဇ်ပုရောဟိတ်..." ဟုန်ယွိက အနှစ်သာရနတ်ဘုရားကျောင်း၏ အထွက်အထိပ် ယဇ်ပုရောဟိတ် အမျိုးသမီးကို လှမ်းခေါ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက် သည်။ "မင်းကို အထွက်အထိပ် ယဇ်ပုရောဟိတ်လို့ ခေါ်နေတာက အခုတော့ မသင့်တော် တော့သလိုပဲ။ မင်းနာမည်အရင်းက ဘာလဲ။"

"ကျွန်မ မျိုးရိုးနာမည်က ရွှီမျိုးနွယ်ပါ၊ ရွှီဖေးဟုန်လို့ ခေါ်ပါတယ်" အနှစ်သာရနတ်ဘုရား ကျောင်း၏ ယဇ်ပုရောဟိတ်အမျိုးသမီးက ခန့်ညားထည်ဝါသော မန်ပိုင်ယွန် ကျောင်းဆောင်ကို ကြည့်ရင်း လွတ်လပ်စွာပင် ဖြေလိုက်သည်။ သူမ ဘာတွေ တွေးနေ သည်ကို မည်သူမျှ မသိနိုင်ပေ။

"ရွှီဖေးဟုန်... နာမည်ကောင်းပဲ" ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး "ဒီနေ့ကစပြီး မင်း ဒီ မန်ပိုင်ယွန်ကျောင်းဆောင်မှာ ဟုန်ရွှန်ကျိကို ပြုစုရမယ်။ တစ်နေ့ သုံးကြိမ် နံ့သာတိုင် ထွန်းညှိပြီး ပူဇော်ရမယ်၊ နံ့သာတိုင် အခိုးအငွေ့တွေ ဘယ်တော့မှ မပြတ်စေနဲ့" ဟု ပြောလိုက်သည်။

"သားမိုက်၊ မင်းက ငါ့ကို မန်ပိုင်ယွန် ရှေ့မှာ တစ်နေ့ သုံးကြိမ် ဒူးထောက် ပူဇော်ခိုင်းတာ လား" ဟုန်ရွှန်ကျိက သူ၏ကျောကို ဆန့်လိုက်ပြီး သူ၏မျက်ဝန်းများတွင် ပြင်းထန်သော အထင်အမြင်သေးမှုများ ပေါ်လာခဲ့သည်။

"ဟုတ်ပါတယ်၊ အဖေ မလိုလားဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါက အဖေ အပေါ်မှာ မူတည်တာ မဟုတ်ဘူး။ အဖေ ကိုယ်တိုင်ပဲ ပြောခဲ့တယ်မဟုတ်လား... 'နိုင်သူက အရာအားလုံးကို ပိုင်စိုးတယ်' ဆိုတာ။ ရွှီဖေးဟုန်... ဒီကိစ္စကို မင်းကို ငါ တာဝန်ပေးတယ်" ဟုန်ယွိက ပြောလိုက်သည်။

"စိတ်ချပါ၊ ကျွန်မအသက်က ရှင့်လက်ထဲမှာပဲ ရှိနေတာဆိုတော့ မလုပ်ချင်ဘူးလို့ ပြောစရာ မရှိပါဘူး" ရွှီဖေးဟုန်က အေးစက်စွာ ပြောလိုက်သည်။

"သားမိုက်... မင်း ငါ့ကို မသတ်ခဲ့တာကို တစ်နေ့မှာ နောင်တရစေရမယ်" ဟုန်ရွှန်ကျိက စိတ်ကို တည်ငြိမ်အောင် ထားပြီး သူ၏ရင်ထဲမှ ဒေါသကို ထိန်းချုပ်လိုက်သည်။ သူက အေးစက်စက် လေသံဖြင့် "ငါ အသက်ရှင်နေသရွေ့ အစကနေ ပြန်စဖို့ အခွင့်အရေးတွေ အများကြီး ရှိနေသေးတယ်။ သားမိုက်... မင်း ငါ့ရဲ့ ထူးခြားတဲ့ နတ်ဘုရားတန်ခိုးစွမ်းအား တွေကို သိမ်းယူသွားပေမဲ့ ဒီနေ့ အခြေအနေကိုလည်း မြင်ခဲ့တာပဲ။ လူအတော်များများက ငါ့သိုင်းပညာ အတွေ့အကြုံတွေကို လိုချင်နေကြတာ။ တစ်နေ့မှာ ငါ့နတ်ဘုရားတန်ခိုး စွမ်းအားတွေ ပြန်ရလာတဲ့အခါ မင်း ကျိန်းသေပေါက် နောင်တရဖို့ နောက်ကျသွားလိမ့် မယ်" ပြောလိုက်သည်။

"ဟုတ်လား" ဟုန်ယွိက ဟုန်ရွှန်ကျိကို စိုက်ကြည့်လိုက်သည်။ သူတို့ နှစ်ဦးသည် တစ်ဦးကို တစ်ဦး စိုက်ကြည့်နေကြသည်။ "တကယ်လို့ အဖေက အဟောင်းကို ဖျက်ဆီးပြီး အသစ်ကို တည်ဆောက်နိုင်ခဲ့ရင်၊ ပြီးတော့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို နားလည်သွားခဲ့ရင် ကျွန်တော့်ကို အသိပေးပါ။ ကျွန်တော် အဖေ့ရဲ့ကျင့်စဉ်တွေ ပြန်ရအောင် ကူညီပေးနိုင်ပြီး ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ ကြည့်ချင်သေး တယ်။ အဲဒီနောက်မှ အဖေ့ရဲ့ကျင့်စဉ်တွေကို ကျွန်တော် ပြန်သိမ်းယူမယ်။ ဒီနေ့ ကျွန်တော် ဟာ အင်မော်တယ်နတ်ဘုရားဘုရင် သွေးသားတွေရဲ့ သုံးပုံတစ်ပုံကို ရရှိထားတာပါ။ ဒီလောကမှာ အဖေ့ရဲ့ ကျင့်စဉ်တွေကို ပြန်ပေးနိုင်တဲ့လူဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတယ်။ ကဲ... အဖေ ဒီမှာပဲ အေးအေးဆေးဆေး စဉ်းစားနေလိုက်ပါ။ ဒါပေမဲ့ အမေ နတ်ဘုရားမ မန်ပိုင်ယွန်အတွက် နံ့သာတိုင် ထွန်းဖို့လည်း မမေ့နဲ့ဦး"

ပြောပြီးသည်နှင့် ဟုန်ယွိသည် ကော့လီ နတ်ဘုရားဘုရင်မ၊ အထွက်အထိပ် လူသား အင်မော်တယ်ငါးဦးနှင့် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးတို့ကို ဦးဆောင်ကာ ဤနေရာမှ ထွက်ခွာသွားခဲ့သည်။ သူတို့သည် နန်းတော်ဆီသို့ တည့်တည့် ပျံသန်းသွားကြသည်။

ယနေ့ ပျက်စီးမှုမှာ ကြီးမားသော်လည်း ဟုန်ယွိသည် အင်မော်တယ်နတ်ဘုရားဘုရင်ကို မောင်းထုတ်နိုင်ခဲ့သည်။ ၎င်းမှာ ကြီးကျယ်သော အောင်ပွဲတစ်ခုလည်း ဖြစ်သည်။ ဤနန်းတက်ပွဲ အခမ်းအနားမှာ အခမ်းနားဆုံး ဖြစ်ရပေလိမ့်မည်။

"ဟုန်ရွှန်ကျိ... နံ့သာတိုင် ထွန်းလိုက်ပါ။ ဟုန်ယွိ ခိုင်းတဲ့ကိစ္စကို ကျွန်မ ပေါ့ပေါ့တန်တန် မလုပ်ဝံ့ဘူး။ သူ ပြန်လာလို့ ကျွန်မ လုပ်မထားတာ သိရင် ကျွန်မရဲ့ ကျင့်စဉ်တွေကို ဖျက်ဆီးပစ်လိမ့်မယ်" ဟုန်ယွိ ထွက်သွားသည်ကို မြင်သောအခါ ရွှီဖေးဟုန်က ဟုန်ရွှန်ကျိကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ဟုတ်လား၊ ရွှီဖေးဟုန်... မင်းရော ငါ့ရဲ့ အထွက်အထိပ် အတွေ့အကြုံတွေကို မလိုချင်ဘူး လား။ ငါ အားလုံး သင်ပေးနိုင်တယ်" ဟုန်ရွှန်ကျိ၏ အကြည့်မှာ မန်ပိုင်ယွန်ကျောင်းဆောင် ခန်းမထဲရှိ မန်ပိုင်ယွန် ရုပ်တုဆီသို့ ရောက်သွားခဲ့သည်။ သူက စကြဝဠာကြီးကို စိုက်ကြည့် နေသည့်အလား ထိုအမျိုးသမီး၏ လှပပြီး ရိုးသားသော မျက်ဝန်းများကို စိုက်ကြည့်နေမိ သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး စကားပြောနေကြသည့်အလားပင်။

"ရှင့်သိုင်းအတွေ့အကြုံတွေက အလွန်တန်ဖိုးရှိပေမဲ့ ကျွန်မကတော့ အသက်နဲ့လဲပြီး မယူချင်ဘူး။ ဟုန်ယွိဟာ ယန်နတ်ဘုရား အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့ တာ။ ဒါပေမဲ့ သူဟာ စကြဝဠာကြီးရဲ့ စိတ်ဆန္ဒအတိုင်း လွှမ်းမိုးခြင်း မခံရသေးဘူး။ သူ ငါတို့ ပြောတာတွေကို ကျိန်းသေပေါက် သိနေလိမ့်မယ်" ရွှီဖေးဟုန်က ပြုံးလိုက်သည်။

"အဲဒီလိုဆိုရင်လည်း ငါ မင်းကို အခက်အခဲ မဖြစ်စေပါဘူး" ဟုန်ရွှန်ကျိက ရုတ်တရက် ရှေ့သို့ လှမ်းလိုက်ပြီး နံ့သာတိုင်တစ်ခုကို ယူလိုက်သည်။ မီးညှိပြီးနောက် သူသည် မန်ပိုင်ယွန် ရုပ်တုရှေ့တွင် ပူဇော်လိုက်လေသည်။ သူ နံ့သာတိုင် ထွန်းလိုက်သည့် ခဏမှာ ပင် ရွှီဖေးဟုန်က ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ရင်ထဲတွင် ရှိနေသော မာန်မာနများမှာ လုံးဝ ပျက်စီးသွားသည့်အလားပင်။

...

ကျောက်စိမ်းမြို့တော်သည် ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ထိုနေ့တွင် နန်းတက်ပွဲ အခမ်းအနားမှာ ဆက်လက် ကျင်းပခဲ့သည်။ လူအများ၏ အာရုံစိုက် မှုအောက်တွင် မင်းသားယုသည် ကျောက်စိမ်းဧကရာဇ်၏ တော်ဝင်တံဆိပ်တော်ကို ကိုင်ဆောင်ကာ မဟာချန်ကန်းနန်းဆောင်ခန်းမရှိ အမြင့်မြတ်ဆုံး ပလ္လင်ပေါ်တွင် ထိုင်ခဲ့ သည်။

အင်မော်တယ်နတ်ဘုရားဘုရင်၏ ကျူးကျော်မှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။ နန်းတက်ပွဲ အခမ်းအနားအတွင်းမှာပင် သူသည် ဟုန်ယွိ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရ သည်။ ထို့နောက် ကျင်းပသည့် အခမ်းအနားများတွင် သတင်းအမျိုးမျိုး ပျံ့နှံ့သွားခဲ့သည်။ ဤမဟာကမ္ဘာလောကရှိ ဘုရင်ခံများ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အင်အားစုအားလုံး နီးပါး ထိုအကြောင်းကို သိသွားကြသည်။

တစ်ချိန်တည်းမှာပင် မင်းသားယုက လျင်မြန်စွာ အရေးယူ ဆောင်ရွက်ခဲ့သည်။ သူ နန်းတက်သည့်အခါတွင် ကျောက်စိမ်းမြို့တော်ရှိ ပျက်စီးသွားသော အိမ်ခြေများနှင့် လမ်းမ အားလုံးကို ပြုပြင်ရန် အမိန့်ချက်ချင်း ထုတ်ပြန်ခဲ့သည်။ နန်းတော်ခန်းမကိုလည်း တစ်ရက် အတွင်း အပြီးသတ် ပြုပြင်ခဲ့သည်။ ထို့နောက် သူသည် ပြည်သူများကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့သည်။

ထို့အပြင် သူသည် ဝန်ကြီးဌာန ခြောက်ခုနှင့် ဘုရင်ခံများ ပြည်နယ်အုပ်ချုပ်ရေးမှူးများကို နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်၊ ခရိုင်များအားလုံးတွင် ရုံးခန်းများဖွင့်ပြီး ပြည်သူများကို 'ကျောက်စိမ်းဧကရာဇ် ဆန်' မျိုးစေ့များကို အခမဲ့ ဖြန့်ဝေပေးရန် အမိန့်ပေးခဲ့သည်။ ထို့အပြင် ပြည်သူများအားလုံး သူတို့၏ မူလမျိုးစေ့များကို စွန့်ပယ်ပြီး နွေဦးအစတွင် ကျောက်စိမ်းဧကရာဇ်ဆန်ကိုသာ စိုက်ပျိုးရန် အမိန့်ပေးခဲ့သည်။

မင်းသားယု နန်းတက်ပြီးနောက် ဘာမှမလုပ်ဘဲ နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထား ခဲ့ပေ။ သူသည် လူများကို ခြောက်လှန့်ရန်အတွက် တစ်စုံတစ်ဦးကို သတ်ပြခြင်းမျိုးလည်း မလုပ်ခဲ့ပေ။ ယင်းအစား သူသည် ဤကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်း ဧကရာဇ်ဆန်မျိုးစေ့များ ပျံ့နှံ့သွားပြီးနောက် တစ်ကမ္ဘာလုံးမှာ ထပ်မံ၍ လှုပ်ခတ်သွားပြန် သည်။

အမြင်အနည်းငယ် ရှိသူတိုင်းပင် ကျောက်စိမ်းဧကရာဇ် ဆန်သည် မည်မျှ စွမ်းအားကြီး သည်ကို ပြောပြနိုင်ပေလိမ့်မည်။ ၎င်းသည် သူတော်စင် မျိုးနွယ်စုများနှင့် အထက်တန်း လွှာများ နှစ်ပေါင်းထောင်ချီ သိမ်းဆည်းထားသည့် ပြိုင်ဘက်ကင်း မျိုးစေ့များထက် များစွာ ပိုမိုကောင်းမွန်သည်။

ထို "ဖီးနစ်ဆန်"၊ "သလင်းကျောက်ဆန်"၊ "ပုလဲဆန်"၊ "ခန့်ညားကျောက်စိမ်းဆန်"၊ "ငါးရောင်ခြယ်ဆန်"၊ "တိမ်တိုက်ဆန်" စသည်တို့သည်... ကျောက်စိမ်းဧကရာဇ် ဆန်ကဲ့သို့ စိုက်ပျိုးရ မလွယ်ကူကြပေ။ ထို့အပြင် ၎င်းတို့ကို စားသုံးခြင်းဖြင့် လူကို အင်အား ပြည့်ဝစေ သည်။

ကျောက်စိမ်းဧကရာဇ် ဆန်မျိုးစေ့များ ဖြန့်ဝေပြီး နှစ်ရက်၊ သုံးရက်အတွင်းမှာပင် သူတော်စင် မျိုးနွယ်စုများ၊ အထက်တန်းလွှာများနှင့် တာအိုဂိုဏ်းများစွာသည်လည်း ထိုမျိုးစေ့များကို ရရှိခဲ့ကြသည်။ သူတို့သည် ၎င်းတို့ကို မည်သို့ စိုက်ပျိုးရမည်ကို လေ့လာ ခဲ့ကြသော်လည်း ထိုမျိုးစေ့များကို တစ်ကြိမ်သာ စိုက်ပျိုးနိုင်သည်ဟူသော ကောက်ချက်ချ သွားကြသည်။ ထိုမျိုးစေ့များမှာ ဒုတိယအကြိမ် အပင်မပေါက်နိုင်သဖြင့် စားသုံးရန်သာ ဖြစ်သည်။ အကယ်၍ နောက်နှစ်တွင် မျိုးစေ့များ ထပ်မံ လိုချင်ပါက သူတို့သည် ကျိုးယွိ အကယ်ဒမီမှာ ဝယ်ယူရမည် ဖြစ်သည်။

ဤသူတော်စင် မျိုးနွယ်စုများ၊ အထက်တန်းလွှာများနှင့် တာအိုဂိုဏ်းများသည် ဟုန်ယွိနှင့် ကျောက်စိမ်းဧကရာဇ်၏ စွမ်းအားကို အမှန်တကယ် သိရှိသွားကြသည်။

ထို့အပြင် အင်မော်တယ်နတ်ဘုရားဘုရင်ကို နှင်ထုတ်နိုင်ခဲ့သော ဟုန်ယွိ၏ ဂုဏ်သတင်း နှင့် သူ့ကို ဖိနှိပ်ခဲ့သည့် ဤစွမ်းအားများ၏ ထောက်ပံ့မှုကြောင့် အရာရှိကြီးများ၊ သူတော်စင် မျိုးနွယ်စုခေါင်းဆောင်များနှင့် တာအိုဂိုဏ်း ခေါင်းဆောင်များသည် 'မူလဘိုးဘေးနဂါး နှစ်ပါး' ကို လက်ဝယ် ပိုင်ဆိုင်ထားသော ကျောက်စိမ်းဧကရာဇ်ထံသို့ အမှန်တကယ် ကျိုးနွံ နာခံခဲ့ကြသည်။ အချိန်တိုအတွင်းမှာပင် အမိန့်တော်များမှာ အတားအဆီးမရှိ လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ အာဏာစက် ထိန်းချုပ်မှုမှာ ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ အာဏာရှိစဉ်ကထက်ပင် ပိုမို အစွမ်းထက်လာခဲ့သည်။

"နောက်လအနည်းငယ်အတွင်းမှာ ပြည်နယ် ၉၉ ခု က ပြည်သူတွေအားလုံး ကျောက်စိမ်း ဧကရာဇ်ဆန်ကို စိုက်ပျိုးကြလိမ့်မယ်။ အသီးအနှံတွေ ရိတ်သိမ်းပြီး စားသုံးပြီးတဲ့နောက်မှာ မဟာကမ္ဘာလောကထဲက လူတိုင်းရဲ့ ခန္ဓာကိုယ်တွေဟာ အဆင့်တစ်ခု မြင့်တက်လာလိမ့် မယ်။ အချိန်ကြာလာတာနဲ့အမျှ သာမန်ပြည်သူတွေတောင်မှ ပေါင်တစ်ထောင် မနိုင်တဲ့ အင်အားမျိုး ရှိလာကြလိမ့်မယ်"

နန်းတက်ပြီး တတိယမြောက်နေ့တွင် အုပ်စိုးရှင်အသစ် ကျောက်စိမ်းဧကရာဇ် ယန်ချန်က စာကြည့်ခန်းထဲတွင် ဟုန်ယွိကို ပြောလိုက်သည်။ "ဒီလိုနည်းနဲ့ဆို ပြည်သူတွေဟာ တစ်ခြားလူတွေရဲ့ သွေးထိုးပေးမှုကြောင့် ပုန်ကန်တော်လှန်ကြမယ်ဆိုရင် နှိမ်နင်းဖို့က အရမ်းခက်ခဲသွားလိမ့်မယ်"

All Chapters