အခန်း ၇၅၈
Vol. 73 Ch. 758
အခန်း (၇၅၈)။
ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ ကျီရှန်းထျန်း၊ ချန်ယင်းရှာနှင့် နင်ဂျာဘုန်းတော်ကြီးတို့၏ ခန္ဓာကိုယ်တစ်ခုချင်းစီ၌ သေးငယ်သော မူလဘိုးဘေးနဂါးနှစ်ကောင်မှာ ရစ်ပတ်နှောင်ဖွဲ့ လျက်ရှိပြီး ထိုက်ကျိသင်္ကေတတစ်ခုကို ဖြစ်ပေါ်စေသည်။ "မူလဘိုးဘေး" ဟူသော စကား လုံး၏ နက်ရှိုင်းလှသော အဓိပ္ပာယ်မှာ သူတို့၏ စိတ်အာရုံထဲသို့ အလိုအလျောက် စိမ့်ဝင် ပျံ့နှံ့သွားခဲ့လေပြီ။
အကယ်၍ တစ်စုံတစ်ယောက်က ရှေးဦးခေတ်၏ အစွမ်းအထက်ဆုံး သက်ရှိများက အဘယ်နည်းဟု မေးမြန်းပါက မူလဘိုးဘေးနဂါးနှစ်ကောင် မဟုတ်ဟု ဆိုနိုင်ကောင်း ဆိုနိုင်ပေလိမ့်မည်။ သို့သော်လည်း ရှေးဦးခေတ်၏ ယင်နှင့်ယန်၊ အဖိုနှင့်အမ အစွန်းတရား များကို ကိုယ်စားပြုသည့် အနက်ရှိုင်းဆုံးနှင့် အဆန်းကြယ်ဆုံး တည်ရှိမှုမှာ အဘယ်နည်း ဟု မေးမြန်းပါကမူ ကျိန်းသေပေါက် မူလဘိုးဘေးနဂါးနှစ်ကောင်ပင် ဖြစ်ပေလိမ့်မည်။
ဤမူလဘိုးဘေးနဂါးနှစ်ကောင်၏ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် သူတို့၏ မူလ စွမ်းအင် များ၏ ဆန်းကြယ်မှုမှာ ယင်နှင့်ယန် နိယာမကို နားလည်သဘောပေါက်စေနိုင်သည့်အပြင် မူလဘိုးဘေးအသက်စွမ်းအင်၏ နက်နဲမှုကိုလည်း သိမြင်စေနိုင်သည့် ထူးခြားသော ဆွဲဆောင်မှုမျိုး ရှိနေသည်။
ဟုန်ရွှန်ကျိသည် သူ၏ခန္ဓာကိုယ်ကို ဤမူလဘိုးဘေးနဂါးနှစ်ကောင်နှင့် ပေါင်းစပ်နိုင်ခဲ့ သောကြောင့်သာ စစ်မှန်သော အသွင်မျိုးစုံပြောင်းလဲခြင်း အဆင့်သို့ ချိုးဖျက် ဝင်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူတို့ငါးဦးသည်လည်း ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းလိုပါက ဤမူလ ဘိုးဘေးနဂါးတို့၏ မူလစွမ်းအင်များကို သူတို့၏ စိတ်ဝိညာဉ်၊ အတွေးစတို့နှင့် တစ်သား တည်းဖြစ်အောင် ပေါင်းစပ်ရန် လိုအပ်ပေသည်။
ယွမ်ရှန်းရှန်း၏ ခန္ဓာကိုယ်ထဲမှ နဂါးနှစ်ကောင်မှာ အသေးငယ်ဆုံးဖြစ်ပြီး ချန်ယင်းရှာ၏ နဂါးများမှာမူ အကြီးဆုံးဖြစ်ကာ သိပ်သည်းလှသော အနှစ်သာရ မူလစွမ်းအင်များကို ထုတ်လွှတ်နေသည်။
၎င်းမှာ ပြောင်းလဲခြင်းတာအိုသခင် ဟုန်ယွိက အနာဂတ်သခင်ရှီ၏ အသေးစိတ်တွက်ချက် မှုများအပေါ် အခြေခံ၍ သူတို့ငါးဦး၏ ကျင့်စဉ်အတွက် လိုအပ်သည့် မူလစွမ်းအင်ပမာဏ ကို အတိအကျ ချိန်ညှိပေးထားခြင်း ဖြစ်၏။ သူသည် အနည်းငယ်မျှ အလေအလွင့်ဖြစ်မည် ကိုပင် ခွင့်မပြုလိုပေ။ အကြောင်းမှာ အင်မော်တယ်နတ်ဘုရားဘုရင်၏ သွေးသားများသည် အလွန်အဖိုးတန်လှရာ အနည်းငယ်မျှ အလေအလွင့်ဖြစ်သွားရုံနှင့် သိုင်းသူတော်စင်များ ဖြစ်လာမည့် အခွင့်အရေးပင် ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။
ချန်ယင်းရှာ၏ ကျင့်စဉ်အခြေခံမှာ မမြင့်မားသေးသဖြင့် သူမသည် မူလစွမ်းအင် ပိုမိုလိုအပ် နေခြင်း ဖြစ်၏။ ကျီရှန်းထျန်းနှင့် ယွမ်ရှန်းရှန်းတို့မှာမူ မကြာမီတွင်ပင် ဖန်ဆင်းရှင်အဆင့် သို့ ချိုးဖျက်နိုင်တော့မည်ဖြစ်ရာ မူလစွမ်းအင် အနည်းငယ်သာ လိုအပ်လေသည်။
"ဗုဒ္ဓ၏နှလုံးသားသည် ဆီမီးအိမ်ကဲ့သို့ပင်... အနာဂတ်ကို လင်းထိန်စေ၏။ နှလုံးသား ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ပြီးသည်နှင့် ရှေးဟောင်းဗုဒ္ဓတစ်ပါး ဖြစ်လာမည်။ ဗုဒ္ဓဆိုသည် မှာ တာအို (လမ်းစဉ်)ပင် ဖြစ်သည်..."
ပထမဆုံး အဆင့်ချိုးဖျက်နိုင်သူမှာ ကျီရှန်းထျန်း၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော် သို့မဟုတ် ချန်ယင်းရှာတို့ မဟုတ်ဘဲ၊ တကယ်တမ်း ပထမဆုံး ချိုးဖျက်နိုင်သူမှာ ပင်လယ်ပြင်ထဲ၌ ဆယ်စုနှစ်ပေါင်းများစွာ ပုန်းအောင်းလျက် မလျှော့သောဇွဲဖြင့် ကျင့်စဉ်ကို လေ့ကျင့်နေခဲ့ သည့် နင်ဂျာဘုန်းတော်ကြီးပင် ဖြစ်သည်။
သူ၏ ဦးခေါင်းထက်တွင် တောက်ပသော ဆီမီးအိမ်တစ်ခု ပေါ်ထွက်လာသည်။ ခန္ဓာကိုယ် ပေါ်မှ ဖန်ဆင်းခြင်း ချပ်ဝတ်နှင့် နတ်ဘုရားဆေးမီးလျှံဓားတို့မှာ သိုင်းဆန္ဒများ၏ စွမ်းအား အောက်၌ အရည်ပျော်သွားကာ တောက်ပသော "ထာဝရဆီမီးခွက်" အဖြစ် ပြောင်းလဲသွား လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ အပ်စိုက်မှတ်များထံမှ တဖျစ်ဖျစ်မြည်သံများ ပေါ်ထွက်လာပြီး ကြီးမားသော အပ်စိုက်မှတ်များမှာ ပြန်လည်ချိတ်ဆက်သွားသည်။ မူလဘိုးဘေးနဂါး နှစ်ကောင်နှင့် မြင့်မြတ်သော ဧကရာဇ်တော်ဝင်တံဆိပ်တော်၏ နတ်ဘုရားစွမ်းအားများမှာ အသန့်စင်ဆုံး မူလချီစွမ်းအင်အဖြစ် ပြောင်းလဲကာ သူ၏ အပ်စိုက်မှတ်ကမ္ဘာထဲသို့ စီးဝင် သွားလေတော့သည်။
ဟုန်ယွိသည် အပ်စိုက်မှတ် ၁,၁၉၇ ခုလုံးကို ပေါင်းစည်းနည်းများကို ဘုန်းတော်ကြီးအား သင်ကြားပေးခဲ့ပြီးသား ဖြစ်သည်။ ဟုန်ယွိသည် ဤဘုန်းတော်ကြီးအပေါ် အလွန်ပင် ရက်ရောခဲ့သည်ဟု ဆိုရမည်။ သူသည် ဤလျှို့ဝှက်ချက်များကို အထွတ်အထိပ် လူသား အင်မော်တယ် ငါးဦးကိုပင် အသိမပေးခဲ့သေးပေ။ နင်ဂျာဘုန်းတော်ကြီးမှာမူ သူနှင့် နှစ်ရှည် လများ ရင်းနှီးပြီးသား တိုက်ရိုက်မျိုးဆက် ဖြစ်နေသောကြောင့်ပင်။
ကြီးမားလှသော ဆန်းကြယ်မူလစွမ်းအင်များမှာ ဘုန်းတော်ကြီး၏ အပ်စိုက်မှတ်များထဲ၌ လည်ပတ်လျက် ရှိပြီး ဝိညာဉ်ဟင်းလင်းပြင်ကို အလွန်ခိုင်ခံ့အောင် ပေါင်းစည်းပေးလိုက် သည်။ ထို့နောက် မူလစွမ်းအင်များမှာ အပြင်သို့ စိမ့်ထွက်လာပြီး ဦးခေါင်းထက်၌ ခန့်ညား ထည်ဝါသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးအဖြစ် ပေါင်းစည်းသွားသည်။ ထိုရုပ်ပွားတော် မှာ "မသေမျိုးစစ်အလံ" ပေါ်မှ လက်နက်နှင့် ဆင်တူသောလက်နက်တစ်ခုကို ကိုင်ဆောင် ထားရာ ၎င်းမှာ အဆုံးမဲ့ တိုက်ပွဲဆန္ဒကို ကိုယ်စားပြုလေသည်။
ဤသည်မှာ နင်ဂျာဘုန်းတော်ကြီး၏ သိုင်းဆန္ဒ ဖြစ်သော "လောင်ကျွမ်းနေသော ဆီမီးခွက် တိုက်ပွဲဗုဒ္ဓ" ပင် ဖြစ်သည်။
နောက်ဆုံးတွင် နင်ဂျာဘုန်းတော်ကြီးသည် အထွတ်အထိပ် လူသားအင်မော်တယ်အဆင့် သို့ ချိုးဖျက်ရောက်ရှိသွားလေပြီ။ အပ်စိုက်မှတ်တစ်ခုဖွင့်လျှင် အပ်စိုက်မှတ်ငယ် တစ်ရာပွင့် သည့် အဆင့်မှာ ဖန်ဆင်းရှင်အဆင့်နှင့် ညီမျှပေသည်။
ဤအပြောင်းအလဲများက ယွမ်ရှန်းရှန်းနှင့် ကျီရှန်းထျန်းတို့ကို တုန်လှုပ်စေခဲ့သည်။ သူတို့ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ နင်ဂျာဘုန်းတော်ကြီး၏ ပြောင်းလဲမှုကို မြင်တွေ့ရသ ဖြင့် မနာလိုသည့် အမူအရာများပင် ပေါ်ထွက်လာကြသည်။
ကျီရှန်းထျန်းက သက်ပြင်းချလျက် ပြောလိုက်သည်။
"သိုင်းလမ်းစဉ်က ကျင့်ကြံရခက်ခဲတယ်လို့ ဘယ်သူပြောလဲ။ အနည်းဆုံး သိုင်းလမ်းစဉ်မှာ နှလုံးသားကပ်ဘေးဒုက္ခကို ကျော်ဖြတ်ဖို့၊ အသိဉဏ်ပွင့်ဖို့၊ သွေးစွမ်းအင်တွေကို လည်ပတ် စေဖို့ပဲ လိုတာလေ။ ငါတို့နဲ့ မတူဘူး... ငါတို့က လုံလုံလောက်လောက် စွမ်းအင်၊ အသိဉာဏ် စုဆောင်းထားနိုင်ရင်တောင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး၊ သန့်စင်သော ယန်အဖြစ် သန့်စင်ရဦးမယ်။ အခု ငါတို့မှာ ဖန်ဆင်းရှင်အဆင့်ရောက်ဖို့ စုဆောင်းမှုတွေ ရှိနေပြီဆိုပေမဲ့ ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရဦးမယ်... ဒါက ကောင်းသလား ဆိုးသ လားတောင် မသိတော့ပါဘူး... ဟုန်ယွိတောင် ငါတို့ကို ဖန်ဆင်းရှင်ဖြစ်အောင် တိုက်ရိုက် မကူညီနိုင်ဘူးလေ။"
ဟုန်ယွိက ရုတ်တရက် အော်ဟစ်လျက် သတိပေးလိုက်သည်။
"လာကြ... ငါ ထိုက်ကျိမိုးကြိုးရေကန်ရဲ့ ဟင်းလင်းပြင်လမ်းကြောင်းအားလုံးကို ဖွင့်ပေး မယ်။ အဲ့ဒါက ဟင်းလင်းပြင်ထဲကနေ ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးရဲ့ စွမ်းအား အားလုံးကို စုပ်ယူလိမ့်မယ်။ ဒီစွမ်းအားတွေဟာ ငါ့ထိန်းချုပ်မှုကို မခံရသေးလို့ အလွန်ပဲ ကြမ်းတမ်းတယ်။ တကယ်လို့ အထဲမှာ တစ်ခုခုဖြစ်သွားရင် ငါတောင် မင်းတို့ကို ကယ်နိုင် မှာ မဟုတ်ဘူး။ လျှပ်တပြက်အတွင်း မင်းတို့ဟာ ပြာအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်တွေ ပျက်သုဉ်းကာ မှတ်ဉာဏ်တွေအားလုံး လောင်ကျွမ်းသွားလိမ့်မယ်"
ဟုန်ယွိက ရုတ်တရက် အော်ပြောလိုက်သည်။ သူ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာ ဆွဲဖြဲဟန်ပြုလိုက်သည့်အခါ ထိုက်ကျိမိုးကြိုးရေကန် အထက်ရှိ ဟင်းလင်းပြင်၌ မိုင်တစ်ရာ ခန့် ကျယ်ဝန်းသော မည်းမှောင်နေသည့် တိမ်တိုက်ကြီးတစ်ခု ပေါ်ထွက်လာပြီး မိုးကြိုးသံ များ တဒိန်းဒိန်းနှင့် မပြတ်တမ်း မြည်ဟည်းနေတော့သည်။
"ကောင်းပြီ" တွန့်ဆုတ်မနေဘဲ ယွမ်ရှန်းရှန်း၊ ကျီရှန်းထျန်းနှင့် နဂါးသမီးတော်တို့သည် သူတို့၏ စိတ်ဝိညာဉ်များကို စေလွှတ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ သူတို့၏ စိတ်ဝိညာဉ် အတွေးစ ၁၂၉,၆၀၀ ခုလုံးကို အစွမ်းကုန် လည်ပတ်စေလျက် ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ကာ ဖန်ဆင်းရှင် ဖြစ်လာရန် ကြိုးပမ်းကြ လေပြီ။
သို့သော်လည်း သူတို့ထက် ပိုမြန်သည့် ပုံရိပ်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ ချန်ယင်းရှာပင် ဖြစ်၏။
သူမသည်လည်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် သူမ၏ စိတ်ဝိညာဉ်ကို စေလွှတ်လိုက် သည်။ ချန်ယင်းရှာသည်လည်း စုဆောင်းမှု အတော်အတန် ရှိထားသူဖြစ်သည်။ သူမသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ကျမ်းစာသုံးအုပ်လုံးကို နားလည်သဘော ပေါက်ထားသည့် အပြင် အထွက်အထိပ် အပ်စိုက်မှတ်လျှို့ဝှက်ချက်များကိုလည်း သိထားသည်။ ဟုန်ယွိက သူ၏ အတွေ့အကြုံအားလုံးနီးပါးကို သူမအား သင်ကြားပေးထားသဖြင့် သူမ၏ အခြေခံမှာ အလွန်ခိုင်မာနေပြီ ဖြစ်သည်။
နဂါးဟိန်းသံနှင့်အတူ နဂါးသမီးတော် အောင်းလွမ်သည်လည်း မိုးကြိုးကပ်ဘေးထဲသို့ ဝင်ရောက်သွားသည်။
မိုးကြိုးသံများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲနေပြီး ၎င်းမှာ ကြီးကျယ်သော ဖန်ဆင်းရှင် လေးဦး မွေးဖွားလာတော့မည့် နိမိတ်ပင် ဖြစ်လေသည်။
…
ရှီး.. ရှီး.. ရှီး… ရှီး…
သူတို့လေးဦး မိုးကြိုးကပ်ဘေးထဲသို့ ဝင်ရောက်သွားချိန်တွင် ဟုန်ယွိ၏ သဗ္ဗညုမျက်လုံး မှာ အပြည့်အဝ ပွင့်နေပြီဖြစ်ရာ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ အရာရာမှာ သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်။ (All Seeing Eye- ကို သဗ္ဗညုမျက်လုံးဟု ပြန်ဆိုလိုက်ပါသည်။)
တစ်ချိန်တည်းမှာပင် သူတို့လေးဦး မိုးကြိုးဘေးဒုက္ခကို ဖြတ်ကျော်နေသည့် အတွေ့ အကြုံများ၊ သူတို့၏ စိတ်အခြေအနေအမျိုးမျိုး၊ အားကောင်းလှသော အတွေးစများနှင့် ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးကပ်ဘေးများ အပြင်းထန် တိုက်တွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု ပြောင်းလဲမှုအားလုံးကို ဟုန်ယွိက အပြည့်အဝ မှတ်တမ်း တင်ထားလိုက်သည်။ ထို့နောက် ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာရန် အနာဂတ်သခင်ရှီထံ လွှဲပြောင်းပေးလိုက်သည်။
ဖန်ဆင်းရှင်တစ်ဦး မိုးကြိုးကပ်ဘေး ကျော်ဖြတ်သည့် အတွေ့အကြုံမှာ အလွန်တရာ အဖိုး တန်လှသည်။ ရှေးဦးခေတ်မှ ယနေ့တိုင် ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် သည့် အတွေ့အကြုံများကို မှတ်တမ်းတင်နိုင်သူမှာ မရှိသလောက်ပင်။
ယခုမူ ဟုန်ယွိသည် မိမိကိုယ်တိုင်အတွက်တင်မကဘဲ လေးဦးစာ အတွေ့အကြုံများကို တစ်ပြိုင်နက် ရရှိခဲ့ပြီး စာအုပ်တစ်အုပ်အဖြစ် ပြုစုစေခဲ့သည်။ ဤစာအုပ်၏ တန်ဖိုးမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကျမ်းသုံးစောင်ထက်ပင် ပိုမိုအရေးကြီးပေလိမ့်မည်။
ပထမဆုံးအဖြစ် ယွမ်ရှန်းရှန်းသည် ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို တစ်ပြိုင်နက် ဝါးမြိုပြီးနောက် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ သူမသည် သွေးတစ်လုတ် ကို အန်ထုတ်လိုက်ပြီးနောက် မိုးကြိုးကပ်ဘေးမှ ပြန်လည်ကုစားရန် ဖရိုဖရဲမူလစွမ်းအင် အချို့ကို ရှူသွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျီရှန်းထျန်းနှင့် နဂါးသမီးတော် တို့လည်း ပြန်လည်ရောက်ရှိလာကြ သည်။ နဂါးသမီးတော်မှာမူ အခြေအနေ ပိုဆိုးနေပြီး ခန္ဓာကိုယ်ထဲ ပြန်ဝင်သည့်နှင့် သတိ မေ့မြောသွားတော့သည်။
သို့သော်လည်း ဟုန်ယွိသည် သူမကို ဂရုစိုက်ရန် အချိန်မရှိသေးပေ။ အဘယ်ကြောင့်ဆို သော် ချန်ယင်းရှာ ပြန်ထွက်လာသောကြောင့် ဖြစ်သည်။
ချန်ယင်းရှာ ပြန်ထွက်လာသည့်အခါ သူမ၏ စိတ်ဝိညာဉ် အတွေးစများမှာ ကြေမွပျက်စီး နေပြီး မှတ်ဉာဏ်များပင် မပြည့်စုံတော့ပေ။ ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသည့်အခါ သူမ၏ အသက်စွမ်းအင်မှာ လုံးဝ ပျောက်ကွယ်နေပြီး သေဆုံးသွားသူတစ်ဦးနှင့်ပင် တူနေတော့ သည်။
ဤသည်မှာ ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရာတွင် အားနည်းလွန်းသ ဖြင့် တိုက်ရိုက်သေဆုံးသွားသည့် အခြေအနေမျိုး ဖြစ်သည်။
သို့သော်လည်း ဟုန်ယွိသည် မတုန်လှုပ်ပေ။ သူက အနာဂတ်သခင်ရှီကို အသုံးပြု၍ ဤအခြေအနေကို ကြိုတင်တွက်ချက်ထားပြီးသား ဖြစ်သည်။ သူ၏ အတွေးစတစ်ခုဖြင့် အလွန်အားကောင်းသည့် သန့်စင်သော ယန်စွမ်းအင်များကို မှော်သင်္ကေတ သန်းပေါင်း ၄၈၀ အဖြစ် ပြောင်းလဲကာ ချန်ယင်းရှာ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ဝိညာဉ်နှင့် တူညီသော အတွေးစမှုများကို သူမ၏ စိတ်ထဲသို့ ပို့လွှတ်လိုက်သည်။
"ဝိညာဉ်ပြန်လာပါ... ဝိညာဉ်ပြန်လာပါ... အချိန်တွေ ကုန်ဆုံးသွားပြီ... အချိန်တွေ ကုန်ဆုံးသွားပြီ... ဝိညာဉ်ပြန်လာပါ..."
ဟုန်ယွိသည် စွမ်းအင်များကို လွှဲပြောင်းပေးရင်း ရှေးဦးခေတ်က ဝိညာဉ်ခေါ်ယူသည့် တေးသံစဉ်ကဲ့သို့ ထူးဆန်းသော ရွတ်ဆိုမှုများကို ပြုလုပ်လေသည်။ ဤသည်မှာ အလယ် ခေတ်၏ အမြင့်မြတ်ဆုံးသော တေးသီချင်းတစ်ပုဒ်ဖြစ်သည့် "ကောင်းကင်မေးခွန်း ဝိညာဉ် ခေါ်သီချင်း" ပင် ဖြစ်သည်။
ဤသီချင်းမှာ ဝိညာဉ်ကို ပြန်လည်ပုံဖော်ပေးသည့် နတ်ဘုရားပညာ တစ်မျိုးလည်း ဖြစ်သည်။ ဟုန်ယွိသည် ဟုန်ရွှန်ကျိကို "သူ့အမှားကို ဝန်ခံပြီး ဦးညွှတ်မယ်ဆိုရင် ကျောက်ဖေးရုံကို ပြန်ရှင်စေနိုင်တယ်" ဟု ပြောခဲ့သည်မှာ လိမ်ညာခဲ့ခြင်း မဟုတ်ပေ။
ယခုမူ ချန်ယင်းရှာ၏ မှတ်ဉာဏ်များမှာ ကြေမွနေပြီး ဝိညာဉ်မှာလည်း အချိန်နှင့်အမျှ လွင့်ပါးပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း ဟုန်ယွိက ဤတေးဂီတဖြင့် သူမကို ပြန်လည်ဆွဲခေါ်ကာ တည်ငြိမ်အောင် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
"ဟင်း... ငါ နောက်ဆုံးတော့ ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင်တစ်ပါး ဖြစ်သွားပြီလား" အချိန်အတော်ကြာမှ ချန်ယင်းရှာသည် နိုးလာခဲ့ သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အခါ ဟုန်ယွိကို မြင်လိုက်ရသည်။ သူမ မေးမြန်းသည့် အခါ ဟုန်ယွိက ချက်ချင်း ပြန်မဖြေပေ။ သူမသည် မျက်လုံးကို ပြန်မှိတ်ကာ ဝိညာဉ်ကို သေချာစွာ လည်ပတ်စေပြီးမှ ဆက်ပြောသည်။ "သေဘေးကနေ သီသီလေး လွတ်လာပြီးမှ ဖန်ဆင်းရှင် ဖြစ်လာခဲ့တာပဲ... ဟုန်ယွိ၊ ငါ မင်းကို တကယ် ကျေးဇူးတင်ပါတယ်။ ဒီနှစ်တွေ မှာ မင်းနဲ့ ဆုံတွေ့ခဲ့ရတာ ငါ့အတွက် တကယ်ပဲ ကံကောင်းခြင်းပါပဲ..."
"ဘာမှ ပြောစရာမလိုပါဘူး။ ငါတို့ရဲ့ ကျင့်စဉ်အဆင့်မှာတော့ ဘာစကားမှ မပြောလည်း အားလုံးကို နားလည်နေပါပြီ" ဟုန်ယွိက ချန်ယင်းရှာ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ နွေးထွေးသော စေတနာလှိုင်းများမှာ လေထုထဲ၌ ပျံ့လွင့်သွားသည်။
"ဟုန်ရွှန်ကျိသာ ဒါကို မြင်ရင် လူကြီးလူကောင်းတစ်ယောက်ရဲ့ စစ်မှန်တဲ့ ခံစားချက်ကို နားလည်သွားမှာပဲ... ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့မှာ ဒီလို စိတ်ထားမျိုး မရှိဘူး... အဲ့ဒါကြောင့် သူတို့ ရှုံးနိမ့်ခဲ့တာ" ဤမြင်ကွင်းကို ကြည့်ရင်း ယွမ်ရှန်းရှန်း၏ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
ယခုဆိုလျှင် လေးဦးလုံးသည် ခုနှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ကြ ပြီ။ သူတို့မှာ အနည်းငယ် အားနည်းနေသေးသော်လည်း အသက်အန္တရာယ်မှ လွတ်မြောက် ခဲ့ကြပြီ။ ထိုအချိန်မှာပင် အင်မော်တယ်နတ်ဘုရားဘုရင်၏ အမြီးမှာ ငါးမီတာမှ လေးမီတာ သို့ တစ်ဖန် ပြန်လည် ကျုံ့ဝင်သွားပြန်သည်။
"အားလုံးပဲ ရက်အနည်းငယ်လောက် အနားယူကြ။ ထိုက်ကျိမိုးကြိုးရေကန်ကို သုံးပြီး ပြန်လည် ကုစားကြ။ အဲ့ဒီနောက်မှာတော့ မင်းတို့ဟာ ကောင်းကင်အောက်မှာ အတား အဆီးမရှိ သွားလာနိုင်ကြပြီ..." ချန်ယင်းရှာ စိတ်တည်ငြိမ်သွားသည်ကို မြင်သောအခါ ဟုန်ယွိက ဆိုလိုက်သည်။
ထိုအခိုက်တန့်တွင် သူတော်စင်ပေါင်းစုံခန်းမအတွင်း အသံတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းကင်သံစဉ်နတ်သမီး... မင်းလည်း ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာခဲ့ပြီပဲ..."
ဟုန်ယွိသည် အံ့ဩခြင်း မရှိပေ။ သူသည် သူမ ရောက်ရှိလာသည်ကို ကြိုတင်၍ အာရုံခံမိ ပြီးသား ဖြစ်၏။ အကယ်၍ သူသာ သူတော်စင်ပေါင်းစုံခန်းမ၏ ချိပ်ပိတ်မှုကို ဖွင့်မပေးထား ပါက သူမသည် မည်သို့မျှ ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။
ယခုအခါ ကောင်းကင်သံစဉ်နတ်သမီးသည် ဂီတသံစဉ်သင်္ကေတများအကြား ဝန်းရံခြင်း ခံထားရသည်။ သူမသည် လွတ်လပ်ခြင်းစွမ်းအင်ကို အပြည့်အဝ ကျွမ်းကျင်သွားခဲ့ပြီဖြစ်ရာ အလွန်ပင် သက်တောင့်သက်သာရှိပြီး တည်ငြိမ်အေးဆေးသော အရှိန်အဝါမျိုး ပေါ်ထွက် နေသည်။ ထိုစဉ်က တူနှစ်ဖော်ကျင့်စဉ် ကျင့်ကြံပြီးနောက်ပိုင်း သူမသည် တစ်ဦးတည်း ထွက်ခွာသွားခဲ့ပြီး ပျောက်ကွယ်နေခဲ့ရာမှ ယခုတစ်ဖန် ပြန်လည်ရောက်ရှိလာချိန်တွင်မူ သူမသည် နတ်ဘုရားပညာများကို အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားပေသည်။
"ရှင်နဲ့အတူ တူနှစ်ဖော်ကျင့်စဉ် ကျင့်ကြံခဲ့ပြီးနောက်မှာ ကျွန်မရဲ့လွတ်လပ်ခြင်းစွမ်းအင်ကို ကျွမ်းကျင်သွားခဲ့သလို ရှင့်ဆီက အတွေ့အကြုံတွေလည်း အများကြီး ရခဲ့တယ်လေ။ တကယ်လို့ ကျွန်မသာ ဖန်ဆင်းရှင် မဖြစ်လာဘူးဆိုရင် ဝက်ထက်တောင် ပိုပြီး တုံးအတဲ့လူ ဖြစ်သွားမှာပေါ့..."
ကောင်းကင်သံစဉ်နတ်သမီးက 'လောကီကမ္ဘာထဲမှာ တစ်ဦးကိုတစ်ဦး မေ့ပစ်လိုက်ကြစို့' ဟူသော အငွေ့အသက်မျိုးဖြင့် အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒီနေ့ မဟာကမ္ဘာလောကထဲမှာ နောက်ထပ် ဖန်ဆင်းရှင် လေးယောက် ပေါ်ထွက်လာတာ တကယ့်ကို ဝမ်းသာစရာပါပဲ။ ဒါပေမဲ့..."
"မင်း ဘာပြောချင်လဲဆိုတာ ငါ သိပါတယ်။ ဒီနေ့ မဟာကမ္ဘာလောကထဲ ဖန်ဆင်းရှင် လေးယောက်မက ပေါ်ထွက်လာတယ် မဟုတ်လား။ ခုနစ်ယောက် မဟုတ်လား။ မင်း ဒီကို ရောက်လာတာ ငါ့ဆီ ဒီသတင်း လာပါးလား။ ကျန်တဲ့ သုံးယောက်က ထန်ဟိုင်လုံ၊ ဖန်းယွမ် နဲ့ လီဖေးယွီတို့ပဲ မဟုတ်လား"
ဟုန်ယွိက လက်ကို မြှောက်ကာ ကောင်းကင်သံစဉ်နတ်သမီး၏ စကားကို တားလိုက်ပြီး သူမ ပြောလိုသည့် ကျန်တစ်ဝက်ကို ဆက်ပြောလိုက်သည်။ "မုန့်ရှန်းကျီက ကောင်းကင်ဘုံ ဆန္ဒ၊ အချိန်နှင့် စကြဝဠာဆိုတဲ့ နတ်ဘုရားဆေဘာ သုံးလက်ကို သူတို့သုံးယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ပေးလိုက်ပုံရတယ်။ ဒါကြောင့် သူတို့ နတ်ဘုရားစွမ်းရည်တွေက အရှိန်အဟုန်နှင့် တိုးတက်လာပြီး ဖန်ဆင်းရှင်အဆင့်ကို ချိုးဖျက်နိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်သွားတာပဲ။ ဒါ့အပြင် သူတို့သုံးယောက်က ရွှီဝူယွိဆီကနေ အကူအညီတွေလည်း ရထားတယ် မဟုတ်လား"
"ပြောင်းလဲခြင်းတာအိုသခင်က မျှော်လင့်ထားတဲ့အတိုင်းပဲ..." ကောင်းကင်သံစဉ်နတ်သမီး က သက်ပြင်းချရင်း ဆိုသည်။
"နောက်ထပ် တစ်ခု ရှိသေးတယ်။ တကယ်လို့ ရှင်သာ အဲဒီအရာကိုပါ မှန်အောင် ခန့်မှန်းနိုင်မယ်ဆိုရင် ကျွန်မ ရှင့်ကို တကယ်ပဲ ကြည်ညိုလေးစားမိလိမ့်မယ်..."
"ဟုတ်လို့လား... အရှေ့ဘက်က ချန်ပီယံမြို့စားစံအိမ်မှာရှိတဲ့ ဟွမ်ယန်ယန်က တစ်ခုခု မှားနေလို့လား။ သူမမှာ ဖီးနစ်သွေးမျိုးဆက် ရှိသလို သူမကိုယ်ထဲမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာ။ ငါ ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာက အဆုံးမဲ့ ဟင်းလင်းပြင်အထက်က နေမင်းဟင်းလင်းပြင်မှာ ရှိနေတဲ့ အစွမ်းထက် တည်ရှိမှု အများ အပြားရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိခဲ့တယ်။ အခု အဲဒီအစွမ်းထက် တည်ရှိမှုတွေက ဂဏာမငြိမ် ဖြစ်နေကြလောက်ပြီ။ အခုက မတည်ငြိမ်တဲ့ အချိန်ကာလပဲ။"
ဟုန်ယွိက မျက်လုံးများကို မှိတ်လျက် ဆိုသည်။
"သခင်လေးယွိရဲ့ နတ်ဘုရားစွမ်းရည်က အတိုင်းအဆမရှိပါဘူး။ ရှင်က အနာဂတ်အားလုံး ကို ထွင်းဖောက်မြင်နိုင်တာပဲ။ ဒီမိန်းကလေး ရှင့်ကို တကယ်ပဲ ရိုသေလေးစားမိပါတယ်..."
ကောင်းကင်သံစဉ်နတ်သမီးက ဟုန်ယွိကို အလေးအနက် ဦးညွှတ်လျက် သူမ၏ စစ်မှန် သော ကြည်ညိုလေးစားမှုကို ဖော်ပြလိုက်လေသည်။