အခန်း ၇၆၂
Vol. 74 Ch. 762
အခန်း (၇၆၂)။
'နေလဒီရေ'လှိုင်း၏ စွမ်းအားမှာ သဘာဝတရား၏ အံ့ဖွယ်တစ်ရပ် ဖြစ်သကဲ့သို့၊ တစ်ဖက်တွင်လည်း နေနှင့်လတို့၏ အကြမ်းတမ်းဆုံးသော မုန်တိုင်းကြီးတစ်ခုလည်း ဖြစ်ပေသည်။ ယင်နှင့်ယန်ဟူသော အစွန်းရောက် စွမ်းအားနှစ်ရပ်သည် ဟင်းလင်းပြင် အတွင်း တုန်ခါလျက် အဆက်မပြတ် အသွင်ပြောင်းလဲနေကြ၏။ ထိုမှ ပေါက်ကွဲထွက်လာ သော စွမ်းအားမှာ ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူများပင် ခုခံနိုင်စွမ်း မရှိသော အရာမျိုး ဖြစ်သည်။ အကယ်၍ ရတနာများကို အသုံးမပြုပါက ခုနစ်ကြိမ်၊ ရှစ်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ထားသော ကျွမ်းကျင်သူများပင်လျှင် အသက်ရှင်ရန် ခဲယဉ်းလှပေ သည်။
မိမိ၏ခန္ဓာကိုယ်ကို အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်အထိ ကျင့်ကြံထားသူများသာလျှင် ဤနေလဒီရေလှိုင်း၏ စွမ်းအားကို ဖြတ်သန်းသွားလာနိုင်ပြီး ၎င်း၏ နက်နဲမှုကို ရှာဖွေနိုင် ကြပေလိမ့်မည်။
သို့သော်လည်း ရွှီယွိသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူသည် ယန်နတ်ဘုရား အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် ပုဂ္ဂိုလ် ကြီး ဖြစ်သည်။ သူသည် နေလဒီရေလှိုင်း၏ စွမ်းအားကို သတိထားနေရသော်လည်း၊ ၎င်းတို့မှာ သူ့ကို သတ်ဖြတ်နိုင်လောက်သည့် အဆင့်တော့ မဟုတ်ပေ။ ထို့ကြောင့်လည်း သူသည် ဤကဲ့သို့ ကြောက်မက်ဖွယ် နေရာမျိုးတွင် တည်ငြိမ်စွာ စကားပြောနိုင်ခြင်း ဖြစ်သည်။
သူ စကားပြောလိုက်သည်နှင့် လေလှိုင်းများမှာ တဟုန်ထိုး ပြင်းထန်စွာ ထွက်ပေါ်လာပြီး၊ ပြင်းထန်သော မှော်စွမ်းအား တုန်ခါမှုများက ဒီရေလှိုင်းများကို တိုက်စား ဖယ်ရှားပစ်လိုက် သည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများက နေနှင့်လ၏ နက်ရှိုင်းရာနေရာသို့ စူးစိုက်ကြည့် လိုက်ရာ ထိုနေရာမှ ပြင်းထန်သော မှော်စွမ်းအားလှိုင်း တုန်ခါမှုတစ်ခု လှိမ့်တက်လာပြီး ဒီရေလှိုင်းများကို မောင်းနှင်သူကဲ့သို့ နေနှင့်လအတွင်းမှ ပျံသန်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
ပထမဦးစွာ နေမင်းအတွင်းမှ အတိုင်းအဆမရှိ ကြီးမားလှသော နန်းတော်ကြီး တစ်ခု ပျံထွက်လာသည်။ ထိုနန်းတော်သည် ဒီရေလှိုင်း မုန်တိုင်းကို စီးနင်းလျက် ဧရာမ သင်္ဘော ကြီး တစ်စင်းကဲ့သို့ လွင့်မျောလာခဲ့သည်။
လမင်းအတွင်းမှလည်း တောက်ပသော အလင်းတန်းတစ်ခုနှင့်အတူ ရေခဲနန်းတော်တစ်ခု ပျံထွက်လာသည်။ ဤကြီးမြတ်သော တည်ရှိမှု နှစ်ခုစလုံးသည် ဒီရေလှိုင်း မုန်တိုင်းနှင့် အတူ အဆက်မပြတ် ယိမ်းထိုးစီးနင်းလျက် ခရီးနှင်လာကြ၏။ ရှစ်နာရီမှ တစ်ဆယ် နာရီ ခန့် ကြာမြင့်ပြီးနောက်တွင် သူတို့သည် ရွှီယွိနှင့် မနီးမဝေး ကောင်းကင်ယံသို့ ရောက်ရှိလာ ကာ ရပ်တန့်သွားကြသည်။
နေနတ်ဘုရားနန်းတော်နှင့် လနန်းတော်တို့သည် ရွှီယွိ၏ အနီးတွင် ရပ်တန့်သွားပြီးနောက် လနန်းတော်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ "ဆိုတော့ ဗဟိုကမ္ဘာရဲ့ သခင်၊ ဧကရာဇ်ဖန်ရဲ့ တာအိုအမွေကို ဆက်ခံသူပေါ့။ ရှင်က မိုင်ပေါင်း သန်းနဲ့ချီဝေးတဲ့ ဒီနေလ ဟင်းလင်းပြင်နယ်မြေကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"
"ဟားဟားဟား... ဟားဟားဟား..." ရွှီယွိက လမင်းနန်းတော်ကို ကြည့်ကာ ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်သည်။ "နေလနတ်ဘုရားနန်းတော်ရဲ့ အရှင်သခင်တွေက အဖြေကို သိနေရက်နဲ့ ဘာလို့ မေးနေတာလဲ။ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။ ဧကရာဇ်ရှန်၊ ဧကရီယင်... မကြာသေးခင်က တစ်စုံတစ်ယောက် ယန်နတ်ဘုရားအဆင့် တက်လှမ်းဖို့ ကြိုးစားခဲ့တာကို ခင်ဗျားတို့ မသိဘူးလို့တော့ မပြောနဲ့နော်"
“ယန်နတ်ဘုရားတစ်ပါး ပေါ်ထွက်လာပြီဆိုရင် သူ့ရဲ့စိတ်ဆန္ဒက စကြဝဠာတစ်ခုလုံးကို တုန်ခါစေနိုင်တာပဲ။ အချိန်နဲ့ ဟင်းလင်းပြင် အမျိုးမျိုးကနေ အဲ့ဒါကို ခံစားလို့ ရပါတယ်။ ကျွန်မလည်း အဲ့ဒါကို သဘာဝအတိုင်း ခံစားမိတာပေါ့။" လနန်းတော်အတွင်းမှ တည်ရှိမှုက ပြောလိုက်သည်။ ထိုအသံမှာ ကြည်လင်ပြီး အေးစက်ကာ အမျိုးသမီးအသံ ဖြစ်နေသဖြင့် ၎င်းမှာ သေချာပေါက် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိနိုင်သည်။
ရှင်းလင်းသည်မှာ နေနတ်ဘုရားနန်းတော်အတွင်း ရှိနေသူမှာ ဧကရာဇ်ရှန် ဖြစ်ပြီး လနန်းတော်အတွင်းရှိသူမှာ ဧကရီယင် ဖြစ်သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အထွတ်အထိပ် တည်ရှိမှု နှစ်ခုပင် ဖြစ်၏။
"ဟုတ်တယ်၊ ငါလည်း ခံစားမိတယ်။ ဗဟိုကမ္ဘာရဲ့ အရှင်သခင်က ဒီအတွက်ကြောင့်ပဲ ဒီကို ရောက်လာတာလား" နေနတ်ဘုရားနန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်ရှန်က စကားပြောလာသည်။ “ဒီကောင်းကင်နဲ့မြေကြီး စကြဝဠာကြီးထဲမှာ ကမ္ဘာတွေကို ပိုင်းခြား ထားတာပဲ။ နှစ်ပေါင်း သောင်းနဲ့ချီပြီး ဗဟိုကမ္ဘာက အားအကောင်းဆုံး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ရဲ့ နေလဟင်းလင်းပြင်နယ်မြေက ရှေးဦးခေတ်ကတည်းက ဖန်တီးထားတဲ့ အေးချမ်း တဲ့ နေရာတစ်ခုပဲ၊ ဗဟိုကမ္ဘာနဲ့ ဘာပတ်သက်မှုမှ မရှိဘူး။ ကြားတာတော့ ဗဟိုကမ္ဘာက မဟာကမ္ဘာလောကကြီးကို သိမ်းပိုက်ချင်နေတယ်ဆို။ အခု နေလဟင်းလင်းပြင်နယ်မြေ ကိုပါ သိမ်းပိုက်ချင်နေတာလား"
"မဟာကမ္ဘာလောကကြီး တစ်ခုတည်းနဲ့တင် ငါတို့ ဗဟိုကမ္ဘာကလူတွေ နေဖို့ လုံလောက် ပါတယ်။ ဒီနေလဟင်းလင်းပြင်နယ်မြေကို မလိုအပ်ပါဘူး။ ဒါ့အပြင် နေလဟင်းလင်းပြင် နယ်မြေရဲ့ ဒီရေလှိုင်းတွေက ဖန်ဆင်းရှင်တွေတောင် မခံနိုင်တဲ့အရာပဲ၊ သာမန်လူတွေ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ။ မင်းတို့ အစိုးရိမ် လွန်နေကြပြီ။ ရွှီယွိက ပြုံးရင်း သူ၏ လက်ဖြင့် အောက်ဘက်သို့ ညွှန်ပြကာ ဆိုသည် "ငါ ဒီနေ့ ဒီကို ရောက်လာတာက မင်းတို့ နှစ်ယောက်နဲ့ ပူးပေါင်းဖို့ပါ။ မင်းတို့ ငါ့ကို ဖုံးကွယ်ထားလို့ မရပါဘူး၊ ဟုန်ယွိအတွက် မင်းတို့ မဟာကမ္ဘာလောကကြီးဆီကို ပညာရှင်တွေ စေလွှတ်ပြီး သူ့ရဲ့ နောက်ကြောင်းကို စုံစမ်း ခိုင်းထားပြီးပြီ မဟုတ်လား”
"ဟင်" ဧကရာဇ်ရှန်က အံ့ဩသံ အနည်းငယ် ထွက်ပေါ်လာသည်။ "ဗဟိုကမ္ဘာရဲ့ အရှင်သခင်ဆိုတော့လည်း ဟုတ်သားပဲ။ ဒီလို လျှို့ဝှက်ချက်လေးတွေကိုတောင် မင်းဆီက နေ ဖုံးကွယ်လို့ မရဘူးပဲ။"
"ငါ့ကိုတင် မဟုတ်ဘူး၊ ဟုန်ယွိကိုလည်း ဖုံးကွယ်လို့ မရဘူးလေ။" ရွှီယွိက သက်ပြင်းချ လျက် ဆိုသည်။ "အမှန်အတိုင်း ပြောရရင် မင်းတို့ ဟုန်ယွိကိုလည်း ဖုံးကွယ်လို့ မရပါဘူး။ ဟုန်ယွိက အနာဂတ်တာအိုမှာ အလွန် ကျွမ်းကျင်တယ်။ အခုဆို မင်းတို့ရဲ့ နောက်ကြောင်း တွေကို သူ တွက်ချက်ပြီးလောက်ပြီ။ မင်းတို့က ဟုန်ယွိကို ဒီလိုမျိုး ကိုင်တွယ်ပြီး သူကနေ တစ်ဆင့် ယန်နတ်ဘုရားအဆင့် တက်လှမ်းနိုင်မယ့် လျှို့ဝှက်ချက်တွေကို ရယူချင်နေတာ ပဲ။ မင်းတို့ သူ့နဲ့ ရန်ငြိုးဖွဲ့လိုက်မိပြီ။ အနာဂတ်မှာ သူ နေလ ဟင်းလင်းပြင်နယ်မြေကို လာပြီး မင်းတို့ကို သတ်လိမ့်မှာကို ငါ စိုးရိမ်မိတယ်။ အဲဒါက မင်းတို့အတွက် အဆင်မပြေ ဘူးနော်။”
“ယန်နတ်ဘုရား တာအို ဆိုတာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ယန်နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ဆိုရင် ကိုယ်ပိုင် နတ်ဘုရားစိတ်ဝိညာဉ် အတွေးစကို မဟာစကြဝဠာကြီး၊ နေ၊ လနဲ့ကြယ်တွေရဲ့ နတ်ဘုရားဆန္ဒနဲ့ ပေါင်းစပ်ရတာ။ ဒီလိုကျင့်ကြံမှုမျိုးက ၉၉ ရာခိုင်နှုန်း လောက်က မဟာစကြဝဠာကြီးရဲ့ ဝါးမြိုမှုကို ခံရပြီး မြက်ပင်၊ သစ်ပင်၊ တောင်တန်း ဒါမှမဟုတ် ကျောက်တုံးတွေအဖြစ် ပြောင်းလဲသွားတတ်ကြတယ်။” ဧကရီယင်က စကားပြောလာသည်။ “ဟုန်ယွိက ယန်နတ်ဘုရား အဆင့်ကို တက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဝါးမြို မခံရဘဲ ကောင်းကောင်းမွန်မွန် ရှင်သန်နေတုန်းပဲ၊ ဒါပေမဲ့ သူက ယန်နတ်ဘုရားလည်း ဖြစ်မလာသေးဘူး။ ဒါက ရှေးခေတ်ကတည်းက တစ်ခါမှ မရှိဖူးတဲ့ ဖြစ်ရပ်ဆန်းပဲ။ တကယ် လို့ ငါတို့သာ သူ့အတွေ့အကြုံတွေကို ရနိုင်မယ်ဆိုရင်၊ ယန်နတ်ဘုရား အဆင့်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ ဒါက ဘယ်လိုမှော်ရတနာမျိုးနဲ့မှ လဲလို့ မရနိုင် တဲ့ အရာပဲ။”
"သူ ယန်နတ်ဘုရား စစ်စစ် ဖြစ်မလာတာက သူ့ရဲ့ မဟာကတိသစ္စာက အရမ်းကြီးလွန်းလို့ ပါ။ ဒါပေမဲ့ သူ ဘာလို့ ဝါးမြိုမခံရတာလဲ ဆိုတာကိုတော့ ငါလည်း အခုထိ နားမလည်နိုင် သေးဘူး။"
ရွှီယွိသည် နေလ ဒီရေလှိုင်း မုန်တိုင်း အပိုင်းအစ တစ်ခုကို သူ၏ လက်ဖြင့် ဖမ်းယူလိုက်ပြီး အလုံးလေးတစ်ခု အဖြစ် ကျစ်လျစ်သွားအောင် လုပ်ကာ ကစားနေ၏။ သူက အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒါပေမဲ့ မင်းတို့နှစ်ယောက်တည်းနဲ့ သူ့ကို ကိုင်တွယ် ဖို့ဆိုတာ မလုံလောက်ဘူးလို့ ငါ ထင်တယ်။ အင်မော်တယ်နတ်ဘုရားဘုရင်၊ မဟာ ဖျက်ဆီးခြင်းနတ်ဘုရားဘုရင်နဲ့ အသက်ချွေနတ်ဘုရားဘုရင်တို့တောင် သူ့ကို သွားတိုက် တုန်းက အရှုံးကြီး ရှုံးခဲ့ရတာလေ။ အဲ့ဒါကြောင့် ငါက မင်းတို့နဲ့ ပူးပေါင်းချင်တာ။ ဘယ်လို လဲ"
“ဘာအတွက် ပူးပေါင်းမှာလဲ" ဧကရာဇ်ရှန်က နေနတ်ဘုရားနန်းတော်အတွင်းမှ မေးလိုက် သည်။ သူ၏အသံနှင့်အတူ မရေမတွက်နိုင်သော မီးလျှံများမှာ မီးငှက်များ၊ ဖီးနစ်များနှင့် ရွှေကျီးကန်းများအသွင် မှော်သင်္ကေတများအဖြစ် ပြောင်းလဲနေကြ၏။
"ဗဟိုကမ္ဘာက မကြာခင်မှာ ဖန်ဆင်းခြင်းသင်္ဘောကို သုံးပြီး မဟာကမ္ဘာလောကဆီကို ပြောင်းရွှေ့တော့မှာပါ။ လူ သန်းပေါင်း ၃၀၀ ကျော်ရှိတဲ့ ဒီလုပ်ငန်းကြီးက ကောင်းကင်နဲ့ မြေကြီး စတင်ကတည်းက တွေ့ရခဲတဲ့ အတိုင်းအဆမဲ့ ကြီးမားတဲ့ စီမံကိန်းကြီး တစ်ခုပဲ။” ရွှီယွိက ဧကရာဇ်ယန်ဖန်၏ ဖန်ဆင်းခြင်းသင်္ဘောဖြင့် ပြောင်းရွှေ့မည့် အစီအစဉ်ကို အသေးစိတ် ရှင်းပြလိုက်သည်။ "ဒါက ငါ့အစီအစဉ်လည်း ဖြစ်တယ်။ ဟုန်ယွိကို တစ်ချက် တည်းနဲ့ အပြတ်ရှင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ အဲ့ဒီထဲမှာ 'တိုင်' ရဲ့ အမွေ ဆက်ခံသူနဲ့ 'ထာဝရနိုင်ငံတော်' ကို ပိုင်ဆိုင်တဲ့လူလည်း ပါလာလိမ့်မယ်၊ ဟုန်ယွိလည်း သေချာပေါက် ရောက်လာမှာပဲ။ သူတို့က ငါ့လူမျိုး သန်း ၃၀၀ ကို သွေးယဇ်ပူဇော်ပြီး အမြင့်ဆုံး မှော်ရတနာတွေကို သွန်းလုပ်ကာ သူတို့ စွမ်းအားတွေကို မြှင့်တင်ချင်နေကြတာ။ ငါက တော့ ဒီအခွင့်အရေးကို သုံးပြီး သူတို့ အားလုံးကို တစ်ခါတည်းနဲ့ အမြစ်ဖြတ်ပစ်မယ်။ ဒီလို ကြီးကျယ်တဲ့ ကိစ္စကြီးမှာ စကြဝဠာကြီးရဲ့ ကံကြမ္မာကို တစ်ချက်တည်းနဲ့ ဆုံးဖြတ်ဖို့ ငါ့ရဲ့ နောက်ဆုံး ဝှက်ဖဲ အနေနဲ့ မင်းတို့ ပူးပေါင်းချင်ကြလား”
ဧကရာဇ်ရှန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ဖန်ဆင်းခြင်းသင်္ဘော... ဒီရတနာက တကယ်ကို အံ့ဩစရာကောင်းတာပဲ... အဲ့ဒါက ရှေးဦးခေတ်တစ်ခုလုံးကို လွှမ်းမိုးခဲ့ပြီး အနှိုင်းမဲ့ခဲ့တာလေ။ ယန်နတ်ဘုရားတွေတောင် အဲ့ဒါကို ရှောင်ခဲ့ကြရသလို၊ နိဗ္ဗာနနယ်ပယ် ကို ကူးမြောက်ဖို့ သင်္ဘောတစ်စင်းပဲ။”
"ထာဝရနိုင်ငံတော်... အခု အဲ့ဒီအမွေကို ဘယ်သူက ဆက်ခံထားတာလဲ" ဧကရီယင်က မေးလိုက်သည်။
"အဲ့ဒီလူကတော့ မုန့်ရှန်းကျီ လို့ ခေါ်တဲ့သူပဲ။ လောကထဲကို ရောက်လာတာ နှစ်ပေါင်း ၃၀၀ ပဲ ရှိသေးတဲ့ လူသစ်လေးတစ်ယောက်ပေါ့။" ရွှီယွိက ဆိုသည်။ “အဲဒီမှော်ရတနာ နှစ်ခုကို မင်းတို့ စိတ်ဝင်စားကြလား”
"အဲဒီရတနာနှစ်ခုက နတ်ဘုရားလက်နက်ဘုရင်တွေပဲ၊ ခေတ်အဆက်ဆက်ကို လွှမ်းမိုးခဲ့ တဲ့ ရတနာတွေလေ။ စိတ်မဝင်စားဘူးလို့ ပြောရင် ငါ လိမ်ရာကျမှာပေါ့။" ဧကရာဇ်ရှန်က ဆိုသည်။
"ကောင်းပြီ၊ စိတ်ဝင်စားတယ်ဆိုရင်လည်း လာခဲ့ကြပေါ့။ ဒါပေမဲ့ ဖန်ဆင်းခြင်းသင်္ဘောက ပျက်စီးနေပြီး 'ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက် အစီအရင်' ကလည်း ပျက်စီးသွားပြီ။ အဲ့ဒါကို ပြန်ပြင်ဖို့ လိုတယ်။ ငါ ဒီနေ့ ဒီကို လာတာ အကြောင်းရင်း နှစ်ခု ရှိတယ်။ ပထမတစ်ခုက မင်းတို့နဲ့ ပူးပေါင်းဖို့၊ ဒုတိယကတော့ ပစ္စည်း တချို့ ငှားချင်လို့ပါ။" ရွှီယွိက ရတနာများအကြောင်းသို့ စကားလမ်းကြောင်း လွှဲလိုက် သည်။
"ဘယ်လို ပစ္စည်းတွေ ငှားချင်တာလဲ" ဧကရီယင်က မေးသည်။
"လဝိညာဉ်ပုလဲ၊ နေမီးလျှံ အမြုတေ၊ ဒီရေနတ်ဘုရားကျောက်တုံး၊ သန့်စင် ယင်ယန်မြက်၊ သွေးလမင်းရွှေစင်..." ရွှီယွိက မဟာကမ္ဘာလောကကြီး၊ ဟင်းလင်းပြင် ဝဲဂယက်တွေနဲ့ ကောင်းကင်အပြင်ပ နယ်မြေတွေမှာတောင် မရှိသည့် သဘာဝရတနာများစွာကို စာရင်းပြု စု ပြောပြလိုက်သည်။
"ပြီးတော့ 'နေလဒီရေပညာရပ်'ကိုလည်း လိုချင်တယ်။"
အကြောင်းမှာ ထိုအရာများကို နေလဒီရေပညာရပ်အတွင်း၌သာ ရှာတွေ့နိုင်သောကြောင့် ဖြစ်၏။
"ဒီပစ္စည်းတွေ အားလုံး ငါတို့မှာ ရှိတယ်။ ဒါပေမဲ့ မင်းက ငါတို့ရဲ့ အမြင့်ဆုံး ကျင့်စဉ်ဖြစ်တဲ့ နေလဒီရေပညာရပ်ကိုပါ လိုချင်နေတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဧကရီယင် က ဆိုသည်။
"ဒါဆိုရင်ရော" ရွှီယွိက အသာအယာ ပြုံးလိုက်သည်။
"ရပါတယ်။ ငါတို့ကျင့်ကြံမှုအဆင့်မှာတော့ ကျင့်စဉ်ဆိုတာ အဲ့လောက်အထိ အရေးမကြီး တော့ပါဘူး။ မင်းကို ပေးလိုက်မယ်။ ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ အစီအစဉ်ကို ပြောပြဦး၊ ငါ ကြည့်ရသလောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။" ဧကရာဇ်ရှန်က ရုတ်တရက် ရယ်မော လိုက်သည်။ သူ၏ အသံမှာ ခန့်မှန်းရခက်သော ကောက်ကျစ်မှုနှင့် ဗျူဟာမြောက်မှုတို့ဖြင့် ပြည့်နှက်နေ၏။
"သေချာပေါက် ပြောပြမှာပေါ့..."
ချက်ချင်းဆိုသလိုပင် ရွှီယွိသည် အားကောင်းသော အတွေးစတစ်ခုကို နေနတ်ဘုရား နန်းတော်အတွင်းသို့ ပို့လွှတ်လိုက်သည်။
ဧကရာဇ်ရှန်က သူ၏ အတွေးစကို လက်ခံပြီးနောက် အတန်ကြာသောအခါတွင် တုန်ခါမှု တစ်ခု ဖြစ်ပေါ်လာပြီး တောက်ပသော အရာများစွာ ပျံထွက်လာကာ ရွှီယွိ၏ လက်ထဲသို့ ရောက်ရှိလာသည်။ ၎င်းတို့မှာ သဘာဝရတနာများစွာနှင့်အတူ ကျင့်စဉ်တစ်ခုလည်း ပါဝင် လေသည်။
ရွှီယွိက ဘာတွေပြောခဲ့သလဲဆိုသည်ကို မည်သူမျှ မသိသော်လည်း၊ ဧကရာဇ်ရှန်ကတော့ ထိုအရာအားလုံးကို ထုတ်ပေးလိုက်ချေပြီ။
"မင်းက ငါတို့ကို ဧကရာဇ်ဖန်ရဲ့ နည်းစနစ်တွေကိုတောင် ပြောပြခဲ့တာပဲ။ မင်း တကယ်ကို စိတ်ရင်းမှန်တယ်ဆိုတာ ထင်ရှားပါတယ်။" တစ်ချိန်တည်းမှာပင် ဧကရီယင်ကလည်း ပစ္စည်းများကို ပို့လွှတ်ပေးလိုက်သည်။
"ကောင်းပြီ၊ မင်းတို့နှစ်ယောက် အချိန်မီ ရောက်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ အောင်မြင်ခြင်း ဒါမှမဟုတ် ကျရှုံးခြင်းက ဒီအပေါ်မှာပဲ မူတည်နေတာ။"
ရွှီယွိက ထိုအရာများကို လက်ခံယူလိုက်ပြီး၊ ယန်နတ်ဘုရား၏ အတွေးစကို ထိန်းချုပ်ကာ နေလဟင်းလင်းပြင်အတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက်...
ဟင်းလင်းပြင် ဝဲဂယက်အတွင်းရှိ ကြီးမားသော ဥက္ကာခဲကြီးတစ်ခုပေါ်တွင် ဖြစ်သည်။
ဖန်ဆင်းခြင်းသင်္ဘောကြီးသည် ငြိမ်သက်စွာ ရပ်တည်နေ၏။ ယန်ဖန်သည် သင်္ဘော၏ အထက်ပိုင်းတွင် ရပ်နေပြီး အရာအားလုံးကို ထိန်းချုပ်နေသည်။ သင်္ဘော၏ အပြင် ဘက်တွင်မူ ရွှီယွိက သူ၏လက်ထဲမှ ပစ္စည်းများကို အရည်ကျိုကာ မဟာအစီအရင်များကို ဖန်တီးလျက် သင်္ဘောပေါ်တွင် ထွင်းထုနေလေသည်။
ယန်ဖန်က ထိုမဟာအစီအရင်များကို လေ့လာနေပြီး သူ၏ အတွေးစထဲမှ ကြီးမားသော လှိုင်းတစ်ခု ထွက်ပေါ်နေသည်။ သူ၏ ကျင့်ကြံမှုမှာလည်း ထပ်မံ တိုးတက်လာပုံရ၏။
'ဒီ ရွှီယွိက ဘာလှည့်ကွက်မှ မသုံးခဲ့ဘူးပဲ။ ငါက သူ လှည့်ကွက်သုံးမှာစိုးလို့ နည်းလမ်းတွေ အများကြီး ပြင်ထားတာ၊ တစ်ခုမှတောင် သုံးစရာ မလိုခဲ့ဘူး။ သူ ဒီပစ္စည်းတွေ အများကြီး ကို ဘယ်ကနေ ရခဲ့တာလဲ။ အဲ့ဒီထဲက အများစုက နေလဟင်းလင်းပြင်နယ်မြေက သဘာဝ ရတနာတွေပဲလေ။ ဖန်ဆင်းခြင်းသင်္ဘောသာ ပြီးစီးသွားရင် ငါ့ရဲ့နောက်ထပ် အစီအစဉ်ကို အကောင်အထည်ဖော်လို့ ရပြီ...'