← Chapters

အခန်း ၇၆၅

Vol. 74 Ch. 765

အခန်း ၇၆၅

Vol. 74 Ch. 765

အခန်း (၇၆၅)။

ဟုန်ယွိ၏ လက်ထဲရှိ ကျောက်စိမ်းအဆောင်သည် ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး ကဲ့သို့ ကောင်းကင်ပြာရောင် တောက်ပနေပြီး၊ အထဲတွင် သတင်းအချက်အလက် အမျိုးမျိုး ကို ဖော်ပြထား၏။ ဤအရာသည် တိုင်ရှန်တာအိုဂိုဏ်း၏ ဆက်သွယ်ရေး အင်မော်တယ် ရတနာဖြစ်သော 'ရေခဲကျောက်စိမ်းအဆောင်' ပင်ဖြစ်သည်။

ရေခဲကျောက်စိမ်းအဆောင်ကို ယူကာ ဟုန်ယွိက ၎င်းပေါ်ရှိ အချက်အလက်များကို သူ၏ စိတ်ထဲသို့ စုပ်ယူလိုက်သည်။ အနည်းငယ် နားလည်သဘောပေါက်ပြီးနောက်၊ ဤအရာမှာ မုန့်ရှန်းကျီထံမှ သတင်းစကားဖြစ်ကြောင်း သူသိလိုက်ရသည်။ သတင်းစကားမှာ ချန် ဧကရာဇ် ယန်ဖန်နှင့် ရွှီယွိတို့၏ ပြောင်းရွှေ့အခြေချမှု အကြောင်းပင်ဖြစ်သည်။

ဤသည်မှာ မဟာကမ္ဘာလောကကြီးအတွက် အရေးပါသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

လူဦးရေ သန်းသုံးရာ၊ ရွှီမိသားစု၏ သိုင်းပညာရှင်များနှင့် တာအိုပညာရှင် တပည့် သန်းသုံး ရာသည် မဟာကမ္ဘာလောကကြီးသို့ ပြောင်းရွှေ့လာမည်လား။ မည်ကဲ့သို့သော ရိုက်ခတ်မှု မျိုး ရှိလာမည်နည်း။ မည်သူမျှ မသိနိုင်ပေ။

အထူးသဖြင့် စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များက အရေးကြီးသော သတင်းစကား တစ်ခုကို ပေးပို့ခဲ့သည်။ ဗဟိုကမ္ဘာတွင် မြင့်မြတ်သည့် မိသားစုအများအပြားမှာ တာအို ကျင့်စဉ်များကို ကျင့်ကြံကြသော်လည်း၊ သူတို့၏ မိုးကြိုးကပ်ဘေးများကို မဖြတ်ကျော်ရ သေးပေ။ အမှန်တကယ်တွင် 'မိုးကြိုးစင်မြင့်' ကဲ့သို့သော အရေးကြီးသည့် နတ်ဘုရား ရတနာကို အမာခံတပည့်များကသာ အသုံးပြုနိုင်သည်။ ထို့အပြင် 'မိုးကြိုးစင်မြင့်' သည် မိုးကြိုး၏ အစစ်မှန်စွမ်းအင်များကို စုဆောင်းရန် ဟင်းလင်းပြင်ကို ထိုးဖောက်ဖြတ်ကျော် ရတိုင်း အလွန်အားကောင်းသော စွမ်းအင်များ လိုအပ်သည်။ အကယ်၍ တပည့်ပေါင်း ဘီလီယံချီကိုသာ သူတို့၏ မိုးကြိုးကပ်ဘေးများကို ဖြတ်ကျော်ခွင့်ပြုလိုက်ပါက၊ မိုးကြိုး စင်မြင့်မှာ အချိန်ကြာမြင့်စွာကတည်းက ပျက်စီးသွားလောက်ပြီ။

ထို့ကြောင့် ဗဟိုကမ္ဘာတွင် မဟာကမ္ဘာလောကကြီးသို့ လာရောက်ကာ သူတို့၏ မိုးကြိုး ကပ်ဘေးများကို ဖြတ်ကျော်ရန် စိတ်အားထက်သန်နေကြသည့် 'တစ္ဆေအင်မော်တယ်' အများအပြား ရှိနေသည်။

ရွှီယွိ ဘာလုပ်ချင်သည်ကိုလည်း ဟုန်ယွိ သိနေသည်။

သူသည် သူ၏ မိသားစုမှ အမာခံတပည့်များအားလုံးကို မဟာကမ္ဘာလောကကြီးသို့ ပြောင်းရွှေ့စေပြီး၊ သူတို့အားလုံးကို မိုးကြိုးကပ်ဘေးများ ဖြတ်ကျော်စေလိုခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ရွှီမိသားစု၏ အင်အားသည် မိုးထိမတတ် မြင့်တက်လာမည်ဖြစ်ပြီး၊ သူတို့ကို မည်သူမျှ ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။

အထူးသဖြင့် မဟာကမ္ဘာလောကကြီး၏ မိုးကြိုးများသည် 'လူသားအင်မော်တယ်' များ၏ ကျင့်ကြံခြင်းအတွက်ပင် အလွန် အကျိုးကျေးဇူး များလှသည်။

ဗဟိုကမ္ဘာတွင် အစစ်မှန် မိုးကြိုးစွမ်အးင်ကို ရရှိရန် 'မိုးကြိုးစင်မြင့်' တစ်ခုတည်းကိုသာ အားကိုးနေရခြင်းက ထင်းတစ်လှည်းစာကို ရေတစ်ခွက်တည်းဖြင့် ငြှိမ်းသတ်ရန် ကြိုးစား နေသည်နှင့် တူလှသည်။

"ရွှီမိသားစု တပည့်ပေါင်း သန်းသုံးရာထဲမှာ 'တစ္ဆေအင်မော်တယ်' ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး။ အခု ငါ့ရဲ့ ကျင့်ကြံမှုအဆင့်အရဆိုရင် 'တစ္ဆေအင်မော်တယ်' တွေက ယင်ကောင်တွေလိုပဲ၊ တစ်ချက်ရိုက်ချလိုက်ရုံနဲ့ အများကြီးကို သတ်ပစ်လို့ရတယ်။ ဒါပေမဲ့ 'တစ္ဆေအင်မော်တယ်' ရာချီ၊ ထောင်ချီ၊ ဒါမှမဟုတ် သောင်းချီပြီး စုရုံးလာပြီး မဟာ အစီအရင်ကြီးတစ်ခု တည်ဆောက်လိုက်ရင်တော့ ချိုးဖျက်ဖို့ ခက်ခဲသွားလိမ့်မယ်။ စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ရွှီမိသားစုရဲ့ အင်အားက ခန့်မှန်းလို့ မရနိုင်ဘူး။ သူကိုယ်တိုင်တောင် ဘယ်လောက် အင်အားကြီးလဲဆိုတာတောင် မသိနိုင် ဘူး... အနာဂတ်သခင် 'ရှီ' ရဲ့ တွက်ချက်မှုတွေအရဆိုရင် 'တစ္ဆေအင်မော်တယ်' အနည်းဆုံး ထောင်နဲ့ချီပြီး ရှိနေတယ်။ ဒါဆိုရင် တော်တော် ကြောက်စရာကောင်းတာပဲ။ တကယ်လို့ သူတို့တွေ မဟာကမ္ဘာလောကကြီးထဲကို အုပ်လိုက်ကြီး ဝင်လာခဲ့ရင်၊ ဘယ်လောက်တောင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာမလဲ"

ဟုန်ယွိသည် ထိုသို့ တွေးတောနေရင်း သူ့ဘာသာ ခေါင်းခါလိုက်သည်။ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်ရင်း၊ ပြည်နယ် ၉၉ ခု၏ ပြည်သူများနှင့် အရာရှိများ၏ အခြေအနေကို စောင့်ကြည့်နေခြင်းကို အဆုံးသတ်လိုက်ပြီး၊ 'ပြောင်းလဲခြင်းကျမ်း' မျှော်စင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"ဘာ၊ ဗဟိုကမ္ဘာက ပြောင်းရွှေ့နေတဲ့အကြောင်း မုန့်ရှန်းကျီက နောက်ဆုံးတော့ သတင်း စကား ပေးပို့လာပြီလား"

ဟုန်ယွိ၏ လက်ထဲရှိ ရေခဲစိမ်း ကျောက်စိမ်းအဆောင်ကို မြင်လိုက်ရသောအခါ ကော့လီ နတ်ဘုရားဘုရင်မသည် ဖြစ်ပျက်နေသည်ကို သိရှိသွားသည်။

"အဲဒါ ကောင်းတာပေါ့။ အဲ့ဒီနေ့ရောက်လာဖို့ ငါ စောင့်နေတာ။" ချန်ယင်းရှာက ကျင့်ကြံ နေရာမှ မျက်လုံးများကို ဖွင့်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာ ဆိုသည်။ "အနာဂတ်သခင် 'ရှီ' ကလည်း အခြေအနေ အများကြီးကို ဟောကိန်းထုတ်ထားပြီးပြီ။ ဒီတစ်ခါတော့ ငါတို့ရဲ့ အစွမ်းအစတွေကို ပြသခွင့်ရတော့မှာပဲ။"

"ဒီလောက်အထိ လုပ်စရာ မလိုပါဘူး။ ဒီတစ်ကြိမ်မှာတော့ 'ကျောက်စိမ်းမြို့တော်' ထဲမှာပဲ နေခဲ့ကြ။ လျှို့ဝှက် ပုံရိပ်ယောင် တံခါးပေါက်တစ်ခု ဖွင့်ထားဖို့ ငါ့ရဲ့ လျှို့ဝှက်စွမ်းအင်တွေကို အသုံးပြုထားမယ်။ ငါဆင့်ခေါ်တဲ့အချိန်ကျရင် မင်းတို့ အချိန်မရွေး ငါ့ဆီကို လာလို့ရတယ်" ဟုန်ယွိက ပညာရှိဆန်ဆန် ဆိုသည်။ "အထူးသဖြင့် ဟုန်ရွှန်ကျိကို သတိထားကြ။ ဒီလောက် ကြီးမားတဲ့ ပြောင်းရွှေ့မှုကြီးနဲ့အတူ၊ ကျောက်စိမ်းမြို့တော်ထဲမှာ လူမရှိတဲ့အချိန် အခွင့်အရေးကို ယူပြီး ဟုန်ရွှန်ကျိကို တစ်ယောက်ယောက်က လာခိုးထုတ်သွားမှာ သေချာတယ်လို့ ငါ ခံစားမိနေတယ်။"

"သေချာတာပေါ့။ အရင်ဆုံး မုန့်ရှန်းကျီနဲ့ သွားတွေ့လိုက်ပါ။ အချိန်တန်ရင် အခြေအနေ အရ ငါတို့ လှုပ်ရှားကြတာပေါ့။ ဟုန်ရွှန်ကျိကို ငါတို့ မျက်ခြေမပြတ် စောင့်ကြည့်ထားပါ့ မယ်။" ကျီရှန်းထျန်းက နှုတ်ခမ်းကို သပ်လိုက်ရင်း၊ "တကယ်လို့ အင်မော်တယ် နတ်ဘုရား ဘုရင်က ဟုန်ရွှန်ကျိကို နောက်တစ်ကြိမ် လာခိုးဦးမယ်ဆိုရင်၊ သူ့ခန္ဓာကိုယ်ကနေ အသားစတွေ အများကြီး ထပ်ရနိုင်တာပေါ့"

"ဪ... ဒါနဲ့ ယန်ချန်ဆီကို မကြာသေးခင်က သတင်းတွေ အများကြီး ရောက်လာတယ်။ တော်ဝင်ချန် အင်ပါယာက သိုင်းပညာနဲ့ တာအိုကျင့်စဉ်တွေအပေါ် တားမြစ်ချက်ကို ရုပ်သိမ်းလိုက်ပြီးနောက်မှာ တာအိုဂိုဏ်းတွေ အများကြီး ပေါ်ထွက်လာကြတယ်။ ဥပမာ... နဂါးကျားတာအို၊ ထျန်းဝန်တာအို၊ ကျင့်မင်တာအိုနဲ့ ချင်းမင်တာအိုစတဲ့ တာအိုဂိုဏ်းတွေ အများကြီး ပေါ်လာပြီး သူတို့ရဲ့ အယူအဆတွေကို ဖြန့်ဝေနေကြတယ်တဲ့။ ဒါကလည်း သိပ်တော့ မကောင်းတဲ့ လက္ခဏာပဲ။"

ယွမ်ရှန်းရှန်းက ဆက်စပ်မှုမရှိသော ကိစ္စတစ်ခုကို ရုတ်တရက် ထည့်ပြောလိုက်သည်။

"ဒီလိုဖြစ်လာမယ်ဆိုတာ ငါ ကြိုသိပြီးသားပါ။ တားမြစ်ချက်ကို ဆက်လက် ပိတ်ပင်ထားလို့ ရပေမဲ့၊ အဲလိုဆိုရင်လည်း ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုဆီ ကို ပြန်ရောက်သွားလိမ့်မယ်။ အခုတော့ ငါတို့က ဒါကို ဒီအတိုင်းပဲ ဆက်လက် ဖွံ့ဖြိုးခွင့် ပြုထားရမှာပဲ၊ အတိုင်းအတာတစ်ခုအထိ ကြီးမားလာပြီဆိုမှ တစ်ခုချင်းစီကို ငါ ပြန်ပြီး တည့်မတ်ပေးရမယ်။"

ဟုန်ယွိသည် လောကတွင် ဖုံးကွယ်နေကြသော တာအိုဂိုဏ်းများစွာ ရှိကြောင်းကို ကြိုတင် သိရှိထားပြီး ဖြစ်သည်။ သူတို့သည် အခွင့်အရေးရသည်နှင့် ပေါ်ထွက်လာကာ နာမည် ကျော်ကြားအောင် လုပ်ဆောင်ကြမည်သာ ဖြစ်သည်။

သို့သော် ဂိုဏ်းဂဏများ ပေါ်ထွက်လာခြင်းသည် များသောအားဖြင့် ဆူပူအုံကြွမှုများ ရှိ သော ကာလများတွင်သာ သူတို့၏ သွန်သင်ချက်များကို ဖြန့်ဝေရန် ရွေးချယ်လေ့ရှိသည်။ ယခုအခါ ဟုန်ယွိနှင့် ယန်ချန်တို့က မကြုံစဖူးသော ရွှေခေတ်ကြီးကို ဖန်တီးထားနိုင်ပြီ ဖြစ်ရာ၊ သူတို့၏ သွန်သင်ချက်များကို ဖြန့်ဝေနေသူများ ဤမျှ များပြားနေသေးသည်မှာ ထူးဆန်းလှသည်။

သို့သော်လည်း ဟုန်ယွိအနေဖြင့် အံ့အားသင့်ခြင်း မရှိပေ။ သူ ယန်နတ်ဘုရား နယ်ပယ်သို့ တက်လှမ်းရန် ကြိုးပမ်းမှုက တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည့် ကျွမ်းကျင်သူ အများအ ပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုကျွမ်းကျင်သူများ အားလုံးသည် ကိုယ်တိုင် ထွက်ပေါ်လာ ကြခြင်း သို့မဟုတ် သူတို့၏လမ်းစဉ်များနှင့် မူဝါဒများကို စမ်းသပ်ရန် ကိုယ်စားလှယ်များ ကို ရွေးချယ်ခဲ့ကြသည်။ သို့သော် သူကိုယ်တိုင်ကလည်း "ပြောင်းလဲခြင်း" နိယာမများ အောက်တွင် မတူညီသော ပညာရပ်များစွာ ထွန်းကားလာမည့် ရွှေရောင်ခေတ်တစ်ခုကို ဖန်တီးရန် ရည်ရွယ်ထားပြီးသား ဖြစ်သည်။

"ကံမကောင်းစွာနဲ့ပဲ၊ ယန်ချန်က အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ အသားတစ်စကို ဝါးမျို ရလို့ သူ့ရုပ်ပိုင်းဆိုင်ရာ နတ်ဘုရားစွမ်းရည်တွေ အများကြီး တိုးတက်လာပေမဲ့၊ အထွက် အထိပ် 'လူသားအင်မော်တယ်' နယ်ပယ်ကိုတော့ မချိုးဖျက်နိုင်သေးဘူး။ ဘာကြောင့်လဲဆို တာ ငါ မသိဘူး... တကယ်လို့ သူသာ အထွက်အထိပ် 'လူသားအင်မော်တယ်' တစ်ယောက် ဖြစ်လာရင်၊ နောက်ထပ် ဖန်ဆင်းရှင်တစ်ပါး ထပ်တိုးလာမှာပဲ။ ဒါ့အပြင် ကျောက်စိမ်း ဧကရာဇ်တစ်ပါး ဖြစ်နေပြီးတော့ သူက ဖန်ဆင်းရှင်တစ်ပါး မဖြစ်သေးဘူးဆိုတာက သိပ်တော့ အဓိပ္ပာယ်မရှိဘူးလေ" နဂါးသမီးတော် အောင်းလွမ်က ဆိုသည်။

"ဒီအတွက်တော့ သူကိုယ်တိုင်ပဲ ကြိုးစားရမှာပါ။ ဘယ်သူမှ သူ့ကို ကူညီလို့မရဘူး။ ငါ သွားတော့မယ်။ အရာအားလုံးက အခြေအနေပေါ်မှာပဲ မူတည်တယ်..." စကားပြောရင်း ဖြင့် ဟုန်ယွိသည် နောက်ထပ် ညွှန်ကြားချက် အနည်းငယ်ကို ထပ်မံပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်က သက်တံ့တစ်ကွေးအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။

...

"ဟုန်ယွိ... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။"

လှိုင်းလေထန်နေသော ဟင်းလင်းပြင် မုန်တိုင်းများကြားတွင် မုန့်ရှန်းကျီက မြင့်မားသော သရဖူနှင့် လွင့်မျောနေသော ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများက "တာအိုဆိုသည်မှာ စိတ်ခံစားချက် ကင်းမဲ့သော်လည်း၊ ခံစားချက် ရှိပါသည်" ဟု ပြောနေ သယောင် ရှိနေဆဲပင်။ သို့သော် ထိုမျက်လုံးများကို စိုက်ကြည့်လိုက်လျှင် အချိန်နှင့်အမျှ ဝေးကွာသွားသကဲ့သို့ ခံစားရပြီး သူ၏ ခြေလှမ်းများကို မည်သူမျှ လိုက်မမီနိုင်သကဲ့သို့ ထင်မှတ်ရသည်။

"ဂိုဏ်းချုပ်ကြီး... ခင်ဗျားရဲ့ ကျင့်ကြံမှုက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ။ ကျုပ်တို့တွေ ထပ်ပြီး တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ တကယ်ကို ခက်သွားပြီ။" အချိန်နှင့်အမျှ ပို၍ပို၍ ဝေးကွာသွားနေသော မုန့်ရှန်းကျီ၏ တာအိုပညာရပ်များအပေါ် ထိုးထွင်းသိမြင်မူနှင့် စိတ်နေသဘောထားကို ကြည့်ကာ ဟုန်ယွိက ဆိုလိုက်သည်။ ဤလူ ၏ တာအိုပညာရပ်များမှာ နားလည်နိုင်စွမ်းမရှိသော အဆင့်တစ်ခုအထိ ထပ်မံ၍ တိုးတက် လာပြီဖြစ်ကြောင်း သူသိလိုက်သည်။

"ငါ ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ ယန်နတ်ဘုရားနယ်ပယ်ထဲကိုတော့ အလောတ ကြီး မဝင်ရဲသေးပါဘူး" မုန့်ရှန်းကျီက ဟုန်ယွိကို ကြည့်ကာ အပြုံးလေးဖြင့် ဆိုသည်။

"ဒါက သေချာပေါက် မှန်ချင်မှ မှန်မှာပါ။ ဂိုဏ်းချုပ်ကြီး... ခင်ဗျားက ခပ်လျှိုလျှို နေနေ တာပါ။" ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ၊ သဘာဝကျပြီး ကြီးကျယ်ခမ်းနားသော လေစီးကြောင်းတစ်ခု တိုက်ခတ်သွားပြီး မုန့်ရှန်းကျီ၏ အဝတ်အစားများကို လွင့်ခါ သွားစေသည်။

ယခုအချိန်တွင် ဟုန်ယွိသည် မုန့်ရှန်းကျီနှင့် လုံးဝတန်းတူ ရပ်တည်နေနိုင်ပြီဖြစ်ပြီး၊ သူ၏ အရှိန်အဝါဖြင့်ပင် အနည်းငယ် အသာစီးရနေပြီ ဖြစ်သည်။

"ဒီနေ့ ငါ မင်းကို အသိပေးချင်တာက ရွှီယွိနဲ့ ယန်ပန်တို့ ပူးပေါင်းကြံစည်နေကြတယ်ဆို တာပဲ။ အစစ်အမှန် ပြောင်းရွှေ့မှုကြီးက စတင်နေပြီ။ 'ဖန်ဆင်းခြင်းသင်္ဘော' က ဖန် ကြယ်ပေါ်က လျှို့ဝှက် ဟင်းလင်းပြင်တစ်ခုဆီ ရောက်နေပြီ။ ကျွမ်းကျင်သူ အများအပြား ကလည်း သင်္ဘောပေါ်ကို စတင်တက်ရောက်နေကြပြီး၊ မဟာကမ္ဘာလောကကြီးဆီကို လာဖို့ အဆုံးမရှိတဲ့ ဟင်းလင်းပြင် ဖြတ်ကျော်မှုတွေကို စတင်နေကြပြီ။" မုန့်ရှန်းကျီက စကားကို လှည့်ပတ်မနေဘဲ တိုက်ရိုက်ပင် ဆိုသည်။ "ဒီတစ်ကြိမ် ကိစ္စကို မဖြစ်မနေ တားဆီးရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါ ရွှီယွိခေါ်လာတဲ့ ရွှီမိသားစု မျိုးဆက်သစ် တွေက ငြိမ်းချမ်းရေးအတွက် ပြောင်းရွှေ့လာကြသူတွေ မဟုတ်ဘဲ၊ အဆုံးမရှိတဲ့ စစ်ပွဲတွေ၊ သတ်ဖြတ်မှုတွေနဲ့ သိမ်းပိုက်မှုတွေကို ယူဆောင်လာမယ့် ရှေ့တန်းတပ်တွေ ဖြစ်နေလို့ပဲ။ မဟာကမ္ဘာလောကကြီးဟာ စစ်တလင်းတစ်ခု ဖြစ်လာလိမ့်မယ်၊ ရွှီယွိက သူ့ရဲ့ ရွှီမိသားစု တပည့်တွေကို သွေးဆူအောင် လေ့ကျင့်ပေးဖို့ ဖန်တီးထားတဲ့ စစ်တလင်းတစ်ခုပေါ့။ ဟုန်ယွိ... ဒါကို မင်း သိသင့်တယ်။"

"ဗဟိုကမ္ဘာက လူတွေက ငါတို့ မဟာကမ္ဘာလောကကြီးက လူတွေကို ကြည့်တဲ့ အမြင်ဟာ ငါတို့က ယွန်မင်မြက်ခင်းလွင်ပြင်ဒေသက လူတွေတွေကို မြင်သလိုမျိုး မြင်ကြတာ။ သဟ ဇာတဖြစ်ဖို့ဆိုတဲ့ ဖြစ်နိုင်ခြေက လုံးဝ မရှိဘူး။ ဒါကို ကျွန်တော်လည်း သဘာဝအတိုင်း သိတာပေါ့" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။

မဟာကမ္ဘာလောကမှ လူများသည် ယွန်မင်လွင်ပြင်ဒေသမှ လူများကို သတ်ဖြတ်၊ လုယက် ကာ ကျွန်ပြုရမည့်သူများ အဖြစ်သာ သတ်မှတ်ကြသည်။ လူရိုင်းဆိုသည်မှာ ယဉ်ကျေးမှု မရှိသူများ၊ အသားစိမ်း ငါးစိမ်း စားသူများအဖြစ် ရူမြင်ကြပြီး သူတို့ကို နှိပ်စက် သတ်ဖြတ် လုယက်ရာတွင် မည်သည့် ကိုယ်ကျင့်တရား၊ စိတ်အနှောင့်ယှက် အတားအဆီးမျှ မရှိကြ ပေ။

ဗဟိုကမ္ဘာမှ လူများသည်လည်း မဟာကမ္ဘာလောကကြီးအပေါ် ဤနည်းတူပင် ရှုမြင်ကြ သည်။ အစွမ်းထက် အင်မော်တယ် နတ်ဘုရားဘုရင်၏ ထိန်းချုပ်မှုကို ခံခဲ့ရဖူးသော ချန်ပီယံမြို့စားဖြစ်စေ, လုံအောက်ပင်ဖြစ်စေ၊ သူတို့အားလုံးသည် မဟာကမ္ဘာလောကကြီး ကို ထိုအတိုင်းပင် ရှုမြင်ခဲ့ကြသည်။

"ဒါကို မင်း ဒီလောက် သဘောပေါက်ထားမှတော့၊ ဟုန်ယွိ... ငါ မင်းကို ထပ်ပြောနေစရာ မလိုတော့ဘူးလို့ ယုံကြည်တယ်။ ဒါပေမဲ့ လူသန်း ၃၀၀ ကို တစ်ချက်တည်းနဲ့ ဖျက်ဆီး ပစ်လိုက်တာက မင်းရဲ့ 'သူတော်စင်' ဆိုတဲ့ ဂုဏ်သတင်းမှာ အမည်းစက် စွန်းထင် ကျန်ရစ်စေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီယွိကိုတော့ မဖြစ်မနေ သတ်ပစ်ရမယ်" မုန့်ရှန်းကျီက အင်တိုက်အားတိုက် ပြောလိုက်ရာ၊ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။

သို့သော် တိုင်ရှန်တာအိုဂိုဏ်းချုပ်၏ ဤသတ်ဖြတ်လိုစိတ်သည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် ဦးတည်နေသည်ဟု ဟုန်ယွိ ခံစားလိုက်ရသည်။ မည်သူ့ဆီကို အမှန်တကယ် ဦးတည်နေသလဲဆိုသည်ကိုမူ သူ သေချာမသိသေးကြောင်း ခံစားနေရသည်။

သို့သော် ဟုန်ယွိက ယင်းကို ထုတ်ဖော်မပြောခဲ့ပေ။ သူသည် အခြေအနေ အရပ်ရပ်အတွက် ပြင်ဆင်ပြီး ဖြစ်သည်။

"ဒီ ပြောင်းရွှေ့မှုကြီးရဲ့ အခြေအနေကို အရင် စောင့်ကြည့်ကြတာပေါ့။ အရာရာကို ရှင်းရှင်း လင်းလင်း မြင်ရပြီဆိုမှ ဒီနေရာမှာ ငါတို့ ချုံခိုတိုက်ခိုက်ဖို့ အစီအစဉ်ဆွဲပြီး ရွှီယွိကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းကြတာပေါ့။"

မုန့်ရှန်းကျီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ၊ လှိုင်းလေထန်နေသော ဟင်းလင်းပြင် မုန်တိုင်းအတွင်း၌ နူးညံ့သိမ်မွေ့သော အလင်းလုံးတစ်လုံး ပေါ်ထွက်လာပြီး ၎င်းအပေါ်တွင် မြင်ကွင်းအမျိုးမျိုး ပေါ်ထွက်လာ၏။

ဟုန်ယွိ၏ မျက်လုံးထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ များပြားလှသော လူအုပ်ကြီး ပင် ဖြစ်သည်။ သူသည် အလွန် ဗဟုသုတကြွယ်ဝသူ ဖြစ်သော်လည်း၊ ဤမျှ များပြားသော လူအုပ်ကြီးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။

ကောင်းကင်အပြင်ပနယ်မြေရှိ၊ သာမန်ကြယ်တစ်လုံးပေါ်တွင် ယခုအချိန်၌ ကြောက်မက် ဖွယ်ကောင်းအောင် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ တစ်ချက်ကြည့် လိုက်သည်နှင့် နေရာတိုင်းတွင် လူများ ပြည့်နှက်နေ၏။ အစွမ်းထက် ကျွမ်းကျင်သူများ သည် တစ်ယောက်ပြီးတစ်ယောက် သပ်ရပ်စွာ တန်းစီကာ ဧရာမ ဥမင်လှိုဏ်ခေါင်းကြီးထဲ သို့ ဝင်ရောက်သွားကြသည်။

ထိုကြယ်၏ မျက်နှာပြင်ပေါ်တွင် 'ဖန်ဆင်းခြင်းသင်္ဘောကြီး'ကို တိတ်ဆိတ်စွာ ဆိုက်ကပ် ထားပြီး၊ လူအုပ်ကြီးကို မှော်စွမ်းအားများဖြင့် ဖန်တီးထားသော ဥမင်လှိုဏ်ခေါင်းမှတစ်ဆင့် ဝင်ရောက်ခွင့်ပြုထားသည်။

ဤနတ်ဘုရား သင်္ဘောကြီးမှာ မည်သည့်အခါမျှ ပြည့်လျှံသွားမည်မဟုတ်သော သတ္တဝါ ကြီးတစ်ကောင်နှင့်ပင် တူနေသည်။ လူမည်မျှပင် ဝင်ရောက်သွားစေကာမူ လုံးဝ ပြည့်သွား သည်ဟု ခံစားရမည် မဟုတ်ပေ။

"ရွှီမိသားစုရဲ့ တပည့်တို့... အခု မင်းတို့ မဟာကမ္ဘာလောကကြီးကို ရောက်တဲ့အခါ မင်းတို့ ကိုယ်မင်းတို့ လေ့ကျင့်ဖို့ အချိန်ရောက်ပြီ။ ဒေသခံတွေထဲမှာ အစွမ်းထက်တဲ့လူတွေ မရှား ဘူး။ မင်းတို့လည်း သွေးထွက်ရလိမ့်မယ်၊ ပြီးတော့ သေလည်း သေရလိမ့်မယ်။ ဒါပေမဲ့ ဒါက မရှိမဖြစ် လိုအပ်တဲ့ လေ့ကျင့်မှုပဲ။ အစွမ်းထက်တဲ့လူတွေကပဲ အရာအားလုံးကို သိမ်းပိုက် ပြီး ဂုဏ်ကျက်သရေကို ရယူဖို့ လုံလောက်တဲ့ ခွန်အားကို ပိုင်ဆိုင်နိုင်လိမ့်မယ်"

ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များစွာက ထိုမရေမတွက်နိုင်သော လူအုပ်ကြီးအား အောင်နိုင် ရေးနှင့် ပတ်သက်သော စကားများကို ပြောကြားနေကြသည်။

All Chapters