← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁) ဆန်းပြောင်... နောက်ကျရင် သူကြီးလာတဲ့အခါ မင်းက သူ့ခြေထောက်လောက်တောင် ရှိမှာ မဟုတ်ဘူး

ရွှီယန်၏ ခြံဝင်းငယ်လေး။

ထိုနေရာရှိ ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ပြီး လတ်ဆတ်သန့်ရှင်းလှသည်။ လမ်းများကို သန့်ရှင်းရေး ပြုလုပ်ထားပြီး မြက်ခင်းများကိုလည်း ညီညာစွာ ခင်းကျင်းထားသည်။

ခွေးများနှင့် ရက်ကွန်းဝက်ဝံတို့သည် ခြံဝင်းထဲတွင် ဆော့ကစားနေကြသည်။

ထိုအချိန်မှာပင် လီဟွာကြောင် ဆန်းပြောင်သည် နံရံပေါ်သို့ ပေါ့ပါးသွက်လက်စွာ ခုန်တက်သွားလေသည်။ ၎င်း၏ အကြည့်များက ကြောင်တက်စရာစင်ပေါ်တွင် အနားယူနေသော မိန်းကြောင်လေးထံသို့ စူးစိုက်ရောက်ရှိနေသည်။

ထိုမိန်းကြောင်မှာ အသက်ငယ်ရွယ်သေးသော်လည်း ခန္ဓာကိုယ် အရွယ်အစားမှာမူ အတော်လေး ကြီးမားနေပြီဖြစ်ရာ လီဟွာကြောင်နှင့်ပင် မတိမ်းမယိမ်း ဖြစ်နေပေသည်။

ဆန်းပြောင်သည် ၎င်းမှာ ကြောင်ပေါက်လေး တစ်ကောင်ဖြစ်ကြောင်း သိရှိသော်လည်း ဤအရွယ်အစားကို မြင်သောအခါ အတော်လေး အံ့ဩသွားမိသည်။ အကယ်၍ ၎င်းသာ လူစကားပြောတတ်မည်ဆိုပါက အံ့ဩတကြီးဖြင့် တွေးမိမည်မှာ သေချာလှသည်။

'ဒါက ရှစ်လသားတဲ့လား'

ဆန်းပြောင်သည် ကလေးပေါက်စများကို အနိုင်မကျင့်တတ်ချေ။ ကြောင်များသည် အရွယ်ရောက်ပြီးသော ကြောင်များကိုသာ ရန်ရှာလေ့ရှိပြီး ကြောင်ပေါက်လေးများကိုမူ ဂရုပင်မစိုက်တတ်ကြပေ။

ထို့ကြောင့် ဆန်းပြောင်သည် ယခုအချိန်တွင် အနည်းငယ် တွေဝေနေမိသည်။

'ဒီပွဲကို ချရမလား... မချရဘူးလား'

ပုံမှန်အားဖြင့်ဆိုလျှင် ၎င်း၏ နယ်မြေအတွင်းသို့ အခြားကြောင်များ ဝင်ရောက်လာပါက သေချာပေါက် ပညာပေးရမည် ဖြစ်သည်။ ယခင်က ကျားသစ်ကို မြင်စဉ်ကပင် လှမ်း၍ ရိုက်ချင်ခဲ့သေးသည်။ သို့သော် ဆန်းပြောင်က ကျားသစ်ကို မယှဉ်နိုင်မှန်း သိထားသဖြင့် ရှောင်ဟွာနှင့် ၎င်း၏ ကလေးများကို မြင်သောအခါ အများကြီး ဂရုမစိုက်တော့ခြင်း ဖြစ်သည်။

ဆန်းပြောင်သည် နံရံပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းလာပြီး ကြောင်တက်စရာစင်ပေါ်တွင် အိပ်ပျော်နေသော မိန်းကြောင်လေးထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။

ခွေးသုံးကောင်က ဤအခြေအနေကို သတိထားမိသွားကြပြီး လှမ်းကြည့်နေကြသည်။ ရက်ကွန်းဝက်ဝံမှာမူ အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် လန့်ဖျပ်ကာ လှည့်ပြေးသွားပြီး မိမိ၏ အိမ်လေးထဲသို့ ဝင်ပုန်းနေတော့သည်။ နောက်သို့ပင် လှည့်မကြည့်ရဲတော့ချေ။

ရှောင်ဟေးမှာ အတော်လေး ဖော်ရွေတတ်သူဖြစ်ရာ ချက်ချင်း ပြေးလာပြီး ဆန်းပြောင်၏ အရှေ့တွင် ဝင်ရောက် ပိတ်ရပ်လိုက်သည်။

ဆန်းပြောင်က ရှောင်ဟေး၏ အရှေ့မှ ကွေ့ထွက်ရန် ကြိုးစားသော်လည်း ရှောင်ဟေးက ရှေ့သို့ နှစ်လှမ်းခန့် ထပ်တိုးကာ ထပ်မံ ပိတ်ရပ်လိုက်ပြန်သည်။ ရှောင်ဟေး၏ အဓိပ္ပာယ်မှာ ရန်မဖြစ်ရန် တားဆီးခြင်း ဖြစ်သည်။ ဤကောင်လေးသည် သူငယ်ချင်း ဖွဲ့သည့်နေရာတွင်တော့ တကယ်ကို အစွမ်းထက်လှပေသည်။

ဆန်းပြောင်က သူ့ကို ညောင် ဟု နှစ်ချက်ခန့် အော်လိုက်သည်။

ထိုအချိန်မှာပင် မိန်းကြောင်လေး နိုးလာခဲ့သည်။ ၎င်းက အောက်သို့ ငုံ့ကြည့်လိုက်ရာ ဆန်းပြောင်ကို တစ်ချက်တည်းဖြင့် မြင်တွေ့သွားသည်။

မိန်းကြောင်လေးသည် အနည်းငယ် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ကို ချက်ချင်း နှိမ့်ချလိုက်ကာ ခေါင်းလေးကိုသာ ပြူကြည့်နေသည်။ ထိုအကြည့်များထဲတွင် ကလေးဆန်မှုများနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ ပါဝင်နေသည်။

ဤမြင်ကွင်းကို ဆန်းပြောင်က အကုန်လုံး မြင်တွေ့သွားသည်။

အိမ်မွေးတိရစ္ဆာန် ဖြစ်သော မိန်းကြောင်လေးသည် သင်းကွပ်ထားပြီးသား ဖြစ်သဖြင့် ခြံဝင်းထဲတွင်သာ နေထိုင်ခြင်း ဖြစ်သည်။ ဆန်းပြောင်က မိန်းကြောင်လေး၏ ပုံစံကို မြင်သောအခါ ရန်ဖြစ်ချင်စိတ်များ ပျောက်ကွယ်သွားတော့သည်။

'ကြည့်ရတာတော့ ခန့်ညားပေမယ့် တကယ်တော့ မိန်းမလျာလေး ဖြစ်နေတာကိုး... အဲဒီတော့လည်း ကိစ္စမရှိပါဘူးလေ'

ထို့ကြောင့် ဆန်းပြောင်သည် တည်ငြိမ်စွာဖြင့် လှည့်ထွက်သွားပြီး ခြေလှမ်းကျဲကျဲဖြင့် ခြံဝင်းထဲမှ ကျက်သရေရှိစွာ လျှောက်သွားသည်။ ထို့နောက် နံရံပေါ်သို့ ဖွဖွလေး ခုန်တက်လိုက်ပြီး အပြင်သို့ ထွက်လည်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရွှီယန် ပြန်ရောက်လာပြီး နံရံပေါ်မှ ဆန်းပြောင်ကို မြင်သောအခါ လက်လှမ်းကာ မေးစေ့လေးကို ပွတ်သပ်ပေးလိုက်သည်။

"ဆန်းပြောင်... ခြံထဲ ဘာလာလုပ်တာလဲ... အလည်လာတာလား... ငါ့ရဲ့ မိန်းကြောင်လေးကို အနိုင်မကျင့်နဲ့နော်... နောက်ကျရင် သူကြီးလာတဲ့အခါ မင်းက သူ့ခြေထောက်လောက်တောင် ရှိမှာ မဟုတ်ဘူး"

ရွှီယန်က ဆန်းပြောင်ကို ပွတ်သပ်ပေးရင်း ပြုံးကာ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ဆန်းပြောင်က အထင်သေးသော ပုံစံဖြင့် နှုတ်ခမ်းကို တွန့်ပြကာ အောက်စွယ်လေးများကို ပေါ်လာစေသည်။ ကြည့်ရသည်မှာ လုံးဝ ဂရုမစိုက်သည့် ပုံစံပင် ဖြစ်သည်။

'မိန်းမလျာလေးပဲ ဥစ္စာ... ကြီးလာတော့ရော ဘာထူးမှာလဲ'

ထို့နောက် ၎င်းက နံရံပေါ်မှ ပေါ့ပေါ့ပါးပါး ပြေးထွက်သွားတော့သည်။ ခေါင်းလောင်းလေး နှစ်လုံးက တချွင်ချွင် မြည်သွားပြီး ၎င်း၏ ပြည့်စုံသော ကြောင်ဘဝကို သာသာယာယာ ဖြတ်သန်းရန် ထွက်သွားလေသည်။

ရွှီယန် ခြံထဲသို့ ပြန်ဝင်လာသောအခါ ကောင်လေးများ အားလုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ ရွှီယန်က သူတို့ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် အခြားအလုပ်များ လုပ်ရန် အိမ်ထဲသို့ ဝင်သွားသည်။

လယ်ယာခြံဝင်းမှာ အတော်လေး ကျယ်ဝန်းလှသဖြင့် ကောင်လေးများ လှုပ်ရှားကစားရန် နေရာ လုံလုံလောက်လောက် ရှိပေသည်။ လူက အမြဲတမ်း အနားတွင် နေပေးစရာ မလိုအပ်ချေ။

လတ်တလောတွင် ရွှီယန် အတော်လေး အလုပ်များနေပြန်သည်။

လယ်ယာခြံဝင်းမှာ သီးနှံများ ရိတ်သိမ်းချိန် ရောက်လာပြီဖြစ်ပြီး အထွက်နှုန်းမှာလည်း မနည်းလှပေ။ ဥပမာအားဖြင့် ခြံလှောင်မွေးမြူထားသော ဝက်များကို သတ်ဖြတ်ရန် အချိန်ကျလာပြီဖြစ်သလို ဘဲငန်းများမှာလည်း အတော်လေး ကြီးထွားလာပြီဖြစ်ရာ စားချင်သည့်အချိန်တွင် စားနိုင်နေပြီ ဖြစ်သည်။

ထို့အပြင် သစ်သီးမျိုးစုံ စိုက်ပျိုးထားသော မှန်လုံအိမ်ထဲတွင်လည်း စတော်ဘယ်ရီ၊ နဂါးမောက်သီး ကဲ့သို့သော အသီးများမှာ စတင် ရင့်မှည့်နေပြီ ဖြစ်သည်။

ဤအရာများအတွက် သီးသန့် ဝယ်ယူမည့် ကုန်သည်များကို မရှာဖွေထားချေ။ အရေအတွက် သိပ်မများသဖြင့် အော်ဒါစာချုပ်ချုပ်ရန် အဆင်မပြေသောကြောင့် အပြင်တွင်သာ ခွဲ၍ ရောင်းချရမည် ဖြစ်သည်။ တချို့ကို ဈေးတွင် သွားရောက် ရောင်းချပြီး တချို့ကိုတော့ မိမိ၏ ဆိုင်တွင်သာ တင်ရောင်းရန် စီစဉ်ထားသည်။ နေ့စဉ် စာရင်းရှင်းရသည်မှာလည်း အတော်လေး အလုပ်ရှုပ်သော ကိစ္စတစ်ခုပင် ဖြစ်၏။

ဤနေ့ မွန်းလွဲပိုင်းတွင် ဝက်မွေးမြူရေးခြံ ပိုင်ရှင် ယန်ရွှိုက်က ရွှီယန်ကို ထမင်းစား ဖိတ်လာသည်။ ဝက်တစ်ကောင်လုံးကို ချက်ပြုတ်ထားသော ဝက်သားဟင်းလျာများ အစုံအလင် ပါဝင်သည့် ပွဲလေးတစ်ခု လုပ်ထားပြီး ချက်ချင်းသတ် ချက်ချင်းစားရမည်ဟု ဆိုသည်။

ရွှီယန် ဝယ်ယူထားသော ဝက်ပေါက်လေးများမှာ သူ၏ထံမှ ဝယ်ယူထားခြင်း ဖြစ်ပြီး မျိုးဝက်ကိုလည်း ရက်အနည်းငယ်ခန့် ငှားရမ်းခဲ့ဖူးရာ အပြန်အလှန် ဆက်ဆံရေးမှာ အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

ယန်ရွှိုက်က ရွှီယန်ကို အတော်လေး အထင်ကြီး လေးစားပေသည်။ ရွှီယန်၏ လက်တွေ့ဘဝမှ ပရိသတ် တစ်ယောက်ဟုပင် ဆိုနိုင်ရာ ကောင်းသောအရာ တစ်ခုခု ရှိပါက ရွှီယန်ကို အမြဲတမ်း သတိရတတ်သည်။

အကယ်၍ သာမန် အိမ်မွေးဝက် ဆိုပါက ရွှီယန်လည်း သိပ်စိတ်ဝင်စားမည် မဟုတ်ချေ။ သို့သော် ဝက်မွေးမြူရေးခြံတွင် တောဝက် တစ်သုတ်ကို လွှတ်ကျောင်းထားသည်ဟု ဆိုသည်။

ဤကဲ့သို့သော ဝက်မျိုးကတော့ အတော်လေး ရှားပါးလှပေသည်။ တောဝက်များကို သစ်တောထဲတွင် လွှတ်ကျောင်းထားပြီး နှစ်နှစ် သုံးနှစ်ခန့် ကြာမှသာ စား၍ ရနိုင်မည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံရသည့် အချိန်မှာ အတော်လေး ကြာမြင့်လှသည်။ သာမန် အိမ်မွေးဝက်များကဲ့သို့ လအနည်းငယ်အတွင်း သတ်ဖြတ်၍ ရနိုင်မည် မဟုတ်ပေ။

ထိုတောဝက်များသည် တောဝက်ရိုင်းများနှင့် အနည်းငယ် ဆင်တူပြီး တစ်ကိုယ်လုံးတွင် အမွေးမည်းများ ရှိကြသည်။ သို့သော် တောဝက်ရိုင်းများကဲ့သို့တော့ ရိုင်းစိုင်းကြမ်းတမ်းခြင်း မရှိချေ။

ယန်ရွှိုက်က လတ်တလောတွင် စီးပွားရေး ကောင်းမွန်နေသဖြင့် ဝက်တစ်ကောင်သတ်ကာ ကောင်းကောင်းမွန်မွန် စားသောက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ရွှီယန်ကို အထူးတလည် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ရွှီယန်ကလည်း အဆင်ပြေမည်ဟု ထင်သဖြင့် လက်ခံလိုက်သည်။

ဤကဲ့သို့သော ရိုးရှင်းသည့် ပွဲမျိုးကို တက်ရောက်ရသည်ကလည်း မဆိုးလှချေ။ ယခင်က စီးပွားရေး ကိစ္စများ ဆွေးနွေးရာတွင် သွားရောက်ရသည်မှာ အဆင့်မြင့် စားသောက်ဆိုင်များ သို့မဟုတ် ဟိုတယ်ကြီးများသာ ဖြစ်သည်။ ခံစားရသည်မှာ ကောင်းမွန်သော်လည်း ခဏခဏ စားပါက ရိုးအီလာတတ်သည်။

နောက်ပိုင်းတွင် ရွာသို့ ပြန်ကာ မင်္ဂလာဆောင် တစ်ခု၌ ကျေးလက်စတိုင်လ် စားသောက်ရသောအခါ ထိုခံစားချက်က တကယ်ကို လွတ်လပ်ပေါ့ပါးလှပေသည်။ အမြင်အာရုံ လှည့်စားထားသော အရာများ မပါဝင်ဘဲ သဘာဝအတိုင်း ရိုးရိုးရှင်းရှင်း ဟင်းလျာများသာ ဖြစ်သည်။ ဝက်သား ဟင်းလျာစုံပွဲကလည်း ထိုကဲ့သို့ပင် ဖြစ်သည်။

ထို့ကြောင့် စနေနေ့ နံနက်ပိုင်းတွင် ရွှီယန် ကိုယ်တိုင် ကားမောင်းကာ ဝက်မွေးမြူရေးခြံဆီသို့ ထွက်လာခဲ့သည်။

ဝက်ကို မရွေးချယ်ရသေးချေ။ ယန်ရွှိုက်က ရွှီယန်ကို တောအုပ်ထဲသို့ ခေါ်ဆောင်သွားသည်။ ဟိုဟိုဒီဒီ ပြေးလွှားနေကြသော တောဝက်ကြီးများကို ကြည့်ရင်း ယန်ရွှိုက်က ရယ်မောကာ ပြောလိုက်သည်။

"ဘယ်ကောင်ကို စားချင်လဲ ကြည့်လိုက်လေ... ကြိုက်တဲ့ကောင်ကို ရွေးပေါ့"

ထိုစကားကို ကြားသောအခါ ရွှီယန်က လက်ယမ်းပြလိုက်သည်။

"ခင်ဗျားပဲ ကြည့်ရွေးလိုက်ပါဗျာ... ကျွန်တော်က လိုက်ကြည့်ရုံတင်ပါ"

ဤကဲ့သို့ ဝက်ရွေးချယ်သည့် ကိစ္စမျိုးတွင် သူ မပါဝင်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"အိုကေ... ဒါဆို ငါပဲ ရွေးလိုက်မယ်"

ယန်ရွှိုက်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝက်မွေးမြူရေးခြံမှ အလုပ်သမား နှစ်ယောက်ကို ခေါ်ယူကာ တောအုပ်ထဲသို့ ဝင်သွားပြီး ဝက်ဖမ်းရန် ပြင်ဆင်လိုက်ကြသည်။

ရွှီယန်က ဘေးမှနေ၍ စိတ်ဝင်တစား ကြည့်ရှုနေလိုက်သည်။ ဤတောဝက်ကြီးများကို ဖမ်းဆီးရန်မှာ လွယ်ကူလှမည် မဟုတ်ချေ။

ရွှီယန်၏ အတွေ့အကြုံအရဆိုလျှင် တောဝက်များသည် တစ်ကိုယ်လုံးတွင် ကြွက်သားများဖြင့် ဖွဲ့စည်းထားသဖြင့် ခွန်အား အလွန်ကြီးမားမည်မှာ အသေအချာပင်။

အခြေအနေများမှာလည်း သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့သည်။

ယန်ရွှိုက်နှင့် အလုပ်သမားများ ဝက်ဖမ်းရန် စတင်လိုက်သည်နှင့် တောဝက်က ရူးသွပ်စွာ ထွက်ပြေးပါတော့သည်။ ယန်ရွှိုက်က တောဝက်ကို ဖိထားရန် ချက်ချင်း ခုန်အုပ်လိုက်သော်လည်း တောဝက်၏ ရုန်းကန်မှုကြောင့် လွင့်ထွက်သွားလေသည်။

တောဝက်၏ ခွန်အားမှာ တောဝက်ရိုင်းများထက် မနည်းပါပေ။ အစွယ် မရှိသဖြင့် လူကို မကိုက်တတ်ခြင်းသာ ရှိသည်။ သို့သော် ဖမ်းဆီးရန်အတွက်မူ လွယ်ကူမည် မဟုတ်ချေ။

ရွှီယန်က ဘေးမှနေ၍ ပျော်ရွှင်စွာ ကြည့်ရှုနေလိုက်သည်။ သူတစ်ပါး၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ဂရုစိုက်ရသဖြင့်သာ တော်သေးသည်။ မဟုတ်လျှင် ဤမြင်ကွင်းကို ဗီဒီယို ရိုက်ကူးပြီး တင်လိုက်ပါက Like အရေအတွက် သိန်းချီ ရရှိမည်မှာ အသေအချာပင် ဖြစ်၏။

ထို့နောက် ယန်ရွှိုက်နှင့် အလုပ်သမားများက ဝိုင်းဝန်းဖိချလိုက်မှသာ တောဝက်မှာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

အခြား တောဝက်များမှာမူ ဘာမှ မဖြစ်သကဲ့သို့ပင် ရှိနေကြသည်။ ဖမ်းဆီးခံရသော တောဝက်က သူတို့ထံသို့ ပြေးလာပါက အနည်းငယ် ရှောင်ဖယ်ပေးခြင်းမှလွဲ၍ ကျန်သော အချိန်များတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိကြချေ။

မွေးမြူရေး တိရစ္ဆာန်များမှာ ဤသို့ပင် ဖြစ်လေ့ရှိသည်။ အမျိုးတူ အချင်းချင်းအပေါ် အတော်လေး အေးစက်ကြပေသည်။

မကြာခင်မှာပင် တောဝက်ကို ဖမ်းမိသွားပြီး မ သွားကြလေသည်။ နောက်ဆက်တွဲ ကိစ္စရပ်များကို ရွှီယန် သိပ်၍ စိတ်မဝင်စားသော်လည်း တောဝက်သား၏ အရသာကိုမူ မြည်းစမ်းချင်နေမိသည်။

သာမန် အိမ်မွေးဝက်များထက် အများကြီး ပိုမွှေးသည်ဟု ကြားဖူးထားသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ နှစ်နှစ်ခန့် သဘာဝအတိုင်း လွှတ်ကျောင်းထားခြင်း ဖြစ်ရာ တောဝက်ရိုင်းများ၏ ညှီနံ့မျိုးလည်း မရှိနိုင်ဘဲ အသားမှာ သေချာပေါက် ကောင်းမွန်ပေလိမ့်မည်။

ကိစ္စများ အားလုံး ပြီးစီးသွားသောအခါ ယန်ရွှိုက်က အင်္ကျီပေါ်မှ ဖုန်များကို ခါရင်း လျှောက်လာသည်။ ခုနက ကိစ္စအတွက် အနည်းငယ် ရှက်ရွံ့နေသည်ဟု ထင်ရပြီး သူက အကြောင်းပြချက် ပေးလိုက်သည်။

"မင်ယန် ဘက်မှာ တောဝက်ရိုင်းတွေကို ဖမ်းမိရင် ယူသွားလို့ ရတယ်ဆိုတာလေ... အဲဒါကြောင့် ဒီမှာ အရင်လေ့ကျင့်နေတာပေါ့... နောက်ရက်ကျရင် မင်ယန် ဘက် သွားပြီး တောဝက်ရိုင်း သွားဖမ်းမလို့"

ယန်ရွှိုက် ပြောသည့် ကိစ္စကို ရွှီယန်လည်း သိထားပေသည်။

မင်ယန် ဒေသတွင် ခရီးသွားများ အနေဖြင့် တောဝက်ရိုင်း ဖမ်းမိပါက တိုက်ရိုက် ယူသွားခွင့်ပြုကြောင်း ကြေညာထားသည်။ သို့သော် ဝက်ပေါက်လေးများနှင့် ကလေးပါသော ဝက်မများကိုမူ ဖမ်းဆီးခွင့် မပြုထားချေ။

မတတ်နိုင်ပေ။ တောဝက်ရိုင်းများ အလွန် များပြားလာသဖြင့် ဖြေရှင်းရန် လိုအပ်နေခြင်း ဖြစ်သည်။

သို့သော် သာမန်လူများက အရွယ်ရောက်ပြီးသော တောဝက်ရိုင်းကို မည်သို့ ဖမ်းဆီးနိုင်မည်နည်း။ ထိုအကောင်များ ရုန်းကန်လိုက်ပါက လူအနည်းငယ်ဖြင့် ထိန်းချုပ်ထားနိုင်မည် မဟုတ်ချေ။

ဤကြေညာချက်က တောဝက်ရိုင်း အရေအတွက် အနည်းငယ်မျှဖြစ်စေ လျော့ကျသွားစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သတ္တိခဲများတော့ ရှိနေမည်သာ ဖြစ်သည်။ လူသားများ၏ ဦးနှောက်ကို အသုံးပြုတတ်ပါက အတော်လေး အစွမ်းထက်လှပေသည်။

ရွှီယန်က ခေါင်းညိတ်လိုက်သည်။

"ချန်ပိုင်တောင်တန်း ဘက်မှာသာ ဆိုရင်တော့ ကောင်းမယ်... ကျွန်တော် ထောင်ချောက်ဆင်ပြီး နှစ်ကောင် သုံးကောင်လောက် ဖမ်းလို့ ရတယ်... အားနဲ့ ဖမ်းဖို့ကတော့ ခက်တယ်ဗျ... အဲဒီကောင်တွေက သားရေထူတော့ ဖမ်းရခက်တယ်လေ"

ယန်ရွှိုက်က ပြုံးကာ ပြောလိုက်သည်။

"တောဝက်ရိုင်း အသားက အဆီနည်းနည်းမှ မပါတော့ မမွှေးဘူးဗျ... ဝက်သားစားရင် အဆီနဲ့ အသား ရောနေတဲ့ ဝမ်းဗိုက်သားကို စားရတာ အကောင်းဆုံးပဲ... ဆီရွှဲရွှဲလေးနဲ့ အကောင်းဆုံးပဲလေ"

ဤအချက်ကိုတော့ ရွှီယန်လည်း သဘောတူပေသည်။ တောဝက်ရိုင်း အသားများမှာ အဆီမပါဘဲ အနီရောင်များသာ ဖြစ်သည်။ အသားမှာ သိပ်မနူးညံ့ဘဲ အနည်းငယ် ညှီနံ့လည်း ရှိတတ်သည်။ ဤသည်ကလည်း တောဝက်ရိုင်းများကို မသင်းကွပ်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ အိမ်မွေးဝက်များကို မသင်းကွပ်ထားပါကလည်း ကြီးလာသောအခါ အသားများက ညှီနံ့များ ထွက်နေမည်သာ ဖြစ်၏။

ယခုအခါ နေရာတော်တော်များများတွင် တောဝက်ရိုင်းများကို 'ကာကွယ်ထားသော တိရစ္ဆာန် ၃ မျိုး' စာရင်းမှ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ ဖမ်းဆီးရန်ပင် အားပေးနေကြပြီ ဖြစ်၏။ ဖမ်းချင်ပါက ဖမ်းနိုင်သည်။ သတ်ချင်ပါက သတ်နိုင်သည်။ ဥပဒေနှင့် မငြိစွန်းတော့ချေ။

ယခင်ကသာ တောဝက်ရိုင်းများကို ခိုးဖမ်းပါက ဒဏ်ငွေ ရိုက်ခံရပြီး ထောင်ကျနိုင်ခြင်း ဖြစ်သည်။

ချန်ပိုင်တောင်တန်း ဘက်တွင်တော့ တောဝက်ရိုင်းများနှင့် ပတ်သက်၍ မူဝါဒ အတော်လေး ဖြေလျှော့ပေးထားသည်။ တောဝက်ရိုင်းများ ရွာထဲသို့ ဝင်ရောက်လာပါက ရွာသားများ အနေဖြင့် တိုက်ရိုက် သတ်ပစ်နိုင်ခွင့် ရှိသည်။ သို့သော် တောင်ပေါ်တက်၍ အမဲလိုက်ခြင်းကိုမူ ခွင့်မပြုသေးချေ။

ရွှီယန်နှင့် ယန်ရွှိုက်တို့ စကားပြောပြီးနောက် ဝက်မွေးမြူရေးခြံကို သွားရောက် ကြည့်ရှုကြသည်။

ယန်ရွှိုက်၏ ဝက်မွေးမြူရေးခြံမှာ အတော်လေး ကြီးမားပြီး ကိုယ်ပိုင် သတ်ရုံလည်း ရှိကာ သတ်ခွင့် လက်မှတ်လည်း ရရှိထားသည်။ ဝက်များ ဝင်လာသည် ထွက်သွားသည်ကို အားလုံး စနစ်တကျ ခွဲခြားထားသည်။

သူသည် ဤဒေသမှ ဝက်မွေးမြူရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သည်။ ကုန်သည် တော်တော်များများက သူ၏ထံမှ ဝက်များ လာရောက် ဝယ်ယူကြသဖြင့် အတော်လေး ချမ်းသာကြွယ်ဝသူ ဖြစ်သည်။

ရွှီယန်၏ ထံမှ ဝက် အကောင်လေးဆယ်ကျော်ခန့်မှာ သူ၏အတွက်တော့ အသေးအမွှားလေးသာ ဖြစ်ပေသည်။ သေချာသည်မှာ ရွှီယန်ကလည်း ဝက်မွေးမြူ၍ ငွေရှာရန် မရည်ရွယ်ထားပေ။ အနံ့အသက်က အလွန် ဆိုးရွားသောကြောင့် ဖြစ်သည်။

ဝက်သား ဟင်းလျာစုံပွဲမှာ အတော်လေး စုံလင်လှသည်။ မြောက်ပိုင်းမှ အဓိက ဟင်းလျာများသာ ဖြစ်သည်။

ခဏခန့် စားသောက်ပြီးသောအခါ ရွှီယန်လည်း ဟင်းသီးဟင်းရွက်များကို လိုက်လံ ရှာဖွေစားသောက်နေရပြီ ဖြစ်သည်။ တကယ်ကို မတတ်နိုင်တော့ချေ။ အသားက စား၍ ကောင်းသော်လည်း ရင်ပြည့်လာသောကြောင့် ဖြစ်သည်။ အသားချည်းသာ ဖြစ်နေပေသည်။

ရွှီယန်က ယခင်က ပုံလေးတစ်ပုံ တွေ့ဖူးသည်ကို သတိရသွားသည်။ ပင်လယ်ကမ်းစပ်မှ ဆင်းရဲသားများမှာ နေ့စဉ်နေ့တိုင်း ဂဏန်းကြီးများကိုသာ စား၍ အသက်ဆက်နေရသည် ဆိုသော ပုံလေး ဖြစ်သည်။

ထိုစဉ်က သူ တွေးမိသည်မှာ တကယ်ပင် ကံကြမ္မာများ ကွာခြားလှပါလား ဆိုသည်ကိုပင်။ ယခု သူကိုယ်တိုင် ဝက်သား ဟင်းလျာစုံပွဲကို စားသုံးနေရချိန်တွင် ထိုခံစားချက်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် စားရသည်မှာတော့ တကယ်ကို အရသာ ရှိလှသည်။

"အစ်ကိုရွှီ... လာ... ဝက်လက်ကြီး တစ်တုံး စားလိုက်ဦး"

ယန်ရွှိုက်က ဝက်လက်ဟင်း ရောက်လာသည်ကို မြင်သောအခါ တူအသစ် တစ်စုံကို ယူ၍ အကြီးဆုံး ဝက်လက် တစ်တုံးကို ရွှီယန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"နေပါစေဗျာ... ကျွန်တော် ကိုယ်တိုင် ယူပါ့မယ်... ခင်ဗျား ဘာသာ ခင်ဗျား စားပါ"

ရွှီယန်က ကမန်းကတမ်း တားလိုက်သည်။ ဤအချိန်တွင် ဤမျှ ကြီးမားသော ဝက်လက်ကြီးကို စားရဦးမည် ဆိုပါက ဘယ်လိုလုပ် ဝင်နိုင်တော့မည်နည်း။

သို့သော် တောဝက်သားကတော့ တကယ်ကို အရသာ ရှိလှပေသည်။ နောင်တွင် တောင်ကုန်း တစ်ခုကို ဝယ်ယူ၍ တောဝက် နှစ်ဆယ် သုံးဆယ်ခန့် မွေးမြူထားရမည်ဟု ရွှီယန် တွေးလိုက်မိသည်။ စားချင်သည့်အချိန် ချက်ချင်း စားနိုင်ရန် အတွက် ဖြစ်သည်။

လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်၏ ပိုင်ဆိုင်လိုစိတ်များ ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ ယခုအခါ ငွေကြေးလည်း မရှားပါးတော့သဖြင့် မိမိ လုပ်ချင်ရာ လုပ်နိုင်ပြီ ဖြစ်ပေသည်။

All Chapters