← Chapters

အခန်း ၄၇၅

Vol. 48 Ch. 475

အခန်း ၄၇၅

Vol. 48 Ch. 475

အခန်း။ ၄၇၅

"ချန်ကျောက်ရှင်းလား"

"အင်း ကျောက်ရှင်းက ကောင်းကင်ပင့်ကူအဖွဲ့အစည်းကနေ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို သူသိထားမှာ သေချာတယ်လေ"

ချန်ကျီရှင်း ထိုစကားကို ပြောနေစဉ်မှာပင် အနောက်ဘက်တောင်၌ ဇီဝေနတ်ဘုရား၏ ပိတ်ဆို့မှုဖြင့် ဖမ်းဆီးခံထားရသော ဖန်းစွန်းကို အကြည့်ရောက်သွားသည်။

ဒီကောင်က ထာဝရအသက်ရှည်ခြင်းကို ရနိုင်တယ်လို့ ဘာလို့ ဒီလောက် ယုံကြည်ချက်ရှိရှိနဲ့ မောက်မာနေရတာလဲဆိုတာ အခုတော့ နားလည်ပြီ။ တကယ်ပဲ အဲဒီလို နည်းလမ်းမျိုး ရှိနေတာကိုး။

ထို့နောက် မိုချင်းယွဲ့၏ စကားများသည် ချန်ကျီရှင်းကို ဆွံ့အသွားစေသည်။

မိုချင်းယွဲ့သည် ချန်ကျီရှင်းကို ကောင်းကင်ပင့်ကူအဖွဲ့အစည်းနှင့် အလွန်အမင်း ရင်းနှီးသွားမည်ကို မလိုလားသဖြင့် သူ၏သဘောထားကို မြင်သောအခါ "ထားလိုက်ပါတော့။ ကျီရှင်း မင်း သိထားသင့်တာတစ်ခုရှိတယ်။ ထာဝရအသက်ရှည်ခြင်း အရှင်သခင် အများအပြား မသေဆုံးခင်မှာ သူတို့ရဲ့ ရွှေတာအိုကို သန့်ရှင်းသော နယ်မြေသုံးခုက ပြန်လည်သိမ်းယူကြတယ်ဆိုတာ မင်းသိတယ်မဟုတ်လား" ဟု ပြောသည်။

"အင်း"

ချန်ကျီရှင်း ခေါင်းညိတ်လိုက်သည်။

မိုချင်းယွဲ့က ခေါင်းခါလျက် "တကယ်တော့ ဒါက မင်းတို့လို မင်းမျိုးမင်းနွယ် မိသားစုတွေကို သန့်ရှင်းသော နယ်မြေသုံးခုက ဖိနှိပ်ထားတာ မဟုတ်ဘူး။ ရွှေတာအိုရဲ့ ထာဝရအသက်ရှည်ခြင်းဟာ တခြားသူတွေကို လက်ဆင့်ကမ်းပေးနိုင်ပေမဲ့ တစ်စုံတစ်ယောက်ကသာ အဲဒီလို လက်ဆင့်ကမ်းဖို့ ရွေးချယ်လိုက်ရင် ထူးဆန်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတတ်တယ်"

"ဘာအခြေအနေလဲ"

"အင်း... မင်း ယဲ့ချန်ဆိုတဲ့သူကို မှတ်မိသေးလား"

"ယဲ့ချန်လား"

ချန်ကျီရှင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထာဝရအသက်ရှည်ခြင်း ချင်းကျီဓားကို ယဲ့ချန်ဆီကနေ ရရှိခဲ့တာဖြစ်သဖြင့် သူ အမှတ်ရနေသည်။

"သူ့ရဲ့ ဖြစ်တည်မှုက ရွှေရောင်သဘာဝရဲ့ သက်ရောက်မှုကြောင့် ဖြစ်လာတာပဲ"

ချန်ကျီရှင်း "…."

ဒါက တကယ့်ကို ထိတ်လန့်စရာ အတင်းအဖျင်းတစ်ခုပဲ။

ယဲ့ချန်မှာ... တကယ်ပဲ ရွှေရောင်သဘာဝရှိနေတာလား...။

ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ယဲ့ချန် သေဆုံးသွားပြီဆိုတာကို စနစ်ကလည်း အတည်ပြုပြီးသားပဲဥစ္စာ။ ချင်းကျီဓားကလည်း ငါ့လက်ထဲမှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာလှပြီလေ။

နေဦး... ချင်းကျီဓားထဲမှာ ဓားနတ်ဘုရားတစ်ပါးရဲ့ ကျန်ရစ်ခဲ့တဲ့ ဝိညာဉ်တစ်ခု ရှိနေတယ် မဟုတ်ဘူူလား။

အဲဒီအရာက... ဝိညာဉ်မဟုတ်ဘဲ ရွှေရောင်သဘာဝတစ်ခု ဖြစ်နေတာများလား...

ဒါဆို... အခြားသော အဓိကဇာတ်ကောင်တွေကော...

မဖြစ်နိုင်ဘူး... မဖြစ်နိုင်တာ...

ခဏတာမျှ ချန်ကျီရှင်းမှာ မိုချင်းယွဲ့၏ စကားကြောင့် မှင်သက်သွားသည်။

သူ အနည်းငယ် တည်ငြိမ်အောင် ပြန်လုပ်ပြီး "ယဲ့ချန်မှာ ရွှေရောင်သဘာဝရှိနေတယ်ဆိုတာ ငါ ဘာလို့ မသိလိုက်ရတာလဲ" ဟု မေးလိုက်သည်။

"ဟုတ်တယ် အဲဒါကို အမျိုးသမီးဓားနတ်ဘုရားတစ်ပါးက ချန်ရစ်ခဲ့တာ။ အဲဒီတုန်းက ရွှေရောင်သဘာဝက ငါတို့ ထျန်းရှန်းနန်းတော်ကနေ ထွက်ပြေးသွားပြီးနောက်မှာ တိဟူအရှင်သခင်က ကိုယ်တိုင်လိုက်လံ ရှာဖွေခဲ့တယ်။ ရွှေရောင်သဘာဝက ယဲ့ချန်ဆီကို ကျရောက်သွားတာကို သူမ မြင်တွေ့ခဲ့ရတယ်။ ပြီးတော့ ယဲ့ချန်က မင်းရဲ့ လက်အောက်ခံလက်ချက်နဲ့ ဘယ်လိုသေဆုံးသွားလဲဆိုတာကိုလည်း သူမ ကြည့်ခဲ့ရတယ်"

မိုချင်းယွဲ့က ချန်ကျီရှင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ "မင်း သတိမထားမိတာ ဖြစ်နိုင်တယ်။ ပုံမှန်လူတစ်ယောက်က ရွှေရောင်သဘာဝပိုင်ရှင်နဲ့ တွေ့တဲ့အခါ ရွှေရောင်သဘာဝရဲ့ လွှမ်းမိုးမှုကို ခံရပြီး ထူးဆန်းတဲ့ လုပ်ရပ်တွေ လုပ်မိတတ်တယ်။ ဒါပေမဲ့ မင်းကတော့..."

ထိုနေရာတွင် မိုချင်းယွဲ့မှာ ပြောစရာစကားမဲ့သွားသည်။

တကယ်တော့ ချန်ကျီရှင်း၏ လုပ်ရပ်များမှာလည်း အလွန်ထူးဆန်းသည်။ အခြားသူများက ရွှေရောင်သဘာဝပိုင်ရှင်နှင့် တွေ့လျှင် အတိတ်မေ့သလို ဖြစ်ပြီး ထိုလူ၏ လက်ကိုင်တုတ် ဖြစ်သွားကာ ပိုက်ဆံ၊ လူ၊ ပစ္စည်းကိရိယာများကို ပံ့ပိုးပေးသည့် ဇာတ်ပို့ဇာတ်ကောင်များ ဖြစ်သွားတတ်ကြသည်။ သို့သာ် ချန်ကျီရှင်းကတော့ ယဲ့ချန်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်။

အခြားသူများကို ထားလိုက်ပါက မိုချင်းယွဲ့ကိုယ်တိုင်ပင်လျှင် ဤသတင်းကို တိဟူအရှင်သခင်ဆီမှ ကြားသိရသောအခါ အံ့ဩတုန်လှုပ်ခဲ့ရသည်။

သန့်ရှင်းသော နယ်မြေတို့မှ သမီးတော်များသည် ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားခြင်း၏ ထူးဆန်းမှုအကြောင်းကို လေ့လာသင်ယူခဲ့ကြသည်။ မုန့်မိသားစု၏ လူငယ်တစ်ယောက်ကို အထင်မသေးနဲ့ဆိုသည့် စကားသည် ဥပမာတစ်ခုဖြစ်သည်။

ရွှေရောင်သဘာဝသည် အသက်အန္တရာယ်ရှိနေသူကို ကယ်တင်နိုင်သလို၊ ရွှေရောင်သဘာဝကို လိုချင်သည့်သူများကိုလည်း ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားခြင်းဆီသို့ ပို့ဆောင်ပေးနိုင်သည်။

သမိုင်းတစ်လျှောက်တွင် ထျန်းရှန်းနန်းတော်က မှတ်တမ်းတင်ထားသော ရွှေရောင်သဘာဝ အဓိကရုဏ်း ၄၇ ခုကို ကြည့်ခြင်းအားဖြင့် ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူကို ရန်စမိသူ မည်သူမျှ ကောင်းကောင်းမွန်မွန် မရှိခဲ့ကြပေ။

ထို့ပြင် ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူတိုင်းသည် မွေးဖွားလာချိန်တိုင်း အဓိကရုဏ်းများကို ဖန်တီးလေ့ရှိပြီး ထိုအဓိကရုဏ်းက ထာဝရအသက်ရှည်ခြင်းကို ရရှိသည်အထိ ဆက်လက် ဖြစ်ပေါ်နေတတ်သည်။

တကယ်တော့ သန့်ရှင်းသော နယ်မြေသုံးခုက ရွှေရောင်သဘာဝကို ပြန်လည်သိမ်းယူခြင်းမှာ အောက်ခြေမိသားစုများကို ဖိနှိပ်ရန် တစ်စိတ်တစ်ပိုင်း ပါဝင်သော်လည်း အဓိကအကြောင်းရင်းမှာ ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားခြင်းကို တားဆီးရန်နှင့် ကမ္ဘာကြီးကို ရုတ်ရုတ်သဲသဲ မဖြစ်စေရန် ဖြစ်သည်။

ချန်ကျီရှင်းကတော့ မိုချင်းယွဲ့၏ ဆရာဖြစ်သူ တိဟူအရှင်သခင်သည် ချန်ကျီရှင်းမှာ ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူ ဖြစ်ကြောင်း လွန်ခဲ့သော ဆယ်နှစ်ကတည်းက အတည်ပြုခဲ့သည်ဟု ပြောလျှင် လွန်မည်မဟုတ်ပေ။

ထို့အပြင် သူသည် ထျန်းရှန်းနန်းတော်ပင်လျှင် ရန်စရန် မဝံ့ရဲသည့် အလွန်ရက်စက်ကြမ်းကြုတ်သော ပြန်လည်မွေးဖွားသူ အမျိုးအစား ဖြစ်နေသည်။

ရွှေရောင်သဘာဝ၏ လွှမ်းမိုးမှုသည် ထာဝရအသက်ရှည်ခြင်း အရှင်သခင်ကို မထိခိုက်နိုင်သော်လည်း သူသည် ဤရွှေရောင်သဘာဝကို ခန္ဓာကိုယ်ထဲမှ ခွဲထုတ်၍ မရနိုင်ပေ။

ရွှေရောင်သဘာဝပိုင်ရှင်ကို သတ်လိုက်ရုံနှင့် ရွှေရောင်သဘာဝကို ခွဲထုတ်၍ မရနိုင်သလို သတ်လိုက်ပါကလည်း ထိုရွှေရောင်သဘာဝသည် တခြားသူတစ်ယောက်ဆီသို့ ကူးပြောင်းသွားမည်သာ ဖြစ်သည်။

ဤမသေချာမရေရာမှုကပင် သန့်ရှင်းသော နယ်မြေသုံးခုက ရွှေရောင်သဘာဝကို ပြန်သိမ်းရန် အတင်းအကျပ် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။

"ငါကလည်း ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူလို့ မင်း ပြောချင်တာလား"

ချန်ကျီရှင်းသည် ထိုစကားကို ပြောချိန်တွင် ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။

ဟက် ငါ့ရဲ့ စနစ်က တကယ်တမ်းကျတော့ ရွှေရောင်သဘာဝတစ်ခု ဖြစ်နေတာပဲ။

ဒါက တကယ်ကို ရယ်စရာကောင်းတာပဲ။

ငါ့မှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေတာကို ငါကိုယ်တိုင် အသိဆုံးပဲ မဟုတ်လား...။

"အင်း"

မိုချင်းယွဲ့က ခေါင်းညိတ်ပြီး "မင်း ငြင်းဖို့ အလောတကြီး မလုပ်ပါနဲ့။ တကယ်တော့ ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူ အများစုဟာ သူတို့ကိုယ်သူတို့ ရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာတာကို မသိကြဘူး။ မင်းရဲ့ မိသားစု ဘိုးဘေး ချန်ချန်ဖုန်းလိုမျိုးပဲ။ သူ ထာဝရအသက်ရှည်ခြင်းကို ရရှိပြီးနောက်မှာ ခန္ဓာကိုယ်ထဲက တစ်စုံတစ်ခု ပြန်လည်နိုးထလာမှသာ သူ ရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာတာကို သိခဲ့ရတာ။ အဲဒီအချိန်မှာပဲ သူက ငါတို့ ထျန်းရှန်းနန်းတော်ကို ဆက်သွယ်ခဲ့ပြီး နောက်ဆုံးမှာတော့ ငါတို့ ထျန်းရှန်းနန်းတော်က သူ့ခန္ဓာကိုယ်ထဲက ရွှေရောင်သဘာဝကို တံဆိပ်ခတ်နှိပ်ပေးလိုက်ရတာပဲ"

ချန်ကျီရှင်း "…."

ငါ့ဘိုးဘေးက ရွှေရောင်သဘာဝနဲ့ ပြန်လည်မွေးဖွားလာသူ ဖြစ်နေရုံတင်မကဘူး။ ဒီလောက်အထိ နက်နဲတဲ့ အတွင်းရေးတွေကို ငါ လုံးဝမသိခဲ့ရပါလား...

"အံ့ဩသွားလား..."

မိုချင်းယွဲ့က ရယ်မောရင်း ဆက်ပြောလိုက်သည်။

"ဒါကြောင့်မို့လို့ ငါတို့ သန့်ရှင်းသောနယ်မြေသုံးခုအတွက်တော့ တစ်ယောက်ယောက်က ရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာသူ ဟုတ်မဟုတ် စစ်ဆေးဖို့ဆိုတာ လွယ်ကူပါတယ်။ သူတို့ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို ရောက်ပြီးတဲ့နောက်မှာ... ဆက်ပြီး ကျင့်ကြံဖို့ ရဲရင့်သေးလားဆိုတာပဲ ကြည့်လိုက်ရင် ရပြီလေ"

"ဘာကို ဆိုလိုတာလဲ..."

ချန်ကျီရှင်း မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"လူတစ်ယောက်က ရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာပြီဆိုရင်... သူတို့ရဲ့ ကျင့်ကြံမှုမှာ တစ်လှမ်းချင်း တိုးတက်လာတိုင်း သူတို့ရဲ့ စိတ်ဝိညာဉ်ဆန္ဒတွေက ခန္ဓာကိုယ်ထဲက ရွှေရောင်သဘာဝအပိုင်းအစတွေနဲ့ အစားထိုးခံရလိမ့်မယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ရွှေရောင်သဘာဝနဲ့ သတ်မှတ်ထားတဲ့ အဆင့်တစ်ခုအထိ ရောက်သွားတဲ့အခါမှာတော့... သူတို့ကိုယ်တိုင်က ရွှေရောင်သဘာဝကြီးသက်သက် ဖြစ်သွားတော့မှာပဲ။ ဆိုလိုတာက... ကျင့်ကြံမှုမှာ တိုးတက်လာလေလေ ကိုယ့်ကိုကိုယ် တစ်ခုခုရဲ့ အပူးကပ်ခံထားရသလိုမျိုး ခံစားရလေလေပဲပေါ့။ ဒီလို အပူးကပ်ခံထားရတဲ့ ခံစားချက်ကို ဘယ်သူကများ သည်းခံပြီး ဆက်ကျင့်ကြံရဲမှာလဲ... မဟုတ်ဘူးလား"

"မင်းပြောတာက..."

ချန်ကျီရှင်း မျက်လုံးကို သေချာမှေးကြည့်လိုက်သည်။

"ဟုတ်တယ်... သန့်ရှင်းသောနယ်မြေသုံးခုအတွက်တော့ ရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာသူတွေမှာ လမ်းနှစ်လမ်းပဲ ရှိတယ်။ တစ်လမ်းကတော့ အသစ်တက်လှမ်းလိုက်တဲ့ ထာဝရအသက်ရှည်ခြင်းနယ်ပယ်မှာပဲ ကျင့်ကြံမှုကို အပြီးတိုင် ရပ်တန့်ပစ်လိုက်ပြီး ရွှေရောင်သဘာဝကို ငါတို့နယ်မြေတွေဆီ ပြန်အပ်နှံလိုက်တာမျိုးပေါ့။ အဲဒီလိုမှမဟုတ်ရင်တော့ သူတို့က ခဏတာ ရူးသွပ်သွားပြီးမှ သူတို့ရဲ့ ရွှေရောင်သဘာဝက ခန္ဓာကိုယ်ကို အပိုင်စီးပြီး ပြန်လာတာကို ငြိမ်ခံပြီး ကြိုဆိုလိုက်ရတာမျိုးပဲ။ နောက်ဆုံးရလဒ်ထက်စာရင်တော့ ရှေ့ကလမ်းကိုပဲ နယ်မြေတွေက ပိုသဘောကျကြတာပေါ့...

မင်းနဲ့ ပတ်သက်ရင်လည်း... အတူတူပါပဲ"

ထိုသို့ ပြောပြီးနောက် မိုချင်းယွဲ့သည် သက်ပြင်းတစ်ချက် ချလိုက်သည်။

ထို့ကြောင့်လည်း ချန်ကျီရှင်းက သူ့သားကို ပြည်နှင်ဒဏ် ပေးလိုက်ပြီဆိုတဲ့ သတင်းကို ကြားတာနဲ့ ထျန်းရှန်းနန်းတော်က သူမကို အမြန်ဆုံး စေလွှတ်လိုက်ရခြင်းပင်။

"ချန်ကျီရှင်း... မင်း အခု အပူးကပ်ခံရတော့မယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် သတိထားမိမှာပါ...။

ဒါပေမဲ့ ကြောက်မနေနဲ့ဦး...

လမ်းဘေးကလူတွေကို လျှောက်ပြီး လိုက်မမေးနဲ့၊ သူတို့ ပြောသမျှကိုလည်း လုံးဝမယုံနဲ့ဦးနော်။ ငါတို့ ထျန်းရှန်းနန်းတော်ကပဲ မင်းကို ကူညီပေးနိုင်တာ။

ဒီကိစ္စမျိုးမှာတော့ ငါတို့တွေက ဆရာကြီးတွေလေ... မင်းရဲ့ ဘိုးဘေးကိစ္စကိုတောင် ငါတို့တွေပဲ အစအဆုံး ဖြေရှင်းပေးခဲ့တာ မဟုတ်လား။ ငါတို့နန်းတော်ရဲ့ နာမည်ကောင်းကတော့ သိတဲ့အတိုင်းပဲ... ရိုးသားပြီး အမြဲတမ်း ယုံကြည်စိတ်ချရတယ်..."

ထို့နောက်

"ငါ နားလည်သွားပြီလို့ ထင်တယ်"

ချန်ကျီရှင်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ပြီး "ဒါပေမဲ့ ဒီလူတွေနဲ့ ကောင်းကင်ပင့်ကူအဖွဲ့အစည်းကြားက ဆက်စပ်မှုက ဘာလဲ။ သူတို့က ထာဝရအသက်ရှည်ခြင်းကို ဘာလို့ သေချာပေါက် ရနိုင်တာလဲဆိုတာကိုတော့ မင်း မပြောပြသေးဘူး"

"ငါ တကယ် ပြောရမှာလား"

"."

"ကောင်းပြီလေ ဒါကို ကြားပြီးရင် မင်း နောင်တမရပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်"

မိုချင်းယွဲ့မှာ အကုန်လုံးကို အရှုံးပေးပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

"သူတို့က လူလုပ် ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူတွေ ဖြစ်နေလို့ပဲ။ သန့်ရှင်းသော နယ်မြေကြီး သုံးခုလုံးက ပါဝင်ပတ်သက်နေတာ။ မင်းရဲ့ ဝမ်းကွဲညီ ချန်ကျောက်ရှင်း ကောင်းကင်ပင့်ကူလက်ထဲ ရောက်သွားတာကလည်း မင်းရဲ့ ဘိုးဘေး ချန်ထျန်ယွမ်၊ ငါ့ရဲ့ ထျန်းရှန်းနန်းတော်နဲ့ တာအိုကျောင်းတော်ကြီးတို့ကြားက သဘောတူညီချက်တစ်ခုကြောင့်ပဲ"

သို့သော် ဤကဲ့သို့ လူလုပ် ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားခြင်း နည်းလမ်းမှာ မရင့်မှည့်သေးပေ။ ရွှေရောင်သဘာဝကို ထည့်သွင်းပြီးနောက်မှာ ထာဝရအသက်ရှည်ခြင်း နယ်ပယ်အထိ မစောင့်ဘဲ ခန္ဓာကိုယ်ထဲမှာပဲ ရွှေရောင်သဘာဝက အရင် နိုးထလာတတ်သည်။

"ဆိုလိုတာက ချန်ကျောက်ရှင်းက မင်းရဲ့ ဘိုးဘေး ချန်ထျန်ယွမ်ကနေတစ်ဆင့် ငါတို့ဆီကို ကိုယ်တိုင် ပို့ပေးလိုက်တဲ့ စမ်းသပ်ပစ္စည်းတစ်ခုပဲ သူ အခု ခဏပြန်လာခွင့်ရတာကလည်း သူက အအောင်မြင်ဆုံး စမ်းသပ်ပစ္စည်းထဲက တစ်ခု ဖြစ်နေလို့ပဲ။ အစပိုင်းမှာ နည်းနည်း ပုန်ကန်ပေမဲ့ နောက်ပိုင်းမှာ ချန်ကျောက်ရှင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကပဲ လွှမ်းမိုးသွားတယ်။ ဒါကပဲ ထျန်းရှန်းနန်းတော်က သူ့ကို ချန်မိသားစုဆီ ပြန်ခွင့်ပြုလိုက်တဲ့ အဓိကအကြောင်းအရင်းပဲ။ နောက်ပြီး မင်း ရှိနေတဲ့အတွက် သူ ဘာပြဿနာမှ ရှာမှာမဟုတ်ဘူးလို့ ငါတို့ ယုံကြည်တယ်။ သူ ရွှေရောင်သဘာဝနဲ့ အပြည့်အဝ ပေါင်းစပ်သွားတဲ့အထိ စိတ်ချလက်ချ စောင့်နိုင်ပြီးမှ ပြန်သိမ်းယူလို့ရတယ်လေ"

"….."

"ဟမ် ဘာလို့ ဘာမှ မပြောတော့တာလဲ မင်း ကြားချင်တာ မဟုတ်ဘူးလား ငါ ပြောပြပြီးပြီလေ။ အခု ငါတို့ ထျန်းရှန်းနန်းတော်ရဲ့ ရိုးသားမှုကို ယုံပြီလား"

ချန်ကျီရှင်း တိတ်ဆိတ်နေသည်။

အမှန်တရားက တစ်ခါတလေမှာ အရမ်း ရက်စက်လွန်းသည်။

ထိပ်ဆုံးမှာ ရောက်နေတဲ့လူတွေက ဘာမှ အကွက်ဆင် ကြံစည်နေစရာ မလိုဘူးလေ... ဘာလို့လဲဆိုတော့ လောကကြီးရဲ့ စည်းမျဉ်းတွေက သူတို့ ထိန်းချုပ်ထားတဲ့အရာတွေပေါ်မှာပဲ အခြေခံပြီး တည်ဆောက်ထားတာကိုး။ လောကကြီးသာ တည်ငြိမ်နေရင် သူတို့က အကျိုးအမြတ် အများဆုံး ရနေမှာပဲ။ အောက်ခြေကလူတွေကို သက်သက်မဲ့ လိုက်ဖိနှိပ်နေဖို့တောင် မလိုဘူး။

ဒါပေမဲ့... ဒီကိစ္စတွေက ငါနဲ့ ဘာဆိုင်လို့လဲ...။

"မင်း သားကို အခုချက်ချင်း ပြန်ခေါ်လာလို့ မရဘူးလား... မင်းလုပ်လိုက်တဲ့ အလုပ်တွေကြောင့် ကျန်းကျိုးမြို့ထဲမှာတင် ရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာသူ ခြောက်ယောက်လောက် စုမိနေပြီဆိုတာ မင်းသိရဲ့လား။ ဒီအတိုင်းသာ ဆက်သွားနေရင်... အဲဒီလူတွေ ဘယ်လို ပြဿနာမျိုးတွေ ထရှာကြမလဲဆိုတာ ဘုရားပဲ သိတော့မယ်..."

ထိုသို့ ပြောစဉ်တွင် မိုချင်းယွဲ့မှာ ငိုယိုတော့မတတ် ဖြစ်နေသည်။

သူမဘေးနားမှာ ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူ ခြောက်ယောက် ရှိနေရင် သူမကိုပါ လွှမ်းမိုးသွားမှာကို စိုးရိမ်နေသည်။

မဟုတ်ဘူး... မဟုတ်သေးဘူး

ငါ ဒီလူယုတ်မာရဲ့ လွှမ်းမိုးမှုကို အစကတည်းက ခံထားရတာ ဖြစ်ရမယ်။

ဒီကောင်က ကိုယ့်ဂိုဏ်းကတောင် မထိန်းချုပ်နိုင်တဲ့ လူစားမျိုးပဲ ဖြစ်ရမယ်...

မဟုတ်ရင်တော့ ချန်မိသားစုမှာ ပြဿနာတက်တိုင်း တိဟူအရှင်သခင်က ငါ့ကို ဘာလို့ ခဏခဏ လှမ်းခေါ်နေမှာလဲ...

"ငါ သဘောပေါက်ပါပြီ"

ချန်ကျီရှင်းက နားလည်သွားသည့်အလား ခေါင်းညိတ်ပြပြီး...

"အစ်မချင်းယွဲ့ စိတ်မပူပါနဲ့။ တိဟူအရှင်သခင်ကိုယ်တိုင် ပြောထားတာပဲ မဟုတ်လား... ငါသာ ကျန်းကျိုးမြို့မှာ ရှိနေသရွေ့တော့ အဲဒီရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာသူတွေက ဘာမှ လျှောက်လုပ်ရဲမှာ မဟုတ်ပါဘူး"

"ငါ ပြောနေတာက မင်းရဲ့ သားအကြောင်းလေ... အကြောင်းအရာကို လာပြီး လမ်းကြောင်းမလွှဲနဲ့..."

"အော်... ငါလည်း ဘာမှ ထွေထွေထူးထူး ပြန်မပြောပါဘူး"

ချန်ကျီရှင်းက ခပ်ပြုံးပြုံးဖြင့်...

"မိုချင်းက ဒီရွှေရောင်သဘာဝနဲ့ ပြန်မွေးဖွားလာသူတွေနဲ့ မတူဘူး။ သူ့အတွက် တကယ့် ဆရာကောင်းတစ်ယောက်ကို ငါ ရှာတွေ့ထားပြီးသား။ အင်း... နားလည်မှုတော့ မလွဲစေချင်ဘူးနော် သူက ရွှေရောင်သဘာဝသမားတွေနဲ့ ဘာမှမပတ်သက်ဘူး။ သူက... နှင်းနတ်ဆိုးမျိုးနွယ်စုနဲ့ ပုံစံချင်း ဆင်တူတဲ့လူတစ်ယောက် ဖြစ်နေလို့ပါ"

"နှင်းနတ်ဆိုး... မျိုးနွယ်စု ဟုတ်လား..."

မိုချင်းယွဲ့မှာ ထိုစကားကြောင့် အံ့ဩသွားသည်။

"ဘာလို့ ဒီလို တစ္ဆေလို အရာတွေနဲ့ ရုတ်တရက် ပတ်သက်နေရတာလဲ"

"ဘာကို ဆိုလိုတာလဲ"

"အင်း..."

မိုချင်းယွဲ့က ချန်ကျီရှင်းကို စိုက်ကြည့်နေသည်ကို မြင်တော့ သူမက တိုးတိုးလေးသာ ပြောနိုင်တော့သည်။

"ငါ ပြောပြနိုင်ပါတယ်၊ ဒါပေမဲ့ တခြားတစ်ယောက်ကိုတော့ လုံးဝ မပြောပြရဘူးနော်"

"ကောင်းပြီ"

"ငါ့ဆရာဆီက ကြားဖူးတာပါ။ ဒါပေမဲ့ ဒါက အမှန်တကယ် ဟုတ်မဟုတ်တော့ ငါ အာမမခံနိုင်ဘူး"

မိုချင်းယွဲ့က တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး "အဲဒီ သတ္တဝါတွေက ငါတို့ လူသားတွေလိုပဲ တခြားကမ္ဘာတွေကနေ ရွှမ်းတျန် ကမ္ဘာကြီးဆီ ရောက်လာကြတာ။ ဒါပေမဲ့ သူတို့ ရောက်လာတဲ့အချိန်မှာ ရွှမ်းတျန် ကမ္ဘာကြီးကို ငါတို့က သိမ်းပိုက်ပြီးသား ဖြစ်နေပြီ။ အဲဒါက ဒီထူးဆန်းတဲ့ သတ္တဝါတွေ ကမ္ဘာရဲ့ အရင်းအမြစ်ကို မဖျက်ဆီးနိုင်အောင် တားဆီးထားတာပဲ။ နောက်ဆုံးမှာတော့ သူတို့က ဒီလိုပဲ ရှင်သန်နေရတော့တာ၊ အသက်ရှင်လျက်လည်း မဟုတ်၊ သေဆုံးလျက်လည်း မဟုတ်၊ ပြီးတော့ တခြား အာကာသနယ်မြေတွေမှာ လူသားတွေကို အနည်းငယ်ပဲ လွှမ်းမိုးနိုင်ပြီး ကမ္ဘာရဲ့ စည်းမျဉ်းတွေကနေ ဖျက်ဆီးမခံရအောင် ကြိုးစားနေရတာပဲ"

"သူတို့က အန္တရာယ် ရှိလား"

"အန္တရာယ် ရှိ၊ မရှိ ဆိုတာထက် သူတို့နဲ့ မပတ်သက်တာ အကောင်းဆုံးပဲ။ လူတွေကို စိတ်ကယောင်ချောက်ချား ဖြစ်စေတဲ့ ရွှေရောင်သဘာဝ ပြန်လည်မွေးဖွားသူတွေထက် စာရင် ဒီကမ္ဘာက စွန့်ပစ်ထားတဲ့ သူတွေနဲ့ ပတ်သက်မိရင် မင်းရဲ့ တည်ရှိမှုအချို့ပါ အလုခံရလိမ့်မယ်"

"တည်ရှိမှုဟုတ်လား"

ချန်ကျီရှင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

"တည်ရှိမှုဆိုတာ ဒီကမ္ဘာမှာ မင်းရဲ့ အလေးချိန်ပဲ။ အလုခံလိုက်ရတဲ့ ပမာဏ များလွန်းရင် မင်းက နှင်းနတ်ဆိုးမျိုးနွယ်စုတွေလိုပဲ အေးခဲနေတဲ့ ကုန်းပြင်မြင့်မှာ စည်းမျဉ်းတွေနဲ့ ထောင်ကျသွားလိမ့်မယ်။ ပိုပြီး အားနည်းသွားရင်တော့ ကမ္ဘာရဲ့ စည်းမျဉ်းတွေက မင်းကို ဒီကမ္ဘာကနေ တိုက်ရိုက် ကန်ထုတ်ပစ်လိမ့်မယ်"

"အဲဒီလိုမျိုး ရှိလို့လား"

"ရှိတာပေါ့ နောက်ပြီး ငါ ပြောဦးမယ်။ သူတို့ ပေးသမျှ ဘာကိုမှ မယူမိပါစေနဲ့။ ဒါက အရမ်း အရေးကြီးတယ်"

ထိုအချိန်တွင် မိုချင်းယွဲ့က ချန်ကျီရှင်း၏ လက်ကို အတင်းဆွဲကိုင်လိုက်ပြီး မိန်းမတစ္ဆေသဖွယ် ကြောက်စရာကောင်းသော အသံဖြင့် "ငါ့ဆရာ ပြောတာက သူတို့ဆီက ယူထားသမျှ အကုန် ပြန်ပေးရမယ်တဲ့။ မင်း ယူလိုက်တဲ့ ပမာဏအတိုင်း မင်းရဲ့ တည်ရှိမှု တန်ဖိုးကို ပြန်ပေးရမယ်။ တစ်နေ့နေ့မှာ ဘယ်နေရာမှာမှ မလှုပ်ရှားနိုင်ဘဲ ပိတ်မိမနေချင်ရင် သူတို့ ပစ္စည်းတွေကို ဘယ်တော့မှ မထိနဲ့" ဟု ပြောလိုက်သည်။

ချန်ကျီရှင်း "..."

နောက်ကျသွားပြီ…

ချန်ကျီရှင်းသည် နှင်းနတ်ဆိုးမျိုးနွယ်စုထံမှ ပြန်ယူလာခဲ့သမျှ အရာအားလုံးကို ချက်ချင်း သတိရသွားသည်။

နှင်းနတ်ဆိုးမျိုးနွယ်စုဝင် ရှစ်ယောက်... နယ်မြေဆေးလုံး နှစ်လုံး... ပြီးတော့ နှင်းနတ်ဆိုးခေါင်းဆောင်ရဲ့ အမှတ်တံဆိပ်ကောပဲ။

ဒါဆို... ငါ့အမေ ယင်ရွှမ်းရွှမ်းကိုယ်တိုင်က အစစ်အမှန် နှင်းနတ်ဆိုးတစ်ကောင် ဖြစ်နေတာပဲ။

နှင်းနတ်ဆိုးမျိုးနွယ်စုတွေ တစ်ခွင်လုံး အေးခဲနေတဲ့ ကုန်းပြင်မြင့်ကြီးပေါ်မှာ ပိတ်မိနေရတာကလည်း... ဒီအကြောင်းရင်းကြောင့်မို့လို့လား။

နှင်းနတ်ဆိုးဘုရင် ဒုတိယမျိုးဆက်နဲ့ နှင်းနတ်ဆိုးမျိုးနွယ်စုရဲ့ အခြေခံအမြစ်လို့ ခေါ်တဲ့အရာတွေ အဲဒီစိတ်ကူးယဉ် အိပ်မက်ဆိုးကြီးထဲမှာ ပိတ်မိနေရတာကလည်း လုံးဝကို မလှုပ်ရှားနိုင်ကြလို့ ဖြစ်ရမယ်။

ဒါတင်မကသေးဘူး... ဘိုးဘွားကျောင်းဆောင်မှာ တံဆိပ်ခတ်နှိပ်ထားတဲ့ ကျောက်ရုပ်တွေနဲ့ အမွေအနှစ်ဆိုတာတွေကလည်း... ကမ္ဘာ့စည်းမျဉ်းတွေရဲ့ ပိတ်ဆို့မှုကို ခံထားရတာ ဖြစ်နိုင်မလား...

ဤအချက်အလက်များကို ကွင်းဆက်သူ သဘောပေါက်သွားသည့် ခဏ၌ပင် ချန်ကျီရှင်း၏ ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ တုန်လှုပ်ခြောက်ခြားသွားရသည်။

ချက်ချင်းဆိုသလိုပင် သူ့အဖွားဖြစ်သူ လက်ရှိ နှင်းနတ်ဆိုးဘုရင် ပြောခဲ့ဖူးသည့် စကားများကို အာရုံထဲ၌ ဖျတ်ခနဲ ပြန်လည်သတိရမိလိုက်သည်။

သူမ ကွယ်လွန်သွားတဲ့အခါကျရင် ငါကပဲ သူမရဲ့ ရာထူးနေရာကို ဆက်ခံရမယ်တဲ့...

နေဦး... သူမ ကွယ်လွန်သွားမယ်ဆိုတာက... သက်တမ်းကုန်လို့ စိတ်ကယောင်ချောက်ချားဖြစ်ပြီး ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားတာမျိုးကို ပြောတာလား... ဒါမှမဟုတ် တကယ်ပဲ အသက်ကုန်ပြီး သေဆုံးသွားမှာမျိုးလား...

ထိုအချက်ကို တွေးမိလိုက်သည့်အခါ ချန်ကျီရှင်း၏ စိတ်ထဲတွင် အလွန် ခံစားရခက်သွားသည်။

All Chapters