← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း (၃၄၉) အရုပ်စစ်ပွဲ - ၂

“ငါတို့ ဘာရှာတွေ့ထားလဲ ကြည့်လိုက်စမ်း…”

အော့တီးမတ်စ် ပရိုင်းက သူ၏ အော်တိုဘော့အသံကြီးဖြင့် ပြောလိုက်သည်။

“နိုဗယ်က လွှတ်လိုက်တဲ့ သူလျှိုနှစ်ယောက်က ငါတို့ရဲ့ တိုက်ပွဲအစည်းအဝေးကို ချောင်းနားထောင်ဖို့ ဒီထဲမှာ ပုန်းနေကြပုံပဲ”

“ရှား”

ဘေးနားရှိ အာထရာမန်းကလည်း ထပ်ဆင့်အသံပြုလိုက်သည်။

အော့တီးမတ်စ် ပရိုင်းသည် ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့ကို ကြည့်ကာ အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

“လူကြီးမင်းတို့… မင်းတို့ဘာသာ ထွက်လာကြမလား၊ ဒါမှမဟုတ် ငါတို့ကပဲ ဆွဲထုတ်ပေးရမလား”

“အာ… ငါတို့ဘာသာပဲ ဒီနေရာက ခုန်ထွက်ခဲ့ပါ့မယ်…”

ဖုန်းပုကြွယ်သည် အော့တီးမတ်စ် ပရိုင်း ဟပေးထားသော အက်ကွဲကြောင်းဆီသို့ လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

“…ငါတို့ ခုန်ထွက်လို့ရလား”

အော့တီးမတ်စ် ပရိုင်းက အာထရာမန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဒီနှစ်ကောင်ကတော့ နည်းနည်းကြောင်တောင်တောင် ဖြစ်နေပုံပဲ”

အာထရာမန်း “ရှား”

အော့တီးမတ်စ် ပရိုင်းအနေဖြင့် နက်ဗျူလာ M78 ၏ ဘာသာစကားကို မည်သို့နားလည်သည်ဆိုသည်မှာ မရှင်းလင်းချေ။ ဖြစ်နိုင်သည်မှာ ဆိုင်ဘာထရွန်၏ ဘာသာပြန်နည်းပညာက အလွန်အမင်း အဆင့်မြင့်မားနေသောကြောင့် ဖြစ်ပေလိမ့်မည်…။

“မြန်မြန်ထွက်ခဲ့စမ်း၊ အချိန်မဖြုန်းနဲ့”

အော့တီးမတ်စ် ပရိုင်း ထိုသို့ပြောလိုက်သည်နှင့် အက်ကွဲကြောင်းမှာ ပြန်လည်ပိတ်ဆို့သွား၏။

ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်စက္ကန့်ခန့် ကြာပြီးနောက်တွင် ရှောင်တန်က စပြောလာသည်။

“မင်းတွေးမိလား… သူတို့က နည်းနည်းထူးဆန်းနေသလိုပဲ”

“သေချာပေါက် ထူးဆန်းပေါ့ဟ… ပုံမှန်အားဖြင့် အာထရာမန်းရဲ့ အရပ်က မီတာ ၅၀ လောက် ရှိတာ၊ ပြီးတော့ အော့တီးမတ်စ် ပရိုင်းက ကိုးမီတာလောက် ရှိတယ်လေ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါပေမဲ့ ဒီကောင်နှစ်ကောင်ရဲ့ ခေါင်းတွေက ဆိုဒ်တူနေတဲ့အပြင် သူတို့ ချောင်းကြည့်တဲ့ ထောင့်နဲ့ ခေါင်းအချိုးအစားအရ ကြည့်ရရင် ဒီနှစ်ကောင်က အမြင့်ဆုံးရှိလှ လေးမီတာထက် နည်းနည်းပဲ ပိုလိမ့်မယ်”

သူသည် ထိုသို့ပြောရင်း အထက်သို့ ခုန်တက်လိုက်လေသည်။

အက်ကွဲကြောင်း ပွင့်ထွက်သွားခြင်းနှင့် ပိတ်သွားခြင်းတို့၏ အသံကို ကြည့်ခြင်းအားဖြင့် မျက်နှာကျက်မှာ အလွန်ပေါ့ပါးပုံရပြီး အလွယ်တကူ မတင်နိုင်မည့်ပုံစံ ရှိနေသည်။ ထို့ကြောင့် အစ်ကိုကြွယ်သည် အပေါ်သို့ ခုန်တက်ကာ မျက်နှာကျက်ကို မတင်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

သူ အမှန်တကယ် အောင်မြင်သွားခဲ့သည်။ ထို့ပြင် ဖုန်းပုကြွယ်အနေဖြင့် အားအနည်းငယ် များသွားပုံရသဖြင့်… မျက်နှာကျက်တစ်ခုလုံးမှာ အထက်သို့ လွင့်ပျံသွားပြီး အခန်းအပြင်သို့ ပြုတ်ကျသွားတော့သည်။

သူတို့အပေါ်တွင်မူ မှောင်မိုက်ပြီး အဆုံးမရှိ ကျယ်ပြောလှသော ကောင်းကင်ကြီး ရှိနေလေသည်။ ယခင်က သူတို့မြင်တွေ့ခဲ့ရသော ဖြူလွလွအလင်းရောင်မှာ အခန်း၏ ဘေးဘက်မှ စောင်းလျက် ဖြာကျနေခြင်းဖြစ်ပြီး ၎င်း၏ အလင်းရင်းမြစ်ကို မသိရှိရချေ။ ဖြစ်နိုင်သည်မှာ ဧရာမ ရှာဖွေရေးမီးမောင်းကြီး တစ်ခုခုကြောင့် ဖြစ်ပေလိမ့်မည်။

“ဝါး… အံ့သြစရာပဲ…”

အစ်ကိုကြွယ်တစ်ယောက် လက်ဝါးတစ်ချက်တည်းဖြင့် မျက်နှာကျက်ကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်ကို မြင်လိုက်ရသည့်အခါ ရှောင်တန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ဖုန်းပုကြွယ် တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး… ငါက အစွမ်းထက်လို့ မဟုတ်ဘူး၊ ဒီခေါင်မိုးက ငါထင်ထားတာထက် အများကြီး ပိုပေါ့ပါးနေလို့ပဲ… ဒါက တကယ်တော့ ကတ်ထူချပ်ကြီး တစ်ချပ်ပါပဲ”

သူ ခဏရပ်တန့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ ငါတို့ အပြင်ထွက်ပြီး အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်”

သုံးမီတာခန့်မြင့်သော နံရံမှာ သူတို့အတွက်မူ ဘာမှမဟုတ်ချေ။ နှစ်ဦးလုံး ၎င်းကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြသည်။

‘အခန်း’ အပြင်ဘက်သို့ ရောက်သွားချိန်တွင်မူ သူတို့သည် ချက်ချင်း နားလည်သွားကြတော့သည်။

သူတို့ ယခုလေးတင် ရှိနေခဲ့သောနေရာမှာ အခန်းတစ်ခန်း လုံးဝမဟုတ်ဘဲ ဖိနပ်ဘူးတစ်ခုသာ ဖြစ်ပေသည်။ ၎င်းကို အမှန်တကယ်ပင် ကတ်ထူစက္ကူဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အပြင်ဘက်တွင်လည်း ကုန်အမှတ်တံဆိပ်နှင့် စာသားများကို ရိုက်နှိပ်ထား၏။ လွင့်ထွက်သွားခဲ့သော ‘ခေါင်မိုး’ မှာလည်း ဖိနပ်ဘူးအဖုံးသာဖြစ်ပြီး ဘေးနားတွင် လဲလျောင်းလျက် ရှိနေလေသည်။

ထို့ပြင် ဖြူလွလွအလင်းရင်းမြစ်မှာလည်း မည်သည့် ဧရာမရှာဖွေရေးမီးမောင်းကြီးမျှ မဟုတ်ဘဲ စာပွဲတင်မီးအိမ်တစ်လုံးသာ ဖြစ်သည်…။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အရာအားလုံးမှာ အံ့သြဖွယ်ကောင်းလောက်အောင် ကြီးမားနေလေသည်။ မိုးမျှော်တိုက်ကြီးများကဲ့သို့ မြင့်မားလှသော စင်များ၊ တယ်လီဖုန်းရုံမျှ ကြီးမားသော လက်ဖက်ရည်ခွက်များ၊ လူတစ်ယောက်ထက်ပင် မြင့်မားပြီး ဘောပင်များ ဖုန်းတိုင်များကဲ့သို့ ထိုးထွက်နေသော ဘောပင်ဘူးများ…

“ငါတို့တွေ ကျုံ့သွားတာလား”

ရှောင်တန်သည် အခြေအနေကို သဘောမပေါက်သေးမီ ခေတ္တမျှ ကြောင်အနေခဲ့သည်။

“အင်း… ဒါကြောင့်လည်း ဂျက် (အာထရာမန်း) နဲ့ အော့တီးမတ်စ် ပရိုင်းက ခန္ဓာကိုယ်အချိုးအစားချင်း တူပြီး ငါတို့ထက် နှစ်ဆလောက်ပဲ မြင့်နေတာကိုး”

ဖုန်းပုကြွယ် ရေရွက်လိုက်သည်။ တစ်ဖက်အဖွဲ့မှာ အရုပ်နှစ်ရုပ်သာဖြစ်ကြောင်း သူ သဘောပေါက်သွားပြီ ဖြစ်သည်။

ဤအချိန်တွင် အော့တီးမတ်စ် ပရိုင်းနှင့် အာထရာမန်းတို့အပြင် ဖိနပ်ဘူးအပြင်ဘက်တွင် အခြားအရုပ်အုပ်စုကြီးတစ်စုလည်း မတ်တပ်ရပ်နေခဲ့ကြသည်။ သို့သော်လည်း သူတို့၏ အရွယ်အစားမှာ အော့တီးမတ်စ် ပရိုင်းနှင့် အာထရာမန်းတို့ကဲ့သို့ မကြီးကြဘဲ အခြေခံအားဖြင့် ကစားသမားများနှင့် အရွယ်အစားချင်း အတူတူဖြစ်သည်။

“ဒီလိုမျိုးထုတ်ကုန်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး”

အာထရာမန်းထက် အနည်းငယ် ပိုနိမ့်သော ဒိုင်နိုဆောရုပ်တစ်ရုပ်က ဆိုသည်။

“မင်းတို့က အဆင့်မြင့်အရုပ်အမျိုးအစားတွေလား”

၎င်းသည် ပြောဆိုရင်းဖြင့် ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့ကို အနံ့ခံချင်သည့်အလား ၎င်း၏ နှာခေါင်းကြီးကို ရှေ့သို့ တိုးကပ်လာလေသည်။

“သူတို့နှစ်ယောက်က နောက်ဆုံးပေါ် ထုတ်ကုန်အသစ်တွေ ဖြစ်လိမ့်မယ်”

ဘေးနားရှိ သိုးရုပ် (ပလတ်စတစ် ခဲတံချွန်စက်) က ဖြည့်စွက်ပြောကြားလိုက်သည်။

“နိုဗယ်အဖွဲ့ထဲက အဖော်အချွတ်ဝတ်စုံတွေ ဝတ်ထားတဲ့ ရုပ်တုတွေတောင်မှ ဒီလောက်ထိ လက်ရာမကောင်းကြဘူး”

“ဘာဖြစ်လို့လဲတော့ မသိဘူး… ငါတော့ နိုဗယ်လို့ခေါ်တဲ့ အဖွဲ့ထဲကို တကယ်ကြီး ရုတ်တရက် ဝင်ချင်စိတ် ပေါက်လာတယ်ကွာ…”

ဖုန်းပုကြွယ်က အသံတိုးတိုးလေး ဆိုလိုက်သည်။

ရှောင်တန်မှာမူ ပို၍ ရိုးသားလှပေသည်။ သူက အရုပ်များကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“အာ… အမှန်တော့ ငါတို့က CLAS လို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တွေ ဖြစ်သင့်တာပါ”

“ဘာလဲ”

အော့တီးမတ်စ် ပရိုင်းက ပြန်လည်တုံ့ပြန်လိုက်သည်။

“ထူးဆန်းတယ်၊ CLS သီးသန့်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါဘာဖြစ်လို့ ဒီအကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ”

အာထရာမန်းက ဆက်ပြောလိုက်သည်။

“ဆာဝါကေး”

“အမှန်ပဲ”

ကာတွန်းမျက်နှာပါသော ရထားခေါင်းတွဲလေးက သဘောတူလိုက်သည်။

ကြည့်ရသရွေ့ ကစားသမားများမှအပ ဤနေရာရှိ လူတိုင်းမှာ အာထရာမန်း၏ ဘာသာစကားကို နားလည်နိုင်ကြပုံရသည်။

ဖုန်းပုကြွယ်သည် ထိုကြက်ဥခေါင်းကောင် ပြောခဲ့သည့်အရာကို အာရုံမထားတော့ဘဲ ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

“မင်း ငါတို့ကို ယုံကြည်ရမယ်၊ အော့တီးမတ်စ် ပရိုင်း၊ ငါတို့က မင်းကို ဒီစစ်ပွဲမှာ အနိုင်ရအောင် ကူညီဖို့ ရောက်လာတာပါ”

သူသည် ချက်ချင်းဆိုသလို ဇာတ်ကောင်စရိုက်ထဲသို့ စီးမျောသွားပြီး လေးနက်သော အမူအရာတစ်ခု ပြုလုပ်လိုက်လေသည်။

“ငါတို့နဲ့ ထုတ်လုပ်မှုလိုင်းတစ်ခုတည်းက ထွက်လာတဲ့ မိစ္ဆာအရုပ်နှစ်ရုပ်က နိုဗယ်အဖွဲ့ထဲကို ဝင်သွားပြီ၊ သူတို့က အရမ်းအစွမ်းထက်ပြီး မင်းတို့ဆီကို ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ယူဆောင်လာလိမ့်မယ်”

သူက ပြတ်သားစွာ ဆိုလိုက်သည်။

“မင်းတို့ ငါတို့အကူအညီကို လိုအပ်တယ်”

သရဖူဆောင်းထားသော ဖားရုပ်တစ်ရုပ်က ချက်ချင်း ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

“အိုး မိုင်ဂေါ့ဒ် အော့တီးမတ်စ် ပရိုင်း၊ ငါတို့ ဘာလုပ်ကြမလဲ”

ပတ်ဝန်းကျင်ရှိ အရုပ်များလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

“စိတ်အေးအေးထားကြစမ်း”

အော့တီးမတ်စ် ပရိုင်းသည် တည်ငြိမ်နေဆဲဖြစ်ပြီး မငြင်းဆန်နိုင်သော လေသံဖြင့် အခြေအနေကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သူက အစ်ကိုကြွယ်နှင့် ရှောင်တန်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“မင်းတို့ အမှန်အတိုင်း ပြောနေတာဟုတ်မဟုတ် ငါ ဘယ်လိုသိနိုင်မှာလဲ၊ မင်းတို့က ဖမ်းမိထားတဲ့ သူလျှိုနှစ်ယောက်ပဲ၊ မင်းတို့ လွတ်မြောက်ဖို့ ဒီလိုဇာတ်လမ်းကို ဖန်တီးနေတာလည်း ဖြစ်နိုင်တာပဲ”

“စိတ်မပူပါနဲ့၊ ငါတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ မင်းရဲ့ ယုံကြည်မှုကို ယူပြပါ့မယ်”

ဖုန်းပုကြွယ်က လေးနက်စွာ ပြန်ဖြေလိုက်သည်။

“ငါ့ဘဝမှာ အမုန်းဆုံးက အဲဒီလို ဟိုပေါ်ဒီပေါ်ဝတ်ထားတဲ့ ရုပ်တုတွေပဲ၊ အမိန့်သာပေးလိုက်ပါ အော့တီးမတ်စ် ပရိုင်း၊ ငါ သူတို့အပေါ်ကို ဘာမှတွေးမနေဘဲ ချက်ချင်း ခုန်အုပ်ပစ်မယ်”

“ဟေး… ဘယ်သူက ဒီလိုအမိန့်မျိုး ပေးမှာလဲ”

ရှောင်တန်က ကြားဖြတ် နောက်ပြောင်လိုက်သည်။

“ငါ့ရဲ့ ယုံကြည်မှုကို ရယူမယ်ပေါ့…”

အော့တီးမတ်စ် ပရိုင်းမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

“အဲဒီ ကျေးဇူးတော်ချီးမွမ်းခြင်းညတုန်းက အရုပ်ဗိုလ်ကြီးနဲ့ သူတို့ရဲ့ စစ်ကြောင်းကို ဘာဘီရုပ်တွေရဲ့ ဖြားယောင်းသိမ်းသွင်းခံလိုက်ရကတည်းက… လွန်ခဲ့တဲ့ ခြောက်လလုံးလုံး ဘယ်သူမှ ငါ့ရှေ့မှာ ‘ယုံကြည်မှု’ ဆိုတဲ့ စကားလုံးကို ထုတ်မပြောရဲကြတော့ဘူး”

သူ စက္ကန့်အနည်းငယ် ရပ်ပြီး ဆက်ပြောသည်။

“ဒါ့အပြင်… ဘယ်လိုပဲကြည့်ကြည့် မင်းတို့ရဲ့ အသွင်အပြင်က အရမ်းသံသယဖြစ်စရာ ကောင်းနေတယ်…”

သစ်ကုလားအုတ်အဝတ်ရုပ်လေးက ထိုအချိန်တွင် ဝင်ရောက်ပြောဆိုလာ၏။

“ဟေး၊ ဒီလိုလုပ်ရင်ကော… ငါတို့ ဒီသူလျှိုနှစ်ယောက်ကို သုံးပြီး နိုဗယ်နဲ့ ဓားစာခံချင်း လဲကြမယ်လေ၊ တိုက်ဂါး ဖမ်းခံထားရတာ တစ်ပတ်တောင် ရှိနေပြီ”

“ဒါပေမဲ့…”

အော့တီးမတ်စ် ပရိုင်းက လေးနက်သော လေသံဖြင့် ပြောလိုက်ပြီး ရှေ့နှစ်လှမ်းတိုးကာ ကစားသမားနှစ်ဦးကို ငုံ့ကြည့်လိုက်သည်။

“သူတို့ကို အခွင့်အရေးတစ်ခုလောက် ပေးဖို့တော့ ငါ စိတ်မရှိပါဘူး”

သူက နောက်လှည့်ခေါ်လိုက်သည်။

“မာရီယို”

ပလတ်စတစ် မာရီယိုရုပ်လေးတစ်ရုပ်က အရုပ်အုပ်စုထဲမှ ခုန်ထွက်လာပြီး ပြန်လည်ဖြေကြားလိုက်သည်။

“ရှိပါတယ် ဆရာ”

“သူတို့ကို နစ်တန်းဒိုး အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထဲ ထည့်လိုက်ပါ”

အော့တီးမတ်စ် ပရိုင်းက ပြောလိုက်သည်။

“ဒီညစစ်ဆင်ရေးကို သူတို့ကိုပဲ ဦးဆောင်ခွင့်ပေးလိုက်”

“ဟုတ်ကဲ့ပါ ဆရာ”

မာရီယိုက မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ပြတ်သားစွာ ပြန်လည်ဖြေကြားခဲ့သည်။

အော့တီးမတ်စ် ပရိုင်းက ဖုန်းပုကြွယ်အား နက်ရှိုင်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းတို့ကိုယ်မင်းတို့ သက်သေပြချင်တယ်ဆိုရင်တော့… ငါ စောင့်ကြည့်နေမှာပါ”

All Chapters