← Chapters

အခန်း ၉၅၁

Vol. 91 Ch. 951

အခန်း ၉၅၁

Vol. 91 Ch. 951

အခန်း (၉၅၁) - အိပ်မက်ကမ္ဘာကို မိတ်ဆက်ခြင်း၊ လူသားမျိုးနွယ်၏ ဒုတိယကမ္ဘာ၊ လူတိုင်းအဆင့်တက်ခြင်း (၃)

အိပ်မက်ကမ္ဘာအနေဖြင့် ဤအချက်ကို လုပ်ဆောင်နိုင်ခြင်းမှာ ‘အိပ်မက်ဝိညာဉ်ကူ’ မှ မရေတွက်နိုင်သော ကျင့်ကြံသူများ၏ မှတ်ဉာဏ်များကို ဝါးမျိုထားခြင်းနှင့် များစွာ ဆက်စပ်နေသောကြောင့်ပင် ဖြစ်၏။

ထိုကျင့်ကြံသူများ၏ ဝိညာဉ်မှတ်ဉာဏ်များသည် အိပ်မက်ပူဖောင်းများအဖြစ် ပြောင်းလဲဖြစ်တည်သွားကြသည်။

များစွာသော လူသားမျိုးနွယ် ကျင့်ကြံသူများသည် ထိုအိပ်မက်ပူဖောင်းများထဲသို့ ဝင်ရောက်နိုင်ကြပြီး ထိုကျင့်ကြံသူများ မြင်တွေ့ခဲ့ရသော ရှုခင်းများ၊ သိရှိခဲ့သော အရာများနှင့် ပြုလုပ်ခဲ့ဖူးသော ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိနိုင်ကြလေသည်။

ဥပမာအားဖြင့် အချို့သော ဆေးဖော်စပ်ပညာရှင်များ၏ မှတ်ဉာဏ်များသည် ဆေးဖော်စပ်ပညာရှင်များ ကျင့်ကြံလေ့ကျင့်သည့် ကမ္ဘာတစ်ခုအဖြစ် ဖြစ်တည်လာမည် ဖြစ်၏။

အစီအရင်ပညာရှင်များ၏ မှတ်ဉာဏ်များသည်လည်း အစီအရင်ပညာရှင်များ ကျင့်ကြံလေ့ကျင့်သည့် ကမ္ဘာတစ်ခုအဖြစ် ဖြစ်တည်လာမည်ပင်။

တိုက်ခိုက်ရေး၌ ကျွမ်းကျင်သော ကျင့်ကြံသူများ၏ မှတ်ဉာဏ်များဆိုပါက တိုက်ခိုက်ရေးကမ္ဘာများအဖြစ် ဆင့်ကဲပြောင်းလဲသွားမည် ဖြစ်ပေသည်။

ထိုကမ္ဘာထဲတွင် ရေတွက်၍မရနိုင်သော ရန်သူများ ပေါ်ထွက်လာမည် ဖြစ်လေသည်။

အမှန်စင်စစ်အားဖြင့် အိပ်မက်ဝိညာဉ်ကူသည် ဝိညာဉ်ကမ္ဘာရှိ ရေတွက်၍မရသော ကျင့်ကြံသူများ၏ ဝိညာဉ်မှတ်ဉာဏ်များကို အဆက်မပြတ် ဝါးမျိုလေလေ၊ အိပ်မက်ကမ္ဘာသည်လည်း ပိုမိုကြီးမားလာလေလေ ဖြစ်ပြီး ဆင့်ကဲပြောင်းလဲလာနိုင်မည့် အိပ်မက်ကမ္ဘာများမှာလည်း ပို၍များပြားလာမည်သာ ဖြစ်၏။

"ယောက်ျား... ကျွန်မတို့ကို အိပ်မက်ကမ္ဘာထဲ ဝင်ကြည့်ခွင့်ပေးပါလား..."

ဟွားစစ်ချင်က မစောင့်ဆိုင်းနိုင်တော့ဘဲ ပြောလိုက်၏။ သူမအနေဖြင့် အိပ်မက်ကမ္ဘာဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်းကို သိချင်နေခဲ့ချေပြီ။

"ကောင်းပြီလေ..."

ကျိုးစွေ့က စိတ်ဆန္ဒတစ်ချက်ဖြင့် လက်ညိုးကို ဖွဖွလေး ရွယ်လိုက်ကာ ‘အိပ်မက်ဝိညာဉ်ကူ’ ၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။ ထိုခဏ၌ပင် ဟွားစစ်ချင်၊ ပိုင်စုကျဲ့နှင့် ထောင်ချီလီတို့ သုံးယောက်၏ ဖြူဖွေးနူးညံ့နေသော လက်ခုံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အိပ်မက်ဆိုးအမှတ်အသားတစ်ခု ချက်ချင်း ပေါ်လာလေသည်။

ဤသည်မှာ သူတို့၏ လက်ပေါ်တွင် တံဆိပ်ရိုက်နှိပ်လိုက်သည်နှင့်ပင် တူနေ၏။

သူတို့သုံးယောက်လုံး လက်ခုံပေါ်တွင် ခပ်ဖျော့ဖျော့ အပူလောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဝုန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟွားစစ်ချင်၊ ပိုင်စုကျဲ့နှင့် ထောင်ချီလီတို့ သုံးယောက်က စိတ်ဆန္ဒတစ်ချက်ပြုလိုက်ကြရာ သူတို့၏ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းတစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏ နတ်ဘုရားအာရုံ တစ်စွန်းတစ်စသည် ထိုအထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားလေတော့သည်။

နောက်တစ်စက္ကန့်တွင် သူတို့၏ ဝိညာဉ်များသည် လေဟာနယ်နယ်မြေ တစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုလေဟာနယ်နယ်မြေ၏ ပတ်ပတ်လည်တွင်မူ အရောင်အသွေး စုံလင်လှသော အိပ်မက်ကမ္ဘာပူဖောင်းများ ပေါ်ထွက်နေ၏။

ထိုအထဲမှ အကြီးဆုံး ပူဖောင်းကြီးမှာ နေမင်းကြီး တစ်စင်းကဲ့သို့ ရွှေရောင်လင်းလက်နေလေသည်။

ထင်ရှားလှသည်မှာ ထိုအကြီးဆုံး ပူဖောင်းကြီးက ပင်မကမ္ဘာကြီးပင် ဖြစ်၏။

ကျန်ရှိနေသည်များမှာ လုပ်ဆောင်ချက်အမျိုးအစား ကမ္ဘာများသာ ဖြစ်ကြပေသည်။

ဝုန်း...

ဟွားစစ်ချင်၊ ပိုင်စုကျဲ့နှင့် ထောင်ချီလီတို့ သုံးယောက်သည် အများကြီး တွေးတောမနေတော့ဘဲ စိတ်ဆန္ဒတစ်ချက်ဖြင့် တိုင်ပင်ထားခြင်း မရှိဘဲ ပင်မကမ္ဘာထဲသို့ ပြိုင်တူ ဝင်ရောက်သွားကြလေသည်။

ရွှစ်...

နောက်တစ်စက္ကန့်တွင် သူတို့သည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်ရာ ရင်းနှီးနေသော ကျွန်းတစ်ကျွန်း၌ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။

ဤကျွန်းမှာ အခြားမဟုတ်ဘဲ ဖုန်းရှီးကျွန်းပင် ဖြစ်လေသည်။

ဖုန်းရှီးကျွန်းပေါ်တွင် မြို့တော်များစွာကို တည်ဆောက်ထားပြီး လူသားမျိုးနွယ်ကျင့်ကြံသူ မြောက်မြားစွာ ရှိနေသဖြင့် အလွန်စည်ကားနေကာ လူသံများ ဆူညံနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက်။

အိပ်မက်ကမ္ဘာ၏ သတင်းသည် ဟာရီကိန်းမုန်တိုင်း တစ်ခုကဲ့သို့ ဖုန်းရှီးကျွန်း၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့ချေပြီ။

တစ်ချိန်တည်းမှာပင် ဘီလီယံ (၁၀၀) ကျော်သော လူသားများကလည်း သိရှိသွားကြလေသည်။

ဤသည်က ကြီးမားလှသော အုတ်အော်သောင်းနင်းဖြစ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး တဆင့်စကား၊ တဆင့်နားဖြင့် လူတိုင်း သိရှိသွားကြသည့် အနေအထားပင် ဖြစ်၏။

"ကြားပြီးကြပြီလား... ဘိုးဘေးကျိုးက အိပ်မက်ကမ္ဘာလို့ အမည်ရတဲ့ လျှို့ဝှက်ရတနာတစ်ပါးကို ထုတ်ဖော်လိုက်တယ်တဲ့..."

"ကောလာဟလတွေအရတော့ အိပ်မက်ဆိုးအမှတ်အသားဆိုတဲ့ အရာကနေတစ်ဆင့် အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်နိုင်တယ်လို့ ဆိုကြတယ်..."

"ပြီးတော့ အဲဒီ အိပ်မက်ကမ္ဘာဆိုတာက ဝိညာဉ်ကမ္ဘာရဲ့ ဒုတိယကမ္ဘာကြီးလိုပဲတဲ့..."

"သေဆုံးသွားတာမျိုး မရှိတာကလွဲရင် အပြင်က လက်တွေ့ကမ္ဘာနဲ့ တစ်ပုံစံတည်း ထပ်တူကျနေတာပဲတဲ့..."

လူတစ်ဦးက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် သတင်းစကား ပါးလိုက်လေသည်။

ဤသတင်းသည် တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်သောင်းအထိ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

သတင်းပျံ့နှံ့မှု အမြန်နှုန်းမှာ ကူးစက်ရောဂါတစ်ခုကဲ့သို့ပင် နေရာစုံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

အခြေခံအားဖြင့် အိမ်တိုင်းစေ့လိုလိုပင် ဤကိစ္စကို ဆွေးနွေးပြောဆိုနေကြလေသည်။

"ဝိညာဉ်ကမ္ဘာရဲ့ ဒုတိယကမ္ဘာ ဟုတ်လား..."

"မဖြစ်နိုင်တာ... လောကကြီးမှာ အဲဒီလို လျှို့ဝှက်ရတနာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး..."

"ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ဘာဖြစ်လဲ..."

"လက်တွေ့ကမ္ဘာကြီးကတင် ငါ့ကို နှိပ်စက်နေတာ လုံလောက်နေပြီ... တစ်ပုံစံတည်းတူတဲ့ တခြားကမ္ဘာတစ်ခုကို ထပ်သွားမယ်ဆိုရင် အနှိပ်စက်ခံဖို့ သက်သက်သွားသလို ဖြစ်မနေဘူးလား..."

လူအများစုက အိပ်မက်ကမ္ဘာသည် အလွန် အံ့မခန်းဖြစ်သော်လည်း များစွာ အဓိပ္ပာယ်ရှိမည်ဟု မခံစားရချေ။

သူတို့သည် လက်တွေ့ကမ္ဘာထဲတွင်ပင် ရှင်သန်ရန် ရုန်းကန်နေရသည်ဖြစ်ရာ တစ်ပုံစံတည်း တူညီနေသော အခြားကမ္ဘာတစ်ခုသို့ သွားရောက်ရန် လုံးဝ မလိုအပ်ပေ။

အိပ်မက်ကမ္ဘာမှာ အံ့မခန်းဖြစ်သည်က အမှန်ပင်။ သို့ရာတွင် သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူး မရှိပါက ဘာမျှ ထူးခြားမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ကျင့်ကြံသူများ၏ လောကကြီးထဲတွင် မည်သည့်အရာက မထူးခြားဘဲ နေမည်နည်း။ အားလုံးက ရိုးအီနေကြပြီ ဖြစ်သည်။

"မဟုတ်ဘူး... ဒီလောက်လေးနဲ့တင်ဆိုရင် ဘိုးဘေးကျိုးက ဘာလို့များ ဒီရတနာကို ထုတ်ပြလာမှာလဲ..."

"ကြားရသလောက်တော့ အိပ်မက်ကမ္ဘာထဲ ဝင်သွားပြီးရင် ဝိညာဉ်ကမ္ဘာက မျိုးနွယ်စုသက်ရှိတွေနဲ့ ပုံတူကူး တိုက်ပွဲတွေ ဆင်နွှဲနိုင်ပြီး အပြန်အလှန် သတ်ဖြတ်နိုင်တယ်တဲ့..."

"ပြီးတော့ သေသွားရင်တောင် တကယ် သေတာမဟုတ်ဘူးတဲ့..."

"ဘိုးဘေး ဒီရတနာကို ထုတ်ပေးရတဲ့ အကြောင်းရင်းက ငါတို့အတွက် တိုက်ပွဲ အတွေ့အကြုံတွေ စုဆောင်းနိုင်အောင်နဲ့ တခြားမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်ရေး ပုံစံတွေကို ရင်းနှီးကျွမ်းဝင်လာအောင် လုပ်ပေးတာပဲ..."

"ဒီလိုဆိုရင် အရင်က လက်တွေ့ကမ္ဘာမှာ ငါတို့ ဘယ်လိုတိုက်ပွဲမျိုးကိုမှ မကြုံခဲ့ဖူးရင်တောင် အိပ်မက်ကမ္ဘာထဲမှာ လုံလောက်တဲ့ တိုက်ပွဲ အတွေ့အကြုံတွေကို စုဆောင်းနိုင်ပြီလေ... ဒါဆို တခြားမျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါတို့အတွက် အနိုင်ရနိုင်ခြေ ပိုများသွားမှာပေါ့..."

ကျင့်ကြံသူတစ်ယောက်က လေသံကိုနှိမ့်ကာ ပြောလိုက်လေသည်။ သူက အိပ်မက်ကမ္ဘာ၏ အကျိုးကျေးဇူးတစ်ခုကို ထုတ်ပြောလိုက်ခြင်းပင်။

၎င်းမှာ တိုက်ပွဲအတွေ့အကြုံများကို စုဆောင်းနိုင်ခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အခြားသော မျိုးနွယ်စုများမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်ကာ ၎င်းတို့၏ တိုက်ခိုက်ရေးပုံစံများကို ရင်းနှီးကျွမ်းဝင်လာစေခြင်းပင် ဖြစ်၏။

အချိန်များ ကြာလာသည်နှင့်အမျှ လူသားမျိုးနွယ် ကျင့်ကြံသူတိုင်းလိုလိုပင် တိုက်ပွဲပေါင်း များစွာကို ဆင်နွှဲဖူးသူများ ဖြစ်လာကြမည်ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသော ကျင့်ကြံသူများအဖြစ် ပြောင်းလဲသွားကြ‌ပေမည်။

"မဖြစ်နိုင်တာ... ပုံတူကူးတိုက်ပွဲတွေ ဆင်နွှဲလို့ရတယ် ဟုတ်လား..."

ဤစကားကို ကြားလိုက်ရချိန်တွင် များစွာသော ကျင့်ကြံသူများ၏ မျက်လုံးများက အရောင်လက်သွားကြပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် တိုက်ပွဲအတွေ့အကြုံက မည်မျှ အရေးကြီးကြောင်းကို အလွန် ရှင်းလင်းစွာ သိရှိထားသောကြောင့်ပင် ဖြစ်၏။

မှော်ရတနာများစွာကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားစွမ်းရည် မန္တန်များကို တတ်မြောက်ထားသည့်တိုင် အရေးကြီးသည့် အချိန်တွင် ထုတ်သုံးနိုင်မည်၊ မသုံးနိုင်မည်မှာ အခြားကိစ္စတစ်ခု ဖြစ်လေသည်။

အစစ်အမှန်ပညာရှင်များ ဆိုသည်မှာ များသောအားဖြင့် ရန်သူများကို မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်ဖြတ်နိုင်သူများ ဖြစ်ကြသည်။

သို့သော် ဤကဲ့သို့သော တိုက်ပွဲအတွေ့အကြုံမျိုးမှာ လွယ်လွယ်ကူကူ ရရှိနိုင်သည့်အရာမျိုး မဟုတ်ပေ။

များသောအားဖြင့် သေခြင်းနှင့် ရှင်ခြင်းကြားတွင် အကြိမ်ကြိမ် လူးလှိမ့်ရုန်းကန်ရပြီးမှသာ တိုက်ပွဲပေါင်း များစွာကို ဖြတ်သန်းဖူးသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ခြင်းပင်။

ပြဿနာမှာ ဤသို့ ပြုလုပ်မည်ဆိုပါက သေဆုံးဒဏ်ရာရမည့် ကျင့်ကြံသူ အရေအတွက်မှာ အလွန်များပြားလွန်းနေခြင်းပင် ဖြစ်၏။

စွမ်းအားကြီးမားသူတစ်ယောက် ပေါ်ထွက်လာစေရန်အတွက် ကျင့်ကြံသူမည်မျှ အသေခံရမည်ကိုပင် မသိနိုင်တော့ချေ။

သို့ရာတွင် ယခုအခါ၌ မတူညီတော့ပေ။ အိပ်မက်ကမ္ဘာ ပေါ်ထွက်လာခြင်းကြောင့် သူတို့သည် အိပ်မက်ကမ္ဘာထဲတွင် ပုံရိပ်ယောင် တိုက်ပွဲများကို ဆင်နွှဲနိုင်ကြပြီး ရန်သူ၏ တိုက်ခိုက်ရေးပုံစံများကို လေ့လာနိုင်မည်ဖြစ်ကာ တစ်ချိန်တည်းမှာပင် မိမိတို့၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုများကိုလည်း ပိုင်နိုင်လာမည် ဖြစ်သည်။

ဤသည်က ကျင့်ကြံသူများ တိုက်ပွဲအတွေ့အကြုံ စုဆောင်းရာတွင် အလွန်တရာ ကြီးမားလှသော အကူအညီတစ်ခု ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် အိပ်မက်ကမ္ဘာထဲတွင် တိုက်ခိုက်ပါက သေဆုံးမည် မဟုတ်သောကြောင့်ပင်။

လက်တွေ့ကမ္ဘာကဲ့သို့ သေခြင်းရှင်းခြင်းကြားမှ ဖိအားမျိုး မရှိလျှင်ပင် အနည်းဆုံးအနေဖြင့် သူတို့၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်၏။

ဤကဲ့သို့သော အကျိုးကျေးဇူးမျိုးမှာ သဘာဝကျကျပင် ပြောရန်မလိုလောက်အောင် ရှင်းလင်းနေသည်။

ပုံမှန်အချိန်များတွင် ဆင်နွှဲရသော သာမန်တိုက်ပွဲများနှင့် ယှဉ်လိုက်ပါက အဆပေါင်းများစွာ ပိုမိုကောင်းမွန်လှပေသည်။

"ဟုတ်တယ်... တကယ်တော့ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတွေနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အများအပြား ဝင်ကြည့်ပြီးသွားကြပြီ..."

"ပုံတူကူးတိုက်ပွဲတွေ တကယ် ဆင်နွှဲလို့ရတယ်... တကယ် မသေဆုံးနိုင်တာကလွဲရင် အားလုံးနီးပါးက ရာခိုင်နှုန်းပြည့် ပုံတူကူးထားတာပဲ..."

"အိပ်မက်ကမ္ဘာထဲမှာ မင်းက ရုပ်သေးမျိုးနွယ်စု၊ မြွေပျံမျိုးနွယ်စုတွေက ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နိုင်ရုံတင် မကဘူး... သွေးလမင်းမျိုးနွယ်စု၊ ငွေဝံပုလွေမျိုးနွယ်စု၊ ထျန်းဖန်မျိုးနွယ်စု၊ ခြင်နက်မျိုးနွယ်စု၊ အဆိပ်ကျီးကန်းမျိုးနွယ်စု စတဲ့ မဟာမျိုးနွယ်စုတွေနဲ့လည်း တိုက်ခိုက်နိုင်တယ်..."

"ဒီထက်ပိုပြီးတော့ အမျိုးအစားစုံလင်တဲ့ ရှေးဟောင်းသားရဲတွေနဲ့လည်း တိုက်ပွဲဆင်နွှဲလို့ ရသေးတယ်..."

All Chapters