အခန်း ၉၅၄
Vol. 91 Ch. 954
အခန်း (၉၅၄) - အိပ်မက်ကမ္ဘာကို မိတ်ဆက်ခြင်း၊ လူသားမျိုးနွယ်၏ ဒုတိယကမ္ဘာ၊ လူတိုင်းအဆင့်တက်ခြင်း (၆)
"ဒုတိယအကျိုးကျေးဇူးကတော့ အဆင့်မြင့်ကျင့်ကြံသူတွေကလည်း ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ကို လုယူနိုင်မှာ မဟုတ်ဘူး..."
"အိပ်မက်ဆိုးအမှတ်အသားရဲ့ အကာအကွယ်အောက်မှာ ခင်ဗျားတို့ရဲ့ ဝိညာဉ်ကာကွယ်မှုက အရမ်းကို အစွမ်းထက်တယ်..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးက အသံကိုနှိမ့်ကာ ပြောလိုက်သည်။
သူသည် လူအများကို ကြည့်ကာ အိပ်မက်ဆိုးအမှတ်အသား ရရှိခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိခြင်းသာဖြစ်ပြီး ဆိုးရွားသော ကိစ္စရပ်တစ်ခု မဟုတ်ကြောင်း ဖော်ပြလိုက်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ဝိညာဉ်ကာကွယ်ရေးမန္တန်တစ်ခု ရရှိလိုက်ခြင်းနှင့်ပင် တူညီနေလေသည်။
"ဒီလိုအကျိုးကျေးဇူးမျိုးလည်း ရှိတာလား..."
ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းမှာ ချက်ချင်းပင် ဝမ်းသာသွားကြလေသည်။
အကယ်၍ ဤသို့သာဆိုလျှင် ၎င်းတို့အနေဖြင့် မျိုးစုံသော ဝိညာဉ်ရေးရာမန္တန်များကို ကာကွယ်နိုင်မည် ဖြစ်သည်။
အထူးသဖြင့် ရန်သူများ၏ ခန္ဓာကိုယ်လုယူခြင်းကို တားဆီးနိုင်ခြင်းက လူသားကျင့်ကြံသူတိုင်းအတွက် အလွန်တရာ လုံခြုံစိတ်ချရပေသည်။
မည်သူမဆို အဆင့်မြင့်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်လုယူခံရမည်ကို စိုးရိမ်ကြသည်သာ ဖြစ်၏။ ထိုအချိန်ရောက်လျှင် မိမိ၏ တစ်သက်တာ စုဆောင်းထားမှုများအားလုံးသည် အခြားသော အဆင့်မြင့်ကျင့်ကြံသူများ၏ ပိုင်ဆိုင်မှု ဖြစ်သွားပေလိမ့်မည်။
ဥပမာအားဖြင့် ရုပ်သေးမျိုးနွယ်စုကဲ့သို့ ဖြစ်လေသည်။
၎င်းတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်လုယူခြင်း စွမ်းရည်ကို အားကိုး၍သာ လူသားကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို ထင်တိုင်းကြဲ လုယူနိုင်ကြပြီး လူသားမျိုးနွယ်ကြားတွင် ပုန်းကွယ်နေနိုင်ကြခြင်း ဖြစ်၏။ လူသားမျိုးနွယ်မှ အထက်ပိုင်းကျင့်ကြံသူများပင်လျှင် ၎င်းတို့ တည်ရှိနေခြင်းကို မသိရှိနိုင်ကြပေ။
သို့သော် ယခုအခါ အိပ်မက်ဆိုးအမှတ်အသား၏ အကာအကွယ် ရှိလာသောကြောင့် ရုပ်သေးမျိုးနွယ်စု၏ စွမ်းရည်သည် လုံးဝ အသုံးမဝင်တော့သည်နှင့် တူညီသွားခဲ့ချေပြီ။
ယနေ့မှစ၍ မည်သည့် ရုပ်သေးမျိုးနွယ်စုကမျှ လူသားကျင့်ကြံသူများကို ခန္ဓာကိုယ်လုယူ ထိန်းချုပ်နိုင်မည် မဟုတ်တော့ပေ။
အတင်းအကျပ် ထိန်းချုပ်ရန် ကြိုးစားလျှင်ပင် တစ်ဖက်လူ၏ ဝိညာဉ်ပြိုကွဲကာ သေဆုံးသွားရမည်သာ ဖြစ်သည်။
ဤသည်မှာ ရုပ်သေးမျိုးနွယ်စု၏ အကြီးမားဆုံးသော စွမ်းရည်ကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့်ပင် ညီမျှလေသည်။
ထိုအရာမှ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို တွေးကြည့်ရုံမျှဖြင့်ပင် သိရှိနိုင်ပေသည်။
"ဒါ့အပြင် အိပ်မက်ဆိုးအမှတ်အသားက ရန်သူနဲ့ မိတ်ဆွေကို ခွဲခြားပေးနိုင်တဲ့ စွမ်းအားတစ်မျိုးလည်း ဖြစ်လာနိုင်တယ်..."
"အကယ်လို့ ပြင်ပကလူတွေ ဖုန်းရှီးကျွန်းထဲကို ဝင်ရောက်လာပြီး တစ်ချိန်တည်းမှာ လူသားပုံစံ ပြောင်းလဲထားမယ် ဆိုပါစို့..."
"ဒါပေမဲ့ အိပ်မက်ဆိုးအမှတ်အသား မရှိဘူးဆိုတာနဲ့ ရန်သူပဲ ဖြစ်ရမယ်..."
"ရန်သူတွေက ဖုန်းရှီးကျွန်းထဲကို အသံတိတ် ခိုးဝင်ချင်နေတာက အချည်းနှီးသက်သက် စိတ်ကူးယဉ်နေတာပဲ..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးက ခပ်စစပြုံးလိုက်ကာ အိပ်မက်ဆိုးအမှတ်အသား ပေါ်လာပြီးနောက် ရရှိလာမည့် မျိုးစုံသော အကျိုးကျေးဇူးများကို ရှင်းပြလိုက်သည်။
အမှန်စင်စစ်အားဖြင့် ဤအရာက လူသားမျိုးနွယ်၏ အုပ်ချုပ်မှုကို ပိုမိုအားကောင်းလာစေမည် ဖြစ်၏။
ထိုမှတစ်ဆင့် လူသားမျိုးနွယ်ကို ပိုမို သွေးစည်းညီညွတ်လာစေပေမည်။ သစ္စာဖောက်များ ပေါ်လာမည်ကိုလည်း ထပ်မံ၍ စိုးရိမ်နေရန် မလိုအပ်တော့ပေ။
သစ္စာဖောက် ဖြစ်ချင်လျှင်ပင် အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စရပ်သာ ဖြစ်ပေသည်။
"ဒါ့အပြင် အိပ်မက်ဆိုးအမှတ်အသားတိုင်းမှာ သီးသန့်နံပါတ်တစ်ခုစီ ပါရှိမယ်..."
"ဒီနံပါတ်ကတစ်ဆင့် တခြားလူတွေကိုလည်း မိတ်ဆွေအဖြစ် ထည့်သွင်းနိုင်တယ်..."
"ဒီလိုဆိုရင်တော့ ကျုပ်တို့အနေနဲ့ အိပ်မက်ကမ္ဘာကတစ်ဆင့် သတင်းအချက်အလက်တွေကို ပေးပို့နိုင်ပြီပေါ့..."
"ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ သတင်းအချက်အလက်တွေက ချက်ချင်းရောက်ရှိသွားနိုင်ပြီး ဆက်သွယ်ရေးကိရိယာတွေ၊ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့တွေထက် ဘယ်လောက်တောင် ပိုမြန်လဲဆိုတာ မသိနိုင်တော့ဘူး..."
နောက်ထပ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးက အိပ်မက်ဆိုးအမှတ်အသား၏ အကျိုးကျေးဇူးအမျိုးမျိုးကို ပြောဆိုနေကာ ဆက်သွယ်ရေးစွမ်းရည်မှာလည်း အလွန်တရာ အားကောင်းလှပေသည်။
အိပ်မက်ဆိုးအမှတ်အသား ရှိလာပြီးနောက် ယခင်က ဆက်သွယ်ရေးကိရိယာများကို အခြေခံအားဖြင့် လွှင့်ပစ်နိုင်ပြီ ဖြစ်၏။
ဆိုရလျှင် ဤသည်က တကယ်ကို ကြီးမားလှသော တော်လှန်ရေးအပြောင်းအလဲ တစ်ရပ်ပင် ဖြစ်လေသည်။
"ဒီလိုမှတော့ ကျုပ်တို့လည်း အိပ်မက်ကမ္ဘာထဲ ဝင်ကြည့်ကြတာပေါ့..."
လူသားကျင့်ကြံသူ အများအပြားမှာ အလွန်တရာ စိတ်လှုပ်ရှားနေကြပြီး ၎င်းတို့သည် အိပ်မက်ကမ္ဘာသို့ ဝင်ရောက်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
ဖုန်းရှီးကျွန်း၏ နေရာအနှံ့အပြားရှိ လူသားကျင့်ကြံသူ အများအပြားသည် အိပ်မက်ကမ္ဘာသို့ ဝင်ရောက်ကာ ဤလုံးဝအသစ်စက်စက် နေရာကို စတင် စူးစမ်းရှာဖွေလာကြလေသည်။
...
ယခုအချိန်တွင် အမှတ် (၈၈) တာအိုကျောင်းတော်ရှိ ဂူအိမ်တော်တစ်ခု၌။
ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေချေသည်။ ယခုအခါ သူသည် 'အိပ်မက်ဝိညာဉ်ကူ' နှင့် ဆက်သွယ်လိုက်ပြီး ၎င်း၏ မျိုးစုံသော အပြောင်းအလဲများကို ခံစားလိုက်ရသည်။
ရုတ်တရက်ဆိုသလိုပင် လူသားကျင့်ကြံသူ ဘီလီယံတစ်ရာကျော်သည် အိပ်မက်ဆိုးအမှတ်အသားနှင့် ပေါင်းစပ်သွားကြသည်။
ဤသည်က 'အိပ်မက်ဝိညာဉ်ကူ' အား ကြီးမားလှသော ဝိညာဉ်စွမ်းအင်တစ်ခုကို ချက်ချင်းရရှိစေခဲ့ပြီး များပြားလှသည့် အကျိုးကျေးဇူးများကို ရုတ်တရက် ရရှိစေခဲ့လေသည်။
၎င်း၏ ကိုယ်တွင်းရှိ အိပ်မက်ကမ္ဘာ လေဟာနယ်မှာလည်း လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။
ကျင့်ကြံမှုအဆင့်မှာလည်း ဆတိုးကိန်းပမာ တိုးတက်လာခဲ့လေသည်။
ဝုန်း...
အိပ်မက်ကမ္ဘာသည်လည်း လျင်မြန်စွာ ကျယ်ပြန့်လာပြီး ကီလိုမီတာ ဘီလီယံဆယ်ဂဏန်းခန့်ရှိသော ပင်လယ်နယ်မြေကို လွှမ်းခြုံသွားသည်ကို မြင်တွေ့လိုက်ရ၏။
ထို့နောက် အိပ်မက်ကမ္ဘာ လွှမ်းခြုံထားသော နယ်မြေအတွင်းရှိ သေဆုံးသွားသော ဝိညာဉ်များသည်လည်း ပူပေါင်းလေးများအဖြစ် ပြောင်းလဲသွားကာ အိပ်မက်ကမ္ဘာအတွင်းသို့ ချက်ချင်းဝင်ရောက်သွားကြပြီး 'အိပ်မက်ဝိညာဉ်ကူ' ကိုယ်တွင်းအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့လေသည်။
၎င်းနောက် ဤဝိညာဉ်မှတ်ဉာဏ်များသည်လည်း အိပ်မက်ကမ္ဘာများအဖြစ် ပြောင်းလဲသွားကြ၏။
ဤသည်က အဓိကကမ္ဘာရှိ အိပ်မက်ကမ္ဘာကို ပိုမိုကျယ်ပြန့်လာစေခဲ့ပြီး ကျွန်းများကို တစ်ခုပြီးတစ်ခု မွေးဖွားလာစေကာ ဤအိပ်မက်ကမ္ဘာသည် ခွန်ဖန်ပင်လယ်ပြင်ကို ထင်ဟပ်နေသည့်အလားပင် ဖြစ်လေသည်။
"မဆိုးဘူး၊ မဆိုးဘူး။ ဒီတိုင်း ဆက်ပြီး ကျယ်ပြန့်သွားမယ်ဆိုရင် မကြာခင်မှာ ကြယ်ကွဲပင်လယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်တော့မှာပဲ..."
ကျိုးစွေ့က မျက်လုံးများ ဖွင့်လိုက်ရာ ဆန်းကြယ်သော အလင်းရောင်တစ်ချက် ထွက်ပေါ်လာခဲ့သည်။
သူသည်လည်း အလွန်တရာ စိတ်လှုပ်ရှားနေလေသည်။
မှန်ပေသည်၊ အိပ်မက်ကမ္ဘာ၏ ကျယ်ပြန့်လာမှုသည် 'အိပ်မက်ဝိညာဉ်ကူ' အတွက် အကျိုးကျေးဇူးများစွာ ရှိသည်ဟု ဆိုနိုင်ပေသည်။
လုံလောက်သော ဝိညာဉ်များကို ဝါးမျိုနိုင်သရွေ့ အချိန်များစွာ မကြာခင်မှာပင် အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားသည် ပိုမိုတိုးတက်လာမည်မှာ သေချာလှ၏။
ထို့နောက် မဟာယာနအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။
သတ္တမအဆင့်သို့ တက်လှမ်းပြီးနောက် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားသည် အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့ချေပြီ။
ယခင်ကထက် ကြီးမားလှသော ကွာဟချက်ကို ဖန်တီးနိုင်ခဲ့လေသည်။
"ဒါပေမဲ့ အရေးကြီးဆုံးက ဝိညာဉ်လောကဘက်က အိပ်မက်ကမ္ဘာ မဟုတ်ဘဲ ရွှမ်ဟွမ်ကမ္ဘာရဲ့ အိပ်မက်ကမ္ဘာပဲ..."
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
မှန်ပေသည်၊ ရွှမ်ဟွမ်ကမ္ဘာသည်သာ သူ၏ စစ်မှန်သော အိမ်ကွင်းဖြစ်ပေသည်။ သူသည် ရွှမ်ဟွမ်ကမ္ဘာတွင် တားဆီး၍မရသော တကယ့်အရှင်သခင်တစ်ပါး ဖြစ်သဖြင့် အိပ်မက်ကမ္ဘာ တည်ရှိမှုကို ထုတ်ဖော်မိစေကာမူ မည်သူကမျှ သူ့ကို ရန်စဝံ့မည် မဟုတ်ပေ။
ထို့ကြောင့် အိပ်မက်ကမ္ဘာသည် ရွှမ်ဟွမ်ကမ္ဘာအတွင်း မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာမလိုဘဲ အတားအဆီးမဲ့စွာ ချဲ့ထွင်နိုင်လေသည်။
ယခင်က ကျိုးစွေ့သည် ရွှမ်ဟွမ်ကမ္ဘာတွင် ‘အိပ်မက်ဝိညာဉ်ကူ’၏ ကိုယ်ပွားတစ်ခုကို ထားရစ်ခဲ့ဖူး၏။
‘အိပ်မက်ဝိညာဉ်ကူ’သည် သတ္တမအဆင့်သို့ တက်လှမ်းသွားသည်နှင့်အမျှ ဤကိုယ်ပွား၏ စွမ်းအားကလည်း လိုက်လျောညီထွေစွာ တိုးတက်လာခဲ့ချေပြီ။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်း ရွှမ်ဟွမ်ကမ္ဘာရှိ ‘အိပ်မက်ဝိညာဉ်ကူ’ကိုယ်ပွားသည် ၎င်း၏စွမ်းအားများကို စတင်ထုတ်လွှတ်လိုက်ပြီး အိပ်မက်ကမ္ဘာ၏ စွမ်းအားများသည် အံ့ဩဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ရွှမ်ဟွမ်ကမ္ဘာ၏ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်ကို သူ ခံစားလိုက်ရ၏။
အနည်းဆုံး နှစ်ပေါင်း ရာဂဏန်းမျှသာ လိုအပ်မည်ဖြစ်ပြီး ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားသည် ရွှမ်ဟွမ်ကမ္ဘာ၏ ထောင့်နေရာတိုင်းကို လွှမ်းခြုံသွားနိုင်လိမ့်မည်ဟု ခန့်မှန်းရပေသည်။
ဤသို့ဆိုလျှင် ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားသည် ရွှမ်ဟွမ်ကမ္ဘာ၏ အနယ်နယ်အရပ်ရပ်သို့ သက်ရောက်နိုင်မည် ဖြစ်၏။ ဤသည်က ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားကို ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းစေနိုင်ခြေ အလွန်များလေသည်။
'ဟုတ်သားပဲ... ရွှမ်ဟွမ်ကမ္ဘာမှာရှိတဲ့ တာအိုလက်တွဲဖော်တွေကို ဆက်သွယ်ပြီး သူတို့ကို ဒီကိစ္စကူပြီး ဖြန့်ဝေခိုင်းရမယ်...'
ကျိုးစွေ့၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာပြီး ရွှမ်ဟွမ်ကမ္ဘာရှိ သူ၏ တာအိုလက်တွဲဖော်များကို ချက်ချင်း ဆက်သွယ်လိုက်တော့သည်။
...
တစ်ချိန်တည်းမှာပင် ရွှမ်ဟွမ်ကမ္ဘာ၏ ရွှမ်ဟွမ်တောင်ထွတ်တွင်။
ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီ၊ လင်းယာကျူ၊ ရှန်ပိချန်၊ သခင်မမက်မွန်ပွင့်၊ ချွန်းထောင်၊ ရှာထောင်၊ ချိုးထောင်၊ ဒေါင်းထောင်၊ ချန်ဇီယွမ်၊ ချူတျဲယီ၊ ချိုးရူယွီ၊ ရှရွှေယန်၊ ယဲ့ဖေးရို့ စသည့် တာအိုလက်တွဲဖော်များသည် ရွှမ်ဟွမ်တောင်ထွတ်တွင် စုဝေးနေကြလေသည်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြပြီးနောက် သူတို့သည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းသို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်၏။ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့ပေသည်။
ဤမျှ မြန်ဆန်စွာ တိုးတက်ရခြင်းမှာ ရွှမ်ဟွမ်ဂိုဏ်းသည် ပဉ္စမအဆင့် စိတ်ဝိညာဉ်ဆေးပင်များသာမက ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်ဆေးပင် အမြောက်အမြားကိုပါ ပျိုးထောင်နိုင်သောကြောင့် ဖြစ်ပြီး သတ္တမအဆင့် စိတ်ဝိညာဉ်အကြော၏ အကူအညီလည်း ပါဝင်ပေသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံမှုနှုန်းမှာ အံ့မခန်း မြန်ဆန်နေခြင်း ဖြစ်၏။