← Chapters

အခန်း ၉၅၆

Vol. 91 Ch. 956

အခန်း ၉၅၆

Vol. 91 Ch. 956

အခန်း (၉၅၆) - ရွှမ်ဟွမ်ကမ္ဘာ၏ အိပ်မက်ကမ္ဘာ၊ စစ်ယွီရှီးအား ဇနီးအဖြစ် လက်ထပ်ခြင်းနှင့် ဆန်မှ ထမင်းဖြစ်သွားခြင်း (၂)

"ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးက အခု လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီလို့ ကျုပ် ကြားထားတယ်... ဆရာ အရင် ဝိညာဉ်လောကမှာ ရှိနေတုန်းကလည်း ဒီအဆင့်လောက်ပဲ ရှိတာမလား... ဘာဖြစ်လို့ ဂိုဏ်းချုပ်ကြီးရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက ဒီလောက်တောင် မြန်နေရတာလဲ...”

“ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ကြီးက အခုမှ အသက် တစ်ထောင်တစ်ရာပဲ ရှိသေးတာလေ... လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတွေနဲ့ ယှဉ်ကြည့်ရင် ဒီလောက်အသက်အရွယ်ဆိုတာ လူငယ်လေးပဲ ရှိသေးတာမလား..."

စုန့်ဖျင်အန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ပါးစပ်ပိတ်ထားစမ်း... အဲဒီကောင်က မကောင်းဆိုးဝါးကောင်ပဲ... ဘယ်သူကများ သူနဲ့ သွားယှဉ်နိုင်မှာလဲ... အမှန်အတိုင်းပြောရရင် နောက်ထပ် နှစ်ရာပေါင်းများစွာ ကြာတဲ့အခါ ဒီကောင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်သွားရင်တောင် ငါ အံ့ဩမှာ မဟုတ်ဘူး..."

ထိုစကားကို ကြားသောအခါ အရက်တာအိုအရှင်က မကြည်မသာဖြင့် ပြောလိုက်လေသည်။

ရွှမ်ဟွမ်ကမ္ဘာသို့ စတင်ရောက်ရှိလာချိန်က သူသည် အနည်းငယ် ဘဝင်မြင့်နေခဲ့သေး၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်လောကမှ ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးလည်း ဖြစ်သောကြောင့်ပင်။

အမြင်ကျယ်မှုဖြစ်စေ၊ ကျင့်ကြံမှုအဆင့်ဖြစ်စေ ဤကမ္ဘာရှိ ကျင့်ကြံသူအားလုံးအထက်တွင် ရှိနေပြီး လုံးဝကို ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရွှမ်ဟွမ်ဘိုးဘေးနှင့် တွေ့ဆုံပြီးနောက် သူ၏မာနများ တစ်စစီ ကျိုးကြေသွားခဲ့ရချေပြီ။

ထို့အပြင် တိုတောင်းလှသော နှစ်ရာပေါင်းများစွာ အချိန်အတွင်း ဤရွှမ်ဟွမ်ဘိုးဘေးသည် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် အမှန်တကယ်ပင် များစွာမဝေးကွာတော့ပေ။

ထိုအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် အလွန်များပြားနေဆဲဖြစ်လေသည်။

သူကဲ့သို့ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ဦးအနေဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်မှာ တစ်သောင်းပုံတစ်ပုံပင် မရှိချေ။

ထို့ကြောင့် သူ့တွင် ဘဝင်မြင့်စရာ ဘာမှမရှိတော့ဘဲ ယခုအခါ အလုပ်သင်တစ်ဦးကဲ့သို့ ဤကမ္ဘာတွင် သေချာစွာ လေ့လာကျင့်ကြံရန် စတင်နေပြီ ဖြစ်လေသည်။

"အမှန်ပါပဲ... ဂိုဏ်းချုပ်ကြီးရဲ့ ကျင့်ကြံမှုအဆင့်က မှန်းဆလို့မရအောင် နက်ရှိုင်းလွန်းနေပြီ... ပြီးတော့ ဂိုဏ်းချုပ်ကြီးရဲ့ ကျင့်ကြံမှုက ပိုမြင့်လာလေလေ... ကျုပ်တို့အတွက် အကျိုးကျေးဇူးက ပိုကြီးမားလာလေလေပဲ... ဒါမှသာ ကျုပ်တို့က ဂိုဏ်းချုပ်ကြီးရဲ့နောက်ကို လိုက်ပြီး အကျိုးကျေးဇူး ပိုများများ ရနိုင်မှာလေ...”

“သိသာထင်ရှားတာက အပင်ကြီးလေ အရိပ်ပိုရလေဆိုတဲ့ သဘောပါပဲ... ဒီတစ်ကြိမ်မှာ ဂိုဏ်းချုပ်ကြီးက အိပ်မက်ကမ္ဘာဆိုတဲ့ အမြင့်ဆုံးရတနာတစ်ခုကိုလည်း ထုတ်ယူလာတယ်လို့ ကြားရတယ်... ကျင့်ကြံသူတိုင်းက အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်နိုင်ပြီးတော့ ပုံရိပ်ယောင်တိုက်ပွဲတွေ၊ ပုံရိပ်ယောင်လေ့လာမှုတွေနဲ့ ပုံရိပ်ယောင်ကျင့်ကြံမှုတွေကို လုပ်ဆောင်နိုင်တယ်တဲ့...”

“ဒါက လုံးဝကို ပြိုင်ဘက်ကင်းတဲ့ အထောက်အကူပြု လျှို့ဝှက်ရတနာတစ်ခုပဲ... ဒါကို အင်မော်တယ်ရတနာလို့ ပြောရင်တောင် ကျုပ် နည်းနည်းလေးမှ အံ့ဩမိမှာ မဟုတ်ဘူး..."

စုန့်ဖျင်အန်းက လွန်စွာ ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်၏။

အိပ်မက်ကမ္ဘာနှင့် ပတ်သက်သော သတင်းကို သိရှိပြီးနောက် သူသည် ချက်ချင်းပင် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လျှို့ဝှက်ရတနာသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ကြီးမားသော အကူအညီဖြစ်ရုံသာမက အဆင့်မြင့်ကျင့်ကြံသူများအတွက်လည်း ထိုနည်းတူပင် ဖြစ်သောကြောင့်ပင်။

ဤအရာသည် ကျင့်ကြံသူမြောက်မြားစွာ၏ အဆင့်အတန်းကို ကြီးမားစွာ မြှင့်တင်ပေးနိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

"ဒါက အင်မော်တယ်ရတနာတစ်ခုဆိုတာ သံသယဖြစ်စရာကို မလိုဘူး... ရွှမ်ဟွမ်ဘိုးဘေးက အင်မော်တယ်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို ရရှိခဲ့ဖူးတယ်ဆို... ဒီအိပ်မက်ကမ္ဘာဆိုတာလည်း သူရရှိခဲ့တဲ့ အင်မော်တယ်တွေဆီက မှော်ရတနာ ဖြစ်ကောင်းဖြစ်နိုင်တယ်...”

“အခုမှ တကယ်ထုတ်သုံးတာ ဖြစ်နိုင်တယ်... ရွှမ်ဟွမ်ကမ္ဘာက ကျင့်ကြံသူတွေကို တကယ် အားကျမိတယ်... အကယ်လို့ ဒီကမ္ဘာမှာ ကျင့်ကြံခွင့်ရမယ်ဆိုရင် တာအိုကိုနားလည်ပြီး အင်မော်တယ်ဖြစ်လာဖို့ မျှော်လင့်ချက်က ဆယ်ရာခိုင်နှုန်းတောင် ပိုလာမှာပဲ... ဒီကမ္ဘာက လူသားမျိုးနွယ် ကျင့်ကြံသူတွေက အရမ်းကို ကံကောင်းလွန်းတယ်..."

အရက်တာအိုအရှင်၏ မျက်နှာအမူအရာသည် လွန်စွာ ရှုပ်ထွေးသွားလေသည်။

သိထားရမည်မှာ ဝိညာဉ်လောကတွင် ရှိစဉ်က လူသားမျိုးနွယ်သည် အလွန်အမင်း သနားစရာကောင်းလှ၏။ အခြားမျိုးနွယ်စုများ၏ ကျူးကျော်မှုကို စိုးရိမ်နေရပြီး ခေါင်ဖျားသော နေရာများတွင်သာ နေထိုင်နိုင်ကာ မည်သည့်နေရာကောင်းကိုမျှ ပိုင်ဆိုင်ခွင့် မရှိပေ။

ထို့အပြင် သားရဲရိုင်းများကလည်း အချိန်မရွေး ထွက်လာပြီး တိုက်ခိုက်တတ်သေးသည်။

အကယ်၍ အနည်းငယ် သတိလက်လွတ်ဖြစ်သွားပါက ဆုံးရှုံးမှု ကြီးမားမည်ဖြစ်ပြီး သေကျေဒဏ်ရာရသူ ရေတွက်၍မရနိုင်အောင် ရှိပေလိမ့်မည်။

ဝိညာဉ်လောကတွင် နေထိုင်သော လူသားများသည် မိမိတို့ကိုယ်တိုင် အရွယ်ရောက်သည်အထိ ကြီးပြင်းလာရန် အခွင့်အရေးရှိမရှိကိုပင် မသိကြချေ။

ရွှမ်ဟွမ်ကမ္ဘာရှိ လူသားမျိုးနွယ် ကျင့်ကြံသူများကဲ့သို့ လုံလောက်သော ပါရမီရှိသည်နှင့် သဘာဝကျကျ ကြီးပြင်းလာနိုင်မည် မဟုတ်ပေ။ အကယ်၍ ရွှမ်ဟွမ်ဂိုဏ်း၏ မျက်စိကျခြင်းကို ခံရပါက နောက်ပိုင်းကျင့်ကြံခြင်းအတွက် ပို၍ပင် ပူပန်စရာ မလိုတော့ချေ။

ဤသည်မှာ တာအိုကိုနားလည်ပြီး အင်မော်တယ်ဖြစ်လာစေမည့် ဖြောင့်ဖြူးသော လမ်းမကြီးပင် ဖြစ်လေသည်။

"ဆရာ... အခု ဆရာ့မှာလည်း အစကနေ ပြန်စဖို့ အခွင့်အရေး ရှိနေပြီ မဟုတ်လား... အရင်က ကျုပ် ဝင်စားခြင်းပညာရပ်တစ်ခုကို လဲလှယ်ထားတယ်... ဒီပညာရပ်ကို ဆရာ ကျင့်ကြံပြီးသွားရင် လူဝင်စားလို့ရပြီး ဝိညာဉ်ကို ကလေးငယ်တစ်ယောက်ဆီမှာ ပေါင်းစပ်လိုက်လို့ ရပြီ...”

“ဆရာ အသက် (၁၈) နှစ်ပြည့်ပြီး သန္ဓေသားရဲ့ လျှို့ဝှက်ချက်ကို နိုးကြားလာ‌စေတဲ့အခါ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို ထပ်ပြီး ခြေချနိုင်ပြီပေါ့... အဲဒီအချိန်ကျရင် ကျုပ်လည်း ဆရာ့ကို ရွှမ်ဟွမ်ဂိုဏ်းဆီ လာခေါ်မယ်..."

စုန့်ဖျင်အန်းက အသံကိုနှိမ့်၍ ပြောလိုက်၏။

ဝင်စားခြင်းပညာရပ်ဟု ခေါ်သောအရာသည် မိစ္ဆာကမ္ဘာတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ဝါးမျိုခြင်းကို ခံရပြီးနောက် မိစ္ဆာကမ္ဘာတစ်ခုလုံးကို ရွှမ်ဟွမ်ဂိုဏ်းက အမြစ်ပြတ်ချေမှုန်းခဲ့ပြီး အတွင်းရှိ ကျင့်စဉ်များကိုလည်း ‘စာအုပ်ကူ’ က ဝါးမျိုသွားခဲ့သည်မှာ သဘာဝပင် ဖြစ်၏။

မိစ္ဆာကျင့်စဉ် မြောက်မြားစွာသည် စာကြည့်တိုက်အတွင်းသို့ ရောက်ရှိသွားခဲ့လေသည်။

မိစ္ဆာကျင့်စဉ်အများစုမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော်လည်း ကျင့်ကြံသူများနှင့် အလွန်သင့်လျော်သော ကျင့်စဉ်တစ်မျိုးတည်းသာ ရှိပေသည်။

ထိုအရာက ဝင်စားခြင်းပညာရပ်ပင် ဖြစ်၏။

ဤကျင့်စဉ်ကို လည်ပတ်လိုက်သည်နှင့် ကျင့်ကြံသူများသည် သေဆုံးမည့်အချိန်တွင် ဝိညာဉ်ခွဲထွက်သွားစေပြီးနောက် အနီးနားရှိ ကလေးငယ်များထံတွင် ဝင်စားကာ ဒုတိယဘဝတစ်ခုအဖြစ် ရှင်သန်နိုင်ပေသည်။

မှန်ပေသည်၊ ဝိညာဉ်စွမ်းအား ပိုမိုအားကောင်းလေလေ လူဝင်စားနိုင်မည့် အောင်မြင်မှုနှုန်းက ပိုမြင့်မားလေလေ ဖြစ်၏။

ထို့အပြင် အနည်းဆုံး ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများအထက်မှသာ ဤကျင့်စဉ်ကို အသုံးပြုနိုင်မည် ဖြစ်လေသည်။

အရက်တာအိုအရှင်ကဲ့သို့ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ဦးအတွက် အခြေခံအားဖြင့် အောင်မြင်မှုနှုန်းမှာ ရာခိုင်နှုန်းပြည့် ဖြစ်၏။

အကယ်၍ အောင်မြင်သွားပါက သူသည် ဒုတိယဘဝတစ်ခုအဖြစ် ရှင်သန်နိုင်မည်ဖြစ်ပြီး လူသားခန္ဓာကိုယ်အသစ်တစ်ခုကို ပြန်လည်ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။

သို့ရာတွင် ဤကဲ့သို့သော ကျင့်စဉ်မျိုးမှာ တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ဒုတိယအကြိမ် အသုံးမပြုနိုင်တော့ချေ။

"ကျေးဇူးပါပဲ..."

အရက်တာအိုအရှင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စုန့်ဖျင်အန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်လေသည်။

ဤကျင့်စဉ်သည် အမှန်တကယ်ပင် အန္တရာယ်များလှကြောင်းကို သူ သိထား၏။

အဘယ်ကြောင့်ဆိုသော် အကယ်၍ လူဝင်စားခြင်း အောင်မြင်သွားပါက သန္ဓေသား၏ လျှို့ဝှက်ချက်ထဲတွင် ပိတ်မိနေမည်ဖြစ်ပြီး သူ့တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။

အကယ်၍ မတော်တဆ ဝင်စားမိသော နေရာသည် လယ်သမားမိသားစုတစ်စု ဖြစ်နေပါက အမျိုးမျိုးသော ဘေးဒုက္ခများနှင့် ကြုံတွေ့ရနိုင်ပေသည်။

ငတ်မွတ်၍ သေဆုံးခြင်း၊ ရောဂါဘယကြောင့် သေဆုံးခြင်း၊ ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံရခြင်း စသည်တို့ ဖြစ်နိုင်လေသည်။

အကယ်၍ တာအိုစောင့်ရှောက်သူသာ မရှိပါက အသက်ရှင်နိုင်မည့် အခွင့်အရေးမှာ များစွာမကြီးမားဘဲ ထိုအချိန်တွင် သေဆုံးသွားပါက အမှန်တကယ် သေဆုံးသွားမည် ဖြစ်၏။

ဤသည်မှာလည်း အားအနည်းဆုံး အချိန်ကာလတစ်ခုပင် ဖြစ်လေသည်။

"ဆရာ... အားနာစရာမလိုပါဘူး... အရင်က ဆရာဟာ ကျုပ်ကို ကယ်တင်ခဲ့တာဆိုတော့ အခု ကျုပ်က ဆရာ့ကို ပြန်ကယ်တင်ရမှာ သဘာဝပါပဲ... ဆရာ အမြန်ဆုံးသွားပြီး ဝင်စားပါတော့... ကျုပ် ဆရာ့ရဲ့ လုံခြုံရေးကို သေချာပေါက် ကာကွယ်ပေးပါ့မယ်... နောက် (၁၈) နှစ်ကြာရင် ဆရာက သူရဲကောင်းတစ်ယောက် ပြန်ဖြစ်လာမှာပါ..."

စုန့်ဖျင်အန်းက အသာအယာ ပြုံးလိုက်၏။

ဤသည်မှာလည်း သူ့စိတ်ထဲတွင် တွေးနေသောအရာ ဖြစ်သည်။ သူသည် သာမန်လူတစ်ယောက်အဖြစ်မှ ယနေ့အချိန်အထိ ကြီးပြင်းလာနိုင်ခြင်းမှာ သူ၏ဆရာနှင့် ကြီးမားသော ပတ်သက်မှုရှိလေသည်။

အကယ်၍ အရက်တာအိုအရှင်သာ မရှိခဲ့ပါက ရှေးဟောင်းမိစ္ဆာကမ္ဘာမှ ကျူးကျော်ဝင်ရောက်လာချိန်တွင် သူသည် မိစ္ဆာသားရဲများ၏ လက်ချက်ဖြင့် စောစီးစွာ သေဆုံးသွားခဲ့လောက်ပြီ ဖြစ်၏။

ယခုကဲ့သို့ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ပြီး သက်တမ်း နှစ် (၆၀၀၀) ရရှိရန်မှာ ဘယ်သောအခါမျှ ဖြစ်နိုင်မည်မဟုတ်ပေ။

"ဒီစကားကို ကြားရတာ... အကယ်လို့ အခု ငါက ဝိညာဉ်လောကမှာ ရောက်နေတာဆိုရင် မင်းဟာ ပစ္စည်းကိုမက်ပြီး လူကိုသတ်မှာကို ငါတကယ် စိတ်ပူမိမှာပဲ... မင်းက ဆရာဖြစ်တဲ့ ငါ့ကို လုပ်ကြံမှာကို ကြောက်နေရမှာ... ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့ အခု ငါ့မှာ ဘာမှမရှိတော့ဘူးလေ... သေခါနီးအသက်လေးတစ်ချောင်းပဲ ကျန်တော့တာ...”

“လေဟာနယ်သန့်စင်ခြင်း ဗဟုသုတဆိုတာတွေကလည်း ရွှမ်ဟွမ်ဂိုဏ်းက သိဒ္ဓိဝင်ကျမ်းစာတောင်နဲ့ ယှဉ်လိုက်ရင် ပြောဖို့တောင် မတန်တော့ပါဘူး... ကိုယ်ပေါ်မှာလည်း ဘာမှော်ရတနာ၊ ဝိညာဉ်ဆေးပင်မှ မရှိတာ... တစ်ခုတည်း ကျန်တော့တာက ကျင့်ကြံခြင်း အတွေ့အကြုံတချို့ပဲ... ဒါပေမဲ့ အဲဒါတွေကိုလည်း မင်းကို အကုန်သင်ပေးခဲ့ပြီးပြီ... ဒါဆိုရင်တော့ ငါလည်း ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး..."

အရက်တာအိုအရှင်က လွန်စွာ ပေါ့ပါးလွတ်လပ်စွာဖြင့် ပြောလိုက်၏။

အတိတ်က လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတစ်ဦးအနေဖြင့် ယခုအချိန်တွင် သူသည် ဝိညာဉ်အစအနလေးတစ်ခုသာ ကျန်ရှိတော့သော်လည်း သေချင်စိတ် မရှိသေးပေ။

အကယ်၍ နောက်တစ်ကြိမ် ထပ်မံရှင်သန်ရန် အခွင့်အရေးရှိပါက ထိုကဲ့သို့သော အခွင့်အရေးကို သူ သေချာပေါက် လက်လွှတ်မည်မဟုတ်ချေ။

တကယ်ပင် အတိတ်က သူ ဤကောင်လေးကို ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်ခဲ့လေသည်။

All Chapters