အခန်း ၉၅၇
Vol. 91 Ch. 957
အခန်း (၉၅၇) - ရွှမ်ဟွမ်ကမ္ဘာ၏ အိပ်မက်ကမ္ဘာ၊ စစ်ယွီရှီးအား ဇနီးအဖြစ် လက်ထပ်ခြင်းနှင့် ဆန်မှ ထမင်းဖြစ်သွားခြင်း (၃)
ယခင်က စိုက်ပျိုးခဲ့သော မျိုးစေ့သည် ယနေ့တွင် အသီးအပွင့်များ ဝေဆာလာခဲ့ချေပြီ။
ထိုသို့တွေးလိုက်မိသည်နှင့် သူသည် နှောင့်နှေးမနေတော့ဘဲ ဝင်စားခြင်းပညာရပ်ကို ချက်ချင်း လည်ပတ်လိုက်လေသည်။
ရွှီး...
ချက်ချင်းပင် သူ၏ ဝိညာဉ်အစအနလေးသည် အလင်းတန်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး အဝေးဆီသို့ ပျံသန်းသွားလေတော့သည်။
စုန့်ဖျင်အန်းက အဝေးတွင် ရပ်နေပြီး တားဆီးခြင်း မပြုခဲ့ပေ။
ပုံမှန်အားဖြင့် ဆိုရလျှင် သာမန်လူများသည် အရက်တာအိုအရှင်၏ လူဝင်စားရာနေရာကို ရှာတွေ့ရန်အခွင့်အရေး အခြေခံအားဖြင့် မရှိပေ။
သို့သော် သိဒ္ဓိဝင်ကျမ်းစာတောင်၏ စွမ်းအားကို အသုံးပြု၍ ကမ္ဘာမြေကို ဗေဒင်ဟောကိန်းတွက်ချက်နိုင်သဖြင့် သူ၏ဆရာ အရက်တာအိုအရှင်၏ လူဝင်စားရာ နေရာကို သေချာပေါက် တွက်ချက်နိုင်မည် ဖြစ်၏။
ထို့ကြောင့် သူလည်း မည်သည့်အရာကိုမျှ စိုးရိမ်မနေခဲ့ပေ။
... ...
ရွှမ်ဟွမ်ဂိုဏ်း၊ သားရဲထိန်းကျောင်းရေးတောင်ထွတ်၊ ဂူတစ်ဂူအတွင်း၌။
ဤနေရာသည် နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့် ကျင့်ကြံသူ ယန်ချန်ယွမ်၏ ကျင့်ကြံရာဂူ ဖြစ်သည်။ နှစ်ရာပေါင်းများစွာ ကျင့်ကြံပြီးနောက် သူသည်လည်း နောက်ဆုံးတွင် နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့်သို့ ခြေချနိုင်ခဲ့ပြီး ရွှမ်ဟွမ်ဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်းအဆင့် အကြီးအကဲတစ်ဦး ဖြစ်လာခဲ့လေသည်။
ယန်ချန်ယွမ်သည် ကျောက်ယန်နှင့် စကားစမြည် ပြောဆိုနေ၏။
ကျောက်ယန်သည် အတိတ်ရှေးဟောင်းခေတ်က ယန်မိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ နှစ်ရာပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံပြီးနောက် သူ၏ ကျင့်ကြံမှုသည်လည်း နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏သက်တမ်းကို ဆွဲဆန့်နိုင်ခဲ့ပြီဟု ဆိုနိုင်ပေသည်။
"ကျောက်ယန်... မင်းက ရှေးဟောင်းခေတ်က ကြီးမားတဲ့ ဘေးဒုက္ခကြီးထဲမှာ သေမသွားဘူးလို့ မထင်ထားခဲ့ဘူး... ပြီးတော့ ကံကလည်း အရမ်းကောင်းလွန်းတော့ ဒီခေတ်ကို ရောက်လာပြီး လူဝင်စားပြီးတော့ နောက်တစ်ဘဝ ထပ်ရှင်သန်နိုင်ခဲ့တယ်ပေါ့..."
ဤအချိန်တွင် ယန်ချန်ယွမ်၏ ကိုယ်ပေါ်ရှိ အောက်ခြေအဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်သော သားရဲထိန်းလက်ကောက်မှ ဝိညာဉ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ အတိတ်ရှေးဟောင်းခေတ် နတ်ဘုရားအသွင်ပြောင်း ဂိုဏ်းတစ်ခုဖြစ်သော သားရဲထိန်းကျောင်းရေးဂိုဏ်း၏ ဂိုဏ်းချုပ် သားရဲတစ်သောင်းတာအိုအရှင်ပင် ဖြစ်၏။
အမှန်အတိုင်းဆိုရလျှင် သူတို့နှစ်ဦးသည် ရှေးဟောင်းခေတ်ကာလတွင် မကြာခဏ အပြန်အလှန် ပတ်သက်မှုများ ရှိခဲ့ပြီး ပခုံးချင်းယှဉ် တိုက်ပွဲဝင်ကာ သေရေးရှင်ရေး အကျပ်အတည်းများကိုပင် အတူတကွ ဖြတ်သန်းခဲ့ကြသဖြင့် ကတုတ်ကျင်းတစ်ခုတည်းမှ ရဲဘော်ရဲဘက်များဟု ဆိုနိုင်ကာ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်။
မူလက တစ်ဖက်လူမှာ နတ်ဆိုးကပ်ဘေးအောက်တွင် စောစီးစွာ သေဆုံးသွားခဲ့ပြီဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် နှစ်သောင်းပေါင်းများစွာ ကြာပြီးနောက်တွင် ဤကဲ့သို့သော တာအိုရောင်းရင်းနှင့် ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။
ဤသည်မှာ တကယ်ကို တွေးတော၍ပင် မရနိုင်သောအရာ ဖြစ်၏။ ခဏတာမျှ သူ မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။
"သားရဲတစ်သောင်းတာအိုအရှင်... တကယ်ပဲ မင်းဖြစ်နေတာပဲ..."
"ဒီသားရဲထိန်းလက်ကောက်ကို ငါရင်းနှီးနေတာ မဆန်းတော့ဘူး... ဒါက ဟိုးယခင် သားရဲထိန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရတနာ ဖြစ်နေတာကိုး..."
"ဒါပေမဲ့ မင်းက ဒီဝိညာဉ်ရတနာထဲမှာ ခိုအောင်းပြီး ဒီနေ့အထိ အသက်ဆက်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..."
"မင်းလည်း စောစောစီးစီး သေသွားပြီလို့ ငါထင်နေတာ..."
ကျောက်ယန်က စုပ်တသပ်သပ်ဖြင့် အံ့ဩချီးကျူးနေလေသည်။
အမှန်စင်စစ်အားဖြင့် သူသည် သားရဲတစ်သောင်းတာအိုအရှင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုကြောင့်ပင် ဖြစ်၏။
တစ်နေ့တွင် သူသည် ယန်ချန်ယွမ်နှင့် အချင်းချင်း ပညာဖလှယ်နေစဉ် ယန်ချန်ယွမ်နှင့် သားရဲတစ်သောင်းတာအိုအရှင်တို့ စကားပြောဆိုနေသည့် အသံကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။
ထိုစဉ်ကတည်းက သူသည် သံသယဝင်သွားခဲ့လေသည်။
ရက်အတော်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ဤသားရဲတစ်သောင်းတာအိုအရှင်သည် ဟိုးယခင် ရှေးဟောင်းခေတ် နတ်ဘုရားအသွင်ပြောင်းဂိုဏ်းတစ်ခုဖြစ်သည့် သားရဲထိန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူနှင့် တစ်ခေတ်တည်းသား ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် သူသည် အထပ်ထပ်အခါခါ စဉ်းစားပြီးနောက် ပွင့်ပွင့်လင်းလင်း မိမိ၏ နောက်ကြောင်းကို ဖွင့်ဟရန် ဆုံးဖြတ်လိုက်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ နှစ်ပေါင်းများစွာကြာမှ ပြန်လည်ဆုံတွေ့ရသည့် မိတ်ဆွေဟောင်းတစ်ဦးနှင့် ဂိုဏ်းတစ်ခုတည်းတွင် အတူတူ ရှိနေခြင်းမှာ ရှားပါးလှသော ရေစက်တစ်ခုပင် မဟုတ်ပါလော။
ထို့ထက် ပိုမိုအရေးကြီးသည်မှာ သူသည် ထိုသူနှင့် အမှန်တကယ်ပင် ဆွေးနွေးတိုင်ပင်စရာ ကိစ္စတစ်ခု ရှိနေခြင်းကြောင့် ဖြစ်လေသည်။
"စကားအပိုတွေ ပြောမနေနဲ့... ငါ့ဆီ ရုတ်တရက် ရောက်လာတာ ဘာလုပ်မလို့လဲ..."
သားရဲတစ်သောင်းတာအိုအရှင်သည် ကျောက်ယန်၏ စရိုက်ကို ကောင်းကောင်းသိရှိထားသည်။ သူသည် ကိစ္စမရှိဘဲနှင့် ဘယ်တော့မှ လာမည့်သူ မဟုတ်ပေ။
ထို့အပြင် ကျောက်ယန်က မိမိ၏ မူလဇာတ်မြစ်ကို တိုက်ရိုက်ဖော်ထုတ်လိုက်ခြင်းမှာ ကြီးမားသည့် ရည်ရွယ်ချက် တစ်ခုခု ရှိနေလောက်ပေသည်။
သို့သော်ငြား သူသည် မိမိ၏ နောက်ကြောင်းကို ဖော်ထုတ်ခံရခြင်းအား ကြောက်ရွံ့ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ရွှမ်ဟွမ်ဂိုဏ်းတွင် ဤမျှကြာအောင် နေထိုင်ခဲ့ပြီးနောက် ရွှမ်ဟွမ်ဘိုးဘေး၏ သဘောထားကြီးမှုကို သူ ကောင်းကောင်း နားလည်ထားသောကြောင့်ပင် ဖြစ်၏။
ဘိုးဘေး၏ စိတ်ထားသည် ပင်လယ်သမုဒ္ဒရာထက်ပင် ကျယ်ပြောလှရာ မိမိ၏ နောက်ကြောင်းကို အလေးထားလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် ရှေးဟောင်းခေတ် သားရဲထိန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ဖြစ်နေသည့်တိုင် ဤအရာမှာ ပြောပလောက်သည့် ကိစ္စတစ်ခု မဟုတ်ချေ။
သားရဲထိန်းလက်ကောက်သည်လည်း အဆင့်နိမ့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာမျှသာ ဖြစ်ပေသည်။
ရွှမ်ဟွမ်ဘိုးဘေးသည် အင်မော်တယ်ရတနာ အဆင့်ရှိသော ရတနာထူးများကိုပင် ပိုင်ဆိုင်ထားရာ ဤမျှလောက်သော အဆင့်နိမ့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
ကြီးမြတ်လှသော လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးအနေဖြင့် သူ၏ပစ္စည်းများကို မျက်စိကျလိမ့်မည် မဟုတ်ချေ။
"ဒီလောကကြီးထဲမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ မင်းလည်း သိမှာပါ..."
"လွန်ခဲ့တဲ့ နှစ်တစ်သန်းလောက်တုန်းက ဒီနေရာမှာ တာအိုပြန့်ပွားခဲ့တဲ့ အင်မော်တယ်တစ်ပါး ရှိခဲ့ဖူးတယ်... အဲဒါကြောင့်ပဲ ကျင့်ကြံခြင်းလောကမှာ နှစ်တစ်သန်းသက်တမ်းရှိတဲ့ ကျင့်ကြံခြင်း ခေတ်ကောင်းကြီး ဖြစ်ထွန်းလာခဲ့တာ..."
"ကျင့်ကြံခြင်းလောကရဲ့ ရှေးဟောင်းဂိုဏ်းတွေ ပေါ်ပေါက်လာတာဟာ အဲဒီအင်မော်တယ်နဲ့ ဆက်စပ်မှုတွေ အများကြီး ရှိနေတယ်လို့ ပြောလို့ရတယ်..."
"ဒါကြောင့်ပဲ ဒီကမ္ဘာမှာ အဆုံးမရှိတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာပေါ့..."
ကျောက်ယန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သားရဲတစ်သောင်းတာအိုအရှင်ကို ကြည့်ကာ အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒီကမ္ဘာမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်ဆိုတာကို ငါလည်း သိတာပေါ့... ဒါပေမဲ့ စကားအပိုတွေ မပြောဘဲ အဓိကအချက်ကိုပဲ ပြောစမ်းပါ..."
သားရဲတစ်သောင်းတာအိုအရှင်က မကျေမနပ်ဖြင့် ပြောလိုက်၏။
သူသည် ဤမျှ စကားအပိုများကို မကြားချင်ဘဲ တိုက်ရိုက် အဓိကအချက်သို့ ရောက်စေလိုလှသည်။
"ငါ ဘာကြောင့် အသက်ရှင်ကျန်ရစ်ခဲ့လဲဆိုတာကိုလည်း မင်း သိမှာပါ..."
"အဲဒါက ငါ မတော်တဆနဲ့ ထူးခြားတဲ့ လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုထဲကို ရောက်သွားခဲ့လို့ပဲ..."
"အဲဒီလို လျှို့ဝှက်နယ်မြေထဲက အချိန်စီးဆင်းမှုနှုန်းက အရမ်းနှေးကွေးလွန်းတယ်... အဲဒါကြောင့်ပဲ ငါက ဒီနေ့အထိ အသက်ရှင်နေနိုင်ခဲ့တာ..."
"ဒါကြောင့် ဒီကမ္ဘာမှာ ဒီလိုမျိုး ကံကောင်းတာက ငါတစ်ယောက်တည်း မဟုတ်နိုင်ဘူးလို့ ငါတွေးမိတယ်..."
"ရှေးဟောင်းခေတ်တုန်းကလည်း ဒီလိုမျိုး ကံကောင်းတဲ့သူတွေ မနည်းရှိခဲ့မှာပဲ..."
ကျောက်ယန်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ခဏလေး... မင်းပြောချင်တာက ရှေးဟောင်းခေတ်က အဲဒီတစ္ဆေအိုကြီးတွေက ဒီနေ့အထိ အသက်ရှင်နေနိုင်သေးတယ်လို့လား..."
ဤစကားကို ကြားလိုက်ရသော် သားရဲတစ်သောင်းတာအိုအရှင်၏ မျက်လုံးများ လင်းလက်သွားပြီး တစ်ဖက်လူ၏ စကားထဲမှ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့၏။
"မှန်တယ်... မင်း မှတ်မိသေးလားတော့ မသိဘူး..."
"နတ်ဆိုးတွေနဲ့ အသေအလဲ တိုက်ခိုက်နေချိန်တုန်းက တိုက်ပွဲကနေ ထွက်ပြေးသွားခဲ့တဲ့ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတချို့ ရှိခဲ့တယ်..."
"သူတို့ ထွက်သွားပြီးတဲ့နောက်မှာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ကြတယ်... သူတို့ ဘယ်ကို ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး..."
"တကယ်လို့ တိုက်ပွဲသာ ရှုံးနိမ့်သွားခဲ့ရင် နတ်ဆိုးတွေက ကျင့်ကြံခြင်းလောကကို အုပ်စိုးသွားမှာဖြစ်ပြီး လူသားအားလုံးလည်း ပြေးစရာမြေရှိမှာ မဟုတ်ဘူး..."
"ဒါပေမဲ့ အဲဒီသေချင်းဆိုးတွေကတော့ ကိုယ့်ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး သတ္တဝါတွေရဲ့ အသက်ကို လျစ်လျူရှုခဲ့ကြတယ်..."
"ပြီးတော့ သူတို့က တိုက်ပွဲကနေ ထွက်ပြေးရုံတင် မကဘူး... တခြား နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေကို ချောင်းမြောင်းသတ်ဖြတ်ပြီး ရတနာတွေကို လုယူခဲ့ကြသေးတယ်..."
"စစ်ပွဲတွေ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတာဟာ အဲဒီတစ္ဆေအိုကြီးတွေရဲ့ အတွင်းစည်း မညီညွတ်မှုကြောင့်ပဲ..."
ကျောက်ယန်က လူသတ်ငွေ့များ ထုတ်လွှတ်လျက် အလွန်ပင် မကျေမနပ် ဖြစ်နေလေသည်။
ထင်ရှားလှသည်မှာ သူသည် ထိုတစ္ဆေအိုကြီးများအပေါ် ရှေးယခင်ကတည်းက အလွန်ပင် ဒေါသထွက်ကာ မကျေမနပ် ဖြစ်နေခဲ့ခြင်းပင်။
"အချိန်စီးဆင်းမှု နှေးကွေးတဲ့ လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုလား..."
"ဒီလိုဆိုရင်တော့ ဒါက ဖြစ်နိုင်ခြေ ရှိတဲ့ ကိစ္စပဲ..."
"အရင်တုန်းက သားရဲထိန်းဂိုဏ်းရဲ့ မျိုးရိုးအဆက်ဆက် ဂိုဏ်းချုပ်တွေ ပြောတာကို ငါ ကြားဖူးတယ်... ဒီကမ္ဘာမှာ လောကီပြင်ပ ဇာတ်မြစ်ကို ဖုံးကွယ်ထားတဲ့ အိမ်တော်တွေနဲ့ ဂိုဏ်းတွေ ရှိနေသေးတယ်တဲ့..."
"သူတို့က နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအမြောက်အမြားကို ဖုံးကွယ်ထားကြတာ..."
"အခြေခံအားဖြင့် မျိုးဆက်တိုင်းမှာ နတ်ဘုရားအသွင်ပြောင်း အရှင်သခင်တွေ အမြဲ ထွက်ပေါ်လာပြီး အမွေအနှစ်တွေကလည်း မပြတ်မတောက်ဘဲ အစဉ်အမြဲ တည်တံ့နေခဲ့တာ..."
"ဒီလို ရှေးဟောင်းအင်အားစုတွေကမှ ဒီကမ္ဘာရဲ့ တကယ့်အုပ်စိုးသူတွေ ဖြစ်နေကြတာပေါ့..."
"တကယ်လို့ သူတို့သာ အချိန်စီးဆင်းမှု နှေးကွေးတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဒါက တကယ်ပဲ ဖြစ်နိုင်တယ်..."
သားရဲတစ်သောင်းတာအိုအရှင်၏ မျက်ဝန်းနက်များ ကျုံ့ဝင်သွားခဲ့၏။
သူသည် ရှေးဟောင်းခေတ်က လျှို့ဝှက်ဆန်းကြယ်သည့် ကိစ္စရပ်များစွာကို ပြန်လည်အမှတ်ရလာခဲ့သည်။
ထိုလောကီပြင်ပဂိုဏ်းများနှင့် အိမ်တော်များသည် စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်ကြပြီး နတ်ဘုရားအသွင်ပြောင်းအရှင်သခင် အမြောက်အမြား ပေါ်ထွက်လာလေ့ရှိရာ ကျန်ရှိသော နတ်ဘုရားအသွင်ပြောင်းဂိုဏ်းများကို အသက်ရှူရကျပ်စေခဲ့သည်။