← Chapters

အခန်း ၉၅၈

Vol. 91 Ch. 958

အခန်း ၉၅၈

Vol. 91 Ch. 958

အခန်း (၉၅၈) - ရွှမ်ဟွမ်ကမ္ဘာ၏ အိပ်မက်ကမ္ဘာ၊ စစ်ယွီရှီးအား ဇနီးအဖြစ် လက်ထပ်ခြင်းနှင့် ဆန်မှ ထမင်းဖြစ်သွားခြင်း (၄)

အမှန်စင်စစ်အားဖြင့် ရှေးယခင် ကျင့်ကြံခြင်းလောကတွင် နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ အမြောက်အမြား ပေါ်ထွက်လာပြီး ရှေးဟောင်းမိစ္ဆာကမ္ဘာ၊ ရှေးဟောင်းနတ်ဆိုးကမ္ဘာတို့နှင့် ဤမျှ ကြာမြင့်စွာ ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမှာ ထိုတစ္ဆေအိုကြီးများ၏ စွမ်းဆောင်ချက်များလည်း ပါဝင်ပေသည်။

သူတို့သည် လူအများအပြားကို ခေါင်းပုံဖြတ်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း သာမန်အားဖြင့် ကြည့်မည်ဆိုလျှင် လူသားအမြောက်အမြားကို ကာကွယ်ပေးခဲ့ပြီး အနည်းဆုံးအနေဖြင့် ဤကမ္ဘာရှိ လူသားမျိုးနွယ်များကို နတ်ဆိုးများနှင့် မိစ္ဆာများလက်ထဲတွင် မျိုးသုဉ်းမသွားအောင် စောင့်ရှောက်ပေးခဲ့ကြသည်။

"မှန်တယ်... အချိန်စီးဆင်းမှု နှေးကွေးတဲ့ လျှို့ဝှက်နယ်မြေတစ်ခုရဲ့ တန်ဖိုးက ဘယ်လောက်တောင် ကြီးမားမလဲဆိုတာ စဉ်းစားကြည့်လို့ ရတယ်..."

"ဒီလို လျှို့ဝှက်နယ်မြေက ကျင့်ကြံသူတိုင်းကို အနာဂတ်ဆီ လွယ်လွယ်ကူကူ ဖြတ်ကျော်သွားနိုင်အောင် ကူညီပေးနိုင်တယ်..."

"ဥပမာ ပြောရရင်... ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်တချို့ရဲ့ ကြီးထွားနှုန်းက အရမ်းနှေးကွေးပြီး အနည်းဆုံး နှစ်ပေါင်းထောင်ချီ စောင့်ရတတ်တယ်..."

"သာမန် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေက အဲဒီလောက်အထိ ဘယ်မှာ အချိန်စောင့်နိုင်ပါ့မလဲ..."

"ဒါပေမဲ့ အဲဒီလျှို့ဝှက်နယ်မြေထဲမှာ နေနေသရွေ့တော့ နှစ်ပေါင်းထောင်ချီတဲ့ အနာဂတ်ဆီ ဖြတ်ကျော်သွားပြီး ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်တွေ ရင့်မှည့်တဲ့အထိ အသာလေး စောင့်ဆိုင်းနိုင်လိမ့်မယ်... အဲဒီလိုနဲ့ သူတို့က ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်တွေကို အဆက်မပြတ် ရရှိနိုင်ပြီး သူတို့ရဲ့ ကျင့်ကြံမှုကိုလည်း အလျင်အမြန် မြှင့်တင်နိုင်တာပေါ့..."

"ဒါကြောင့်ပဲ အဲဒီရှေးဟောင်းအိမ်တော်တွေနဲ့ ဂိုဏ်းတွေက မျိုးဆက်တိုင်းမှာ နတ်ဘုရားအသွင်ပြောင်း အရှင်သခင်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာ..."

"တကယ်တော့ သူတို့ရဲ့ နတ်ဘုရားအသွင်ပြောင်း အရှင်သခင်တွေက တစ်ခါမှ သေမသွားခဲ့ဘဲ ဒီလျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းနေခဲ့ကြရုံတင်ပဲ..."

"တကယ်လို့ တကယ့်အကျပ်အတည်းနဲ့ ကြုံလာရရင် အဲဒီတစ္ဆေအိုကြီးတွေက လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေနိုင်တာပေါ့..."

ကျောက်ယန်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။

သူသည် ယခုကဲ့သို့ လျှို့ဝှက်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားနိုင်ပါက ကျင့်ကြံသူများအတွက် ရရှိမည့် အကျိုးကျေးဇူးမှာ ပြောဖွယ်ရာမရှိအောင် ကြီးမားလှသည်ဟု တွေးတောမိသည်။

ထိုအဆင့်မြင့် ကျင့်ကြံသူများသည် ပုန်းအောင်းနေထိုင်ပြီး အနာဂတ်ဆီသို့ ဖြတ်ကျော်သွားနိုင်ကြရာ မိမိတို့၏ သက်တမ်းကုန်ဆုံးမှုကို လျှော့ချနိုင်ကြပေမည်။

ထို့ကြောင့် အဆင့်မြင့် ကျင့်ကြံသူတိုင်းသည်လည်း အလွန်မြင့်မားသော ကျင့်ကြံမှုနယ်ပယ်များသို့ လွယ်ကူချောမွေ့စွာ တက်လှမ်းနိုင်ကြပေလိမ့်မည်။

အခြေခံအားဖြင့် ရှေးဟောင်းဂိုဏ်းများနှင့် အိမ်တော်တိုင်းသည်လည်း သူတို့၏ အမွေအနှစ်များကို ဘယ်တော့မှ ပြတ်တောက်သွားစေမည် မဟုတ်ပေ။

"ရှေးဟောင်းခေတ်တုန်းက ဒီလို တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"တကယ်လို့သာ ဒီလိုဆိုရင် ရှေးဟောင်းခေတ်က အဲဒီအိမ်တော်တွေနဲ့ ဂိုဏ်းတွေဟာ နှစ်ပေါင်း သိန်းချီ ဒါမှမဟုတ် သန်းချီတဲ့အထိ အမွေအနှစ်တွေကို လက်ဆင့်ကမ်းနိုင်ခဲ့ကြတာပေါ့... ဒါက တကယ်ကို လွန်လွန်းတယ်..."

"ဒါပေမဲ့ ပြဿနာက... ပြီးခဲ့တဲ့ နှစ်ပေါင်း သောင်းချီအတွင်းမှာ သူတို့ဆီက ဘာသတင်းမှ မကြားခဲ့ရတာ ဘာကြောင့်လဲ..."

"ငါလည်း ဂိုဏ်းအသီးသီးရဲ့ ရာဇဝင်သမိုင်းတွေကို ရှာဖွေဖတ်ရှုခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒီလို ရှေးဟောင်းအင်အားစုတွေ တည်ရှိခဲ့ကြောင်း တစ်နေရာမှာမှ မှတ်တမ်းတင်ထားတာ မတွေ့ရဘူး..."

"သူတို့တွေက ဒီကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သလိုပဲ..."

ယန်ချန်ယွမ်က မိမိ၏သံသယကို မအောင့်အီးနိုင်ဘဲ ထုတ်ဖော်မေးမြန်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အကယ်၍ ထိုရှေးဟောင်းအင်အားစုများသည် လျှို့ဝှက်နယ်မြေကမ္ဘာကို အသုံးပြု၍ ကပ်ဘေးကြီးမှ လွတ်မြောက်သွားခဲ့သည် ဆိုပါက…

ထိုကပ်ဘေးကြီး ပြီးဆုံးသွားသည့်နောက်တွင် သူတို့သည် စောစောစီးစီးပင် ထွက်ပေါ်လာပြီး မိမိတို့၏ အချုပ်အခြာအာဏာကို ပြန်လည် ထူထောင်ကြပေလိမ့်မည်။

ထို့အပြင် မိမိတို့၏ ကျင့်ကြံမှုကို မြှင့်တင်ကာ နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းပြီး ဝိညာဉ်လောကသို့ ပျံသန်းတက်လှမ်းနိုင်သည့် အဆင့်အထိပင် ရောက်ရှိသွားနိုင်ပေသည်။

သို့ရာတွင် နှမြောစရာကောင်းသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီသည့် သမိုင်းတစ်လျှောက်တွင် ဝိညာဉ်လောကသို့ ပျံသန်းတက်လှမ်းနိုင်သူ တစ်ဦးတစ်ယောက်မျှ ရှိခဲ့သည်ဟု မကြားဖူးခဲ့ခြင်းပင် ဖြစ်၏။

ဖြတ်သန်းသွားသော ငှက်သည်ပင် ခြေရာချန်ခဲ့စမြဲ မဟုတ်ပါလော။

ဤကမ္ဘာမြေတွင် ထိုရှေးဟောင်းအင်အားစုများ၏ ခြေရာလက်ရာများ ကျန်ရစ်မနေခဲ့ခြင်းမှာ မဖြစ်နိုင်ပေ။

"အင်း... အဲဒါကတော့ အဲဒီလျှို့ဝှက်နယ်မြေကမ္ဘာမှာ မမျှော်လင့်ဘဲ အခက်အခဲတစ်ခု ကြုံခဲ့ရလို့ပဲ..."

ကျောက်ယန်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"မမျှော်လင့်တဲ့ အခက်အခဲ ဟုတ်လား... ဘာအခက်အခဲလဲ..."

ယန်ချန်ယွမ်နှင့် သားရဲတစ်သောင်းတာအိုအရှင်တို့၏ မျက်ဝန်းများ ကျုံ့ဝင်သွားပြီး ကျောက်ယန်ကို စိုက်ကြည့်လိုက်ကြ၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီတုန်းက တိုက်ပွဲဟာ အရမ်းကို ပြင်းထန်လွန်းခဲ့တယ်... သမိုင်းမှာ မရှိဖူးလောက်အောင်ကို ကောင်းကင်နဲ့ မြေကြီး ပြိုပျက်မတတ် တိုက်ခိုက်ခဲ့ကြတာ..."

"အဲဒါက ကျင့်ကြံခြင်းလောက တစ်ခုလုံးကိုပါ ပြဿနာအကြီးအကျယ် ဖြစ်စေခဲ့တယ်... ပဉ္စမအဆင့် ဝိညာဉ်ကြောတွေ အများကြီး ပျက်စီးသွားပြီး တောင်နဲ့ မြစ်တွေလည်း ပြောင်းလဲကုန်တယ်..."

"ဒါက ကျင့်ကြံခြင်းလောကရဲ့ ပထဝီဝင်အနေအထား တစ်ခုလုံးကိုလည်း သက်ရောက်မှု ရှိခဲ့တာပေါ့..."

"အဲဒီလျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းနေတဲ့ တစ္ဆေအိုကြီးတွေလည်း အဲဒီတိုက်ပွဲက သူတို့ရဲ့ လျှို့ဝှက်နယ်မြေတည်ရှိမှုကို သက်ရောက်မှု ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး..."

"သူတို့တွေလည်း အဲဒီလျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိသွားပြီး ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့ဘူး..."

"ဒါက သူတို့ကို အသေပိတ်လှောင်ထားတဲ့ ထောင်ကြီးတစ်ခုလို ဖြစ်သွားခဲ့တာ..."

"အဲဒါကြောင့်ပဲ ပြီးခဲ့တဲ့ နှစ်ပေါင်းသောင်းချီအတွင်းမှာ အဲဒီရှေးဟောင်းအင်အားစုတွေဆီက ဘာသတင်းမှ မထွက်လာတော့တာပေါ့..."

ကျောက်ယန်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

ဘာ...။

ဤစကားကို ကြားလိုက်ရသော် ယန်ချန်ယွမ်နှင့် သားရဲတစ်သောင်းတာအိုအရှင်တို့မှာ ဆွံ့အသွားကြပြီး နှလုံးသားထဲ၌ လှိုင်းတံပိုးကြီးများ လှိုင်းထန်သကဲ့သို့ တုန်လှုပ်ခြောက်ခြားသွားကြ၏။

အမှန်တကယ်ပင် ဤသည်မှာ ဖြစ်နိုင်ခြေ အလွန်ပင် ကြီးမားလှပေသည်။

ထိုစစ်ပွဲကြီးကြောင့် လျှို့ဝှက်နယ်မြေကမ္ဘာသည် သက်ရောက်မှု ခံခဲ့ရကာ ဝင်ပေါက်များ ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်ပေမည်။

ထိုလျှို့ဝှက်နယ်မြေထဲတွင် ပုန်းအောင်းနေခဲ့ကြသည့် တစ္ဆေအိုကြီးများသည် တစ်ဦးပြီးတစ်ဦး ကမ္ဘာပျက်သည့်တိုင်အောင် ပိတ်မိနေခဲ့ကြရပေတော့မည်။

ထင်ရှားလှသည်မှာ ထိုလျှို့ဝှက်နယ်မြေကမ္ဘာသည် အကျဉ်းထောင်တစ်ခုကဲ့သို့ပင် ရှေးဟောင်းခေတ်၏ တစ္ဆေအိုကြီးများကို ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်ကပင် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအတွင်း ကျင့်ကြံခြင်းလောက၏ အခင်းအကျင်းကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဂိုဏ်းအသီးသီး၏ အမွေအနှစ်များစွာ ကွယ်ပျောက်ပျက်စီးသွားခဲ့ရပြီး သမိုင်းကြောင်းများလည်း ပြတ်တောက်သွားခဲ့ရသည်။

"မင်းက ဒီအကြောင်းအရာတွေကို ဘယ်လိုလုပ်ပြီး အဲဒီလောက်အထိ သိနေရတာလဲ..."

"မင်း အရာအားလုံးကို စုံစမ်းသိရှိပြီးမှ ငါတို့ဆီလာပြီး ပူးပေါင်းဖို့ ပြောတာတော့ မဟုတ်ပါဘူးနော်..."

သားရဲတစ်သောင်းတာအိုအရှင်က ကျောက်ယန်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ဤကောင်လေး သိရှိထားသည့်အရာမှာ များပြားလွန်းလှရာ ထိုရှေးဟောင်းအင်အားစု၏ အဖွဲ့ဝင်တစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

"အဲဒါကတော့... အစက ငါလည်း ဒီအကြောင်းအရာတွေကို သိပ်မသိပါဘူး..."

"ဒါပေမဲ့ ငါတို့ဂိုဏ်းချုပ်ကြီးရဲ့ စွမ်းရည်တွေက အရမ်းကို ထူးဆန်းနက်နဲလွန်းနေတာကိုး..."

"ငါက စာအုပ်အင်မော်တယ်ကြီးရဲ့ အကူအညီကို ယူပြီးတော့ အဲဒီလျှို့ဝှက်နယ်မြေကမ္ဘာ တည်ရှိတဲ့နေရာကို အတိအကျ ရှာဖွေခဲ့တယ်..."

ကျောက်ယန်က အသာအယာ ပြုံးလိုက်၏။

"ဒါ..."

ဤစကားကို ကြားလိုက်ရချိန်တွင် ယန်ချန်ယွမ်နှင့် သားရဲတစ်သောင်းတာအိုအရှင်တို့မှာ ကြက်သေသေသွားကြပြီး မည်သို့ပြောရမှန်းပင် မသိတော့ချေ။

သူတို့သည် တစ်ဖက်လူက အဘယ်ကြောင့် ဤမျှအထိ သိရှိနေရကြောင်း မူလက သံသယဝင်နေခဲ့ကြသော်လည်း စာအုပ်အင်မော်တယ်အရှင်၏ စွမ်းအားကို အသုံးပြုထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

အမှန်စင်စစ်အားဖြင့် သူတို့သည် စာအုပ်အင်မော်တယ်အရှင်၏ စွမ်းဆောင်ရည်ကို ကောင်းစွာသိကြ၏။ ထိုအရှင်သည် ရှေးယခင်မှ ယခုခေတ်အထိ အရာအားလုံးကို ထိုးထွင်းသိမြင်ပြီး မသိသောအရာဟူ၍ မရှိသလောက်ပင်။

သို့ရာတွင် ထိုလျှို့ဝှက်နယ်မြေလောက တည်ရှိရာနေရာကို ဤမျှလွယ်ကူစွာဖြင့် ဟောကိန်းထုတ်နိုင်လိမ့်မည်ဟုမူ သူတို့ မထင်ထားခဲ့ကြချေ။

တကယ်ကို စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှပေသည်။

"စာအုပ်အင်မော်တယ်အရှင်ရဲ့ စွမ်းအားကတော့ တကယ်ကို စိတ်ကူးယဉ်ရခက်ပြီး အရာအားလုံးကို လုပ်ဆောင်နိုင်တာပေါ့..."

"ဒါပေမဲ့ ဒီသတင်းကို သိနိုင်ဖို့အတွက် တစ်ယောက်ယောက်က မေးမြန်းဖို့ လိုအပ်တယ်..."

"ဘယ်သူမှ မမေးမြန်းဘူးဆိုရင်တော့ ဒီလျှို့ဝှက်ချက်က သမိုင်းထဲမှာ မြုပ်နှံသွားတာ ကြာလှပြီပေါ့..."

"ဒါ့အပြင် ဒီသတင်းကို သိဖို့အတွက် ကျုပ်က နှစ်ပေါင်းရာချီ စုဆောင်းထားတဲ့ ဂိုဏ်းအကျိုးပြုရမှတ်တွေကိုတောင် အသုံးပြုခဲ့ရတာ..."

"ဒါက လွယ်လွယ်ကူကူ ရနိုင်တဲ့ သတင်းမျိုး မဟုတ်ဘူး..."

ကျောက်ယန်က အေးအေးဆေးဆေးပင် ပြောလိုက်၏။

အမှန်အတိုင်း ပြောရလျှင် စာအုပ်အင်မော်တယ်၏ စွမ်းဆောင်ရည်မှာ ဘိုင်ဒူးရှာဖွေရေးနှင့် အနည်းငယ် တူညီပေသည်။

အဘယ်ကြောင့်ဆိုသော် ဘိုင်ဒူးထဲတွင် အရာရာတိုင်း ပါဝင်ပြီး အတိုင်းအဆမရှိသော အသိပညာများ ရှိနေသော်ငြား သော့ချက်စကားလုံးများကို မသိရှိဘဲ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေခြင်း မပြုပါက အဖြေက အလိုအလျောက် ပေါ်ထွက်လာမည် မဟုတ်သောကြောင့်ပင်။

ဤသည်မှာ ဘိုင်ဒူး၏ ကန့်သတ်ချက်ဖြစ်သကဲ့သို့ စာအုပ်အင်မော်တယ်၏ ကန့်သတ်ချက်လည်း ဖြစ်ပေသည်။

"ဒါကြောင့်ကိုး... မင်းက ငါတို့ကို ဒီသတင်း ပြောပြတာက ဒီလျှို့ဝှက်နယ်မြေလောကကို အတူတူပူးပေါင်းပြီး ရှာဖွေဖော်ထုတ်ချင်လို့လား..."

"ဘာပဲဖြစ်ဖြစ် ဒီလျှို့ဝှက်နယ်မြေလောကထဲမှာ ရွှမ်ဟွမ်ကမ္ဘာရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀၀၀၀) ကျော်က ရှေးဟောင်းမိသားစုတွေနဲ့ ရှေးဟောင်းဂိုဏ်းတွေရဲ့ ရတနာတွေ စုဆောင်းထားမှာ သေချာတယ်..."

"အကယ်လို့ အားလုံးကို လုယူနိုင်မယ်ဆိုရင် ရလာမယ့် အကျိုးအမြတ်က ဘယ်လောက်တောင် များပြားလိုက်မလဲ..."

သားရဲတစ်သောင်းတာအိုအရှင်က ကျောက်ယန်၏ စိတ်ကူးကို ချက်ချင်းပင် နားလည်သွားလေသည်။

All Chapters