အခန်း ၉၆၀
Vol. 91 Ch. 960
အခန်း (၉၆၀) - ရွှမ်ဟွမ်ကမ္ဘာ၏ အိပ်မက်ကမ္ဘာ၊ စစ်ယွီရှီးအား ဇနီးအဖြစ် လက်ထပ်ခြင်းနှင့် ဆန်မှ ထမင်းဖြစ်သွားခြင်း (၆)
တစ်ညတာအချိန် ကုန်လွန်သွားခဲ့ချေပြီ။
'သင်နှင့် တာအိုလက်တွဲဖော်တို့ အကြိမ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသဖြင့် ‘ချစ်ခြင်းမေတ္တာကူ’က အရမ်းကျေနပ်သွားကာ စွမ်းအင်အမြောက်အမြား ရရှိသွားခဲ့သည်...'
'သင်သည် တာအိုကျင့်ကြံခြင်း အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရရှိသွားခဲ့သည်...'
'သင့်စိတ်ဝိညာဉ်အမြစ်၏ ပါရမီသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်...'
'သင်သည် တစ်ဖက်လူ၏ ကြီးမားလှသော ယင်အနှစ်သာရစွမ်းအားများကို ရရှိခဲ့သဖြင့် ကျင့်ကြံမှုအဆင့်မှာလည်း ကြီးမားစွာ တိုးတက်လာခဲ့သည်...'
ချက်ချင်းပင် ကျိုးစွေ့တစ်ယောက် ဖြည်းညင်းစွာ နိုးထလာခဲ့ပြီး သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာမှ သတင်းစကားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။
‘ဒါက...'
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းပိုင်း နက်ရှိုင်းသောနေရာသို့ သတ္တမအဆင့် ရတနာဆေးလုံးများတွင် ပါဝင်သော စွမ်းအင်များနှင့် မနိမ့်ကျသည့် ကြီးမားသော ယင်အနှစ်သာရစွမ်းအားတစ်ခု ချက်ချင်း ဝင်ရောက်လာပြီးနောက် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်စဉ်စွမ်းအင်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။
လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံမှုအဆင့် တိုးတက်လိုပါက နှစ်ပေါင်း (၁၀၀) မှ (၁၀၀၀) အထိ အချိန်ယူရလေ့ရှိကြောင်း သိထားရပေမည်။
သို့သော် ယခု ဤယင်အနှစ်သာရစွမ်းအားများကို ရရှိပြီးနောက်တွင်မူ သူ၏ ခက်ခဲကြမ်းတမ်းစွာ ကျင့်ကြံရမည့် အချိန်များစွာကို ကယ်တင်ပေးနိုင်ခဲ့လေသည်။
ယင်းက သူ့အား အဆုံးမဲ့သော အကျိုးကျေးဇူးများကို ရရှိစေခဲ့ခြင်းပင်။
'ကျင့်ကြံမှုအဆင့်က ဒီလောက်တောင် တိုးတက်လာခဲ့တာပဲ...'
'ဒီမိန်းမရဲ့ ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ ယင်စွမ်းအားတွေ ဘယ်လောက်တောင် ပါဝင်နေတာလဲ...'
'အရိပ်ကြောင် သွေးမျိုးဆက် ဆက်ခံမှုရှိတဲ့ မိန်းမပီပီ တကယ်ကို ထူးခြားဆန်းကြယ်တာပဲ...'
ကျိုးစွေ့မှာလည်း အံ့ဩချီးကျူးနေမိတော့သည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာ အနည်းဆုံး ၄၀% မှ ၅၀% ခန့်အထိ တိုးတက်လာကြောင်း ခံစားမိလေသည်။ အကယ်၍ နောက်ထပ် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးစားကျင့်ကြံပြီး သတ္တမအဆင့် ရတနာဆေးလုံးများ၏ အကူအညီကိုပါ ရရှိမည်ဆိုပါက လေဟာနယ်သန့်စင်ခြင်း ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ အမှန်တကယ်ပင် အချိန်ပြဿနာတစ်ခုသာ ဖြစ်လေတော့သည်။
စစ်ယွီရှီး၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုအဆင့်မှာ အလွန်အမင်း ထူထဲသိပ်သည်းလွန်းနေသည်ဟုသာ ဆိုရပေမည်။
ထို့အပြင် ထူးခြားသော သွေးမျိုးဆက်ဆက်ခံမှု၏ အထောက်အပံ့ကြောင့် သူမ ယူဆောင်လာပေးသော အကျိုးကျေးဇူးများမှာ သဘာဝကျကျပင် ပိုမိုများပြားလာခဲ့လေသည်။
အကယ်၍ ဤကဲ့သို့သော ကောင်းကင်ဘုံ၏ အချစ်တော် မိန်းမပျိုများသာ နောက်ထပ် အနည်းငယ်မျှ ထပ်ရှိနေမည်ဆိုလျှင် အချိန်များစွာ မကြာမီတွင်ပင် သူ၏ ကျင့်ကြံမှုအဆင့်သည် လေဟာနယ်သန့်စင်ခြင်း ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပြီး ထိုအချိန်ကျလျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်ပေလိမ့်မည်။
သူ့အတွက်မူ ကပ်ဘေးကြီးက နီးကပ်လာပြီဖြစ်သောကြောင့် ကျင့်ကြံမှုအဆင့် တိုးတက်မှု မြန်ဆန်လေလေ ပိုကောင်းလေလေပင်။
အကယ်၍ သူသာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ပါက အနာဂတ်တွင် ရင်ဆိုင်ရမည့် ကပ်ဘေးကြီးအတွက် ပိုမိုယုံကြည်မှု ရှိလာမည်သာ ဖြစ်၏။
'ငါကိုယ်တိုင်က ပြန်ပြီး အနိုင်ကျင့်ခံလိုက်ရမယ်လို့ မထင်ထားဘူး...'
ကျိုးစွေ့မှာ အလွန်အကူအညီမဲ့သွားကာ မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ချက်ချင်း သတိရသွားလေသည်။
သူ၏ တာအိုလက်တွဲဖော်များ ပူးပေါင်းကာ သူ့အား အရက်မူးအောင် တိုက်ခဲ့ပြီးနောက် စစ်ယွီရှီး၏ အနိုင်ကျင့်ခြင်းကို ခံလိုက်ရကာ ဤကဲ့သို့ ကောင်းမွန်သောကိစ္စများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
ယခု အခန်းထဲတွင်မူ သူနှင့် စစ်ယွီရှီးသာ ကျန်ရစ်နေခဲ့လေပြီ။
ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ မိန်းမပျို (၃) ဦးမှာမူ ကိစ္စပြီးမြောက်သွားသဖြင့် ဝင်ရောက်မနှောင့်အယှက်တော့ဘဲ ဤနေရာမှ ထွက်ခွာသွားခဲ့ကြလေသည်။
မှန်ပေသည်၊ ဤကိစ္စတွင် သူ့အတွက် အရှုံးမပေါ်ခဲ့သည့်အပြင် ကြီးမားလှသော အကျိုးကျေးဇူးများကိုပင် ရရှိခဲ့သေးသည်။
စစ်ယွီရှီးထံမှ ကြီးမားလှသော ယင်အနှစ်သာရစွမ်းအားများကို ရရှိခဲ့ခြင်းက ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ပိုမိုလျင်မြန်စွာ ဝင်ရောက်နိုင်ရန် သူ့အား ကူညီပေးခဲ့သည် မဟုတ်ပါလော။
တစ်နည်းအားဖြင့် ဆိုရသော် ဤသည်က သူ၏ကျင့်ကြံမှုကို ကူညီပေးခြင်းဟုပင် ဆိုနိုင်ပေသည်။
ထို့အပြင် ယခုအခါ လှပကျော့ရှင်းသော တာအိုလက်တွဲဖော်တစ်ဦးကိုပါ ထပ်မံရရှိခဲ့သေးရာ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်မိခြင်းဟု ဆိုနိုင်ပေသည်။
"ယောက်ျား..."
ထိုအချိန်တွင် စစ်ယွီရှီးလည်း နိုးထလာခဲ့ပြီး လှပသော မျက်လုံးအစုံဖြင့် ကျိုးစွေ့ကို ရှက်သွေးဖြာကာ ကြည့်လိုက်လေသည်။ သူမ၏ မျက်နှာလေးမှာ နီရဲနေတော့သည်။
မနေ့ညက ညီအစ်မများ၏ မြှောက်ပင့်ပေးမှုကြောင့် သူမ အလွန်ရဲတင်းစွာဖြင့် ဤအမျိုးသားကို အနိုင်ကျင့်ခဲ့မိသည်မှာ အမှန်ပင်။
သို့သော် အသိစိတ်ပြန်လည်ရရှိလာသောအခါတွင်မူ သူမသည် နေရာတစ်နေရာရှာ၍ မိမိကိုယ်ကို မြေမြှုပ်ပစ်ချင်စိတ် ပေါက်သွားခဲ့ချေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အမှန်တကယ်ပင် ရှက်စရာကောင်းလွန်းသည် မဟုတ်ပါလော။
မိမိကိုယ်တိုင်က မိန်းကလေးတစ်ဦး ဖြစ်နေပါလျက်နှင့် အနည်းငယ်မျှ ဣန္ဒြေစောင့်သင့်သော်လည်း ယခုမူ ဤကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့မိလေပြီ။
ဤကဲ့သို့သော လုပ်ရပ်က မိစ္ဆာလမ်းစဉ်မှ မိန်းမပျက်များနှင့် မည်သို့ ကွာခြားပါမည်နည်း။
မိမိ ဤသို့လုပ်ရပ်မျိုး ကျူးလွန်ခဲ့ခြင်းကြောင့် ဤအမျိုးသားက မိမိအား အထင်သေးကာ ပေါ့ပျက်ပျက် မိန်းမတစ်ဦးဟုများ ထင်သွားလေမည်လော။
"မင်းတို့ သတ္တိတွေကတော့ တော်တော်ကြီးတာပဲ... ငါ့ကိုတောင် အရက်မူးအောင် တိုက်ရဲကြတယ်ပေါ့..."
ကျိုးစွေ့က စစ်ယွီရှီးဟူသော အလှတရားတွင် ပြိုင်ဘက်ကင်းသည့် မိန်းမပျိုလေးကို ဖက်ထားလိုက်ပြီး တစ်ဖက်လူအား စူးရဲစွာ စိုက်ကြည့်ကာ အလွန်ဒေါသထွက်နေသည့် ပုံစံမျိုး ဖမ်းလိုက်လေသည်။
"တောင်းပန်ပါတယ်... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး... ကျွန်မကို ခွင့်လွှတ်ပေးပါနော်..."
စစ်ယွီရှီးက လှပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ခန္ဓာကိုယ်လေးကို ကွေးကာ သနားစရာကောင်းသည့် ပုံစံလေး လုပ်ပြလိုက်သည်။ သူမသည် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ အလွန်ချစ်စရာကောင်းနေတော့သည်။
ဤကဲ့သို့သော အလှပိုင်ရှင်မျိုးသည် မည်သည့်အမှားမျိုးကို ကျူးလွန်သည်ဖြစ်စေ အခြားသူများ၏ ခွင့်လွှတ်မှုကို ရရှိနိုင်မည်မှာ အသေအချာပင်။
မဟုတ်သေးချေ။ ဤကဲ့သို့သော အလှပိုင်ရှင်မျိုးသည် အမှားကျူးလွန်ရန် မဖြစ်နိုင်ချေ။ အကယ်၍ တကယ်တမ်း အမှားတစ်ခုခု ရှိနေခဲ့လျှင်ပင် ၎င်းသည် အခြားသူများ၏ အမှားသာ ဖြစ်ရပေမည်။
"နောက်တစ်ခါ ရှိသေးတယ်ပေါ့..."
ကျိုးစွေ့က စစ်ယွီရှီးအား မျက်စောင်းထိုးကာ ကြည့်လိုက်လေသည်။
"ဟိဟိ..."
စစ်ယွီရှီးက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အပြစ်ကင်းစင်စွာ ရယ်မောလိုက်ပြီး လျှာလေးထုတ်ကာ အလွန်ကစားချင်စိတ် ပေါက်နေသည့်ပုံစံမျိုး လုပ်ပြလိုက်သည်။
"ဒါပေမဲ့ ဒီလိုကိစ္စမျိုး ဖြစ်သွားခဲ့ပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် တာဝန်ယူပါ့မယ်..."
"အရင်က ကိုယ့်မှာ တာအိုလက်တွဲဖော် (၃) ယောက် ရှိခဲ့ပြီးသားဆိုတာကို မင်း သဘောထားမသေးဘူးလို့ မျှော်လင့်ပါတယ်..."
ကျိုးစွေ့က စစ်ယွီရှီးအား အလွန်လေးနက်စွာ ကြည့်လိုက်လေသည်။
"ကိစ္စမရှိပါဘူး... ကျွန်မ သဘောထားမသေးပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ညီအစ်မတွေပဲလေ..."
စစ်ယွီရှီးက လှပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သဘာဝကျကျပင် သူမသည် ဤကိစ္စကို သဘောထားသေးမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအခွင့်အရေးသည် သူမ၏ ညီအစ်မများက ဖန်တီးပေးခဲ့ခြင်း မဟုတ်ပါလော။ အကယ်၍ တကယ်တမ်း သဘောထားသေးမည်ဆိုပါက ဤကဲ့သို့သော ကိစ္စမျိုး လုံးဝ ဖြစ်လာမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် နှစ်ပေါင်းများစွာကတည်းက ညီအစ်မများ ဖြစ်ခဲ့ကြပြီး ယခုအခါတွင် အမျိုးသားတစ်ဦးတည်းကို မျှဝေခံစားနေကြခြင်းသာ ဖြစ်ရာ ကြီးကျယ်သောကိစ္စ မဟုတ်ပေ။ ဤကဲ့သို့သော ကိစ္စမျိုးသည် လူသားမျိုးနွယ်စုတွင် အလွန်အတွေ့ရများလှပြီး အံ့ဩစရာမရှိချေ။
"ဒါဆိုရင်လည်း ဒီနေ့ကစပြီး မင်းက ကိုယ့်ရဲ့ တာအိုလက်တွဲဖော်ပဲ..."
ကျိုးစွေ့က စစ်ယွီရှီးကို ဖက်ထားလိုက်လေသည်။
"အင်း..."
စစ်ယွီရှီး၏ မျက်နှာလေးမှာ နီရဲသွားကာ ခေါင်းကို ညင်သာစွာ ငြိမ့်ပြလိုက်ပြီး အချင်းချင်း၏ အဆင့်အတန်းကို အသိအမှတ်ပြုလိုက်တော့သည်။
... ... ...
ထိုအချိန်တွင် အိမ်အပြင်ဘက်ရှိ ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ မိန်းမပျို (၃) ဦးသည်လည်း အတွင်းဘက်ရှိ အခြေအနေကို အချိန်တိုင်း စောင့်ကြည့်နေကြလေသည်။
သူတို့သည် အတွင်းဘက်မှ အသံများကို ကြားလိုက်ရသောအခါ ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြသည်။
"အစီအစဉ်က တော်တော်လေး ချောချောမွေ့မွေ့ ဖြစ်သွားတဲ့ပုံပဲ... ယောက်ျားကလည်း အစ်မစစ်ကို လက်ခံလိုက်ပြီ..."
"ဒါပေမဲ့ ငါတို့ ဒီလိုလုပ်တာက ယောက်ျားကို မိန်းမယူဖို့ အတင်းအကျပ် ခိုင်းသလိုများ ဖြစ်မနေဘူးလား..."
ပိုင်စုကျဲ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အနည်းငယ် စိုးရိမ်တကြီး ပြောလိုက်လေသည်။
ယောက်ျားဖြစ်သူက ဤကိစ္စကြောင့် မကျေမနပ် ဖြစ်သွားမည်ကို သူမ အလွန်စိုးရိမ်နေမိ၏။
"စိတ်မပူပါနဲ့... ဒါက ဘယ်လိုလုပ် အတင်းအကျပ်ခိုင်းတာ ဖြစ်ရမှာလဲ... ဒါက နှစ်ဦးနှစ်ဖက် သဘောတူပြီး ကောင်းကင်ဘုံက ဖန်တီးပေးလိုက်တဲ့ ဖူးစာပဲ..."
"အကယ်လို့ ယောက်ျားကသာ တကယ် ဆန့်ကျင်မယ်ဆိုရင် ငါတို့ အကြံစည် ဘယ်အောင်မြင်လိမ့်မလဲ..."
"ဒီလို အလှလေးကို ဇနီးအဖြစ် ရလိုက်တဲ့အတွက် ယောက်ျားကတောင် ကြိတ်ပြီး ပြုံးနေဦးမယ်..."
ထောင်ချီလီက အသာအယာ ပြုံးလိုက်လေသည်။
ဤသည်မှာ လုံးဝကို နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေသော ကိစ္စတစ်ခုဟု သူမ ခံစားမိနေပေသည်။
သူမ၏ ခင်ပွန်းသည်မှာ အပြင်ပန်းတွင်သာ လူရိုးလူကောင်းတစ်ဦးအဖြစ် ဟန်ဆောင်ထားသော်လည်း အမှန်တကယ်တွင်မူ မိန်းမရှုပ်တတ်သည့် စရိုက်မျိုး ရှိပေသည်။ သူသည် ကိုယ်တိုင်ဦးဆောင်ပြီး မကြိုးစားသလို ငြင်းလည်းမငြင်းဆန်တတ်ဘဲ အလွယ်တကူ ရလာသမျှကို လက်ခံတတ်သူမျိုး ဖြစ်၏။
ယခုကဲ့သို့ မိမိအိမ်တံခါးဝအထိ လာရောက်ပို့ဆောင်ပေးသော အလှရှင်မျိုးကိုမူ သဘာဝကျကျပင် ငြင်းဆန်မည် မဟုတ်ချေ။
"ပြောတာ မှန်တယ်... ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်ဖမ်းလိုက်တာပဲ..."
"ညီမလေးစစ်ယွီရှီးသာ ငါတို့ကျိုးမိသားစုထဲ ဝင်လာပြီဆိုရင် ငါတို့ ဖုန်းရှီးကျွန်းရဲ့ အထက်အရာရှိတွေ လုံးဝကို ဆွေမျိုးတွေ ဖြစ်သွားပြီလို့ ပြောလို့ရတယ်..."
"ဒီအချိန်ကစပြီး ဖုန်းရှီးကျွန်းမှာ ဘာလျှို့ဝှက်အန္တရာယ်မှ ရှိလာတော့မှာ မဟုတ်ဘူး..."
"အကယ်လို့ ယောက်ျားကသာ အစ်မဖုန်းရှီးကိုပါ ထပ်ယူလိုက်မယ်ဆိုရင်တော့ ပိုပြီး ပြည့်စုံသွားမှာပဲ..."
ဟွားစစ်ချင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
"အစ်မဖုန်းရှီးကို ယူမယ်တဲ့လား... အကယ်လို့ အဲ့ဒီလိုသာ ဖြစ်လာမယ်ဆိုရင်တော့ အားလုံးက တကယ့်ကို မိသားစုတစ်စုတည်း ဖြစ်သွားမှာပေါ့..."
"ဒါပေမဲ့ အစ်မဖုန်းရှီးက သဘောတူပါ့မလား..."
ပိုင်စုကျဲ့က လှပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။
ဤသည်မှာ အမှန်တကယ်ပင် မဆိုးလှသော ဇာတ်သိမ်းတစ်ခုဟု သူမ ခံစားမိနေပေသည်။
အကယ်၍ အစ်မဖုန်းရှီးသာ ကျိုးမိသားစုထဲ ဝင်လာမည်ဆိုပါက သူတို့ညီအစ်မများ ကွဲကွာရန် လိုအပ်တော့မည် မဟုတ်ချေ။