အခန်း ၄၃၅
Vol. 37 Ch. 435
အခန်း ၄၃၅
"ဟင် အဘိုးကြီး အခုလေးတင် ဘာပြောလိုက်တာလဲ"
ကျယ်ဝန်းသော သီးသန့် အခန်းကြီးတစ်ခုအတွင်း၌ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိပုံရသည့် ခါးကိုင်းကိုင်း ပုံရိပ်တစ်ခုက တုတ်ကောက်ကို အားပြုလျက် တဟွတ်ဟွတ် အဆက်မပြတ် ချောင်းဆိုးနေချေ၏။
"မိန်းကလေး ဘာရယ်လ်၊ အိုမင်းနေပြီ ဆိုပေမဲ့ ကျွန်ုပ်လည်း အဲ့ဒီလောက်ကြီး အိုမင်းမနေသေးပါဘူး။ အသက်အရွယ်အကြောင်း တကယ် ပြောရမယ် ဆိုရင် မိန်းကလေးနဲ့ ကျွန်ုပ်က သိပ်ပြီး ကွာခြားလှတာမှ မဟုတ်တာ"
"ဒါ့အပြင် မိန်းကလေးက အဘိုကာဒိုရဲ့ မျက်နှာစာ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်နေတာပဲ၊ ဒီထက် နည်းနည်းလောက် တည်တည်ငြိမ်ငြိမ် နေလို့ မရဘူးလား။ အရင်တစ်ခေါက်က အင်ပါယာအမိန့်တော် အဖွဲ့အစည်းက ကောင်းကင်တမန်ရဲ့ လက်သီးနဲ့ ထိုးတာ ခံလိုက်ရပြီး အာကာသထဲအထိ လွင့်စင်သွားခဲ့တာ နေ့သုံးရက် ညသုံးရက်တောင် မျောပါနေခဲ့တာလေ။ ဘော့စ်က မစ္စတာ ထုဖေးပိုင်ကို ခိုင်းပြီး ပြန်ခေါ်မလာခဲ့ရင် အခုချိန်လောက်ဆို ဘယ်နေရာ ရောက်နေမှန်းတောင် မသိနိုင်တော့ဘူး"
ဘာရယ်လ်။ အဘိုကာဒို၏ ရူးသွပ်သော အဆိပ်။
ထိုစဉ်က ကောင်းကင်ယံဥယျာဉ်ရှိ ဖျော်ဖြေရေး သီချင်းဆိုပွဲကို ဝင်ရောက် တိုက်ခိုက်ခဲ့သော အမျိုးသမီးပင်။
သူမသည် အဘိုကာဒို အဖွဲ့အစည်းအတွင်း ပြင်ပတာဝန်များကို အများဆုံး ထွက်ခွာ တာဝန်ထမ်းဆောင်လေ့ရှိသူလည်း ဖြစ်ချေသည်။
"အဘိုးကြီး။ ဘာကိစ္စ အထိမခံတဲ့ အတိတ်က အနာဟောင်းတွေကို ဖော်ပြနေရတာလဲ။ ငါ... ငါက နည်းနည်းလောက် ပေါ့ဆသွားရုံလေးပါဟ။ လွင်တီးခေါင်ပြင်ကြီးထဲမှာ ၁၅ နှစ်လုံးလုံး ချိတ်ပိတ်ခံထားရတဲ့ ရှာယာက အခုထိ အဲ့ဒီလောက် တန်ခိုးကြီးနေဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"ပြီးတော့ ငါလည်း ကြိုတင် ပြင်ဆင်မထားမိလို့ပါဟ"
အဘိုးအိုသည် မထီမဲ့မြင် ပြုခြင်းတို့ ပြည့်နှက်နေသော မျက်လုံးများကို မှေးကျဉ်းလျက် မုတ်ဆိတ်မွေးများကို သပ်လိုက်လေ၏။
"ခိုးဝင် တိုက်ခိုက်တာတောင် မအောင်မြင်ဘဲ သူများ လက်သီးနဲ့ ထိုးလွှတ်တာ ခံလိုက်ရတာ ထင်ရှားနေတာကို..."
"သောက်ကျိုးနည်း။ အဘိုးကြီး ခုနက စကား ထပ်ပြောကြည့်စမ်း"
ဒေါက်၊ ဒေါက်၊ ဒေါက် — သီးသန့် အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာ၏။
ဘာရယ်လ်သည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ကာ စိတ်မရှည်စွာ တောက်ခေါက်လိုက်ပြီး ဆိုဖာပေါ်တွင် ခြေချိတ် ထိုင်လိုက်တော့သည်။
"ဟိုသွားပြီး တံခါး သွားဖွင့်စမ်းပါ အဘိုးကြီးရယ်"
"ဟင်း..."
အဘိုးအိုသည် တုတ်ကောက်ကို အားပြုလျက် သီးသန့် အခန်းတံခါးကို ဖွင့်ပေးလိုက်လေ၏။
တံခါးဝ၌ ရပ်နေကြသော အနက်ရောင် ဝတ်ရုံရှည်များကို ခြုံလွှမ်းထားပြီး သွေးရောင်မရှိသည့် ဖြူရော်ရော် မျက်နှာနှင့် ချွန်ထက်သော နားရွက်များ ရှိကြသည့် မကောင်းဆိုးဝါး တစ်စုကို ကြည့်ကာ အလွန် ကြင်နာ သဘောကောင်းပုံရသော အပြုံးတစ်ခုကို ဖြန့်ကျက်လိုက်သည်။
"ကောင့်သခင် အိုလစ်ဒ်၊ မတွေ့ရတာတောင် တော်တော် ကြာခဲ့ပြီပဲ။ ကြွပါ၊ အတွင်းကို ဝင်ပါ"
အိုလစ်ဒ်။ ဤတစ်ကြိမ် ထာဝရ ညဉ့်ယံ မြို့တော်မှ စေလွှတ်လိုက်သော သွေးစုပ်ဖုတ်ကောင် ကောင့်သခင်ပင်။
သွေးစုပ်ဖုတ်ကောင် တစ်စုကို သီးသန့် အခန်းအတွင်းသို့ ဦးဆောင် ခေါ်ယူလာပြီးနောက် ဆိုဖာပေါ်ရှိ ဘာရယ်လ်ကို မြင်သောအခါ အိုလစ်ဒ်သည် ခပ်ရေးရေး ပြုံးလိုက်၏။
"မိန်းကလေး ဘာရယ်လ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်ပါယာအမိန့်တော် အဖွဲ့အစည်းရဲ့ ကောင်းကင်တမန်ကို စိန်ခေါ်ပြီး လက်သီးနဲ့ ထိုးလွှတ်တာ ခံလိုက်ရတယ်လို့ ကြားတယ်။ အခုထိ အသက်ရှင် နေလိမ့်ဦးမယ်လို့ မထင်ထားမိဘူး"
ဘာရယ်လ်၏ မျက်နှာ ချက်ချင်း မှောင်ကြုတ်သွားချေပြီ။ တံစဉ်တစ်ခု ထွက်ပေါ်လာကာ အိုလစ်ဒ်၏ လည်ပင်းဆီသို့ တည့်တည့် ချိန်ရွယ်လိုက်သည်။
"သေလမ်း ရှာနေတာလား"
အိုလစ်ဒ်၏ ဘေးရှိ သွေးစုပ်ဖုတ်ကောင်များက တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တက်လာကြရာ သီးသန့် အခန်းအတွင်းရှိ လေထုမှာ တခဏချင်း တင်းမာ သွားတော့၏။
"အိုကွယ်... အားလုံးက အသိအကျွမ်းတွေချည်းပါပဲ၊ ဒီလောက် တင်းမာနေစရာ မလိုပါဘူး။ ဟီးဟီး... စိတ်လျှော့ကြပါ"
ထိုအသံသည် မကျယ်ဝန်းလှသော အခန်းငယ်အတွင်း ပဲ့တင်ထပ်သွား၏။ သွေးစုပ်ဖုတ်ကောင်တို့မှာ အလိုအလျောက်ပင် လက်နက်များကို အောက်သို့ ချလိုက်ကြပြီး သူတို့၏ စိတ်ခံစားမှုတို့မှာ တည်ငြိမ် အေးချမ်းသွားချေသည်။
"တောက်... လိပ်အိုကြီး၊ မင်းရဲ့ ပါရမီက အရင်အတိုင်းပဲ စက်ဆုပ်စရာ ကောင်းနေတုန်းပါလား"
ဘာရယ်လ်သည် ပြန်လည် ထိုင်ချလိုက်ကာ မျက်စိနောက် သက်သာစေရန် မျက်လုံးများကို မှိတ်ထားလိုက်လေ၏။
"မစ္စတာ ကျုံမော့ကျင်းက အရင်ကလိုပဲ ဖျန်ဖြေရေးသမား လုပ်ရတာ နှစ်သက်နေတုန်းပါပဲလား"
အဘိုကာဒို၏ အဘိုးအို ကျုံမော့ကျင်းက မုတ်ဆိတ်မွေးကို သပ်လျက် လက်တုံ့ပြန်မဲ့စွာ ခေါင်းယမ်းလိုက်သည်။
"ကျွန်ုပ်ကို အဘိုးအိုလို့ မခေါ်ပါနဲ့လေ၊ ခင်ဗျားတို့က ကျွန်ုပ်ထက်တောင် ဘူတာရုံကမ္ဘာထဲမှာ ပိုပြီး အချိန်ကြာကြာ နေထိုင်ခဲ့ကြတာ မဟုတ်လား"
အိုလစ်ဒ်က ဝိုင်နီခွက် တစ်ခွက်ကို ထုတ်ယူလိုက်ရာ သူ၏ဘေးရှိ သွေးစုပ်ဖုတ်ကောင်က ကိုယ့်လက်မောင်းကိုယ် ချက်ချင်း ဓားဖြင့်ခွဲ၍ လတ်ဆတ်သော သွေးများကို ခွက်အတွင်းသို့ စီးကျစေလေ၏။
"ဒီလို ပြောလို့ မရဘူးလေ။ ဒီလွင်တီးခေါင်ပြင်ကြီးထဲမှာ အချိန်ကာလကို လွင်တီးခေါင်ပြင်ရဲ့ စံနှုန်းအတိုင်းပဲ တွက်ချက်ရစမြဲပါ။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ လွင်တီးခေါင်ပြင်က လွှမ်းမိုး အုပ်စိုးထားတဲ့ အင်အားကြီး အရာတစ်ခု ဖြစ်နေပြီကိုး"
ကျုံမော့ကျင်းက ခါးကို ဖိကိုင်လျက် အိုလစ်ဒ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ဒီတစ်ကြိမ် ထာဝရ ညဉ့်ယံ မြို့တော်ရဲ့ အစစ်အမှန် ဘိုးဘေးကြီးက ကျွန်ုပ်တို့ အဘိုကာဒိုနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ"
"ကျွန်ုပ်ရဲ့ နှုတ်ခွန်းဆက်စကားကို ပါးပေးပါ။ ထာဝရ ညဉ့်ယံ မြို့တော်က ပစ်ချပေးလိုက်တဲ့ ထိုးကျွေးခံ အပြစ်ပုံချစရာ ကိစ္စကို အဘိုကာဒိုက သေချာပေါက် ကောင်းကောင်း လက်ခံ ဖြေရှင်းပေးမှာပါ။ ဒါပေမဲ့ ဘော့စ် လိုအပ်နေတဲ့ ပစ္စည်းကိုတော့ မမေ့ပါနဲ့"
အိုလစ်ဒ်က ခွက်အတွင်းမှ အငွေ့တထောင်းထောင်း ထနေသော လတ်ဆတ်သည့် သွေးများကို တစ်မိုက်တည်း မော့သောက်လိုက်၏။
"သဘာဝကျစွာပဲ၊ သေချာပေါက် မမေ့ပါဘူး"
"ဒါပေမဲ့ စကားစပ်မိလို့ ပြောရရင် အစစ်အမှန် ဘိုးဘေးကြီးကတော့ တကယ့်ကို အရှုံးပေါ်တဲ့ အရောင်းအဝယ်ကို လုပ်လိုက်တာပဲ"
"ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က မူလကတည်းက အဘိုကာဒိုရဲ့ အင်အားနဲ့ ထိတ်လန့် ခြောက်ခြားဖွယ်ရာတွေကို ပြသဖို့ လုံလောက်တဲ့ စင်မြင့်ကြီး တစ်ခုကို လိုချင်နေခဲ့ကြတာ မဟုတ်လား"
"အခု ဒီကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်မှုကြီးက အကောင်းဆုံး အခွင့်အရေးကြီးပဲ မဟုတ်ပေဘူးလား"
ကျုံမော့ကျင်းက တခစ်ခစ် ရယ်မောလိုက်ပြီး ဘာမျှ ပြန်မဖြေခဲ့ချေ။
ဒေါင်၊ ဒေါင် — ခေါင်းလောင်း ထိုးသံ ထွက်ပေါ်လာ၏။ ကျုံမော့ကျင်းနှင့် ဘာရယ်လ်တို့သည် အခန်းအတွင်းရှိ နာရီဆီသို့ လှမ်းကြည့်လိုက်ကြသည်။
【၁၃:၀၀:၀၀】
"အချိန် နီးကပ်လာပြီ၊ စတင်သင့်ပြီပဲ"
"အဘိုကာဒို ပိုင်ဆိုင်တဲ့ ဒီကခုန်ပွဲတော်ကြီးကိုလေ"
ကျုံမော့ကျင်းသည် ခန္ဓာကိုယ်ကို မတ်မတ် ပြင်ထိုင်လိုက်၏။
မူလက သာယာ ကြည်လင်နေသော ကောင်းကင်ယံထက်၌ မည်းမှောင်သော တိမ်တိုက်ကြီးများ ရုတ်တရက် စုရုံး ရောက်ရှိလာချေပြီ။ စစ်တလင်း တစ်ခုလုံး၊ ကျွန်း တစ်ကျွန်းလုံးနှင့် ပင်လယ်စွန်ရဲကျွန်း တစ်ခုလုံးကို နီရဲသော သွေးရောင်ကြီးက ဖုံးလွှမ်း လွှမ်းခြုံသွားတော့သည်။
အိုလစ်ဒ်သည် ဝိုင်ခွက်ကို အောက်သို့ ချလိုက်၏။
"ဒီပင်လယ်စွန်ရဲကျွန်းကို အစပျိုးရာ နေရာတစ်ခုအဖြစ် သတ်မှတ်ကြစို့"
"ကြီးမြတ်လှတဲ့ သွေးနတ်ဘုရားနဲ့ ကြီးမြတ်လှတဲ့ အစစ်အမှန် ဘိုးဘေးကြီးတို့ အဆင့်တက် မြင့်မားလာဖို့ အာဟာရ ဖြည့်တင်းပေးကြရအောင်။ ဒီပင်လယ်စွန်ရဲကျွန်းပေါ်က အရာအားလုံးကို ယဇ်ပူဇော်ရာ အရာတွေအဖြစ် အသုံးပြုလိုက်ကြစို့"
အိုလစ်ဒ်၏ အသံမှာ အစွန်းရောက် ရူးသွပ် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
【ဒေါင်၊ ဒေါင်၊ ဒေါင် —】
【ရထား ထွက်ခွာခွင့် အာဏာကို ချိတ်ပိတ် လော့ခ်ချလိုက်ပါပြီ။】
【ပြန်လည် ရရှိရန် ရေတွက်ချိန် — ၁၁:၅၉:၅၉】
မည်းမှောင်သော တိမ်တိုက်ကြီးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရထားစနစ်၏ အလင်းမျက်နှာပြင်ကလည်း ပေါ်ပေါက်လာချေသည်။
"..."
"အပန်းဖြေ ခရီးထွက်လာတာတောင် ဘာလို့ ပြဿနာတွေနဲ့ လာကြုံနေရတာပါလိမ့်"
ရဲချီယန်သည် ပြောစရာ စကားမဲ့စွာ နဖူးကို ဖိကိုင်လိုက်ပြီး ဆိုဖာပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်သော နာမည်ကျော် စူပါစတား အဆိုတော်မလေးကို လှမ်းကြည့်လိုက်၏။
"ဒါ အဘိုကာဒိုနဲ့များ ပတ်သက်နေတာလား..."
【"ဟားဟားဟား... ငါ ရောက်လာပြီဟေ့"】
ကောင်းကင်ယံကြီး အက်ကွဲ ပေါက်ပြဲသွားလေ၏။ ဆုတ်ပြဲနေသော ထိုပေါက်ပြဲရာ နေရာဆီမှ ဧရာမ အပြာရောင် ကင်းခြေများကြီး တစ်ကောင် ပျံသန်း ထွက်ပေါ်လာချေသည်။ ကင်းခြေများကြီးက အပြာရောင် အဆိပ်မြူငွေ့များကို ပက်ဖျန်း မှုတ်ထုတ်လိုက်ရာ ဖြတ်သန်းသွားရာ နေရာတိုင်းမှာ ရေခဲရုပ်တုများအဖြစ် တခဏချင်း အေးခဲ သွားတော့သည်။ ရေခဲမသွားလျှင်တောင်မှ ဤရေခဲများထံမှ ထုတ်လွှတ်သော အရှိန်အဝါကြောင့် သာမန် ဌာနေလူသားများမှာ အသက်ရှူရ ခက်ခဲလာပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြရ၏။
"မိုက်မဲ ရဲတင်းလှချည်လား။ မင်းက ဘယ်သူလဲ။ ဒီပင်လယ်စွန်ရဲကျွန်းကို ဘယ်လိုတောင် ကျူးကျော် ဝင်ရောက်ရဲတာလဲ"
ပင်လယ်စွန်ရဲကျွန်း၏ အစောင့်တပ်ဖွဲ့က ချက်ချင်း လှုပ်ရှား ထွက်ခွာလာကြသော်လည်း ဘာရယ်လ်၏ အနီးဆီသို့ မပျံသန်းနိုင်မီမှာပင် အပြာရောင် ကင်းခြေများကြီး၏ ခန္ဓာကိုယ်အတွင်းမှ ပျံသန်း ထွက်လာသော ကလေးငယ် အရွယ်အစားခန့် ရှိသည့် ကင်းခြေများ အမြောက်အမြား၏ ရစ်ပတ် တိုက်ခိုက်ခြင်းကို ခံလိုက်ကြရလေသည်။
"အမှိုက်သရိုက် တစ်စု။ မင်းတို့လို ကောင်တွေက ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း ရှိတယ် ထင်နေတာလား။ မင်းတို့ရဲ့ ကျွန်းသခင်ကို သွားခေါ်လိုက်စမ်း"
ပင်လယ်စွန်ရဲကျွန်း၏ ကျွန်းသခင်၊ ဤကျွန်းပေါ်ရှိ ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ ဟွမ်ခိုင်ကျိ။ ဤအခိုက်အတန့်၌ သူ၏ မျက်နှာကြီးမှာ မည်းမှောင်နေပြီး လက်ထဲရှိ သစ်ကြားသီး ကိရိယာ နှစ်လုံးမှာလည်း သူ့လက်ဖြင့် အကြမ်းပတမ်း ညှစ်ခွဲ ချေမွခြင်းကို ခံလိုက်ရချေပြီ။
"အဘိုကာဒိုရဲ့ ရူးသွပ်သော အဆိပ်ပဲ... သောက်ကျိုးနည်း၊ ဒီအရူးတွေက ဒီမှာ ဘာလာလုပ်နေကြတာလဲ"
ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ စာရင်းဝင် တစ်ဦး ဖြစ်သည်နှင့်အညီ ဟွမ်ခိုင်ကျိ၏ စွမ်းအားမှာ သဘာဝကျစွာပင် ညံ့ဖျင်းလှသည် မဟုတ်ချေ။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သည့် ပင်လယ်စွန်ရဲကျွန်းက သူ့အတွက် ဧရာမ ရထားဒင်္ဂါး အမြောက်အမြားကို ရှာဖွေ ပေးခဲ့သည်မှာ ဆိုဖွယ်ရာ မရှိရာ ထိုငွေကြေးများဖြင့် အစွမ်းထက်လှသော ရထားမောင်းနှင်သူ မော်ဂျူးများနှင့် ပစ္စည်းကိရိယာများကို ဝယ်ယူ တပ်ဆင်ထားခဲ့ပေသည်။
"အိုး... နောက်ဆုံးတော့ လိပ်ခွံထဲကနေ ထွက်လာခဲ့ပြီပေါ့"
ဘာရယ်လ်က သွားဖြဲ ရယ်မောလိုက်၏။ လက်ထဲရှိ တံစဉ်က မောက်မာ ကြမ်းကြုတ်စွာ လည်ပတ်သွားပြီး အစီအစဉ်တင်ဆက်သူ၏ လက်ထဲမှ မိုက်ခရိုဖုန်းကို ပေါ့ပေါ့ပါးပါး လုယူလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဟေး... ဟိုဘက်က တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေတဲ့သူတွေ ငါ့ကို မြင်ရတယ် မဟုတ်လား။ ငါက အဘိုကာဒိုရဲ့ ရူးသွပ်သော အဆိပ်၊ ဘာရယ်လ်ပဲ။ ဒီနေ့က စပြီး ဒီပင်လယ်စွန်ရဲကျွန်းက ငါတို့ အဘိုကာဒို ပိုင်တဲ့နေရာ ဖြစ်သွားပြီ"
ဘာရယ်လ်၏ လက်ထဲမှ ကျောက်မျက်ရတနာ ပစ္စည်းတစ်ခု ထွက်ပေါ်လာ၏။ စူးရှ တောက်ပသော အလင်းတန်းကြီး တစ်ခုက ဟွမ်ခိုင်ကျိ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေတော့သည်။
【ဒေါင် — ကမ္ဘာ ပိုင်ဆိုင်ခွင့်ကို စိန်ခေါ် တိုက်ခိုက်နေပါပြီ။】
【ဘာရယ်လ်သည် ကမ္ဘာ ပိုင်ဆိုင်ခွင့် တိုက်ပွဲကို စတင် လှုံ့ဆော်လိုက်သည်။】
【ငြင်းဆန်၍ မရနိုင်ပါ။】
"ဒီကျွန်းပေါ်မှာ ရှိနေတဲ့ ဌာနေလူသားတွေပဲ ဖြစ်ဖြစ်၊ ရထားမောင်းနှင်သူတွေပဲ ဖြစ်ဖြစ်..."
"ဒီနေ့ မင်းတို့ အားလုံး သေကြရမယ်"
သီးသန့် အခန်းငယ်အတွင်း၌ ရဲချီယန်သည် ဗိုက်စင်သီးကို စားသုံးရင်း ကောင်းကင်ယံမှ ဘာရယ်လ်၏ စကားသံများကို နားထောင်နေချေသည်။ သူ၏ လက်ထဲ၌မူ နေရာရွှေ့ပြောင်းအမှတ်အသားနှင့် တရားသူကြီးကတ်တို့က ခပ်ရေးရေး လှုပ်ရှား တောက်ပနေလေ၏။
"အဘိုကာဒို... သူများ အေးအေးဆေးဆေး နားနေတာကို ဘယ်လို ဖျက်ဆီး နှောင့်ယှက်ရမလဲ ဆိုတာ တကယ့်ကို ကောင်းကောင်း သိတဲ့ ကောင်တွေပါလား"