← Chapters

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း (၅၃၂)

" ကောင်းကင်ဘုံ၊ ဗုဒ္ဓနယ်မြေ ရှေးဟောင်းကျမ်းတွေမှာတော့ သနားကြင်နာတတ်တဲ့ အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေအကြောင်းရေးသားထားပေမယ့် တကယ်တော့ သူတို့က နတ်ဆိုးတွေပဲ။ သူတို့က ကိုယ်ကိုကိုယ် ဖုံးကွယ်ထားကြတယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" ခမည်းတော် အခု နောက်တစ်ဆင့်အနေနဲ့ သိုင်းတာအိုကို ဖြန့်ကျက်ရမယ်။ အနောက်ဘက်နယ်စပ်ကိုလည်း မြန်မြန် သိမ်းပိုက်ရမယ်။ လူသားဘုံကို အပြည့်အဝ သိမ်းပိုက်ပြီး ကံကြမ္မာစွမ်းအားကို ထိန်းချုပ်နိုင်မှသူ ချင်အင်ပါယာက အခွင့်အရေးရှိလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" သိုင်းတာအိုကို ဖြန့်ဝေမယ့်နည်းလမ်းကို ရေးဆွဲပြီးသွားပြီ။ အကောင်အထည်ဖော်ဖို့ပဲ လိုတော့တယ်။ ချင်ပြည်သူတိုင်းက ရုပ်ခန္ဓာသန့်စင်ခြင်းကျင့်စဉ်ကို ရရှိနိုင်တယ်။ ဟောက်ထျန်းအဆင့်ကို ရောက်တာနဲ့ အစိုးရရုံးတွေမှာ စာရင်းသွင်းပြီး ရှန်ထျန်းအဆင့်ကျင့်စဉ်ကို ရယူနိုင်တယ်။ ဒါ့အပြင် ကျောင်းတော်တွေက သိုင်းတာအို အရည်အချင်းရှိသူတွေကို ရွေးချယ်ပြီး အဓိကလေ့ကျင့်ပေးသွားမယ်။ အခု ကွေ့ကူကျိရှိနေပြီဆိုတော့ သိုင်းတာအိုအပြင် အင်မော်တယ်လမ်းစဉ်ကိုလည်း ကျင့်ကြံနိုင်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော်မျိုးက ချင်အင်ပါယာထဲကို ဝင်ရောက်ထားပြီဖြစ်လို့ ချင်အင်ပါယာအတွက် အလုပ်လုပ်ပေးမှာပါ။ ကျွန်တော်မျိုးရဲ့ တပည့်တွေက နတ်အသွင်ပြောင်းလဲခြင်းအဆင့်ရဲ့ အထက်ကို ရောက်နေပြီ။ သူတို့က အင်မော်တယ်လမ်းစဉ်ကို သင်ကြားပေးဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် လူတိုင်းကျင့်ကြံနိုင်တဲ့ အိမ်ရှေ့စံမင်းသားရဲ့ သိုင်းတာအိုနဲ့တော့မတူဘူး။ စိတ်ဝိညာဉ်အမြစ်ရှိတဲ့သူတွေပဲ ချီစွမ်းအားကို ခန္ဓာကိုယ်ထဲ စုပ်ယူပြီး အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံနိုင်လိမ့်မယ်။ " ကွေ့ကူကျိက ပြန်ပြောလိုက်သည်။

" စိတ်ဝိညာဉ်အမြစ်ကို စစ်ဆေးပေးနိုင်တဲ့ မှော်ရတနာရှိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" စိတ်ဝိညာဉ်အမြစ် စစ်ဆေးတဲ့ မှော်ရတနာက လုပ်ရတာလွယ်ပါတယ်။ ဒါပေမယ့် အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံဖို့အတွက် အရင်အမြစ်တွေ အထူးသဖြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုအပ်ပါတယ်။ " ကွေ့ကူကျိက သတိပေးလိုက်သည်။

" အင်ပါယာဆရာ အရင်အမြစ်တွေအတွက် စိတ်ပူစရာမလိုဘုး။ ကောင်းကင်ဘုံနဲ့ ​ဗုဒ္ဓနယ်မြေက ရှန်းကျိုးနယ်မြေရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို နှစ်ပေါင်းများစွာ ဖြတ်တေယက်လိုက်တာက ချင်အင်ပါယာအတွက် ကံကောင်းတာပဲ။ အခု ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကို စုစည်းပြီးတဲ့နောက်မှာ ရှန်းကျိုးနယ်မြေမှာ စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောတွေ အများကြီးပေါ်လာတယ်။ တူးဖော်ပြီးသား စိတ်ဝိညာဉ်ကျောက်တွင်းတွေလည်း အများကြီးရှိတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" သူတို့က ကျင့်ကြံခြင်းလမ်းစဉ်ကို ဖြတ်တောက်ထားပေမယ့် ချင်အင်ပါယာနဲ့ အချိန်ကိုက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ " ကွေ့ကူကျိက ခံစားချက်များဖြင့် ပြောလိုက်သည်။

" အင်ပါယာဆရာ စိတ်ဝိညာဉ်အမြစ် စစ်ဆေးမယ့်ရတနာကို အပြည့်အဝ သွန်းလုပ်ပါ။ ဒါ​အပြင် အခြေခံအင်မော်တယ်ကျင့်စဉ်ကို ပြည်သူတွေဆီ ဖြန့်ဝေပေးပါ။ စိတ်ဝိညာဉ်အမြစ်ရှိတဲ့သူက စစ်ဆေးတာကို စောင့်စရာမလိုဘဲ ကျင့်ကြံထားနိုင်တယ်။ အရည်အချင်းရှိတဲ့သူတွေကို ရွေးချယ်ဖို့ စစ်ဆေးမှုကိုပဲ စောင့်ရလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကွေ့ကူကျိ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။ " အိမ်ရှေ့စံမင်းသားက အမြော်အမြင်ရှိပါတယ်။ ချီးလမ်းညွှန်ခြင်းကျင့်စဉ်ကို ပေးလိုက်တာက စိတ်ဝိညာဉ်အမြစ် ရှိမရှိ စစ်ဆေးဖို့ ပိုကောင်းတယ်။ ပြီးမှ မှော်ရတနာကို သုံးပြီး စိတ်ဝိညာဉ်အမြစ်ရဲ့ အားကောင်းမှုကို စစ်ဆေးလို့ရတယ်။ ဒါဆို ရှန်းကျိုးနယ်မြေကနေ အရည်အချင်းရှိတဲ့ အင်မော်တယ်ကျင့်ကြံသူတွေ အများကြီး ရွေးချယ်နိုင်မှာပါ။ "

" အင်မော်တယ်ကျင့်ကြံခြင်း၊ သိုင်းတာအိုကျင့်ကြံခြင်း။ နှစ်ခုလုံးက ကျင့်ကြံခြင်းလမ်းစဉ်တွေပဲ။ ပြီးတော့ အင်ပါယာကံကြမ္မာကျင့်စဉ်လည်း ရှိသေးတယ်။ ဒီလမ်းစဉ်သုံးခုလုံးကို ဖြန့်ဝေမယ်။ သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်ကို ပြည်သူတိုင်း ကျင့်ကြံနိုင်တယ်။ အင်ပါယာကံကြမ္မာကျင့်စဉ်ကို ချင်အရာရှိတွေပဲ ကျင့်ကြံနိုင်လိမ့်မယ်။ ဒီနေ့စကြတာပေါ့။ ပြည်သူတွေအားလုံး ကျင့်ကြံဖို့ အချိန်ရောက်ပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ဒီနေ့ ချင်အင်ပါယာက စည်းလုံးသွားပြီး ဟွာရှက ဖွံ့ဖြိုးတိုးတက်နေတယ်။ ငါနဲ့ အိမ်ရှေ့စံမင်းသားတို့က ထာဝရအသက်ရှည်ခြင်းရဲ့ အခြေခံအုတ်မြစ်ကို ပေးအပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြည်သူတွေကို သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်ကို လက်ဆင့်ကမ်းပေးမယ်။ အိမ်ရှေ့စံမင်းသားရဲ့ သိုင်းတာအိုလမ်းစဉ်ကို လူတိုင်းကျင့်ကြံနိုင်တယ်။ ခွန်အားတိုးတက်လာပြီး အသက်ရှည်လာမယ်။ ငါတို့ အင်ပါယာဆရာရဲ့ အင်မော်တယ်လမ်းစဉ်က စိတ်ဝိညာဉ်အမြစ်ရှိသူတွေ ကျင့်ကြံနိုင်တယ်။ ဓားကို ထိန်းချုပ်ပြီး ကောင်းကင်ကို တက်လှမ်းနိုင်မယ်။ "

ရင်ကျန့်က အမိန့်တော်ကို ထုတ်ပြန်လိုက်ပြီး အခြေခံကျင့်စဉ်များကို ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် ပေးပို့လိုက်သည်။ ကွေ့ကူကျိကလည်း ချီလမ်းညွှန်ခြင်းကျင့်စဉ်ကို ထျန်းရွှမ်ကြေးမုံသို့ ပို့လိုက်သည်။

" ဒီနေ့ ချင်အင်ပါယာက ကျင့်ကြံခြင်းလမ်းစဉ်ကို လက်ဆင့်ကမ်းတဲ့နေ့၊ ချင်ခေတ်သစ်ပြက္ခဒိန်ရဲ့ ပထမနှစ်ကိုလည်း သတ်မှတ်လိုက်တယ်။ ချင်ပြည်သူတိုင်း သက်သေပြုကြလော။ " ရင်ကျန့်က အာဏာအပြည့်ဖြင့် ကြေညာလိုက်သည်။

ရှန်းယန်မြို့တော်၊ ဝန်ကြီးချုပ်ရုံးမှ အရာရှိအချို့ ထွက်လာကြသည်။ မြို့ထဲမှ ပြည်သူများက စူးစမ်းလိုစိတ်ဖြင့် စုရုံးလာကြသည်။ ချင်အင်ပါယာ၏ ပြည်နယ် ၉ ခုနှင့် ခရိုင် ၃၆ ခုလုံးတွင် အမိန့်တော် ရောက်လာခဲ့သည်။ ချင်အင်ပါယာတစ်ခုလုံးတွင် အရာရှိများက အမိန့်တော်ကို ကိုင်ပြီး ပြည်သူများက စုရုံးနေကြသည်။

" ဒီနေ့ ချင်အင်ပါယာက စည်းလုံးပြီး ဟွာရှက ဖွံ့ဖြိုးတိုးတက်နေတယ်။ ပြည်သူတွေက စိုက်ပျိုးဖို့ မြေယာရှိပြီး ဝဝလင်လင် စားသောက်နိုင်ကြတယ်။ ဒါက ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ ချီးမြှောက်မှုပဲ။ ဒါပေမယ့် နောက်ဆုံးတော့ ဒီကြွယ်ဝမှုက သာမန်လူသားအင်ပါယာတစ်လုပဲ ရှိသေးတယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့က မပျက်စီးမယ့် ချင်အင်ပါယာ၊ ထာဝရမင်းဆက်ကို ဖန်တီးဖို့ ရည်ရွယ်ထားတယ်။ "

" ဒါကြောင့် ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့က ကျင့်စဉ်တွေ ပေးအပ်ပြီး ချင်ပြည်သူတွေ ထာဝရအသက်ရှည်ခြင်းကို ကျင့်ကြံဖို့ ခွင့်ပြုလိုက်တယ်။ အခု သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်ကို ပြည်သူတွေကြား လက်ဆင့်ကမ်းပေးမယ်။ အိမ်ရှေ့စံမင်းသားရဲ့ သိုင်းတာအိုလမ်းစဉ်ကို လူတိုင်းကျင့်ကြံနိုင်တယ်။ ခွန်အားတိုးတက်လာပြီး အသက်ရှည်လာမယ်။ ငါတို့ အင်ပါယာဆရာရဲ့ အင်မော်တယ်လမ်းစဉ်က စိတ်ဝိညာဉ်အမြစ်ရှိသူတွေ ကျင့်ကြံနိုင်တယ်။ ဓားကို ထိန်းချုပ်ပြီး ကောင်းကင်ကို တက်လှမ်းနိုင်မယ်။ "

" ကျင့်ကြံခြင်းလမ်းစဉ်နှစ်ခုလုံးက ထာဝရအသက်ရှည်ခြင်းကို ရောက်နိုင်တယ်။ အရာအားလုံးက ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကြိုးစားမှုအပေါ် မူတည်တယ်။ ချင်ပြည်သူအားလုံးက သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်ရဲ့ ကျင့်စဉ်တွေကို ရယူနိုင်တယ်။ ကျေးရွာမှာ နေထိုင်တဲ့သူတွေက ရွာလူကြီးဆီက ကျင့်စဉ်ကို ရယူနိုင်တယ်။ ခရိုင်တွေပြည်နယ်တွေလည်း အတူတူပဲ။ အစိုးရရုံးတွေကနေ ကျင့်စဉ်တွေကို ရယူနိုင်တယ်။ "

" သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်ကို ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့က ပြည်သူတွေကို ကျေးဇူးပြုတာပဲ။ ချင်နိုင်ငံသားတွေပဲ ကျင့်ကြံနိုင်ပြီး အခြားသူတွေ ကျင့်ကြံရင် စိတ်နှလုံးနတ်ဆိုးပေါ်လာပြီး ရုတ်တရက် သေဆုံးရလိမ့်မယ်။ ကမ္ဘာတစ်ဝှမ်းက ကျောင်းတော်တွေမှာလည်း အင်မော်တယ်လမ်းစဉ်နဲ့ သိုင်းတာအိုကို သင်ကြားပေးမယ်။ သိုင်းတာအိုထူးချွန်သူ ဒါမှမဟုတ် အထူးစိတ်ဝိညာဉ်အမြစ်ရှိသူတွေကို ချင်အင်ပါယာရဲ့ အင်အားကြီးသူတွေက သင်ကြားပေးမယ်။ ဒါက ချင်အင်ပါယာက ပြည်သူတွေကို ပေးတဲ့ လက်ဆောင်ပဲ။ "

အမိန့်တော်က ကမ္ဘာကြီးကို တုန်လှုပ်စေပြီး ပြည်သူအားလုံးကို အံ့အားသင့်သွားကြသည်။

" ဒါ ဒါက... ကျင့်စဉ်ဆိုတာ တကယ်ရှိတာလား။ "

" သိုင်းတာအိုလမ်းစဉ်လား။ အင်မော်တယ်လမ်းစဉ်လား။ "

" ဒီကမ္ဘာမှာ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ တကယ်ရှိတာလား။ "

" အိမ်ရှေ့စံမင်းသားက တကယ်ကို သူတော်စင်တစ်ပါး ပြန်လည်မွေးဖွားလာတာပဲ။ "

" ချင်နိုင်ငံသားဖြစ်ရတာ တကယ်ကံကောင်းတာပဲ။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ ပေးအပ်တဲ့ ကျင့်စဉ်နဲ့ အသက်ရှည်နိုင်ပြီး အင်မော်တယ်တောင် ဖြစ်နိုင်တယ်။ "

" ရှေးခေတ်ကတည်းက ပြည်သူတွေကို ဒုက္ခပေးပြီး ထာဝရအသက်ရှည်ခြင်းကို ရှာဖွေတဲ့ ဘုရင်တွေကြောင်းပဲ ကြားဖူးတယ်။ အခု ဧကရာဇ်မင်းမြတ်ကတော့ ထာဝရအသက်ရှည်ခြင်းလမ်းစဉ်ကို ပြည်သူတွေကို ပေးအပ်ခဲ့တယ်။ "

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားရဲ့ ကျေးဇူးတော်က ကြီးမားလှတယ်။ "

" ငါတို့ အစိုးရရုံးကို သွားပြီး ကျင့်စဉ်တွေ သွားထုတ်ရမယ်။ "

" ငါကတော့ အိမ်ရှေ့စံမင်းသားရဲ့ သိုင်းတာအိုလမ်းစဉ်ကို ရွေးချယ်မယ်။ အင်မော်တယ်လမ်းစဉ်ကတော့ အခွင့်အရေးရှိမရှိ ကြည့်ရမှာပဲ။ "

ချင်ပြည်သူများအားလုံးက ရူးမတတ် ပျော်ရွှင်နေကြသည်။ သိုင်းတာအိုနှင့် အင်မော်တယ်လမ်းစဉ် နှစ်ခုလုံးက ထာဝရအသက်ရှည်ခြင်းကို ရရှိနိုင်သည်။ ချင်ပြည်သူသန်းရှစ်ဆယ်ကျော်၏ စိတ်ထဲတွင် ရည်မှန်းချက်များ တောက်လောင်လာသည်။

ချင်ပြည်သူများသာမက ချင်အရာရှိများက အင်ပါယာကံကြမ္မာကျင့်စဉ်ကို ရရှိခဲ့ကြပြီး သူတို့အားလုံးကလည်း ပျော်ရွှင်နေကြသည်။ ယခင်က နန်းတော်မှ ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများသာ ကျင့်ကြံနိုင်ခဲ့သော်လည်း ယခုမူ ချင်အရာရှိတိုင်း ရွာလူကြီးကအစ ကျင့်ကြံနိုင်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters