← Chapters

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း (၅၃၃)

အိမ်ရှေ့စံနန်းတော်။

" အရှင် အမိန့်တော်ကို ကမ္ဘာတစ်ဝှမ်းလုံး ဖြန့်ဝေပြီးပါပြီ။ " ကျန်းမင်က လာရောက်အစီရင်ခံလိုက်သည်။

" တုန့်ပြန်မှုက ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ချင်ပြည်သူသန်းပေါင်းများစွာက ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ ကျေးဇူးတော်ကို ချီူးကျူးနေကြပါတယ်။ " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ သွားတော့။ ငါ ခဏလောက် တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ကျန်းမင်က ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

" ကျင့်ကြံခြင်းလမ်းစဉ်ကို ပေးအပ်တာက ပထမခြေလှမ်းပဲ။ နောက်တစ်ဆင့်က အခြေခံကျင့်စဉ်နဲ့ အရည်အချင်းရှိသူတွေကို ရွေးထုတ်ပြီး ကျောင်းတော်မှာ လေ့ကျင့်ပေးရမယ်။ ဒါ့အပြင် အနာဂတ်မှာ စစ်သားစုဆောင်းတာကို အရည်အချင်းနဲ့ ကျင့်ကြံမှုအပေါ်မှာ အဓိကထားမယ်။ အရည်အချင်းမရှိတဲ့သူတွေက အခြားအလုပ်တွေကို လုပ်ရမယ်။ " ကျောက်ဖုန်းက နောက်ဆက်တွဲအစီအစဉ်များကို စဉ်းစားထားပြီးသားဖြစ်သည်။

ချင်အင်ပါယာက ခေတ်သစ်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ ပြည်သူများက နဂါးတံခါးကို ကျော်ဖြတ်လိုက်သော ငါးတစ်ကောင်ကဲ့သို့ အခွင့်အရေးကို ရရှိကြပေလိမ့်မည်။

" ဆုလာဘ်တွေ ရယူမယ်။ " ကျောက်ဖုန်းက ပြောခိုက်သည်။

" သိုင်းတာအိုကျင့်ကြံသူ အရေအတွက် နှစ်သန်းသို့ ရောက်ရှိသွားပြီး အဆင့်ငါးရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "

" အင်ပါယာကံကြမ္မာစွမ်းအား အဆင့်နှစ်သို့ ရောက်ရှိသွားပြီး အဆင့်ငါးရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ " စနစ်မှ အသိပေးချက်ထွက်ပေါ်လာသည်။

" အင်ပါယာကဏ္ဍကို ဖွင့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

အမည် - ချင်အင်ပါယာ

နတ်ဝိညာဉ် - အဆင့်မြင့်မင်းဆက်၊ ရွှမ်ငှက်

လူဦးရေ - ၈၇.၈၈ သန်း

စစ်အင်အား - စခန်းငါးခု ၁.၄သန်း၊ ခရိုင်စစ်သည် ၂၈၀၀၀၀၊ ထောက်ပို့စစ်သည် ၅၀၀၀၀၀

သိုင်းတာအိုကျင့်ကြံသူ - ၂.၃သန်း

အင်ပါယာကံကြမ္မာ - အဆင့်နှစ်

" ကံကြမ္မာမင်းဆက်ကို တည်ထောင်ပြီးတဲ့နောက်မှာ အတော်ပြောင်းလဲသွားတာပဲ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။ အထူးသဖြင့် ပြည်သူများကို ကောင်းချီးပေးနိုင်သော နတ်ဝိညာဉ်စွမ်းရည်ဖြစ်သည်။

" နတ်ဝိညာဉ်ရွှမ်ငှက်ရဲ့ စွမ်းရည်တွေကို ကြည့်မယ်။ " ကျောက်ဖုန်းက ရွှမ်ငှက်၏ စွမ်းရည်များကို ကြည့်လိုက်သည်။

စစ်သည် - အင်ပါယာကံကြမ္မာစွမ်းအားကို သုံးပြီး စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ၃၀ ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်တယ်။

စိုက်ပျိုးရေး - ချင်အင်ပါယာအတွင်း ရာသီဥတုကို သာယာစေပြီး သီးနှံအထွက်နှုန်းကို ၃၀ ရာခိုင်နှုန်း တိုးတက်စေနိုင်တယ်။

ကျင့်ကြံခြင်း - အင်ပါယာအတွင်း ပြည်သူတိုင်းရဲ့ ကျင့်ကြံခြင်းအရှိန်ကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးတယ်။

စိတ်ဝိညာဉ် - အင်ပါယာအတွင်း မွေးကင်းစကလေးတွေရဲ့ ကျင့်ကြံခြင်း အရည်အချင်းကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးတယ်။

" အင်ပါယာအဆင့်တစ်ခုစီတိုင်းမှာ စွမ်းရည်တစ်ခုစီကို ရွေးချယ်နိုင်ပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ရွှမ်ငှက်မှာ ရွေးချယ်စရာစွမ်းရည်လေးခုရှိတာပဲ။ အခုအချိန်မှာ ချင်အင်ပါယာရဲ့ အနာဂတ်ကို အဓိကဦးစားပေးရမယ်။ တတိယနဲ့ စတုတ္ထက နှစ်ခုလုံးကောင်းတယ်။ တစ်ခုက ပြည်သူတွေရဲ့ ကျင့်ကြံခြင်းအရှိန်ကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးတယ်။ နောက်တစ်ခုက မွေးကင်းစကလေးတွေရဲ့ အရည်အချင်းကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးတယ်။ " ကျောက်ဖုန်းက သူ၏ ရှေ့မှ စွမ်းရည်လေးခုကို ကြည့်ပြီး စဉ်းစားနေသည်။

" တတိယတစ်ခုကို ရွေးတာပိုကောင်းတယ်။ အခုမှ ကျင့်စဉ်တွေကို ဖြန့်​ဝေပေးထားတာဆိုတော့ ကျင့်ကြံခြင်းအရှိန်ကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးတာက အရမ်းအသုံးဝင်လိမ့်မယ်။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီးနောက် တတိယစွမ်းရည်ကို ရွေးချယ်လိုက်သည်။

သူ၏ ရွေးချယ်မှုနှင့်အတူ ရွှမ်ငှက်၏ အော်သံထွက်ပေါ်လာသည်။ ရှန်းယန်မြို့အထက်တွင် ရွှမ်ငှက်၏ အော်သံက ပဲ့တင်ထပ်သွားပြီး ချင်အင်ပါယာတစ်ခုလုံး ပျံ့နှံ့သွားသည်။ ရွှမ်ငှက်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ပြည်သူတစ်ယောက်ချင်းစီ၏ အင်ပါယာကံကြမ္မာနှင့် ချိတ်ဆက်သွားသည်။ ထိုအချိန်တွင် ရွှမ်ငှက်၏ စွမ်းရည်က ပြည်သူအားလုံး၏ ကျင့်ကြံခြင်းအရှိန်ကို တိုးမြှင့်ပေးလိုက်သည်။

" ငါကိုယ်တိုင်လည်း ကျင့်ကြံခြင်းအရှိန် တိုးလာတာပဲ။ ချင်အင်ပါယာက ကျင့်ကြံခြင်းခေတ်ကို တရားဝင် ဝင်ရောက်သွားပြီ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" အခု ရတနာသေတ္တာတွေ ဖွင့်လို့ရပြီ။ အရင်က ရထားတဲ့ နှစ်လုံးနဲ့ အဆင့်ငါးရတနာသေတ္တာလေးလုံး ဖြစ်သွားပြီ။ ရတနာအားလုံး ဖွင့်လိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အဆင့်ငါးရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "

" ဟောက်ထျန်းအဆင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ရတနာ ချွေ့လျန်မျှော်စင်ကို ရရှိပါတယ်။ "

" ဟောက်ထျန်းအဆင့် စိတ်ဝိညာဉ်ရတနာ ဖန်တီးခြင်းစွမ်းအင်မြေဆီလွှာကို ရရှိပါတယ်။ "

" နတ်စွမ်းရည် ဓမ္မခန္ဓာကို ရရှိပါတယ်။ "

" ရှန်ထျန်းအဆင့် စိတ်ဝိညာဉ်ရတနာ အာကာသကြေးမုံကို ရရှိပါတယ်။ "

" ရှန်ထျန်းအဆင့်ရတနာ..." ကျောက်ဖုန်း၏ အကြည့်က နောက်ဆုံးဆုလာဘ်ပေါ်သို့ ကျရောက်သွားသည်။ " အာကာသကြေးမုံ ဒါက ထျန်းရွှမ်ကြေးမုံထက်တောင် ပိုအစွမ်းထက်လောက်တယ်။ ပြီးတော့ ချွေ့လျန်မျှော်စင်လည်း ရှိတယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

" ဓမ္မခန္ဓာနတ်စွမ်းရည်။ ဒါကတကယ်ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ။ ဒါပေမယ့် အသန်မာဆုံးကတော့ နိယာမကို ထိန်းချုပ်တာပဲ။ ဖန်တီးခြင်းစွမ်းအင်မြေဆီလွှာက စိတ်ဝိညာဉ်အပင်တွေ စိုက်ပျိုးလို့ရမှာပေါ့။ ကမ္ဘာငယ်ထဲကို ထည့်ထားရမယ်။ "

" အာကာသကြေးမုံကို ထုတ်ယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်ပြီး ကြေးမုံတစ်ချပ်က သူ၏ ရှေ့တွင် ပေါ်လာသည်။

" ရှန်ထျန်းအဆင့် ရတနာဖြစ်ထိုက်ပါတယ်။ ကန့်သတ်ချက် ၄၂ ခုရှိတယ်။ အရင်ဆုံး ကန့်သတ်ချက်အချို့ကို သန့်စင်ကြည့်လိုက်မယ်။ " ကျောက်ဖုန်းက ယွမ်စွမ်းအားများကို အာကာသကြေးမုံဆီသို့ ပို့လွှတ်ပြီး စတင်သန့်စင်လိုက်သည်။

ခဏကြာသောအခါ ကျောက်ဖုန်း၏ မျက်နှာတွင် ဝမ်းသာသော အမူအရာပေါ်လာသည်။ " အာကာသကြေးမုံက အာကာသကို ဖြတ်ကျော်နိုင်တဲ့အပြင် ကမ္ဘာနယ်နိမိတ်တွေကိုပါ ဖြတ်ကျော်နိုင်တယ်။ ဒါဆို ငါက ဒီရတနာနဲ့ အင်မော်တယ်ဘုံကို သွားလို့ရတာပေါ့။ "

၎င်းက ကျောက်ဖုန်းနှင့် ချင်အင်ပါယာအတွက် ကောင်းသောအရာဖြစ်သည်။ ရှန်းကျိုးနယ်မြေက အင်မော်တယ်ဘုံ၏ သိမ်းပိုက်မှုကို ခုခံနိုင်စွမ်းမရှိလျှင် ရှန်းကျိုးနယ်မြေနှင့် ချင်အင်ပါယာက အန္တရာယ်ရှိလာပေလိမ့်မည်။ သို့သော် ကျောက်ဖုန်းက အင်မော်တယ်ဘုံသို့ ဝင်ရောက်နိုင်လျှင် ကောင်းကင်ဘုံကို ပြန်လည်တိုက်ခိုက်ကာ အင်မော်တယ်ဘုံတွင် နေရာတစ်ခု တည်ဆောက်နိုင်ပေလိမ့်မည်။

" ဒီရတနာက တကယ်ရတနာပဲ။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ တိုက်ပွဲ​ဗျူဟာက ပြောင်းလဲသွားပြီ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ချွေ့လျန်မျှော်စင်ကို ထုတ်ယူလိုက်သည်။

" ဒီမျှော်စင်မှာ စိတ်ဝိညာဉ်မီးတောက်ရဲ့ သန့်စင်နိုင်စွမ်းရှိတယ်။ အဲ့ဒါက ရုပ်ခန္ဓာကို သန့်စင်ပေးနိုင်သလို ချီစွမ်းအားနဲ့ ယွမ်စွမ်းအားကိုပါ သန့်စင်ပေးပြီး ကျင့်ကြံခြင်းကို အထောက်အကူဖြသ်စေနိုင်တယ်။ ဒီရတနာကို ရှန်းယန်မှာထားပြီး အရည်အချင်းရှိတဲ့သူတွေကို အထဲဝင်ပြီး ကျင့်ကြံခိုင်းလို့ရတယ်။ ဒါ့အပြင် ကျင့်စဉ်နဲ့ သိုင်းပညာတွေကိုလည်း ပြုပြင်လို့ရတယ်။ တစ်ယောက်ယောက်က ထျန်းရွှမ်ကြေးမုံကို သုံးပြီး ကျင့်စဉ်တွေကို ဆန်းစစ်ပြုပြင်နိုင်ရင် စွမ်းဆောင်မှုရမှတ်တွေ ရရှိလိမ့်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

အင်မော်တယ်ဘုံ၊ အနောက်ဘက် ဗုဒ္ဓနယ်မြေ။

" ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားက ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်တော့မယ်။ ငါ ရှန်းကျိုးနယ်မြေမှာ ဗုဒ္ဓတရားတော်တွေ ဖြန့်ပြီး ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားကို လုယူဖို့ ဆုံးဖြတ်လိုက်တယ်။ " ကြာပန်းပလ္လင်ပေါ်မှ တထာဂတက ဖြည်းညင်းစွာ ပြောလိုက်သည်။

" တထာဂတအရှင်မြတ် ရှန်းကျိုးနယ်မြေက လူသားဘုံပါ။ အရှေ့ဘက်ကောင်းကင်ဘုံကလည်း အနီးကပ် စောင့်ကြည့်နေတယ်။ ဗုဒ္ဓနယ်မြေက ရှန်းကျိုးနယ်မြေအပေါ် လှုပ်ရှားတာ ကောင်းကင်ဘုံက ချမှတ်ထားတဲ့ ကောင်းကင်အမိန့်တော်ကို ချိုးဖျက်ရာမကျဘူးလား။ " ​ဗုဒ္ဓအရှင်တစ်ယောက်က ပြောလိုက်သည်။

" ကောင်းကင်ဘုံက ချမှတ်ထားတဲ့ အမိန့်တော်က ပျက်စီးသွားပြီ။ အမှန်တော့ ကောင်းကင်ဘုံက ကံကြမ္မာကို အရင်ချမှတ်ခဲ့လို့ ငါတို့ ​ဗုဒ္ဓဂိုဏ်းက ဝင်မစွက်ဖက်နိာင်တာပဲ။ ဒါပေမယ့် အခု ကောင်းကင်အမိန့်တော်က ပျက်စီးသွားပြီဆိုတော့ ငါ ဒီအတိုင်း ထိုင်ကြည့်နေနိုင်ဘူး။ ရှန်းကျိုးနယ်မြေကို သိမ်းပြီး ကံကြမ္မာစွမ်းအားကို လုယူမယ်။ ရှန်းကျိုးနယ်မြေက ငါတို့ ဗုဒ္ဓနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့ဒါကပဲ ကောင်းကင်အမိန့်တော်အသစ်ဖြစ်လိမ့်မယ်။ " တထာဂတက ပြောလိုက်သည်။

" တထာဂတအရှင်မြတ်ရဲ့ အမိန့်အတိုင်းပါ။ " ​ဗုဒ္ဓနယ်မြေတစ်ခုလုံးရှိ ​ဗုဒ္ဓအရှင်များက ပြန်ဖြေလိုက်ကြသည်။

" ကံကြမ္မာစွမ်းအားကို စုစည်းတာက သူတော်စင်ဖြစ်ဖို့ အခွင့်အရေးပဲ။ ငါ ဒါကို လက်လွှတ်မခံနိုင်ဘူး။ " တထာဂတက အဆုံးမရှိသော ရည်မှန်းချက်များဖြင့် တွေးလိုက်သည်။

ချင်အင်ပါယာ ခေတ်သစ်၏ နှစ်သစ်ကူး။

ရှန်းယန်မြို့တော်အတွင်း အလင်းရောင်များ တောက်ပနေသည်။ မြို့အတွင်း အလှဆင်မီးပုံးများ ပြင်ဆင်ပြီး နှစ်သစ်ကူးပွဲကို ကျင်းပနေကြသည်။ မြို့တစ်ခုလုံးက ဆူညံသံများနှင့် ပြည့်နှက်နေသည်။ ချင်အင်ပါယာက ကမ္ဘာကို စုစည်းပြီး မူဝါဒသစ်များကို ချမှတ်လိုက်သောကြောင့် ချင်ပြည်သူများက အေးချမ်းသာယာ​စွာ နေထိုင်နိုင်ကြသည်။ ဘယ်သူမှ ငတ်မွတ်မည်မဟုတ်သကဲ့သို့ မိသားစုတိုင်းကလည်း ရှင်သန်ရေးအတွက် ရုန်းကန်စရာမလိုတော့ပေ။

ရှန်းကျိုးနယ်မြေက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သိုင်းတာအိုနှင့် အင်မော်တယ်လမ်းစဉ်၏ ကျင့်စဉ်များကို ဖြန့်ဝေသည်မှာ မကြာသေးသော်လည်း အရင်းအမြစ်များကို ကုန်သည်များက စတင်ရောင်းဝယ်နေကြပြီဖြစ်သည်။ ပြည်သူများကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ကျင့်ကြံနေကြပြီဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters