အခန်း ၅၃၄
Vol. 54 Ch. 534
အခန်း (၅၃၄)
" အကိုကျောက် သိုင်းတာအိုမှာ ဟောက်ထျန်း အဆင့်သုံးရောက်သွားပြီလို့ ကြားတယ်။ "
" ဟားဟားဟား....ငါ့ရဲ့ အရိုးအဆစ်က ကောင်းတယ်ထင်တယ်။ သိုင်းတာအိုကို လအနည်းငယ် ကျင့်ကြံလိုက်ရုံနဲ့ သိုင်းတာအိုရဲ့ အနှစ်သာရကို နားလည်သွားတယ်။ အနာဂတ်အလားအလာတော့ ကောင်းပါတယ်။ "
" အကိုချန်က အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံနေပြီဆို။ ငါ့မှာက စိတ်ဝိညာဉ်အမြစ်မရှိတော့ အင်မော်တယ်လမ်းစဉ်ကို မကျင့်ကြံနိုင်ဘူး။ သိုင်းတာအိုကိုပဲ ကျင့်ကြံနိုင်ခဲ့တယ်။ "
" စိတ်မပျက်နဲ့။ သိုင်းနာအိုနဲ့ အင်မော်တယ်လမ်းစဉ် နှစ်ခုလုံးက ထာဝရအသက်ရှည်ခြင်းကို ရရှိနိုင်တယ်လို့ နန်းတော်က ပြောထားတယ်လေ။ ပြီးတော့ သိုင်းတာအိုက အိမ်ရှေ့စံမင်းသားရဲ့ တီထွင်မှုဖြစ်လို့ ပိုကြီးမားတဲ့ အောင်မြင်မှုတွေတောင် ရနိုင်သေးတယ်။ "
" မှန်တယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့က သနားကြင်နာပြီး ပြည်သူအားလုံးကို ကျေးဇူးပြုခဲ့တယ်။ ငါတို့ ချင်ပြည်သူတွေအနေနဲ့ ချင်အင်ပါယာကို သစ္စာစောင့်သိရမယ်။ "
ရှန်းကျိုးနယ်မြေတစ်ခုလုံးတွင် ရင်ကျန့်နှင့် ကျောက်ဖုန်းတို့၏ ဂုဏ်သတင်းက မယုံကြည်နိုင်လောက်အောင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိသွားပြီဖြစ်သည်။ ရင်ကျန့်ကို တစ်ခေတ်လုံး၏ အမြင့်မြတ်ဆုံးဧကရာဇ်အဖြစ် အသိအမှန်ပြုကြပြီး ကျောက်ဖုန်းကိုလည်း အမြင့်မြတ်ဆုံး အိမ်ရှေ့စံမင်းသား သိုင်းဘိုးဘေးဟုလည်း ခေါ်ကြသည်။
နန်းတော်၏ ညီလာခံခန်းမရှေ့မှ ရင်ပြင်ထဲတွင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ၉ ခုနှင့် ခရိုင်၃၆ ခုမှ အုပ်ချုပ်ရေးမှူးများနှင့် ဇနီးများက စုရုံးရောက်ရှိနေကြသည်။ နန်းတော်ထဲတွင် အစေခံများက အလုပ်ရှုပ်နေကြပြီး အင်မော်တယ်ဝိုင်ခန်းမမှ အထူးချက်လုပ်ထားသော ဝိုင်အိုးများကို နေရာတိုင်းသို့ ပို့ဆောင်နေကြသည်။
ကျောက်ဖုန်းက သူ၏ အထောက်အထားကို ရယူပြီးနောက် အင်မော်တယ်ဝိုင်ခန်းမကလည်း တော်ဝင်မိသားစု၏ လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရင်ပြင်တွင် အရာရှိများက စိတ်အားထက်သန်စွာဖြင့် စကားများ ပြောဆိုနေကြသည်။
တစ်ဖက်တွင် ဖုစုက သူ၏ ဇနီး၊ ကလေးနှစ်ယောက်နှင့် ရှိနေသည်။ ရာထူးပြိုင်ဆိုင်မှုများ မရှိတော့သဖြင့် ဖုစုက စိတ်အေးသွားခဲ့ပြီး သူ၏ ဇနီးနှင့်အတူ နေထိုင်ကာ ကလေးနှစ်ယောက်ပင် ရရှိခဲ့သည်။ သမိုင်းထဲတွင် ကံကြမ္မာဆိုးများ ကြုံတွေ့ရမည့် ဖုစုက ကျောက်ဖုန်း ပေါ်လာပြီးနောက် အသစ်ပြန်လည်မွေးဖွားလာခဲ့သည်။
" အကိုနှစ် မတွေ့တာကြာပြီနော်။ အကိုနှစ်က တော်တော်လေး ပြောင်းလဲသွားတာပဲ။ "
" အရင်တုန်းက အကိုနှစ်က ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ယောက်ပုံပေါက်ပေမယ့် အခုတော့ အရာရှိတစ်ယောက်ရဲ့ အာဏာရှိတဲ့ ပုံစံမျိုး ဖြစ်နေပြီ။ "
" ဟားဟား... ဟုတ်တယ်။ "
တော်ဝင်မိသားစုမှ လူငယ်လေးများက ဖုစု၏ ဘေးတွင် စုရုံးပြီး ပျော်ရွှင်စွာဖြင့် စနောက်နေကြသည်။
" မင်းတို့ကတော့ ကြီးလာပေမယ့် အရင်အတိုင်းပဲ။ " ဖုစုက နူးညံ့စွာ ပြုံးဘိုက်သည်။ " အခု စိတ်ပူစရာတွေမရှိတော့ စိတ်ချမ်းချမ်းသာသာ နေလို့ရပြီပေါ့။ "
" အခု ချင်အင်ပါယာက အများကြီး ပြောင်းလဲသွားပြီ။ အကိုကြီးရဲ့ စွမ်းရည်တွေက တကယ်မယုံနိုင်စရာပဲ။ " ရင်ကောင်းက လေးစားစွာ ပြောလိုက်သည်။
" မှန်တယ်။ အကိုကြီးကြောင့် ချင်အင်ပါယာက အများကြီး ပြောင်းလဲသွားပြီ။ တစ်နေ့မှာ ငါတို့က ထာဝရအသက်ရှည်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မယ့် ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး။ ဒါတွေအားလုံးက အကိုကြီးရဲ့ ကျေးဇူးတွေကြောင့်ပဲ။ " ကျန်းလွီက ပြောလိုက်သည်။
ယခုအချိန်တွင် ရင်ကျန့်၏ သားများကလည်း အရွယ်ရောက်ကုန်ကြပြီဖြစ်ပြီး အငယ်ဆုံးကပင် ၁၆နှစ်ရှိပြီဖြစ်သည်။ ယခု သူတို့က ရင်ကျန့်၏ အစီအစဉ်နှင့် အရာရှိများအဖြစ် တာဝန်စတင်ထမ်းဆောင်နေကြပြီဖြစ်သည်။
" မှန်တယ်။ အကိုကြီးရဲ့ စွမ်းဆောင်မှုတွေက ကြီးမားလွန်းတယ်။ " ဖုစုက လေးနက်စွာ ပြောလိုက်သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် သူက ရှန်းယန်မှာ မရှိသော်လည်း အမိန့်တစ်ခု ကျလာတိုင်း သူက အရင်ဆုံးသိရလေသည်။ သူ တစ်ချိန်လုံး တောင့်တခဲ့သော သာယာဝသော ခေတ်ကို သူ၏ ခနည်းတော်နှင့် အကိုကြီးက အကောင်အထည်ဖော်ပေးခဲ့သည်။
" အကိုနှစ် မြောက်ဘက်နယ်စပ်မှာ အဆင်ပြေရဲ့လား။ " ရင်ကောင်းက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" အဆင်ပြေပါတယ်။ ပြည်နယ်တစ်ခုကို အုပ်ချုပ်တာက ခမည်းတော်နဲ့ အကိုကြီး ပေးအပ်တဲ့ အခွင့်အရေးပဲ။ အဲ့ဒီမှာဆိုတော့ ပြည်သူတွေနဲ့ ပိုပြီး ထိတွေ့ရတာပေါ့။ " ဖုစုက ပြုံး၍ ပြောလိုက်သည်။ သူက ပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်ကို အလွန်တန်ဖိုးထားပြီး ထိုတာဝန်မှာပင် သူ့ကိုသူ ရှာတွေ့ခဲ့သည်။
" အကိုနှစ်က နောက်ဆုံးတော့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ပြီပေါ့။ "ညီအကိုအားလုံးက ရယ်မောလိုက်ကြသည်။
ထိုအချိန်တွင် လီစီက ဖြည်းညင်းစွာ လျှောက်လာသည်။ သူရောက်သည်ကို မြင်တော့ တော်ဝင်မိသားစုမှ လူငယ်များက ဘေးဖယ်ပေးလိုက်ကြသည်။
" ယောက္ခမကို ဂါရဝပြုပါတယ်။ " ဖုစုက လီစီကို အရိုအသေပေးလိုက်သည်။
" အဖေကို ဂါရဝပြုပါတယ်။ " လီယိုကလည်း အရိုအသေပေးလိုက်သည်။
လီစီက သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ယခင်က သူ၏ နောင်တအရဆုံးမှာ သူ၏ သမီးဖြစ်သည်။ သို့သော် ယခု ကျောက်ဖုန်း ပေါ်လာမှုကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
" ထကြပါ။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" ယောက္ခမကြီး ကျွန်တော်က ဒီနေ့မှ ပြန်ရောက်တာမလို့ ယောက္ခမကြီးဆီ လာမတွေ့နိုင်ခဲ့ဘူး။ " ဖုစုက တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်သည်။
" မင်း လာတွေ့တာ လာမတွေ့တာက အရေးမကြီးပါဘူး။ အရေးကြီးတာက ယိုအာကို ကောင်းကောင်း ဆက်ဆံဖို့ပါပဲ။ " လီစီက ဖုစုကို ကြည့်ပြီး ပြောလိုက်သည်။
" စိတ်ချပါ ယောက္ခမကြီး။ ကျွန်တော်က ယိုအာကို ကောင်းကောင်းဆက်ဆံမှာပါ။ " ဖုစုက လီယိုကို နူးညံ့စွာ ကြည့်ပြီး ပြောလိုက်သည်။
" အဖေ ကျွန်မခင်ပွန်းက ကျွန်မကို ကောင်းကောင်းဆက်ဆံပါတယ်။ " လီယိုက ဝင်ပြောလိုက်သည်။
" ပင်းအာ၊ အန်းအာ အဘိုးကို ဂါရဝပြုကြ။ " လီယိုက ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
" အဘိုးကို ဂါရဝပြုပါတယ်။ " ကလေးနှစ်ယောက်က လီစီကို ဦးညွှတ်လိုက်ကြသည်။ ဖုစု၏ ကလေးများက ယောကျာ်းလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အကြီးမိန်းကလေး ရင်ပင်းက အသက် ငါးနှစ်ဖြစ်ပြီး အငယ်ယောကျာ်းလေး ရင်အန်းက အသက် သုံးနှစ်ရှိပြီဖြစ်သည်။
" ကောင်းတယ် ကောင်းတယ်။ " လီစီက သူ၏ မြေးနှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်သည်။
" မနက်ဖြန်ကျရင် အကိုကြီးနဲ့လည်း တွေ့လို့ရတယ်။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" အဖေ ယောက်မက ဘယ်လိုနေလဲ။ " လီယိုက ပြုံး၍ မေးလိုက်သည်။
" သူမက အဆင်ပြေပါတယ်။ မြေးနှစ်ယောက်က အခုတစ်နှစ်ပြည့်တော့မယ်။ " လီစီက ပျော်ရွှင်စွာ ပြောလိုက်သည်။
လွန်ခဲ့သော တစ်နှစ်ကပင် သူ၏ ချွေးမက ကံကောင်းခြင်းများနှင့် ပြည့်စုံသော နဂါးနှင့် ဖီးနစ်ကို မွေးဖွားခဲ့သည်။ မွေးဖွားသောနေ့တွင် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးအပြင် အိမ်ရှေ့စံမင်းသားနှင့် အိမ်ရှေ့စံမိဖုရားတို့လည်း ရှိနေခဲ့သည်။ ရင်ကျန့်က ကလေးနှစ်ယောက်ကို ကိုယ်တိုင်နာမည်ပေးခဲ့ပြီး အကိုဖြစ်သူက လီချန်၊ ညီမဖြစ်သူက လီလန်ဖြစ်သည်။
" ဧကရာဇ်မင်းမြတ် ကြွလာပါပြီ။ မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံမင်းသား၊ အိမ်ရှေ့စံမိဖုရား ကြွလာပါပြီ။ " ကျယ်လောင်သော အသံက ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ အရာရှိအားလုံးက လှေကားထစ်များဆီသို့ မျက်နှာမူလိုက်ကြသည်။
" ဧကရာဇ်မင်းမြတ်၊ မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံမင်းသား၊ အိမ်ရှေ့စံမိဖုရားတို့ကို ဂါရဝပြုပါတယ်။ "
အရာရှိများနှင့် မိသားစုဝင်များအားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ရင်ကျန့်က ရှတုန်အာ၏ လက်ကို ကိုင်ကာ ကျောက်ဖုန်းက ဝမ်ယန်၏ လက်ကို ကိုင်ပြီး သူတို့က ဖြည်းညင်းစွာ လျှောက်လာကြသည်။
" အားလုံးထကြပါ။ " ရင်ကျန့်က ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။ " ဒီနေ့ အရာရှိအားလုံးက ရှန်းယန်ကို ရောက်လာကြပြီ။ ပထမအချက်က မင်းတို့ မြို့တော်ကို ပြန်မရောက်တာ ကြာပြီဖြစ်လို့ပဲ။ ဒုတိယအချက်ကတော့ ငါနဲ့ အိမ်ရှေ့စံမင်းသားတို့က အင်ပါယာအတွက် သစ္စာရှိရှိ အမှုထမ်းခဲ့တဲ့ မင်းတို့ကို ဆုချီးမြှင့်ဖို့ပဲ။ "
" ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ကောင်းပြီ။ အားလုံးထိုင်ကြပါ။ " ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က သူတို့၏ နေရာများတွင် ထိုင်လိုက်ကြသည်။
" ဒီနေ့ နှစ်ကုန်ရောက်လာပြီဆိုတော့ ဒါက ချင်ခေတ်သစ်ပြက္ခဒိန်ရဲ့ ပထမဆုံးနှစ်ပဲ။ အင်ပါယာတစ်ခုလုံး အောင်ပွဲခံရမယ်။ ဒီနေ့ကစပြီး ချင်အင်ပါယာရဲ့ စပါးခွန်ကို နောက်ထပ် ၁၀ ရာခိုင်နှုန်း လျှော့ချလိုက်တယ်။ " ရင်ကျန့်က ရယ်မောပြီး ကြေညာလိုက်သည်။
" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်သည်။
ယနေ့ခေတ် ချင်အင်ပါယာက ယခင်နှင့်မတူတော့ပေ။ စပါးအထွက်နှုန်းတိုးလာသောကြောင့် ဘဏ္ဍာတိုက်က ပြည့်နေပြီး စားနပ်ရိက္ခါအတွက် ပူစရာမလိုတော့ပေ။
" ခမည်းတော် ဒီနေ့က နှစ်သစ်ကူးနေ့ဆိုတော့ နှစ်သစ်ကို အတူတူကြိုဆိုရမယ့်အချိန်ပါ။ ဒါကြောင့် ဝန်ကြီးတွေကို ဧည့်ခံဖို့လုပ်တာ အကောင်းဆုံးပါပဲ။ အင်ပါယာကိစ္စတွေကို နောက်ရက်တွေမှပဲ ဆွေးနွေးကြတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းတို့မြင်တဲ့အတိုင်းပဲ။ ဒီကောင်လေးက ငါ့ကိုတောင် ပြန်ခိုင်းနေပြီ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" ကောင်းပြီ။ ဖုန်းအာပြောတာမှန်တယ်။ ဒီနေ့ ငါနဲ့ ဖုန်းအာတို့က မင်းတို့အားလုံးကို ဆုချဖို့ ပွဲတော်တစ်ခုပြင်ထားတယ်။ ဖုန်းအာက မင်းတို့အတွက် ပိုကြီးမားတဲ့ ဆုလာဘ်ကို ပြင်ဆင်ထားတယ်။ ထာဝရအသက်ရှည်ဖို့နဲ့ မင်းတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ပဲ။ " ရင်ကျန့်က ပြောပြီး လက်ခုပ်တီးလိုက်သည်။
" ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် စားသောက်ပွဲကို ပြင်ဆင်ကြ။ " မိန်းမစိုးက အော်ဟစ်လိုက်သည်။ နန်းတွင်းအစေခံများက အစားအသောက်များနှင့် ဝိုင်ကောင်းများကို နေရာအနှံ့သို့ ပို့ဆောင်လိုက်ကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့