အခန်း ၅၃၅
Vol. 54 Ch. 535
အခန်း (၅၃၅)
" ဟားဟား... ဒီနေ့တော့ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားက အင်မော်တယ်မူးယစ်ဝိုင်ကိုတောင် ထုတ်ပေးလိုက်တာပဲ။ ဒီနေ့တော့ အဝသောက်ရမယ်။ " ဝမ်ကျန့်က သူ၏ ရှေ့မှ ဝိုင်အိုးကို ကြည့်ပြီး ရယ်မောလိုက်သည်။
" စစ်ဦးစီးချုပ်က နောက်နေပြန်ပြီ။ စစ်ဦးစီးချုပ်က ဝိုင်ကို သောက်တောင်မသောက်ရသေးဘူးလေ။ " ဟန်ဖေးက ရယ်ပြီး ပြောလိုက်သည်။
" ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး။ " ဝမ်ကျန့်က ရယ်ပြီး ပြောလိုက်သည်။
" ယောက္ခမကြီး ဒီနေ့က ဝိုင်ကောင်းနဲ့ အစားအသောက်တွေပဲ ရှိတာမဟုတ်ဘူး။ ပိုကောင်းတာတစ်ခုရှိသေးတယ်။ " ကျောက်ဖုန်းက ပြုံးပြီး လက်ခုပ်တီးလိုက်သည်။
အိမ်ရှေ့စံကိုယ်ရံတော်များက သေတ္တာလေးများကို ကိုင်ပြီး ထိုင်ခုံများဆီသို့ လျှောက်လာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ အရာရှိအားလုံးက စိတ်ဝင်စားသွားကြသည်။
" အရှင် စိတ်ဝိညာဉ်သစ်သီးတွေကို အကုန်ဝေငှပြီးပါပြီ။ " ကျန်းမင်က ရင်ကျန့်နဲ့ ကျောက်ဖုန်းတို့၏ စားပွဲပေါ်သို့ ပိုးထည်သေတ္တာများကို ချပေးလိုက်သည်။
" မင်းတို့အားလုံးရှေ့မှာရှိတဲ့ ပိုးထည်သေတ္တာလေးတွေကို ဖွင့်ကြည့်လိုက်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
အရာရှိများအားလုံးက စိတ်ဝင်တစားဖြင့် ပိုးထည်သေတ္တာများကို ဖွင့်ကြည့်လိုက်ကြသည်။ သေတ္တာထဲတွင် မက်မွန်သီးတစ်လုံးနှင့် မီးတောက်သဖွယ် အနီရောင်သစ်သီးတစ်လုံးရှိနေသည်။
" ဒါက ပန်တောက်သီးပဲ။ " ကျောက်ဖုန်းက ပြုံးပြီး သေတ္တာထဲမှ မက်မွန်သီးကို မြှောက်ပြလိုက်သည်။ " ဒါက အရည်အချင်းကို မြှင့်တင်ပေးပြီး သက်တမ်းကို ရှည်စေတယ်။ တစ်လုံးစားရင် သက်တမ်းဆယ်နှစ် တိုးမြှင့်ပေးနိုင်တယ်။ "
" ဒီအသီကိုတော့ ဗာမီလီယံသစ်သီးပဲ။ တစ်လုံးစားရင် ကျင့်ကြံမှုကို တိုးမြှင့်ပေးပြီး ချီစွမ်းအားကို တိုးပွားစေတယ်။ " ကျောက်ဖုန်းက ဗာမီလီယံသစ်သီးကို ထုတ်ယူလိုက်သည်။
ထိုစကားများကို ကြားသောအခါ အရာရှိအားလုံးက စိတ်ဝိညာဉ်သစ်သီးများကို စိတ်အားထင်သန်စွာ ကြည့်လိုက်ကြသည်။ အရာရှိအားလုံးက စိတ်ဝိညာဉ်သစ်သီးနှစ်လုံးကို ရရှိကြပြီး တစ်လုံးက သက်တမ်းကို တိုးမြှင့်ပေးကာ တစ်လုံးက ကျင့်ကြံမှုကို တိုးမြှင့်ပေးသည်။
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်သည်။
" အနာဂတ်မှာ နှစ်သစ်ကူးတိုင်း ငါနဲ့ ခမည်းတော်က ပွဲတော်တစ်ခု ကျင်းပပြီး ဆုလာဘ်တွေအပြင် စိတ်ဝိညာဉ်သစ်သီးတွေကိုပါ ချီးမြှင့်သွားမယ်။ အင်ပါယာကို အကျိုးပြုတဲ့ သူတွေက ဒီစိတ်ဝိညာဉ်သစ်သီးတွေကို ရရှိနိုင်လိမ့်မယ်။ ဝန်ကြီးတို့အားလုံး ကြိုးစားကြပါ။ " ကျောက်ဖုန်းက သူ၏ လက်ထဲမှ ဝိုင်ခွက်ကို မြှောက်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ ချင်အင်ပါယာကို သေတဲ့အထိ အမှုထမ်းပါမယ်။ " အရာရှိအားလုံးက ဝိုင်ခွက်များကို မြှောက်လိုက်ကြသည်။
ပွဲတော်က မကြာခင်ပြီးဆုံးသွားခဲ့သည်။ အရာရှိအားလုံးက နှစ်ကုန်ပြီးနောက် ခြောက်ရက် အနားယူခဲ့ကြသည်။
နံနက်ခင်းညီလာခံခန်းမတွင် ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသားတို့က ရှိနေပြီး အရာရှိအားလုံးက တက်ရောက်ကြသည်။ ယနေ့ ယခင်နှင့်မတူဘဲ ပြည်နယ်ကိုးခုနှင့် ခရိုင် ၃၆ ခုမှ အုပ်ချုပ်ရေးမှူးများလည်း တက်ရောက်ကြသည်။
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ ချင်အင်ပါယာ ထာဝရတည်တံ့ပါစေ။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသား ထာဝရအသက်ရှည်ပါစေ။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်သည်။
" အားလုံးထကြပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" တင်ပြစရာရှိရင် တင်ပြလို့ရပါပြီ။ " မိန်းမစိုးက အော်ဟစ်လိုက်သည်။
" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုး တင်ပြစရာရှိပါတယ်။ " ဝမ်ကျန့်က ရှေ့တိုးပြီး ပြောလိုက်သည်။ " ပိုင်ယွဲ့ကို သိမ်းပိုက်ပြီးပါပြီ။ အိမ်ရှေ့စံမင်းသားပေးတဲ့ မြေပုံရဲ့ တည်နေရာကို ရှာဖွေဖို့ စစ်သေနာပတိချုပ်တုဆွေကို အမိန့်ပေးခဲ့ပါတယ်။ အခု နေရာကို ရှာတွေ့ပေမယ့် အစီအရင်တစ်ခုနဲ့ ဖုံးကွယ်ထားပါတယ်။ ဒါပေမယ့် မဟာဆရာသခင်အဆင့်ဖြစ်တဲ့ စစ်သေနာပတိချုပ်တုဆွေတောင် ဝင်လို့မရခဲ့ပါဘူး။ စစ်သည်အချို့လည်း အဲ့ဒီမှာ သေဆုံးသွားကြပါတယ။ "
" စစ်သည်တွေကို နောက်ထပ် အန္တရာယ်မဖြစ်စေနဲ့။ ငါကိုယ်တိုင်လာခဲ့မယ်လို့ တုဆွေကို ပြောလိုက်ပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က ပြန်ပြောလိုက်သည်။
ကျောက်ဖုန်းပေးလိုက်သောမြေပုံက ယခင် ရတနာသေတ္တာထဲမှ ရရှိခဲ့သော အိုးကိုးလုံး၏ တည်နေရာများဖြစ်သည်။ သူက အိုးကိုးလုံးထဲမှ တစ်လုံးဖြစ်သော ယွီပြည်နယ်အိုးကို ရရှိထားပြီဖြစ်သည်။ အိုးကိုးလုံးက လူသားမျိုးနွယ်၏ အထွတ်အမြတ်ရတနာများဖြစ်ပြီး ကျောက်ဖုန်းက ၎င်းတို့ကို ရယူရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ပိုင်ယွဲ့ကို သိမ်းပိုက်ပြီးနောက် သူက တုဆွေကို အိုးရှစ်လုံး၏ တည်နေရာအား ရှာဖွေခိုင်းထားခဲ့သည်။
" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးက ချင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးပါ။ နယ်မြေထဲက ကုန်သည်တွေက မြောက်ဘက်နယ်စပ်နဲ့ ကုန်သွယ်မှုတွေ လုပ်နေကြပါတယ်။ တုန်ဟူနဲ့ ရှုံနုတွေက သံထည်ပစ္စည်းတွေ ဝယ်ယူပြီး စစ်သည်တွေကို လေ့ကျင့်ပေးနေတဲ့ အရိပ်အယောင်တွေရှိနေပါတယ်။ သူတို့က ကျွန်တော်မျိုးတို့ ချင်အင်ပါယာကို ပစ်မှတ်ထားနေတဲ့ ပုံပါပဲ။ "
" ငါတို့ ချင်အင်ပါယာမှာ တိုင်းတစ်ပါးသားမျိုးနွယ်စုတွေကို ကြေးနီနဲ့ သံတွေ ရောင်းချရဲတဲ့ ကုန်သည်တွေ ရှိနေတာလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
" ခမည်းတော် သားတော်က မြောက်ဘက်နယ်စပ်က တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ကြေးနီနဲ့သံတွေ လျို့ဝှက်ရောင်းချနေတဲ့ ကုန်သည်အချို့ကို ဖမ်းဆီးထားပေမယ့် အကြိမ်ကြိမ် တားမြစ်တာကို မရဘူးဖြစ်နေပါတယ်။ " ဖုစုက ပြောလိုက်သည်။
" အကြိမ်ကြိမ် တားမြစ်တာကို မရဘူးလား။ " ရင်ကျန့်၏ အကြည့်က အေးစက်သွားသည်။ " ဒါဆို သူတို့ ကြောက်ရွံ့အောင် လုံလောက်တဲ့အထိ မသတ်ရသေးလို့ပဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ မြောက်ဘက်နယ်စပ်စခန်းက နယ်စပ်ကုန်သည်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးရမယ်။ မြောက်ဘက်ကို ကြေးနီနဲ့ သံတွေ သယ်လာတာတွေ့ရင် ချက်ချင်း သတ်ပစ်လိုက်။ သူတို့ရဲ့ မိသားစုတွေကိုလည်း တစ်ခါတည်း ကွပ်မျက်စေ။ "
" အမိန့်အတိုင်း လိုက်နာပါတယ်။ " ဖုစုက ချက်ချင်း ပြန်ပြောလိုက်သည်။
" ဖုစု " ကျောက်ဖုန်းက ဖုစုကို ကြည့်လိုက်သည်။
" အကိုတော် " ဖုစုက ပြန်ပြောလိုက်သည်။
" တိုင်းတစ်ပါးမျိုးနွယ်စုတွေရဲ့ ငါတို့ ချင်အင်ပါယာကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်က မသေဆုံးသေးဘူး။ ကြေးနီနဲ့သံတွေက စစ်တပ်အတွက် အဓိကပစ္စည်းတွေပဲ။ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ရောင်းချတာက ရန်သူကို ကူညီတာနဲ့ အတူတူပဲ။ ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး။ မင်းက ကွန်ဖြူရှပ်ဝါဒကို လက်ခံတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ကွန်ဖြူရှပ်ဝါဒရဲ့ ကြင်နာမှုနဲ့ တရားမျှတမှုက ကိုယ်လူမျိုးကို ဆက်ဆံဖို့ပဲ။ ရန်သူကို ဆက်ဆံဖို့မဟုတ်ဘူးဆိုတာ မင်းသိရမယ်။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
" ညီတော် နားလည်ပါပြီ။ " ဖုစုက လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။
" တုန်ဟူရဲ့ ရှုံနုတွေရဲ့ လုပ်ရပ်တွေကို ငါ သတိထားမိနေတာကြာပြီ။ ငါ တုန်ဟူဘုရင်ကို သတ်လိုက်ကတည်းက သူ့သားက လက်စားချေဖို့ အင်အားစုဆောင်းနေတာ။ ဒါပေမယ့် ဒါက ငါရည်ရွယ်ထားတာနဲ့ အတိအကျပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
" အိမ်ရှေ့စံမင်းသားက သူတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား။ " ယွီလျောင်က ချက်ချင်း နားလည်သွားသည်။
" တကယ်လို့ တုန်ဟူနဲ့ ရှုံနုတွေက ငါတို့ရဲ့ ချင်အင်ပါယာကို ကျူးကျော်ချင်ရင် အင်အားအလုံးအရင်းနဲ့ လာရလိမ့်မယ်။ ငါအားလုံးကို တိုက်ပွဲတစ်ပွဲတည်းနဲ့ အဆုံးသတ်မယ်။ တုန်ဟူနဲ့ ရှုံးနုကို အမြစ်ပြတ်သုတ်သင်ပြီး မြောက်ဘက်နယ်စပ်ကို ထိန်းချုပ်မယ်။ မြောက်ဘက်နယ်စပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါ။ အလွန်အကျွံ စိုးရိမ်စရာမလိုဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားက အမြော်အမြင်ရှိလှပါတယ်။ " အရာရှိများက ပြောလိုက်ကြသည်။
" ဧကရာဇ်မင်းမြတ် သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်ကို ပြည်သူတွေကြားမှာ ဖြန့်ဝေပေးခဲ့တာ လအနည်းငယ် ရှိသွားပါပြီ။ ပြည်သူတွေကြားထဲမှာ ကျင့်ကြံခြင်းအရည်အချင်းထူးချွန်တဲ့သူတွေကို ကျောင်းတော်မှာ အများကြီး ခေါ်ယူနိုင်ခဲ့ပြီး စစ်တပ်ထဲမှာလည်း စာရင်းသွင်းထားပါတယ်။ ဒါပေမယ့် အင်မော်တယ်လမ်းစဉ်က သိုင်းတာအိုလောက် ကျယ်ပြန့်မှုမရှိသေးပါဘူး။ စိတ်ဝိညာဉ်အမြစ်ရှိသူက တစ်ထောင်မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။
" သိုင်းတာအိုနဲ့ အင်မော်တယ်လမ်းစဉ်ကို ဖြန့်ဝေတာ လအနည်းငယ်ပဲ ရှိသေးတာ။ ပြည်သူတွေက အခြေခံကျင့်စဉ်တွေကိုပဲ ပိုင်ဆိုင်ထားပြီး ကျင့်ကြံခြင်းရဲ့ အနှစ်သာရကို နားမလည်ကြသေးဘူး။ ဒီကိစ္စနဲ့ ပက်သက်ပြီး ငါပြင်ဆင်ထားတာ ရှိပါတယ်။ နောက်ဆယ်ရက်နေရင် ငါ ရှန်းယန်မြို့တော်အပြင်ဘက်မှာ ပြည်သူအားလုံးအတွက် သိုင်းတာအိုလမ်းစဉ်ကို ရှင်းပြပေးမယ်။ ပြီးတော့ အင်ပါယာဆရာကလည်း ပြည်သူတွေအတွက် အင်မော်တယ်လမ်းစဉ်ကို ရှင်းပြပေးလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသား ဒါက ရှန်းယန်မှာ အကြီးအကျယ် လှုပ်ခတ်သွားနိုင်ပေမယ့် တစ်ကမ္ဘာလုံးကိုတော့ မရောက်နိုင်သေးပါဘူး။ " လွီပုဝေက လေးစားစွာ ပြောလိုက်သည်။
" ငါတို့ ချင်ပြည်သူအားလုံးက ငါပြောတဲ့ သိုင်းတာအိုအကြောင်းက်ု ထျန်းရွှမ်ကြေးမုံကတစ်ဆင့် ကြားနိုင်ပါလိမ့်မယ်။ နောက်ဆယ်ရက်နေရင် ပြည်သူအားလုံး ဒီဟောပြောမှုကို နားထောင်ခွင့်ရကြလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ အရာရှိများ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။ အထူးသဖြင့် စစ်ဘက်အရာရှိများဖြစ်ကြသည်။ သူတို့က အရပ်ဘက်အရာရှိများနှင့်မတူဘဲ အသက်ကြီးသူနှင့် ခန္ဓာကိုယ်အားနည်းသူများမှလွဲ၍ အားလုံးက သိုင်းတာအိုကို ရွေးချယ်ခဲ့ကြသည်။
" အိမ်ရှေ့စံမင်းသားက အမြော်အမြင် ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့