← Chapters

အခန်း ၅၃၇

Vol. 54 Ch. 537

အခန်း ၅၃၇

Vol. 54 Ch. 537

အခန်း (၅၃၇)

" အခု သိုင်းတာအိုရဲ့ ဟောပြောမှုကို စတင်ကြမယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

သူ၏ အသံက ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် ပြည်သူအားလုံး၏ နားထဲသို့ ဝင်ရောက်သွားသည်။ ရှန်းယန်မြို့တော်၏ အပြင်ဘက်တွင် လူပေါင်းသိန်းချီက တိတ်ဆိတ်သွားကြပြီး သူတို့၏ အသက်ရှူသံများကိုသာ ကြားနေရသည်။

" သိုင်းတာအိုလမ်းစဉ်၊ အင်မော်တယ်လမ်းစဉ်။ ဒါတွေက မတူညီတဲ့ လမ်းစဉ်တွေ ဖြစ်ပေမယ့် ရည်ရွယ်ချက်က အတူတူပဲ။ ကြီးမားတဲ့ စွမ်းအားရယူပြီး ထာဝရအသက်ရှည်ခြင်းနဲ့ လွတ်လပ်မှုကို ရှာဖွေတာပဲ။ သိုင်းတာအိုက အရိုးဖွဲ့စည်းပုံကို အလေးပေးတယ်။ အရိုးဖွဲ့စည်းပုံက ပိုသန်မာလေ သိုင်းတာအိုကျင့်ကြံမှုက ပိုမြန်လေပဲ။ အရိုးဖွဲ့စည်းပုံက သိုင်းပညာရှင်တွေအတွက် စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူဖို့ တံတားပဲ။ အရိုးဖွဲ့စည်းပုံ ပိုကောင်းရင် စိတ်ဝိညာဉ်စွမ်းအားတွေကို ချီစွမ်းအားနဲ့ ယွမ်စွမ်းအားကို ပြောင်းလဲရာမှာ ပိုမြန်လေပဲ။ ဒါပေမယ့် သိုင်းတာအိုမှာ ကြိုးစားအားထုတ်မှုက အရည်အချင်းကို ဖြည့်ဆည်းပေးနိုင်တယ်။ "

" အင်မော်တယ်လမ်းစဉ်က သိုင်းတာအိုနဲ့ယှဉ်ရင် ပိုတင်းကျပ်တဲ့ အခြေအနေတွေ ရှိတယ်။ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံဖို့ စိတ်ဝိညာဉ်အမြစ် လိုအပ်တယ်။ စိတ်ဝိညာဉ်အမြစ် ပိုသန်မာလေ ကျင့်ကြံရာမှာ ပိုချောမွေ့လေပဲ။ ကံကောင်းမှု ဒါမှမဟုတ် ထူးခြားတဲ့ အခွင့်အလမ်းတွေမရှိရင် စိတ်ဝိညာဉ်အမြစ်မရှိတဲ့သူတွေက အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ ကံပါမလာဘူး။ "

" သိုင်းတာအိုအဆင့်တွေ ပထမဆုံးကတော့ ဟောက်ထျန်းအဆင့်ပဲ။ ဟောက်ထျန်းအဆင့်က အတွင်းအားကို ကျင့်ကြံပြီး ရုပ်ခန္ဓာကို အဓိကသန့်စင်တယ်။ ရှန်ထျန်းအဆင့်ကတော့ သိုင်းတာအိုလမ်းစဉ်ကို တကယ်ဝင်ရောက်တာပဲ။ အတွင်းအားက ချီစွမ်းအဖြစ် ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ထဲကို စုပ်ယူနိုင်တယ်။ "

" ဆရာသခင်အဆင့်က ချီစွမ်းအားကို ထုတ်လွှတ်ပြီး လက်တစ်ချက်ဝှေ့ရမ်းလိုက်ရုံနဲ့ မြို့ရိုးတွေကို ဖျက်ဆီးပစ်နိုင်တယ်။ မဟာဆရာသခင်အဆင့်ကတော့ သာမန်လူမဟုတ်တော့ဘူး။ လက်တစ်ချက်ဝှေ့ရုံနဲ့ လူပေါင်းထောင်ချီကို ဖျက်ဆီးပစ်နိုင်တယ်။ လူသားတွေရဲ့ ခွန်အားနဲ့ မသတ်နိုင်တော့ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

သူ၏ အသံက ရှန်းယန်မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ချင်အင်ပါယာတစ်ခုလုံး ပျံ့နှံ့သွားသည်။ သိုင်းတာအိုကျင့်ကြံသူများကလည်း နားလည်သွားကြသည်။

" သိုင်းတာအိုအဆင့်တွေက အဲ့လောက်တောင် များတာလား။ ဟောက်ထျန်း၊ ရှန်ထျန်း၊ ဆရာသခင်၊ မဟာဆရာသခင်။ "

" မဟာဆရာသခင်အဆင့်ကို ရောက်ရင် စစ်တပ်ထောင်ချီသောင်းချီကို ဖျက်ဆီးပစ်နိုင်တယ်။ ဒါက လူသားမဟုတ်တော့ဘူး။ "

" အိမ်ရှေ့သံမင်းသားက လေထဲမှာ ပျံသန်းနေတယ်ဆိုတော့ ဘယ်အဆင့်ကို ရောက်နေပြီလဲ။ "

ပြည်သူများစွာက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။ ကျောက်ဖုန်းက သိုင်းတာအိုအဆင့်တစ်ခုစီ၏ အနှစ်သာရများကို ဆက်လက်ရှင်းပြနေသည်။ ပြည်သူများကြားတွင် ဖြန့်ဝေပေးထားသော ကျင့်စဉ်များက ဟောက်ထျန်းအဆင့်သာဖြစ်သည်။ နောက်ဆက်တွဲကျင့်စဉ်များကို ရဖို့ဆိုလျှင် ကျောင်းတော်သို့ ဝင်ရမည် သို့မဟုတ် စွမ်းဆောင်မှုရမှတ်များဖြင့် ထျန်းရွှမ်ကြေးမုံထဲတွင် လဲလှယ်နိုင်သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်ရက်ကြာသွားခဲ့သည်။ ညအချိန်ရောက်သည်အထိ ရှန်းယန်မြို့တော်အပြင်ဘက်မှ ပြည်သူများနှင့် အင်ပါယာတစ်ခုလုံးမှ ပြည်သူများက ဆက်လက်နားထောင်နေကြဆဲ ဖြစ်သည်။ သိုင်းတာအိုကို ကျင့်ကြံသူတိုင်း ထိုအခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။

ဒုတိယနေ့မနက်တွင် ကျောက်ဖုန်း၏ အသံက ဖြည်းညင်းစွာဖြင့် ရပ်တန့်သွားသည်။ " သိုင်းတာအိုအဆင့်တွေ၊ သိုင်းတာအိုမှာ အဆင့်တက်လှမ်းနိုင်အောင် ကျော်ဖြတ်ရမယ့် အဓိကအချက်တွေကို ငါပြောပြီးပြီ။ သိုင်းတာအိုလမ်းစဉ်က အင်ပါယာအတွက် အရမ်းအရေးကြီးတယ်။ ဟောက်ထျန်းအဆင့် အထွတ်အထိပ် ရောက်တဲ့ အရည်အချင်းရှိသူတွေက အစိုးရမှာ စာရင်းပေးသွင်းပြီး နောက်ဆက်တွဲကျင့်စဉ်တွေကို ရယူနိုင်တယ်။ အခြားသူတွေကို လက်ဆင့်ပေးခွင့်မရှိဘူး။ "

" အခု သိုင်းတာအိုဖြန့်ဝေပေးလိုက်တာက အင်ပါယာတစ်ဝန်းမှာ ပါရမီရှင်တွေ အများကြီး ပေါ်လာလိမ့်မယ်။ ကျင့်စဉ်နဲ့ သိုင်းပညာကို တီထွင်ဖန်တီးနိုင်တဲ့သူတွေလည်း ရှိလာမှာ သေချာတယ်။ အဲ့ဒီလူတွေက ထျန်းရွှမ်ကြေးမုံက အကဲဖြတ်မှုကို ခံယူပြီး စွမ်းဆောင်မှုရမှတ်တွေနဲ့ လဲလှယ်နိုင်တယ်။ အနာဂတ်မှာ ထျန်းရွှမ်ကြေးမုံထဲမှာ စွမ်းဆောင်မှုရမှတ်တွေနဲ့ လဲလှယ်နိုင်တဲ့ ဆေးလုံးတွေလည်း ရှိလာလိမ့်မယ်။ ချင်အင်ပါယာက စွမ်းဆောင်မှုရမှတ်တွေနဲ့ လဲလှယ်နိုင်ဖို့ အခွင့်အရေးပေးသ့်ားမယ့။ စိတ်ဝိညာဉ်အပင်တွေ၊ ဆေးပင်တွေနဲ့ ရတနာတွေကို စွမ်းဆောင်မှုရမှတ်တွေနဲ့ လဲလှယ်နိုင်လိမ့်မယ်။ ကောင်းပြီ။ သိုင်းတာအိုဟောပြောမှုကို ဒီနေရာမှာ အဆုံးသတ်မယ်။ အနာဂတ်မှာ အခွင့်အရေးရှိရင် နေုက်ထပ်ဟောပြောပွဲတွေ လုပ်ပေးသွားမယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

ပြည်သူများက အိပ်မက်မှ နိုးထလာသကဲ့သို့ အသိပြန်ဝင်လာကြပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ "

" အိမ်ရှေ့စံမင်းသားက သိုင်းတာအိုကို တည်ထောင်ပြီး သိုင်းပညာကို ဖြန့်ဝေပေးခဲ့တယ်။ သူက ချင်အင်ပါယာရဲ့ သိုင်းဘိုးဘေးပဲ။ "

" ကျွန်တော်မျိုးတို့ သိုင်းဘိုးဘေးကို ဂါရဝပြုပါတယ်။ "

ရှန်းယန်မြို့တော်မှ ပြည်သူများ၏ အသံက ပဲ့တင်ထပ်သွားပြီး ကျောက်ဖုန်းကို သိုင်းဘိုးဘေးအဖြစ် သတ်မှတ်လိုက်ကြသည်။

ထိုအချိန်တွင် ...

" သိုင်းတာအိုကို တည်ထောင်ပြီး လမ်းစဉ်တစ်ခုရဲ့ ဘိုးဘေးအဖြစ် ဂုဏ်ပြုခြင်းခံခဲ့ရတယ်။ အထူးစွမ်းရည် သိုင်းတာအိုဘိုးဘေးကို ရရှိပါတယ်။ အထူးစွမ်းရည်ကို ပေါင်းစပ်လိုပါသလား။ " ရုတ်တရက် စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" နောက်ထပ်အထူးစွမ်းရည်တစ်ခုလား။ သိုင်းတာအိုဘိုးဘေး။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

" ပေါင်းစပ်မယ်။ " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အထူးစွမ်းရည်၏ အချက်အလက်များက သူ၏ ရှေ့တွင် ပေါ်လာသည်။

" သိုင်းတာအိုဘိုးဘေး (ရွှေအဆင့်) သိုင်းတာအိုဘိုးဘေးဖြစ်တဲ့အတွက် သိုင်းပညာရှင်အားလုံးကို ဖိနှိပ်နိုင်တယ်။ သိုင်းပညာရှင်အားလုံးရဲ့ ကံကြမ္မာစွမ်းအားကို မိမိထံမှာ စုစည်းပြီး အခွင့်အလမ်းများကို မကြာခဏ ရရှိနိုင်တယ်။ သိုင်းပညာရှင်အားလုံးရဲ့ စွမ်းအားကို စုစည်းပြီး သိုင်းတာအိုဘိုးဘေးတိုက်ကွက်ကို ထုတ်​လွှတ်နိုင်ပါတယ်။ "

" လမ်းစဉ်တစ်ခုရဲ့ ဘိုးဘေးဖြစ်ရတာ တကယ်ကောင်းတာပဲ။ သိုင်းပညာရှင်တွေရဲ့ ကံကြမ္မာစွမ်းအားတွေက ငါ့ဆီရောက်လာမယ်။ ပြီးတော့ သိုင်းပညာရှင်တွေရဲ့ စွမ်းအားကို စုစည်းပြီး တိုက်ကွက်တစ်ခု ထုတ်ဖော်နိုင်သေးတယ်။ ဒါက ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။ " ကျောက်ဖုန်းက အချက်အလက်များကို ကြည့်ပြီး အံ့အားသင့်သွားသည်။ ထိုစွမ်းရည်က ကျောက်ဖုန်းရရှိထားသော ကောင်းကင်တာအိုအာဏာနှင့် လူသားတာအိုအာဏာတို့ထက် နိမ့်ကျခြင်းမရှိပေ။

" ငါ ပိုင်ယွဲ့ကို သွားရဦးမယ်။ ဟွာရှရဲ့ အိုးကိုးလုံး မျိုးနွယ်စုရဲ့ အထွတ်အမြတ်ရတနာ အားလုံး ငါ့လက်ထဲကို ရောက်ရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ရမ်းပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဝင်ရောက်သွားသည်။

" ကျွန်တော်မျိုးတို့ အိမ်ရှေ့စံမင်းသားကို နှုတ်ဆက်ပါတယ်။ " ရှန်းယန်မှ ပြည်သူများသာမက အင်ပါယာတစ်ခုလုံးမှ ပြည်သူများက ကျောက်ဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

ပြည်သူများက မြို့ထဲသို့ စနစ်တကျ ဝင်ရောက်သွားကြသည်။ ယခုတစ်ကြိမ်တွင် သူတို့အားလုံးက ယနေ့တွင် အများကြီး ရရှိခဲ့ကြသည်။ သူတို့အားလုံးက သူတို့၏ ရည်မှန်းချက်များကို ဆွေးနွေးတိုင်ပင်ပြီး ပြန်သွားကြသည်။

ကျန်းထိုင်နန်းဆောင်။

" ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ " လူဆယ်ယောက်ကျော်က ခန်းမထဲသို့ ဝင်လာပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။

" မင်းတို့က ဆေးဖော်စပ်သူ၊ ရတနာသန့်စင်သူနဲ့ အစီအရင်ပညာရှင်တွေ ဖြစ်ရမယ်။ မင်းတို့အားလုံး အင်ပါယာကျောင်းတော်ကို ဝင်ပြီး လမ်းစဉ်အမျိုးမျိုးကို သင်ကြားပေးဖို့ ရွှင်ဇီကို ငါအမိန့်ပေးထားပြီ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါတယ်။ " သူတို့အားလုံးက ပြန်ပြောလိုက်သည်။

" အင်း မင်းတို့ ပြန်နိုင်ပြီ။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး အားလုံးကို ပြန်လွှတ်လိုက်သည်။

" သိုင်းတာအိုလမ်းစဉ်၊ အင်မော်တယ်လမ်းစဉ်၊ အင်ပါယာကံကြမ္မာကျင့်စဉ်၊ ဆေးဖော်စပ်ခြင်း၊ ရတနာသန့်စင်ခြင်း လမ်းစဉ်တွေအားလုံးကို စီစဉ်ပြီးပြီ။ ချင်အင်ပါယာရဲ့ ရွှေခေတ်က ရောက်လာပြီ။ " ရင်ကျန့်က ဝမ်းသာစွာဖြင့် တွေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် အိမ်ရှေ့စံမင်းသားက ရှန်းယန်က ထွက်ခွာပြီး ပိုင်ယွဲ့ကို သွားနေပါပြီ။ " ရန်ရှောင်က ရင်ကျန့်ကို လျှောက်တင်လိုက်သည်။

" ပိုင်ယွဲ့မှာ ဟွာရှလူမျိုးတွေရဲ့ ရတနာတွေ ရှိတယ်။ ဖုန်းအာကိုယ်တိုင် သွားသင့်တာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ဟွာရှ၏ အိုးကိုးလုံးက ပိုင်ယွဲ့တွင်ရှိနေသည်ကို ကျောက်ဖုန်းက သူ့အား ပြောပြထားပြီဖြစ်သည်။ ထိုရတနာများက ချင်အင်ပါယာအတွက် များစွာအထောက်အကူဖြစ်ပေလိမ့်မည်။

ပိုင်ယွဲ့နယ်မြေ။

" ပိုင်ယွဲ့က အဆိပ်ငွေ့တွေနဲ့ ပြည့်နေတယ်။ အဲ့ဒါတွေကို ဖယ်ရှားဖို့ တူးမြောင်းတွေ ဖောက်လုပ်ပြီး ရှန်းကျိုးက ရေတွေကို သွယ်ယူရမယ်။ ဒါပေမယ့် အခု လောလောဆယ်တော့ အလျင်လိုစရာ မလိုပါဘူး။ " ကျောက်ဖုန်းက ကောင်းကင်ထက်တွင် ပျံသန်းနေရင်း ပိုင်ယွဲ့၏ ရှုခင်းများကို ကြည့်ရှုနေသည်။

ရှန်းကျိုးနယ်မြေ၏ မြေပြန့်နှင့်မတူဘဲ ပိုင်ယွဲ့က တောင်တန်းများနှင့် ချိုင့်ဝှမ်းများ ပေါများပြီး ဤခေတ်နှင့် မသင့်တော်ပေ။ ရှန်းကျိုးနယ်မြေက မြေပြန့်ဒေသဖြစ်သောကြောင့် မြို့ရွာများတည်ဆောက်ပြီး လမ်းမကြီးများဖောက်လုပ်ကာ သွားလာရေးအတွက် သင့်တော်သည်။ ပိုင်ယွဲ့နယ်မြေကတော့ တိုးတက်ရန် ခက်ခဲသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters