← Chapters

အခန်း ၅၃၈

Vol. 54 Ch. 538

အခန်း ၅၃၈

Vol. 54 Ch. 538

အခန်း (၅၃၈)

" ဒီနေရာက ပိုင်ယွဲ့ရဲ့ မျိုးနွယ်စုကိုးခုထဲက ပထမဆုံးဖြစ်တဲ့ ကျိုးလီမျိုးနွယ်စုပဲ။ " ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။

သူကျင့်ကြံနေသည်မှာ ကြာပြီဖြစ်ပြီး ကံကြမ္မာစွမ်းအားကလည်း သူ၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးသည်။ ယခု သူ၏ စွမ်းရည်အားလုံးက နှစ်သိန်းနီးပါးရှိနေပြီဖြစ်ပြီး ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

မျက်စိတစ်မှတ်အတွင်း ကျောက်ဖုန်းက ကျိုးလီမျိုးနွယ်စုရှေ့သို့ ရောက်သွားသည်။ ပိုင်ယွဲတွင် အကြီးဆုံးဖြစ်ခဲ့သော ထိုမျိုးနွယ်စုက ချင်စစ်တပ်၏ သိမ်းပိုက်ခြင်းခံလိုက်ရပြီဖြစ်သည်။ နေရာတိုင်းတွင် အနက်ရောင်ချပ်ဝတ်နှင့် ချင်စစ်သည်များက တပ်စွဲထားကြသည်။

ကျိုးလီမျိုးနွယ်က ယခင်က ရှန်းကျိုးနယ်မြေတွင် နေခဲ့ဖူးသော်လည်း ရှေးခေတ်တွင် စစ်ရှုံးခဲ့ပြီး မျိုးနွယ်စုတစ်ခုလုံးက ဝေးလံခေါင်သီသော ပိုင်ယွဲ့သို့ ရွှေ့ပြောင်းခဲ့ရသည်။

ပိုင်ယွဲ့နယ်မြေတွင် ကျိုးလီမျိုးစုဝင် ၅ သန်းမှ ၆ သန်းလောက်အထိ နေထိုင်ကြသည်။ သူတို့က ဂူပိုးကောင်များကို မွေးမြူပြီး အဆိပ်များကို ကျင့်ကြံကြသည်။ ၎င်းက ပိုင်ယွဲ့ကို ချီတက်လာသော ချင်စစ်တပ်ကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေခဲ့သည်။ သို့သော် အကြွင်းမဲ့ခွန်အား၏ အောက်တွင် ပိုင်ယွဲ့က ခုခံနိုင်စွမ်းမရှိဘဲ သိမ်းပိုက်ခံလိုက်ရသည်။

ကျိုးလီမျိုးနွယ်စုများ မမျှော်လင့်ထားသည်မှာ ချင်စစ်တပ်က သူတို့ကို ဆိုးဆိုးရွားရွားမဆက်ဆံသည့်အပြင် စားနပ်ရိက္ခာများ ဝေငှပေးခြင်း၊ လမ်းများဖောက်လုပ်ပေးခြင်း၊ ဆည်မြောင်းများ ဖောက်လုပ်ပြီး ပိုင်ယွဲ့ထဲသို့ ရေသွင်းပေးခြင်းနှင့် အဆိပ်ငွေ့များကို ဖယ်ရှားပေးခြင်းများ ပြုလုပ်ခဲ့သည်။

ပိုင်ယွဲ့နယ်မြေတွင် နှစ်ပေါင်းများစွာ နေလာခဲ့သော ကျိုးလီမျိုးနွယ်က ကွားခြားမှုကို ခံစားခဲ့ရသည်။ သူတို့က ပိုင်ယွဲ့နယ်မြေကို ထွက်ပြေးလာပြီးနောက် မြောက်ဘက်မှ ဟွာရှလူမျိုးများက သူတို့ကို ကျိန့်စာသင့်မျိုးနွယ်စုများအဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ခဲ့ကြသည်။ ရှန်းကျိုးကို အောင်ပွဲများနှင့်အတူ ပြန်သွားရန် ရည်ရွယ်ထားခဲ့သော်လည်း ဘယ်တော့မှ ထိုအခွင့်အရေးမျိုး မရခဲ့ပေ။ ယခု ဟွာရှလူမျိုးများက ပိုမိုသန်မာလာကြပြီး ပိုင်ယွဲ့ကို တစ်ခါတည်း သိမ်းပိုက်ခဲ့သည်။

ကျိုးလီမျိုးနွယ်စုအတွင်း ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်က တုဆွေနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

" စစ်သေနာပတိချုပ်တု အိမ်ရှေ့စံမင်းသားက ဘယ်တော့လာမှာလဲ။ " အမျိုးသမီးက မေးလိုက်သည်။

" သူတော်စင်ချီချွမ် စိတ်မပူပါနဲ့။ အိမ်ရှေ့စံမင်းသားက မကြာခင် ရောက်လာပါလိမ့်မယ်။ ပြီးတော့ ကျိုးလီမျိုးနွယ်ကို ကောင်းကောင်းဆက်ဆံဖို့ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားက အမိန့်ပေးထားပြီးသားပါ။ အိမ်ရှေ့စံမင်းသား ရောက်လာသည်ဖြစ်စေ ရောက်မလာသည်ဖြစ်စေ ချင်အင်ပါယာက ကျိုးလီမျိုးနွယ်ကို ကောင်းကောင်းတက်ဆံသွားမှာပါ။ " တုဆွေက ပြုံး၍ ပြောလိုက်သည်။

ချီချွမ်။

ကျိုးလီမျိုးနွယ်စု၏ သူတော်စင်။ သူမက မျိုးနွယ်စုများ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ချင်စစ်တပ် ကျူးကျော်လာချိန်တွင် ကျိုးလီမျိုးနွယ်စုက ဦးဆောင်ပြီး ခုခံခဲ့သော်လည်း ချင်စစ်တပ်ကို မယှဉ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ချင်စစ်တပ်ကို မယှဉ်နိုင်မှန်းသိသောအခါ ချီချွမ်က ကျိုးလီမျိုးနွယ်ဝင်များ မသေဆုံးစေရန်အတွက် လက်နက်ချရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ဝူအန်းစခန်းက ကျိုးလီမျိုးနွယ်စုကို ကောင်းကောင်းဆက်ဆံပေးခဲ့သည်။

" ချင်အင်ပါယာက ကျွန်​မတို့ ကျိုးလီလူမျိုးတွေကို ဘယ်လိုနေရာချပေးမှာလဲ။ " ချီချွမ်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" သူတော်စင်ချီချွမ် စိတ်မပူပါနဲ့။ ဟွာရှနဲ့ ကျိုးလီက ရှန်းကျိုးနယ်မြေရဲ့ အစိတ်အပိုင်းတွေပါ။ အိမ်ရှေ့စံမင်းသားက မင်းတို့ကို မ​မျှမတ မဆက်ဆံပါဘူး။ " တုဆွေက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာကို အညံ့ခံပြီးနောက် ချီချွမ်က အလွန်စိုးရိမ်နေခဲ့သည်။ ကျောက်ဖုန်းက ကျိုးလီမျိုးနွယ်စုကို ဒေါသအလျောက် လုပ်ဆောင်မည်ကို ကြောက်သကဲ့သို့ ကျူးလီမျိုးနွယ်စုကို ကျွန်အဖြစ် သတ်မှတ်မည်ကို စိုးရိမ်နေခဲ့သည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " အပြင်ဘက်မှာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားသောအခါ တုဆွေကလည်း ဝမ်းသာသွားသည်။

" အိမ်ရှေ့စံမင်းသား ရောက်လာပြီ။ မျိုးနွယ်စုထဲက လူတွေကို စုရုံးပေးပါ။ မရိုမသေမလုပ်စေပါနဲ့။ " တုဆွေက ချီချွမ်ကို ပြောလိုက်သည်။

" ကောင်းပြီ။ " ချီချွမ်က တုန်လှုပ်သွားပြီး ပြန်ပြောလိုက်သည်။

မျိုးနွယ်စုရှေ့တွင် စစ်သည်များက ရိုသေစွာ ဦးညွှတ်နေကြပြီး သူတို့၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။ ကျောက်ဖုန်းက လက်နောက်ပစ်၍ သူတို့ဆီသို့ လျှောက်လာသည်။

" ညီအကိုတို့ ထကြပါ။ " ကျောက်ဖုန်းက လက်မြှောက်ပြီး ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " ယခင်က ရင်းနှီးသော စကားလုံးကို ကြားလိုက်ရသောအခါ စစ်သည်များအားလုံးက စိတ်လှုပ်ရှားသွားကြသည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " တုဆွေက စစ်သူကြီးများနှင့်အတူ လျှောက်လာသည်။ သူတို့ထဲတွင် ဝေချွမ်လည်း ပါဝင်ပေသည်။ ယခုအခါ ဝေချွမ်က ဝူအန်းစခန်း၏ ပင်မစစ်သူကြီးဖြစ်နေပြီဖြစ်သည်။

" ရပါတယ်။ အခမ်းအနားတွေ မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ချင်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်က မျိုးနွယ်စုဝင် သောင်းချီကို ဦးဆောင်ကာ ရောက်လာပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

ကျောက်ဖုန်းက သူတို့ကို ကြည့်လိုက်သည်။ ကျိုးလီအမျိုးသားများ သန်မာကြပြီး အမျိုးသမီးများကတော့ ဟွာရှလူမျိုးများနှင့် ဆင်တူကြသည်။ သူတို့အားလုံးက စိတ်မသက်မသာ ဖြစ်နေပြီး ကြောက်ရွံ့နေကြပုံရသည်။

" ထကြပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " သူတို့အားလုံးက မတ်တပ်ရပ်ပြီး ကျောက်ဖုန်းကို စိုးရိမ်စွာ ကြည့်နေကြသည်။

" အိမ်ရှေ့စံမင်းသား သူမက သူတော်စင်ချီချွမ်ဖြစ်ပြီး ကျိုးလီမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပါ။ ကျိုးလီမျိုးနွယ်စု အညံ့ခံတာ သူမ ကျေးဇူးကြောင့်ပါ။ " တုဆွေက ချီချွမ်ကို ညွှန်ပြပြီး ပြောလိုက်သည်။

ချီချွမ်က ခေါင်းမော့ပြီး ကြည့်လိုက်သည်။ ကျောက်ဖုန်းကို မြင်လိုက်ရချိန်တွင် သူမ၏ စိတ်ထဲ၌ တုန်လှုပ်သွားသည်။ သူမ၏ ရှေ့မှ ကျောက်ဖုန်းက သူမ၏ အထင်နှင့် လုံးဝမတူဘဲ ယဉ်ကျေးပုံရပြီး အရည်အချင်းရှိသော လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

" သူတော်စင်ချီချွမ် မင်းက အညံ့ခံခဲ့တဲ့အတွက် ချင်အင်ပါယာက မင်းတို့ကို မတရားမဆက်ဆံပါဘူး။ ဒီနောက်ပိုင်းမှာ ကျိုးလီမျိုးနွယ်စုနဲ့ ဟွာရှလူမျိုးတွေကြား ခွဲခြားမှုရှိမှာမဟုတ်တော့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " ချီချွမ်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။

" အစီအရင်က ဘယ်နားမှာလဲ။ " ကျောက်ဖုန်းက တုဆွေကို ကြည့်ပြီး မေးလိုက်သည်။

" အိမ်ရှေ့စံမင်းသား မြေပုံထဲက တည်နေရာက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျိုးလီမျိုးနွယ်စုရဲ့ ယဇ်ပလ္လင်တည်နေရာနဲ့ တည့်တည့်ကျနေတယ်။ " တုဆွေက ပြုံး၍ ပြောလိုက်သည်။

" ကျိုးလီမျိုးနွယ်စုရဲ့ ယဇ်ပလ္လင်လား။ " ကျောက်ဖုန်းက စိတ်ဝင်စားသွားသည်။ " လမ်းပြပါ။ "

ထိုအချိန်တွင် ချီချွမ်က ရှေ့တိုးလာပြီး ပြောလိုက်သည်။ " အိမ်ရှေ့စံမင်းသား ကျွန်မတို့ မျိုးနွယ်စုရဲ့ ယဇ်ပလ္လင်က တကယ် ထူးဆန်းတယ်။ ကျိုးလီမျိုးနွယ်စု ပိုင်ယွဲ့ကို ရောက်လာကတည်းက ရှိနေတာ။ အနားကပ်သွားရင် အန္တရာယ်ရှိလို့ မျိုးနွယ်စုဝင်တွေတောင် အပြင်ဘက်ကနေပဲ ပူဇော်ခဲ့ကြတယ်။ "

" ကိစ္စမရှိဘူး။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

ယဇ်ပလ္လင်နေရာသို့ ရောက်သောအခါ ထိုနေရာက ကျိုးလီမျိုးနွယ်စု၏ အခြားနေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုနေရာတွင် ဆယ်ကျန့်လောက်မြင်သော ရုပ်တုကြီးတစ်ခုရှိနေပြီး ဓားကို ကိုင်ကာ ထူးဆန်းသော သားရဲတစ်ကောင်ကို စီးထားသည်။

" ဒါက ကျွန်မတို့ ဘိုးဘေးရုပ်တုပါ။ ကျွန်မတို့ မျိုးနွယ်စု ဒီနေရာကို ရောက်လာကတည်းက တည်ထားကိုးကွယ်ခဲ့တာ။ " ချီချွမ်က ရှင်းပြလိုက်သည်။

" ချီယို၊ ဝူမျိုးနွယ်လား။ " ကျောက်ဖုန်းက ရုပ်တုကို သေချာကြည့်ပြီး မည်သူဖြစ်သည်ကို သိလိုက်သည်။

ဓားရှည်ကို ကိုင်ကာ သံစားသားရဲကို စီးပြီး မြွေကြီးများ ဝန်းရံကာ ဧရာမလူသားတစ့ယောက်နှင့် ဆင်တူသည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ချက်ချင်း ဝူမျိုးနွယ်ကို သတိရသွားသည်။ သို့သော် ကျိုးလီမျိုးနွယ်က ဝူမျိုးနွယ်နှင့် အနည်းငယ် ကွဲပြားနေသည်။ သူတို့က လူသားနှင့်ဝူမျိုးနွယ်မှ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသော မျိုးနွယ်စုဖြစ်ပေလိမ့်မည်။

" ဒီရုပ်တုရဲ့နောက်မှာ ယဇ်ပလ္လင်ရှိနေတယ်။ ပြီးတော့ အိုးရှစ်လုံးက ဒီနေရာကို ရောက်လာတာ အကြောင်းရင်းတစ်ခုခုရှိရမယ်။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတဲ့ပုံပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ သူက ချီယို၏ ရုပ်တုကို ကျော်ပြီး ယဇ်ပလ္လင်ရှိရာသို့ သွားလိုက်သည်။

" အိမ်ရှေ့စံမင်းသား ရှေ့ဆက်သွားရင် အန္တရာယ်ရှိပါတယ်။ " ချီချွမ်က ကျောက်ဖုန်းကို သတိပေးလိုက်သည်။

ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ချီချွမ်ကို နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် သူ၏ နတ်ဘုရားအားရုံကို ယဇ်ပလ္လင်ဆီသို့ ဖြန့်ကျက်လိုက်သည်။ ၎င်းက ယဇ်ပလ္လင်ဟုခေါ်ခြင်းထက် အစီအရင်ဟုခေါ်လျှင် ပိုမှန်ပေလိမ့်မည်။

" ဒီယဇ်ပလ္လင်က ဘယ်လောက်စွမ်းလဲ ကြည့်ရတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ထျန်းဝမ်ဓားကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူ၏ ယွမ်စွမ်းအား ဆယ်ပုံတစ်ပုံကို ထုတ်ပြီး ယဇ်ပလ္လင်ကို ခုတ်ပိုင်းလိုက်သည်။ ပေတစ်ထောင်ကျော် ရှည်လျားသော ဓားအလင်းတန်းတစ်လုက ယ​ဇ်ပလ္လင်ပေါ်သို့ ကျရောက်သွားသည်။ ယဇ်ပလ္လင်က တုန်ခါသွားပြီး ပြင်းထန်သော စွမ်းအားများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။

" ဒါ ဒါက လူသားရော ဟုတ်ရဲ့လား။ " ချီချွမ်နှင့် ကျိုးလီမျိုးနွယ်စုဝင်များက ထိတ်လန့်အံ့ဩသွားကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters