← Chapters

အခန်း ၅၃၉

Vol. 54 Ch. 539

အခန်း ၅၃၉

Vol. 54 Ch. 539

အခန်း (၅၃၉)

ကျောက်ဖုန်း၏ ဓားချက်ကြောင့် ယဇ်ပလ္လင်မှ အစီအရင်က နိုးထလာသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများက ဆူပွက်လာပြီး ယဇ်ပလ္လင်မှ ပြင်းထန်သော မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာကာ ကျိုးလီမျိုးနွယ်စုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုမိစ္ဆာစွမ်းအားများကြားတွင် အိုးရှစ်လုံး၏ ပုံရိပ်များ ပေါ်လာသည်။ ထိုအချိန်တွင် သတ်ဖြတ်လိုစိတ်များ စုစည်းလာပြီး သားရဲပုံရိပ်များက ကျောက်ဖုန်းဆီသို့ ပြေးဝင်လာကြသည်။

" စိတ်ဝင်စားစရာပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

မိစ္ဆာစွမ်းအားများက အလွန်ပြင်းထန်ပြီး သာမန်ကျင့်ကြံသူများကိုပင် အလွယ်တကူ ထိခိုက်စေနိုင်သည်။ သို့သော် ထိုစွမ်းအားအောက်တွင် လူသားဘုံ၌ ဖျက်ဆီးနိုင်မည့်သူ ရှိနည်မဟုတ်ပေ။

" ဒါဆို တစ်ချက်တည်း ဖျက်ဆီးပစ်တာပေါ့။ " ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။

" ကောင်းကင်ချုပ်နှောင်လက်ညှိုး " ကျောက်ဖုန်း၏ လက်ချောင်းမှ ပြင်းထန်သော စွမ်းအားများက ပေါက်ကွဲထွက်လာသည်။

ဝုန်း....

ထိုလက်ချောင်းအောက်တွင် မိစ္ဆာစွမ်းအားများမှ ဖြစ်ပေါ်လာသော သားရဲများက ဖုန်မှုန့်များ ဖြစ်သွားကြပြီး မိစ္ဆာစွမ်းအားများကလည်း လွင့်စင်သွားကြသည်။ ထို့နောက် ယဇ်ပလ္လင်မှ အစီအရင်ကလည်း နောက်ဆုံးတွင် ထိုစွမ်းအားကို မခံနိုင်တော့ပေ။

ခရက် ခရက်...

အက်ကွဲသံများထွက်ပေါ်လာပြီး နောက်ဆုံးတွင် ကျယ်လောင်သော အသံနှင့်အတူ ယဇ်ပလ္လင်က ပျက်စီးသွားခဲ့သည်။ အစီအရင်ပျက်စီးသွားသည်နှင့် ၎င်းမှ ထိန်းချုပ်ထားသော စွမ်းအားများကလည်း ပျောက်ကွယ်သွားသည်။

" ဟွာရှအိုးရှစ်လုံးက တကယ် ဒီမှာရှိနေတာပဲ။ ဒီအစီအရင်က ကံကြမ္မာဖိနှိပ်ခြင်းအစီအရင်ပဲ။ ဟွာရှအိုးရှစ်လုံက ကံကြမ္မာစွမ်းအားနဲ့ ကျိုးလီမျိုးနွယ်စုရဲ့ ကံကြမ္မာကို ဖိနှိပ်ထားတာပဲ။ " အိုးရှစ်လုံးကို မြင်သောအခါ ကံကြမ္မာစွမ်းအားလမ်းစဉ်ကို နားလည်ထားသော​ ကျောက်ဖုန်းက အရာအားလုံး ရှင်းလင်းသွားခဲ့သည်။ အိုးရှစ်လုံးကို ထိုနေရာတွင် ထားရှိခြင်းက ကျိုးလီမျိုးနွယ်စုကို ဖိနှိပ်ရုံသက်သက်သာ ဖြစ်သည်။

" ဒီအိုးရှစ်လုံးနဲ့ ကျိုးလီမျိုးနွယ်ကို ဘယ်သူဖိနှိပ်ခဲ့တာလဲ။ ရှေးခေတ်က လူသားဧကရာဇ်လား။ " ကျောက်ဖုန်းက နားမလည်နိုင်ဖြစ်နေသည်။

"ဒါပေမယ့် တွေ့တာကောင်းတယ်။ " ကျောက်ဖုန်းက ရှေ့သို့ လျှောက်သွားပြီး အိုးရှစ်လုံးကို ယူရန် ပြင်လိုက်သည်။ သူ၏ အတွေးတစ်ချက်နှင့်အတူ ယွီပြည်နယ်အိုးက ထွက်ပေါ်လာသည်။ အိုးရှစ်လုံးက အစီအရင်တစ်ခု ခင်းကျင်းထားသောကြောင့် ၎င်းတို့ကို ယူရန် ခက်ခဲပေလိမ့်မည်။ ၎င်းတို့နှင့် တူညီသော ယွီပြည်နယ်အိုးကတော့ လုပ်နိုင်ပေလိမ့်မည်။

" သွား..." ကျောက်ဖုန်းက ယွီပြည်နယ်အိုးထဲသို့ ယွမ်စွမ်းအားများ ထည့်သွင်းပြီး အိုးရှစ်လုံး၏ အလယ်သို့ ဆင်းသက်သွားစေသည်။

ရင်းမြစ်တူညီသော ယွီပြည်နယ်အိုးက အတားအဆီးမရှိဘဲ အစီအရင်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ကျန်သော အိုးရှစ်လုံးကလည်း တုန့်ပြန်လာကြပြီး အိုးကိုးလုံးက ဟင်းလင်းပြင်ထဲတွင် ရွေ့လျားနေသည်။ ထို့နောက် အိုးကိုးလုံးက အစီအရင်ထဲမှ ထွက်လာပြီး အစီအရင်ကလည်း လုံးဝ ပျက်စီးသွားသည်။ အိုးကိုးလုံးက ဟင်းလင်းပြင်တွင် ချိတ်ဆက်သွားပြီး မမြင်နိုင်သော အနှစ်သာရများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

ဝုန်း...

အိုးကိုးလုံးပေါင်းစပ်သွားသောအခါ ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေခဲ့သည်။

ကောင်းကင်ဘုံ၊ ​ဗုဒ္ဓနယ်မြေ၊ မရဏဘုံနှင့် တိုက်ကြီးလေးခုလုံးက တုန်လှုပ်သွားကြသည်။

" ဟွာရှအိုးကိုးလုံး၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို ထိန်းချုပ်တဲ့ အထွတ်အမြတ်ရတနာ။ "

" ရှေးတုန်းက လူသားဧကရာဇ်ကျူးရွှီက ကောင်းကင်နဲ့မြေကြီးရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပြီး တောင်ဘက်တိုက်ကြီးရဲ့ ထောင့်တစ်နေရာကို လူသားဘုံးအဖြစ် ပြောင်းလဲခဲ့တယ်။ ပြီးတော့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို ရှန်းကျိုးကို ရွှေ့ပြောင်းပြီးတဲ့နောက်မှာ အိုးကိုးလုံးက ပျောက်ကွယ်သွားခဲ့တယ်။ အခုမှ ပြန်ပေါ်လာတာလား။ "

" စိတ်ဝင်စားစရာပဲ။ အဲ့ဒီလူသားဘုံက အမြဲတမ်းပြောင်းလဲနေတာပဲ။ ဖြစ်နိုင်တာ ဒီကမ္ဘာရဲ့ အနာဂတ်က ရှန်းကျိုးမှာပဲ ရှိနေတာ ဖြစ်မယ်။ "

" စိတ်ဝိညာဉ်အမြစ်တွေ၊ ချီကပ်ဘေးတွေ၊ သတ်ဖြတ်မှုတွေ၊ လုယက်မှုတွေ ဒီကမ္ဘာကြီးက အမြဲတမ်း ရှုပ်ထွေးနေတာ။ "

" ဟွာရှအိုးကိုးလုံးက လူသားဘုံရဲ့ အထွတ်အမြတ်ရတနာပဲ။ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားနဲ့ဆိုရင် အဲ့ဒါရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ မျိုးနွယ်စုကို ထိန်းချုပ်နိုင်တဲ့ ရတနာပဲ။ ဒီရတနာပေါ်လာတာ ဘာကိုဆိုလိုတာလဲ။ "

" ​ဗုဒ္ဓနယ်မြေနဲ့ ကောင်းကင်ဘုံက ရှန်းကျိုးမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးကံကြမ္မာစွမ်းအားကို လိုချင်နေကြတယ်။ အဲ့ဒါကို ရတဲ့သူက သူတော်စင်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကံကြမ္မာစွမ်းအားကို ရယူဖို့ အဲ့လောက်လွယ်ပါ့မလား။ "

" သူတော်စင်တွေ ပျောက်ကွယ်သွားကတည်းက ကပ်ဘေးတွေက ကမ္ဘာကို လွှမ်းမိုးသွားတယ်။ သူတို့ခေါ်နေတဲ့ စိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေပေါ့။ "

ဟွာရှအိုးကိုးလုံးပေါ်လာခြင်းက ဘုံသုံးခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အင်အားကြီးကျင့်ကြံသူများက တုန်လှုပ်သွားကြပြီး အချို့ကတော့ မျှော်လင့်ချက်များ နိုးထလာခဲ့သည်။ ဤကမ္ဘာကြီးကို ပြောင်းလဲနိုင်ရန် လူအများစုက ကြာမြင့်စွာကတည်းက မျှော်လင့်နေကြသည်။

" အိုးကိုးလုံး၊ လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာ။ နောက်ဆုံးတော့ ငါစုစည်းနိုင်ခဲ့ပြီ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး အိုးကိုးလုံးက သူ၏ ရှေ့တွင် လည်ပတ်နေသည်။

" ငါ လူသားတာအိုအာဏာနဲ့ အိုးကိုးလုံးကို သန့်စင်ရတယ်။ " ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို အိုးကိုးလုံးဆီသို့ ပို့လွှတ်ပြီး ကံကြမ္မာစွမ်းအားကို ထုတ်ဖော်လိုက်သည်။

သူ၏ အနောက်တွင် ချီချွမ်က ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်နေသည်။

" စစ်သေနာပတိချုပ်တု အိမ် အိမ်ရှေ့စံမင်းသားက လူသားဟုတ်ရဲ့လား။ " ချီချွမ်က အံ့ဩစွာ မေးလိုက်သည်။

" ကျုပ်တို့ ဟွာရှလူမျိုးတွေအတွက်တော့ အိမ်ရှေ့စံမင်းသားက နတ်ဘုရားတစ်ပါးဖြစ်နေတာ ကြာပြီ။ " တုဆွေက လေးစားစွာ ပြောလိုက်သည်။

" မ မဟုတ်ဘူး။ ကျွန်မ ပြောချင်တာ အိမ်ရှေ့စံမင်းသားက အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ အဲ့ဒီဓားနဲ့ အဲ့ဒီအိုးကိုးလုံး..." ချီချွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အဲ့ဒါက သိုင်းတာအိုပဲ။ အိမ်ရှေ့စံမင်းသား ဖန်တီးထားတဲ့ လမ်းစဉ်တစ်ခုပေါ့။ အနာဂတ်မှာ သူတော်စင်ချီချွမ်က မျိုးနွယ်စုကို ဦးဆောင်ပြီး ချင်အင်ပါယာနဲ့ အပြည့်အဝ ပေါင်းစပ်သွား​တဲ့အခါ အိမ်ရှေ့စံမင်းသားရဲ့ စွမ်းရည်တွေကို နားလည်လာပါလိမ့်မယ်။ " တုဆွေက ပြုံး၍ ပြောလိုက်သည်။

" သိုင်းတာအိုလား။ " ချီချွမ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

နှစ်နာရီကြာပြီးနောက် ကောင်းကင်က တဖြည်းဖြည်း မှောင်လာခဲ့သည်။

ဝုန်း...

ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။

" ဟွာရှအိုးကိုးလုံးကို သန့်စင်ပြီး စွမ်းရည်အားလုံး ၁၀၀၀၀ မှတ် ရရှိပါတယ်။ အဆင့်ငါးရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ယွမ်စွမ်းအားများက ပေါက်ကွဲလာပြီး သူ၏ ဒန်တျန်က တိုးချဲ့လာသကဲ့သို့ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ မူလဝိညာဉ် အားလုံးမြင့်တက်လာခဲ့သည်။ ခဏကြာသောအခါ ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာနှင့် ဖိအားများက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

" သိုင်းတာအိုနတ်အသွင်အဆင့်။ မူလဝိညာဉ်ကလွဲရင် စွမ်းရည်အားလုံး နှစ်သိန်းကျော်သွားပြီ။ ဟွာရှအိုးကိုးလုံးကို သန့်စင်လိုက်တာက ဒီလောက်အကျိုးအမြတ် ရလိမ့်မယ်လို့ မထင်ထားဘူး။ ကျင့်ကြံတဲ့အချိန် အများကြီးသက်သာသွားပြီ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။

" အိုးကိုးလုံးကို သန့်စင်ပြီးပြီ။ အိုးတစ်လုံးစီက ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာတွေပဲ။ ပြီးတော့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားရတနာတွေပဲ။ အိုးကိုးလုံးကို ကံကြမ္မာစွမ်းအားနဲ့ ပေါင်းစပ်လိုက်ရင် ပြည်နယ်ကိုးခုအကာအကွယ်ကို တည်ဆောက်နိုင်တယ်။ နယ်​မြေတိုးချဲ့သမျှ နေရာတိုင်းမှာ ပြည်နယ်ကိုးခုအကာအကွယ်က ရှိနေမှာပဲ။ ဟွာရှအိုးကိုးလုံးရဲ့ စွမ်းအားက အင်ပါယာကံကြမ္မာစွမ်းအားအပေါ် မူတည်တယ်။ လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်ထိုက်ပါတယ်။ ပြည်နယ်ကိုးခုအကာအကွယ်ကို တည်ဆောက်ပြီးရင် မိုးကြိုးပစ်တာတွေ ဥက္ကာခဲကျတာတွေ ဖြစ်လာမှာမဟုတ်တော့ဘူး။ ဒါပေမယ့် ပြင်ဆင့်မှုအချို့တော့ လိုအပ်သေးတယ်။ မြောက်ပိုင်းနယ်စပ်ကို သိမ်းပိုက်ပြီးရင် ကံကြမ္မာစွမ်းအားက လုံလောက်ပါလိမ့်မယ်။ "

ကျောက်ဖုန်းက အလွန်စိတ်လှုပ်ရှားနေသည်။ လူသားမျိုးနွယ်၏ အထွတ်အမြတ်ရတနာ ဟွာရှအိုးကိုးလုံးက သူမျှော်လင့်ထားသည်ထက် ပိုမိုကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ခဏကြာသောအခါ ကျောက်ဖုန်း၏ ရှေ့မှ အိုးကိုးလုံးက သေးငယ်သွားပြီး သူ၏ ဒန်တျန်ထဲသို့ ဝင်ရောက်သွားသည်။

" အိမ်ရှေ့စံမင်းသားကို ဂုဏ်ပြုပါတယ်။ ဟွာရှအိုးကိုးလုံးကို ပိုင်ဆိုင်သွားပြီ။ " တုဆွေက ရှေ့တိုးလာပြီး ပြောလိုက်သည်။

ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး ချီချွမ်ကို ကြည့်လိုက်သည်။ " ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာကို ထာဝရအညံ့ခံဖို့ ဆန္ဒရှိသလား။ "

" ဆန္ဒရှိပါတယ်။ ကျိုးလီမျိုးနွယ်ရဲ့ သူတော်စင်အဖြစ်နဲ့ ကျွန်မ ကျိန်ဆိုပါတယ်။ ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပါဘူး။ " ချီချွမ်က ချက်ချင်း ပြောလိုက်သည်။

" ကျိုးလီမျိုးနွယ်မှာ လူဦးရေဘယ်လောက်ရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အိမ်ရှေ့စံမင်းသား လူဦးရေ ခြောက်သန်းနီးပါးရှိပါတယ်။ " ချီချွမ်က ပြန်ဖြေလိုက်သည်။

" ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာထဲ ပေါင်းစည်းချင်ရင် ချင်စာပေတွေ သင်ယူရမယ်၊ ချင်ဓလေ့ထုံးတမ်းတွေကို လိုက်နာရမယ်။ ဒါကြောင့် ကျိုးလီမျိုးနွယ်စုက ဒီပိုင်ယွဲ့​နယ်မြေက ထွက်လာချင်ရင် သူတော်စင်ဖြစ်တဲ့ မင်းက ဒီတာဝန်ကို ထမ်းဆောင်ရလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျွန်မ အကောင်းဆုံးလုပ်ပါမယ်။ ချင်အင်ပါယာက ကျိုးလီမျိုးနွယ်ကို ကောင်းကောင်းဆက်ဆံတာ အားလုံးသိပါတယ်။ " ချီချွမ်က ပြန်ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters