← Chapters

အခန်း ၅၄၀

Vol. 54 Ch. 540

အခန်း ၅၄၀

Vol. 54 Ch. 540

အခန်း (၅၄၀)

" တုဆွေ မြစ်ကြောင်းတွေနဲ့ လမ်းတွေကို အားစိုက်ပြီး ဖောက်လုပ်ပါ။ " ကျောက်ဖုန်းက တုဆွေကို ကြည့်ပြီး ပြောလိုက်သည်ာယ

" အမိန့်ကို နာခံပါတယ်။ " တုဆွေက ချက်ချင်း ပြန်ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ကျွန် ကျွန်မ..." ထိုအချိန်တွင် ချီချွမ်က တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ကြောက်ရွံ့နေပုံရသည်။

" ပြောစရာရှိတာ ပြောပါ။ ငါက မင်းကို ကိုက်မစား​ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟို အိမ်ရှေ့စံမင်းသားက သိုင်းတာအိုကို ဖန်တီးခဲ့ပြီး ချင်ပြည်သူအားလုံး အဲ့ဒါကို လေ့ကျင့်နိုင်တယ်လို့ စစ်သေနာပတိချုပ်တုဆွေက ပြောပါတယ်။ အဲ့ အဲ့ဒါ ကျိုးလီမျိုးနွယ်သုကလည်း အဲ့ဒါကို လေ့ကျင့်ချင်လို့ပါ။ " ချီချွမ်က တွန့်ဆုတ်စွာ ပြောလိုက်သည်။

" ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာကို အပြည့်အဝ အညံ့ခံရင် သူတို့လည်း သိုင်းတာအိုလမ်းစဉ်ကို လေ့ကျင့်နိုင်ပါတယ်။ တကယ်စိတ်ရင်းနဲ့ အညံ့မခံရင်တော့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက သတိပေးလိုက်သည်။

သူ့ဘက်တွင် ရပ်တည်သူများကို ကျောက်ဖုန်းက အမြဲတမ်း ကြင်နာစွာ ဆက်ဆံလေ့ရှိသည်။ ယခု ပိုင်ယွဲ့ကို သိမ်းပိုက်ပြီး ကျိုးလီမျိုးနွယ်စု၏ အညံ့ခံမှုကို လက်ခံခဲ့ခြင်းမှာ သူတို့၏ သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားပေးသောကြောင့် ဖြစ်သည်။ သို့သော် သူတို့က အခွင့်အရေးကို တန်ဖိုးမထားလျှင် ကျောက်ဖုန်းက သူတို့ကို အခြားတိုင်းတစ်ပါးမျိုးနွယ်စုများကဲ့သို့ ဆက်ဆံပေလိမ့်မည်။

" ကျိုးလီမျိုးနွယ်စုက စိတ်ရင်းနဲ့ အညံ့ခံပါမယ်။ " ချီချွမ်က ထပ်မံကတိပေးလိုက်သည်။

" နှုတ်နဲ့ ပြောတဲ့ကတိတွေကို ငါမယုံဘူး။ ကျိုးလီမျိုးနွယ်စုက ချင်အင်ပါယာထဲ တကယ်ပေါင်းစည်းနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက ဘာမှမပြောတော့ဘဲ လက်ဝှေ့ရမ်းပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။ သူက သိုင်းတာအိုနတ်အသွင်အဆင့်သို့ ရောက်သွားပြီဖြစ်သောကြောင့် ဟင်းလင်ပြင်ကို ဆုတ်ဖြဲရသည်မှာ ပိုမိုလွယ်ကူသွားခဲ့သည်။

" အိမ်ရှေ့စံမင်းသား ပြန်တော့မှာလား။ " တုဆွေ၏ အမူအရာက ပြောင်းလဲသွားသည်။

" မင်း ပိုင်ယွဲ့မှာ ရှိနေတော့ ငါစိတ်ချရပြီလေ။ ပိုင်ယွဲ့က အခြေကျပြီး အပြည့်အဝ အညံ့ခံပြီးသွားရင် မြို့တော်ကို ပြန်လာခဲ့ပါ။ ကျောက်ဖုန်းက ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

" အိမ်ရှေ့စံမင်းသား ဂရုစိုက်သွားပါ။ " တုဆွေက ပြန်ပိတ်သွားသော ဟင်းလင်းပြင်ကို ကြည့်ပြီး ဦးညွှတ်လိုက်သည်။

" စစ်သေနာပတိချုပ်တုဆွေ အိမ်ရှေ့စံမင်းသားရဲ့ ယုံကြည်မှုကို ရအောင် ဘယ်လိုလုပ်ရမလဲ။ " ချီချွမ်က တိုးညှင်းစွာ ပြောလိုက်သည်။

" အခြားဘာမှမဟုတ်ပါဘူး။ စိတ်ရင်းမှန်နဲ့ သစ္စာခံလိုက်ပါ။ အိမ်ရှေ့စံမင်းသားက လူတွေရဲ့ စိတ်နှလုံးကို မြင်နိုင်တယ်။ တစ်ယောက်ယောက်က ဟန်ဆောင်ပြီး အညံ့ခံရင် အိမ်ရှေ့စံမင်းသားက တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။ " တုဆွေက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ချီချွမ်က အံ့အားသင့်သွားသည်။ လူများ၏ စိတ်နှလုံးကို မြင်နိုင်ခြင်း။ သို့သော် ယဇ်ပလ္လင်ကို ဖျက်ဆီးလိုက်သော ကျောက်ဖုန်း၏ စွမ်းအားကို မြင်ပြီးနောက် ချီချွမ်က မအံ့ဩတော့ပေ။

" ကျွန်မသာ အိမ်ရှေ့စံမင်းသားကို လက်ထပ်လိုက်ရင် ဒါကို စိတ်ရင်းမှန်နဲ့ အညံ့ခံတယ်လို့ သတ်မှတ်လို့ရလား။ " ချီချွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

" မင်းဘာပြောလိုက်တာလဲ။ " တုဆွေက အံ့ဩသွားသည်။

" ဘာ ဘာမှမဟုတ်ပါဘူး။ " ချီချွမ်က ခေါင်းခါပြီး ပြောလိုက်သည်။

ရှန်းယန်မြို့တော်။

ကျန်းထိုင်နန်းဆောင်ထဲတွင် ညဉ့်နက်အချိန်ထိ မီးထွန်းထားဆဲဖြစ်သည်။ ရင်ကျန့်က အစီရင်ခံစာများကို မဖတ်ဘဲ ဘေးတွင် ထိုင်နေပြီး သူ၏ မြေး ကျောက်ချီက အဓိကနေရာတွင်ထိုင်ကာ အစီရင်ခံစာများကို ဖတ်နေသည်။

" အဘိုး ဆန်ချွမ်ခရိုင်မှာ မြစ်ကမ်းပါး ပြိုကျမယ့် အရိပ်အယောင်တွေရှိနေတယ်။ အဲ့ဒါက ကျိပြည်နယ်က ဖြစ်တဲ့အတွက် မြစ်ကမ်းပါးပြုပြင်ဖို့ နန်းတော်က ရန်ပုံငွေ တောင်းဆိုထားတယ်။ ပုံမှန်ဆို မြစ်ကမ်းပါးတစ်ခုတည်ဆောက်ဖို့ ငွေကြေးနဲ့ ရိက္ခါက ဘယ်လောက်လိုအပ်တာလဲ။ " ကျောက်ချီက လက်ထဲမှ အစီရင်ခံစာကို ကြည့်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

" မြစ်ကြီးတစ်စင်းရဲ့ ကမ်းပါးကို တည်ဆောက်ဖို့ ငွေကြေးနဲ့ ရိက္ခါတွေ ဘယ်လောက်လိုမယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" မြေးက အုပ်ချုပ်ရေးနဲ့ ပက်သက်ပြီး အတွေ့အကြုံတွေ ရှိနေပါပြီ။ မြစ်ကမ်းပါးအတွက် အနည်းဆုံး ငွေတစ်သန်း လိုအပ်ပါတယ်။ ခရိုင်တစ်ခုလုံးက မြစ်ကမ်းပါးတွေကို ပြုပြင်မယ်ဆိုရင်တော့ တစ်သန်းနဲ့ မလုံလောက်ပါဘူး။ " ကျောက်ချီက စဉ်းစားပြီး ပြောလိုက်သည်။

" အခုခေတ်မှာ ချင်အင်ပါယာရဲ့ အုပ်ချုပ်ရေးက ရှင်းလင်းနေပြီ။ ပြီးတော့ မင်းရဲ့ ခမည်းတော် တည်ထောင်ခဲ့တဲ့ ယန်ထင်က အင်ပါယာတစ်ခုလုံး စစ်ဆေးနေတဲ့အပြင် ပြည်သူတွေက ထျန်းရွှမ်ကြေးမုံကတစ်ဆင့် တိုင်ကြားနိုင်လို့ အဂတိလိုက်စားတဲ့ အရာရှိတွေလည်း မရှိတော့ဘူး။ ဒါကြောင့် မြစ်ကမ်းပါးတည်ဆောက်တာဖြစ်ဖြစ် ကယ်ဆယ်ရေးရန်ပုံငွေပဲဖြစ်ဖြစ် လိုသလောက် ထောက်ပံ့ပေးနိုင်တယ်။ ငွေကြေးအလွဲသုံးစားလုပ်မှာ စိုးရိမ်စရာမလိုတော့ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" မြေးနားလည်ပါပြီ။ " ကျောက်ချီက ချက်ချင်း နားလည်သွားသည်။ ထို့နောက် သူက အစီရင်ခံစာများကို ဆက်လက်စစ်ဆေးနေသည်။

" ချီအာ အခု ချင်အင်ပါယာမှာ အရည်အချင်းရှိတဲ့ အရာရှိတွေ ပေါများနေပြီ။ ကျန်းထိုင်နန်းဆောင်ကို ရောက်လာတဲ့ အစီရင်ခံစာတိုင်းက ပြည်သူသောင်းချီရဲ့ အသက်တွေနဲ့ သက်ဆိုင်နေတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သတိထားပြီး ကိုင်တွယ်ရမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ချီက ခေါင်းညိမ့်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ " အဘိုး ချင်ဥပဒေက တင်းကျပ်တယ်။ ဒေသအစိုးရရုံးတွေမှာ သေဒဏ်ပေးပိုင်ခွင့်ရှိလား။ "

" ချီအာ တော်တယ်။ မင်းက တကယ် ဒီအချက်ကို တွေးမိတယ်။ ချင်ဥပဒေက တင်းကျပ်တယ်။ ဒါပေမယ့် ရှန်းကျိုးကို မစုစည်းခင် အားနည်းချက်တွေ အများကြီး ရှိခဲ့တယ်။ ဒါကြောင့် ငါနဲ့ မင်းခမည်းတော်က ဥပဒေအတော်များများကို ပြင်ဆင်ခဲ့တယ်။ သေဒဏ်နဲ့ ပက်သက်တဲ့ ကိစ္စတွေဆိုရင် မြို့တော်ကို ပို့ပြီး တရားရေးဝန်ကြီးကို တင်ပြရမယ်။ ပြီးတော့ ကျန်းထိုင်နန်းဆောင်ကို ရောက်မှ ဆုံးဖြတ်ချက်ချမယ်လို့ သတ်မှတ်ထားတယ်။ ဒါက အပြစ်မရှိသူတွေသေဆုံးတာနဲ့ အကျင့်ပျက်အရာရှိတွေကြောင့် ပြည်သူတွေ ထိခိုက်တာ မရှိအောင်လို့ပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အဘိုးနဲ့ ခမည်းတော်ရှိနေတာ ချင်အင်ပါယာက ပြည်သူသန်းပေါင်းများစွာအတွက် တကယ်ကံကောင်းတယ်။ " ကျောက်ချီက လေးစားစွာဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင်...

" ခမည်းတော် အခု ချီအာက အစီရင်ခံစာတွေကိုင်တွယ်နေတော့ ခမည်းတော်က တော်တော်သက်သာနေတာပေါ့။ " ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာပြီး ခန်းမထဲသို့ ဝင်လာသည်။

" မင်းခမည်းတော်ပြန်လာပြီ။ " ရင်ကျန့်က ပြုံးလိုက်သည်။

" ခမည်းတော် " ကျောက်ချီက ထရပ်ပြီး နှုတ်ဆက်လိုက်သည်။

" ထိုင်ပါ။ " ကျောက်ဖုန်းက ကျောက်ချီကို လက်ပြလိုက်ပြီး ရင်ကျန့်၏ ရှေ့တွင် ထိုင်လိုက်သည်။

" ပိုင်ယွဲ့ခရီးစဉ် ဘယ်လိုလဲ။ " ရင်ကျန့်က မေးလိုက်သည်။

ကျောက်ဖုန်းက ပြုံးပြီး စိတ်ထဲမှ အမိန့်ပေးလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းကိုးခု ထွက်ပေါ်လာသည်။ အိုးကိုးလုံးက လေထဲတွင် လှည့်ပတ်နေပြီး ကြီးမားသော အော်ရာများကို ထုတ်လွှတ်နေသည်။

" ဟွာရှအိုးကိုးလုံး၊ လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာတွေကို စုစည်းနိုင်ခဲ့ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ခမည်းတော် ဒါဆိုရင် ဘိုးဘေးခန်းမရဲ့ ရှေ့က အိုးကိုးလုံးက အတုတွေလား။ " ကျောက်ချီက အံ့ဩစွာ မေးလိုက်သည်။

" အဲ့ဒီအိုးကိုးလုံးက ကျိုးမင်းဆက်မတိုင်ခင်ကတည်းက အတုတွေပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟွာရှအိုးကိုးလုံးက ပိုင်ယွဲ့နယ်မြေမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲ့ဒါကို ဘယ်သူလုပ်ခဲ့တာလဲ။ " ရင်ကျန့်က သိချင်စိတ်ဖြင့် ပြောလိုက်သည်။

" သားတော်အထင်တော့ ရှေးခေတ်က လူသားဧကရာဇ်လုပ်ခဲ့တာဖြစ်မယ်။ အိုးရှစ်လုံးက ကံကြမ္မာဖိနှိပ်ခြင်းအစီအရင်ကို တည်ဆောက်ထားတာပဲ။ အဲ့ဒါက ကျိုးလီမျိုးနွယ်စုရဲ့ ကံကြမ္မာစွမ်းအားကို ဖိနှိပ်ထားတယ်။ ဒါကြောင့်ပဲ ကျိုးလီမျိုးနွယ်စုက ပိုင်ယွဲ့မှာ နှစ်ပေါင်းများစွာ ပုန်းအောင်းပြီး ရှန်းကျိုးကို မဝင်နိုင်ခဲ့တာပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

လူသားဧကရာဇ်မဟုတ်လျှင် လူသားမျိုးနွယ်၏ အထွတ်အမြတ်ရတနာများကို အသုံးပြုပြီး ကံကြမ္မာစွမ်းအားကို ဖိနှိပ်နိုင်မည့် အခြားသူကို ကျောက်ဖုန်း မတွေးမိပေ။

" အဲ့ဒီကျိုးလီမျိုးနွယ်စုမှာ ဘာလျို့ဝှက်ချက်တွေရှိလို့ လူသားဧကရာဇ်ကတောင် ဒီလောက်သတိထားနေရတာလဲ။ ဟွာရှအိုးရှစ်လုံးကို သုံးပြီးတောင် ဖိနှိပ်ထားခဲ့တယ်။ " ရင်ကျန့်က အံ့ဩစွာ မေးလိုက်သည်။

" ခမည်းတော် ကျိုးလီမျိုးနွယ်စုကို အထင်မသေးနဲ့။ " ကျောက်ဖုန်းက ပြုံး၍ ​ပြောလိုက်သည်။ " ရှေ့ခေတ်တုန်းက သူတို့က သာမန်မဟုတ်ဘူး။ သူတို့က သားတော်တို့လို လူသားစစ်စစ်တွေမဟုတ်ဘူး။ သူတို့က ဝူမျိုးနွယ် (ပန်ဂုရဲ့သွေးကနေ မွေးဖွားလာတဲ့မျိုးနွယ်) နဲ့ လူသားမျိုးနွယ်နဲ့ ပေါင်းစပ်ရာကနေ မွေးဖွားလာတဲ့ လူသားဝူမျိုးနွယ်စုတွေပဲ။ ရှေ့ခေတ်တုန်းက နတ်ဘုရားတွေတောင် သူတို့ကို ကြောက်ခဲ့ရတယ်။ "

" အဲ့ဒီကျိုးလီမျိုးနွယ်စုက တကယ်ပဲ အဲ့ဒီလောက်တောင် စွမ်းအားကြီးတာလား။ " ရင်ကျန့်က ၎င်းကို မမျှော်လင့်ထားပေ။

" ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒါတွေက အတိတ်မှာ ကျန်နေခဲ့ပါပြီ။ ဒီနေ့ခေတ် ကျိုးလီမျိုးနွယ်စုက လူသားဝူမျိုးနွယ်မဟုတ်တော့ဘူး။ သူတို့က အရင်လို မောက်မာပြီး ရိုင်းစိုင်းနေတာမဟုတ်ဘူး။ ချင်အင်ပါယာက သူတို့ကို စိတ်ရင်းနဲ့ ဆက်ဆံရင် သူတို့ကလည်း စိတ်ရင်းနဲ့ အညံ့ခံပါလိမ့်မယ်။ ကျိုးလီမျိုးနွယ်စုက သစ္စာခံရင်တော့ ချင်အင်ပါယာက အနာဂတ်မှာ နောက်ထပ် စွမ်းအားတစ်ခု ထပ်ရတာပေါ့။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ ဘာကြောက်စရာရှိလို့လဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ဝူမျိုးနွယ်၊ ဝူခန္ဓာ။ ကျိုးလီမျိုးနွယ်စုက သိုင်းတာအိုကို ကျင့်ကြံလျှင် သူတို့၏ စွမ်းရည်များ နိုးထလာပေလိမ့်မည်။ ချင်အင်ပါယာက ဘယ်အရာကိုမဆို အနိုင်ယူနိုင်မည့် အင်အားတစ်ခု ပိုင်ဆိုင်လာပေလိမ့်မည်။

" မင်းစိတ်ထဲမှာ အစီအစဉ်ရှိရင် ပြီးတာပဲ။ ငါတို့ လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တောင် ဒီလောက်အလေးထားတယ်ဆိုတော့ မင်းလည်း နည်းနည်းတော့ သတိထားဖို့ လိုလိမ့်မယ်။ " ရင်ကျန့်က သတိပေးလိုက်သည်။

" သားတော်က လူတွေရဲ့ စိတ်နှလုံးကို မြင်နိုင်ပါတယ်။ ပြီးတော့ သားတော်က သိုင်းတာအိုကို ဖန်တီးခဲ့တာပါ။ သိုင်းတာအိုလမ်းစဉ်မှာ ဘယ်သူမှ သားတော်ကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ကျောက်ဖုန်းက ယုံကြည်မှုရှိနေသည်ကို မြင်သောအခါ ရင်ကျန့်က ထိုအကြောင်းဆက်မပြောတော့ပေ။

All Chapters