← Chapters

အပိုင်း (၁၀၆၄)

Vol. 022 Ch. 1064

အပိုင်း (၁၀၆၄)

Vol. 022 Ch. 1064

အင်ပါယာချင်းလင် ရှိနေသောသ ကောင်းကင်ဘုံစိတ်ဝိညာဉ် ကောင်းကင်နယ်မြေထဲရှိ ငါးခုမြောက်လှိုဏ်ဂူက မည်သည့်အရာဖြစ်သည်ကို ဘယ်သူမှ မသိထားကြပေ။၎င်း၏အရွယ်အစားကိုပင် မသိထားကြပါ။

အတိတ်တုန်းက သည်နေရာကို ချင်းလင်သာ ဝင်ရောက်နိုင်၏။မည်သူမျှ ဝင်ရောက်ခွင့် မပြုခဲ့ပေ။ ကျူးကျော်သူမှန်သမျှ အသက်ခံခဲ့ရသည်။

ချင်းလင်၏ သမီးဖြစ်သူ ချင်းရှောင်ပင် သည်နေရာထဲသို့ ခြေတစ်လှမ်းမှ မချခဲ့ဖူးပေ။ ငါးခုမြောက်လှိုဏ်ဂူသည် ချင်းလင်၏ အကြွင်းမဲ့လျှို့ဝှက်ချက် ဖြစ်၏။

ခုချိန်၌ ခရမ်းရောင်အလင်းသည် လွင့်ပါးနေရင်း လူတိုင်းသည်လည်း သဲလွန်စမရှိ ပျောက်ကွယ်သွားနေကြ၏။

ဝမ်လင်းသည် ထိုခရမ်းရောင်အလင်းကြောင့် သူ့ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ဖြစ်နေသကဲ့သို့ ခံစားရ၏။သို့သော် ထူးဆန်းသည်က သူသည် နာကျင်မှု မခံစားရခြင်းပင်။

ထို့နောက် ဖျပ်ခနဲ့ပင် ဝမ်လင်းသည် မရင်းနှီးသောနေရာတွင် ပေါ်လာခဲ့၏။

ဤနေရာကား သဲနက်များဖြင့် ဖုံးနေ၏။မိုးကုပ်စက်ဝန်းအနားသပ်ကို တွေ့မြင်ဖို့ပင် မဖြစ်နိုင်ချေ။ လေပြင်းသည် သဲမုန်တိုင်းအသွင် တိုက်ခတ်နေ၏။

ကောင်းကင်တစ်ခုလုံး မှိတ်ဖျော့နေ၏။

ဝမ်လင်းသည် သဲနက်မျက်နှာပြင်ပေါ်၌ ရပ်နေရင်း ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။သူ့အသွင်က သုန်မှုန်နေသည်။

သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ထားပြီး ဖြစ်၏။သို့သော် သူသည် သည်နေရာ၏ အနားစကို ရှာမတွေ့နိုင်ပေ။ သူ့နတ်ဘုရားအာရုံ ဖြန့်ကျက်နိုင်မှု အဝန်းအဝိုင်းထဲတွင် သူတစ်ယောက်သာ ရှိနေ၏။

သည်နေရာသို့ ဝင်ရောက်လာကြသူများမှာ တကွဲတပြား ဖြစ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက်တွေ့ဖို့ အတော်ခက်ခဲနေတာ ဖြစ်နိုင်၏။

စဉ်းစားနေရင်း ဝမ်လင်းက လေထဲသို့ ပျံတက်လိုက်၏။ သို့ရာတွင် ပေတစ်ရာလောက် ရောက်သည့်အခါ သူ့အသွင်က ပြောင်းလဲသွား၏။ သူသည် သူ့အထက်မှ အန္တရာယ်အာရုံတစ်ခု သက်ဆင်းလာသည်ကို ခံစားမိ၏။ ချက်ခြင်း သူက အောက်သို့ ပြန်ဆင်းသက်ကာ သူ့ညာမျက်လုံးထဲမှ အပြာရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်စေ၏။ ထိုအလင်းတန်းသည် အဇူရာအလင်းဒိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

အဇူရာအလင်းဒိုင်းပေါ်လာသည့်အခိုက်မှာပင် ကောင်းကင်ထက်မှ မီးခိုးရောင်အခိုးငွေ့တို့ ဆင်းသက်လာကြ၏။၎င်းတို့က မြန်ဆန်လှကာ အဇူရာအလင်းဒိုင်းနှင့် ချက်ခြင်း ထိမိသွားကြ၏။

ကျယ်လောင်စွာ ပေါက်ကွဲသွား၏။ ထို့နောက် ဝမ်လင်းသည် ပေတစ်ရာကျော်ထိ နောက်ဆုတ်လိုက်၏။ သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ထို့နောက် သူသည် လက်သီးချက်တစ်ချက်ကို ချက်ခြင်း ပစ်သွင်းလိုက်သည်။

သူ့နောက်၌ ရှေးဟောင်းနတ်ဘုရားအရိပ် ပေါ်လာ၏။ သူ့လက်သီးချက်တွင် ရှေးဟောင်းနတ်ဘုရား၏စွမ်းအား ပါဝင်နေသည်။ ထိုလက်သီးချက်သည် မီးခိုးရောင်အခိုးငွေ့တို့နှင့် ထိပ်တိုက်တွေ့ရာ မီးခိုးရောင်အခိုးငွေ့တို့ကို ပျက်စီးသွားစေသည်။

သို့ရာတွင် ထိုမီးခိုးရောင်အခိုးငွေ့ ပျက်စီးသွားခြင်းက သူ့ကို စိတ်သက်သာရာ မရစေသည့်အပြင် မျက်မှောင်ပင် ကြုတ်သွားစေ၏။သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။

မီးခိုးရောင်အခိုးငွေ့မှာ ပျက်စီးသွားသော်လည်း ပျောက်ကွယ်သွားခြင်း မရှိဘဲ ပိုမိုစွမ်းအားကောင်းသည် မီခိုးရောင်အခိုးငွေ့အမျှင်တန်းဆယ်ခု အဖြစ်သို့ ပြောင်းလဲသွားလေ၏။၎င်းအမျှင်တန်းတို့က ဝမ်လင်းထံသို့ အရပ်ဆယ်မျက်နှာကနေ တိုးဝင်လာကြသည်။

ဝမ်လင်းသည် နောက်သို့ ဆုတ်နေ၏။ မီးခိုးရောင်အခိုးငွေ့တို့ကလည်း ပိုမြန်ဆန်စွာ သူ့နောက်သို့ လိုက်လာသည်။ ၎င်းအခိုးငွေ့ကို ဒိုင်းဖြင့် ပိတ်ဆို့ထားသော်လည်း ဖိသိပ်မှုအားက ဝမ်လင်း၏ခန္ဓာကိုယ်ကိုပါ တုန်ယင်နေစေ၏။

သူက ပေတစ်သောင်းကျော်ထိ ဆုတ်၏။ မီးခိုးရောင်အခိုးငွေ့တို့ နောက်တစ်ဖန် တိုက်ခိုက်လာသည်ကို တွေ့သည့်အခါ ဝမ်လင်းသည် သူ့မူလစွမ်းအင်ကို ၎င်းထံသို့ ထွေးထုတ်၏။

၎င်းတို့ချင်း ထိပ်တိုက်တွေ့သွားချိန်၌ ဝမ်လင်းသည် နောက်ထပ် လက်သီးချက်တစ်လုံး ပစ်သွင်းသည်။ တုန်ဟီးသံများ ဖြစ်ပေါ်ရင်း နောက်ထပ် ဖြစ်ပွားလာသည့်အရာက ဝမ်လင်းကို ပင့်သက်ရှိုက်စေမိ၏။

မီးခိုးရောင်အခိုးငွေ့အမျှင်တန်းဆယ်ခုကျော်သည် ပျက်စီးသွား၏။သို့သော် ၎င်းတို့သည် အမျှင်တန်းရာချီအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်းထံသို့ ဆက်၍ ဦးတည်လာနေသည်သာ ဖြစ်သည်။

“ဒါက ဘယ်လိုငရဲလဲ…” ဝမ်လင်းသည် ဦးရေပြားပင် ထုံထိုင်းနေမိသည်။သူသည် သူ့ပထမလက်သီးချက်ထံမှ တန်ပြန်သည့်အားကို အများကြီး မခံစားရမိပေ။သို့သော် ဒုတိယလက်သီးချက် ပစ်သွင်းသည့်အခါ တန်ပြန်အားကို ကောင်းကောင်းခံစားမိ၏။

ထိုတန်ပြန်အားမှ နာကျင်မှု ပျောက်ကွယ်သွားသော်လည်း ဝမ်လင်းသည် တတိယမြောက်လက်သီးချက်ကို မထိုးချဝံ့တော့ပေ။

သူသည် နောက်သို့ အမြန်ဆုတ်နေရင်း အဇူရာအလင်းသည် သူ့အား ဝန်းရံပေးထားလျက် မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများ၏ တိုက်ခိုက်မှုများကို ခုခံပေးနေသည်။

ဤနေရာတွင် တည်နေရာရွှေ့ပြောင်းခြင်းကိုလည်း အသုံးမပြုနိုင်ပေ။ဝမ်လင်းသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုဖို့ ကြိုးစားကြည့်သေး၏။ သူက ၎င်းကို အသုံးပြုနိုင်သော်လည်း မည်သို့ပင် ထုတ်ဖော်ထုတ်ဖော် တစ်လက်မမျှသာ ရွှေ့လျားနိုင်နေ၏။

“ဝင်ရောက်လာရုံ ရှိသေး ငါက ဒီလို ထူးဆန်းတဲ့အရာနဲ့ လာကြုံနေရပြီ…” ဝမ်လင်းသည် မချင့်ပြုံးပြုံးမိ၏။ ထိုမီးခိုးရောင်အခိုးငွေ့များ သူ့နောက်သို့ လိုက်လံနေသည်ကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာ၏။

သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ထို့နောက် ဝမ်လင်းသည် နောက်ပြန်လှည့်၍ အော်ပြောလိုက်၏။ “လေဆင့်ခေါ်ခြင်း…”

သူ့ရုပ်ပိုင်းဆိုရာအားဖြင့် ထိုအခိုးငွေ့များကို မဖျက်စီးနိုင်သည့်အခါ ဝမ်လင်းသည် ကောင်းကင်ဘုံမန္တာန်ကို ရွေးချယ် တိုက်ခိုက်လိုက်ခြင်းပင်။

သူ ထိုသို့ပြောလိုက်သည့်နောက် သိပ်သည်းသော အနက်ရောင်လေပြင်းသည် ဤမှိန်ဖျော့ဖျော့လောက၌ ပေါ်လာ၏။ထို့နောက် နဂါးနက်လေးကောင် ထွက်ပေါ်လာသည်။

သို့ရာတွင် ၎င်းနဂါးနက်လေးကောင် ပေါ်လာသည်နှင့် ကောင်းကင်သည် ဒေါသတကြီး ဖြစ်လာသည့်အလား ပြောင်းလဲလာ၏။

အကွာအဝေးတစ်ခုကနေ မရေမတွက်နိုင်သော မီးခိုးရောင်အခိုးငွေ့များ ကောင်းကင်ထက်၌ ဖြစ်ပေါ်လာ၏။ ထိုမီးခိုးရောင်အခိုးငွေ့မျးက အတူချိတ်ဆက်ကာ လေဝဲကတော့ တစ်ခု ဖြစ်စေ၍ သည်ဧရိယာကို ဖြန့်ကျက် ရိုက်ခတ်လာသည်။ဝမ်လင်းသည် လေဆင့်ခေါ်ခြင်းမန္တာန်မှ နဂါးနက်လေးကောင် ရိုက်ခတ်ခံလိုက်ရသည့်အခါ မင်သက်မိသွား၏။

သူ့ဦးရေပြားသည် တင်းကျပ်နေ၏။ သူသည် နောက်တစ်ကြိမ် ထွက်ပြေးပြန်၏။ မီးခိုးရောင်လေဝဲကတော့သည် သူ့နောက်၌ ကြီးမားသထက် ကြီးမားလာ၏။၎င်းက ပေတစ်သောင်းလောက်ထိ ကျယ်ပြောလာပြီး ဝမ်လင်းနောက်သို့ လိုက်လာတော့သည်။

ဝမ်လင်းသည် ထွက်ပြေးနေရင်း သူ့နောက်မှ စုပ်အားကို ခံစားမိ၏။သူ့ကို တုန်လှုပ်မိစေသည်က ၎င်းလေဝဲကတော့ ဖြတ်သန်းလာသည့်နေရာတိုင်း၌ အနက်ရောင်အခိုးငွေ့များ ပေါ်လာပြီး ဝဲကတော့က စုပ်ယူသွားနေခြင်းပင်။

ရလဒ်အနေဖြင့် လေဝဲကတော့သည် ပိုကြီးမားလာရင်း သူ့နောက်သို့ လိုက်လံနေသည်။

“ဒါက ဘာကြီးလဲ…” အံတင်းတင်းကြိတ်ထားရင်း ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုသည် ဝမ်လင်း ပတ်လည်၌ ပေါ်လာ၏။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ထိုမီးပြင်းဖိုထဲသို့ ဝင်ရောက်စေလိုက်ရာ သူ့ကို ပျောက်ကွယ်သွားစေ၏။ သူသည် ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။

သို့သော် လေဝဲကတော့အဖို့ ပေတစ်ထောင်အကွာအဝေးမျာ တစ်စက္ကန့်မျှသာ ကြာ၏။ သူသည် လွတ်မြောက်ဖို့အတွက် သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားများကို မီးပြင်ဖိုထဲသို့ ထည့်သွင်းလျှင်ပင် မလုံလောက်သေးပေ။

သူသာ အမှန်တကယ် လွတ်မြောက်လိုပါက သူသည် ၎င်းဝဲကတော့ကို ရပ်တန့်စေမှ ဖြစ်မည်။တစက္ကန့်အချိန်က ဝမ်လင်းအဖို့ မျှော်လင့်ချက်တစ်ခုကို ရစေ၏။

သူက ဆက်ခနဲ နောက်သို့ လှည့်လိုက်ပြီး သူ့သိုလှောင်အိတ်ကို ထလိုက်၏။ ထိုအခါ သူ့သိုလှောင်အိတ်ထဲမှ ဓားဆယ့်နှစ်လက်ကျော် ပျံသန်းထွက်လာသည်။

ထိုဓားများ ပျံသန်းထွက်ပေါ်လာသည့်အခိုက်၌ ၎င်းတို့သည် ဓားအစီအရင်တစ်ခုကို ပုံဖော်၍ တိုးဝင်လာနေသော လေဝဲကတော့ထံသို့ ဦးတည်သွားကြ၏။

ခုချိန်တွင် သူ့အဖို့ နှမြောနေဖို့ အချိန်မရှိပေ။ ထိုဓားများ ဝဲကတော့နားသို့ ရောက်သွားသည်နှင့် ဝမ်လင်းက အော်လိုက်၏။ “ဓားတွေ ပေါက်ကွဲစမ်း…”

ဓားများသည် အဖျက်အစီးအော်ရာကို ပေးစွမ်း၍ အစိတ်အပိုင်းများအဖြစ်သို့ ပေါက်ကွဲကာ လေဝဲကတော့ထဲသို့ တိုးဝင်သွား၏။

ထိုအဖြစ်က လေဝဲကတော့ကို ခဏတာ ရပ်တန့်သွားစေ၏။

သူသည် ဓားများဆုံးရှုံးမှုအတွက် နာကျင်နေရင်း ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုသည် ဖျပ်ခနဲ လင်းလက်သွား၏။ဝမ်လင်းသည် ပေါ်လိုက်၊ပျောက်လိုက်ဖြင့် ပေတစ်ထောင် ကျော်ထိ ရောက်ရှိသွားသည်။ သူ ပြန်ပေါ်လာသည်နှင့် မီးပြင်းဖိုက နောက်တစ်ကြိမ် လင်းလက်သွား၏။

သည်လိုနှင့် ဝမ်လင်းသည် ပေတစ်သောင်းနီးပါးသို့ ရောက်သွား၏။သို့သော် သူသည် စိတ်မအေးသေးပေ။ လေဝဲကတော့သည် ခဏတသာ တန့်သွားပြီး သူ့နောက်သို့ ဆက်လိုက်ပါလာ၏။

ဝမ်လင်းသည် အံတင်းတင်း ကြိတ်ထားရင်း သူ့လက်ကို ဆန့်ထုတ်၏။ သူ့ရှေ့၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ ပုံရိပ်ယောင်နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ပေါ်လာ၏။

သူသည် ထိုလှံကို လှမ်းဆုပ်ကိုင်၍ ၎င်းကို ပစ်ပေါက်လိုက်သည်။

၎င်းလှံက ဝဲကတော့နားသို့ ချက်ခြင်း ရောက်ရှိသွား၏။ အဖျက်အစီးအော်ရာတစ်ခု ပေါက်ကွဲထွက်သွားပြီး လေဝဲကတော့သည် ပြိုပျက်သွားရ၏။

ထိုအခွင့်အရေးကို အသုံးချကာ ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုကို နောက်တစ်ကြိမ် အသုံးပြုလိုက်၏။

သို့သော် သူ့နောက်ရှိ မြင်ကွင်းကြောင့် သူ့အသွင်သည် ချက်ခြင်း ဖြူရောသွား၏။

ပျက်စီးသွားသည့် လေဝဲကတော့သည် မီးခိုးရောင်အခိုးငွေ့များကဲ့သို့ ဖြစ်နေ၏။၎င်းလေဝဲကတော့က နောက်ထပ်အရွယ်တူ လေဝဲကတော့များအဖြစ်သို့ ဆင့်ပွားသွားပြီး ဝမ်လင်းနောက်သို့ လိုက်လာပြန်တော့သည်။

သူမည်မျှပင် ကြိုးစားနေပါစေ သူသည် ၎င်းလေဝဲကတော့ကို လုံးဝ ပျောက်ကွယ်သွားအောင် မလုပ်နိုင်တော့ချေ။ သူက ပို၍ တိုက်ခိုက်လေလေ လေဝဲကတော့များက ပိုပေါ်လာလေ ဖြစ်နေ၏။ သည်လိုအရာမျိုးကို ဝမ်လင်းသည် ခုမှ ပထမဆုံး တွေ့ကြုံဖူးခြင်း ဖြစ်၏။

“ငါ ဒီဝဲကတော့တွေကို ပြန့်ကျဲစေအောင် မလုပ်နိုင်ဘူး…။ဒီဝဲကတော့သာ နောက်တစ်ကြိမ် ထပ်ပြီး ပြိုပျက်ပြန့်ကျဲရင် ဝဲကတော့ ရာချီ ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် ငါ ဒီဝဲကတော့တွေကို ဘယ်လိုလုပ် ရှောင်နိုင်ပါ့တော့မလဲ…”

လေဝဲကတော့များက နီးကပ်သထက် နီးကပ်လာရင်း ပိုပိုအားကောင်းလာ၏။ ဝမ်လင်းသည် သူ မလွတ်မြောက်နိုင်တော့သည်ကို သိ၏။

“ငါ ဒီလေဝဲကတော့တွေကို မရှောင်နိုင်မှတော့ ခုခံဖို့ပဲ ရှိတော့တယ်…” ဝမ်လင်းသည် ထွက်ပြေးနေရာကနေ ရပ်တန့်လိုက်၏။ သူ ရပ်တန့်လိုက်သည့်အခိုက်၌ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားမှာ သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်လာပြီး သူ့ခန္ဓာကိုယ်သည် ကြီးမားလာတော့၏။

ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အစစ်အမှန်ခန္ဓာကိုယ်သည် နောက်တစ်ဖန် ပေါ်လာချေပြီ။

လေဝဲကတော့ နီးကပ်လာနေရင်း ရှေးဟောင်းနတ်ဘုရားကြယ်ငါးလုံးသည် မြန်ဆန်စွာ လှည့်လည်နေ၏။ ဝမ်လင်းသည် မာန်သွင်း၍ အော်ဟစ်လိုက်၏။

သူသည် ဆက်၍ ထွက်မပြေးတော့ပေ။ သူက ရှေ့သို့ တိုးလာရင်း ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုသည် ဖျပ်ခနဲ လင်းလက်ကာ ပျောက်ကွယ်သွား၏။ သည့်နောက် သူသည် လေဝဲကတော့တစ်ခု ရှေ့တွင် ပြန်ပေါ်လာ၏။

ငါးခုမြောက်လှိုဏ်ဂူ၏ အတွင်းပိုင်းတွင် သစ်သားတံတားတစ်ခု ရှိ၏။ ထိုသစ်သားတံတားအောက်ရှိ ရေများသည် အနက်ရောင် ရှိသည်။

၎င်းသစ်သားတံတားပေါ်၌ လူတစ်ယောက် ထိုင်နေ၏။

သူ့ပုံပန်းအသွင်ကို တွေ့ရဖို့မှာ မဖြစ်နိုင်ပေ။ သို့သော် လူတစ်ယောက်သည် ထိုပုံရိပ်မှာ ချပ်ဝတ်ဝတ်ဆင်ထားကြောင်းကိုတော့ ပြောနိုင်၏။ သူသည် သိပ်သည်းသော မိစ္ဆာစွမ်းအင်တို့နှင့် ပြည့်နေသည့် မြူနက်များဖြင့် ဖုံးလွှမ်းနေ၏။

သူ့ခန္ဓာကိုယ်က မလှုပ်မယှက်ရှိနေသည်။ သူ့ရှေ့၌ ပုလင်းငယ်တစ်ခု မြောလွင့်နေ၏။ ထိုပုလင်းငယ်က ချိပ်ပိတ်ထားရာ အထဲ၌ မည်သည့်အရာရှိသည်ကို တွေ့မြင်ရဖို့ မဖြစ်နိုင်ပေ။

ထိုမြူနက်များထဲရှိ လူက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးတို့မှာ နီရဲနေ၏။ သူက လျှာသပ်လိုက်၏။ ထို့နောက် အရိုးကြားကနေ ထွက်လာသည်ဟု ထင်ရသည့် ခပ်ရှရှအသံကြီးနှင့် ဆိုလာ၏။ “ဘယ်သူက အရင်ဆုံး ထွက်ပေါ်လာမလဲ။ ငါ လတ်ဆတ်တဲ့လူသား အရသာကို မမြည်းစမ်းရတာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ…”

***

All Chapters