လျှောက်လှမ်းခြင်း (၁)
Vol. 022 Ch. 1065
ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် ပေထောင်ချီ မြင့်မားလာချေပြီ။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုက ဖျပ်ခနဲ ဖြစ်သွားပြီး သူသည် လေဝဲကတော့ တစ်ခု ရှေ့၌ ပေါ်လာ၏။
သည်လေဝဲကတော့မှာ အားဖြင့် အတင်းဖျက်စီး၍ မရမှန်း ဝမ်လင်း သင်ခန်းစာ ရထားပြီး ဖြစ်၏။
သူသည် အဇူရာအလင်းဒိုင်းကို ဆင့်ခေါ်ရမည့်အစား သူ့ခန္ဓာကိုယ်သပ်သပ်ဖြင့် ထိုလေဝဲကတော့ကို တောင့်ခံလိုက်ချေ၏။
“ဒီလေဝဲကတော့က ငါ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ ယှဉ်နိုင်မလား ငါ မြင်ချင်သေးတယ်…”
လေဝဲကတော့သည် တုန်လှုပ်ဖွယ်အမြန်နှုန်းဖြင့် ဝမ်လင်းအပေါ်သို့ ရိုက်ခတ်လာ၏။ထိုထိတွေ့မှုက ဝမ်လင်းကို သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သောလှိုင်းတစ်ခု လာစောင့်ရိုက်သလို ခံစားစေသည်။
၎င်းလေဝဲကတော့က သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြစ်စေဖို့ တာဆူ၏။ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာရန် ကြိုးစားသည်။ဝမ်လင်းထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး သူသည် နောက်ဘက်သို့ ခြေသုံးလှမ်းခန့် လွင့်စင်သွားသည်။
နောက်ဆုတ်နေရင်း မီးပြင်းဖိုက ဖျပ်ခနဲ လင်းလက်သွား၏။ဝမ်လင်းသည် ပေတစ်ထောင်အကွာတွင် ပေါ်လာပြီး လေဝဲကတော့လေးခု၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
ဝမ်လင်း၏အသွင်က အလေးအနက် ဖြစ်လာ၏။ သူ့ခန္ဓာကိုဖြင် စမ်းသပ်ကြည့်သည့်အခါ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်မှာ သည်လေဝဲကတော့ ဘယ်လောက်များများကို တောင့်ခံနိုင်သည်ကို တွက်ချက်သွားနိုင်၏။
“သာမန်ကျင့်ကြံသူတစ်ယောက်ဆိုရင် စုတ်ပြဲနေလောက်ပြီ။ သူတို့ရဲ့ မူလစိတ်ဝိညာဉ်တောင် လွတ်မှာ မဟုတ်ဘူး။ ငါ့ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်နဲ့တောင် နာကျင်မှုကို ခံစားနေရတယ်။ ဒီလေဝဲကတော့က ဘယ်လိုငရဲမျိုးလဲဟ…”
လေဝဲကတော့တစ်ခု သူ့ထံသို့ တိုးဝင်လာနေရင်း ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုတို့ ပြည့်နေတော့သည်။
ဝမ်လင်းပတ်လည်တွင် အပြာရောင်အလင်း တောက်ပလာကာ အဇူရာအလင်းဒိုင်း ထွက်ပေါ်လာ၏။၎င်းဒိုင်းက သူ့အား ဝန်းရံလှည့်ပတ်နေသည်။
“ငါ ဒီအဇူရာအလင်းဒိုင်းနဲ့ ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုရင် ဒီလေဝဲကတော့တွေထဲကို ခုခံနိုင်စွမ်း ရှိသင့်တယ်…”
ဝမ်လင်းသည် လေဝဲကတော့ ရှိရာသို့ တန်းတန်းမတ်မတ် ဝင်သွား၏။
လေဝဲကတော့သုံးခုသည် အဇူရာအလင်းဒိုင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။ဒိုင်းသည် တလက်လက် ဖြစ်သွား၏။
အံမခန်းဖိအားက ဝမ်လင်းကို နောက်ဆုတ်စေပြန်သည်။ နောက်ထပ်လေဝဲကတော့များသည် တရကြမ်း ရောက်ရှိလာကာ အဇူရာအလင်းဒိုင်းပေါ်သို့ ကျရောက်ပြန်သည်။ဝမ်လင်းသည်လည်း နောက်ဆက်ဆုတ်ရ၏။
အဇူရာအလင်းဒိုင်း လှည့်ပတ်နေရင်း ဝမ်လင်းသည် နောက်သို့ ထပ်မံဆုတ်နေရသည်။ လေဝဲကတော့က သူ့ထံသို့ အဆက်မပြတ် ရိုက်ခတ်နေနရင်း သူလည်း နောက်သို့ ထပ်ခါထပ်ခါ ဆုတ်နေရချေသည်။
လေဝဲကတော့ကိုးခုလုံး လွင့်ပြယ်လာချိန်၌ ဝမ်လင်းသည် မည်မျှနောက်ဆုတ်လိုက်ရသည်ကိုပင် မသိတော့ပေ။ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း သူသည် ကြယ်ငါးလုံးအဆင့်သာ ရှိသေး၏။ အဇူရာအလင်းက သည်ဝဲကတော့များကို ပိတ်ဆို့ပေးထားလျှင်ပင် နာကျင်မှုကြောင့် ဝမ်လင်းမှာ ချွေးပြန်ရလေ၏။
ထိုသေရေးရှင်ရှင်းက မပြီးဆုံးသေးပေ။ နောက်ထပ် လေဝဲကတော့ ဆယ့်ငါးခုသည် သူ့ထံသို့ တိုးဝင်လာနေသေး၏။ လေဝဲကတော့ဆယ့်ငါးခုသည် တစ်ပြိုင်နက်တည်းလိုလို ဝမ်လင်းထံသို့ တိုးဝင်လာနေ၏။
သူက ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုကို အသုံးပြု၍ ရှောင်နေလျှင်ပင် ထိုလေဝဲကတော့များနှင့် ကွာခြားအောင် မလုပ်နိုင် ဖြစ်နေ၏။အကြောင်းမှာ လေဝဲကတော့များ၏ အမြန်နှုန်းကြောင့် ဖြစ်၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
မြေပြင်သည် တစစီအက်ကွဲ၏။လေဝဲကတော့ ဆယ့်ငါးခုသည် အဇူရာအလင်းဒိုင်းပေါ်သို့ ထိမှန်နေရင်း လွင့်ပြယ်နေကာ အံ့မခန်းအားအဖြစ်သို့ ပြောင်းလဲသွားချေသည်။အဇူရာအလင်းဒိုင်းပင် ဝမ်လင်းခန္ဓာကိုယ်နှင့် လာထိပ်ကပ် ရိုက်သည့်အထိ ဖြစ်သွားရ၏။
ဝမ်လင်းသည် သူ့ရင်ဝကနေ သွေးများ စောင့်တက်လာ၏။ သို့သော် သူက ပြန်မြိုချ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် နောက်သို့ ကြိုးပျက်စွန်ကဲ့သို့ လွင့်စင်ထွက်သွားသည်။
ဝမ်လင်းသည် ပေထောင်သောင်းချီထိ လွင့်စင်ကာ မြေကြီးပေါ်သို့ စောင့်ကျရာ တုန်ခါလှိုင်းကိုပါ ဖြစ်သွားစေ၏။
မြေပြင်ထက်၌ ချိုင့်ခွက်တွင်းကြီးတစ်ခု ဖြစ်သွား၏။ ဝမ်လင်းသည် သာမန်လူအရွယ်အစားသို့ ပြန်ကျုံ့သွားခဲ့လေပြီ။ သူသည် ကုန်းရုန်းထ၍ မချင့်ပြုံးပြုံးကာ ထိုတွင်းကြီးထဲကနေ လှမ်းထွက်လာ၏။
မြေပြင်ထက်ရှိ ချောမွတ်၊သော အနက်ရောင်သဲကန္တာရကို ကြည့်နေရင်း ဝမ်လင်းသည် ခုမှ သက်ပြင်းချနိုင်တော့၏။သူ့မျက်လုံးထဲ၌ အကြောက်တရားပင် တွယ်ငြှိနေဆဲ ရှိနေသည်။
“ငါ ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာပြီးတဲ့နောက် ခုလိုမျိုး ဒဏ်ရရတာ ဒါ ပထမဆုံးပဲ။ ငါက ဒီဝဲကတော့တွေက ဘယ်အရာမှန်းလည်း မသိဘူး။ ဒါပေမဲ့ ၎င်းတို့ရဲ့ စွမ်းအားက အံ့အားသင့်ဖွယ်ပဲ။ ဒီလေဝဲကတော့တွေသာ နောက်ထပ် ထပ်ပွားလာရင် ငါ ဒီနေ့လို တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး…”
ဝမ်လင်း၏အသွင်သည် သုန်မှုန်နေ၏။ သူ့မူလခန္ဓာကိုယ်နှင့်ကိုယ်ပွားကို ပေါင်းစပ်ပြီးသည့်နောက် သူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများနှင့် ယှဉ်တိုက်လာနိုင်၏။
အစတုန်းက သူသည် နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့်နှင့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မွန်းစတားအိုကြီးများကလွဲ၍ လူတိုင်ကို အေးဆေးဆန့်ကျင်တိုက်ခိုက်နိုင်သည်ဟု ယုံကြည်ခဲ့၏။ ထိုသို့ ယူဆခဲ့ခြင်းမှာလညး သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် အစွမ်းထက်လှသောကြောင့် ဖြစ်သည်။
သို့ရာတွင် ခုချိန်၌ ဝမ်လင်းသည် အန္တရာယ်ကို ခံစားမိနေပေပြီ။ သူက သဲနက်ကန္တာရကို ကြည့်နေချိန်၌ အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားကုန်းမြေသို့ ပြန်ရောက်ရှိသွားသကဲ့သို့ ထင်မှတ်မိနေ။ သူသည် အမှားတစ်ခု ပြုလုပ်မိသည်နှင့ သူ့အသက်ဆုံးရှုံးနိုင်သည်ဟု တွေးကာ အလွန်သတိထားလာခဲ့ချေပြီ။
“သိပ်မကြာခင်တုန်းက ငါ့ကျင့်ကြံမှုအဆင့်တိုးတက်လာမှုနဲ့ ငါ့မူလခန္ဓာကိုယ်ရဲ့ အစွမ်းတို့ကြောင့် ငါဟာ အရင်ထက် သတိပေါ့နေခဲ့တယ်…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူသည် လက်သီးခပ်တင်းတင်းဆုပ်ကာ သူ့မျက်လုံးထဲ၌လည်း သတိတရားတို့ ပြည့်နှက်နေတော့သည်။
သည်လို သတိအပြည့်ဖြင့် အကြည့်က သူ့မျက်လုံးထဲ၌ မပေါ်ပေါက်လာသည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်၏။ ခု သူ ရင်ဆိုင်ခဲ့ရသည့် သေရေးရှင်ရေး အခြေအနေက သူ့ကို အရင်ကလိုမျိုး ပြန်သတိထားမှုကို ဖြစ်စေတော့သည်။
“ဒီနေရာက ကောင်းကင်ဘုံအင်ပါယာချင်းလင်ရဲ့ လှိုဏ်ဂူပဲ။ အန္တရာယ်တွေ ပြည့်နေတာ။ ဒါ့ကြောင့် ငါပေါ့ဆလို့ မရတော့ဘူး။ လုံးဝ သတိထားမှ ဖြစ်တော့မယ်…”
ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်၏။သူသည် သူ့နတ်ဘုရားအာရုံကို အဝေးသို့ ဖြန့်ကျက်ခြင်း မပြုတော့ဘဲ သူ့ပတ်လည်တွင်သာ အာရုံစိုက်ထားစေတော့၏။
သူသည် ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လျှောက်နေ၏။
သူ့စိတ်အာရုံစူးစိုက်မှုကြောင့် ဝမ်လင်းသည် ထိုမီးခိုးရောင်အခိုးငွေ့များ ပေါ်လာရခြင်းမှာ သူ့နတ်ဘုရားအာရုံကြောင့် ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများသည်ကို သဘောပေါက်မိ၏။
ထိုမီးခိုးရောင်အခိုးငွေ့များ၏ စွမ်းအားက အစပိုင်း၌ အားကောင်းသော်လည်း သူ့တောင့်ခံနိုင်သေး၏။ သို့ရာတွင် သူသာ သူ့နတ်ဘုရားအာရုံကို နောက်တစ်ကြိမ် ထပ်ဖြန့်ကျက်ပါက နေက်ပေါ်ထွက်လာမည့်အရာသည် မီးခိုးရောင်အခိုးငွေ့မဟုတ်တော့ဘဲ တစ်ခုခု ဖြစ်နိုင်သည်ဟု ခံစားမိနေ၏။
ထိုသို့ ခံစားချက်မှာ နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခြင်းကနေ ဖြစ်ပေါ်လာခြင်းပင်။
စဉ်းစားနေပြီးနောက် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူသည် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ထဲ၌ စိတ်ဝိညာဉ်အလံ ပေါ်လာ၏။ထိုအလံကို တစ်ချက်လှုပ်ခါလိုက်သည်။ ဝမ်လင်းသည် သူ့ဘယ်လက်ဖြင့် ၎င်းအလံထဲသို့ လက်နှိုက်၍ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုစိတ်ဝိညာဉ်က ဝမ်လင်းရှေ့၌ လေးစားစွာ လွင့်နေ၏။ ဝမ်လင်းသည် စိတ်ဝိညာဉ်အလံကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ထိုစိတ်ဝိညာဉ်အပိုင်းအစ၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူ့နတ်ဘုရားအာရုံ အနည်းငယ်ကို ၎င်းထဲသို့ ချန်ထားပေးလိုက်ခြင်းပင်။
ထိုသို့ ပြုလုပ်ပြီးနောက် သူက ရှေ့သို့ ဆက်သွား၏။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် သူသည် ထိုစိတ်ဝိညာဉ်အပိုင်းအစနှင့် အဝေးသို့ ရောက်သွားသည်။သူက အသက်ဝဝရှုသွင်းလိုက်၏။ သို့သော် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ခြင်း မပြုဘဲ သတင်းစကားတစ်ခုကိုသာ စေလွှတ်သည်။
စိတ်ဝိညာဉ်အပိုင်းအစပေါ်၌ ကျန်ရစ်ခဲ့သည့် နတ်ဘုရားအာရုံမှာ ပျံ့လွင့်လာသည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်း၏စိတ်ထဲတွင် အန္တရာယ်အာရုံ ရုတ်ချည်း ပေါ်လာ၏။ သူသည် စိတ်ဝိညာဉ်အပိုင်းအစပေါ်ရှိ သူ့နတ်ဘုရားအာရုံကို ချက်ခြင်း ဖျက်တောက်ပစ်သည်။
သူ့နတ်ဘုရားအာရုံကို ဖျက်တောက်လိုက်သည့်အခိုက်တွင် ဝမ်လင်းသည် စိတ်ဝိညာဉ်အပိုင်းအစပေါ်ရှိိ ကောင်းကင်ထက်ကို ခပ်ရေးရေး တွေ့မြင်နိုင်သေး၏။ ထိုကောင်းကင်ထက်မှ မီးခိုးရောင်အလင်းတန်းတစ်ခုမှာ စိတ်ဝိညာဉ်အပိုင်းအစပေါ်သို့ ကျဆင်းလာပြီး ၎င်းကို လုံးဝ ဖုံးကွယ်ပိတ်ဆို့တော့သည်။
ဝမ်လင်းနှဖူးထက် ချွေးစေးများ ပြန်လာ၏။ ကံကောင်းစွာဖြင့် သူသည် ကြိုပြင်ဆင်ထားခဲ့ကာ သူ့တည်နေရာကို မသိရှိစေရန် နတ်ဘုရားအာရုံကို ခပ်မြန်မြန် ဖျက်တောက်လိုက်နိုင်ခဲ့သည်။ သူက အကွာအဝေးတစ်ခုရှိ ကောင်းကင်ထက်ကို ကြည့်နေရင်း သူ့ဦးရေပြာပင် ထုံထိုင်းသွားမိ၏။ သူခံစားလိုက်ရသည်က စောနက လေဝဲကတော့များ ပေါင်းစပ်မှုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့်အရာ ဖြစ်နေသည် မဟုတ်လား။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းသည် သည်သဲနက်ကန္တာရ တစ်လျှောက် ရွှေ့လျားလာ၏။သည်နေရာတွင် နေ့ညဟူ၍ မရှိဘဲ ကောင်းကင်သည် အမြဲ မှိန်ဖျော့နေ၏။
ဝမ်လင်းသည် တစ်လအတွင်း အတော်လှမ်းသည့်အထိ လျှောက်လှမ်းလာခဲ့ပြီ ဖြစ်၏။ သည်အချိန်အတွင်း သူသည် လူတစ်ဦးတစ်လေကိုမျှ မတွေ့ရပေ။ သူသည် မည်သည့်သက်ရှိဖြစ်တည်ကိုမျှလည်း မတွေ့ရသေးချေ။
သည်နေရာ၌ အပင်များပင် မရှိပါ။ သူ့အပြင် အဆုံးမဲ သဲနက်ထုကြီးသာ ရှိနေ၏။သည်နေရာကို အချိန်အတန်ကြာ ကြည့်နေရင်းဖြင့်ပင် လူတစ်ယောက်၏ စိတ်သည် သုန်မှုန်လာနိုင်၏။
ဝမ်လင်းအသွင်သည်လည်း သာမန်ထက် ပို၍ သုန်မှုန်နေ၏။ ဤနေရာကား တားမြစ်နေရာတစ်ခုအလား။ မျှော်လင့်ချက်မဲ့မှုတို့သာ ကြီးစိုးလို့နေသည်။
ကျင့်ကြံသူများသည် သည်နေရာတွင် သေမျိုးထက် အချိန်အကြာကြီး ပိုနေနိုင်မည် ဖြစ်လျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ သူတို့သည်လည်း အလိုမကျ၊မှုန်မှိုင်းမှုကို ခံစားလာရမည်သာ။ သူတို့၏ မူလစိတ်ဝိညာဉ်သာမက သူတို့၏ စိတ်နေစိတ်ထားပင် ရန်လိုလာနိုင်ကာ သူတို့ကို မိစ္ဆာတစ်ကောင် ဖြစ်လာစေလုနီးပါး ဖြစ်စေနိုင်သည်။
နတ်ဆိုးကျင့်ကြံသူတစ်ယောက်သာ ဤနေရာတွင် ရှိပါက သူတို့အတွက် တော်ဝင်နေရာ ဖြစ်လာပြီး သူတို့၏ကျင့်ကြံမှုသည်လည်း တိုးတက်လာနိုင်၏။သို့ရာတွင် အဆုံးသပ်၌ သူတို့၏ မူလစိတ်ဝိညာဉ်မှာ မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲ၍ အသိစိတ်လွတ်နေသည့် လူသားမိစ္ဆာတစ်ကောင် ဖြစ်လာနိုင်ပေသည်။
လမ်းတစ်လျှောက်၌ ဝမ်လင်းသည် စဉ်းစားတွေးတောရင်း ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်နေ၏။ သည်တစ်လအတွင်း သူသည် ထူးဆန်းသောမီးခိုးရောင်အခိုးငွေ့တို့ကို ထပ်မတွေ့ရတော့ချေ။ သို့သော် အန္တရာယ်အာရုံကတော့ ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် ရှေ့သို့ ဆက်သွားလေလေ ပိုအားကောင်းလေလေ ဖြစ်နေ၏။
သည်အချိန်တစ်လ သွားလာနေစဉ်အတွင်း ဝမ်လင်းသည် နူးညံ့သောလေပြေအလား နတ်ဘုရားအာရုံတစ်ခုကို ရှင်းလင်းစွာ ခံစားမိ၏။ သို့သော် မည်မျှကြိုးစား ရှာဖွေပါစေ သူသည် ၎င်းနတ်ဘုရားအာရုံ၏ ဇစ်မြစ်ကို ရှာတွေ့နိုင်ခြင်း မရှိ ဖြစ်နေ၏။
သူက ပျံသန်းမှုကိုလည်း မလုပ်နိုင်ပေ။ သည်တစ်လအတွင်း သူသည် စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို လေထဲသို့ စေလွှတ်သေး၏။လေထဲသို့ ပေနှစ်ရာလောက် ပျံသန်းပြီးသည့်နောက် ထိုစိတ်ဝိညာဉ်အပိုင်းအစမှာ ပျက်စီးသွားခဲ့ရသည်။
သဲပြင်ထက်၌ ရပ်နေရင်း ဝမ်လင်းအသွင်က ပိုပို၍ သုန်မှုန်နေတော့၏။ သူ့မျက်နှာထက်၌ အနက်ရောင်အခိုးငွေ့များပင် ရွှေ့လျားနေချေပြီ။သို့သော် သူ့မျက်လုံးတို့ကမူ ကြည်လင်မှုအပြည့် ရှိနေသည်။
“စစ်ထူ ဘာလုပ်နေလဲ ငါ သိချင်မိတယ်။ စစ်ထူက နတ်ဆိုးလမ်းကြော်ငးကို လျှောက်လှမ်းတဲ့လူပဲ။ ဒါ့ကြောင့် သူသာ ဒီနေရာမှာ ရှိနေရင် သူ့အတွက် အကျိုးအမြတ်အချို့ ကျိန်းသေရနိုင်လိမ့်မယ်…”
ဝမ်လင်းသည် စဉ်းစားနေရင်း သူ့လက်ဖြင့် သူ့မျက်နှာကို သပ်လိုက်၏။ သူ့မျက်နှာထက်မှ အနက်ရောင်အခိုးငွေ့အမျှင်တန်းများသည် သူ့လက်ထဲသို့ ပါလာ၏။
လက်ထဲရှိ ထိုအနက်ရောင်အခိုးငွေ့များကို ကြည့်နေရင်း ဝမ်လင်းက ပြန့်ကျဲမိစ္ဆာထံမှ အော်ရာကို ခံစားမိ၏။
“မိစ္ဆာစွမ်းအင်” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ၎င်းအခိုးငွေ့ကို ညှစ်ချေလိုက်၏။
ချက်ခြင်းပင် ထိုအနက်ရောင်အခိုးငွေ့မှာ ပြိုပျက်၍ ပျံ့နှံ့သွား၏။ ၎င်းက ပေတစ်ထောင်အတွင်း ဖုံးလွမ်းပြီးမှ ဖြည်းဖြည်းချင်း လွင့်ပါးသွားသည်။ ဝမ်လင်းသည် ထိုမိစ္ဆာစွမ်းအင် လွင်ပါးနေသည်ကို ရပ်၍ ကြည့်နေရင်း အတွေးတစ်ခု ရလာ၏။
“ငါ ဒီလိုလုပ်ရင် ဖြစ်နိုင်မလား…” ဝမ်လင်းသည် အနည်းငယ် စဉ်းစားလိုက်၏။ထို့နောက် သူသည် ရှေ့သို့ ဆက်လျှောက်လာ၏။
သူက ဘယ်နေရာထိ သွားရမည်ကို မသိပေ။ သည်အဆုံးမဲ့ သဲနက်ကန္တာရထဲ၌ ဦးတည်ရာကို ပြောဖို့မှာ မဖြစ်နိုင်ပါ။ သူက ထွက်ပေါက်ကို ရှာဖို့ငှာ ရှေ့သို့ ဆက်လျှောက်ဖို့သာ ရှိ၏။
အချိန်သည် ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း နောက်တစ်လ ကုန်သွားခဲ့ပြန်ပြီ။ သည်နေရာတွင် နှစ်လတာ ပိတ်မိနေပြီးနောက် ဝမ်လင်းပတ်လည်၌ အနက်ရောင်အခိုးငွေ့များ ဝန်းရံနေချေ၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝမ်လင်းသည် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တူနေတော့၏။
သူက ဖြည်းဖြည်းချင်းသာ ရှေ့သို့ ဆက်လှမ်းနေသည်။
***