← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

အပိုင်း ၃၀၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ခဏအကြာ၌ အသစ်စက်စက် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် လင်းအောင်းတစ်ယောက် ထူလင်းတိနှင့် ကွေ့ချင်းရှောင်းတို့ ရှေ့သို့ ရောက်လာသည်။

ထူလင်းတိ လင်းအောင်းကို တစ်ချက်ကြည့်လိုက်၏။ ဤအမျိုးသား၏ ရုပ်ရည်သွင်ပြင်မှာ လူတစ်သောင်းတွင် တစ်ယောက်ရှိရန်ပင် ခဲယဉ်းလှကာ ဆိုလွန်ထက် အားနည်းခြင်း မရှိချေ။

ထို့ပြင် ဆိုလွန်က အပြင်ပန်းတွင် ကြည်ညိုဖွယ်ကောင်းသော်လည်း အတွင်းစိတ်၌ ယုတ်မာသူဖြစ်သည်။ ယခု သူမရှေ့မှ လူကမူ တကယ့်ကို သူရဲကောင်းဆန်ဆန် တည်ကြည်ခန့်ညားနေပေသည်။

နှိုင်းယှဉ်ရလျှင် ထူလင်းတိနှင့် လင်းအောင်းတို့ကြား၌လည်း ရေစက်အနည်းငယ် ရှိခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဖခင်ဖြစ်သူ ထူလင်းထော်က သူမကို ရုတ်တရက် မေးခဲ့ဖူး၏။ လင်းအောင်းက ဘယ်လိုလူစားမျိုးဟု ထင်သလဲဆိုသည်ကိုပင်။

ထိုစဉ်က တော်ဝင်အကယ်ဒမီတွင် လင်းအောင်းမှာ ပထမအဆင့်၌ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့သည်။ ဖခင်ဖြစ်သူက စကားစလိုက်သည်နှင့် ထူလင်းတိ အဓိပ္ပာယ်ကိုချက်ချင်း နားလည်လိုက်၏။

သူမခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်ကာ စကားတစ်ခွန်းသာဆိုခဲ့သည်။

“ကောင်းပါတယ်”

ထိုစကားတစ်ခွန်းသည် သူမ၏ တစ်သက်တာ အရေးကြီးသည့် ကိစ္စရပ်တစ်ခုကို အဆုံးအဖြတ်ပေးသွားနိုင်ကြောင်း သူမ သိနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ထူလင်းမိသားစုသည် သွေးသစ်များ လိုအပ်နေသောကြောင့်ပင်။ ထူလင်းတိ၏ ယခု မျိုးဆက်ထဲတွင် ထူလင်းချန်မှလွဲ၍ ကျန်သူများမှာ ထူးချွန်လှသည် မဟုတ်ချေ။

ထို့ကြောင့် ထူလင်းထော်က ထူးချွန်သည့် သမက်တစ်ဦးကို အိမ်ခေါ်ယူကာ ထူလင်းမိသားစု၏ သြဇာကို တည်ငြိမ်စွာ ချဲ့ထွင်နိုင်ရန် မျှော်လင့်နေခဲ့သည်။

ထို့နောက် ထူလင်းထော် ကွေ့ရှင်းဖူကို ရှာခဲ့ကာ ဤကိစ္စကို သွယ်ဝိုက် ပြောဆိုခဲ့၏။ အဘယ်ကြောင့်ဆိုသော် လင်းအောင်းမှာ ကွေ့ရှင်းဖူ၏ မွေးစားသားဖြစ်ပြီး ဆိုဟန်ရီနှင့် မြို့စားကြီးဆိုလုံတို့၏ ဆက်ဆံရေးမျိုးနှင့် အတော်လေး ဆင်တူနေသောကြောင့်ပင်။

ထို့ပြင် လင်းအောင်း၌ ပို၍ လျှို့ဝှက်သည့် ဘဝနောက်ခံတစ်ခု ရှိနေ၏။

နောက်ဆုံး၌ ကွေ့ရှင်းဖူက လင်းအောင်းကို သမက်အဖြစ် ထားရှိရန် စီစဉ်ထားကြောင်းနှင့် ထိုသို့မဟုတ်ပါက သူ့ကို မွေးစားသား အဆင့်အတန်း ပေးမည်မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် ထူလင်းထော်လည်း မိမိ၏ အစီအစဉ်ကို လက်လွှတ်လိုက်ရတော့၏။

တော်ဝင်အကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲ၌ ထူလင်းတိ လင်းအောင်း၏ ရလဒ်ကို ကြည့်ခဲ့ဖူးသည်။ သူ၏ သိုင်းပညာမှာ သူမထက်ပင် သာလွန်နေပြီး အတိတ်က ဆိုဟန်ရီထက်ပင် အောင်မြင်မှုများ ပိုရှိကာ နိုင်ငံရေးစာတမ်းများနှင့် စစ်ဗျူဟာများမှာလည်း အားလုံး ထူးချွန်နေခဲ့သည်။

သူက သူရဲကောင်း သိုင်းပညာကို အဓိက သင်ယူခဲ့သော်လည်း ယခု နိုင်ငံငါးခု ပြိုင်ပွဲ၌ ပထမဆုကို ရရှိခဲ့ခြင်းမှာ ဓားပညာကို အားကိုးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းအောင်းသည် တော်ဝင်အကယ်ဒမီ၌ နှစ်ပေါင်းများစွာအတွင်း အထူးချွန်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။

လင်းအောင်း ဝင်လာပြီးနောက် ထူလင်းတိကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

ထို့နောက် ကွေ့ချင်းရှောင်ဘက်လှည့်ကာ တဲ့တိုး ပြောလိုက်၏။

“ရှောင်ချင်း... ကိုယ်နဲ့ ခဏလိုက်ခဲ့ပါလား”

ထိုသို့ပြောပြီးသည်နှင့် သူ ချက်ချင်း အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

…

လင်းအောင်းတစ်ယောက် ကွေ့ချင်းရှောင်းကို ခေါ်ဆောင်ကာ ယွီဟွာစံအိမ်၏ အမြင့်ဆုံး မျှော်စင်ထက်သို့ ရောက်လာသည်။ ထိုနေရာမှာ တော်ဝင်မြို့တော်၏ အမြင့်ဆုံးနေရာများထဲမှတစ်ခုဟု သတ်မှတ်နိုင်ပေသည်။

“မင်း ထူလင်းမိသားစုဆီမှာ လာနေတာကို ကိုယ် သဘောမကျဘူး”

လင်းအောင်း ရုတ်တရက်ဆိုလိုက်သည်။

“ဘာလို့လဲ... ဘယ်နေရာပဲရောက်ရောက် ငါက သခင်မလေးပဲလေ... ထူလင်းမိသားစုမှာလည်း ငါ့အဆင့်အတန်းက ထူလင်းတိအောက် မနိမ့်ပါဘူး”

ကွေ့ချင်းရှောင်း စိတ်ရှုပ်သွားကာ နားမလည်ဘဲမေးလိုက်၏။

လင်းအောင်းက ရှင်းမပြဘဲ ဆက်ပြောလိုက်သည်။

“ကိုယ် မင်းသားကျိလီရဲ့ လက်ထောက်ဖြစ်လာတော့ လူတိုင်းက ကိုယ့်ကို အောင်မြင်မှုတွေနဲ့ ပျော်နေမယ်လို့ ထင်ကြတယ်..ဒါပေမဲ့ ကိုယ်သဘောမကျဘူး... ကိုယ်သွားချင်တာက စစ်တပ် ဒါမှမဟုတ် ဟေးပင်းစံအိမ်ပဲ”

ကွေ့ချင်းရှောင်း ပြန်ပြောလိုက်၏။

“ငါကတော့ နင် မင်းသားကျိလီရဲ့ ဘေးမှာ နေတာပဲ ကောင်းမယ်လို့ ထင်တယ်”

“ရက်အနည်းငယ်နေရင် ကိုယ် တော်ဝင်မြို့တော်ကနေ ထွက်ရတော့မယ်... မင်းသားကျိလီနဲ့အတူ မီးလျံမြို့တော်ကို သွားရမှာ”

“ဆိုလွန် ပြန်ရောက်လာတာကို မင်းသားကျိလီက ဘယ်လိုလုပ်ပြီး ထွက်သွားမှာလဲ”

ကွေ့ချင်းရှောင်း အံ့ဩသင့်စွာဆိုလိုက်သည်။

“ဆိုလွန်လား... သူက မင်းသား ကိုယ်တိုင်ကျန်ရစ်ပြီး ကွပ်ကဲနေရလောက်အောင် တန်ဖိုးရှိလို့လား”

လင်းအောင်း အေးစက်စွာ ပြောလိုက်၏။

ကွေ့ချင်းရှောင်း မေးလိုက်သည်။

“ဒီတစ်ကြိမ်တော့ သေချာပေါက် သတ်ဖို့ဆုံးဖြတ်လိုက်ပြီပေါ့လေ...”

လင်းအောင်း တဲ့တိုး ပြန်ဖြေလိုက်၏။

“မမေးသင့်တဲ့ကိစ္စကို မမေးပါနဲ့”

ကွေ့ချင်းရှောင်း နှုတ်ခမ်းမဲ့လိုက်သော်လည်း လင်းအောင်း၏ အမူအရာကို အနည်းငယ် သဘောကျနေမိသည်။

“ထူလင်းတိက အရည်အချင်းမရှိဘူး... မဟုတ်ရင် ဆိုလွန် အသက်ရှင်နိုင်မှာ မဟုတ်ဘူး..မင်းနဲ့ ထူလင်းတိက ညီအစ်မဝမ်းကွဲတွေဆိုတော့ အရင်က ဆက်ဆံရေး အရမ်းရင်းနှီးခဲ့ကြတယ် မဟုတ်လား”

လင်းအောင်း စကားလမ်းကြောင်းပြောင်းကာမေးလိုက်ခြင်းပင်။

ထိုမေးခွန်းကြားလျှင် ကွေ့ချင်းရှောင်း မျက်မှောင်ကြုတ်သွား၏။

လင်းအောင်းက သူမကို လာပြီး လက်ထပ်ခွင့်တောင်းတာ မဟုတ်ဘူးလား။ ဘာလို့ ထူလင်းတိအကြောင်း ပြောနေရပါသနည်း။

ကွေ့ချင်းရှောင်း နှာခေါင်းရှုံ့လိုက်သည်။ “ဟွန့်... သူအကြောင်းကို ဘာလို့မေးနေတာလဲ... ငါ့အဖေက ထူလင်းထော်ရဲ့ စေ့စပ်မှုကို ငြင်းလိုက်လို့ နင့်အတွက် စိတ်ပျက်စရာ ဖြစ်သွားလို့လား”

“ဘာလို့ အဓိပ္ပာယ်မရှိဘဲ သဝန်တိုနေရတာလဲ... တချို့စကားတွေက မင်းသမီးကျိနင် လုပ်ဆောင်ဖို့ အဆင်မပြေလို့ ကိုယ်က မင်းကိုမေးတာ အသင့်တော်ဆုံးမို့လို့ပါ..”

“ဆိုလွန်က ထူလင်းတိရဲ့ လက်ထဲကနေ အသက်ရှင်ပြီး ပြန်လာနိုင်တာ နည်းနည်း သံသယဖြစ်စရာပဲ..”

“ထူလင်းတိရဲ့ သိုင်းပညာက ဆိုလွန်ထက် အဆပေါင်းရာချီ သာလွန်နေတာတောင် အမှားအယွင်း မဖြစ်သင့်ဘူးလေ... ပြီးတော့ သုံးကြိမ်တောင်မှနော်”

ကွေ့ချင်းရှောင်း အံ့ဩသွားသည်။

“နင် ပြောချင်တာက ထူလင်းတိက တမင်သက်သက် အလျှော့ပေးလိုက်တယ်ပေါ့...”

လင်းအောင်း ခေါင်းညိတ်လိုက်၏။

“ဆိုလွန်က မိန်းမတွေနဲ့ ပတ်သက်ရင် နည်းလမ်းရှိတယ်လေ..သူတို့နှစ်ယောက်ကြားမှာ ဆက်သွယ်မှု တစ်ခုခု ရှိနေမလားလို့...”

“မင်းတို့ ငယ်ငယ်က အတူတူ ဆော့ဖူးကြတယ်ဆိုတော့ ထူလင်းတိနဲ့ ဆိုလွန်ကြားမှာ ဘာတွေ ဖြစ်ခဲ့ဖူးလဲ”

ကွေ့ချင်းရှောင်း သူမ၏ လှပသော မျက်ဝန်းများကို မှိတ်ကာ အတိတ်ကို ပြန်လည် စဉ်းစားလိုက်သည်။

ထိုအချိန်ရောက်မှသာ လင်းအောင်းတစ်ယောက် သူမ၏ လှပသော ပါးပြင်နှင့် ပြိုင်ဘက်ကင်းသည့်အချိုးအစားရှိသော ခန္ဓာကိုယ်ကို အပြည့်အဝ ငေးကြည့်မိတော့သည်။ ပုံမှန်အားဖြင့် ကွေ့ချင်းရှောင်း မျက်လုံးဖွင့်ထားချိန်၌ သူမကို သေချာမကြည့်ဘဲ ဂရုမစိုက်သလို ဟန်ဆောင်နေလေ့ရှိသောကြောင့်ပင်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကွေ့ချင်းရှောင်း ပြောလိုက်သည်။

“ရှိတယ်... ငယ်ငယ်က ထူလင်းတိ ငါ့အိမ်လာဆော့တော့ အဲ့ဒီ အနှောင့်အယှက်ကောင် ဆိုလွန်လည်း ရှိတယ်”

“နင်လည်း သိတဲ့အတိုင်းပဲ... အဲ့ဒီခွေးကောင်က ငယ်ငယ်ကတည်းက မိန်းကလေးတွေကို စရတာ သဘောကျတာလေ..အဲ့ဒါကြောင့် အမြဲတမ်း ထူလင်းတိကို အမြတ်ထုတ်လေ့ရှိတယ်”

“တစ်ခါက သူ ထူလင်းတိရဲ့ တင်ပါးကို ကိုင်လိုက်လို့ သေမတတ် ထိုးကြိတ်တာ ခံလိုက်ရသေးတယ်”

ဆိုလွန်က တကယ့်ကို နှာဘူးကောင်ပင်။ ငယ်ငယ်ကတည်းက မိန်းကလေးများအပေါ် အမြတ်ထုတ်တတ်နေပြီ ဖြစ်သည်။

ကွေ့ချင်းရှောင်း ဆက်ပြောလိုက်၏။ “အချုပ်ပြောရရင် ဆိုလွန် အရမ်း သနားစရာကောင်းအောင် အရိုက်ခံလိုက်ရတယ်.. သူက လက်စားချေချင်တော့ ငါ့ကို လာရှာတယ်...”

“ဘယ်လိုလဲ... ဆက်ပြောလေ”

လင်းအောင်း ဆက်မေးလိုက်သည်။

ကွေ့ချင်းရှောင်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်၏။

“သူ ငါ့ကို ဆေးတစ်ထုပ်ပေးပြီး ထူလင်းတိ သောက်မယ့် လက်ဖက်ရည်ထဲ ထည့်ခိုင်းတယ်..ငါ... ငါလည်း အဲ့ဒီအချိန်က ထူလင်းတိကို ကြည့်မရတာနဲ့... သူ့ကို ကတိပေးလိုက်တယ်”

ချက်ချင်းပင် လင်းအောင်း၏ နားထင်ကြောများ တုန်လှုပ်သွားကာ စိတ်မသက်မသာ ဖြစ်သွားရသည်။

ကွေ့ချင်းရှောင်းမှာ သူ၏လူဖြစ်ရန် မျှော်လင့်ထားခဲ့၏။ ငယ်စဉ်က မှတ်ဉာဏ်များပင် ဖြစ်လင့်ကစားပေါ့။

လင်းအောင်း အနည်းငယ် ဒေါသထွက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“ဆက်ပြောပါ”

ကွေ့ချင်းရှောင်းလည်း သူ၏လေသံအပြောင်းအလဲကိုခံစားမိလိုက်ကာ ဒေါသတကြီး ပြန်ပြောလိုက်၏။

“နင်က ဘာလို့ ဒေါသထွက်နေရတာလဲ... ငါက အဲ့ဒီတုန်းက ငယ်သေးတာ... အပြစ်ကင်းစင်ပါတယ်နော်”

လင်းအောင်း အသံကို ညင်သာအောင် ပြောင်းလိုက်သည်။

“ကောင်းပြီလေ... ကိုယ် မင်းကို အပြစ်မတင်ပါဘူး... ဆက်ပြောပါ”

“ငါဖျော်ပေးတဲ့ လက်ဖက်ရည်ကို ထူလင်းတိ သောက်ပြီးတာနဲ့ ချက်ချင်း သတိလစ်သွားတယ်.. ငါလည်း ကြောက်သွားပြီး အမြန်ထွက်ပြေးခဲ့တာပေါ့”

“အချိန်နည်းနည်း ကြာတော့ စပ်စုချင်စိတ်နဲ့ ပြန်သွားကြည့်လိုက်တာ.. ထူလင်းတိ အဝတ်အစားတွေ ချွတ်ခံထားရပြီး ဆိုလွန်ရဲ့ မျက်နှာက... သူမရဲ့ အဲ့ဒီနေရာမှာ မှောက်နေတာ တွေ့လိုက်ရတယ်..ငါလည်း ကြောက်ကြောက်နဲ့ အမြန် ပြေးလာခဲ့တာပဲ”

လင်းအောင်း အံကြိတ်လိုက်သည်။

“ဒီတိရစ္ဆာန်...”

“ဆိုလွန် အဲ့ဒီအချိန်တုန်းက အသက် ၇ နှစ် ၊ ၈ နှစ်ပဲ ရှိဦးမှာ မဟုတ်လား”

“ထူလင်းတိလည်း ရှစ်နှစ်ပဲ ရှိသေးတာ”

ကွေ့ချင်းရှောင်း ချက်ချင်းပြန်ဖြေလိုက်၏။

ထိုသို့ ပြောပြီးနောက် ကွေ့ချင်းရှောင်း၏ ရင်ထဲ၌ အနည်းငယ် ကျေနပ်သွားသော်လည်း စိုးရိမ်စိတ် အနည်းငယ်လည်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမ လိမ်ပြောလိုက်သောကြောင့်ပင်။

ထိုစဉ်က ဤကိစ္စတွင် သူမ ပါဝင်ပတ်သက်မှုမှာ ပိုမို နက်ရှိုင်း၏။ ထူလင်းတိ သောက်ခဲ့သည့် လက်ဖက်ရည်ထဲသို့ ဆေးခတ်ခဲ့သည်မှာ သူမဖြစ်ရုံသာမက ထူလင်းတိ၏ ထိုနေရာသို့ ခူကောင် ထည့်ရန် အကြံပေးခဲ့သည်မှာလည်း သူမ၏ အကြံဉာဏ်သာ။

ထို့ပြင် ထိုအချိန်က ဆိုလွန် အလွန်ဆိုးသွမ်းခဲ့သော်လည်း မိန်းမနှင့် ယောကျ်ားကိစ္စများကို လုံးဝ နားလည်ခဲ့ခြင်း မရှိချေ။ ထိုအချိန်က ထူလင်းတိ၏ ထိုနေရာတွင် မှောက်နေခဲ့ခြင်းမှာ ခူကောင်ကို ကြည့်နေခြင်းသာဖြစ်ပြီး မည်သည့် ရှုပ်ပွေသည့် ကိစ္စကိုမျှ မလုပ်ခဲ့ပေ။

သို့သော် ကွေ့ချင်းရှောင်း၏ စကားထဲ၌မူ အသက် ၇ နှစ် သို့မဟုတ် ၈ နှစ်သာ ရှိသေးသည့် ဆိုလွန်က ထူလင်းတိနှင့် တစ်စုံတစ်ရာ ပြုလုပ်ခဲ့သကဲ့သို့ ဖြစ်သွားခဲ့လေပြီ။ သူမက ထူလင်းတိအပေါ် တမင်သက်သက် ရွှံ့ရည်များ ပက်လိုက်ခြင်းပင်။

အပြင်ပန်း၌ သူတို့နှစ်ဦးမှာ ညီအစ်မများကဲ့သို့ ရင်းနှီးသည်ဟု ထင်ရသော်လည်း သူမက ထူလင်းတိကို ကြည့်မရချေ။

ကွေ့ချင်းရှောင်းက ဆက်ပြောလိုက်၏။

“ဒါကြောင့် ဆိုလွန် ဒီတစ်ကြိမ် အသက်ရှင်လျက် ပြန်လာနိုင်တာက ထူလင်းတိ တိတ်တဆိတ် အလျှော့ပေးလိုက်တာ အရမ်း ဖြစ်နိုင်တယ်”

လင်းအောင်း ခေါင်းညိတ်လိုက်သည်။ “ကိုယ် သိပြီ... မင်းပြောပြတဲ့ ကိစ္စက အရမ်း အရေးကြီးတယ်..ကိုယ် မင်းသမီးဆီ သတင်းပို့လိုက်မယ်”

“ကျိနင်လား..”

“အဲ့ဒီမြူဆွယ်တတ်တဲ့ မိန်းမနဲ့ ဆိုလွန်ကလည်း ညစ်ပတ်နေကြတာပဲလေ... ဆိုလွန်ဆီမှာ ဘယ်နှစ်ခါတောင် အိပ်ခဲ့ပြီးပြီလဲ မသိဘူး”

ကွေ့ချင်းရှောင်း အေးစက်စွာ ဆိုလိုက်၏။

လင်းအောင်း ချက်ချင်းအေးစက်စွာ ပြန်ပြောလိုက်သည်။

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ... မင်းသမီးကျိနင်က သန့်စင်ပါတယ်... တာဝန်မဲ့စကားတွေ လျှောက်မပြောနဲ့”

လင်းအောင်း၏စကားများကြောင့် ကွေ့ချင်းရှောင်း၏ လှပသောမျက်နှာလေး ပျက်ယွင်းသွားလေပြီ။

“နင့်စကားက ဘာအဓိပ္ပာယ်လဲ... သူက သန့်စင်တယ်ဆိုရင်လည်း သူမကို သွားရှာပါလား... ငါ့ဆီကို ဘာလို့ လာပြီး မျက်နှာချိုသွေးနေသေးလဲ”

ထို့နောက် သူမ၏ နူးညံ့လှပသော ခန္ဓာကိုယ်ကို လှည့်ကာ ထွက်သွားရန် ပြင်လိုက်တော့သည်။

“နေဦး...”

လင်းအောင်း သူစကားမှားသွားကြောင်းသိသွား၍ သူမကိုလှမ်းတားလိုက်သည်။

“ဘာလဲ”

ကွေ့ချင်းရှောင်း အေးစက်စွာ ပြန်မေးလိုက်၏။

လင်းအောင်း အင်္ကျီလက်ထဲမှ လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ဒူးတစ်ဖက် ထောက်ပြီး ပြောလိုက်သည်။

“ကိုယ့်မှာ ပိုက်ဆံမရှိတာကို မင်း သိပါတယ်... ဒီလက်စွပ်က ကိုယ့်ရဲ့ စုဆောင်းငွေတွေ အကုန်သုံးပြီး ဝယ်ထားတဲ့ ဆန်းကြယ်ငွေ သတ္တုရိုင်းကို ကိုယ်တိုင် အရည်ကြိုပြီး ကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်စွပ်လေးပါ”

“ကိုယ့်ကို လက်ထပ်ပါ... ကိုယ် မင်းကို ဂုဏ်ကျက်သရေရှိတဲ့ ဘဝတစ်ခု ပေးပါ့မယ်.. မင်း ထူလင်းမိသားစုမှာ နေတာကို ကိုယ်သဘောမကျဘူး... “

“ဘာလို့လဲဆိုတော့ တစ်နေ့ကျရင် ကိုယ်က ထူလင်းထော် နေရာကို အစားထိုးပြီး နုလန်ဘုရင့်နိုင်ငံရဲ့ စစ်ရေးနတ်ဘုရားသစ် ဖြစ်လာမှာမို့လို့ပဲ..”

“လူတိုင်းက ကွေ့ချင်းရှောင်းလို့ ပြောလိုက်တာနဲ့ ထူလင်းမိသားစုရဲ့ တူမ ဒါမှမဟုတ် ကွေ့မိသားစုရဲ့ သမီးဆိုတာထက် သခင်မလင်းအောင်းလို့ ခေါ်လာအောင် ကိုယ် လုပ်ပြပါ့မယ်”

လင်းအောင်းတစ်ယောက် ကွေ့ချင်းရှောင်းအားချစ်ခွင့်ပန်လေပြီ။

အပိုင်း ၃၀၇ ပြီး။

All Chapters