← Chapters

နိဗ္ဗာန (၃)

Vol. 022 Ch. 1070

နိဗ္ဗာန (၃)

Vol. 022 Ch. 1070

ငါးရောင်စုံလိပ်ပြာသည် ၎င်း၏တောင်ပံကို ခတ်လိုက်ရာ ငါးရောင်စုံအမှုန့်များ ပေါ်လာ၏။ဝမ်လင်းသည် မန်ဟိုင်နောက်ရှိ မီးပင်လယ်ထံသို့ လက်ညွှန်လိုက်၏။ငါးရောင်စုံလိပ်ပြာသည် တောင်ပံခတ်၍ ရှေ့သို့ ပျံဝဲသွားတော့သည်။

ဥပဒေသစွမ်းအားများကို ခြေမွနိုင်သည့် မမြင်ရသော်လေပြင်းသည် ဤသဲနက်ကန္တာရ အပျက်အစီးပုံထဲ၌ အထိုင်ချလာသည်။

ငါးရောင်စုံလိပ်ပြာပေါ်လာသည့်အခိုက် မန်ဟိုင်ပတ်လည်ရှိ မြူထုအခိုးအငွေ့များသည် လေပြင်း၏ တိုက်ခတ်ခင်း ခံရကာ လွင့်စင်သွားသည်။

မြူများ လွင့်စင်သွားချိန်၌ မီးခိုးရောင်ချပ်ဝတ်နှင့် ခပ်မြင့်မြင့်အရပ်ရှိသည့် လူတစ်ယောက်၏ အသွင် ပေါ်လာ၏။ထိုသူက မန်ဟိုင်ပင်။

ငါးရောင်စုံလိပ်ပြာကို ကြည့်နေရင်း မန်ဟိုင်၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု အရိပ်အယောင် ပေါ်လာ၏။သူက ခုခံခြင်းပင် မပြုတော့သည့်ပုံပေါ်လာပြီး လိပ်ပြာကိုသာ မိန်းမောစွာ ကြည့်နေ၏။

လိပ်ပြာသည် ရှေ့သို့ တောင်ပံခတ်၍ ပျံဝဲလာ၏။မန်ဟိုင်၏ချပ်ဝတ်မှ အစိတ်အပိုင်းငယ်တစ်ခုသည် တစစီဖြစ်သွားကာ အစိတ်အပိုင်းများအဖြစ်သို့ ပြောင်း၍လွင့်စင်ထွက်သွား၏။

ငါးရောင်စုံလိပ်ပြာကမူ တောင်ပံခတ်ရင်း ရှေ့သို့ ဆက်ပျံဝဲလာသည်။ မန်ဟိုင်၏ ချပ်ဝတ်မှ တုန်ခါသံများ ဆက်လက် ထွက်ပေါ်နေရင်း အရူးအမူး ပျက်စီးနေသည်။

သူ့ချပ်ဝတ်ခမောက်ပေါ်တွင်ပင် အက်ကြောင်းများစွာ ပေါ်လာ၍ သူ့ကြမ်းတမ်းရှုံ့တွနေသည့် မျက်နှာ ထွက်ပေါ်လာ၏။

သူက သက်လတ်ပိုင်းအရွယ် ရှိနေကာ သူ့ဘက်မျက်ခုံး၌ အမာရွက်တစ်ခု ရှိနေ၏။ သေချာကြည့်ပါက ထိုအမာရွက်သည် သူ့ဦးခေါင်းခွံထိ ဖောက်လုနီးပါး ဖြစ်နေပြီး ၎င်းအမာရွက်အတွင်း၌ အနက်ရောင်အစိတ်အပိုင်းတစ်ခုလည်း ရှိလို့နေသည်။

ထိုအစိတ်အပိုင်းမှ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်နေရင်း မန်ဟိုင်၏ ဦးခေါင်းထဲသို့ ဝင်ရောက်နေသည်။

မန်ဟိုင်က လိပ်ပြာထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလာ၏။ သူ့မျက်လုံးထဲမှ တစ္ဆေအလင်း ထုတ်လွှတ်လာသည်။ သူက သူ့နှဖူးထက်ရှိ အမာရွက်ကို ထိကြည့်၍ ခပ်တိုးတိုးဆိုသည်။ “ငါ မသေသေးဘူးပဲ…”

ဖျပ်ခနဲ သူသည် ဝမ်လင်းထံသို့ တိုးဝင်လာ၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး ကောင်းကင်ထက်သို့ ညွှန်၏။ကောင်းကင်ထက်ရှိ မီးတောက်များသည် ရူးသွပ်လာဟန်ရကာ အမိန့်ပေးဆင့်ခေါ်ခြင်း ခံရသည့်အလား။၎င်းတို့က ပြန့်ကျဲ၍ တစစီဖြစ်နေသော စိန်စာလုံးကို အလောတကြီး ဝါးမြို၍ တဟုန်ထိုး တိုးဝင်လာ၏။

ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူက ရှေ့သို့တိုးလာရင်း သူ့လက်နှစ်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူက သူ့လျှာကို ကိုက်ချ၍ သွေးမြှားကို ထွေးထုတ်၏။ သူ့ညာလက်ဖြင့်လည်း သွေးစာလုံးတစ်ခုကို ရေးဆွဲကာ ငါးရောင်စုံလိပ်ပြာပေါ်သို့ ကျရောက်စေသည်။

“နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားတိုင်းမှာ ချိပ်တံဆိပ်ငါးခု ရှိတယ်။ တတိယမြောက်စစ်ရတားကို အသက်သွင်းပြီးတဲ့နောက် ဒီစစ်ရထားဟာ အခုဒီလိပ်ပြာအဖြစ် မွေးဖွားလာခဲ့တယ်။ဒါပေမဲ့လည်း ဒီလိပ်ပြာပေါ်မှာ ချိပ်ပိတ်မှုငါးခု ရှိနေဆဲပဲ။ ငါသာ ဒီစစ်ရထားကို ထိန်းချုပ်နိုင်ပြီး ချိပ်ပိတ်မှုငါးခုလုံးကို ဖြေလျှော့လိုက်ရင် နတ်ဘုရားတွေကိုပါ သတ်ပစ်နိုင်တဲ့ အရှင်ထျန်ပေါင် ဖန်တီးခဲ့တဲ့ ဒီရတနာရဲ့စွမ်းအားအစစ်အမှန်ကို အသုံးပြုနိုင်မယ်…”

“လိပ်ပြာအဖြစ် ပြောင်းလဲတာဟာ ပထမဆုံးချိပ်တံဆိပ်လို့ ယူဆနိုင်တယ်။ အခု ဒုတိယမြောက် ချိပ်တံဆိပ် ဖြေလျှော့စေ…” ဝမ်လင်း၏ သွေးမြှားကလည်း လိပ်ပြာပေါ်သို့ ကျရောက်ကာ ၎င်းကို ပြင်းထန်စွာ တုန်ယင်သွားစေ၏။ ၎င်းက တုန်ယင်နေရင်း ခြောက်ခုမြောက်အရောင် မြန်ဆန်စွာ ဖြစ်ပေါ်လာ၏။

မန်ဟိုင်သည် မီးတောက်များ ဖုံးနေသော သူ့လက်ကို ဝေ့ယမ်းရင်း မြန်ဆန်စွာ ရှေ့သို့ တိုးလာ၏။ ဝမ်လင်းနားသို့ ရောက်လာပြီးသည့်နောက် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့ရှေ့၌ မီးတောက်များ ပေါ်လာ၏။ တုံ့ဆိုင်းမနေဘဲ ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုကို ဆင့်ခေါ်၏။ ဖျပ်ခနဲပင် သူက ပျောက်ကွယ်သွားပြီး မန်ဟိုင်နောက်တွင် ပြန်ပေါ်လာ၏။

သူ့လက်ဖြင့် မန်ဟိုင်၏ကျောပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။ ခြောက်သွေ့တာအိုတစ်စုံ အရိုးသည်လည်း လျှပ်တပြတ်အတွင်း ပေါ်လာ၏။ မကောင်းဆိုးဝါးစိတ်ဆန္ဒတစ်ခု သည်ဧရိယာတွင် ပြည့်နှက်လာရင်း မီးခိုရောင်အလင်းသည် မန်ဟိုင်၏ခြေထောက်နားတွင် တောက်ပသွား၏။

မန်ဟိုင်က ညစ်ကျယ်ကျယ်ပြုံး၏။ သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ မိစ္ဆာဆန်သော ကောင်းကင်ဘုံစွမ်းအင်များ မြင့်တက်လာ၏။၎င်းက တုန်ခါမှုလှိုင်းကို ဖြစ်စေကာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။

သူ့ခြေထောက်အောက်ရှိ မီးခိုးရောင်အလင်းမှာ အလျင်အမြန် ပျောက်ကွယ်၍ ပြင်းထန်သောတုန်ခါလှိုင်းသည် ဝမ်လင်းထံသို့ တိုးဝင်လာ၏။ဝမ်လင်းက နောက်သို့ အမြန်ပြန်ဆုတ်၏။သို့သော် တချိန်တည်းမှာပင် သူက နောက်ထပ်သွေးမြှားကို သိပ်မဝေးသောနေရာရှိ လိပ်ပြာထံသို့ ထွေးထုတ်စေသည်။

“တတိယချိပ်ပိတ်မှု…ဖြေလျှော့စမ်း…”

ချိပ်ပိတ်မှုသုံးခုကို ဖြေလျှော့ခြင်းမှာ ခုလက်ရှိ ဝမ်လင်း၏ ကန့်သတ်ချက် ဖြစ်၏။

လိပ်ပြာသည် တုန်ယင်လာကာ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရောင်စုံလိပ်ပြာအဖြစ်သို့ ပြောင်းလဲသွား၏။

ခုနစ်ရောင်စုံသည် တလက်လက် ရှိနေရင်း လိပ်ပြာကို ပို၍ ကြည့်ကောင်းစေ၏။ ၎င်း၏ တောင်ပံခတ်ချက်နှင့်အတူ ခုနစ်ရောင်စုံအမှုန့်များ ဝမ်လင်းရှေ့၌ ပေါ်လာပြီး ရှေ့သို့ ညင်သာစွာ မြောလွင့်သွားသည်။

မန်ဟိုင်က နောက်လှည့်၍ သူ့ညာလက်ကို ဝေ့ယမ်းကာ မီးတောက်ပင်လယ်ကို ဝမ်လင်းထံသို့ တဖန် တိုးတင်လာစေပြန်၏။ မီးတောက်ပင်လယ်သည် ဝမ်လင်းနားသို့ အချိန်တိုအတွင်း ရောက်ရှိလာသည်။

အပူလှိုင်းက ဝမ်လင်းပေါ်သို့ ရိုက်ခတ်နေ၏။သူ့အရေပြားများက ပို၍ အက်လာ၏။ သို့သော် သွေးမြူများကမူ ပန်းမထွက်တော့ပေ။ ဝမ်လင်းသည် ခုချိန်၌ သွေးများစွာ ဆုံးရှုံးထားရခြင်းကြောင့် မူးဝေနေ၏။

သူ့မူလစိတ်ဝိညာဉ်ပင် အားနည်းလာနေသည်။ သို့သော် ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကြောင့် သူ့မူလစိတ်ဝိညာဉ်သည် ထိခိုက်ခြင်းတော့ မဖြစ်ပေ။ တကယ်တော့ သည်ချပ်ဝတ်က ကြယ်ရှစ်လုံရှေးဟောင်းနတ်ဘုရားထံမှ ဖြစ်ကာ ခုချိန်တွင် ဝမ်လင်းက ကြယ်ငါးလုံးအဆင့်သာ ရှိနေသေးပေသည်။

မန်ဟိုင်သည် ထိုအဖြစ်ကြောင့် မင်သက်သွား၏။သူသည် နှာခေါင်းရှုံ့ကာ သူ့ဘယ်လက်ဖြင့် ချိပ်တံ ဆိပ်တစ်ခုကို ဖြစ်စေ၍ မြေပြင်ထက်သို့ ညွှန်၏။ ထို့နောက် သူ့လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ရုတ်တရက် အပူဓာတ်ကြောင့် အရည်ပျော်နေသောသဲနက်များသည် မန်ဟိုင်၏လက်ထဲ၌ လာရောက်စုဝေးသည်။

ဤအခိုက်မှာပင် ခုနစ်ရောင်စုံလိပ်ပြာသည်လည်း ၎င်း၏တောင်ပံကို ခတ်ကာ မန်ဟိုင်နားသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေ၏။ခုနစ်ရောင်စုံမှုန့်သည် မုန်တိုင်းအသွင်ဖြင့် မန်ဟိုင်ထံသို့ တိုးဝင်လာနေသည်။

မန်ဟိုင်၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့ဘယ်လက်ရှိ အနက်ရောင်အရည်များကို ဖမ်းဆုပ်ကာ ရှေ့သို့ ပစ်သွင်းသည်။ထိုအရည်များက လေထဲ၌ အရံအတားတစ်ခုဖြစ်လာသည်။

သို့ရာတွင် အနက်ရောင်အရည်အရံအတားသည် ဖြစ်ပေါ်လာချင်းချင်း ခုနစ်ရောင်စုံလိပ်ပြာသည် မုန်တိုင်းမှ တစ်ဆင့် ၎င်းအရံအတားကို ချိုးဖျက်လာ၏။ ထိုအဖြစ်က အနက်ရောင်အရည်များကို မုန်တိုင်းနှင့်အတူ မန်ဟိုင်ရှိရာသို့ ပြန်ကန် ရောက်ရှိသွားစေသည်။

သ်ညအခိုက်အတန့်၌ မီးတောက်များသည် ပေငါးရာလောက်သာ ဝမ်လင်းနှင့် ကွာဝေးတော့၏။ဤသို့ သေရေးရှင်ရေးအခြေအနေ၌ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုက ဝမ်လင်းကို ဝန်းရံကာ မန်ဟိုင်နောက်တွင် ဖျပ်ခနဲ ပေါ်လာစေပြန်၏။သူ့ညာလက်ကိုလည်း မြန်ဆန်စွာ ဆန့်ထုတ်၍ ညွှန်၏။

မန်ဟိုင်သည် မျက်မှောင်ကြုတ်သွား၏။ သူ့ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာသည်။သို့ရာတွင် ထိုသို့ ပေါက်ကွဲထွက်လာခါနီး လက်မတင်လေး၌ ဝမ်လင်း၏မျက်လုံးက အေးစက်သွားကာ သူက အော်ဟစ်လိုက်၏။ “ရပ်တန့်ခြင်း…”

သည်တိုက်ခိုက်မှုက မန်ဟိုင်ကို ထိခိုက်စေဖို့ ရည်ရွယ်ချင်းတော့ မဟုတ်ပါ။ သို့သော် သူ့ကို စိတ်ရှုပ်ထွေးသွားစေဖို့သာ ဖြစ်ပြီး ထို့ကြောင့် သူသည် ရပ်တန့်ခြင်းမန္တာန်ကို ချိန်သားကိုက် အသုံးပြုလိုက်ခြင်းပင်။

စကားတစ်ခွန်းဖြင့်ပင် မရေမတွက်နိုင်သော အမျှင်တန်းများသည် မန်ဟိုင်ကို ခြုံထွေးသွားသကဲ့သို့။ သူသည် မမျှော်လင့်ထားစွာ ခဏတာ တုံ့ဆိုင်းသွားသည်။ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ထည့်မတွက်ပါက သူသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အထွတ်အထိပ်ဆင့်တွင်သာ ရှိသည့်သူ ဖြစ်၏။ သူက နိဗ္ဗာနသန့်စင်ခြင်း အဆင့် ကောင်းကင်ဘုံသား အပေါ် ရပ်တန့်ခြင်း မန္တာန်အသုံးပြုခြင်းသည် တန်ပြန်ဒဏ်ကို ခံရပေမည်။သို့သော် ဝမ်လင်းသည် ဂရုမစိုက်ပေ။

မန်ဟိုင်၏ခန္ဓာကိုယ် တုံ့ဆိုင်းသွားသည့်အခိုက်တွင် ခုနစ်ရောင်စုံမုန်တိုင်း ရောက်ရှိလာလေပြီ။၎င်းက မန်ဟိုင်၏ခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်းမပြု။ ဝမ်လင်း၏ ထိန်းချုပ်မှုဖြင့် မန်ဟိုင်ညာမျက်ခုံးပေါ်ရှိ အမာရွက်ထဲသို့ တိုးဝင်သွားသည်။

မန်ဟိုင်၏ပါးစပ်မှ အလွန်နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာ၏။သူက သူ့ခေါင်းကို ဆုပ်ကိုင်ထားရင်း အရူးအမူး ရုန်းကန်ကာ နောက်သို့ အမြန်ဆုတ်နေသည်။

ဝမ်လင်းသည် သူ့နောက်သို့ မလိုက်ပေ။ သူ့ရတနာများအားလုံးကိုလည်း ပြန်ရုတ်သိမ်း၏။ ကောင်းကင်ဘုံလောင်ကျွမ်းခြင်းမန္တာန်ပေါ်လာချိန်၌ သူသည် သူ့ဆန်းကြယ်လက်နက်မှ စိတ်ဝိညာဉ်အားလုံး၊ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးဆို့ကို ပြန်ရုတ်သိမ်းပြီးခဲ့ပြီး ဖြစ်၏။ သည့်နောက် သူသည် အနက်ရောင်မျှော်စင်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

သည်အခိုက်အတန့်၌ ကောင်းကင်ဘုံလောင်ကျွမ်းခြင်းမှ မီးတောက်များသည် အရပ်မျက်နှာအနှံ့ကနေ တိုးဝင်လာလေပြီ။ ထိုအပူလှိုင်းအောက်၌ ဝမ်လင်း၏ အဝတ်စများပင် မီးစွဲသွားလေပြီ။ သို့သော် သူ့ညာမျက်လုံးမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုမီးတောက်ကို ခပ်မြန်မြန် ငြှိမ်းသက်သည်။

သူက အံတင်းတင်းကြိတ်ထား၏။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုသည် နောက်တစ်ဖန် ပေါ်လာ၏။ သူသည် ဖျပ်ခနဲ ရှေ့ ပေတစ်ထောင်ထိ ရောက်သွား၏။ထို့နောက် သူသည် အနက်ရောင်မျှော်စင်ထဲသို့ ခြေချလိုက်သည်။ သူ အနက်ရောင်မျှော်စင်ထဲသို့ ဝင်ရောက်ရသည့် အကြောင်းရင်းမှာ မီးတောက်များသည် လောက၌ လောင်ကျွမ်း၍ သဲကန္တာရရှိ သဲနက်များကိုပါ တစစီ မကျန်လောက်အောင် လောင်ကျွမ်းနေသောကြောင့် ဖြစ်သည်။အနက်ရောင်မျှော်စင်တစ်ခုသာ မလှုပ်မယှက်နှင့် ရှိ၍ မီးတောက်များအတွင်းသို့ မဝင်ရောက်နိုင်ဘဲ ရှိနေခြင်းပင်။

သို့ရာတွင် မီးတောက်များ၏ အရှိန်က မြန်လွန်း၏။ ဝမ်လင်း မျှော်စင်ထက်သို့ လှမ်းခါနီးတွင် မီးတောက်များသည် ရိုက်ခတ်သွားသည်။ မီးတောက်များမှ အပူလှိုင်းသည် ဝမ်လင်းနောက်ကျောသို့ ရိုက်ချလာသည်။

ဝမ်လင်းသည် သူ့ကျောဘက်မှ နာကျင်မှုကို ခံစားရ၏။အပူသည် သူ့ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာသည်။ ကံကောင်းစွာဖြင့် ဤအပူက အကြွင်းအကျန်လောက်သာ ရှိ၍ အရမ်းမများပြားခြင်းပင်။ သူက ဆေးလုံးများကို ထုတ်၍ ချက်ခြင်း မြိုချလိုက်ရ၏။

ထို့နောက် သူသည် နောက်ဘက်ရှိ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်လိုက်ရာ မီးတောက်ပင်လယ်ကြီးကို တွေ့ရ၏။ အနက်ရောင်သဲကန္တာရသည် ဆက်၍ မတည်ရှိတော့ပေ။ ကောင်းကင်သည်လည်းမှန်ဖျော့မနေတော့ဘဲ ခုချိန်၌ ချောမွတ်ဖြူသော မှန်မျက်နှာပြင်တစ်ခုလို ဖြစ်လာခဲ့သည်။

မန်ဟိုင်၏ နာကျင်စွာ အော်ဟစ်သံသည် အကွာအဝေးတစ်ခုကနေ ထွက်ပေါ်နေ၏။ သူသည် သူ့ခေါင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း အဆက်မပြတ် အော်ဟစ်နေသည်။ ဝမ်လင်းသည် မန်ဟိုင်၏ညာမျက်ခုံးထဲရှိ ခုနစ်ရောင်စုံအလင်းကို ကောင်းစွာ တွေ့မြင်နေရသည်။ ထိုခုနစ်ရောင်စုံအလင်းသည် ၎င်းအမာရွက်ကို ချိပ်ပိတ်ပစ်ချင်သည့်အလား တဖျပ်ဖျပ် ဖြစ်နေ၏။

သို့ရာတွင် သူ့ညာမျက်ခုံးပေါ်ရှိ အမာရွက်သည် ချိပ်ပိတ်ခံရခါနီးတွင် ၎င်းအမာရွက်ထဲရှိ အနက်ရောင်အစိတ်အပိုင်းသည် ခုနစ်ရောင်စုံအလင်းများ၏ ဝန်းရံခြင်းကို ခံရသည်။ ထိုအရာက မိစ္ဆာစွမ်းအင် စီးဆင်းမှုကို ဖြတ်တောက်ပစ်သည်။သူ့မျက်လုံးသည် အိပ်မက်ဆိုးထဲမှ နိုးထလာကကဲ့သို့ မိန်းမောလို့နေ၏။ သို့ရာတွင် သူ့မျက်နှာထက်၌ အံ့မခန်းအဆုံးမဲ့ နာကျင်မှုတို့ ပြည့်လို့နေသည်။ သူသည် ဆက်ခနဲ ခေါင်းမော့၍ အဖြူရောင်မျက်နှာပြင် ကောင်းကင်ထက်ကို ကြည့်ကာ နာကျင်စွာ ပြုံးသည်။

“ကောင်းကင်ဘုံအင်ပါယာ..မန်ဟိုင်က သစ္စာမရှိခဲ့ပါဘူး။ ငါ့လောဘကြောင့် ငါဟာ မိစ္ဆာတစ်ကောင် အဖြစ် ပြောင်းခဲ့တယ်။ဒါ့ကြောင့် သေဖို့ ထိုက်တန်ပါတယ်…”

ကြောက်မက်နာကျင်စွာ ပြုံးနေရင်း အဆုံးမဲ့မီးတောက်များ မြင့်တက်လာကာ သူ့အား ထွေးခြုံသွား၏။ ထိုမီးတောက်များ ပျောက်ကွယ်သွားပြီးနောက် ထိုလူသည် ပြာပုံဘဝသို့ ရောက်သွားသည်။ ခုနစ်ရောင်စုံလိပ်ပြာသည်လည်း ပြန်ထွက်ခွာလာ၏။၎င်းက မီးတောက်ပင်လယ်ကို ဖြတ်၍ ပျံသန်းလာကာ ဝမ်လင်းဘေးနားသို့ ပြန်ရောက်ရှိလာသည်။

ထိုအရာများကို မျက်မြင်တွေ့ရှိပြီးနောက် ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အတွေးတစ်ခု ခပ်ရေးရေး စဉ်းစားမိ၏။ သက်ပြင်းချလိုက်ပြီးနောက် မီးတောက်များသည် မျှော်စင်ရှိရာသို့ တိုးဝင်မလာသည်ကို သတိပြုမိ၏။ထို့နောက် သူသည် သည်မျှော်စင်ကို စတင် လေ့လာရှာဖွေကြည့်တော့သည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စောနက သူသတ်ခဲ့သော သူများ၏ ဦးခေါင်းများသည် သူ့ရှေ့အနည်းငယ် အကွာတွင် မြောလွင့်နေကြတော့သည်။

ဝမ်လင်း၏မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာရင်း သူက ခပ်တိုးတိုးဆို၏။ “ကောင်းကင်ဘုံမန္တာန် မြေနိမ့်လမ်းညွှန်က ဒီနေရာမှာ အသုံးဝင်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”

“ဒီလူတွေအားလုံးမှာ မိစ္ဆာစွမ်းအင်ရှိနေကြတယ်။ငါသာ ဒီလမ်းညွှန်ကို အသုံးပြုရင် ဒီနေရာက ထွက်ခွာလို့ရတဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်စွမ်း ရှိမှာပဲ…”

ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ခေါင်းအားလုံး ပျက်စီးသွားသည်။ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အရာအားလုံးသည် နစ်မြုပ်၍ အနီရင့်ရောင်ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ဝမ်လင်းရှေ့၌ လမ်းကြောင်းတစ်ခု တဖြည်းဖြည်း ပွင့်ဟလာ၏။

“ဟန်…” ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက တစ်ခုခုမှားနေသည်ကို သတိပြုမိလိုက်သည်။ ဝဲကတော့သည် လှည့်ပတ်နေရင်း သိပ်သည်းသောမိစ္ဆာစွမ်းအင်များက အတွင်းကနေ ထွက်ပေါ်နေသည်။

ထိုအခိုက်အတန့်၌ သူသည် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရ၏။ ထိုအသံကြောင့် ဝဲကတော့သည် နေရာအချို့သို့ ပေါက်ကွဲ သွား၏။

ဝမ်လင်းသည် အတွင်းသို့ ကြည့်လိုက်ရာ တုန်လှုပ်မိသွားချေသည်။

သူက မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေသော ခန်းမတစ်ခုကို တွေ့လိုက်ရ၏။ ထိုခန်းမအတွင်း၌ ကြီးမားသည့်ပလ္လင်တစ်ခု ရှိနေကာ ၎င်းအပေါ်၌ လူတစ်ယောက် ထိုင်လျက် ရှိနေသည်။

***

All Chapters