← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း (၁၅၁) တစ်ဖက်သတ်တိုက်ပွဲ

ဘုန်း...

နှစ်ဖက်စလုံး၏ တိုက်ကွက်များမှာ လေထုထဲတွင် ပြင်းထန်စွာ ထိတွေ့မိသွားကြပြီး ချက်ချင်းပင် ပေါက်ကွဲသွားခဲ့တော့သည်။

လျှံထွက်လာသော ချီ များမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ အဟုန်ပြင်းစွာ ပွင့်ထွက်လာခဲ့၏။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားခဲ့ရပြီး လေထုထဲ၌ ကြီးမားလှသော နေမင်းကြီးတစ်စင်း ပေါ်ထွက်လာကာ ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့ရ၏။

ထိုလက်သီးချက်နှင့် ဓားချက်မှာ ရွှေယိချန်း၏ ဓားချက်နှင့် ထိမှန်သွားချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွတော့မည့်အလား ထင်မှတ်ရပေသည်။

ရှေးဟောင်းစစ်မြေပြင်အတွင်းရှိ အခြားသော ပါရမီရှင်များမှာ ဤကြောက်မက်ဖွယ် တိုက်ပွဲ အော်ရာ ကို ခံစားမိလိုက်ကြချိန်တွင် မျက်နှာများ အကြီးအကျယ် ပျက်သွားခဲ့ကြရပြီး ဤအန္တရာယ်ဇုန်နှင့် ဝေးရာသို့ ချက်ချင်းပင် ဆုတ်ခွာသွားခဲ့ကြတော့သည်။

ဤနေရာနှင့် နီးစပ်ရာတွင်ရှိသော မိစ္ဆာမျိုးနွယ်စုဝင်များလည်း တုန်လှုပ်ခြောက်ခြားသွားကြပြီး ၎င်းတို့၏ မိစ္ဆာနယ်မြေထံသို့ အမြန်ဆုံး ထွက်ပြေးတိမ်းရှောင်သွားကြ၏။

ယခုအခိုက်အတန့်တွင် ယန်ရှန်း၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသော ရွှေယိချန်း၏ မျက်နှာအမူအရာပင်လျှင် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

ရှုချွမ်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုမှာ လွန်စွာမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သူကိုယ်တိုင် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့စဉ်ကပင် ရှုချွမ်းကဲ့သို့ အစွမ်းထက်သော ခန္ဓာကိုယ်နှင့် ဓားတာအိုအပေါ် နားလည်မှုကို ပိုင်ဆိုင်ခဲ့ခြင်း မရှိပေ ။

ရှုချွမ်းက သူ၏ ခန္ဓာကိုယ် သက်သက်ဖြင့်ပင် ဟင်းလင်းပြင်၏ တောင့်ခံနိုင်စွမ်း ကန့်သတ်ချက်ကို ချိုးဖျက်ရန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။

ထိုကမ္ဘာဖျက်မည့် ဓားချက်အကြောင်းကိုမူ ဆိုဖွယ်ရာမရှိတော့ပေ ။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..."

ရွှေယိချန်းမှာ အံ့ဩမှင်သက်နေခဲ့ရ၏။

သူက နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး ပါရမီရှင် မြောက်မြားစွာကို မြင်တွေ့ဖူးခဲ့သည်။

သူ၏ အမြင်တွင် ယန်ရှန်းကဲ့သို့သော ပါရမီရှင်မျိုးပင် ကမ္ဘာပေါ်တွင် ရှားမှရှားသည့် တည်ရှိမှုမျိုးဖြစ်သဖြင့် ယန်ရှန်း၏နောက်သို့ လိုက်ပါကူညီခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှုချွမ်းကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကိုမူ သူ တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပေ ။

အမှန်အတိုင်းပြောရလျှင် သူ၏ မှတ်ဉာဏ်ထဲရှိ သမိုင်းတစ်လျှောက်တွင်ပင် ရှုချွမ်းကို ကျော်လွန်နိုင်မည့်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ဤအခိုက်အတန့်တွင် သူက ရှုချွမ်းကို စတင်၍ပင် ကြောက်ရွံ့လာမိတော့သည်။

ရှုချွမ်း၏ ခွန်အားမှာ လွန်စွာ ကြီးမားလှသည့်အပြင် 'ရွှေရောင်ရှေးဟောင်းနန်းတော်' ကဲ့သို့သော အထွတ်အထိပ်ရတနာကိုလည်း ပိုင်ဆိုင်ထားရာ ရှုချွမ်းက ၎င်းကို အသုံးမပြုနိုင်ဟု သူ ရာနှုန်းပြည့် အာမမခံနိုင်တော့ပေ ။

"ဒီနေ့ ငါ ဒီနေရာမှာပဲ လမ်းဆုံးရတော့မှာလား..."

ရွှေယိချန်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး စိတ်ထဲမှ တွေးတောနေမိသည်။

သို့သော် သူ အတွေးမဆုံးသေးမီမှာပင် ရှုချွမ်း၏ နောက်ထပ် တိုက်ခိုက်မှုက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ရှုချွမ်းက ညာလက်ဖြင့် လက်သီးချက်ကို ပစ်လွှတ်လိုက်ပြီး ဘယ်လက်ဖြင့် 'နတ်ဘုရားသတ်ဓားသိုင်း' ကို လည်ပတ်လိုက်သည်။

ဧကရာဇ်အဆင့် ကျင့်စဉ်နှစ်ခု၏ ပေါင်းစပ်မှုမှာ အဆုံးမဲ့လှသော နတ်ဘုရားအရှိန်အဝါများကို ထွက်ပေါ်လာစေခဲ့ပြီး မည်သည့် နတ်ဘုရားစွမ်းရည်ထက်မဆို ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့၏။

ရှေးဟောင်းစစ်မြေပြင်၏ မြေပြင်ကြီးမှာ ဤမျှလောက်ကြီးမားသော ခွန်အားကို တောင့်မခံနိုင်တော့ဘဲ ထိုနတ်ဘုရားဖိအားအောက်တွင် မြေကြီးများမှာ တစ်လက်မချင်းစီ အက်ကွဲကြေမွသွားခဲ့ရတော့သည်။

ပြင်းထန်လှသော သေဘေးအန္တရာယ်အရိပ်အယောင်က ရိုက်ခတ်လာသဖြင့် ရွှေယိချန်း၏ မျက်နှာအမူအရာမှာ တစ်ခါမျှမရှိဖူးလောက်အောင် တည်ကြည်လေးနက်သွားခဲ့ရ၏။

ဤအခိုက်အတန့်တွင် သူက အမှန်တကယ်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။

"အမျက်ထွက်နဂါး ကောင်းကင်ပျံတက်ခြင်း..."

ရွှေယိချန်းက သူ၏ ဓားရှည်ကို ထပ်မံမြှောက်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ သူက သူ၏ အစွမ်းထက်ဆုံး ဓားသိုင်းကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

၎င်းမှာ သူ ဧကရာဇ်အရှင်တစ်ဝက်နယ်ပယ် ဖြစ်တုံးက နဂါးအစစ်တစ်ကောင်ကို သတ်ဖြတ်ပြီး ကိုယ်တိုင်တီထွင်ခဲ့သော 'နဂါးသတ်ဓားသိုင်း' ဖြစ်ပြီး 'ကောင်းကင်အဆင့်' ဓားသိုင်းပညာတစ်ခု ဖြစ်သည်။

ဓားချက်တစ်ချက် ပိုင်းချလိုက်သည်နှင့် ဓားဖျားထံမှ နဂါးအစစ်တစ်ကောင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ယံထံသို့ ထိုးတက်ကာ ရှုချွမ်း၏ လက်သီး၊ဓားချက်ထံသို့ တိုးဝင်သွားခဲ့တော့သည်။

ရား ...

ကြီးမားလှသော မြည်ဟီးသံကြီး တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်ပြီး ထိုနဂါးအစစ်အမှန်ပုံရိပ်ယောင်မှာ ရှုချွမ်း၏ လက်သီးဓားချက်နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားကာ ပေါက်ကွဲထွက်လာသော ချီလှိုင်းများမှာ ပတ်ဝန်းကျင်သို့ ဝဲလည်တုန်ခါသွားခဲ့ရ၏။

တိုက်ပွဲကွင်းပြင်၏ အစွန်းတွင် ရှိနေသော နင်ယို့ချီပင်လျှင် ထိုချီလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် နောက်သို့ အမြန် ဆုတ်ခွာသွားခဲ့ရသည်။

တိုက်ပွဲ၏ ဗဟိုချက်နှင့် နီးကပ်လေလေ ထိုလူနှစ်ဦး၏ ကြောက်မက်ဖွယ် ခွန်အားကို ပိုမိုခံစားရလေလေ ဖြစ်၏။

နင်ယို့ချီက ကမ္မနယ်ပယ်သိုင်းပညာရှင်များထဲတွင် ရှားပါးသော ပါရမီရှင်တစ်ဦးဟု သတ်မှတ်ထားခဲ့သော်လည်း ၎င်းတို့နှစ်ဦးနှင့် ရင်ဆိုင်လိုက်ရချိန်တွင်မူ တိုက်ပွဲဝင်လိုစိတ် စိုးစဉ်းမျှပင် ထွက်မလာတော့ပေ ။

သူမအနေဖြင့် ဤနေရာ၌ပင် လက်နက်ချကာ အသက်ချမ်းသာပေးရန် တောင်းပန်ချင်စိတ်သာ ပေါ်ပေါက်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် သူမက သူ့ကိုယ်သူ ပြန်လည်သုံးသပ်မိသွားခဲ့ပြီး သူနှင့် စစ်မှန်သော ပြိုင်ဘက်ကင်းပါရမီရှင်တို့ကြားရှိ ကွာဟချက်ကို အပြည့်အဝ သဘောပေါက်သွားခဲ့ရတော့၏။

သူမက ဤတစ်ကြိမ်သာ ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ပါက သိုင်းတာအိုကို မဆုတ်မနစ် ကြိုးစားအားထုတ်ကျင့်ကြံမည်ဟု နှလုံးသားထဲ၌ လျှို့ဝှက်ကျိန်ဆိုလိုက်မိသည်။

သူမတွင် 'ထိုက်ယင်နတ်သမီးအမွေအနှစ်' ရှိနေသည့်အပြင် မွေးရာပါ ပါရမီကလည်း ထူးချွန်ပြီးသားဖြစ်ရာ သူမ၏ စမှတ်မှာ အခြားသူများထက် များစွာ မြင့်မားနေခဲ့ပြီးသား ဖြစ်သည်။

သူမသာ သိုင်းတာအိုကို အလေးအနက် ကျင့်ကြံမည်ဆိုပါက မကြာမီအချိန်အတွင်း သိုင်းပညာရှင်အဆင့်မြင့်မားသူတစ်ဦး ဖြစ်လာနိုင်ပေသည်။

"ငါ ရှုချွမ်းကို အမှီလိုက်ရမယ်..."

ဤအခိုက်အတန့်တွင် သူမက စိတ်ထဲ၌ သန္နိဋ္ဌာန်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် ရှုချွမ်းက ဤမိစ္ဆာအဖိုးကြီးကို သေချာပေါက် သတ်ဖြတ်နိုင်ပါစေကြောင်း ဆုတောင်းပေးနေခဲ့မိသည်။

ထိုအတောအတွင်း တိုက်ပွဲအတွင်းရှိ လူနှစ်ဦးမှာမူ တစ်ဖက်လူ၏ တိုက်ကွက်ပြင်းထန်မှုကြောင့် မီတာရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားခဲ့ကြရ၏။

ဤပြင်းထန်လှသော ထိပ်တိုက်တွေ့ဆုံမှုတွင် ရွှေယိချန်းမှာ သိသိသာသာ ပိုမိုဒဏ်ရာပြင်းထန်သွားခဲ့သည်။

သူ၏ ဓားကို ကိုင်စွဲထားသော လက်မောင်းတစ်ခုလုံး သွေးများ ရွှဲရွှဲစိုနေခဲ့ပြီး အရိုးများ ကျိုးကြေကာ အရေပြားကို ဖောက်ထွက်နေခဲ့ပြီ ဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် ရှုချွမ်းမှာမူ အဝတ်အစားများ စုတ်ပြဲသွားပြီး နှုတ်ခမ်းထောင့်စွန်းတွင် သွေးစအနည်းငယ်သာ စွန်းထင်ကျန်ရစ်ခဲ့သည်။

အခြားသော ပြင်းထန်သည့် ဒဏ်ရာမျိုး လုံးဝမရှိပေ ။

ထင်ရှားလှသည်မှာ ဤတစ်ကြိမ်တွင် ရှုချွမ်းက အပြတ်အသတ် အသာစီးရသွားခဲ့ခြင်း ဖြစ်ပြီး ရွှေယိချန်း ရှုံးနိမ့်သွားခဲ့ရခြင်းပင်။

သို့သော်လည်း ဤခန္ဓာကိုယ်မှာ ယန်ရှန်း၏ ခန္ဓာကိုယ်ဖြစ်ပြီး သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်မဟုတ်သဖြင့် ရွှေယိချန်းမှာ နာကျင်မှုကို မခံစားရပုံပေါ်ကာ စုတ်ပြတ်သတ်နေသော လက်မောင်းကို ဂရုမစိုက်ဘဲ ရှုချွမ်းကိုသာ သေသေချာချာ စိုက်ကြည့်နေခဲ့သည်။

ရွှေယိချန်း၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများအပြင် နက်ရှိုင်းလှသော ထိတ်လန့်ကြောက်ရွံ့မှုများပါ ကပ်ပါလာခဲ့ပြီ ဖြစ်၏။

ရှုချွမ်း၏ ခွန်အားမှာ သူ၏ ခန့်မှန်းချက်ထက် များစွာ ကျော်လွန်နေခဲ့ကြောင်း သူ ဝန်ခံရပေမည်။

သူ ရှုချွမ်းကို အနိုင်မတိုက်နိုင်တော့ပေ ၊ အကယ်၍ ဤအတိုင်း ဆက်သွားနေပါက သေဆုံးမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။

ဤအချက်က သံသယဝင်ဖွယ် မရှိပေ။

နင်ယို့ချီမှာ ရှုချွမ်း အသာစီးရနေသည်ကို မြင်တွေ့ရချိန်တွင် အလွန်အမင်း ဝမ်းသာသွားခဲ့ရ၏။

"ရှုချွမ်း... ဆက်လုပ်ထား..."

"ဝိညာဉ်အိုကြီးကို သတ်ပစ်လိုက်..."

နင်ယို့ချီက သူမ၏ လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးလိုက်တော့သည်။

သူမက မဟာဝေဧကရာဇ်မင်းဆက်၏ မင်းသမီးလေးတစ်ပါးဟူသော ဂုဏ်ပုဒ်ကိုပင် လုံးဝ ဂရုမစိုက်နိုင်တော့ပေ ။

သူမက ယန်ရှန်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ကာလရှည်ကြာ ခံခဲ့ရသဖြင့် စုဆောင်းမိနေသော အမုန်းတရားများကို ဤနေရာ၌ အကုန်အစင် ပေါက်ကွဲထုတ်ဖော်လိုက်ခြင်း ဖြစ်ပုံရသည်။

"မင်း တကယ်ပဲ သန်မာပါတယ်... ဒါပေမဲ့ ဒါက မင်းရဲ့ အဆုံးသတ်ပဲ..."

ရွှေယိချန်းက အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ဤစကားကို ပြောလိုက်၏။

သူ အသက်နှင့်လဲ၍ တိုက်ခိုက်ရတော့မည် ဖြစ်သည်။ အကယ်၍ ဤအတိုင်း ဆက်သွားနေပါက သေတွင်းထဲသို့ သက်ဆင်းရုံသာ ရှိတော့ပေသည်။

ဤအခိုက်အတန့်တွင် ယန်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြယ်တာရာအလင်းတန်းများဖြင့် လွှမ်းခြုံသွားခဲ့ပြီး မှောင်မိုက်နေသော ရှေးဟောင်းစစ်မြေပြင်အတွင်း၌ 'ကြယ်တာရာနတ်ဘုရား' တစ်ပါးအလား ဖြစ်ပေါ်လာခဲ့တော့သည်။

ရေတွက်၍မရနိုင်သော အလင်းစက်ကလေးများက သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ကြယ်တာရာကောင်းကင်ကြီးတစ်ခုအလား အရောင်အသွေး ခြယ်မှုန်းလိုက်၏။

သို့သော်လည်း ခန္ဓာကိုယ်အတွင်း၌ ရှိနေသော ယန်ရှန်းမှာမူ ရွှေယိချန်း ဤတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်ကို မြင်တွေ့လိုက်ရချိန်တွင် မျက်နှာအမူအရာ ချက်ချင်း ပျက်သွားခဲ့ရတော့သည်။

"ဆရာ... မလုပ်ပါနဲ့..."

သူက ခန္ဓာကိုယ်အတွင်းမှနေ၍ အော်ဟစ်တားဆီးလိုက်ပြီး ခန္ဓာကိုယ်ထိန်းချုပ်မှုကို ပြန်လည်ရယူရန် ကြိုးပမ်းလိုက်၏။

သို့သော် သူ၏ ဝိညာဉ်စွမ်းအားက ရွှေယိချန်းကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သူက ရွှေယိချန်း၏ ဖိနှိပ်ခြင်းကို အလွယ်တကူ ခံလိုက်ရတော့သည်။

"တပည့်... ငါ့ရဲ့ လက်စွပ်က ဝိညာဉ်တစ်ခုကို ချိတ်ပိတ်ထားနိုင်စဲပဲ... ဒီနေ့ပြီးရင် မင်းနဲ့ငါ အဲဒီထဲမှာပဲ ပုန်းကွယ်အိပ်စက်ရင်း ကံပါတဲ့လူတစ်ယောက်ကို စောင့်ဆိုင်းကြတာပေါ့..."

ရွှေယိချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ ယခုအသုံးပြုလိုက်သော တိုက်ကွက်မှာ ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့သော 'ကြယ်တာရာဆင့်ခေါ်ခြင်း မဟာကျင့်စဉ်' ပင် ဖြစ်၏။

၎င်းက ခန္ဓာကိုယ်၏ အသက်စွမ်းအားကို အသုံးပြုလျက် ကြယ်တာရာများ၏ ခွန်အားကို ချက်ချင်း ဆင့်ခေါ်ကာ သူ့ကိုယ်သူ အဆမတန် မြင့်တက်စေပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ဤတိုက်ကွက်တွင် သေစေနိုင်သော ဘေးထွက်ဆိုးကျိုးတစ်ခု ရှိနေခဲ့သည်၊ ၎င်းကို အသုံးပြုပြီးနောက်တွင် ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားမည်ဖြစ်ပြီး စိတ်ဝိညာဉ်လည်း အပြင်းအထန် ထိခိုက်ပျက်စီးသွားမည် ဖြစ်၏။

ကြယ်တာရာခွန်အား အလွှာလိုက်မှာ ယန်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ စုစည်းရောက်ရှိလာခဲ့ပြီး ဤစွမ်းအားလှိုင်းများမှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၇ သို့ သိသိသာသာ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"သူ ထပ်ပြီး သန်မာလာပြန်ပြီလား..."

ရှုချွမ်းက သိပ်သည်းလှသော ကြယ်တာရာခွန်အားများနှင့် ရွှေယိချန်း၏ အဆက်မပြတ် မြင့်တက်လာသော ခွန်အားများကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာမှာ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော တိုက်ပွဲဝင်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့ခြင်း ဖြစ်၏။

ရှုချွမ်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ ဤခြေလှမ်းတစ်လှမ်းကပင် လေထုထဲ၌ အသံလွန်ပေါက်ကွဲသံကို ဖြစ်ပေါ်စေခဲ့ပြီး ထိုခြေလှမ်းနောက်ကွယ်ရှိ ကြီးမားလှသော ခွန်အားကို ပြသနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှုချွမ်း၏ နောက်ကျောဘက်၌ နေမင်းကြီးများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာခဲ့ပြီး မကြာမီမှာပင် ကောင်းကင်ယံ၌ 'နေမင်းဆယ်စင်း တည်ရှိ နေခြင်း' ဟူသော ထူးခြားဆန်းပြားသည့် ဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

ထိုဖြစ်စဉ် ပေါ်ထွက်လာသည်နှင့်အမျှ ခန့်ညားထည်ဝါလှသော ဖိအားကြီးတစ်ခုကလည်း ဟိန်းဟောက်လျက် ရွှေယိချန်းထံသို့ တိုးဝင်ဖိနှိပ်သွားခဲ့၏။

"ဒီနေ့ မင်းကို ငါ တစ်ခု ပြောပြလိုက်မယ်..."

"ခေတ်တွေ ပြောင်းသွားပြီ..."

"မင်းတို့လို ခေတ်ဟောင်းက အကြွင်းအကျန်တွေက သွားသင့်တဲ့နေရာကိုပဲ သွားကြစမ်းပါ... သေသင့်တဲ့လူတွေလည်း မြန်မြန် သေလိုက်ကြစမ်း..."

ရှုချွမ်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ပြောလိုက်သည်။

ထို့နောက် သူက လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်ရာ နေမင်း၏ အစွမ်းထက်စွမ်းအားများ ပျံ့နှံ့သွားခဲ့ပြီး သူ၏ နောက်ကွယ်ရှိ နေမင်းဆယ်စင်းက သူ၏ လက်သီးချက်ကို ခွန်အား ဖြည့်ဆည်းပေးလိုက်တော့သည်။

ကမ္ဘာကို တုန်ခါစေမည့် လက်သီးအော်ရာကြီးတစ်ခု ချက်ချင်း ထင်ရှားပေါ်ထွက်လာခဲ့၏။

သို့သော် ဤမျှနှင့်တင် မပြီးသေးပေ ။

ရှုချွမ်းက 'ဝမ်ကျီဓား'ကို ထပ်မံ လည်ပတ်လိုက်ပြန်ရာ ဓားရှည်ကြီးက ကောင်းကင်ယံကို ဖြတ်သန်းကာ လွန်စွာ စူးရှတောက်ပသော ငွေရောင်မျဉ်းကြောင်းတစ်ကြောင်းကို ချန်ရစ်ခဲ့သည်။

လျှံထွက်လာသော ဓားချီအလင်းတန်းများက တစ်ဖက်လူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ထိုအထဲသို့ ဆွဲသွင်းကာ အစိတ်စိတ်အမွှာမွှာ တွန်းပို့ခြေမှုန်းပစ်တော့မည့်အလား ထင်မှတ်ရပေသည်။

ခရက်...

ဤပြင်းထန်လှသော လက်သီးချက်မှာ ရွှေယိချန်းတစ်ယောက် တုံ့ပြန်ရန် အချိန်ပင်မရလိုက်မီမှာပင် သူ၏ ရင်ဘတ်ထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့ရတော့၏။

All Chapters