အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း (၁၅၆) ထိုက်ယင်နတ်သမီး၏ အရှိန်အဝါ၊ ယင်ယန်သဟဇာတဖြစ်ခြင်း
"အမွေအနှစ်လား..."
ရှုချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ နင်ယို့ချီက ဤနေရာ၌ အမွေအနှစ်တစ်ခု ရရှိလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ ။
ထို့အပြင် ၎င်းက မည်ကဲ့သို့သော အမွေအနှစ်မျိုး ဖြစ်နေမည်နည်း။
ယခုအခိုက်အတန့်တွင် နင်ယို့ချီမှာ တင်ပျဉ် ခွေ ထိုင်လိုက်ပြီး သူမ၏ လှပသော မျက်ဝါးများကို မှိတ်လျက် စစ်မှန်သော အမွေအနှစ် ပေါင်းစပ်ခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ရှုချွမ်းအနေဖြင့် မနာလိုဝန်တိုခြင်းမျိုး မရှိပေ ။ သူကိုယ်တိုင်လည်း 'နန်ချန်းယု' ၏ အမွေအနှစ်ကို ရရှိထားခြင်းဖြစ်ပြီး ယခုအချိန်အထိပင် အပြည့်အဝ မချေဖျက်နိုင်သေးရာ အခြားသူများ၏ အမွေအနှစ်အပေါ် လောဘတက်စရာ အကြောင်းမရှိပေ။
သူက 'လောဘကြီးလျှင် လည်ပင်းဆို့တတ်သည်' ဟူသော စကားပုံကို ကောင်းစွာ နားလည်ထားသူ ဖြစ်၏။
သူ၏ လက်ရှိ အမွေအနှစ်များဖြင့်ပင် ဧကရာဇ်အရှင် နယ်ပယ်သို့ ကျင့်ကြံတက်လှမ်းရန် လုံလောက်လှပေပြီ။
ရှုချွမ်းက နင်ယို့ချီ၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်လိုက်ပြီး ၏ခြေတစ်လှမ်းမျှမရွေ့ဘဲ ကျင့်ကြံရင်း စောင့်ရှောက်ပေးနေခဲ့သည်။
တစ်ရက်ခန့် ကြာမြင့်ပြီးနောက်တွင်မှ နင်ယို့ချီ၏ ခန္ဓာကိုယ်ထံ၌ နောက်ဆုံး၌ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့တော့၏။
"တောက်..."
နန်းတော်ကြီးအတွင်း၌ ကြည်လင်ပြတ်သားသော အသံတစ်သံ ပျံ့လွင့်လာခဲ့ပြီး ရှုချွမ်းကို ကျင့်ကြံခြင်းအခြေအနေမှ ချက်ချင်း နိုးထသွားစေခဲ့သည်။
ထိုအသံမှာ ကောင်းကင်ကိုးခုမှ နတ်ဘုရားတေးသံကဲ့သို့ပင် စိတ်ဝိညာဉ်ကို ဆေးကြောပေးနိုင်စွမ်းရှိပြီး ကြားရသူတိုင်း၏ စိတ်ကို ကြည်လင်လန်းဆန်းသွားစေ၏။
တစ်ချိန်တည်းမှာပင် နန်းတော်အတွင်း၌ ငွေရောင်နတ်ဘုရားပန်းမန်များ လွင့်ပျံကျဆင်းလာခဲ့ပြီး လန်းဆန်းတည်ငြိမ်လှသော ထိုက်ယင်စွမ်းအား များကို ထုတ်လွှတ်ပေးနေခဲ့သည်။
နင်ယို့ချီက ဤစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေခဲ့တော့၏။
သူမ ဤစွမ်းအားများကို စုပ်ယူလိုက်သည်နှင့်အမျှ နန်းတော်အထက်ရှိ တောက်ပသော လမင်းကြီးသည်လည်း ကမ္ဘာလှုပ်မတတ် အပြောင်းအလဲများနှင့် ကြုံတွေ့လာခဲ့ရသည်။
ကြီးမားလှသော လမင်းကြီးမှာ တဖြည်းဖြည်း သေးငယ်ကျုံ့ဝင်လာခဲ့ပြီး ၎င်း၏ ထိုက်ယင်နတ်ဘုရားစွမ်းအားများကို နင်ယို့ချီက မပြတ်တမ်း စုပ်ယူနေခဲ့ခြင်း ဖြစ်၏။
နောက်ဆုံး ထိုက်ယင်စွမ်းအား အကြွင်းအကျန်လေးကို နင်ယို့ချီ စုပ်ယူပြီးသွားချိန်တွင်မူ အပြင်ရှိ တောက်ပသော လမင်းကြီးမှာ အလုံးစုံ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။
တစ်ဆက်တည်းမှာပင် နန်းတော်အတွင်းရှိ နင်ယို့ချီ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အထက်သို့ မျောလွင့်သွားခဲ့ပြီး သူမ၏ မျက်ခုံးအလယ်ဗဟိုတွင် တောက်ပသော လမင်းပုံသဏ္ဌာန် ငွေရောင်အမှတ်အသားတစ်ခု ထင်ရှားစွာ တောက်ပလာခဲ့၏။
သူမ၏ ဦးခေါင်းနောက်ကွယ်တွင် တောက်ပလှသော လမင်းအလင်းကွင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး လရောင်အလွှာလွှာမှာ နန်းတော်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။
ယခုအခါတွင်မူ ကြယ်တာရာ အဆီအနှစ်များကို အသုံးမပြုလျှင်ပင် ဤနန်းတော်ကြီးအတွင်း၌ အလင်းရောင်မှာ လုံလောက်စွာ တောက်ပနေခဲ့ပြီ ဖြစ်ရာ နင်ယို့ချီမှာ လမ်းလျှောက်နေသော လမင်းငယ်လေးတစ်စင်းကဲ့သို့ပင် ဖြစ်နေခဲ့ချေပြီ။
နင်ယို့ချီ၏ ကိုယ်ပေါ်မှ သန့်ရှင်းမွန်မြတ်ပြီး ခန့်ညားထည်ဝါလှသော ထိုက်ယင်နတ်သမီးကဲ့သို့သော အော်ရာ များ ထွက်ပေါ်နေခဲ့သည်။
ဤအော်ရာ နှင့် ရင်ဆိုင်လိုက်ရချိန်တွင် ရှုချွမ်းပင်လျှင် ဒူးထောက်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရ၏။
သို့သော် နောက်ဆုံးတွင် ရှုချွမ်းက သူ့ကိုယ်သူ အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သော အချိန်အပြီးတွင် နင်ယို့ချီက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်၏။
သူမ၏ မျက်ဝါးများထဲမှ အရာခပ်သိမ်းကို ထိုးထွင်းမြင်နိုင်စွမ်းရှိသော နတ်ဘုရားအလင်းတန်းများ ထွက်လာခဲ့သည်။
ယခုအခိုက်အတန့်တွင် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ကမ္မနယ်ပယ် အဆင့် ၈ သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။
နိုးထလာခဲ့သော နင်ယို့ချီက သူမ၏ စစ်မှန်သော ချီစွမ်းအားအားလုံးကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ရာ ဦးခေါင်းနောက်ကွယ်ရှိ အလင်းကွင်းမှာလည်း တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားခဲ့သည်။
သူမက အသက် ၁၆ နှစ်အရွယ် ပြိုင်ဘက်ကင်းလှပသော မိန်းမပျိုလေးတစ်ဦးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး နန်းတော်အထက်မှ ဖြည်းညင်းစွာ ဆင်းသက်လျက် ရှုချွမ်းထံသို့ လျှောက်လှမ်းလာခဲ့၏။
ရှုချွမ်းက ပြုံးပြလိုက်ပြီး နင်ယို့ချီ ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ရှုချွမ်း..."
ရှုချွမ်း၏ အရှေ့သို့ ရောက်ရှိလာချိန်တွင် နင်ယို့ချီက တောက်ပစွာ ပြုံးပြလိုက်ပြီးနောက် ရှုချွမ်း၏ ရင်ခွင်ထဲသို့ ဖက်လိုက်တော့သည်။
ပြိုင်ဘက်ကင်း အလှနတ်သမီးလေးက ဤမျှအထိ ဦးဆောင်လာခဲ့ပြီးနောက်တွင်မူ အမြဲတမ်း တည်ငြိမ်လှသော ရှုချွမ်းပင်လျှင် စိတ်လွတ်ကိုယ်လွတ် ဖြစ်စပြုလာခဲ့ရပြီ ဖြစ်၏။
"ဘယ်လို ခံစားရလဲ..."
ရှုချွမ်းက အကြောင်းအရာကို အမြန်ပြောင်းလဲကာ နင်ယို့ချီ၏ အခြေအနေကို မေးမြန်းလိုက်သည်။
"အရမ်းကောင်းတယ်... အရင်ကထက် ဘယ်အချိန်နဲ့မဆို ပိုပြီးတော့ ကောင်းနေသလိုပဲ..." နင်ယို့ချီက ခဏမျှ စဉ်းစားပြီးနောက် ဝမ်းမြောက်စွာ ပြော လိုက်၏။
"ခုနက အခြေအနေက ဘာဖြစ်တာလဲ..." ရှုချွမ်းအနေဖြင့် အမွေအနှစ် ပေါင်းစပ်ခြင်းများကို မြင်တွေ့ဖူးသော်လည်း ဤမျှအထိ ခမ်းနားထည်ဝါသော ဖြစ်စဉ်မျိုးကိုမူ တစ်ခါမျှ မမြင်တွေ့ဖူးပေ ။
"အရိုးစုက ကွယ်လွန်သွားခဲ့တဲ့ 'ထိုက်ယင်မျိုးနွယ်စု ' က စီနီယာတစ်ယောက် ချန်ထားခဲ့တာပဲ။ ကျွန်မ အဲ့အရိုးစုကို ထိတွေ့လိုက်တဲ့ တခဏမှာပဲ ကျွန်မရဲ့ ထိုက်ယင်သွေးမျိုးဆက်က အရိုးစုထဲမှာ ကျန်ရှိနေတဲ့ အဲဒီစီနီယာရဲ့ အသိစိတ်ကို နိုးထသွားစေခဲ့ပြီး သူမ သေဆုံး ခါနီး နောက်ဆုံးအချိန်မှာ သူမရဲ့ 'ထိုက်ယင်နတ်သမီး အရှိန်အဝါ' အစိတ်အပိုင်းအချို့ကို ကျွန်မထံ လွှဲပြောင်းပေးခဲ့တာ။ ပြီးတော့ ကြီးမားလှတဲ့ ထိုက်ယင်စွမ်းအားတွေက ကျွန်မရဲ့ သွေးမျိုးဆက်ကို အပြည့်အဝ နိုးထစေခဲ့ပြီး သွေးမျိုးဆက်ထဲက အမွေအနှစ်တွေက ကျွန်မအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသွားခဲ့ပြီ..."
"အခုအချိန်ကစပြီး ကျွန်မက စစ်မှန်တဲ့ ထိုက်ယင်နတ်သမီး ဖြစ်သွားခဲ့ပြီ။ ကျွန်မရဲ့ သိုင်းတာအို ကျင့်ကြံခြင်းလမ်းစဉ်ဟာလည်း ဘာအတားအဆီးမှမရှိဘဲ ဧကရာဇ်အရှင် နယ်ပယ်အထိ တိုက်ရိုက် ရောက်ရှိသွားနိုင်ပြီ ယ ဒါပေမဲ့ ဒီထိုက်ယင်နတ်သမီး အရှိန်အဝါရဲ့ တိကျတဲ့ အသုံးဝင်ပုံကိုတော့ ကျွန်မ သေသေချာချာ မသိသေးဘူး..."
ယခုအခိုက်အတန့်တွင် နင်ယို့ချီမှာ ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့ပြီး သူမ၏ အပြုံးများက ကောင်းကင်ယံအထိ တောက်ပနေခဲ့ကာ ယခင်က လိုက်လံသတ်ဖြတ်ခံရသော စိတ်ဒဏ်ရာများမှ အလုံးစုံ ပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်၏။
သူမက ယုံကြည်မှုအပြည့်ရှိသော မဟာဝေ မင်းသမီးလေးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ။
"ရပါတယ်... နောက်ပိုင်းကျရင် တဖြည်းဖြည်းချင်း နားလည်သွားမှာပါ..." ရှုချွမ်းက နှစ်သိမ့်ပေးလိုက်၏။
"အင်း..."
"အခုဆိုရင် ကျွန်မ ရှင့်ကို လိုက်မှီနိုင်ဖို့အတွက် အရင်းအနှီး ရှိသွားပြီ..." နင်ယို့ချီက ပျော်ရွှင်စွာ ပြော လိုက်သည်။
"ဒါဆိုရင်တော့ ငါလည်း ပိုပြီး ကြိုးစားရတော့မှာပဲ။ မင်းကို ဒီလောက်လွယ်လွယ်နဲ့တော့ အမီလိုက်ခွင့် မပေးနိုင်ဘူးလေ..."
ဤအရာများနှင့် ပတ်သက်၍ ရှုချွမ်းက အမှန်တကယ် စိုးရိမ်ပူပန်ခြင်း မရှိပေ ။
ဤဘဝတွင် နင်ယို့ချီက သူ့ကို မည်သို့မျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်ဘဲ သူ၏ စကားများမှာ သူမကို ယုံကြည်မှု တိုးစေရန် ပြောခြင်းသာ ဖြစ်၏။
"ဟွန့်..."
နင်ယို့ချီက ရှုချွမ်း၏ ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ညင်သာစွာ ထုလိုက်ပြီး ချိုသာသော လေသံဖြင့် ပြော လိုက်သည်။
ထို့နောက်တွင် နင်ယို့ချီက ရှုချွမ်း လုံးဝ မမျှော်လင့်ထားသော အပြုအမူတစ်ခုကို ထပ်မံပြုလုပ်လိုက်ပြန်၏။ ရှုချွမ်းက နင်ယို့ချီ၏ ပူနွေးလှသော နှုတ်ခမ်းအစုံက သူ၏ နှုတ်ခမ်းပေါ်သို့ ဖိကပ်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ နူးညံ့ဖြူစင်သော လက်မောင်းလေးများက သူ၏ လည်ပင်းကို တင်းကျပ်စွာ သိုင်းဖက်လာခဲ့သည်။
၎င်းက လုံးဝ ရုန်းထွက်၍ မရနိုင်လောက်အောင်ပင် ဖြစ်၏။
ဤကဲ့သို့သော အခြေအနေကို ရှုချွမ်း မည်သို့လျှင် အောင့်အည်းသည်းခံနိုင်ပါမည်နည်း။
နင်ယို့ချီက ထိုက်ယင်စွမ်းအား မြောက်မြားစွာကို စုပ်ယူထားခဲ့ပြီးဖြစ်ရာ ရှုချွမ်း၏ မျက်စိထဲတွင် လွန်စွာ ဆွဲဆောင်မှုရှိသော ရတနာလေးတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့ပြီ။
စောစောက ထိတွေ့မိစဉ်ကပင် သူ စိတ်မထိန်းနိုင် ဖြစ်လုနီးပါး ဖြစ်ခဲ့ရပြီး ယခုအခါတွင်မူ သူမက ပို၍ပင် ဦးဆောင်လာခဲ့ချေပြီ ။
ရှုချွမ်းက နင်ယို့ချီ ဘာလုပ်ချင်နေသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သူ၏ စိတ်ရိုင်းများ တောက်လောင်လာခဲ့ပြီး ရှုချွမ်းက 'ရွှေရောင်ရှေးဟောင်းနန်းတော်' ကို ချက်ချင်း ထုတ်လွှတ်လိုက်ကာ ပုံရိပ်တစ်ခု ဖြတ်သန်းသွားပြီးနောက် ရှေးဟောင်းနန်းတော် ကမ္ဘာအတွင်းရှိ ခြံ ဝင်းတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြတော့သည်။
၎င်းမှာ ရှုချွမ်းက သူ့ကိုယ်သူ့အတွက် ပြင်ဆင်ထားသော အိမ်လေး ဖြစ်ပြီး အတွင်းရှိ အရာအားလုံးကို ပြင်ဆင်ထားသော်လည်း တစ်ခါမျှ အသုံးမပြုရသေးပေ ။
သို့သော် မမျှော်လင့်ဘဲ ယနေ့တွင် အသုံးဝင်လာခဲ့ချေပြီ။
ရှုချွမ်းက နင်ယို့ချီကို ကုတင်ပေါ်သို့ ညင်သာစွာ လှဲချလိုက်သည်။
ယခုအခိုက်အတန့်တွင် အိမ်အပြင်၌ အေးမြသော လေပြေများ တိုက်ခတ်နေခဲ့ပြီး မိုးဖွဲလေးများ ကျဆင်းလျက် အိမ်ခြံ ဝင်းအတွင်းရှိ ပန်းမန်များကို စိုစွတ်စေခဲ့သည်။
အိမ်အတွင်း၌မူ ယင်နှင့်ယန်တို့ အပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့နေခဲ့ကြပြီး ၎င်းတို့၏ နှလုံးသားထဲရှိ ခံစားချက်များကို လွတ်လပ်စွာ ထုတ်လွှတ်နေခဲ့ကြတော့၏။
ဘဝနှစ်ခုစလုံးတွင် လူပျိုသိုးကြီး ဖြစ်ခဲ့ရသော ရှုချွမ်းမှာမူ ပထမဦးဆုံးအကြိမ်အဖြစ် ထူးခြားဆန်းပြားသော ခံစားချက်ကို မြည်းစမ်းခွင့် ရရှိသွားခဲ့ရပြီ ဖြစ်သည်။
ရှုချွမ်းအနေဖြင့် နင်ယို့ချီ၏ လှပမှုကို ဤကဲ့သို့သော ကွဲပြားခြားနားသည့် ရှုထောင့်မှ ပထမဦးဆုံးအကြိမ်အဖြစ် ခံစားကြည့်ခွင့် ရရှိခဲ့ခြင်း ဖြစ်၏။
ဤသို့ဖြင့် ညနက်ပိုင်းအထိ ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။
ပြတင်းပေါက် အပြင်ဘက်တွင် မိုးဖွဲလေးများ ပြန်လည်ကျဆင်းလာခဲ့ပြီး နင်ယို့ချီက ပြတင်းပေါက်ဘေးတွင် ရပ်လျက် စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်တွေးတောရင်း ကျေနပ်နေခဲ့မိသည်။
ယခုအချိန်အထိပင် သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းနေဆဲ ဖြစ်၏။
မူလက သူမ ရရှိခဲ့သော ဆုံးမမှုများအရ ဤကဲ့သို့သော အပြုအမူမျိုးကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ ။
သို့သော် မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပါစေဦးတော့ သူမ ၎င်းကို ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။
စင်စစ်အားဖြင့် သူမ နောင်တရခြင်းမျိုး မရှိပေ ။
သူမ၏ နှလုံးသားထဲတွင် လွန်ခဲ့သော အချိန်ကတည်းက ရှုချွမ်းတစ်ဦးတည်းကိုသာ ဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အိပ်ပျော်နေသော ရှုချွမ်းကို ကြည့်ရင်း သူမက လှပစွာ ပြုံးမိလိုက်ပြီး တစ်ခုခုကို သတိရသွားကာ ထရပ်လိုက်ပြီး သေသေချာချာ ပိတ်မထားသော ပြတင်းပေါက်ကို လှမ်းပိတ်လိုက်သည်။
ဤအသံက ရှုချွမ်းကို ထပ်မံ နိုးထသွားစေခဲ့၏။
ရှုချွမ်းက မျက်လုံးများကို တစ်ဝက်မျှ ဖွင့်ကြည့်လိုက်ရာ အလှနတ်သမီးလေး၏ ပြိုင်ဘက်ကင်းသော ကိုယ်လုံးကိုယ်ပေါက်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏ စိတ်ဓာတ်နှင့် အားအင်များမှာ ချက်ချင်း ပြန်လည်ပြည့်ဝလာခဲ့ရပြန်သည်။
သူက ထရပ်လိုက်ပြီး နင်ယို့ချီကို အနောက်မှနေ၍ သိုင်းဖက်လိုက်တော့၏။
"တောက်... တောက်... တောက်..."
ပြတင်းပေါက်အပြင်ဘက်တွင် မိုးစက်မိုးပေါက်လေးများ အဆက်မပြတ် ကျဆင်းနေခဲ့ပြီး မိုးပေါက်သံများက အိမ်အတွင်းသို့ ပျံ့လွင့်လာခဲ့ကာ အထဲရှိ လူနှစ်ဦးကို တစ်ညလုံး မအိပ်နိုင်အောင် ဆွဲဆောင်နေခဲ့တော့သည်။
...
ထွက်ပေါ်လာသော နေမင်းကြီးက နေ့သစ်တစ်ခု၏ အစပြုခြင်းကို ဖော်ညွှန်းနေခဲ့ပြီး အိမ်ခြံ ဝင်းအတွင်းရှိ ပန်းမန်များမှာလည်း ထိုညက အပြည့်အဝ ပွင့်လန်းသွားခဲ့ကြပြီ ဖြစ်သည်။
နေရောင်ခြည်က ပန်းမန်များပေါ်သို့ ဖြန်းပက်ကျဆင်းလာခဲ့ပြီး ဆီးနှင်းစက်များ၏ အလင်းပြန်မှုကြောင့် ပိုမို၍ ဆွဲဆောင်မှု ရှိနေခဲ့၏။
ရှုချွမ်းက ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျက် သူ့ ဘေးတွင် အိပ်ပျော်နေသော အလှနတ်သမီးလေးကို ကြည့်ကာ သဘောတကျ ပြုံးမိလိုက်သည်။
အနည်းငယ် ရေဆာသကဲ့သို့ ခံစားရသဖြင့် ရှုချွမ်းက ထရပ်၍ ရေသောက်ရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း သူ ကုတင်ပေါ်မှ ဆင်းရန် တစ်ကိုယ်လုံးကို လှည့်လိုက်သည့် တခဏ၌ပင် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ နုံးချိနေသော ခံစားချက်တစ်ခုက သူ့ကို ချက်ချင်း လွှမ်းမိုးသွားခဲ့တော့သည်။
ချက်ချင်းပင် ရှုချွမ်းက ကုတင်ပေါ်သို့ ပြန်လည်လှဲချလိုက်ရင်း စိတ်ထဲမှ တွေးတောလိုက်မိတော့၏။
'ဘာပဲဖြစ်ဖြစ်... ဖြစ်သမျှ ဖြစ်ပါစေတော့...'
အမှန်တကယ်ပင် 'နွားသာ သေသွားမယ်၊ လယ်ကွက်ကတော့ ကျန်ရစ်မှာပဲ' ဟူသော ရှေးလူကြီးများ၏ စကားပုံမှာ မှန်ကန်လှပေသည်။ ရှေးလူကြီးတွေက ငါ့ကို တကယ်ပဲ လိမ်ညာခဲ့ခြင်း မရှိပါလား...။