ဟင်္သာငှက်နတ်ကလန်
Vol. 022 Ch. 1079
မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် မဟာမိတ်အဖွဲ့ကြီးပင် မထိန်းချုပ်နိုင်သည့် နေရာအနည်းငယ် ရှိလေ၏။ မဟာမိတ်အဖွဲ့ကြီးက မည်မျှပင် ကြီးမားပါစေ သူတို့ထဲမှ တစ်ယောက်တလေတောင် ထိုနေရာများသို့ ခြေတစ်ဝက် မချနိုင်ကြပေ။
လူတစ်ယောက်သည် သည်နေရာသို့ ဝင်ရောက်ပါက ရှင်သန်နိုင်ဖို့ အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများပင် သည်နေရာထဲသို့ ခြေလှမ်းတစ်ဝက်ပင် မလှမ်းဝံကြပေ။
နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများသည် ဝင်ရောက်ရဲကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့သည်ပင် အဆုံးစွန်သတိထားရကာ အမှားတစ်ခုလုပ်မိသည်နှင့် သေဆုံးသွားနိုင်သည်။
သည်နေရာများကို မဟာမိတ်အတွင်းရှိ တားမြစ်ဇုံများဟု ခေါ်တွင်ကြ၏။ မဟာမိတ်အတွင်းရှိ ဒုတိယအဆင့်ကျင့်ကြံခြင်းသို့ ရောက်ရှိသူတိုင်း သည်နေရာများထဲမှ အချို့ကို သိရှိကြသည်။
တားမြစ်ဇုံအတွင်း၌ အမြဲလောင်ကျွမ်းနေသော နေရာတစ်ခု ရှိ၏။ အကြည့်တစ်ချက်ဖြင့်ပင် သည်ကြယ်နယ်မြေတစ်ခုလုံးက မီးတောက်ပင်လယ်များနှင့် ဖုံးလွှမ်းနေသည်ကို တွေ့နိုင်သည်။ ထိုမီးတောက်များထံမှလည်း ကြောက်မက်ဖွယ်အပူဓာတ်ကို ပေးစွမ်းနေ၏။
ထိုမီးတောက်ပင်လယ်များမှာ ချင်းလင်၏ ကောင်းကင်ဘုံလောင်ကျွမ်းခြင်းမန္တန်မှ မီးတောက်များနှင့် ခြားနား၏။ ကောင်းကင်ဘုံလောင်ကျွမ်းခြင်းသည် အစွမ်းထက်မန္တာန်တစ်ခုဖြစ်ကာ သည်နေရာရှိ မီးတောက်များကတော့ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းပင်။
ပြောကြသည်ကတော့ ဤမီးတောက်ပင်လယ်များက ကောင်းကင်ဘုံနယ်မြေ ရှိစဉ်ကတည်းက တည်ရှိခဲ့သည်ဟု ဆိုကြ၏။ ရှေးဦးခေတ်ကတည်းက တည်ရှိခဲ့သည်ဟု ဆိုနိုင်၏။
သည်မီးတောက်များ မည်မျှကြာအောင် လောင်ကျွမ်းနေခဲ့သည်ကို မည်သူမျှ မသိကြပါ။ ကျင့်ကြံသူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ ကောင်းကင်ဘုံနယ်မြေ ပျက်စီးခြင်း၊ ရှေးဟောင်းကျင့်ကြံခြင်းကမ္ဘာ ကွယ်ပျောက်သွားခြင်း စသည့်စသည့်အရာများ ဖြစ်ခဲ့လျှင်ပင် ဤထာဝရမီးတောက်များကတော့ လောင်ကျွမ်းနေဆဲပင်။
မည်သည့်အားကြောင့် မည်သည့်စွမ်းအားကြောင့် သည်မီးတောက်ပင်လယ်များ ထာဝရ လောင်ကျွမ်းကာ အချိန်တိုက်စားမှုအောက်၌ပင် မငြိမ်းသေရသနည်း။ ထိုအဖြေကို မည်သူမျှ မသိပါ။
နှစ်ပေါင်း မရေမတွက်နိုင်အောင် လောင်ကျွမ်းပြီးသည့်နောက် ဂြိုဟ်များ၊ကျောက်တုံးများသည်လည်း ပျောက်ကွယ်သွားကြကာ အခုချိန်၌ ဂြိုဟ်ကိုးလုံးသာ ကျန်တော့၏။၎င်းတို့က စက်ဝန်းတစ်ခုလို ဖြစ်တည်နေကြသည်။
ဂြိုဟ်ကိုးလုံးကသာ အံ့ချီးဖွယ်မီးတောက်များကို တောင့်ခံနိုင်စွမ်း ရှိကြ၏။
ထိုဂြိုဟ်ကိုးလုံးပတ်လည်၌ သိပ်သည်းသောမီးတောက်များ ဝန်းရံနေဆဲသာ ဖြစ်၏။
ဂြိုဟ်ကိုးလုံး၏ ဦးဆုံးဂြိုဟ်၌ ပင်လယ်သမုဒ္ဒရာပင် မရှိပေ။လွန်ခဲ့သော အချိန်များစွာကတည်းက ပင်လယ်ပြင်သည် အငွေ့ပြန်ကာ ခြောက်ခမ်းသွားခဲ့ခြင်း ဖြစ်၏။
ဤဂြိုဟ်ပေါ်၌ စိမ်းလန်းမှု မရှိသည်ကိုလည်း အကြည့်တစ်ချက်ဖြင့်ပင် သိနိုင်သည်။ ဂြိုဟ်ပေါ်ရှိ အပင်များသည်ပင် မီးရောင်နီနေ၏။
ထိုအပင်များသည် ဤသို့သော အခြေအနေအောက်၌ ရှင်သန်နိုင်နေခြင်းသည်ပင် ရိုးရှင်းမှုမရှိခြင်းကို ပြသည်။
သည်နေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များကလည်း သာမန်ကျင့်ကြံခြင်းဂြိုဟ်များကဲ့သို့ မဟုတ်နေပေ။ သည်နေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များထဲပ မီးအဆိပ်ပါဝင်နေပေ၏။
ကျင့်ကြံသူများသည်ပင် ဤမီးအဆိပ်ကို အချိန်ကြာကြာတောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ သည်ကြယ်နယ်မြေကိုတော့ ဟင်္သာငှက်ကုန်းမြေဟု ခေါ်တွင်၏။ သည်ဂြိုဟ်ကိုးလုံးမှာ ဟင်္သာငှက်နတ်ဂြိုဟ်များ ဖြစ်ကြပေ၏။
ပထမဆုံးနတ်ဂြိုဟ်မှာ အလေးစားခံရဆုံး ဖြစ်၏။ထိုဂြိုဟ်၏ တောင်ဘက်ခြမ်း၌ ဧရာမနီရဲသောရုပ်တုတစ်ခု ရှိ၏။ထိုရုပ်တုမှာ မာန်ချီနေသော ဟင်္သာငှက်ပင်။
၎င်း၏အမြှီးက ပြန့်ကားနေပြီး ငါးကီလိုမီတာထိ ဖုံးထား၏။ ၎င်း၏ အမြှီးပင် ထိုမျှ ကြီးမားနေသည်ဆိုပါက ထိုဟင်္သာငှက်ရုပ်တု၏ ခန္ဓာကိုယ်ကမူ ထည့်ပြောစရာပင် လိုတော့မည် မဟုတ်ပါ။
၎င်းဟင်္သာငှက်ကြီးက ကီလိုမီတာရာချီကို နေရာယူထားပြီး ဟင်းလင်းပြင်ထဲကပင် ၎င်းငှက်ရုပ်တုကို တွေ့မြင်နိုင်ပေသည်။
ဟင်္သာငှက်၏မျက်လုံးများမှာ သန့်စင်သောမီးတောက်များနှင့် ဖြစ်ပေါ်နေ၏။ တစ်နာရီတိုင်း မီးအမျှင်တန်းနှစ်ခုမှာ ကောင်းကင်ထက်ကနေ သက်ဆင်း၍ ၎င်းဟင်္သာငှက်၏မျက်လုံးထဲသို့ ဝင်ရောက်နေသည်။
ဤသို့သော နတ်ဟင်္သာငှက်ရုပ်တုမှာ တစ်ခုတည်း မဟုတ်ပေ။ကျန်သည့်ဂြိုဟ်ရှစ်ခုပေါ်တွင်လည်း တူညီသောဟင်္သာငှက်ရုပ်တုများ ရှိနေကြပေ၏။ ထိုရုပ်တုမှာ ဟင်္သာငှက်နတ်ကလန်၏ တော်ဝင်သင်္ကေတ ဖြစ်ချေ၏။
ဟင်္သငှက်ရုပ်တု ပတ်လည်တွင် ထိုင်နေကြသော ကြက်သွေးရောင်ဝတ်စုံနှင့် လူများလည်း ရှိနေကြသည်။ထိုသူများထဲ၌ အမျိုးသားကော အမျိုးသမီးကော ပါဝင်ကြ၏။ သူတို့က သူတို့ပတ်လည်ရှိ မီးတောက်များကို စုပ်ယူနေကြသည်။
ဟင်္သာငှက်အမြှီးကို သုံးပိုင်းခွဲထား၏။ တစ်ပိုင်းစီတွင် အဘိုးအိုတစ်ယောက် ထိုင်နေကြသည်။သူတို့သည် ချိပ်လက်ဟန်များကို ပြုလုပ်ကာ ထူးဆန်းသောမန္တာန်ရွတ်ဆိုနေကြသည်။ ဟင်္သာငှက်အမွှေးတောင်တစ်ခုချင်းစီကနေ မီးတောက်များ ထုတ်လွှတ်ပေးနေ၏။ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ၎င်းမီးတောက်များကို စုပ်ယူနေကြခြင်းပင်။
ဤအရာကား ဟင်္သာငှက်နတ်ကလန်၌ တွေ့ရလေ့ရှိသော မဖြစ်မနေ လုပ်ဆောင်ရသည့် နေ့စဉ်ကျင့်ကြံမှုပင်။ သူတို့က အထွတ်အမြတ်ရုပ်တု၏ စွမ်းအားကို ငှားယမ်းကာ မီးတောက်များ စုပ်ယူကာ ကျင့်ကြံနေကြခြင်းပင်။ ထိုရုပ်တုဘေးနားရှိ လူဆယ့်နှစ်ယောက်ကျော်လောက်အပြင် ရုပ်တုနှင့် ပိုဝေးသည့်နေရာတွင်လည်း လူရာချီ ရှိနေကြ၏။
ရုပ်တုကို ဗဟိုပြု၍ ထိုထက် ပိုပိုဝေးသောနေရာများတွင်လည်း ကျင့်ကြံသူများစွာ ရှိနေကြသည်။ ရုပ်တုဘေးနားရှိ ဆယ့်နှစ်ယောက်လောက်မှစ၍ ရုပ်တုနှင့် တဖြည်းဖြည်း ဝေးဝေးသွားသည့်နေရာများထိ ကျင့်ကြံသူ ရာချီ၊ထောင်ချီ၊ သောင်းချီ ရှိနေကြသည်။
ထိုကျင့်ကြံသူများအားလုံးမှာ တူညီဝတ်စုံကို ဝတ်ဆင်ထားကြပြီး အထွတ်အမြတ်ရုပ်တုမှ မီးတောက်များကို ငြိမ်သက်စွာ စုပ်ယူနေကြပေသည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဟင်္သာငှက်ရုပ်တုမှ မီးတောက်များသည်လည်း တဖြည်းဖြည်း ငြိမ်းသေလာသည်။ ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံမှုကို လက်စသပ်ခါနီးလာ၏။ ပုံမှန်ဆို သည်အချိန်က တနေ့တာအတွက် သူတို့၏ကျင့်ကြံမှု ပြီးဆုံးခါနီး အချိန်ပင်။
ရုပ်တုနှင့်အဝေးဆုံးနေရာရှိ လူများက မီးတောက်များစွာကို စုပ်ယူနိုင်ကြခြင်း မရှိဘဲ သူတို့က ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာကြပြီ ဖြစ်သည်။သိပ်မကြာခင်တွင် လူတိုင်းသည် မျက်လုံးဖွင့်လာကြ၏။
အမြှီးပေါ်ရှိ အကြီးအကဲသုံးယောက်သည်ပင် ကျင့်ကြံနေရာကနေ နိုးထလာကြပြီ ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်က မတ်တပ်ရပ်၍ ဟင်္သငှက်ကလန်၏ တပည့်များကို ကြည့်ကာ စကားပြောရန် ပြင်လိုက်၏။
သို့ရာတွင် ထိုအခိုက်အတန့်၌ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။
အထွတ်အမြတ်ဟင်္သာငှက်ရုပ်တုက တုန်ခါလာကာ မူလမှိန်ဖျော့နေရာကနေ ရုတ်တရက် မီးတောက်များ ပေါက်ကွဲထွက်လာတော့၏။ ထိုရုပ်ထုက အလွန်နီရဲစွာ တောက်ပလာသည်။
ရုပ်တုမှ မီးတောက်များသည် ဆက်လက်ကြီးထွားနေရင်း မြန်ဆန်စွာ ကြီးမားလာသည်။ အကြီးအကဲသုံးယောက်၏အမူအရာမှာ ပြောင်းလဲသွားသည်။သူတို့က ရုပ်တုထံကနေ ချက်ခြင်း ပျံသန်းထွက်လာကာ အကြီးအကဲတစ်ယောက် အော်ပြောလာ၏။ “ဟင်္သာငှက်နတ်ကလန်ရဲ့ တပည့်အားလုံး နောက်ဆုတ်ကြ…မြန်မြန်နောက်ဆုတ်ကြ…”
တခြားအကြီးအကဲနှစ်ယောက်သည်လည်း သူတို့၏အင်္ကျီလက်အိုးများကို ဝေ့ယမ်း၍ လေပြင်းတစ်ခု ဖြစ်စေကာ ရုပ်တုနားရှိ တပည့်ဆယ့်နှစ်ယောက်ကျော်ကို လေထဲသို့ လွင့်သွားစေသည်။ ထိုတပည့်များ၏အမူအရာမှာ ပြောင်းလဲကုန်ကာ တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်ကြ၏။
ချက်ခြင်းလိုလိုပင် ဟင်္သာငှက်နတ်ကလန်၏ တပည့်များအားလုံးသည် ရုပ်တုနားကနေ အလျင်အမြန် ဆုတ်ကြ၏။
အထွတ်အမြတ်ဟင်္သာငှက်ရုပ်တုမှ ထွက်ပေါ်လာသည့် မီးတောက်များသည် ပို၍ ကြမ်းတမ်းလာ၏။ ၎င်းတို့က လေထဲသို့ ထိုးတက်ကာ ကောင်းကင်တစ်ခွင်ကို ဖုံး၏။ ထိုသိပ်သည်းသောမီးတောက်များသည် စက်ဝန်းလှိုင်းများကဲ့သို့ ပျံ့နှံ့လာ၏။
ယခုအဖြစ်အပျက်မျိုးမှာ သည်နေရာတစ်ခုတည်း၌ ဖြစ်ပွားလာခဲ့ခြင်း မဟုတ်ပေ။ အခြားဂြိုဟ်ရှစ်လုံး၌လည်း တူညီစွာ ဖြစ်ပျက်နေ၏။ ထိုရုပ်တရက်ပြောင်းလဲမှုက ဟင်္သာငှက်နတ်ကလန်၏ လူများ၏အမူအရာကို ပြောင်းလဲသွားစေတော့သည်။ သို့ရာတွင် အကြီးအကဲအချို့မှာမူ ခြားနားနေ၏။ သူတို့၏ခန္ဓာကိုယ်ပင် မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေ၏။ကြောက်ရွှံ့မှုကြောင့်တော့မဟုတ်၊ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခြင်းပင်။
“ဟင်္သာငှက်ကူးပြောင်းခြင်း…ဟင်္သာငှက်ကူးပြောင်းခြင်း…။ ငါမသေခင်မှာ ဟင်္သာငှက်ကူးပြောင်းခြင်းကို မြင်ရလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူး…”
ဆံပင်ဖြူများနှင့်အဘိုးအိုတစ်ယောက်က ကောင်းကင်ထက်သို့ မော့ကြည့်ကာ ရယ်မောလိုက်တော့၏။ သူ့မျက်လုံးကလည်း ဟင်္သငှက်ရုပ်တုပေါ်သို့ ကျရောက်လို့နေသည်။
သူတစ်ယောက်တည်း ထိုသို့ ဖြစ်သည်မဟုတ်ပေ။ ဟင်္သာငှက်ကူးပြောင်းခြင်း အကြောင်း သိထားကြသူတိုင်း စိတ်လှုပ်ရှားနေကြခြင်း ဖြစ်၏။ သည်ဂြိုဟ်ကိုးလုံးပေါ်၌ ဤအကြောင်းကို သိထားကြသူ သိပ်မများလှပါ။ သို့သော် ထိုသို့ သိထားကြသူတိုင်းမှာလည်း အစွမ်းထက်ကျင့်ကြံခြင်းများ ပိုင်ဆိုင်ထားကြသူများပင်။
ဦးဆုံးဂြိုဟ်ပေါ်၌ ခရမ်းနီရောင်မီးတောက်များနှင့် ဖုံးလွှမ်းနေသော အရှေ့ဘက်တွင် ကုန်းမြေတစ်ခု ရှိသည်။ ထိုပြောင်းလဲမှု ဖြစ်ပွားလာသည့်အခိုက်တွင် ထိုနေရာရှိ မြေကြီးထုမှာ ရုတ်တရက် ပျက်စီးပြိုပျက်၍ ခရမ်းရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မီးတောက်များအားလုံးသည် သူ့ထံသို့ စတင်စုဝေးလာကြသည်။ လျှပ်တပြတ်အတွင်း မီးတောက်များက သူ့အား ဖုံးလွှမ်းလို့သွား၏။ သူသည် ကောင်းကင်ထက်သို့ ကြောင်ရီစွာ ငေးကြည့်မိနေ၏။ သူ့ခန္ဓာကိုယ်မှလည်း ဆက်ခနဲ တုန်သွားသည်။
“ဟင်္သာငှက်ကူးပြောင်းခြင်း…” သူ့ကိုယ်သူပင် သတိမထားမိဘဲ မျက်လုံးထဲမှ မျက်ရည်စတို့ စီးကျလာ၏။ သူက အရူးတစ်ယောက်လို ရယ်မောလိုက်တော့သည်။ “ဒါက ဟင်္သာငှက်ကူးပြောင်းခြင်း အမှန်တကယ် ဖြစ်နေတာပဲ…”
ထိုသိုသော မြင်ကွင်းမျိုးသည် ကျန်သည့်ဟင်္သငှက်နတ်ဂြိုဟ်များပေါ်၌လည်း တူညီစွာ ဖြစ်ပျက်နေသည်သာပင်။
အထွတ်အမြတ်ဟင်္သာငှက်ရုပ်တုက သိပ်သည်းသောမီးတောက်များကို ထုတ်လွှတ်နေ၏။မီးတောက်များ အထက်သို့ ဆန်တက်နေရာကနေ ရုတ်တရက် ပြောင်းပြန် ပြန်စီးဆင်းလာ၏။ ပြန့်ကြဲနေသောမီးတောက်များအားလုံးက ရုပ်တုထံသို့ ပြန်ဝင်ရောက်လာကြခြင်းပင်။
ဟင်္သာငှက်ရုပ်တုက မီးတောက်များကို စုပ်ယူနေစဉ်အတွင်း ၎င်းသည် မီးတောင်တစ်ခု ပေါက်ကွဲသည်နှင့်ပင် တူနေတော့၏။ မီးတောက်တိုင်လုံးများသည် ရုပ်တုကနေ ကောင်းကင်ယံသို့ တန်းမတ်စွာ ထိုးထွက်လို့နေ၏။
ဟင်္သာငှက်ရုပ်တုမှာ ဂြိုဟ်တစ်ခွင်ရှိ မီးတောက်များကို ကြားခံအနေဖြင့် စုစည်းကာ မီးတောက်တိုင်လုံးများသည် တိမ်ထုများထိ ထွင်းဖောက်ကာ ဂြိုဟ်အပြင်ထိ ထိုးတက်သွားနေသည်။
အပူလှိုင်းက ဂြိုဟ်ပြင်ပထိ ထိုးထွက်ကာ လောင်ကျွမ်းသောကြယ်နယ်မြေ၌ ပေါ်လာ၏။
ကျန်သည့်ဂြိုဟ်ရှစ်လုံးထံမှလည်း ရုပ်တုအသီးသီးက စုစည်းထားသော မီးတောက်များကို မီးတောက်တိုင်များအဖြစ် အလားတူ ထိုးထွက်နေကြပေသည်။
မီးတောက်တိုင်ကိုးလုံး စုစည်းမိချိန်၌ ဟင်္သာငှက်အော်မြည်သံသည် ဝမ်လင်း ဟင်္သာငှက်ကို နိုးထခဲ့စဉ်က အော်မြည်သံထက် အဆများစွာ ကျယ်လောင်ပြင်းထန်စွာ လောင်ကျွမ်းသောကြယ်နယ်မြေတစ်ခွင်တွင် ပဲ့တင်ထပ်ချေ၏။
ထိုဟင်္သာငှက်အော်မြည်သံနှင့်အတူ ဂြိုဟ်တစ်လုံးလောက် အရွယ်အစားရှိသည့် ဟင်္သာငှက်ကြီးတစ်ကောင်ပါ ပေါ်ထွက်လို့လာသည်။ ထိုသို့မဖြစ်ပျက်သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မဟာမိတ်မှ ကျင့်ကြံသူများပင် ထိတ်လန့်ရသည့် သဘာဝမီးတောက်များသည် ထိုငှက်နေရာထံသို့ စတင်မြင့်တက်လာကြသည်။
ထို့အတွက်ကြောင့် လောင်ကျွမ်းသောကြယ်နယ်မြေတစ်ခုလုံး တုန်ခါနေကာ ကျယ်လောင်စွာ မြည်ဟိန်းနေတော့သည်။
ထိုအရာက ဟင်္သာငှက်ကူးပြောင်းခြင်း မည်၏။ နတ်လေးပါးကလန်က မဟာမိတ်ကို ရှုံးနိမ့်သွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဟင်္သာငှက်ကူးပြောင်းခြင်း ဖြစ်လာခဲ့ခြင်းပင်။ ဟင်္သာငှက်ကူးပြောင်းခြင်းက ဟင်္သာငှက်နတ်ကလန်အတွက် အလွန်တရာ အရေးကြီးပေ၏။
ဆိုလိုသည်က ဟင်္သာငှက်တသီတသန်းအဖွဲ့ဝင်တစ်ယောက်ယောက်က ဟင်္သာငှက်အမှတ်အသားကို နိုးထလာစေပါက ထိုသူသည် နောင် ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာဖို့ ဖြစ်နိုင်ချေ ရှိလာသည် ဟူ၍ပင်။ ဟင်္သာငှက်အသွင်ကူးပြောင်းခြင်းကို တွေ့ရှိရဖို့အတွက်မှာ အစစ်အမှန်ဟင်္သာငှက်စိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုးထစေနိုင်သည့် နည်းတစ်ခုသာ ရှိသည်။
သည်အခိုက်အတန့်၌ ဂြိုဟ်ကိုးလုံးထံမှ ခရမ်းနီရောင်အလင်းတန်းများနှင့်အတူ လူကိုးယောက် ပျံသန်းလာကြ၏။သူတို့တစ်ယောက်ချင်းစီမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွင် ရှိနေကြ၏။သူတို့အားလုံးက ဟင်္သာငှက်ကူးပြောင်းခြင်းအစီအရင်အတွက် ကျင့်ကြံနေရာကနေ ထွက်လာကြခြင်း ဖြစ်သည်။
ထိုကိုးယောက် ဟင်္သာငှက်စိတ်ဝိညာဉ်နားသို့ ရောက်လာသည့်အခါ ၎င်းငှက် နောက်တစ်ကြိမ် အော်မြည်သံပြုသည်။ ထိုအော်မြည်သံမှာ ကြယ်နယ်မြေတစ်ခွင်တွင် မရေမတွက်နိုင်သော လှိုင်းများ ပျံ့လွင့်သွားစေ၏။ ၎င်းအသံလှိုင်းများနှင့်အတူ သိပ်သည်းသောမီးတောက်များစွာကိုပါ တွန်းထုတ်လို့သွားသေးသည်။
တချိန်တည်းမှာပင် ဟင်္သာငှက်စိတ်ဝိညာဉ်က မြန်ဆန်စွာ လှည့်လည်၍ ဧရာမမီးလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းသွား၏။မီးတောက်များသည် စတင်တွန့်ကြေလိမ်လာကာ ထို့နောက် ပုံရိပ်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်၏ ခန္ဓာကိုယ်၌ ဟင်္သာငှက်တက်တူးအမှတ်အသားများအပြည့်ပင်။ သူက မီးတောက်များစွာကို ပေးစွမ်းနေသလို အကွာအဝေးတစ်ခုမှ ကြည့်ပါက ဟင်္သာငှက်တစ်ကောင်နှင့်ပင် ဆင်တူနေသေး၏။
သူသည် ဝမ်လင်းပင်။
ထိုပုံရိပ်ကြီးထဲ၌ ဝမ်လင်းအပြင် တက်တူးကလန်တော်ဝင်ဘိုးဘေးလည်း ရှိနေသေး၏။ သူမအပြင် သလင်းအလင်းကနေ ဖြစ်ပေါ်လာသည့် ချင်းလင်း၏ကိုယ်ပွားလည်း ရှိနေသည်။
ထိုမြင်ကွင်းပေါ်လာသည့်အခိုက် ထိုမျက်လုံးဟောက်ပတ်အမျိုးသမီးက ရုတ်တရက် အပေါ်သို့ မော့ကြည့်၏။ သူမ၏အကြည့်က သူတို့၏စိတ်ကိုပင် တုန်ယင်သွားစေသည်။
“ဒီအမျိုးသမီးက…”
“တက်တူးကလန်ရဲ့တော်ဝင်ဘိုးဘေး ချူယောင်…”
“သူမရှေ့ရှိလူက အင်ပါယာချင်းလင်များ ဖြစ်နေမလား…”
ထိုပုံရိပ်ကြီးထဲ၌ အရှင်လေဟာနယ်၊ရှေ့ဖြစ်ဟောသူနှင့် တခြားလူများလည်း ပေါ်လာ၏။
“အရှင်လေဟာနယ်နဲ့ ရှေ့ဖြစ်ဟောသူတို့လည်း အဲ့မှာ ရှိနေကြတယ်…”
“ဟင်္သာငှက်ကို နိုးထစေခဲ့တဲ့လူက ဒီလိုအန္တရာယ်များတဲ့နေရာမျိုးမှာ ရောက်နေတယ်။အရှင်လေဟာနယ်ဟာ မဟာမိတ်ရဲ့ အဓိကပုံရိပ်တစ်ခုပဲ။ သူက ငါတို့ဟင်္သာငှက်ကလန်က တစ်ယောက်ယောက်ဟာ ဒီလိုမျိုး နိုးထလာတာကို ကျိန်းသေပေါက် ခွင့်ပြုမှာ မဟုတ်ဘူး…”
“ဒါပေမဲ့လည်း ခုနိုးထစေခဲ့တဲ့လူကို ငါ တစ်ခါမျှ မမြင်ဖူးခဲ့ဘူး။ သူက ဘယ်လိုလုပ် ဟင်္သာငှက်အမှတ်အသားကို ရရှိခဲ့ရတာလဲ…”
အကြီးအကဲကိုးယောက်သည် မီးလုံးအတွင်းရှိ မြင်ကွင်းကို ကြည့်နေကြသည်။ သည်အခိုက်၌ လောင်ကျွမ်းသောကြယ်နယ်မြေ အတွင်းနက်ပိုင်းမှ အားကောင်းသည့်နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာ၏။ ထိုနတ်ဘုရားအာရုံသည် အလွန်သန်မာလှကာ ကြယ်နယ်မြေအတွင်းရှိ မီးတောက်များကိုပင် တန့်သွားစေသည်။
“ဒီကောင်လေးရဲ့ ပုံရိပ်ကို သံသယရှိစရာမလိုဘူး။ သူ့အမှတ်အသားကို ငါ့ကိုယ်ပွားတွေထဲက တစ်ယောက်က ပေးခဲ့တာ။ ကလန်တစ်ခုလုံးရဲ့အင်အားကို အသုံးပြု၊ အစစ်အမှန်စိတ်ဝိညာဉ်ကို လမ်းညွှန်အဖြစ် အသုံးပြုပြီး သူ့ကို ဘယ်လောက်ပဲ ရင်းနှီးရပါစေ ပြန်ခေါ်လာခဲ့…”
ထိုနတ်ဘုရားအာရုံသည် ဤသတင်းစကားကို ပေးပို့လိုက်သည့်နောက် ထိုအကြီးအကဲကိုးယောက်သည် ချက်ခြင်းပင် လေးစားသည့်ဟန်ပန်များ ဖြစ်ပေါ်လာကြသည်။
“နတ်အင်ပါယာရဲ့ အမိန့်အတိုင်းပါ…”
“ဒီအဘိုးအိုမှာ အချိန်အများကြီး မကျန်တော့ဘူး။ အတိတ်တုန်းက ငါ ရရှိခဲ့တဲ့ ဒဏ်ရာကလည်း ပိုပို ဆိုးလာနေတယ်။ ဒီကောင်လေးက ငါတို့ ဟင်္သာငှက်နတ်ကလန်ရဲ့ မျှော်လင့်ချက်ပဲ။ ဒါကြောင့် မင်းတို့အားလုံး ဘယ်လိုပဲ ရင်းနှီးရပါစေ သူ့ကို လုံခြုံအောင် လုပ်ပေးရမယ်…”
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်း၌ ချင်းလင်သည် ထွက်ပေါ်လာနေခိုက် ဝမ်လင်းသည် သူ့ဟင်္သာငှက်တက်တူးအမှတ်အသားများထဲမှ အပူဓာတ်ကို ခံစားမိလေ၏။ သူသည် ထိုအရာကို မစစ်ဆေးကြည့်နိုင်ခင်မှာပင် အကြည့်တော်တော်များများက သူ့ထံသို့ ကျရောက်လာကြ၏။
အရှင်လေဟာနယ်ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဖျပ်ခနဲ ဖြစ်ပေါ်သွား၏။သူက ဝမ်လင်းခန္ဓာကိုယ်ပေါ်ရှိ တက်တူး၏ ပြောင်းလဲမှုကို ချက်ခြင်း သတိပြုမိပေသည်။
“ဟင်္သာငှက်ကလန်က သူ့နိုးထာမှုကို သတိပြုမိသွားကြပြီ…”
***