← Chapters

အခန်း (၁၃၆၁-၁၃၆၂)

Vol. 120 Ch. 1361-1362

အခန်း (၁၃၆၁-၁၃၆၂)

Vol. 120 Ch. 1361-1362

အခန်း ၁၃၆၁

ရှောင်းယီသည် ခေါင်းခါလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ တိုက်ရိုက်ထွက်ခွာလာကာ ပစ္စည်းစုဆောင်းရေးခန်းသို့ အမြန်သွားလိုက်သည်။ အာကာသ ချိတ်က ထောက်ပံ့ရေးသေတ္တာတစ်လုံးကို ဖမ်းမိထားကြောင်း အချက်ပေးထားပြီးဖြစ်သည်။

ထောက်ပံ့ရေးသေတ္တာကို ဖွင့်လိုက်သည်။

“ရရှိသော ထောက်ပံ့ပစ္စည်းများ - အုတ်မြစ်ကျောက် ၁၀၊ အနက်ရောင်ရွှေ ၄။”

ရှောင်းယီသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ ယခုခေတ်တွင် ထောက်ပံ့ရေးသေတ္တာများမှ အခြေခံပစ္စည်းများမှလွဲ၍ အခြားမည်သည့်အရာမှ ရရှိရန် မဖြစ်နိုင်တော့ပေ။

အချိန်များ တဖြည်းဖြည်းကုန်လွန်သွားပြီး ခြောက်နာရီကြာသွားခဲ့သည်။

ကျူးဝူသည် ရှောင်းယီထံသို့ ချက်ချင်းပင် သီးသန့်စာတို ပေးပို့လာခဲ့သည်။

“သူဌေးရေ...ပန်းသီးတွေ ပေးပါဦး။”

“အဲဒီလို လေသံနဲ့ဆိုရင်တော့ ငါ ပေးချင်စိတ်တောင် မရှိတော့ဘူး။”

ရှောင်းယီက မျက်စိစွေကြည့်ရင်း ပြန်စာပို့လိုက်သည်။

“သူဌေးရေ...ဒီပန်းသီးတွေက ကျွန်တော်စားဖို့ မဟုတ်ပါဘူးနော် ဟီးဟီး။”

ကျူးဝူက ရယ်မောရင်း ပြန်ပြောလိုက်သည်။ ရှောင်းယီသည် စိုက်ပျိုးရေးခန်းသို့ မျောလွင့်သွားလိုက်ပြီး ရင့်မှည့်နေသော ပန်းသီးအားလုံးကို ခူးယူလိုက်သည်။ သူကိုယ်တိုင်အတွက် အနည်းငယ် ချန်ထားပြီး ကျန်သည်များကို ကျူးဝူထံသို့ ပို့ပေးလိုက်တော့သည်။

“ပန်းသီး ၂၀ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။”

ပန်းသီး အမြောက်အမြားကို မြင်လိုက်ရသောအခါ ကျူးဝူတစ်ယောက် အံ့အားသင့်သွားခဲ့သည်။

“သူဌေး ခင်ဗျား အကြီးအကျယ် ရိတ်သိမ်းထားတာပဲ။”

“ဘာမှမဟုတ်ပါဘူး။ ငါလည်း နည်းနည်း ချန်ထားပါတယ်။ မင်းလည်း ကိုယ့်အတွက် နည်းနည်း ချန်ထားပြီး ကျန်တာတွေကို အစ်ကိုကျန်းတို့ကို ပေးလိုက်ပါ။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ နားလည်ပါပြီ။”

ရှောင်းယီသည် အခြားသောအရင်းအမြစ်များကိုပါ လဲလှယ်ပေးလိုက်ပြီး ကျူးဝူကလည်း ရေနှင့် ကြယ်တံခွန်ဖုန်မှုန့်များကို ရှောင်းယီထံသို့ ပြန်ပို့ပေးလိုက်သည်။

သုံးနာရီမှာ အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ ကျူးဝူ မြေပုံကို ကြည့်လိုက်သောအခါ သူသည် ဂလက်ဆီ၏ အစွန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှောင်းယီထံသို့ စာတိုပို့လိုက်သည်။

“မြေပုံအရဆိုရင် ကျွန်တော် မကြာခင် အစ်ကိုကျန်းတို့ ဂလက်ဆီထဲကို ရောက်တော့မယ်။”

“အင်း...ရောက်ရင် သတိထား။”

ရှောင်းယီက ပြန်စာပို့လိုက်သည်။

သို့သော် စာတိုမှာ ပေးပို့၍မရတော့ပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က “အခြားတစ်ဖက်လူသည် ဤဂလက်ဆီတွင် မရှိတော့ပါ” ဟု သတိပေးလာခဲ့သည်။

“အစ်ကိုကျန်းတို့ဘက်မှာ အဆင်ပြေပါစေလို့ပဲ မျှော်လင့်ပါတယ်။”

ရှောင်းယီ တွေးလိုက်သည်။

ကျူးဝူသည် ရှောင်းယီထံသို့ စာပို့ပြီးသည်နှင့် ရှောင်းယီ၏ အမည်မှာ မီးခိုးရောင် ပြောင်းသွားသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။

“အင်း။ ဒါက နည်းနည်းတော့ မမြန်လွန်းနေဘူးလား။”

ကျူးဝူက အော်ဟစ်လိုက်မိသည်။

ထို့နောက် သူသည် အများသုံးချန်နယ်သို့ ပြောင်းလိုက်သည်။ ဤနေရာရှိ အများသုံး ချန်နယ်သည် ဂမ်မာဂလက်ဆီနှင့် လုံးဝကွဲပြားခြားနားနေသည်။ ဂမ်မာဂလက်ဆီတွင် လူတိုင်းက ဒေသခံများနှင့် ပတ်သက်သည့်ကိစ္စများကို ဆွေးနွေးနေကြသော်လည်း ဤနေရာတွင်မူ လူတိုင်းမှာ အောက်ဆီဂျင်နှင့် အခြားလိုအပ်သော အရင်းအမြစ်များကို တောင်းဆိုနေကြသည်။

“ငါ တကယ် အသက်ရှူကျပ်နေပြီ။ အောက်ဆီဂျင်ရှိတဲ့သူ ရှိလား။ အရင်းအမြစ်တွေနဲ့ လဲပေးပါ့မယ်။ ငါ့မှာ အချိန် ၁၀ မိနစ်ပဲ ကျန်တော့တယ်။ ၁၀ မိနစ်ကျော်ရင် အောက်ဆီဂျင်ရှိရင်တောင် ငါ လဲလှယ်လို့ မရတော့ဘူး။”

“ဟုတ်တယ်။ ငါလည်း အများဆုံး မိနစ် ၃၀ လောက်ပဲ ခံနိုင်တော့မယ်။ @ထျန်းကျိယာ...သူဌေး အောက်ဆီဂျင်တွေ နောက်ထပ် နည်းနည်းလောက် ထပ်ရောင်းပေးပါလား။ အရေးပေါ်အခြေအနေမို့ ကူညီပေးပါဦး။”

“သူ့ကို Tag မတွဲနဲ့တော့။ အလကားပါပဲ။ တစ်နေ့ကို ဘယ်နှစ်ခါ Tag တွဲနေလဲတောင် မသိတော့ဘူး။ သူ တစ်ခါမှ ပြန်မပြောဘူး မဟုတ်ဘူးလား။”

“သူ့မှာ ရေလျှပ်စစ်ခွဲထုတ်စက် တစ်လုံးပဲ ရှိတာ။ သူ့စွမ်းဆောင်ရည်က ကန့်သတ်ချက်ရှိတယ်။ အသက်ရှင်ကျန်သူ အားလုံးကို ထောက်ပံ့ပေးဖို့ မဖြစ်နိုင်ဘူး။”

“ဟူး...ဒီဂလက်ဆီက ထျန်းကျိယာ တစ်ယောက်ပဲ အသက်ရှင်ကျန်မယ့် ဂလက်ဆီ ဖြစ်လာတော့မှာလား။”

“ဒီအတိုင်းသာ ဆက်သွားနေရင်တော့ သူတစ်ယောက်ပဲ ကျန်တော့မယ် ထင်တယ်။”

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကျူးဝူက “ငါ ကယ်တင်ရှင်အဖြစ် ပေါ်လာရမယ့်အချိန်ပဲ” ဟု မိမိကိုယ်ကို တွေးလိုက်သည်။

သူ မပို့ခင်မှာပင် ကျူးဝူ အရင်က ဖန်တီးခဲ့သည့် လူသုံးဦးပါသော အဖွဲ့လေးမှာ မီးလင်းလာခဲ့သည်။

သူသည် အများသုံးချန်နယ်ကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်း အချိန်အနည်းငယ် ထပ်ခံနိုင်သေးကြောင်း သဘောပေါက်သွားသဖြင့် ဂရုချက်သို့ ပြောင်းသွားလိုက်သည်။

“ကျူးဝူ...မင်း ပြန်ရောက်လာပြီလား။”

“အဖွဲ့ခေါင်းဆောင်။ မင်း ပြန်ရောက်လာပြန်ပြီလား။”

သူတို့၏ စာများကို မြင်လိုက်ရသောအခါ ကျူးဝူက စိတ်တိုတိုဖြင့် ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့ စာတွေကို ကြည့်ရတာ ငါ ပြန်ရောက်တာကို မကြိုဆိုသလိုပဲ။”

“ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ။”

ကျန်းယွင်ထျန်းက ရယ်မောရင်း ပြောလိုက်သည်။

“ငါတို့က မင်းကို လနဲ့ ကြယ်တွေကို စောင့်မျှော်သလိုမျိုး စောင့်နေတာပါကွာ။”

“ဟမ့် မဟုတ်တာတွေ။”

ကျူးဝူက ပြန်ပြောလိုက်သည်။

“မင်းတို့ ဂလက်ဆီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ အရင်းအမြစ်တွေ ဒီလောက်တောင် ရှားပါးနေရတာလဲ။”

“သူဌေး ဒီမှာ မရှိတော့တဲ့နောက်ပိုင်း အမြဲတမ်း ဒီလိုပါပဲ။”

ကျန်းယွင်ထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ ကျူးဝူလည်း ခေါင်းအနည်းငယ်ညိတ်လိုက်မိသည်။

“ဒီမှာ အောက်ဆီဂျင် လိုအပ်ချက်က တော်တော်လေး အရေးတကြီး ဖြစ်နေတာ ငါ မြင်ပါတယ်။ ငါ အရင် ကုန်သွယ်မှုတချို့ တင်လိုက်ဦးမယ်။ ပြီးမှ စကားဆက်ပြောကြတာပေါ့။ သူဌေးက ပစ္စည်းတော်တော်များများ ယူလာဖို့ မှာလိုက်တယ်။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ကျူးဝူသည် အနည်းငယ် စဉ်းစားပြီးနောက် ဈေးကွက်ခန်းမ၌ ကုန်သွယ်မှု နှစ်ခုကို ချက်ချင်းတင်လိုက်သည်။

“အောက်ဆီဂျင် ၁ လီတာ - အုတ်မြစ်ကျောက် ၂၀။”

“အောက်ဆီဂျင် ၁ လီတာ - အနက်ရောက်ရွှေ ၅။”

တင်ပြီးသည်နှင့် ကျူးဝူသည် အများသုံးချန်နယ်သို့ ချက်ချင်းပြေးသွားပြီး ဝါကြွားတော့သည်။

“ညီအစ်ကို မောင်နှမတို့... မင်းတို့ရဲ့ အစ်ကိုကျူး ပြန်ရောက်လာပြီဟေ့။ ဈေးကွက်ခန်းမမှာ အောက်ဆီဂျင်တွေ တင်ထားတယ်။ လိုအပ်တဲ့သူတွေ ယူကြပါ။”

ကျူးဝူ၏ စာတိုကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်သူအားလုံး ခဏမျှ ကြောင်အသွားပြီးနောက် ဈေးကွက်ခန်းမထဲသို့ အလုအယက် ပြေးသွားကြတော့သည်။

ဈေးကွက်ခန်းမတွင် အောက်ဆီဂျင် ကုန်သွယ်မှုများကို မြင်လိုက်ရသောအခါ ဈေးနှုန်းကိုပင် မကြည့်တော့ဘဲ ချက်ချင်းပင် လုယူဝယ်ယူလိုက်ကြသည်။

အနက်ရောင်ရွှေကို ပိုမိုစုဆောင်းနိုင်ရန်အတွက် ကျူးဝူသည် အောက်ဆီဂျင်လီတာ ၇၀၀၀၀၀ ကို အနက်ရောင်ရွှေနှင့် လဲလှယ်ရန် သတ်မှတ်ထားပြီး ကျန်ရှိသည့် အောက်ဆီဂျင်လီတာ ၃၀၀၀၀၀ ကိုမူ အုတ်မြစ်ကျောက်များနှင့် လဲလှယ်ရန် သတ်မှတ်လိုက်သည်။

ယခုတစ်ကြိမ်တွင် အောက်ဆီဂျင် ပမာဏအမြောက်အမြား တင်ထားခြင်းကြောင့် လူအများစုမှာ ဝယ်ယူနိုင်ခဲ့ကြသည်။

“အစ်ကိုကျူးကို တကယ်ကျေးဇူးတင်ပါတယ်။ အစ်ကိုကျူးသာ ရောက်မလာရင် ငါ သေချာပေါက် သေပြီပဲ။”

“ဟုတ်တယ်။ နောက်ဆုံးတစ်ခေါက် အစ်ကိုကျူး ရောက်လာတုန်းက ငါ သူ့ကို သံသယတောင် ဝင်မိသေးတယ်။ အဲဒါ တကယ်ကို ငါ့အမှားပါပဲ။”

“အစ်ကိုကျူး ဒီကနေ ထွက်သွားတာ တစ်ပတ်လောက်တောင် ရှိတော့မယ် ထင်တယ်။”

“နောက်ဆုံးတော့ သူ ပြန်ရောက်လာပြီ။ အစ်ကိုကျူးက တကယ့်ကို ကယ်တင်ရှင်ပဲ။”

“ကျွန်တော် အရမ်းသိချင်တာက အစ်ကိုကျူးမှာ ဘာလို့ အောက်ဆီဂျင်တွေ ဒီလောက် အများကြီး ရှိနေရတာလဲ။”

“ဟုတ်တယ်။ ငါ ခန့်မှန်းကြည့်သလောက်တော့ အစ်ကိုကျူးက အောက်ဆီဂျင် တစ်သန်းနီးပါးလောက် တင်လိုက်တာပဲ။”

“အောက်ဆီဂျင်တွေ အဲလောက်များရင် သူ့ရဲ့ ကယ်ဆယ်ရေးယာဉ်က ဘယ်လောက်တောင် ကြီးလိုက်မလဲ။”

“ဖြစ်နိုင်တယ်။ အရမ်းကြီးတဲ့ ကယ်ဆယ်ရေးယာဉ်ဆိုရင်တော့ ငယ်ဆယ်ရေးယာဉ်လို့တောင် မခေါ်သင့်တော့ဘူး။”

ဖြစ်နိုင်သည်မှာ ဤဂလက်ဆီရှိ အသက်ရှင်ကျန်သူများမှာ ထောက်ပံ့ရေးသေတ္တာများကို အဖွင့်နည်းသောကြောင့် ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်ကို မည်သူမျှ ဖွင့်ရသေးပုံမရပေ။ ထို့ကြောင့် ကယ်ဆယ်ရေးယာဉ်များကို အဆင့်မြှင့်တင်နိုင်ကြောင်း မည်သူမျှ မသိကြသေးပေ။

“အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ လုံလောက်စွာ ရှိနေသရွေ့ ကယ်ဆယ်ရေးယာဉ်ကို ကြီးအောင်ချဲ့ဖို့က ပြဿနာမရှိပုံပဲ။”

“ဟုတ်တယ်။ ဒီကုန်သွယ်မှု တစ်ခုတည်းကနေ အစ်ကိုကျူး ဘယ်လောက်တောင် ရိတ်သိမ်းလိုက်သလဲ ကြည့်လိုက်ဦး။ တကယ်ကို အားကျစရာပဲ။”

“ငါတော့ အားမကျပါဘူး။ ငါက အခုလက်ရှိမှာ အသက်ရှင်ဖို့ပဲ စိတ်ကူးနေတယ်။ အောက်ဆီဂျင် ပေါများနေတုန်း ထောက်ပံ့ရေးသေတ္တာတွေ အမြန်ဖွင့်မှပဲ။”

“ဟုတ်တယ်။ အားလုံးပဲ အလုပ်လုပ်ကြရအောင်။ အောက်ဆီဂျင်အတွက် အစ်ကိုကျူးကိုပဲ အမြဲ အားကိုးနေလို့ မရဘူး။”

ဤအချိန်တွင် ကျူးဝူက အများသုံး ချန်နယ်တွင် ထပ်မံ ပြောကြားလိုက်သည်။

“ဒီတစ်ခေါက် ငါက အောက်ဆီဂျင်ပဲ ယူလာတာ မဟုတ်ဘူး။ သတင်းတချို့လည်း ပါလာတယ်။ ခဏနေရင် အများသုံးချန်နယ်မှာ စာတွေ အများကြီး မပို့ကြပါနဲ့။ ငါ ရှာနေတဲ့သူတွေရဲ့ စာရင်းကို တင်ပေးမယ်။ မင်းတို့ရဲ့ အိုင်ဒီကို အဲဒီစာရင်းထဲမှာ တွေ့ရင် ငါ့ကို သီးသန့်စာတို ပို့ပေးကြပါ။”

“ဂလက်ဆီအခြားတစ်ဖက်က အသက်ရှင်ကျန်သူတစ်ယောက်က သူ့ရဲ့ အဖော်ကို ရှာနေတာလား။”

တစ်စုံတစ်ယောက်က အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်တယ်။ ကဲ ဒါဆိုရင် အခုကစပြီး အားလုံးပဲ စည်းကမ်းရှိရှိနဲ့ စာမပို့ကြပါနဲ့။”

ကျူးဝူက ပြန်ဖြေလိုက်ပြီးနောက် စာရင်းကို အများသုံးချန်နယ်တွင် တင်လိုက်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကျူးဝူသည် လူသုံးဦးပါသော ဂရုချက်သို့ ပြန်ပြောင်းလိုက်တော့သည်။

“ဟိုဘက်က ကိစ္စတွေတော့ ပြီးသွားပြီ။ အခု ငါတို့ရဲ့ အတွင်းရေးကိစ္စတွေကို ဖြေရှင်းကြရအောင်။”

ထိုပြောပြီးသည်နှင့် ကျူးဝူက ကုန်သွယ်မှုတစ်ခုကို တင်လိုက်သည်။

“ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ၁၊ အုတ်မြစ်ကျောက် ၁၀,၀၀၀,၀၀၀၊ အနက်ရောင်ရွှေ ၁၀,၀၀၀,၀၀၀ - အခမဲ့လဲလှယ်ခြင်း။ သတ်မှတ်ထားသော ကုန်သွယ်သူ - ကျန်းယွင်ထျန်း။”

ထိုကုန်သွယ်မှုကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းနှင့် အားကုန်းတို့ နှစ်ယောက်လုံး ကြက်သေသေသွားကြတော့သည်။

အခန်း ၁၃၆၂

ကျူးဝူသည် အနည်းငယ်စောင့်ဆိုင်းပြီးနောက် ကျန်းယွင်ထျန်းက ကုန်သွယ်မှုကို သဘောမတူသေးသည်ကို တွေ့လိုက်ရသဖြင့် အမြန်တိုက်တွန်းလိုက်သည်။

“အစ်ကိုကျန်း...ငေးမနေနဲ့။ မြန်မြန် သဘောတူလိုက်ပါ။”

“ဒါက တန်ဖိုး အရမ်းကြီးလွန်းတယ်။ မင်းကိုယ်တိုင်ပဲ သုံးသင့်တယ်။”

ကျန်းယွင်ထျန်းက သဘောပေါက်သွားပြီး အလျင်အမြန် ပြန်ပြောလိုက်သည်။

“ဒီပစ္စည်းတွေကို ငါ ပေးတာလို့ ထင်နေတာလား။”

ကျူးဝူက ပြုံးလိုက်၏။

“ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေကို ရယူနိုင်မယ့် စွမ်းရည်မျိုး ငါ့မှာ မရှိပါဘူး။”

“ဒါဆိုရင် ဒီပစ္စည်းတွေက ကျွန်းပိုင်ရှင် ပေးလိုက်တာပေါ့ ဟုတ်လား။”

ကျန်းယွင်ထျန်းက ချက်ချင်း သဘောပေါက်သွားခဲ့သည်။

“ဒါပေါ့...ငါက အခု ကြယ်တံခွန်နောက်ကိုပဲ လိုက်ပျံနေရတာလေ။ ထောက်ပံ့ရေးသေတ္တာတွေကို ဘယ်ဖွင့်နိုင်ပါ့မလဲ။ ငါ့ဆီက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ကျူးဝူက မကျေမနပ်ဖြင့် ပြောလိုက်သည်။ ထိုစဥ် ကျန်းယွင်ထျန်းက ဆက်မေးလိုက်သည်။

“ကျွန်းပိုင်ရှင်လည်း ဒီပစ္စည်းတွေကို သုံးရဦးမှာ မဟုတ်ဘူးလား။”

“သူဌေး အစီအစဉ်ဆွဲထားပြီးသားပါ။ ငါ ပြီးခဲ့တဲ့တစ်ခေါက်က မပြောခဲ့ဘူးလား။ ဒါတွေက မင်းအတွက်ပဲ။ မြန်မြန်ယူလိုက်ပါ။”

ကျူးဝူက ပြောလိုက်သည်။ ကျူးဝူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“အားကုန်း မင်း မနာလိုမဖြစ်နဲ့ဦး။ ဒါက သူဌေးရဲ့ ဆုံးဖြတ်ချက်ပဲ။ သူက ဂလက်ဆီတစ်ခုစီတိုင်းမှာ ကယ်‌ဆယ်ရေးယာဥ်တစ်ခုကိုပဲ အရင်ဆုံး ဦးစားပေး အဆင့်မြှင့်တင်ဖို့ သတ်မှတ်ထားတယ်။ အဲဒါကြောင့် အစ်ကိုကျန်းကို အရင်ဆုံး စီစဉ်ပေးလိုက်တာပဲ။”

“မဟုတ်ပါဘူး။ ငါက အံ့အားသင့်သွားရုံပါ။ သူဌေးက ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေကို ဘယ်လိုရလာတာလဲ။”

အားကုန်းက အံ့အားသင့်စွာ မေးလိုက်သည်။

“အဲဒါက မင်းတို့ ငါတို့ စဉ်းစားရမယ့်ကိစ္စ မဟုတ်ဘူး။”

ကျူးဝူက ပြောလိုက်သည်။

“အစ်ကိုကျန်း...ကုန်သွယ်မှုကို မြန်မြန်လက်ခံပြီး အဆင့်မြှင့်လိုက်ပါ။ အဆင့်မြှင့်ပြီးရင် မင်းတို့ နှစ်ယောက် ပေါင်းစည်းနိုင်ပြီ။ နည်းနည်း ဝေးပေမဲ့ အာကာသယာဉ်နဲ့ဆိုရင် တွေ့ဆုံနိုင်ဖို့ အခွင့်အရေး ရှိမှာပါ။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

သူသည် ကုန်သွယ်မှုကို သဘောတူလိုက်ပြီးနောက် ချက်ချင်းပင် ကယ်ဆယ်ရေးဧာဉ်ကို စတင် အဆင့်မြှင့်တင်လိုက်သည်။

“ဒါက အခုထိ မရသေးဘူး။”

ကျန်းယွင်ထျန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အင်တာဖေ့စ်ပေါ်ရှိ အချက်ပြမှုကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။”

ကျူးဝူက အံ့အားသင့်စွာ မေးလိုက်၏။ သူသည် အဆင့်မြှင့်တင်ရေးကတ်နှင့် လိုအပ်သော အုတ်မြစ်ကျောက်များ၊ အနက်ရောင်ရွှေများ ရှိလျှင် အဆင့်မြှင့်နိုင်မည်ဟု အမြဲထင်ထားခဲ့ခြင်းဖြစ်သည်။

“ငါ့ဆီမှာ မှန်တချို့ လိုနေသေးတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အနည်းဆုံး ၄ ချပ် လိုအပ်ပြီး ၈ ချပ်ဆိုရင် ပိုကောင်းတယ်လို့ ပြနေတယ်။”

ကျန်းယွင်ထျန်းက စိတ်ပျက်စွာ ပြောလိုက်သည်။

ဆိုလိုသည်မှာ ကယ်ဆယ်ရေးယာဥ်ကို အဆင့်မြှင့်တင်သည့်အခါ လုံလောက်သော ပြတင်းပေါက်ဧရိယာကို ထုတ်လုပ်ရန် လိုအပ်သည့် လျှို့ဝှက်အခြေအနေများ ရှိနေခြင်းပင်ဖြစ်သည်။

“မင်းက ငါ့ကို လန့်အောင် လုပ်နေတာပဲ။ ငါက တခြား ရှားပါးအရင်းအမြစ်တွေ လိုအပ်တယ်လို့ ထင်သွားတာ။”

ကျူးဝူက ရယ်မောရင်း ကုန်သွယ်မှုတစ်ခုကို စတင်လိုက်သည်။

“အာကာသသုံး အထူး နှစ်ထပ်မှန် (SSS အဆင့်) ၁၀ - အခမဲ့ လဲလှယ်ခြင်း။”

“သူဌေးက အရင်းအမြစ်တွေကို လုံလောက်အောင် ပြင်ဆင်ပေးထားပါတယ်။ ငါတို့ နောက်မှ ဖြည်းဖြည်းချင်း လဲလှယ်ကြတာပေါ့။”

ကျူးဝူက ဆက်ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် ကုန်သွယ်မှုကို ချက်ချင်း လက်ခံလိုက်ပြီး ကယ်ဆယ်ရေးယာဉ်ကို ထပ်မံ အဆင့်မြှင့်တင်လိုက်ရာ နောက်ဆုံးတွင် အသေးစား အာကာသယာဉ်အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

“သူဌေးက အဆင့်မြှင့်တင်မှု အောင်မြင်ပြီးနောက်မှာ မင်းက ကယ်ဆယ်ရေးယာဉ်ထဲမှာပဲ ရှိနေဦးမယ်လို့ ပြောလိုက်တယ်။ အသေးစား အာကာသယာဉ်ထဲမှာလည်း ကယ်ဆယ်ရေးယာဉ် ရှိနေဦးမှာပါ။ မင်း ကယ်ဆယ်ရေးယာဉ်ထဲကနေ ထွက်လာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင့်တော်တဲ့ နေရာ၊ ဖြစ်နိုင်ရင် ယာဉ်မောင်းခန်းဆီ ရွှေ့ပြောင်းပေးရမယ်။”

ကျူးဝူက ဂရုချက်ထဲတွင် ဆက်ပြောလိုက်သည်။

ကျူးဝူ၏ စကားကို ကြားသောအခါ ကျန်းယွင်ထျန်းသည် ချက်ချင်းပင် လိုက်နာလိုက်သည်။ သူသည် ကယ်ဆယ်ရေးယာဉ်ထဲမှ အပြင်သို့ မျောလွင့်ထွက်လာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ယာဉ်မောင်းခန်းအတွင်းသို့ ရွှေ့ပြောင်းလိုက်သည်။

ယာဉ်မောင်းခန်းထဲရှိ ထိုင်ခုံကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ထိုင်ချလိုက်ပြီး ထိုင်ခုံခါးပတ်ကို ပတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် အမြဲတမ်း မျောလွင့်မနေရတော့ကြောင်း ခံစားလိုက်ရသည်။

နေရာသည် ရုတ်တရက် အလွန်ကျယ်ဝန်းသွားသောကြောင့် ကျန်းယွင်ထျန်းသည် သူ၏ အောက်ဆီဂျင် အရံပစ္စည်းအားလုံးကို ထုတ်လွှတ်လိုက်သော်လည်း လုံလောက်မှု မရှိသေးပေ။

ကျန်းယွင်ထျန်းသည် လေထုမှာ နည်းပါးနေသည်ဟု ခံစားလိုက်ရသည်။

ကျူးဝူက သူ့ထံသို့ လုံလောက်သော အောက်ဆီဂျင်ကို ချက်ချင်း လဲလှယ်ပေးလိုက်သည်။ သူအရင်က ရောင်းချခဲ့သည်များမှာ ထုတ်လွှတ်သည့်ကိရိယာထဲမှ အောက်ဆီဂျင်သာဖြစ်ပြီး သူ၏ ကယ်ဆယ်ရေးယာဉ်ထဲတွင် အောက်ဆီဂျင်အိတ်များစွာ ကျန်ရှိနေသေးသည်။

ကျန်းယွင်ထျန်းသည် ကျူးဝူ ပို့ပေးလိုက်သော အောက်ဆီဂျင်ကို လက်ခံပြီးနောက် နောက်ဆုံးတွင် သက်သာရာရသွားခဲ့သည်။

“အာကာသယာဉ်ဆိုတဲ့ ခံစားချက်က တကယ်ကို ကွဲပြားတာပဲ။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“နေရာက အဆပေါင်းများစွာ ပိုကျယ်တယ်။ အားကုန်းနဲ့ တွေ့ပြီးရင် သူလည်း ဒီအာကာသယာဉ်ထဲမှာပဲ နေလို့ရပြီ။”

“ဟုတ်တယ်။ အဲဒါက သူဌေးရဲ့ ရည်ရွယ်ချက်ပဲ။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။ အားကုန်းကလည်း အလျင်အမြန် ပြောလိုက်သည်။

“အစ်ကိုကျန်း မကြာခင် ရောက်လာနိုင်ဖို့ မျှော်လင့်တယ်။ ဒါမှ ကျွန်တော်လည်း အာကာသယာဉ်တစ်စင်းရဲ့ ခံစားချက်ကို မြည်းစမ်းကြည့်လို့ရမှာ။”

“စိတ်မပူပါနဲ့။ ငါ မင်းဆီကို အမြန်ဆုံး ဦးတည်သွားမှာပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“မင်းတို့ နှစ်ယောက်က အရမ်းမဝေးပါဘူး။ ဖြည်းဖြည်းချင်း သွားပါ။ သူဌေး ငါ့အတွက် ပြင်ဆင်ပေးလိုက်တဲ့ ဓာတ်ငွေ့တွေကို ငါ ရောင်းထုတ်လိုက်ပြီ။ နှမြောစရာကောင်းတာက အရည်ဓာတ်ငွေ့ သိုလှောင်ထုတ်လွှတ်တဲ့ ကိရိယာက တစ်ခုပဲ ပါလာတာပဲ။ မဟုတ်ရင် မင်းတို့ လောင်စာ လုံလုံလောက်လောက် ရလိမ့်မယ်။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။

“ရပါတယ်။ အဲဒါက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ငါတို့ အသက်ရှင်ဖို့အတွက် ဖိအားသိပ်မရှိတော့ဘူး။ ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့။”

အားကုန်းက အလျင်အမြန် ပြောလိုက်သည်။

“ကောင်းပြီ။ ငါ နေ့တိုင်း မင်းဆီကို နည်းနည်းစီ ရွေ့လာခဲ့မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“အဲဒီ ထုတ်လွှတ်တဲ့ကိရိယာဆိုတာက မင်း အောက်ဆီဂျင် သယ်ဆောင်ဖို့ သုံးတဲ့ ကိရိယာကို ပြောတာလား။”

“ဟုတ်တယ်။ မဟုတ်ရင် ငါ့ရဲ့ ကယ်ဆယ်ရေးယာဉ်လေးက အောက်ဆီဂျင်တွေ ဒီလောက်များများ ဘယ်လိုဆံ့မှာလဲ။ ပေါက်ကွဲသွားမှာပေါ့ကွ။”

ကျူးဝူက ရယ်မောရင်း ပြောလိုက်သည်။

“ကယ်ဆယ်ရေးယာဉ်ကို အရမ်းကြီးအောင် မချဲ့တာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ အရွယ်အစားကြီးလေ ပစ်မှတ်ကြီးလေဖြစ်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေနဲ့ တိုက်မိဖို့ ပိုလွယ်လေဖြစ်လို့ပဲ။”

“မှန်တယ်။ ပြီးတော့ ကယ်ဆယ်ရေးယာဉ်ရဲ့ လှုပ်ရှားသွက်လက်မှုက သိပ်မကောင်းဘူး။ အမြင်အာရုံ လုံလောက်မှုမရှိရင် အဲဒီ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ဘူး။”

ကျန်းယွင်ထျန်းက အလေးအနက် ပြောလိုက်သည်။

“အတိအကျပဲ။ သူဌေးက စက်ကိရိယာတချို့နဲ့ သစ်သီးတွေကိုလည်း ပို့ပေးလိုက်တယ်။ အဲဒါတွေကို မင်းဆီ အကုန် လဲလှယ်ပေးလိုက်မယ်။”

ကျူးဝူက ဆက်ပြောလိုက်သည်။

“ရေလျှပ်စစ်ခွဲထုတ်စက် (B အဆင့်) ၁၊ ဖရဲသီး ၄၀ ကီလိုဂရမ်၊ ပန်းသီး...”

သူသည် ထိုပစ္စည်းများအားလုံးကို ကျန်းယွင်ထျန်းထံသို့ တစ်ပြိုင်နက်တည်း လဲလှယ်ပေးလိုက်သည်။

“အဖွဲ့ခေါင်းဆောင် ငါ့အတွက်ကော ဘာပါလဲ။”

အားကုန်းသည် ထိုပစ္စည်းများကို မြင်သောအခါ တံတွေးမြိုချလိုက်မိ၏။

“အစ်ကိုကျန်းက မင်းကို ချန်ထားခဲ့မှာ မဟုတ်ပါဘူး။”

ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ငါတို့ နောက်မှ ခွဲဝေကြမယ်။ ဒါပေမဲ့ ရေလျှပ်စစ်ခွဲထုတ်စက်ကိုတော့ ငါ မလိုလောက်ဘူး။ ငါ့မှာ တစ်လုံး ရှိပြီးသား။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“မင်းက အောက်ဆီဂျင်နဲ့ လောင်စာတွေ အများကြီး ထုတ်လုပ်နိုင်တာကို မကြိုက်လို့လား။”

ကျူးဝူက ပြန်မေးလိုက်သည်။

“ကျွန်းပိုင်ရှင်က ဒီကိရိယာကို မလိုလောက်ဘူး။ ဒါပေမဲ့ မင်းကတော့ လိုအပ်မှာပဲ ဟုတ်တယ်မလား။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးသည်။

“ငါ့အတွက် မလိုပါဘူး။ ဒီကိရိယာ ရှိနေရင်တောင် ဘယ်လောက်ထိ ထုတ်လုပ်နိုင်မလဲဆိုတာ ငါ မသိဘူး။ ငါ့အတွက်ကတော့ မူလဂလက်ဆီကို ပြန်သွားပြီး သူဌေးကို တိုက်ရိုက် လဲလှယ်ခိုင်းတာကမှ ပိုကောင်းဦးမယ်။”

ကျူးဝူက ငြင်းလိုက်သည်။

“ကောင်းပြီ။ ဒါဆိုရင် ငါ လက်ခံလိုက်မယ်။ ဒါနဲ့ဆို ငါ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေကို ပိုရှာနိုင်မှာပါ။”

ကျူးဝူက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ မင်း အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေကို လုံလောက်အောင် ရှာရမယ်။ ဒီအဆင့်မှာ တင်ထားတဲ့ စမ်းသပ်မှုက အရမ်းဆိုးရွားလွန်းတယ်လို့ ငါ ခံစားရတယ်။ ကယ်ဆယ်ရေးယာဉ်ကို အဆင့်မြှင့်တင်ဖို့တင် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ သန်းပေါင်းများစွာ လိုအပ်နေပြီ။ သာမန်အားဖြင့် ဘယ်သူက အဲလောက်များများ စုဆောင်းနိုင်မှာလဲ။”

“ဟုတ်တယ်။”

ကျန်းယွင်ထျန်းလည်း သက်ပြင်းချလိုက်မိသည်။ ဤအချိန်တွင် သူသည် ရှောင်းယီ၏ အခြေအနေနှစ်မျိုးကို ရုတ်တရက် သတိရသွားခဲ့သည်။

“မင်း ခုနက ငါ့ကို လဲလှယ်ပေးလိုက်တဲ့ အုတ်မြစ်ကျောက်နဲ့ အနက်ရောက်ရွှေတွေကို ကျွန်းပိုင်ရှင်က မင်းကို လဲလှယ်ပေးလိုက်တာလား။”

သူက ချက်ချင်း မေးလိုက်သည်။

“ဒါပေါ့...။ ငါ့မှာ ဘယ်လိုလုပ် အုတ်မြစ်ကျောက်နဲ့ အနက်ရောက်ရွှေတွေ အဲဒီလောက်အများကြီး ရှိပါ့မလဲ။”

ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။

“မဟုတ်ပါဘူး။ ငါမေးတာက မင်း ခုနက ရှာထားတဲ့ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေကို မင်း သုံးလိုက်တာလားလို့ မေးတာပါ။”

ကျန်းယွင်ထျန်းက ထပ်မံ မေးမြန်းလိုက်သည်။

All Chapters