← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း ၂၅၁ ဓားနှလုံးသား အဆင့်တက်လှမ်းခြင်း

"ဘာ မင်းက ရဲတင်းလှချည်လား"

"ဟင် ဒီစွမ်းအားက ပုံမှန်မဟုတ်ဘူး"

"လခွမ်း အရမ်းကြမ်းတာပဲကွာ"

"သေနာလေး သူ့ကို အထင်သေးမိသွားတာပဲ"

"ငါကိုယ်တော် လုံးဝ မကျေနပ်ဘူးကွာ"

ကြီးမားလှသော ဓားဆန္ဒများက လွှမ်းခြုံကျဆင်းလာပြီး မည်သည့်အရာကမှ တားဆီးနိုင်စွမ်းမရှိဘဲ လမ်းခုလတ်ရှိ အရာအားလုံးကို ရှင်းလင်းဖျက်ဆီးပစ်လိုက်ရာ မကြာမီမှာပင် ထိုတစ္ဆေအိုကြီးများသည် ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသွားကြလေသည်။

ဓားစွမ်းအင်အတွင်း၌ ကိန်းအောင်းနေသော အံ့မခန်းစွမ်းအားမှာ ၎င်းတို့၏ ခန့်မှန်းချက်ထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သဖြင့် တစ်ကောင်ပြီးတစ်ကောင် အသံကုန်ဟစ်ကာ အော်မြည်သွားကြလေသည်။

စူးရှကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများနှင့်အတူ ကျိုးဟန်၏ အချက်အလက် မျက်နှာပြင်ပေါ်ရှိ တိုက်ပွဲ အချက်အလက်များမှာလည်း အဆက်မပြတ် လည်ပတ်နေလေသည်။

[သင်သည် ရေခဲဝိညာဉ် တစ္ဆေအရှင်သခင် ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်]

[၃ ဆ သော ဆုလာဘ်ကို ရရှိပါသည်]

[သင်သည် အတွေ့အကြုံရမှတ် တစ်သိန်းလေးသောင်း ရရှိပါသည်]

[အစမ်းသပ်ခံနယ်မြေ အမှတ် ၁၂၀၀ ကို ရရှိပါသည်]

[အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် ၁၀၃၀ ကို ရရှိပါသည်]

[ဧကရာဇ်အဆင့် ဝတ်စုံ ၁ ခု ရရှိပါသည်]

[သင်သည် သွေးရောင် သတ်ဖြတ်ခြင်း တစ္ဆေအရှင်သခင် ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်]

[၂.၅ ဆ သော ဆုလာဘ်ကို ရရှိပါသည်]

[သင်သည် အတွေ့အကြုံရမှတ် တစ်သိန်းသုံးသောင်း ရရှိပါသည်]

[အစမ်းသပ်ခံနယ်မြေ အမှတ် ၁၁၀၀ ကို ရရှိပါသည်]

[အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် ၉၃၀ ကို ရရှိပါသည်]

[ဧကရာဇ်အဆင့် မှော်လက်နက် ၁ ခု ရရှိပါသည်]

[သင်သည် မီးချော်ရည် တစ္ဆေအရှင်သခင် ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်]

[၄.၃ ဆ သော ဆုလာဘ်ကို ရရှိပါသည်]

[သင်သည် အတွေ့အကြုံရမှတ် တစ်သိန်းခုနစ်သောင်း ရရှိပါသည်]

[အစမ်းသပ်ခံနယ်မြေ အမှတ် ၁၅၀၀ ကို ရရှိပါသည်]

[အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် ၁၂၀၀ ကို ရရှိပါသည်]

[ဧကရာဇ်အဆင့် မှော်လက်နက် ၂ ခု ရရှိပါသည်]

[သင်သည် လေဟာနယ် တစ္ဆေအရှင်သခင် ကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပါသည်]

[၇ ဆ သော ဆုလာဘ်ကို ရရှိပါသည်]

[သင်သည် အတွေ့အကြုံရမှတ် နှစ်သိန်းငါးသောင်း ရရှိပါသည်]

[အစမ်းသပ်ခံနယ်မြေ အမှတ် ၂၂၀၀ ကို ရရှိပါသည်]

[အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် ၂၀၀၀ ကို ရရှိပါသည်]

[ဧကရာဇ်အဆင့် ဝတ်စုံ ၃ ခု ရရှိပါသည်]

"လခွမ်း ဘာအခြေအနေလဲ ရွှေရောင် အလင်းတန်းတွေ အများကြီး တောက်ပနေတာပဲ"

"ဒါက ပစ္စည်းတွေ ကျလာတာပဲ ဝတ်စုံ အရည်အသွေးက နိမ့်မယ့်ပုံ မပေါ်ဘူး ဧကရာဇ်အဆင့် အရည်အသွေးများ ဖြစ်နေမလား"

"ဧကရာဇ်အဆင့် အရည်အသွေးတဲ့လား ဘုရားရေ ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲကွာ"

"ဧကရာဇ်အဆင့် အရည်အသွေး ဝတ်စုံဆိုတာက ထားပါတော့ ဟို ရွှေပန်းရောင် အလင်းတန်းကို မင်းတို့ သတိမထားမိကြဘူးလား"

"ဟုတ်သားပဲ အဲဒါက ဘာလဲ မင်း သိလို့လား"

"ဗဟုသုတ နည်းလိုက်တာကွာ အဲဒါက မှော်လက်နက်လေ အရမ်း ရှားပါးတာ အရည်အသွေး တူနေရင်တောင် မှော်လက်နက် ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဝတ်စုံကို လုံးဝ အသာစီးရတယ်"

လူအများ၏ မျက်လုံးများထဲရှိ လောဘရမ္မက်များမှာ ပိုမို နက်ရှိုင်းလာလေသည်။ အချို့သော ကစားသမားများ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး တံတွေးများကို အဆက်မပြတ် မျိုချနေခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့ မည်မျှအထိ မိမိကိုယ်ကို ထိန်းချုပ်နေရကြောင်း သိသာထင်ရှားလှပေသည်။

ယခင်က ကျဆင်းလာခဲ့သော များပြားလှသည့် ဘုရင်အဆင့် ဝတ်စုံများက လူတိုင်းကို အနည်းငယ် စိတ်လှုပ်ရှားစေခဲ့သည် ဆိုလျှင် ယခု ဧကရာဇ်အဆင့် ဝတ်စုံများနှင့် ဧကရာဇ်အဆင့် မှော်လက်နက်များ ထွက်ပေါ်လာချိန်တွင်မူ လူအများအပြားမှာ ဂနာမငြိမ် ဖြစ်လာကြလေပြီ။

ရန်လိုသော အကြည့်များသည် ကျိုးဟန်၏ ခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ် လေ့လာစူးစမ်းနေကြပြီး အားနည်းချက်ကို အတတ်နိုင်ဆုံး ရှာဖွေနေရင်း မိမိတို့ ရင်ထဲရှိ အစီအစဉ်များ အောင်မြင်နိုင်ခြေ ရှိမရှိကို အလျင်အမြန် စဉ်းစားတွက်ချက်နေကြလေသည်။

"ကျွတ် ကျွတ် ကျွတ် ဒီ မှော်လက်နက် တွေ အကုန်လုံးက ဧကရာဇ်အဆင့် အရည်အသွေးတွေပဲ ဖြစ်ရမယ် တစ်ခုလောက် ရလိုက်ရင်တောင် တဟုန်ထိုး မတက်လာဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး"

"ဟက် လိုချင်တယ်ပေါ့ သွားလုလေ ငါတို့က စိတ်ပိုင်းဆိုင်ရာ ကနေ အားပေးမယ်"

"လခွမ်း နောက်မနေနဲ့ကွာ ငါ မသေချင်သေးဘူး ဒီ ဘော့စ် သေလောက်တဲ့ ဒဏ်ရာ ရသွားရင်တော့ အခွင့်အရေး နည်းနည်း ရှိမယ်လို့ ထင်တယ်"

"သူ ဒဏ်ရာ မရဘူးဆိုတာ မင်း ဘယ်လိုလုပ် သိမှာလဲ အပြင်ပန်းကသာ သန်မာဟန်ပြနေပြီး အထဲမှာ အားနည်းနေတာလည်း ဖြစ်နိုင်တာပဲလေ ဘာပဲဖြစ်ဖြစ် ဒီလောက် စွမ်းအင်တွေ အများကြီး သုံးထားတာ သူဆီမှာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ကျန်နေသေးတယ် ဆိုတာ ငါတော့ မယုံဘူး"

"ဒီလောက် ကြမ်းတမ်းတဲ့ သိုင်းကွက်မျိုးက တားမြစ် သိုင်းကွက် ကို သုံးထားတာ ဖြစ်ရမယ် အဲဒီလိုမှ မဟုတ်ရင်လည်း အစွမ်းထက်တဲ့ မှော်လက်နက် ကို သုံးထားတာပဲ ဖြစ်ရမယ်"

"အဲဒီ နှစ်ခုစလုံးမှာ ကြီးမားတဲ့ ကန့်သတ်ချက် တစ်ခုစီ ရှိကြတယ် အဲဒါကတော့ စွမ်းအင် ကုန်ဆုံးမှု အရမ်းများပြီး ပြန်လည် အသုံးပြုနိုင်ဖို့ အချိန်အကြာကြီး စောင့်ရတာပဲ"

"ဟုတ်တယ်ကွ သူ့မျက်နှာ ဘယ်လောက် ဖြူရော်နေလဲ ကြည့်လိုက်စမ်းပါ အားနည်းသွားပြီ ထင်တယ် ဒါက အခွင့်အရေးကောင်းပဲ သူ ပြန်လည် နာလန်ထူလာဖို့ အချိန်ပေးလိုက်ရင် ငါတို့အတွက် အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး"

လူအုပ်ကြီးမှာ ပြောစရာ စကားမဲ့သွားကြလေသည်။

'မင်းက ဒီထက်ပိုပြီး လျှောက်ပြောလို့ ရဦးမလား ဒီလို အကြောင်းပြချက်တွေ လုပ်ကြံပြီး မြှောက်ထိုးပင့်ကော် လုပ်နေတာက အရမ်း အဆင့်နိမ့်လွန်းတယ် သူ မျက်နှာဖြူနေတာက မူလကတည်းက သန့်စင်တဲ့ အသားအရည် ရှိလို့ဆိုတာကို မျက်စိရှင်တဲ့သူတိုင်း မြင်နိုင်တယ်လေ'

လူအများအပြားသည် စိတ်ကူးယဉ် အကြံအစည်များ ရှိလာကြပြီး အချင်းချင်း စတင် မြှောက်ပင့်ပေးလာကြလေသည်။ သူတို့သည် ကျိုးဟန်၏ အစစ်အမှန် အခြေအနေကို အလွယ်တကူ သွားရောက် မစမ်းသပ်ရဲကြပေ။

မည်သို့ပင်ဆိုစေ အခွင့်အရေးက တစ်ကြိမ်သာ ရှိပြီး ကျရှုံးသွားပါက သေဆုံးခြင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် ရည်ရွယ်ချက် ဆိုးရှိသူ အချို့သည် အန္တရာယ်ကို ကိုယ်တိုင် မယူလိုဘဲ လူမိုက်အချို့ကို မြှောက်ပင့်ပေးကာ သွားရောက် စမ်းသပ်ခိုင်းလိုကြခြင်း ဖြစ်သည်။

သို့သော် ဤကစားသမား များ၏ ဉာဏ်ရည်မှာ မနိမ့်ကျလှသဖြင့် မည်သူမျှ သွေးထိုးလှုံ့ဆော်မှု နောက်သို့ ပါမသွားကြချေ။

[ဝိညာဉ်ဖမ်းစား နံ့သာ ၏ အာနိသင် ကုန်ဆုံးတော့မည် ဖြစ်ပါသည်]

[၂၄ နာရီ အတွင်း ဤပစ္စည်းကို ထပ်မံ အသုံးပြုခြင်းအား တားမြစ်ထားပြီး အသုံးပြုပါက အာနိသင် ပြသမည် မဟုတ်ပါ]

'အချိန်တွေ မြန်လိုက်တာ နာရီဝက်တောင် ပြည့်သွားပြီလား'

စနစ်၏ သတိပေးချက်ကို ကြားလိုက်ရချိန်တွင် ကျိုးဟန်သည် အားမလိုအားမရဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

နာရီဝက် အချိန်အတွင်း သူသည် ရူးသွပ်ဖွယ်ကောင်းသော ရိတ်သိမ်းမှုကြီးထဲတွင် နစ်မြောနေခဲ့သဖြင့် အချိန်ကုန်သွားသည်ကိုပင် သဘာဝကျကျ သတိမထားမိခဲ့ပေ။ တစ္ဆေမိစ္ဆာ အရေအတွက် မည်မျှကို သတ်ဖြတ်ခဲ့မိသည် ဆိုခြင်းကို သူ့ကိုယ်သူပင် မသိတော့ချေ။ မည်သို့ပင်ဖြစ်စေ အလွန် ကြီးမားလှသော အရေအတွက် တစ်ခု ဖြစ်မည်မှာ သေချာလှသည်။

ကျိုးဟန် တစ်ယောက် ရရှိလာသော အကျိုးအမြတ်များကို စစ်ဆေးရေတွက်ရန် ပြင်ဆင်နေစဉ် သူ၏ ခန္ဓာကိုယ် အတွင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာလေသည်။

ထို့နောက် ကြီးမားလှသော စွမ်းအားကြီး တစ်ခုက ခန္ဓာကိုယ် အတွင်း၌ လှည့်ပတ်စီးဆင်းလာပြီး သူ၏ တစ်ကိုယ်လုံးမှာ ပိုမို ကြည်လင် တက်ကြွလာကာ အတားအဆီး တစ်ခုကို ချိုးဖောက်ဝင်ရောက် သွားသည့်အလား သက်ရှိအဆင့်အတန်း တစ်ခုလုံး များစွာ မြင့်တက်သွားလေသည်။

ကျိုးဟန် အနေဖြင့်လည်း အတော်လေး သံသယ ဖြစ်သွားမိသည်။ မကြာမီ စနစ်၏ သတိပေးချက် ထွက်ပေါ်လာချိန်တွင်မူ တိကျသော အကြောင်းရင်းကို သူ သိရှိသွားလေတော့သည်။

[ဂုဏ်ယူပါသည် သင်သည် သတ်ဖြတ်ခြင်း များကြားမှ အသိဉာဏ်သစ် တစ်ခုကို ရရှိသွားပြီး သင်၏ ဓားနှလုံးသား မှာ ပိုမို သန့်စင်လာခဲ့ပါပြီ]

[ဆယ့်ငါး စက္ကန့် အကြာတွင် သင်၏ ကြောက်ရွံ့ခြင်းကင်းမဲ့သော ဓားနှလုံးသား သည် ပိုမို မြင့်မားသော အဆင့် သို့ အလိုအလျောက် အဆင့်တက်လှမ်း သွားမည် ဖြစ်ပါသည်]

ကျိုးဟန် ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားလေသည် ဤသည်မှာ ကောင်းသော ကိစ္စရပ် တစ်ခု ပင်ဖြစ်သည် သူသည် ဓားနှလုံးသား ၏ အခြေအနေ မျက်နှာပြင် ကို ဖွင့်ကာ တစ်ချက် ကြည့်လိုက်လေသည်

[ကြောက်ရွံ့ခြင်းကင်းမဲ့သော ဓားနှလုံးသား]

[ဖော်ပြချက် - ဓားလမ်းစဉ် တွင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပါ ကောင်းကင် က ငါ့ကို တားဆီးရင် ကောင်းကင် ကို ငါ သတ်ဖြတ်မယ် ဒီမြေကြီး က ငါ့ရဲ့ နှလုံးသားကို ထပ်ပြီး ဖုံးကွယ်ထားလို့ မရစေရဘူး ဒီနတ်ဘုရားတွေ အကုန်လုံး အငွေ့ပျံ ပျောက်ကွယ်သွားရမယ်]

[အခြေခံစွမ်းရည် - တိုက်ခိုက်မှု စွမ်းအား တစ်သန်းသုံးသိန်း တိုးလာမည်]

[အကျိုးသက်ရောက်မှု - သိမြင်နားလည်နိုင်စွမ်း ၁၀ ရာခိုင်နှုန်း တိုးလာမည် (ကိုယ်ပိုင် ကျင့်စဉ် ဖန်တီးမှု အပိုင်း)]

'ငါ တစ္ဆေမိစ္ဆာ တွေ အများကြီးကို ဆွဲဆောင်လိုက်တာက ဖော်ပြချက်ထဲက ကြောက်ရွံ့ခြင်းကင်းမဲ့စွာနဲ့ ရဲရဲဝံ့ဝံ့ ရှေ့ဆက်တက်တယ် ဆိုတာနဲ့ ကိုက်ညီသွားလို့ ဖြစ်ရမယ် ဒါကြောင့်မို့လို့ အဆင့်တက်လှမ်း ခွင့် ရသွားတာပဲ'

ကျိုးဟန် က ပြုံးကာ ခန့်မှန်းလိုက်လေသည်။

ဤကဲ့သို့ အမှတ်မထင် တိုက်ဆိုင်သွားမှုမျိုးကို ကျိုးဟန် အနေဖြင့် လုံးဝ ထင်မှတ်မထားခဲ့ဘဲ မမျှော်လင့်ထားသော ဝမ်းသာစရာ ကိစ္စရပ် တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

အဆင့်တက်လှမ်း ပြီးနောက် ဓားနှလုံးသား သည် သိမြင်နားလည်နိုင်စွမ်း အပိုင်းတွင် ပိုမို အစွမ်းထက်လာမည်မှာ သေချာလှပြီး အနာဂတ်တွင် ထိပ်တန်း အစွမ်းထက်သူ တစ်ယောက် ဖြစ်လာရန်အတွက် အလွန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပေသည်။

တွေးတောနေစဉ်မှာပင် ခန္ဓာကိုယ် အတွင်းမှ ဟိန်းဟောက်သံများမှာ ပိုမို ပြင်းထန်လာလေသည်။

[သင်၏ ဓားနှလုံးသား သည် မကြာမီ အဆင့်တက်လှမ်း တော့မည် ဖြစ်ပါသည်]

[သတိပြုရန် - အဆင့်တက်လှမ်း နေသည့် ဖြစ်စဉ်ကို ကိုယ်တိုင် ရပ်တန့်၍ မရနိုင်ပါ ထို့အပြင် သင်၏ အသိစိတ်များ သည် ရှုပ်ထွေးမှု အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သဖြင့် မိမိကိုယ်ကို အန္တရာယ်ကင်းအောင် သတိပြု ကာကွယ်ပါ အဆင့်တက်လှမ်းခြင်း သည် ကျရှုံးနိုင်ခြေ အချို့ ရှိပါသည်]

'လခွမ်း ဘာလို့ စောစော မပြောတာလဲ'

ကျိုးဟန် ၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး မိမိ၏ အစွမ်းအထက်ဆုံး ကာကွယ်ရေး ဝတ်စုံ များကို အလျင်အမြန် စတင် လဲလှယ်ဝတ်ဆင်လိုက်လေသည်။

ဤ ကစားသမား များကို ကျိုးဟန် အနေဖြင့် ဂရုစိုက် ကြောက်ရွံ့နေခြင်း မရှိပေ။ အဓိက ကြောက်ရွံ့ရသည်မှာ ရှိုးလော် တစ္ဆေနယ်မြေ အတွင်းရှိ အစွမ်းထက်သော သိုင်းပညာရှင် အချို့ ပင်ဖြစ်သည်။

အထူးသဖြင့် မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ် သည် သူ့ကို လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပြီး မယားလုခံရသည့် ရန်ငြိုးမှာ ကောင်းကင်နှင့် မြေကြီး ယှဉ်တွဲ မရနိုင်အောင် ကြီးမားလှပေသည်။ တစ်ဖက်လူသည် အစွမ်းထက်သော ဧကရာဇ် တစ်ပါး ဖြစ်သဖြင့် သူ့ကို သေချာပေါက် လွတ်ပေးမည် မဟုတ်ချေ။

အသိစိတ်များ ရှုပ်ထွေးသွားပြီးနောက် သူသည် ဝင်ရောက် တိုက်ခိုက်ခံရခြင်းကိုသာ ငြိမ်ခံနေရမည် ဖြစ်သည်။ ထို့ကြောင့် ကျိုးဟန် အနေဖြင့် ပြီးပြည့်စုံသော ကြိုတင်ပြင်ဆင်မှု များကို သေချာပေါက် လုပ်ဆောင်ထားရမည် ဖြစ်သည်။

ထိုသို့မှ မဟုတ်လျှင် ဓားနှလုံးသား အဆင့်တက်လှမ်း ခြင်း မအောင်မြင်သည့်အပြင် သူ့ကိုယ်သူပါ ဂိမ်းအိုဗာ သွားနိုင်လေသည်။

[ဆယ်စက္ကန့် အချိန်ပြည့်သွားပါပြီ ယခု စတင် အဆင့်တက်လှမ်း ပါမည်]

စနစ်၏ သတိပေးချက်နှင့်အတူ အားကောင်းလှသော စုပ်ယူအားကြီး တစ်ခုက ကျိုးဟန် ၏ တစ်ကိုယ်လုံးရှိ ခွန်အား အများစုကို ချက်ချင်း စုပ်ယူသွားလေတော့သည်။

အခန်း ၂၅၂ ကျိုးဟန်ကို ဝိုင်းဝန်းတိုက်ခိုက်ခြင်း

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ လွင့်ပျံနေသော ဓားပုံရိပ်များ အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် အဆင့်တက်လှမ်းခြင်း အတွက် သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားလေသည်။

မျက်စိတစ်မှိတ်အတွင်း ကျိုးဟန်၏ အရှိန်အဝါမှာ များစွာ အားနည်းသွားပြီး အနည်းငယ် ညှိုးနွမ်းသွားပုံရလေသည်။

[သင်၏ ဓားနှလုံးသား မှာ အဆင့်တက်လှမ်းနေပါသည်... လက်ရှိ ပြီးမြောက်မှု နှုန်းထားမှာ ဝ.၀၁ ရာခိုင်နှုန်း ဖြစ်ပါသည်]

[သင်၏ ဓားနှလုံးသား မှာ အဆင့်တက်လှမ်းနေပါသည်... လက်ရှိ ပြီးမြောက်မှု နှုန်းထားမှာ ဝ.၀၂ ရာခိုင်နှုန်း ဖြစ်ပါသည်]

[သင်၏ ဓားနှလုံးသား မှာ အဆင့်တက်လှမ်းနေပါသည်... လက်ရှိ ပြီးမြောက်မှု နှုန်းထားမှာ ဝ.၀၃ ရာခိုင်နှုန်း ဖြစ်ပါသည်]

အဆင့်တက်လှမ်းသည့် အမြန်နှုန်းမှာ အနည်းငယ် နှေးကွေးနေပြီး မည်မျှကြာမှ ပြီးစီးမည်ကို မသိနိုင်ပေ။

ကျိုးဟန် တွေးတောနေစဉ်မှာပင် သူ၏ အသိစိတ်များ တဖြည်းဖြည်း မှုန်ဝါးလာကာ ဗလာနယ် အခြေအနေသို့ ရောက်ရှိသွားလေတော့သည်။ စနစ်၏ သတိပေးသံများမှလွဲ၍ ကျန်သည့်အရာ အားလုံးကို သူ လုံးဝ အာရုံခံနိုင်စွမ်း မရှိတော့ချေ။

"ဟင်... သူ ဘာတွေ လုပ်နေတာလဲ"

"ရုတ်တရက်ကြီး တရားထိုင်နေပါလား... ဘာတွေများ ဖြစ်သွားတာလဲ"

"ဒီကိစ္စက သေချာပေါက် တစ်ခုခု မှားယွင်းနေတယ်"

"ဒါ ဘာအဓိပ္ပာယ်လဲ... ငါတို့ကို ထောင်ချောက်ဆင်ပြီး မျှားနေတာများလား"

လူတိုင်းသည် ကျိုးဟန်၏ လှုပ်ရှားမှုများကို အစောကတည်းက အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။

ယခု ကျိုးဟန် မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ တရားထိုင်နေပြီး လုံးဝ မလှုပ်မယှက် ရှိနေကာ အသံတစ်ချက်ပင် မထွက်ဘဲ အန္တရာယ်ကင်းမဲ့သည့် အသွင်အပြင် ဖြစ်နေသည်ကို မြင်သောအခါ သူတို့၏ စိတ်ကူးများ စတင် လှုပ်ရှားလာကြလေသည်။

တစ်ယောက်ချင်းစီတိုင်းမှာ အံ့သြသံသယ ဖြစ်နေကြပြီး ရင်ထဲတွင်လည်း အမျိုးမျိုး ခန့်မှန်း တွေးတောနေကြလေသည်။

မည်သို့ပင်ဆိုစေ မြေပြင်အနှံ့ ပြန့်ကျဲနေသော ဝတ်စုံများက လွန်စွာ ဆွဲဆောင်မှု ရှိလွန်းနေသဖြင့် သာမန်လူများ အနေဖြင့် လုံးဝ ထိန်းချုပ်ထားနိုင်စွမ်း မရှိပေ။

"မင်းတို့ မြင်ကြလား... လေထဲမှာ လွင့်မျောနေတဲ့ ဓားစွမ်းအင်တွေ အကုန်လုံး ပျောက်ကွယ်သွားပြီ"

"ဟုတ်တယ်... သူ့ကိုယ်ပေါ်က အရှိန်အဝါတွေက အရမ်း အားနည်းနေတာကို ငါ ခံစားမိတယ်"

"ဒါဆိုရင်တော့..."

"သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေက တကယ်ပဲ ပြဿနာ တစ်ခုခု တက်နေတာများလား"

ဤကစားသမားများသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲမှ မျှော်လင့်ချက်နှင့် သံသယများကို အခြားတစ်ယောက်က ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

"အရှိန်အဝါတွေက ရုတ်တရက်ကြီး ဒီလောက်တောင် အားနည်းသွားတာ... ပြဿနာ မရှိဘူးဆိုတာကိုတော့ ငါ လုံးဝ မယုံဘူး"

"ဒါပေမဲ့ ပြဿနာက ဘယ်နေရာမှာလဲ ဆိုတာတော့ မသိရသေးဘူး"

"ဒါက စဉ်းစားနေစရာ လိုသေးလို့လား... ခုနက တိုက်ပွဲကြောင့် ဖြစ်သွားတာ သေချာတယ်... သူ ဘယ်လောက်တောင် သတ်ခဲ့လဲ ဆိုတာကို မင်းတို့မှ မသိတာ... ငါ စောစောကတည်းက ရောက်နေတာမို့ ဖြစ်စဉ် တစ်ခုလုံးကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်... အရေအတွက်က အရမ်း ကြောက်စရာ ကောင်းတယ်... နတ်ဘုရား ဖြစ်နေရင်တောင် ဒီလောက် အများကြီး သတ်ရရင် ခွန်အားတွေ ကုန်ခန်းသွားမှာပဲ"

ကစားသမား တစ်ယောက်က မျက်နှာတည်ကြီးဖြင့် လိမ်ညာ ပြောဆိုလိုက်လေသည်။ အခြားသူများက စောစောရောက်မလာခဲ့သဖြင့် မသိကြသော်လည်း ၎င်းမှာ အရေးမကြီးပေ။

ယခု အခြေအနေတွင် လူအများအပြားမှာ လှုပ်ရှားချင်နေကြပြီ ဖြစ်ရာ မီးထိုးပေးလိုက်ရုံဖြင့် သေချာပေါက် စွန့်စားချင်သူများ ထွက်ပေါ်လာမည် ဖြစ်သည်။

အကယ်၍ အခြေအနေက သူပြောသလို တကယ် မှန်ကန်နေပါက သူလည်း အကျိုးအမြတ် အချို့ကို ခွဲဝေရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ အခြေအနေက မဟုတ်ခဲ့လျှင်လည်း သေမည့်သူမှာ အခြားသူများသာ ဖြစ်သဖြင့် သူနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။

ထိုစကား ထွက်ပေါ်လာပြီးနောက် လူအများအပြား၏ မျက်လုံးထဲရှိ လောဘရမ္မက်များမှာ ပိုမို နက်ရှိုင်းလာလေသည်။

အခြေအနေမှာ အတန်ကြာ ငြိမ်သက်နေပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ဧကရာဇ်အဆင့် ဝတ်စုံ တစ်ခုဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလေသည်။

ထို့နောက် အလွန် သတိထားကာ လက်ကို ဆန့်ထုတ်လိုက်လေသည်။ ဝတ်စုံကို ကောက်ယူပြီးသည်နှင့် တစ်ပြိုင်နက် လှည့်မကြည့်ဘဲ အမြန် ထွက်ပြေးတော့လေသည်။

"ဟင်... တကယ်ပဲ ရသွားတာလား"

"ဘော့စ် က သတိမထားမိဘူးလား"

"ကြည့်ရတာ တကယ်ကို အားနည်းနေပြီ ထင်တယ်... ငါတို့ကို ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး"

"ဟားဟား... ဒီလို အခွင့်အရေးမျိုးက ထပ်မရနိုင်တော့ဘူး... ညီအစ်ကိုတို့ ဝင်လုကြစို့"

"ငါတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး... အဆင့်မြင့် ဝတ်စုံတွေ ဒီလောက် အများကြီးကို"

"ဒီ ဧကရာဇ်အဆင့် မှော်လက်နက် က ငါ့ဟာပဲ"

"ဒီ ဧကရာဇ်အဆင့် ဝတ်စုံ နှစ်ခုလုံး ငါ့ဟာတွေပဲ"

"အရမ်းမိုက်တယ်... ဒီတစ်ခါတော့ ချမ်းသာပြီပဲ... မြန်မြန် ဝတ်စုံတွေ ကောက်ကြ... မဟုတ်ရင် ဘော့စ် နာလန်ထူလာတဲ့ အချိန်ကျရင် အကုန် ဂိမ်းအိုဗာ သွားလိမ့်မယ်"

"ဒီလို အခွင့်အရေးကောင်းမျိုး ငါ ကြုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ဒါက နတ်ဘုရား တွေရဲ့ သနားကြင်နာမှုပဲ"

မကြာမီ ပထမဆုံး ဝတ်စုံ ကောက်ယူသွားသူမှာ ဘာမှမဖြစ်သည်ကို မြင်သောအခါ လူတိုင်း၏ စိတ်ကူးများ အသက်ဝင်လာကြပြီး လုံးဝ တွေဝေမနေကြတော့ဘဲ လက်ရပစ္စည်း များကို လုယက်ရန် အုံနှင့်ကျင်းနှင့် ပြေးဝင်သွားကြလေတော့သည်။

"ဒီ ဧကရာဇ်အဆင့် ဝတ်စုံ က ငါ့ဟာကွ... မင်းလို ခွေးကောင် ကများ"

"ငါတို့ ဂျပန် နိုင်ငံသားတွေ ဆီက ပစ္စည်းကို လာလုရဲတယ်... မင်း သေချင်နေတာလား"

"ခွေးကောင်... ဒါက မင်းအဘ ရဲ့ မှော်လက်နက် ကွ... မြန်မြန် အောက်ချထားလိုက်စမ်း"

"ဒီဟာတွေ အကုန်လုံးက ငါတို့ ကိုရီးယား နိုင်ငံ ရဲ့ ပစ္စည်းတွေချည်းပဲ"

မျက်စိတစ်မှိတ်အတွင်း ထိုနေရာ တစ်ခုလုံး အလွန် ရှုပ်ထွေးသွားပြီး ဝတ်စုံများကို လုယက်ရန် အချင်းချင်း တိုက်ခိုက်မှုများပင် ဖြစ်ပွားလာကြလေသည်။

"နင်တို့ ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ... ဒီလုပ်ရပ်က ခိုးတာနဲ့ ဘာကွာလို့လဲ"

ကက်သရင်း က ဆက်လက် ကြည့်မနေနိုင်တော့ဘဲ လှပသော မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်ကာ ပြစ်တင်ရှုတ်ချလိုက်လေသည်။

"ဒီ မိန်းမရူးမ... ဒီ ဝတ်စုံ တွေမှာ နာမည် တပ်ထားလို့လား... ငါတို့ ကောက်တာ ဘာဖြစ်လဲ"

"သူ့ကို စကား သွားပြောမနေနဲ့... ဒီကို ရောက်နေတာ ဒီလောက် ကြာနေပြီကို ကမ္ဘာမြေကြီးပေါ်မှာလို့ ထင်နေတုန်းပဲလား"

"နတ်ဘုရားနဲ့ နတ်ဆိုး တိုက်ကြီး ကို ရောက်နေပြီကို ဘာ ကိုယ်ကျင့်တရား လာပြောနေတာလဲ... အားနည်းတဲ့သူကို အားကြီးတဲ့သူက အနိုင်ကျင့်တဲ့ သဘောတရားကို နားမလည်ဘူးလား... ရုပ်လေးသာ လှတာ ဉာဏ်နည်းတဲ့ မိန်းမ"

"ထပ်ပြီး စကားများနေသေးရင် ငါ့လက်ချက် မိသွားမယ်"

"နင်... နင်တို့"

ကက်သရင်း သည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။

သဘောတရားကို သူမ သဘာဝကျကျပင် နားလည်သော်လည်း ရင်ထဲရှိ တရားမျှတမှုကိုသာ စောင့်ထိန်းလိုခြင်း ဖြစ်သည်။ သို့သော် ယခု လူအင်အား များပြားနေသဖြင့် သူမ တစ်ယောက်တည်း၏ ခွန်အားဖြင့် တားဆီးရန်မှာ လုံးဝ အရာမထင်နိုင်ပေ။

"ဒီ ဝတ်စုံ မှာ တကယ် နာမည် တပ်ထားတာပဲ"

"တကယ်ကြီးပဲ... ကျလာတဲ့ ဝတ်စုံ တွေက တစ်ဖက်လူနဲ့ ချိတ်ဆက်ထားတဲ့ အခြေအနေ ဖြစ်နေတာ"

"ဒါကတော့ တော်တော်လေး ဒုက္ခရောက်တာပဲ"

စောစောက ဝတ်စုံများကို ယူပြီး ထွက်ပြေးသွားသော ကစားသမားများသည် အလျင်အမြန်ပင် ပြန်ရောက်လာကြလေသည်။ အကြောင်းမှာ သူတို့ ဝတ်စုံများကို လဲလှယ် ဝတ်ဆင်ရန် ပြင်ဆင်လိုက်ချိန်တွင် ဤသို့သော သတိပေးချက်ကို ရရှိလိုက်သောကြောင့် ပင်ဖြစ်သည်။

"ဒီ ဝတ်စုံ က သတ်ဖြတ်သူ ပိုင်ဆိုင်တဲ့ ပစ္စည်း ဖြစ်တယ်... ချိတ်ဆက်ထားတဲ့ အခြေအနေကို မဖြုတ်ရသေးတာမို့ မင်းအနေနဲ့ ဘာမှ လုပ်ဆောင်လို့ မရနိုင်ပါဘူး"

"ကြည့်ရတာ တစ္ဆေတစ်ရာ ညတိုက်ပွဲ အစမ်းသပ်ခံနယ်မြေ ရဲ့ ထူးခြားချက်ကြောင့် ဖြစ်ရမယ်... အပြင်ဘက်မှာဆိုရင် ဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး"

"မဆိုးဘူးပဲ... ကြည့်ရတာ မင်းက ဒီလို ကိစ္စတွေကို ခဏခဏ လုပ်ဖူးလို့ အတွေ့အကြုံ တော်တော် များနေတဲ့ ပုံပဲ"

"ဒါဆို အခု ဘယ်လို လုပ်ကြမလဲ"

"လွယ်လွယ်လေးပါ... သူ့ကို သတ်လိုက်ရုံနဲ့ ချိတ်ဆက်ထားတဲ့ အခြေအနေ ပြုတ်သွားလိမ့်မယ်"

"သူ့ကို သတ်ရမယ် ဟုတ်လား"

လူတိုင်းသည် ကျိုးဟန်ကို ကြည့်သော အကြည့်များမှာ ရန်လိုလာကြလေသည်။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာ အလွန် အားနည်းနေပြီး ဝတ်စုံများကို အချိန်အကြာကြီး လုယက်နေသည်တောင် တစ်ချက်လေးမျှ တုံ့ပြန်ခြင်း မရှိသည်ကို ကြည့်လျှင် အကြောင်းပြချက် တစ်ခုခုကြောင့် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခြင်းမှာ သေချာလှသည်။

သူ့ပစ္စည်းများကို လုယက်မိသွားပြီ ဖြစ်သဖြင့် တစ်ဖက်လူကို စော်ကားမိပြီးသား ဖြစ်သွားရာ အဆုံးစွန်ထိတိုင် လုပ်ဆောင်လိုက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

လူတိုင်းသည် ဤအကြံပြုချက်ကို အလွန် ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ အစွမ်းထက်သူ တစ်ယောက် ဖြစ်သဖြင့် သူ၏ ကိုယ်ပေါ်တွင် အရည်အသွေးမြင့် ရတနာများ အများအပြား ရှိနေမည်မှာ သေချာပြီး အကယ်၍ အချို့အဝက် ကျဆင်းလာပါက တကယ်ကို ချက်ချင်း ကြီးပွားသွားနိုင်လေသည်။

[သင်၏ ဓားနှလုံးသား မှာ အဆင့်တက်လှမ်းနေပါသည်... လက်ရှိ ပြီးမြောက်မှု နှုန်းထားမှာ ၃၇.၁ ရာခိုင်နှုန်း ဖြစ်ပါသည်]

[သင်၏ ဓားနှလုံးသား မှာ အဆင့်တက်လှမ်းနေပါသည်... လက်ရှိ ပြီးမြောက်မှု နှုန်းထားမှာ ၃၇.၂ ရာခိုင်နှုန်း ဖြစ်ပါသည်]

[သင်၏ ဓားနှလုံးသား မှာ အဆင့်တက်လှမ်းနေပါသည်... လက်ရှိ ပြီးမြောက်မှု နှုန်းထားမှာ ၃၇.၃ ရာခိုင်နှုန်း ဖြစ်ပါသည်]

ဤအချိန်တွင် ကျိုးဟန် သည် အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝ မသိရှိဘဲ သူ၏ အသိစိတ်များထဲတွင် ဓားနှလုံးသား အဆင့်တက်လှမ်းနေသည့် နှုန်းထားကိုသာ မြင်တွေ့နေရလေသည်။

"ဗုဒ္ဓသားတော်ကြီး... ကျွန်တော်တို့ ဝင်ပါဖို့ လိုမလား"

လူတိုင်းသည် လက်နက်များကို အသင့်ပြင်ကာ ကျိုးဟန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်ကို မြင်သောအခါ အိန္ဒိယ အဖွဲ့ဝင် တစ်ယောက်က မေးလိုက်လေသည်။

"သခင်ကြီး... ဒီ နဂါးနိုင်ငံ က ကစားသမား ကိုယ်ပေါ်မှာ သေချာပေါက် ဧကရာဇ်အဆင့် ထက် ကျော်လွန်တဲ့ ဝတ်စုံ တွေ ရှိနေမှာပဲ... အဲဒါတွေကိုသာ ရလိုက်ရင် သခင်ကြီးရဲ့ စွမ်းအားက အများကြီး တိုးတက်လာမှာ အသေအချာပဲ"

"အဲဒီအချိန်ကျရင် နတ်ဘုရားနဲ့ နတ်ဆိုး တိုက်ကြီး ကို သိမ်းပိုက်ဖို့က လွယ်လွယ်လေး ဖြစ်သွားမှာပဲ"

"ငါတို့ အိန္ဒိယ နိုင်ငံကလည်း သေချာပေါက် အတောက်ပဆုံး အလင်းရောင်တွေ ဖြာထွက်လာတော့မှာပဲ"

အိန္ဒိယ အဖွဲ့ဝင်များသည် လုံးဝ စိတ်လှုပ်ရှား တက်ကြွသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ကြွားလုံးထုတ် ပြောဆိုနေကြလေသည်။

ထို ဧကရာဇ်အဆင့် မှော်လက်နက် များကို သူတို့လည်း အလွန် လိုချင်နေကြခြင်း ပင်ဖြစ်သည်။

"မင်းတို့ အရမ်းကို ရိုင်းစိုင်းလာပြီပဲ... ဗုဒ္ဓ ရဲ့ သွန်သင်ဆုံးမမှုတွေကို မေ့သွားကြပြီလား"

"ဒီလို သူတစ်ပါး ဒုက္ခရောက်နေချိန်မှာ အခွင့်ကောင်းယူတဲ့ ကိစ္စမျိုးကို ငါတို့ လုံးဝ လုပ်လို့ မရဘူး"

ဟာလာတဲ က တိုက်ရိုက်ပင် အော်ဟစ် ကြိမ်းမောင်းလိုက်လေသည်။

သို့သော် သူ၏ ရင်ထဲတွင်မူ အခြားသော အစီအစဉ် တစ်ခု ရှိနေလေသည်။

All Chapters