← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း ၂၅၉ လက်နက် ပေါင်းစပ်ခြင်း

[ပိုင်ရှင်သည် မွေးရာပါ စွမ်းရည်ဖြစ်သော အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုလိုက်ပါသည်... နေရာချဲ့ထွင်ခြင်း ကတ်ပြားကို ငါးကြိမ်တိုင်တိုင် အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ... အခြေခံစွမ်းရည် အသစ်များ ထွက်ပေါ်လာပြီဖြစ်၍ ဝင်ရောက်ကြည့်ရှုပါ]

ပစ္စည်း၏ အရည်အသွေး ကန့်သတ်ချက်များကြောင့် ငါးကြိမ်သာ အဆင့်မြှင့်တင်နိုင်ခဲ့လေသည်။ ကျိုးဟန် အနေဖြင့် ပို၍ အရည်အသွေးမြင့်မားသော ပစ္စည်းကို မဝယ်ချင်၍ မဟုတ်ပေ။ ဈေးဆိုင်စနစ်ထဲတွင် အခြားရွေးချယ်စရာ လုံးဝမရှိတော့ဘဲ ဤတစ်ခုသာ ရှိနေသောကြောင့် ဖြစ်သည်။

နောင်တစ်ချိန်တွင် ကျောပိုးအိတ် ၏ နေရာလွတ်ကို ပိုမို ကျယ်ပြန့်လာအောင် ချဲ့ထွင်လိုပါက အထူး ဖန်တီးထားသော မှော်ပစ္စည်း အချို့ လိုအပ်မည်ဖြစ်ပြီး ၎င်းတို့ကို ဈေးဆိုင်စနစ် ထဲတွင် အလွယ်တကူ ဝယ်ယူ၍ ရနိုင်မည် မဟုတ်ချေ။

ကျိုးဟန် တစ်ချက်မျှ ဝေ့ဝဲကြည့်ရှုလိုက်သည်။ နေရာလွတ်ကို ချဲ့ထွင်ပေးခြင်းမှလွဲ၍ အခြား ထူးခြားချက် တစ်စုံတစ်ရာ မရှိသည့်အပြင် တစ်ကြိမ်သာ အသုံးပြုနိုင်သဖြင့် သူ့အတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့လေသည်။

"ဒါတောင် မလောက်သေးဘူးပဲ"

နေရာ ချဲ့ထွင်ပြီးနောက် ဝတ်စုံ တစ်သောင်းခန့် ထပ်မံ ထည့်သွင်းလိုက်ချိန်တွင် စနစ်ထံမှ အလေးချိန်လွန်ကဲနေကြောင်း သတိပေးသံကို ထပ်မံ ကြားလိုက်ရပြန်သည်။

[ပိုင်ရှင်၏ ဧကရာဇ်အဆင့် ဝတ်စုံများသည် သတ်မှတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထောက်လှမ်းသိရှိရပါသည်... လက်နက် ပေါင်းစပ်ခြင်း စွမ်းရည်ကို အောင်မြင်စွာ အသက်ဝင်စေလိုက်ပါပြီ... ဝင်ရောက် ကြည့်ရှုလိုပါသလား]

ကျိုးဟန် တစ်ယောက် ဘာဆက်လုပ်ရမည်မသိ ဖြစ်နေချိန်တွင် စနစ်က လမ်းစတစ်ခုကို ဖော်ပြပေးလာခဲ့လေသည်။

"ဟင်... လက်နက် ပေါင်းစပ်ခြင်း"

"ဒီကိစ္စကို ငါ မေ့နေတော့မလို့"

ကျိုးဟန် သည် မိမိခေါင်းကို တစ်ချက်ပုတ်လိုက်ပြီးနောက် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

လက်နက် ပေါင်းစပ်ခြင်း သည် အစဦး ရှေးဟောင်း ကျမ်းလိပ် ၏ ဒုတိယမြောက် စွမ်းရည် ဖြစ်ပြီး အလားတူ ဝတ်စုံများကို ပေါင်းစပ်ကာ ဝတ်စုံ အသစ်တစ်ခုအဖြစ် ဖန်တီးပေးနိုင်စွမ်း ရှိလေသည်။

သို့သော် ၎င်းကို ဖွင့်လှစ် အသုံးပြုနိုင်ရန်အတွက် အခြေခံ သတ်မှတ်ချက်အနေဖြင့် ဧကရာဇ်အဆင့် အရည်အသွေးရှိသော ဝတ်စုံ ငါးခုကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။

တကယ်တမ်းတွင် ဤသတ်မှတ်ချက်ကို အစောကတည်းက ပြည့်မီနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျိုးဟန် မှာ မကြာသေးမီက အတော်လေး အလုပ်များနေခဲ့သဖြင့် ဤကိစ္စကို သတိမထားမိခဲ့ခြင်း ပင်ဖြစ်သည်။

စနစ်၏ သတိပေးချက်သာ မရှိပါက ဤစွမ်းရည် ရှိနေခြင်းကို ယခုအချိန်အထိ သူ သတိရမိမည် မဟုတ်ချေ။

'ကောင်းပြီ... အခု ဘုရင်အဆင့် ဝတ်စုံတွေ ဒီလောက်များနေတာ ငါ့အတွက်လည်း သိပ်အသုံးမဝင်လှဘူးလေ... တစ်ခါလောက် ပေါင်းစပ်ကြည့်ရအောင်'

'ကျရှုံးသွားရင်တောင် ဘာမှမနစ်နာပါဘူးလေ... ရှိရှိ မရှိရှိ သိပ်အရေးမကြီးတဲ့ ပစ္စည်းတွေပဲဟာကို'

ကျိုးဟန် ရင်ထဲတွင် တွေးလိုက်မိပြီး အသက်ဝင်ခါစ စွမ်းရည်သစ်ကို အစမ်းသပ် ကြည့်လိုစိတ်များ ဖြစ်ပေါ်လာလေသည်။

မည်သို့ပင်ဆိုစေ အစဦး ရှေးဟောင်း ကျမ်းလိပ် မှာ အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး နတ်ဘုရားများကဲ့သို့ ထူးကဲသော စွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။

ပထမဆုံး စွမ်းရည်ဖြစ်သော သိုင်းပညာ ပေါင်းစပ်ခြင်း ကပင် ကျိုးဟန် အား များစွာသော အံ့အားသင့်မှုများကို ယူဆောင်လာပေးခဲ့ရာ ဒုတိယမြောက် စွမ်းရည်ဖြစ်သည့် လက်နက် ပေါင်းစပ်ခြင်း ၏ အကျိုးသက်ရောက်မှုမှာလည်း သေချာပေါက် စိတ်ပျက်စေမည် မဟုတ်ကြောင်း ယုံကြည်နေလေသည်။

ကျိုးဟန် သည် အလွန် စိတ်ဝင်စားနေသော်လည်း မပေါင်းစပ်မီ ဤစွမ်းရည်ကို ဦးစွာ အဆင့်မြှင့်တင် ရဦးမည် ဖြစ်သည်။

[ပိုင်ရှင်သည် မွေးရာပါ စွမ်းရည်ဖြစ်သော အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုလိုက်ပါသည်... လက်နက် ပေါင်းစပ်ခြင်း စွမ်းရည်ကို (၁၀ ကြိမ်မြှင့်) အောင်မြင်စွာ လုပ်ဆောင်ပြီးပါပြီ... အခြေခံစွမ်းရည် အသစ်များ ထွက်ပေါ်လာပြီဖြစ်၍ ဝင်ရောက်ကြည့်ရှုပါ]

ကျိုးဟန် ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပသွားပြီး အချက်အလက် မျက်နှာပြင်ကို ဖွင့်လိုက်ရာ သက်ဆိုင်ရာ ဖော်ပြချက်များကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။

[လက်နက် ပေါင်းစပ်ခြင်း (၁၀ ကြိမ်မြှင့်)]

[အရည်အသွေး - ကြယ်ကိုးပွင့် နတ်ဘုရားအဆင့်]

[အမျိုးအစား - အထောက်အကူပြု ကျွမ်းကျင်မှုစွမ်းရည်]

[ဖော်ပြချက် - လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်သည့် ထူးကဲသော စွမ်းရည်ဖြစ်သည်... တူညီသော အရည်အသွေးရှိသည့် ဝတ်စုံများကို ပေါင်းစပ်ကာ ဝတ်စုံ အသစ်တစ်ခုအဖြစ် ဖန်တီးနိုင်ပြီး အကောင်းဆုံး အစိတ်အပိုင်းများကို ထိန်းသိမ်းကာ မလိုအပ်သည်များကို ဖယ်ရှားပေးနိုင်ပါသည်]

[သီးသန့် အထူးအာနိသင် - တူညီသော အရည်အသွေးရှိသည့် ဝတ်စုံ ၁၀ ခုကို ပေါင်းစပ်ပါက အသစ်ဖြစ်ပေါ်လာသော ဝတ်စုံသည် ၁ ရာခိုင်နှုန်းသော ဖြစ်နိုင်ခြေဖြင့် အရည်အသွေး တစ်ဆင့် မြင့်တက်သွားမည် ဖြစ်ပါသည်... တူညီသော ဝတ်စုံ ၁၀၀ ကို ပေါင်းစပ်ပါက ၂၀ ရာခိုင်နှုန်းသော ဖြစ်နိုင်ခြေဖြင့် အရည်အသွေး တစ်ဆင့် မြင့်တက်သွားမည် ဖြစ်ပါသည်... တူညီသော ဝတ်စုံ ၁၀၀၀ ကို ပေါင်းစပ်ပါက ၅၀ ရာခိုင်နှုန်းသော ဖြစ်နိုင်ခြေဖြင့် အရည်အသွေး တစ်ဆင့် မြင့်တက်နိုင်ပြီး ၃ ရာခိုင်နှုန်းသော ဖြစ်နိုင်ခြေဖြင့် အရည်အသွေး နှစ်ဆင့် မြင့်တက်သွားမည် ဖြစ်ပါသည်]

"ဒီ အကျိုးသက်ရောက်မှုက တကယ်ကို မဆိုးဘူးပဲ"

ကျိုးဟန် သည် ကျေနပ်သော အပြုံးတစ်ခုကို ပြသလိုက်လေသည်။

အရည်အသွေး တစ်ဆင့်သာ မြင့်တက်သွားသည်ဟု ထင်ရသော်လည်း ၎င်းမှ ယူဆောင်လာပေးမည့် တိုးတက်မှုများမှာမူ အလွန် ကြီးမားလှပေသည်။

ဥပမာအားဖြင့် ဘုရင်အဆင့် ဝတ်စုံ တစ်ထောင်ကို အသုံးပြု၍ ဧကရာဇ်အဆင့် ဝတ်စုံ တစ်ခု ရရှိသွားပါက ၎င်းမှာ ကြီးမားသော အမြတ်အစွန်းကြီး ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဧကရာဇ်အဆင့် အရည်အသွေးကို ရရှိရန် ခက်ခဲမှုမှာ ဘုရင်အဆင့် ထက် များစွာ ပိုမို ကြီးမားလှသည် မဟုတ်ပါလား။

ယေဘုယျအားဖြင့် အဆင့်တက်လှမ်းနိုင်သော နည်းလမ်းများမှာ အလွန် ရှားပါးလှပေသည်။ ယခု လက်နက် ပေါင်းစပ်ခြင်း က ထိုသို့သော လမ်းကြောင်းကို ထောက်ပံ့ပေးနိုင်ခဲ့လေပြီ။ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း နည်းပါးနေသေးသော်လည်း ဤသည်မှာပင် အလွန် အစွမ်းထက်လှသော အကျိုးသက်ရောက်မှု တစ်ခု ဖြစ်နေလေပြီ။

ကြယ်ကိုးပွင့် နတ်ဘုရားအဆင့် စွမ်းရည် ဆိုသည့်အတိုင်းပင် အမြင့်ဆုံးအဆင့် သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ဤကဲ့သို့ အစွမ်းထက်သော အကျိုးသက်ရောက်မှုများ ပါဝင်နေခြင်းမှာ တကယ့်ကို နာမည်နှင့် လိုက်ဖက်လှပေသည်။

"ဒါဆိုလည်း တစ်ထောင်ကို တစ်ပြိုင်နက်တည်း ပေါင်းစပ်လိုက်တာပေါ့"

ယခုအချိန်တွင် သူ၏ ဝတ်စုံများမှာ ထည့်စရာ နေရာပင် မရှိတော့အောင် များပြားနေသဖြင့် ပေါင်းစပ်မည် ဆိုပါက အကြိမ် ခုနစ်ဆယ် ရှစ်ဆယ်ခန့် ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ကံကောင်းသော အချိန်နှင့် ကြုံကြိုက်သွားပါက အရည်အသွေး နှစ်ဆင့်တိုင်တိုင် တက်လှမ်းသွားနိုင်သဖြင့် အလွန် ကျေနပ်စရာ ကောင်းလှပေသည်။

ထိုအချက်ကို တွေးမိပြီးနောက် ကျိုးဟန် သည် တွေဝေမနေတော့ဘဲ ရင်ထဲတွင် ရေရွတ်ကာ စွမ်းရည်ကို အသက်ဝင်စေလိုက်လေတော့သည်။

[ပိုင်ရှင်သည် ဘုရင်အဆင့် ဝတ်စုံ တစ်ထောင်ကို လက်နက် ပေါင်းစပ်ခြင်း စွမ်းရည် အသုံးပြုလိုက်ပါသည်... ယခု ပေါင်းစပ်နေပါသဖြင့် ကျေးဇူးပြု၍ ခေတ္တခဏ စောင့်ဆိုင်းပေးပါ]

[ပေါင်းစပ်ခြင်း အောင်မြင်သွားပါပြီ... သင်သည် ဧကရာဇ်အဆင့် အရည်အသွေးရှိသော ဝတ်စုံ တစ်ခုကို ရရှိပါသည်]

မျက်စိရှေ့ရှိ ဝတ်စုံများသည် မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားပြီးနောက် ရွှေရောင် အလင်းတန်းတစ်ခု တောက်ပလာကာ စနစ်၏ သတိပေးသံနှင့်အတူ ပထမဆုံး အကြိမ်မှာပင် အောင်မြင်သွားခဲ့လေသည်။ ကံတရားက အတော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။

"ကျိုးဟန်... ရှင် ဘာလုပ်လိုက်တာလဲ"

"ရှင့်လက်ထဲက ထွက်လာတဲ့ ဧကရာဇ်အဆင့် ဝတ်စုံ က ဘာအခြေအနေကြီးလဲ"

ဘေးတွင် ရပ်နေသော ကက်သရင်း က ဤမြင်ကွင်းကို အတိအကျ မြင်တွေ့သွားပြီး အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ... ပြဿနာ ရှိလို့လား... ကိုယ် စကေး တစ်ခုကို သုံးလိုက်ရုံလေးပါ"

ကျိုးဟန် က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်လေသည်။

"ဘာ စကေး မို့လို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ"

"ရှင်ကတော့ ချမ်းသာမယ့် လျှို့ဝှက်ချက် ကို သိထားတာပဲ"

ကက်သရင်း ၏ လှပသော မျက်လုံးလေးများ တောက်ပသွားပြီး ဤကဲ့သို့သော နည်းလမ်းကို အနည်းငယ် အားကျနေမိလေသည်။

ဘုရင်အဆင့် ကို ဧကရာဇ်အဆင့် အဖြစ် ပြောင်းလဲပစ်နိုင်ခြင်းက ချမ်းသာမည့် လျှို့ဝှက်ချက် မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။

"ဟွန့်... ဒီ စကေး ရဲ့ အရည်အသွေးက မင်းအတွက် အရမ်းကို ဝေးကွာလွန်းနေပါတယ်ကွာ... ပြောပြလည်း မင်း နားလည်မှာ မဟုတ်ပါဘူး"

ကျိုးဟန် က မရှုဆိတ်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"ပြောပြပါဆိုနေ... ကပ်စေးနှဲလေး"

"ကျိုးဟန်... ကျွန်မကို ပြောပြပါဆိုနော်"

ကက်သရင်း က အနည်းငယ် ချွဲနွဲ့ကာ ပြောလိုက်လေသည်။ ကျိုးဟန် ဤသို့ပြောလေလေ သူမ၏ စူးစမ်းချင်စိတ်များက ပိုမို ပြင်းထန်လာလေလေ ပင်ဖြစ်သည်။

"ရပြီ ရပြီ... ဒီ စကေး က ကြယ်ကိုးပွင့် နတ်ဘုရားအဆင့် အရည်အသွေး ရှိတယ်... ဝတ်စုံတွေကို ပေါင်းစပ်ပေးနိုင်ပြီး အရည်အသွေး အဆင့်ကို မြှင့်တင်ပေးနိုင်တယ်လေ"

"ဘာ... ကြယ်ကိုးပွင့် နတ်ဘုရားအဆင့်"

"ဘုရားရေ... ဒီလောက် အရည်အသွေး မြင့်တာကြီးကို ရှင် ဘယ်လိုလုပ် ရလာတာလဲ"

ထင်သည့်အတိုင်းပင် ခန့်မှန်းထားသည့်အတိုင်း ကက်သရင်း မှာ အံ့သြမှင်သက် သွားလေတော့သည်။ ကြယ်ကိုးပွင့် နတ်ဘုရားအဆင့် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဤအရည်အသွေးမှာ သာမန် မြင့်မားမှုမျိုး မဟုတ်ပေ။

"ဟား... မင်းပုံစံက ကမ္ဘာကြီးကို မမြင်ဖူးသေးတဲ့ ပုံစံမျိုး ဖြစ်နေတာပဲ"

"မင်းကို စိတ်ဓာတ်ကျသွားအောင် ပြောတာတော့ မဟုတ်ဘူး... ကိုယ့်ဆီမှာ အမြင့်ဆုံးအဆင့် တွေတောင် ရှိသေးတယ်... နတ်ဘုရားအဆင့် လောက်ကတော့ သာမန်ပါပဲကွာ"

"အမြင့်ဆုံးအဆင့် ဟုတ်လား... ဒါက နတ်ဘုရားအဆင့် ထက် ပိုမြင့်တဲ့ အရည်အသွေး လား"

"နတ်ဘုရားအဆင့် ထက် ပိုမြင့်တာတွေ ရှိနေသေးတာပဲ... ကျွန်မကတော့ နတ်ဘုရားအဆင့် က အစွမ်းအထက်ဆုံး လို့ အမြဲတမ်း ထင်နေခဲ့တာ"

"ကျိုးဟန်... ရှင်က ဘယ်လိုလုပ် ဒီလောက် အများကြီး သိနေရတာလဲ... ဒီ အဆင့် သတ်မှတ်ချက်တွေ အကြောင်း ကျွန်မကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား"

ကက်သရင်း အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခန္ဓာကိုယ်လေးက အလိုအလျောက် တိုးကပ်လာကာ စူးစမ်းလိုစိတ် အပြည့်ဖြင့် မေးလိုက်လေသည်။

ယခုအချိန်တွင် သူမထံ၌ ယခင်က မောက်မာမှုများ လုံးဝ မရှိတော့ဘဲ စုံစမ်းမေးမြန်းနေသော ပရိသတ်လေး တစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။

ဤကဲ့သို့သော ပိုမို မြင့်မားသည့် အဆင့်များအကြောင်းကို သူမ၏ စွမ်းအားဖြင့်ဆိုလျှင် ထိတွေ့ခွင့်ရရန် မဆိုထားနှင့် ကြားပင် မကြားဖူးခဲ့ချေ။

ကျိုးဟန် ပြောပြသော အရာများသည် သူမအတွက် တံခါးအသစ် တစ်ချပ်ကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ ပင်ဖြစ်သည်။

မိန်းမောဖွယ် ကောင်းသော ရနံ့လေးက အနီးကပ် လွင့်ပျံလာပြီး ပူနွေးနေသော ခန္ဓာကိုယ်လေးကြောင့် ကျိုးဟန် ၏ စိတ်အစဉ်များ လှုပ်ရှားသွားလေသည်။ နိုင်ငံခြားသူလေး၏ အရသာကို သူ မခံစားဖူးသေးချေ။

သေချာပေါက် ကျိုးဟန် သည် စိတ်ကူးယဉ်နေခြင်းသာ ဖြစ်သည်။ ယခုအချိန်တွင် အရေးအကြီးဆုံး ကိစ္စမှာ တစ္ဆေ တစ်ရာ ည တိုက်ပွဲ အစမ်းသပ်ခံနယ်မြေ အတွင်းမှ အကျိုးအမြတ်များ ပိုမို ရရှိရန်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုကိစ္စများအတွက် နောင်တွင် အခွင့်အရေးများစွာ ရှိနေသေးသည်။ သို့သော် ဤ လျှို့ဝှက်နယ်မြေ မှာ သုံးရက်သာ အချိန်ကန့်သတ် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

"ရပြီ... ပြောစရာရှိတာတွေ အကုန် ပြောပြပြီးသွားပြီ... သွားတော့ကွာ"

ကျိုးဟန် သည် ကက်သရင်း ၏ အတင်းအကြပ် မေးမြန်းမှုများကြောင့် အနည်းငယ် စိတ်ရှုပ်သွားပြီး အစွမ်းထက်သူ များသာ သိရှိနိုင်သော လျှို့ဝှက်ချက် အချို့ကို ပြောပြလိုက်လေသည်။

'ဟွန့်... နူးနူးညံ့ညံ့လေး ဆက်ဆံရကောင်းမှန်း မသိဘူးလား... ဒီလောက် လှတဲ့ ကောင်မလေးကိုများ သူက ရွံနေသေးတယ်'

ကက်သရင်း သည် ရင်ထဲတွင် မကျေမနပ်ဖြင့် ပြစ်တင် ရေရွတ်လိုက်လေသည်။

ကျိုးဟန် က ဂရုမစိုက်တော့ဘဲ ဝတ်စုံ များကို ဆက်လက် ပေါင်းစပ်နေလေသည်။

"ဟင်... အရည်အသွေး နှစ်ဆင့်တောင် တက်သွားတာလား... ဒီကံတရားကတော့”

အခန်း ၂၆၀ ဧကရာဇ်အဆင့် ဝိညာဉ်သစ်သီး

[ပိုင်ရှင်သည် ဘုရင်အဆင့် အဆင်တန်ဆာ တစ်ထောင်ကို လက်နက် ပေါင်းစပ်ခြင်း စွမ်းရည် အသုံးပြုလိုက်ပါသည်... ယခု ပေါင်းစပ်နေပါသဖြင့် ကျေးဇူးပြု၍ ခေတ္တခဏ စောင့်ဆိုင်းပေးပါ]

[ပေါင်းစပ်ခြင်း အောင်မြင်သွားပါပြီ... အရည်အသွေး တစ်ဆင့် မြင့်တက်သွားပြီး သင်သည် ဧကရာဇ်အဆင့် အရည်အသွေးရှိသော အဆင်တန်ဆာ တစ်ခုဖြစ်သည့် သွေးဧကရာဇ် သွေးပုလဲ ကို ရရှိပါသည်]

[ပိုင်ရှင်သည် ဘုရင်အဆင့် ဝတ်စုံ တစ်ထောင်ကို လက်နက် ပေါင်းစပ်ခြင်း စွမ်းရည် အသုံးပြုလိုက်ပါသည်... ယခု ပေါင်းစပ်နေပါသဖြင့် ကျေးဇူးပြု၍ ခေတ္တခဏ စောင့်ဆိုင်းပေးပါ]

[ပေါင်းစပ်ခြင်း ကျရှုံးသွားပါသည်... နောက်တစ်ကြိမ် ကြိုးစားကြည့်ပါ]

[ပိုင်ရှင်သည် ဘုရင်အဆင့် ဝတ်စုံ တစ်ထောင်ကို လက်နက် ပေါင်းစပ်ခြင်း စွမ်းရည် အသုံးပြုလိုက်ပါသည်... ယခု ပေါင်းစပ်နေပါသဖြင့် ကျေးဇူးပြု၍ ခေတ္တခဏ စောင့်ဆိုင်းပေးပါ]

[ပေါင်းစပ်ခြင်း ကျရှုံးသွားပါသည်... နောက်တစ်ကြိမ် ကြိုးစားကြည့်ပါ]

[ပိုင်ရှင်သည် ဘုရင်အဆင့် လက်နက် တစ်ထောင်ကို လက်နက် ပေါင်းစပ်ခြင်း စွမ်းရည် အသုံးပြုလိုက်ပါသည်... ယခု ပေါင်းစပ်နေပါသဖြင့် ကျေးဇူးပြု၍ ခေတ္တခဏ စောင့်ဆိုင်းပေးပါ]

[ပေါင်းစပ်ခြင်း အောင်မြင်သွားပါပြီ... အရည်အသွေး နှစ်ဆင့် မြင့်တက်သွားပြီး သင်သည် နတ်ဘုရားအဆင့် အရည်အသွေးရှိသော လက်နက် တစ်ခုဖြစ်သည့် ကောင်းကင်ယံ နေဝင်ချိန် ဓားရှည် ကို ရရှိပါသည်]

[ပိုင်ရှင်သည် ဘုရင်အဆင့် ဝတ်စုံ တစ်ထောင်ကို လက်နက် ပေါင်းစပ်ခြင်း စွမ်းရည် အသုံးပြုလိုက်ပါသည်... ယခု ပေါင်းစပ်နေပါသဖြင့် ကျေးဇူးပြု၍ ခေတ္တခဏ စောင့်ဆိုင်းပေးပါ]

[ပေါင်းစပ်ခြင်း အောင်မြင်သွားပါပြီ... အရည်အသွေး တစ်ဆင့် မြင့်တက်သွားပြီး သင်သည် ဧကရာဇ်အဆင့် ဝတ်စုံ တစ်ခုဖြစ်သည့် ကြမ်းတမ်းသော နဂါး လက်ကောက်ဝတ် ကာကွယ်ရေး ကို ရရှိပါသည်]

ပေါင်းစပ်ခြင်း သတင်းအချက်အလက်များ အဆက်မပြတ် ထွက်ပေါ်လာနေပြီး မျက်စိရှေ့ရှိ ဝတ်စုံများသည်လည်း လျင်မြန်စွာ လျော့နည်းသွားလေသည်။

ကျိုးဟန် အနေဖြင့် ဤစွမ်းရည်မှာ အလွန် အချိန်ကိုက် ထွက်ပေါ်လာကြောင်း ဝန်ခံရမည် ပင်ဖြစ်သည်။ များပြားလှသော ဝတ်စုံများကို ရှင်းလင်းပေးနိုင်ရုံသာမက ပိုမိုမြင့်မားသော အရည်အသွေးရှိသည့် ဝတ်စုံများကိုပါ ပေါင်းစပ်ရရှိနိုင်သဖြင့် တကယ့်ကို အလွန် ကျေနပ်စရာ ကောင်းလှပေသည်။

"ကျိုးဟန် ရှင့်ရဲ့ ပေါင်းစပ် အောင်မြင်မှုနှုန်းက တော်တော်လေး မြင့်တာပဲ"

အသစ်ထွက်ပေါ်လာသော လက်နက်များထဲတွင် ဧကရာဇ်အဆင့် အရည်အသွေးများ အများအပြား ပါဝင်နေသည်ကို မြင်လိုက်ရချိန်တွင် ကက်သရင်း ၏ လှပသော မျက်လုံးလေးများ တောက်ပသွားပြီး သွားရည်ကျမတတ် ဖြစ်သွားလေသည်။

"မင်းက ဘာလို့ လော်ဖုန်း လို့ မခေါ်တော့ဘဲ ကျိုးဟန် လို့ ခေါ်နေရတာလဲ ကိုယ်က မင်းနဲ့ အဲဒီလောက် ရင်းနှီးလို့လား"

ကက်သရင်း ထပ်မံ ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် သူမသည် ဤ ဧကရာဇ်အဆင့် ဝတ်စုံ များကို မျက်စိကျနေကြောင်း ကျိုးဟန် ချက်ချင်း သိလိုက်လေသည်။

မည်သို့ပင်ဆိုစေ သူမ၏ ကိုယ်ပေါ်ရှိ ဝတ်စုံများ အားလုံးမှာ ဘုရင်အဆင့် များသာ ဖြစ်ပြီး ဧကရာဇ်အဆင့် ဆို၍ တစ်ခုတည်းသာ ရှိလေသည်။

ထို့ကြောင့် ကျိုးဟန် ဤသို့ ပြောလိုက်ခြင်း၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှသည်။

'ကိုယ့် ဝတ်စုံတွေကို လာမမျှော်လင့်နဲ့'

"အို... ကျိုးဟန်ရာ ဒီလောက် ကပ်စေးမနှဲပါနဲ့ ကျွန်မက ကိုင်ကြည့်ရုံလေးပါ"

ကက်သရင်း က ချွဲနွဲ့ကာ ပြောလိုက်လေသည်။

"ဒါဆို ကိုယ်လည်း မင်းကို တစ်ချက်လောက် ကိုင်ကြည့်မယ်လေ"

ကျိုးဟန် က နောက်ပြောင်လိုက်လေသည်။

"ဒါဆိုလည်း လာလေ"

ကက်သရင်း သည် သူမ၏ မောက်မာသော ရင်အုပ်ကို ကော့ပြလိုက်ပြီး တွေဝေခြင်းမရှိဘဲ ပြောလိုက်လေသည်။

ကျိုးဟန် "..."

'ဒီကောင်မလေးက မကြောက်တဲ့အပြင် ဒီလောက်တောင် ရဲတင်းနေလိမ့်မယ်လို့ မထင်ထားဘူး... မင်းရဲ့ ရှက်ရွံ့မှုတွေ မောက်မာမှုတွေ ဘယ်ရောက်သွားပြီလဲ အစတုန်းက မြင်ရတဲ့ ပုံစံနဲ့ လုံးဝကို ကွာခြားနေပါလား'

"ဟီးဟီး"

ကက်သရင်း သည် ကျိုးဟန် ၏ မျက်နှာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရချိန်တွင် ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်လေသည်။ ခုနက ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ကျိုးဟန် သည် အတော်လေး ယုံကြည်စိတ်ချရပြီး တည်ကြည်ဖြောင့်မတ်သော လူတစ်ယောက် ဖြစ်ကြောင်း သူမ သိရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်သာ ကက်သရင်း ဤမျှ ရဲတင်းစွာ စိန်ခေါ်ရဲခြင်း ပင်ဖြစ်သည်။

ကျိုးဟန် ၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ဤကောင်မလေး အလွန် မောက်မာနေပြီး သူ့ကို ဤသို့ စိန်ခေါ်ရဲသဖြင့် သေချာပေါက် ကောင်းကောင်း ပညာပေးရမည် ဖြစ်သည်။

သူသည် အလကားလူ တစ်ယောက် မဟုတ်ပေ။ ဤနေရာတွင် လူအများအပြား ရှိမနေဘဲ တောခေါင်ခေါင် နေရာမျိုးသာ ဖြစ်နေပါက ကက်သရင်း ကို အစောကတည်းက အပိုင်စား လုပ်ပစ်လိုက်လောက်ပြီ ဖြစ်သည်။

"ယူသွားစမ်းပါကွာ"

ကျိုးဟန် သည် အနှောင့်အယှက် မခံလိုသဖြင့် လက်ခါပြကာ တိုက်ရိုက် ပြောလိုက်လေသည်။ မည်သို့ပင်ဆိုစေ ဤဝတ်စုံများမှာ သူ၏ ပိုင်ဆိုင်မှုများသာ ဖြစ်ပြီး ကက်သရင်း အနေဖြင့် ယူဆောင်သွား၍ မရနိုင်သဖြင့် ကြည့်ရှုရုံဖြင့် ပြဿနာ မရှိပေ။

"ကျိုးဟန် ရှင်က တကယ် သဘောကောင်းတာပဲ ကျေးဇူးပါနော်"

ကက်သရင်း သည် ပန်းပွင့်လေးအလား ပြုံးရွှင်သွားလေသည်။

ထို့နောက် ဧကရာဇ်အဆင့် ဝတ်စုံ များ ပုံနေသည့် နေရာသို့ ပြေးသွားလေသည်။

"ဝါး အခြေခံစွမ်းရည်တွေ အရမ်း အစွမ်းထက်တာပဲ အစစ်အမှန် ထိခိုက်မှုတွေတောင် ပေးနိုင်တယ်"

"ဒီ ကာကွယ်ရေး ဝတ်စုံ ကလည်း အရမ်း မိုက်တယ် ထိခိုက်မှု ပမာဏ ကို ဒီလောက် အများကြီး လျှော့ချပေးတာ"

ကက်သရင်း သည် ထိုနေရာတွင် တအံ့တသြ အော်ဟစ်နေပြီး အသက်နှစ်ဆယ်အရွယ် မိန်းမလှလေး တစ်ယောက်ကဲ့သို့ ရယ်မောနေလေသည်။

လှပလွန်းသော မြင်ကွင်းလေးကြောင့် မျက်စိမခွာနိုင်အောင်ပင် ဖြစ်စေလေသည်။

ကျိုးဟန် သည် ခေတ္တမျှ ကြည့်ရှုခံစားပြီးနောက် ဝတ်စုံများကို ဆက်လက် ပေါင်းစပ်နေလေသည်။

မှောင်မိုက်နေသော အပျက်အစီး တစ်ခုအတွင်းတွင် ကုံးလျို့ သည် အဖွဲ့ဝင်များကို ဦးဆောင်ကာ ပစ္စည်းများ ရှာဖွေနေလေသည်။

ရုတ်တရက် တောက်ပသော အလင်းတန်း တစ်ခုသည် သူ၏ ဘေး နှစ်မီတာ အကွာမှနေ၍ ပျံ့နှံ့ထွက်ပေါ်လာပြီး ကြယ်ရောင်လေးများအလား မှုန်မှိုင်းနေသော ပတ်ဝန်းကျင်ကို အလွန် လှပစွာ အလှဆင်ပေးလိုက်လေသည်။

အလင်းတန်း အတွင်းတွင် ထူးခြားသော ရနံ့များ ပြည့်နှက်နေပြီး မျက်စိတစ်မှိတ်အတွင်း နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

ထိုအထဲရှိ တက်ကြွမှုနှင့် အသက်ဝင်မှုများက လူကို လန်းဆန်း တက်ကြွသွားစေလေသည်။

"လခွမ်း ဒါ ဝိညာဉ်သစ်သီး ပဲ အစ်ကိုကုံး မင်းဘေးမှာလေ မြန်မြန် ဖမ်းထားလိုက်"

"ဟင်... ပုံမှန် မဟုတ်တဲ့ ဖြစ်ရပ် တွေကိုတောင် ဖြစ်ပေါ်စေတယ် သာမန်တော့ မဟုတ်ဘူး"

"အနံ့ခံကြည့်ရုံနဲ့တင် အရမ်း အစွမ်းထက်မယ်ဆိုတာ သိသာတယ် ဘုရင်အဆင့် သဘာဝ ရတနာ တွေများ ဖြစ်နေမလား"

"အစ်ကိုကုံး က အရမ်း မိုက်တယ် ဒါက တတိယအကြိမ် ရှိပြီနော်"

"ဒါမှ ငါတို့ အစ်ကိုကုံး ကွ သဘာဝ ရတနာ တွေက သူ့ဆီကို တိုက်ရိုက် ရောက်လာကြတာ"

အဖွဲ့ဝင်များသည် ကုံးလျို့ ကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

တစ္ဆေ တစ်ရာ ည တိုက်ပွဲ ထဲသို့ ဝင်ရောက်ပြီးနောက် ဤကဲ့သို့သော အခြေအနေမျိုး နှစ်ကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့ဖူးလေသည်။

သို့သော် ယခုတစ်ကြိမ် လှုပ်ရှားမှုက အထူးသဖြင့် ပိုမို ကြီးမားနေလေသည်။

"ဟားဟားဟား ပစ္စည်းကောင်းလေးကွ အရမ်းကောင်းတယ် အရမ်း အစွမ်းထက်တယ်"

ကုံးလျို့ သည် ဝိညာဉ်သစ်သီး ကို ဖမ်းဆုပ်လိုက်ပြီးနောက် အကဲခတ်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အလွန် ဝမ်းသာပျော်ရွှင်မှုများ ထွက်ပေါ်လာပြီး မရိုးသားသော အပြုံးတစ်ခု ပေါ်လာလေသည်။

"အစ်ကိုကုံး မြန်မြန်ပြော ဘယ်လို အရည်အသွေးမျိုးလဲ"

"ဟီးဟီး ကြယ်တစ်ပွင့် ဧကရာဇ်အဆင့် အရည်အသွေးရှိတဲ့ သဘာဝ ရတနာ ကွ ဒီတစ်ခါတော့ တကယ့်ကို အကြီးကြီးပဲ"

"လခွမ်း ဒါကြီးက အရမ်း ကြမ်းလွန်းတယ်"

"အစ်ကိုကုံး ငါသာ မင်းလောက် ကံကောင်းရင် သိပ်ကောင်းမှာပဲ"

ကုံးလျို့ ၏ ကောင်းကင်ကို အန်တုနိုင်သော ကံကောင်းမှုများအတွက် လူတိုင်းမှာ အားကျလွန်း၍ မျက်ရည်များပင် ကျလာလေသည်။

"ယိုရှီ ဧကရာဇ်အဆင့် အရည်အသွေး အရမ်းကို လှပလွန်းတယ်"

အဖွဲ့ဝင်များ စိတ်လှုပ်ရှားနေချိန်တွင် အချိန်အခါ မသင့်သော အသံတစ်ခု ထွက်ပေါ်လာပြီး အသံထွက်ကို ကြားလိုက်ရုံဖြင့် ဂျပန် ကစားသမား များမှန်း သိသာလှပေသည်။

"ရှေ့က နဂါးနိုင်ငံ အဖွဲ့ မင်းတို့ကို ဝိုင်းထားပြီ"

"ဟီးဟီး ဒီလောက်ကောင်းတဲ့ ဝိညာဉ်သစ်သီး ကို ရှာပေးလို့ ကျေးဇူးပဲကွာ"

"ကျေးဇူးဆပ်တဲ့ အနေနဲ့ မင်းတို့ကို အသက်ချမ်းသာပေးမယ် အခြေအနေကို နားလည်ပြီး ပစ္စည်းတွေ ချထားခဲ့ပြီး မြန်မြန် ထွက်သွားကြ မဟုတ်ရင် ငါတို့ မညှာဘူးနော်"

ခေါင်းဆောင်ဖြစ်သူ ဂွေ့ထူတိုင်းလန် သည် မောက်မာဝင့်ကြွားစွာဖြင့် တည်ငြိမ်သော အပြုံးကို ပြသလိုက်လေသည်။

သူ၏ နောက်တွင် နောက်လိုက် ရှစ်ရာခန့် ပါလာပြီး အားလုံးမှာ အင်္ကျီလက်တိုနှင့် သစ်သားဖိနပ် များကို ဝတ်ဆင်ထားကာ မကောင်းသော ရည်ရွယ်ချက်များဖြင့် ကြည့်ရှုနေကြလေသည်။

သူတို့သည်လည်း ဤအပျက်အစီး အတွင်းတွင် ရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဝိညာဉ်သစ်သီး မှ ထွက်ပေါ်လာသော အလင်းတန်းများက သူတို့၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့လေသည်။

ကုံးလျို့ တို့အဖွဲ့တွင် လူနှစ်ရာသာ ရှိသည်ကို မြင်လိုက်ရသဖြင့် မိမိတို့ဘက်မှ လူရှစ်ရာ ရှိနေခြင်းကြောင့် မည်သည့် ပြဿနာမှ မရှိနိုင်ဟု တွေးလိုက်မိလေသည်။

အသက်ချမ်းသာပေးမည် ဆိုခြင်းမှာလည်း တစ်ဖက်လူက အပြင်းအထန် ခုခံမည်ကို စိုးရိမ်ပြီး မိမိတို့ဘက်မှ အသေအပျောက်များ ဖြစ်ပေါ်လာမည်ကို မလိုလားသောကြောင့် ပင်ဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူက အခြေအနေကို နားလည်ပြီး သေချေပါးချေ မတိုက်ခိုက်ပါက မိမိတို့ဘက်မှ မည်သည့် ထိခိုက်မှုမှ မရှိဘဲ ဤ ဝိညာဉ်သစ်သီး ကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။

"ဟင်... ဂျပန် ကစားသမား တွေလား"

"ခွေးကောင်တွေ ကောင်းတယ်... အရင်တစ်ခေါက်က သတ်လို့ မဝသေးဘူး"

"လူများရင် နိုင်မယ်လို့ ထင်နေတာလား ရယ်စရာပဲ"

ကမ္ဘာပေါ်တွင် ဂျပန် နိုင်ငံ မှ လူဦးရေမှာ သန်းလေးရာကျော် ရှိသဖြင့် ပျံ့နှံ့မှုမှာလည်း အလွန် ကျယ်ပြန့်လှပေသည်။ နယ်မြေ ၄၇ ကျဆင်းနေသော ချယ်ရီပန်း မြို့တော် မှလွဲ၍ အခြားသော နယ်မြေများတွင်လည်း ဂျပန် ကစားသမား များ ရှိနေခြင်းမှာ အလွန် ပုံမှန်ပင် ဖြစ်သည်။

ကုံးလျို့ တို့အဖွဲ့သည် ဂျပန် ကစားသမား ရှစ်ရာကို ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် တစ်ယောက်ချင်းစီတိုင်းမှာ အဓိပ္ပာယ်ပါသော အပြုံးများကို ပြသလိုက်ကြလေသည်။

ဘုရင်အဆင့် ဝတ်စုံ များကို အသစ်စက်စက် ရရှိထားပြီး စမ်းသပ်ရန် လူရှာနေချိန်တွင် အိမ်တိုင်ရာရောက် လာပို့ပေးသူ ရှိလာခြင်းပင် ဖြစ်ပြီး ၎င်းမှာလည်း ဂျပန် ကစားသမား များပင် ဖြစ်နေလေသည်။

"သေနာလေးတွေ မင်းတို့ နားပင်းနေလား... ငါပြောတာ မကြားဘူးလား"

ဂွေ့ထူတိုင်းလန် က ကုံးလျို့ ကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် ကြိမ်းမောင်းလိုက်လေတော့သည်။

All Chapters