← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) ခရီးနှင်ခြင်း

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စမှာ "ယခင်ဧကရာဇ် အိပ်မက်ပေးခြင်း" ဖြစ်သလို "ကောင်းကင်ဘုံမှ ကျက်သရေမင်္ဂလာ ပေးကမ်းလာခြင်း" လည်း ဖြစ်နေသည် မဟုတ်လား။

ဤမျှ မြင့်မြတ်လှသော အကြောင်းပြချက်များဖြင့် ဖိချလိုက်သောအခါ ကျန်းမင်းသား အနေဖြင့် စကားပြန်ပြောရန် အခွင့်အရေး မရှိတော့ချေ။

ထို့ကြောင့် လေးပင်သော လေသံဖြင့်သာ ပြန်ဖြေလိုက်ရတော့၏။

"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်း နာခံပါ့မယ်..."

အရှင်မင်းကြီးက မတ်တပ်ရပ်လိုက်ကာ စတုတ္ထမင်းသား ကို ပြောလိုက်လေသည်။

"ဦးရီးတော်... သွားကြစို့... နွေရာသီအပန်းဖြေနန်းတော် ရဲ့ ညစာစားပွဲက အချိန်ကျနေပြီ..."

"ဟုတ်ကဲ့ပါ... အရှင်မင်းကြီး အရင်ကြွပါ..."

အရှင်မင်းကြီးသည် လရောင်အောက်တွင် လမ်းလျှောက်နေပြီး စတုတ္ထမင်းသားက အနောက်မှ ကပ်လျက် လိုက်ပါသွားလေ၏။ လင်ရှင်းကျစ် နှင့် ကိုယ်ရံတော် တစ်စုကလည်း အနောက်မှ လိုက်ပါကြလေသည်။

သေဆုံးနေသူ တစ်ဦးနှင့် ကြောင်အမ်းအမ်းဖြစ်နေသူ နှစ်ဦးသာ ကျန်ရစ်ခဲ့တော့သည်။

"ဘိုးဘိုး... ဒီအရှင်မက ဘာလို့ ဒီမှာ နေခဲ့ပြီး မိဖုရားခေါင်ကြီးရဲ့ အမှုဟောင်းကို စုံစမ်းနေရမှာလဲ..."

လင်ကွေ့ဖေး မှာ မကျေမနပ်ဖြင့် ဒေါသတကြီး မေးလိုက်လေသည်။

သို့သော် ကျန်းမင်းသား က ခါးသီးစွာ ပြုံးလိုက်ပြီး ထိုကျောက်တုံးကို ယူကာ လင်ကွေ့ဖေး ရှေ့တွင် ချထားရင်း ပြောလိုက်၏။

"မယ်မယ်သာ ဒီမှာ မနေခဲ့ရင်... နန်းတော်ထဲတောင် ပြန်ရောက်မှာ မဟုတ်ဘဲ လန်ဖေး လိုမျိုး ဇာတ်သိမ်းသွားရလိမ့်မယ်..."

လင်ကွေ့ဖေး အလွန်တရာ အံ့အားသင့်သွားရပေသည်။

သူမက တစ်ခုခု ထပ်မေးချင်သော်လည ကျန်းမင်းသား အလွန် စိတ်ရှုပ်နေသည်ကို တွေ့လိုက်ရ၏။

ထို့နောက် ပြတင်းပေါက် အပြင်ဘက်ရှိ လရောင်ကို ကြည့်လိုက်ရာ မူလက လှပသော ညရှုခင်းမှာ ယခုတော့ သူမ၏ အမြင်တွင် အနည်းငယ် ခြောက်ခြား ဝမ်းနည်းစရာ ကောင်းနေလေတော့သည်။

နောက်တစ်နေ့တွင် အရှင်မင်းကြီး၊ စတုတ္ထမင်းသား နှင့် အထူးလေ့ကျင့်ထားသော စစ်သည် ငါးထောင်၏ အစောင့်အရှောက်ဖြင့် နန်းတော်ဆီသို့ မြင်းများကို စီးနှင်ကာ ပြန်သွားကြလေသည်။

ထိုက်ဆန်းတောင် နွေရာသီအပန်းဖြေနန်းတော် တွင်မူ ကျန်းမင်းသား နှင့်အတူ ပါလာသော မြို့တော်ကင်းစောင့်တပ်သား တစ်ထောင်လုံး ကျန်ရစ်ခဲ့ရလေ၏။

လင်ကွေ့ဖေး ၏ လုံခြုံရေး အတွက် ဖြစ်ပေသည်။

လင်ကွေ့ဖေး မှာ တဖြည်းဖြည်း ဝေးကွာသွားသော မြင်းလှည်းတန်းကြီးကို ကြည့်ရင်း အံကိုကြိတ်ကာ စိတ်တိုနေသော်လည်း

မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။

အလာ ခရီးလမ်းမှာတာ့ အပြန်လမ်းကို အဆင်ပြေချော့မွေ့မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုတော့ ချောက်ကမ်းပါးထဲသို့ ပြုတ်ကျရန် အစပျိုးသွားခဲ့ပြီမှန်း မည်သူက သိနိုင်မည်နည်း။

အရှင်မင်းကြီး အပေါ်ထားရှိသော သူမ၏ မကျေနပ်မှုများမှာ တဖြည်းဖြည်းနှင့် ပိုမို စုပုံလာတော့၏။

ဆယ်လပိုင်း၏ လေပြေအေးများ တိုက်ခတ်နေပြီး ခရီးသွားအဖွဲ့မှာ မြောက်ပိုင်းသို့ တစ်လျှောက်လုံး ခရီးဆက်နေကြသည်။

အလာကလို မြန်ဆန်မည်မဟုတ်ပေ၊ အခြေအနေအရ နန်းတော်သို့ ပြန်ရောက်ရန် သုံးလခန့် ကြာမြင့်နိုင်ပေမည်။

ထိုအကြောင်းကို တွေးမိသောအခါ အရှင်မင်းကြီးမှာ စတုတ္ထမင်းသား နှင့်အတူ စစ်တုရင် ကစားနေသော်လည်း စိတ်များက အခြားဆီသို့ လွင့်မျှောနေလေသည်။

အရှင်မင်းကြီး လက်ထဲရှိ အနက်ရောင် နယ်ရုပ်များက အဖြူရောင် နယ်ရုပ်များ၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံနေရသဖြင့် စတုတ္ထမင်းသား ပင် အံ့ဩနေမိသည်။

အပြင်တစ်ခေါက် ထွက်လာတာလေးနဲ့ သူ့ရဲ့ စစ်တုရင် ကစားတဲ့ အရည်အချင်းက ဒီလောက်တောင် တိုးတက်လာရသလားဟူ၍။

အရှင်မင်းကြီး၏ မျက်နှာကို ‌မော့ကြည်လိုက်သောအခါ သူ ၏ စိတ်က ကစားပွဲပေါ်တွင် မရှိနေမှန်း သိလိုက်ရသည်။

တကယ့်ကို ပျင်းစရာ ကောင်းလှပေသည်။

"ဦးရီးတော်... တုန်းကျိုး ကိစ္စတွေ အားလုံး သေချာ စီစဉ်ပြီးပြီမလား..."

"အရှင်မင်းကြီး စိတ်ချပါ... ဒီအမတ်ရဲ့ လက်အောက်က လူတွေ အားလုံးက ကျွမ်းကျင်တဲ့သူတွေချည်းပါပဲ... ကျန်းမင်းသား ကို လအနည်းငယ်လောက် အချိန်ဆွဲထားဖို့က ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ဒီအမတ် နားမလည်တာက... သူ့ကို လအနည်းငယ်လောက် အချိန်ဆွဲထားရုံနဲ့ ဘာအကျိုးရှိမှာလဲ..."

နောက်ဆုံးကျရင်လည်း သူက ရှန်းကျင်းမြို့တော် ကို ပြန်လာရမှာပဲ မဟုတ်လား။

ဒါ့အပြင် မိဖုရားခေါင်ကြီးရွှီ ရဲ့ သေဆုံးမှု နောက်ကွယ်မှာ တကယ်ပဲ လျှို့ဝှက်ချက်တွေ ရှိနေရင်တောင် ကျန်းမင်းသား က တကယ်ကြီး စုံစမ်းဖော်ထုတ်ပြီး သူတို့ရှေ့ကို ယူလာပေးမှာမှ မဟုတ်တာ။

ဒီလိုမျိုး အချိန်ကုန်ခံပြီး လုပ်နေတော့ရော ဘာထူးမှာလဲဟု တွေးမိလေသည်။

အရှင်မင်းကြီး က ဘာမှ ပြန်မပြောခဲ့ချေ။

အချို့အရာများကိုတော့ စတုတ္ထမင်းသား အား သူ ပြောပြ၍ ရနိုင်ပါသည်။

သို့သော် အချို့အရာများကတော့ မိမိ၏ စိတ်ထဲတွင်သာ သိမ်းထားရမည် မဟုတ်လား။

ထို့ကြောင့် သူက ပြန်ပြောလိုက်သည်။

"ကိုယ်တော် က သူ့ကို မှတ်လောက်သားလောက် ဖြစ်သွားအောင် လုပ်ချင်တာ... ထူးဆန်းတဲ့ မြင်ကွင်းကိုတောင် ဒီလိုမျိုး လှည့်စားသွားပြီးတော့... ကိုယ်တော့် လက်အောက်က လူတွေကို ငတုံး ငအလို့ သူက ထင်နေတာလား... မိဖုရားခေါင်ကြီးရွှီ ရဲ့ ကိစ္စကလည်း လင်ကွေ့ဖေး ရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် သိသာတယ်... သူတို့ကို ကိုယ်တိုင် စုံစမ်းခိုင်းလိုက်ရင် သေချာပေါက် အလွဲအချော်တွေ ရှိလာမှာပဲ... မင်းရဲ့ လူတွေက အနောက်ကနေ လိုက်စုံစမ်းနေရုံနဲ့တင် အဲဒီကိစ္စရဲ့ အမှန်တရားကို သိနိုင်ပြီ..."

ဤအမှန်တရားက ခိုင်လုံသော သက်သေအထောက်အထားများထက် ပို၍ အရေးကြီးလှပေသည်။

ဥပမာအားဖြင့် မိဖုရားခေါင်ကြီးရွှီ ၏ ကိစ္စတွင် နောက်ဆုံး၌ မည်သူမျှ သက်သေမပြနိုင်ခဲ့လျှင်တောင် အရှင်မင်းကြီး က ဤကိစ္စသည် လင်ကွေ့ဖေး နှင့် ကျန်းမင်းသား တို့နှင့် မကင်းဘူးဟု သတ်မှတ်လိုက်လျှင် လုံလောက်နေပြီ ဖြစ်သည်။

ထိုသို့ဆိုလျှင် နောက်ဆုံးတွင် သူတို့သည်လည်း အကျိုးဆက်ကို ခံစားရမည်သာ ဖြစ်လေသည်။

ဤသည်မှာ အာဏာပင် ဖြစ်ပြီး သေစေချင်လျှင် ရှင်သန်စရာ လမ်းမရှိသကဲ့သို့ပင်။

စတုတ္ထမင်းသား က ခေါင်းညိတ်လိုက်သည်။ အရှင်မင်းကြီး ၏ ဤအစီအစဉ်မှာ စေ့စပ်လွန်းလှ၏။

သူသည် အတန်ကြာ မကျေမနပ် ဖြစ်နေခဲ့သည်။ ကျန်းမင်းသား လွန်ခဲ့သောနှစ်များက ညီလာခံတွင် လက်ညှိုးထိုးပြီး ဗိုလ်ကျနေခဲ့သော ပုံရိပ်များကို ပြန်တွေးမိသောအခါ သူ အလွန် ဝမ်းသာသွားမိသည်။

အကောင်းနှင့် အဆိုး ဒွန်တွဲနေတတ်သည်မ ဟုတ်လား။ သံသရာကလည်း အစဉ်အမြဲ လှည့်ပတ်နေခြင်းပင်။

ခြောက်သွေ့အက်ကွဲနေသော မြေပြင်ပေါ်တွင် မြင်းလှည်းဘီးများ၏ အရာများက အထပ်ထပ် ကျန်ရစ်နေခဲ့သည်။

မြောက်ပိုင်းသို့ ခရီးရောက်လာသောအခါ ရာသီဥတုက ပို၍ သိသိသာသာ အေးစက်လာလေသည်။

ဆယ့်နှစ်လပိုင်း ရောက်ရှိလာပြီ ဖြစ်သဖြင့်

ဆောင်းဦးကုန်၍ ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီ။

ဒီနှစ်၏ ပထမဆုံး နှင်းများ ကျသော ထိုနေ့တွင် ရွေ့ယန်စံအိမ် ထဲ၌ ပုံမှန်ထက် ပို၍ စည်ကားနေတော့သည်။

ဤသည်မှာ လင်ဝမ်ယိ နန်းတော်ထဲတွင် ကောင်းကင်တစ်ခွင်လုံး နှင်းများကျဆင်းနေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင် ဖြစ်သည်။

ယခင်က အမတ်ချုပ်အိမ်တော် ရှိ အရှေ့ဆောင် တွင် နေစဉ်က အမေဖြစ်သူသည် ခြံတံခါးကို ပိတ်ထားပြီး သူတို့ မောင်နှမ သုံးယောက်ကို ခြံဝင်းထဲတွင် နှင်းပက်တမ်း ကစားခွင့် ပြုလေ့ရှိသည်။

ဤနှင်းပက်တမ်း ကစားခြင်းမှာလည်း လင်ရှင်းကျစ် နှင့် လင်မုကျစ် ညီအစ်ကို နှစ်ယောက် သာ ကစားရသည် ဖြစ်ပြီး လင်ဝမ်ယိမှာမူ အအေးမိရောဂါ ရှိနေသဖြင့် လက်နွေးအိုးလေး ကိုင်ကာ အမေ့ဘေးတွင် ရပ်လျက် စင်္ကြံမှနေ၍ ဟိုဟာလုပ် ဒီဟာလုပ်ဖြင့် ညွှန်ကြားရုံသာ လုပ်နိုင်ခဲ့ရှာသည်။

ထိုအကြောင်းများကို တွေးမိပြီး လင်ဝမ်ယိ က ပြုံးရင်း ပြောလိုက်လေသည်။

"နှင်းတွေ နည်းနည်း ပိုကျလာတဲ့အထိ စောင့်ပြီး... ရှောင်လုကျစ် တို့ကို နှင်းဘဲရုပ်လေးတွေ လုပ်ခိုင်းလိုက်မယ်... မင်းက သစ်ကိုင်းလေးတွေ ယူပြီး အလှဆင်လိုက်ရုံပဲ... ကိုယ့်ဟာကိုယ်တော့ နှင်းတွေ သွားမဆော့ရဘူးနော်... ကြားလား..."

ဒုတိယမင်းသား က နှုတ်ခမ်းကို စူထားလိုက်သည်။ သူက ငြင်းဆန်ချင်နေရှာ၏။

သို့သော် လင်မယ်မယ် က သူ့ကောင်းကျိုးအတွက် ပြောနေမှန်း တွေးမိသောအခါ ထိုငြင်းပယ်မည့် စကားများကို မပြောထွက်တော့ပေ။

"သိပါပြီ... လင်မယ်မယ် စိတ်ချပါ... သားတော် လက်နဲ့ မကိုင်ဘူးလို့ ကတိပေးတယ်..."

သူက လက်ဖြင့် မကိုင်သော်လည်း ခြေထောက်ကတော့ သေချာပေါက် ငြိမ်နေမည် မဟုတ်ချေ။

ထိုအကြောင်းကို တွေးမိပြီး ခိုး၍ ပြုံးလိုက်မိသည်။

လင်ဝမ်ယိ က စင်္ကြံတွင် ရပ်ပြီး ပတ်ဝန်းကျင်ကို ခဏလောက် ကြည့်နေမိရာ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာလေတော့သည်။

ထို့ကြောင့် လှည့်ပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်။

အထဲတွင် ကြမ်းပြင်အောက်ရှိ မီးဖိုက လုံလောက်စွာ ပူနေသဖြင့် အခန်းထဲ ဝင်လိုက်သည်နှင့် အရပ်လေးမျက်နှာမှ နွေးထွေးမှုကို ခံစားလိုက်ရ၏။

ဆောင်းရာသီ စကတည်းက ဒုတိယမင်းသမီး လေးမှာ ရွေ့ယန်စံအိမ် ၏ ပင်မနန်းဆောင် တွင်သာ နေရလေတော့သည်။

အဓိက အကြောင်းရင်းမှာ အနောက်ဘက် ခြံဝင်းတွင် ကြမ်းပြင်အောက် မီးဖို မရှိသဖြင့် ဒုတိယမင်းသမီး အအေးမိမည်ကို စိုးရိမ်ရသလို သူမက မီးသွေးနံ့ကို မခံနိုင်မည်ကို စိုးရိမ်သောကြောင့်ပင်။

ထို့ကြောင့် သူမကို ဤအခန်းသို့ ခေါ်လာရခြင်း ဖြစ်သည်။

ယခုအခါ ငါးလ အရွယ်ရှိပြီဖြစ်သော ဒုတိယမင်းသမီး လေးမှာ ကျိမားမား ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှု အောက်တွင် အချိန်ခဏလောက် ထိုင်နိုင်နေပြီ ဖြစ်လေသည်။

ယခုအချိန်တွင် သူမက ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်တွင် ထိုင်နေပြီး ကျိမားမား က ကျားပုံ ခေါင်းအုံးလေး ဖြင့် သူမကို စနောက်ပြီး ကစားပေးနေ၏။

သူမ၏ ပါးစပ်မှ တခစ်ခစ် ရယ်မောသံလေးများ ထွက်ပေါ်နေသည်။

တဆက်တည်းမှာပင် သွားရည်များလည်း ကျဆင်းနေလေ၏။

လင်ဝမ်ယိ က အခန်းထဲ ဝင်လာသည်နှင့် ဤမြင်ကွင်းကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"တို့ရဲ့ ဒုတိယမင်းသမီးလေး ဗိုက်ဆာနေပြီလား... ဒီရက်ပိုင်း သွားရည်တွေချည်းပဲ ကျနေတယ်... ကြည့်ပါဦး ဒီပဝါလေးဆိုတာ လဲလို့ကို မဆုံးနိုင်တော့ဘူး..."

နို့ထိန်း ဖြစ်သူက ထိုစကားကို ကြားသောအခါ ပြုံးပြီး ပြန်ဖြေလိုက်သည်။

"သခင်မလေး စိတ်ချပါ... ဒီအစေခံ အခုလေးတင် ဒုတိယမင်းသမီး ကို နို့တိုက်ထားတာပါ..."

"ဒါဆို ဘာလို့ သွားရည်တွေချည်း ကျနေတာလဲ..."

"ဒုတိယမင်းသမီးလေး သွားပေါက်တော့မှာမို့လို့ နေပါလိမ့်မယ်... သွားပေါက်မယ့် ကလေးတွေက ဒီလိုပဲ သွားရည်ကျတတ်ပါတယ်..."

လင်ဝမ်ယိ အလွန်တရာ ဝမ်းသာသွားမိသည်။

ကလေးတစ်ယောက်က ကိုယ်ရဲ့ မျက်စိရှေ့မှာတင် ကောင်းစွာ ကြီးပြင်းလာသည်မှာ စကားဖြင့် ဖော်ပြရန် ခက်ခဲသော ခံစားချက်မျိုးပင် ဖြစ်သည်။

ဒုတိယမင်းသမီးလေး ကလေးပုခက်ထဲတွင် အားနည်းနေခဲ့သည့် ပုံစံမှ ယနေ့ကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေသည့် အခြေအနေသို့ ကြီးပြင်းလာသည်ကို ကြည့်ရင်း လင်ဝမ်ယိ မှာ ကြည်နူးမှုနှင့်အတူ ဝမ်းသာပီတိ ဖြစ်နေမိ၏။

ထို့ကြောင့် ကိုယ်ပေါ်မှ ခြုံထည်ကို ချွတ်လိုက်ပြီး ဒုတိယမင်းသမီးလေးကို လ

ခြုံပေးကာ ပြောလိုက်လေသည်။

"အော်... တို့ရဲ့ ဒုတိယမင်းသမီးလေး သွားပေါက်တော့မှာကိုး... ဒါဆိုရင် ဆန်ပြုတ်လေး နည်းနည်း တိုက်လို့ရပြီ မဟုတ်လား..."

ပြီးခဲ့သည့် တစ်ခေါက်က ကျိမားမား က တတိယမင်းသမီးလေး ကို ပြုစုခဲ့စဉ်က ရယ်စရာ အဖြစ်အပျက်များကို ပြောပြသောအခါ လင်ဝမ်ယိ က ဤအချက်ကို မှတ်သားထားခဲ့ခြင်း ဖြစ်သည်။

ကလေး ကြီးလာလျှင် အစာကြေလွယ်သော ဆန်ပြုတ်လေးများကို ကျွေးရမည် မဟုတ်လား။

သို့မဟုတ်ပါက မိခင်နို့ တစ်မျိုးတည်း သောက်နေရုံဖြင့် ခန္ဓာကိုယ်က တောင့်ခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျိမားမား က ပြုံးရင်း ပြန်ဖြေလိုက်လေသည်။

All Chapters