← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း (၂၂၆) အဖော်ပြုပေးခြင်း

ထိုအကြောင်းကို တွေးမိသောအခါ လင်ဝမ်ယိ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ တစ်ဖန် ဖုံးလွှမ်းသွားပြန်သည်။ သို့သော် သူမက နှုတ်မှ ထုတ်၍ မေးမည် မဟုတ်ပေ။ အချို့သော ကိစ္စများကို အရှင်မင်းကြီး မပြောခြင်းမှာ အကြောင်းအရင်း ရှိနေ၍သာ ဖြစ်မည်။ သူမလို ကွေ့ရန် တစ်ယောက်က မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး အကြိမ်ကြိမ် စည်းကျော်နေမည် ဆိုလျှင် မကောင်းနိုင်ပေ။ ထို့ကြောင့် သူမက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်လေ၏။

"ကျွန်တော်မျိုးမ နားလည်ပါပြီ"

သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများ ရှိနေသဖြင့် အရှင်မင်းကြီးမှာ ကြည့်ရင်း အတော်လေး စိတ်မကောင်း ဖြစ်သွားရသည်။ ထို့ကြောင့် စကားလမ်းကြောင်း လွှဲကာ ပြောလိုက်လေ၏။

"ဒါနဲ့… မင်းရဲ့ အစ်ကိုလည်း ကိုယ်တော်နဲ့အတူ ပြန်ပါလာတယ်… အခု နွေရာသီအပန်းဖြေနန်းတော်ထဲမှာ ရှိနေတယ်… မနက်ဖြန်ကျရင် အကြောင်းပြချက် တစ်ခုခု ရှာပြီး သူ့ကို မင်းဆီ လာတွေ့ခိုင်းလိုက်မယ်လေ"

"ရှင်"

လင်ဝမ်ယိ၏ မျက်ဝန်းထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားရသည်။

"အစ်ကိုက ဘယ်လိုလုပ်ပြီး…"

စကားပင် မဆုံးသေးခင် ရုတ်တရက် သတိရသွားသည်။ စတုတ္ထမင်းသား၏ ကိုယ်ရံတော်များက အရှင်မင်းကြီးကို ကာကွယ်ရန် လိုက်ပို့ပေးခဲ့ခြင်း ဖြစ်ရာ အစ်ကိုဖြစ်သူက နွေရာသီအပန်းဖြေနန်းတော်ထဲတွင် ရှိနေမည်မှာ မထူးဆန်းတော့ပေ။

"အရှင်မင်းကြီး… ကျွန်တော်မျိုးမ အခုညပဲ တွေ့လို့ ရနိုင်မလား"

သူမ၏ လေသံထဲတွင် မျှော်လင့်ချက်များ ပါဝင်နေသော်လည်း အရှင်မင်းကြီးကမူ မျက်မှောင်ကြုတ်လိုက်လေ၏။

"အခုက မိုးချုပ်နေပြီ… ပြီးတော့ ကိုယ်တော် ပြန်ရောက်လာတဲ့ ကိစ္စကို ဘယ်သူမှလည်း မသိကြသေးဘူး… မင်းက ညကြီးမိုးချုပ် အပြင်က ကိုယ်ရံတော် တစ်ယောက်ကို ခေါ်တွေ့မယ်ဆိုရင် မင်းရဲ့ နာမည်ပျက်သွားမှာ စိုးရတယ်"

ကောလာဟလများ ပြန့်နှံ့သွားမည်ထက် ဤကိစ္စကြောင့် အရှင်မင်းကြီး၏ သွားလာလှုပ်ရှားမှုများကို ပေါက်ကြားသွားမည်ကိုသာ စိုးရိမ်ရခြင်း ဖြစ်သည်။ လင်ဝမ်ယိက ခေါင်းညိတ်လိုက်ပြီး စည်းကမ်းကို လိုက်နာသော ပုံစံဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်မျိုးမ အတင့်ရဲသွားပါတယ်… မနက်ဖြန်မှပဲ အစ်ကိုနဲ့ တွေ့ပါ့မယ်… အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

လင်ကွေ့ဖေးနှင့် ကျန်းမင်းသားတို့ ထိုက်ဆန်းတောင် နွေရာသီအပန်းဖြေနန်းတော်တွင် ကျန်ရစ်ခဲ့သည့် ကိစ္စထက်စာလျှင် မိမိ၏ အစ်ကိုဖြစ်သူနှင့် တွေ့ဆုံရမည့် အခြေအနေက လင်ဝမ်ယိကို ပို၍ ပျော်ရွှင်စေခဲ့သည်။ ဤသို့ စိတ်ကြည်လင်သွားသောအခါ အရှင်မင်းကြီးကို ပြုစုပေးလိုသော စိတ်များလည်း ပို၍ တက်ကြွလာတော့သည်။ သို့သော် သူမက အရှင်မင်းကြီးကို ခေါင်းကို နှိပ်နယ်ပေးရန်သာ အာရုံစိုက်နေသော်လည်း အရှင်မင်းကြီး၏ စိတ်များကတော့ အခြားတစ်နေရာဆီသို့ ရောက်ရှိနေခြင်းပင်။

"ကဲပါ… နှိပ်နေတာ လုံလောက်ပါပြီ… မင်း ရေထဲဆင်းပြီး အတူတူ စိမ်ချင်လား"

လင်ဝမ်ယိက ခေါင်းခါပြလိုက်သည်။ သူမက ရေထဲတွင် ကစားရမည့် ကိစ္စများကို စိတ်မဝင်စားပေ။ သို့သော် သူမ စကားပင် မပြောရသေးခင်မှာ အရှင်မင်းကြီးက သူမကို ပွေ့ချီကာ ရေထဲသို့ ဆင်းလိုက်လေပြီ။ ခြေထောက်များ မြေကြီးနှင့် လွတ်သွားချိန်တွင် သူမက လန့်ဖျပ်ပြီး အော်လိုက်မိသည်။ အရှင်မင်းကြီးက သူမကို ပြုံးစိစိဖြင့် ကြည့်နေရာ သူမ၏ အဝတ်အစားများ အကုန်လုံး စိုရွှဲသွားသည်သာမက မျက်နှာတစ်ခုလုံးလည်း နီမြန်းသွားတော့၏။

အပြင်ဘက်တွင် စောင့်နေကြသော ချိုးမင်နှင့် ရှအန်းတို့ နှစ်ယောက်မှာ အတွင်းမှ လှုပ်ရှားသံများကို ကြားလိုက်ရလေသည်။ မနေနိုင်ဘဲ ချောင်းနှစ်ချက် ဟန့်လိုက်မိပြီး အနည်းငယ် နေရခက်သွားသော်လည်း အရှင်မင်းကြီး၏ အပါးတော်တွင် ပြုစုနေကျသူများ ဖြစ်သဖြင့် မသိဟန်ဆောင်နေလိုက်ကြသည်။ ခြေလှမ်းများကို ရှေ့သို့ အနည်းငယ် ထပ်တိုးကာ ခပ်ခွာခွာ နေလိုက်ကြလေ၏။

ယခုအချိန်တွင် ရွေ့ယန်စံအိမ် အပါ နွေရာသီအပန်းဖြေနန်းတော် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေပြီ။ မီးအိမ်များ ထွန်းညှိထားသော်လည်း ကြယ်ရောင်စုံလင်သော ကောင်းကင်ယံအောက်တွင် လုံးဝ ထင်ပေါ်ခြင်း မရှိပေ။ အေးစက်လှသော လေပြင်းများ တိုက်ခတ်နေသဖြင့် တာဝန်ကျသော နန်းတွင်းသူ နန်းတွင်းသားများမှလွဲ၍ ကျန်လူများမှာ အပြင်သို့ ထွက်မလာကြချေ။ ထို့ကြောင့် ရေပူစမ်း ဘက်တွင် လှုပ်ရှားသံ အနည်းငယ် ကျယ်လောင်နေသော်လည်း မည်သူမျှ သတိမထားမိကြပေ။

လင်ဝမ်ယိ အနေဖြင့် ဤကဲ့သို့သော ပွင့်လင်းလှသည့် နေရာတွင် အိပ်ဆောင်ဝင်ရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ သူမအတွက်တော့ အိပ်ခန်းထဲမှ ထွက်လာသည်နှင့် ထိုအရာများ အားလုံးမှာ စည်းကမ်းမဲ့လွန်းလှသည်ဟု ခံစားရသည်။ သို့သော် အရှင်မင်းကြီးကတော့ ထိုသို့ မထင်ပေ။ သူက ဤလမ်းတစ်လျှောက်လုံးတွင် မည်သူ့ကိုမျှ မထိတွေ့ခဲ့ရသဖြင့် ယခုအချိန်တွင် သေချာပေါက် ကောင်းကောင်းမွန်မွန် ယုယကြင်နာချင်နေလေပြီ။ သူ့နောက်မှ ရေပူစမ်းထဲသို့ ဝင်လာသော လင်ဝမ်ယိမှာ အပူငွေ့များ၏ ရိုက်ခတ်မှုအောက်တွင် ပုံမှန်ထက် ပို၍ ဆွဲဆောင်မှု ရှိနေလေသည်။ ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်များ လှုပ်ရှားလာတော့၏။

သူက အသံဩဩဖြင့် သူမ၏ နားနားသို့ ကပ်ကာ ပြောလိုက်လေသည်။

"ရမလား"

ထိုအချိန်တွင် လင်ဝမ်ယိမှာ ခေါင်းကို အဆက်မပြတ် ခါရမ်းနေတော့သည်။ သို့သော် ဧကရာဇ် တစ်ပါး၏ ရှေ့တွင် ဤရုန်းကန်မှုများက အချည်းနှီးသာ ဖြစ်သည်။ အချိန်ကြာမြင့်စွာ ထိန်းချုပ်ထားခဲ့ရသော ရမ္မက်ဆန္ဒများ ပါဝင်နေသည့် ပြင်းပြသော ထွက်သက်ဝင်သက်များက မျက်နှာပေါ်သို့ ရိုက်ခတ်လာရာ နောက်ဆုံးတွင် လင်ဝမ်ယိမှာ ရုန်းထွက်နိုင်ခြင်း မရှိတော့ဘဲ အရှင်မင်းကြီး၏ အလိုကျသာ လိုက်လျောလိုက်ရတော့သည်။

အချိန်အတန်ကြာပြီးနောက်မှ အရှင်မင်းကြီးက လင်ဝမ်ယိကို လွှတ်ပေးလိုက်ပြီး အလွန် ကျေနပ်နေသည့် မျက်နှာမျိုး ဖြစ်နေလေသည်။ ရေကန်ဘေးတွင် အဝတ်အစားများ ချထားလေ၏။ လင်ဝမ်ယိမှာ အဝတ်အစား ဝတ်ရန်ပင် အားမရှိတော့သော်လည်း ယခုအချိန် ရှအန်းကို ခေါ်ရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမက အရှင်မင်းကြီးကို အနည်းငယ် မကျေမနပ်ဖြင့် ကြည့်လိုက်လေသည်။

အရှင်မင်းကြီးက တိတ်တိတ်လေး ရယ်မောလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်း ထပ်တိုးလာရာ လင်ဝမ်ယိမှာ လန့်ဖျပ်ပြီး ထွက်ပြေးရန် ပြင်လိုက်သော်လည်း အရှင်မင်းကြီးက သူမ၏ ခါးကို ဖက်ထားလိုက်လေ၏။

"ကိုယ်တော် ဝတ်ပေးမယ်"

အသက်ရှူငွေ့များက သူမ၏ နားနားသို့ ရိုက်ခတ်နေသဖြင့် လင်ဝမ်ယိမှာ ရှက်ရွံ့နေရန်ပင် အချိန်မရတော့ချေ။ သူမက ခေါင်းမော့၍ အရှင်မင်းကြီးကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"တကယ်လား"

"အင်း"

အရှင်မင်းကြီးက သူ့အဝတ်အစားကို အရင်ယူကာ ပေါ့ပေါ့ပါးပါးပင် ကောက်ဝတ်လိုက်ပြီးနောက် လင်ဝမ်ယိ၏ အရှေ့သို့ လျှောက်လာလေသည်။ သူမကို ရေထဲမှ မ လိုက်ပြီး ပဝါဖြင့် စတင် သုတ်ပေးတော့၏။ လင်ဝမ်ယိက ငြင်းဆန်ချင်နေသည်။ သူမမှာ ခြေထောက်များ ပျော့ခွေနေသော်လည်း အရှင်မင်းကြီးမှာမူ ရမ္မက်ဆန္ဒများ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာပြန်သည်။ သူမက တစ်ညလုံး ရေပူစမ်းထဲတွင် မစိမ်ချင်တော့ပေ။ သို့မဟုတ်ပါက မနက်ကျတွင် ရှက်လွန်း၍ သေသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူမက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပဝါကို လှမ်းယူကာ ပြောလိုက်လေသည်။

"အရှင်မင်းကြီး ပင်ပန်းခံနေစရာ မလိုပါဘူး… ကျွန်တော်မျိုးမ ဘာသာပဲ လုပ်ပါ့မယ်"

သူမက လှမ်းယူရန် လက်ကမ်းလိုက်သော်လည်း အရှင်မင်းကြီးက တားလိုက်လေ၏။

"ကိုယ်တော် လုပ်ပေးမယ်လို့ ပြောထားတယ်လေ"

လေသံထဲတွင် ငြင်းဆန်ခွင့် မရှိသော အမိန့်သံများ ပါဝင်နေသဖြင့် လင်ဝမ်ယိမှာ ရှက်ရွံ့နေသော်လည်း ဘာမှ မတတ်နိုင်တော့ချေ။ တော်သေးသည်က ဤရေပူစမ်းကန် ပတ်လည်ရှိ နန်းတွင်းမီးအိမ်များမှာ အရမ်းကြီး လင်းထိန်မနေခြင်းပင်။ ထို့ကြောင့် သူမ အနေဖြင့် မျက်လုံးချင်းဆုံရသည့် နေရခက်မှု အနည်းငယ် လျော့ပါးသွားလေသည်။ သို့သော် အရှင်မင်းကြီးကတော့ သူမ၏ ခန္ဓာကိုယ်ကို သုတ်ပေးရန်သာ အာရုံစိုက်နေလေ၏။ ထို့နောက် သူမ၏ အဝတ်အစားများကို တစ်ခုချင်း ဝတ်ဆင်ပေးလိုက်လေသည်။ အခန်းထဲ ပြန်ရောက်ပါက သူတို့နှစ်ဦးလုံး အနားယူကြတော့မည် ဖြစ်ရာ ယူလာသော အဝတ်အစားများမှာလည်း ရိုးရှင်းလှသည်။ ယေဘုယျအားဖြင့် ဤအပေါ်ဝတ်ရုံကို ဝတ်လိုက်ရုံဖြင့် ချက်ချင်းပင် အိပ်ရာဝင်၍ ရနိုင်ပေသည်။

ဆံနွယ်များက စိုစွတ်နေသဖြင့် ဤအပိုင်းကိုတော့ အရှင်မင်းကြီး မလုပ်တတ်ချေ။ ထို့ကြောင့် သူမကို အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ပေးပြီးနောက် အပြင်မှ လူများကို ခေါ်လိုက်လေသည်။ ချိုးမင်က အရှင်မင်းကြီးကို ပြုစုပြီး ရှအန်းက လင်ဝမ်ယိကို ပြုစုလေ၏။ နောက်ထပ် နာရီဝက်ခန့် အချိန်ယူလိုက်ရပြီးနောက် ဆံပင်များ ခြောက်သွားမှသာ ခြုံထည်များကို ခြုံကာ အပြန်လမ်းသို့ ထွက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်လုံးတွင် လေနှင့်နှင်းများ အနည်းငယ် ကြမ်းတမ်းနေပြီး လင်ဝမ်ယိမှာ ဆံပင်ခြောက်ခါစဖြစ်သဖြင့် ခေါင်းပြန်ကိုက်လာမည်ကို စိုးရိမ်လေသည်။ ထို့ကြောင့် အလွန်အမင်း သတိထားနေတော့၏။ ဝတ်ရုံများကို ထူထူ ဝတ်ထားသဖြင့် ယခုအချိန်တွင် လင်ရှင်းကျစ် သူမရှေ့သို့ ရောက်လာလျှင်တောင် ဤသူမှာ မိမိ၏ ညီမလေး ဖြစ်မှန်း မှတ်မိနိုင်မည် မဟုတ်ချေ။

အရှေ့ဘက် ခြံဝင်းထဲတွင် ချိုးမင်က အရာအားလုံးကို သေချာစွာ စီစဉ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် လမ်းတစ်လျှောက်လုံး မည်သည့် ပြဿနာမျှ မကြုံခဲ့ရပေ။ ပင်မအခန်းထဲသို့ ရောက်သည်နှင့် ချွမ်ချီက ရေနွေးနှင့် လက်နွေးအိုးကို အမြန် ယူလာပေးပြီး သူတို့နှစ်ဦးကို နွေးထွေးစေသည်။

"ကဲပါ… အချိန်လည်း မစောတော့ဘူး… အားလုံး နားကြတော့လေ… မနက်ဖြန် မိုးလင်းမှပဲ ဆက်ပြောကြတာပေါ့"

"ဟုတ်ကဲ့ပါ… အမိန့်တော်အတိုင်းပါ"

အရှင်မင်းကြီးက အမိန့်ပေးလိုက်သဖြင့် သူတို့လည်း ဆက်နေရန် မသင့်တော်တော့ချေ။ ထို့ကြောင့် အားလုံးကို ရှင်းလင်း သိမ်းဆည်းပြီးနောက် ထွက်သွားကြလေသည်။ အခန်းထဲတွင် ကြမ်းပြင်အောက် မီးဖိုက နွေးထွေးနေပြီး အိပ်ရာကိုလည်း ခင်းကျင်းထားပြီး ဖြစ်သည်။ သူတို့နှစ်ဦးမှာ မူလက ပင်ပန်းနေသဖြင့် အိပ်ချင်နေသော်လည်း နှင်းတောထဲတွင် လေအဝှေ့ခံလိုက်ရသဖြင့် ပြန်လည် လန်းဆန်းသွားကြတော့၏။

"မနက်ဖြန်ကျရင် ချင်အန်းကို ရေပူစမ်းကန်နဲ့ ကပ်လျက် အခန်းတွေ ဆောက်ခိုင်းလိုက်မယ်… ဒါမှ အသွားအပြန် ပင်ပန်းတာ သက်သာမှာ"

လင်ဝမ်ယိမှာ ဆွံ့အသွားရသည်။ "ညကြီးမိုးချုပ် ဘယ်သူကများ ရေပူစမ်း သွားစိမ်မှာလဲ… အရှင်မင်းကြီးကလွဲရင်ပေါ့" ဟု တွေးလိုက်မိသည်။ သို့သော် ဤရေကန်က ဆောင်းတွင်းတွင် စိမ်ရသည်မှာ အကောင်းဆုံး ဖြစ်ပြီး ဤကဲ့သို့ စိမ်ပြီး နွေးထွေးရာမှ အပြင်ဘက်မှ အအေးဒဏ်ကို ရုတ်တရက် ခံရလျှင် ဖျားနာရန် လွယ်ကူပေသည်။ ထို့ကြောင့် သူမကလည်း ဤအကြံကို မဆိုးဘူးဟု တွေးလိုက်မိ၏။

ယခုအခါ တာ့ဝေ့ပြည်မှာ တိုင်းပြည်ကြွယ်ဝပြီး ပြည်သူများ ခွန်အားပြည့်ဝနေခြင်းပင်။ သို့မဟုတ်ပါက ရေပူစိမ်ရုံလေးအတွက် ဆောက်လုပ်ရေးတွေ လုပ်ပြီး အဆောက်အအုံ ပုံစံကို ပြောင်းလဲပစ်မည်ဟု အပြင်လူများသာ သိသွားခဲ့လျှင် တိုင်းပြည်ကို ဖျက်ဆီးမည့် မိန်းမယုတ်ဆိုသော နာမည်ဆိုးကြီးကို ခံယူရလိမ့်မည် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိပြီး မနေနိုင်ဘဲ ခနဲ့တဲ့တဲ့ ရယ်မောလိုက်မိလေ၏။

အရှင်မင်းကြီးက သူမကို တစ်ချက် ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး… ကျွန်တော်မျိုးမက အရှင်မင်းကြီး ပြန်ရောက်လာတာကို တွေးပြီး စိတ်ထဲမှာ ဝမ်းသာနေတာပါ"

All Chapters