← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀) သိုးသား ဟင်းရည်အိုး

နောက်တစ်နေ့ လင်ဝမ်ယိ နိုးလာချိန်တွင် နေက အတော်လေး မြင့်နေပြီ ဖြစ်သည်။

သူမမှာ ရှက်လွန်း၍ အခန်းပြင်ကိုပင် မထွက်ရဲတော့ဘဲ ပိုးစောင်ထဲတွင်သာ ခေါင်းမြီးခြုံ ပုန်းနေချင်စိတ် ပေါက်နေတော့သည်။

သို့သော် အရှင်မင်းကြီးက သူမကို အလွယ်တကူ လွှတ်ပေးမည်တဲ့လား။

သူမကို နွေးထွေးသော ခန္ဓာကိုယ်ကြီး၏ ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းလိုက်ပြီး အလွန် ပျော်ရွှင်နေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"ထတော့လေ… သူတို့ကို မင်း မျက်နှာသစ်ဖို့ ပြင်ခိုင်းလိုက်ရမလား"

သူမ ကိုယ်ပေါ်က အရာများကို ရှအန်းတို့ကို အမြင်မခံချင်သဖြင့် ခေါင်းကို အဆက်မပြတ် ခါရမ်းပြလိုက်သည်။

အရှင်မင်းကြီးက မနေနိုင်ဘဲ ရယ်မောလိုက်လေ၏။

"ဘာကြောက်နေတာလဲ… သူတို့ မြင်သွားရင်တောင် ကိုယ်တော်က မင်းကို အချစ်ပိုနေတာကို ဝမ်းသာနေကြဦးမှာပါ"

နှစ်ကုန်ခါနီးအချိန် ဖြစ်ပြီး ရှားရှားပါးပါး အနားယူရသည့် ရက်အနည်းငယ်မို့ ဖြစ်မည်။

ယခုရက်ပိုင်းအတွင်း အရှင်မင်းကြီးမှာ ယခင်ကလို တည်ငြိမ်ပြီး စိတ်သဘောထား ခန့်မှန်းရခက်သည့် ပုံစံမျိုး လုံးဝ မရှိတော့ချေ။

တစ်နေ့လုံး စားဖို့သောက်ဖို့ တွေးနေတတ်သည် မဟုတ်လျှင် သူမကို မည်သို့ နှိပ်စက်ရမည်ကိုသာ တွေးနေတတ်သည်။

လင်ဝမ်ယိ အနေဖြင့် ယခုအခါတွင် "တစ်ဦးတည်း မျက်နှာသာပေးခံရခြင်း" က တကယ်ကို မသင့်တော်ကြောင်း ခံစားနေရပြီ ဖြစ်သည်။ ယခင်ကလို အခြားသူများကိုပါ မျှဝေခံစားစေသည်ကမှ ပိုကောင်းပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဤမြက်နုလေးက ဆောင်းရာသီတွင် အနားယူဖို့ လိုအပ်သေးသည် မဟုတ်လား။

မဟုတ်လျှင် နေ့စဉ်နေ့တိုင်း ဤသို့ အချစ်ကြမ်းခံနေရပါက နွေဦးရာသီ၏ နံနက်ခင်း နေရောင်ခြည်ကိုပင် မြင်တွေ့ရတော့မည် မဟုတ်ချေ။

သို့သော် သူမက မအလှပေ။ ဤကဲ့သို့ စကားမျိုးကို ယခုအချိန်တွင် ပြောလိုက်လျှင် ပျော်စရာပျက်သွားမည်သာ ဖြစ်သည်။

ထို့ကြောင့် သူမက နှုတ်ဆိတ်နေပြီး ကုတင်ဘေးရှိ အဝတ်အစားများကို လက်ညှိုးထိုးပြလိုက်သည်။

ထိုအဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။

"မင်းက ကိုယ်တော့်ကို အဝတ်အစား ဝတ်ပေးစေချင်တာလား"

"ကျွန်တော်မျိုးမ မှာ အားမရှိတော့လို့ပါ"

အရှင်မင်းကြီးက သူမကို အချစ်ပိုစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။ ဤ ဖြူဖြူဖွေးဖွေး ချစ်စရာ မိန်းကလေးမှာ သူ၏ နှိပ်စက်မှုကြောင့် အနည်းငယ်…

အနည်းငယ် "ကြေမွ" နေသလို ဖြစ်နေလေပြီ။

ထို့ကြောင့် သူက သဘောထား ကြီးစွာဖြင့် သဘောတူလိုက်လေ၏။ သို့သော် လူဆိုသည်မှာ တစ်ကြိမ် နောက်ဆုတ်ပေးလိုက်လျှင် ထပ်ခါတလဲလဲ နောက်ဆုတ်ပေးနေရမည်ဟု သူ မထင်ထားခဲ့ပေ။

မဟုတ်လျှင် ကောင်းမွန်သော အကျင့်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဥပမာအားဖြင့် ထိုအချိန်မှစ၍ လင်ဝမ်ယိ၏ အဝတ်အစားများကို အရှင်မင်းကြီး ကိုယ်တိုင် ဝတ်ဆင်ပေးရတော့သည်။

ရက်အတော်ကြာပြီးနောက်မှသာ အရှင်မင်းကြီးက သတိထားမိလာပြီး မိမိကိုယ်ကို မတရားခံရကြောင်း ပြောဆိုလေတော့သည်။

ရက်ပေါင်းများစွာ အကျင့်ပါနေခဲ့ပြီ ဖြစ်ရာ မည်သို့ ပြင်၍ ရနိုင်မည်နည်း။

ပထမညက ညည်းညူရင်း အပြစ်တင်ခဲ့သော်လည်း နောက်တစ်နေ့တွင် ပုံမှန်အတိုင်းပင် သူမကို အဝတ်အစား ဝတ်ဆင်ပေးရပြန်သည်။

အရာအားလုံးက သဘာဝကျကျနှင့် ဖြစ်သင့်ဖြစ်ထိုက်သလို ဖြစ်လာခဲ့လေသည်။

နိုးလာပြီး မျက်နှာသစ်၍ သိပ်မကြာခင်မှာပင် တော်ဝင်စားဖိုဆောင်မှ သိုးသား ဟင်းရည်အိုး ရောက်လာခဲ့သည်။

ပထမဆုံးအနေဖြင့် မီးဖိုချောင်လေးထဲသို့ အရင်ဝင်သွားလေ၏။

ချွမ်ချီ အနေဖြင့် ယခင်က တစ်ခါမျှ မမြင်ဖူးသဖြင့် အလွန်အမင်း စိတ်ဝင်စားနေသည်။

တော်ဝင်စားဖိုဆောင်မှ လူများကို အသေးစိတ် မေးမြန်းနေတော့၏။

ယခုတစ်ခေါက် ယူဆောင်လာသည်မှာ အရွယ်အစား အမျိုးမျိုးရှိသော ကြေးဝါအိုး အချို့ဖြစ်သည်။ ချွမ်ချီ မေးမြန်းကြည့်ပြီးနောက်မှသာ ဤအရာများကို ခွဲစား၍ရသလို တွဲစား၍လည်း ရကြောင်း သိလိုက်ရသည်။

အရှင်မင်းကြီး ရှိနေသဖြင့် ခွဲစားသည်က ပိုအဆင်ပြေပေလိမ့်မည်။

ထို့ကြောင့် ကြေးဝါအိုး အရွယ်အစားနှင့် ကိုက်ညီသော မီးဖိုလေးများတွင် မီးသွေးများကို ဖြည်းဖြည်းချင်း မွေးထားလိုက်လေသည်။

ကြေးဝါအိုးထဲသို့ ထည့်ထားသည်မှာ ကြိုတင် ပြင်ဆင်ထားသော ဟင်းရည်ကြည် ဖြစ်သည်။ ကြည့်ရသည်မှာ သာမန်လိုပင် ဖြစ်သော်လည်း ချွမ်ချီက အနည်းငယ် မြည်းကြည့်လိုက်သည်နှင့် အလွန်အမင်း အရသာရှိကြောင်း ခံစားလိုက်ရ၏။

"ဒီသိုးသားက အထူးတလည် တစ်နာရီလောက် ရေခဲရိုက်ထားတာမို့လို့ လှီးရတာ လွယ်နေတာပါ"

အဆီနှင့် အသားမှာ အချိုးကျစွာ ရောနှောနေပြီး အထူအပါးလည်း အနေတော် ဖြစ်သည်။

တော်ဝင်စားဖိုဆောင်မှ တစ်ယောက်က တူကို ယူ၍ အသားတစ်ဖတ်ကို ကြေးဝါအိုးထဲသို့ ထည့်ကာ အကြိမ်အနည်းငယ် မွှေလိုက်သည်နှင့် အသားအရောင်က ပြောင်းသွားသည်ကို တွေ့လိုက်ရ၏။

ထို့နောက် ဆော့စ်အချို့ကို ထုတ်ယူလိုက်ပြီး ချွမ်ချီကို ပြောလိုက်လေသည်။

"မိန်းကလေး မြည်းကြည့်ပါဦး… ဒီဟင်းရည်အိုးက နန်းတော်ထဲမှာ တကယ့်ကို နာမည်ကြီးပဲ… အရှင်မင်းကြီး ကိုယ်တိုင်တောင် အရမ်း ကြိုက်တာ… တကယ်လို့ မိန်းကလေး တတ်သွားရင် နောက်ဆို သခင်မလေး ကို လုပ်ကျွေးရတာ ပိုလွယ်သွားတာပေါ့"

သူက ချွမ်ချီ၏ လက်ရာမှာ သာမန်မဟုတ်ကြောင်း သိထားသည်။

ထို့အပြင် ပုံမှန်အားဖြင့် သူမထံ လာရောက် မေးမြန်းသည့်အခါ သူမကလည်း ဘယ်သောအခါမျှ မနာလိုခြင်း မရှိဘဲ သူမ၏ ဟင်းချက်နည်း လျှို့ဝှက်ချက် အချို့ကို ပြောပြလေ့ရှိသည်။

ထို့ကြောင့် တော်ဝင်စားဖိုဆောင်မှ လူများက ချွမ်ချီအပေါ် အချင်းချင်း လေးစားချစ်ခင်သည့် ဆက်ဆံရေးမျိုး ရှိနေကြခြင်း ဖြစ်သည်။

သိုးသားက ပါးစပ်ထဲ ရောက်သွားသည်နှင့် ဆော့စ်အနံ့လေး သင်းနေသည်။

အလွန် ပူနေမည်ဟု ထင်မှတ်ထားသော်လည်း ဆော့စ်က အပူဒဏ်ကို အတော်လေး လျှော့ချပေးလိုက်ကြောင်း တွေ့လိုက်ရ၏။

ပါးစပ်ထဲတွင် သိုးသားနှင့် ဆော့စ်အရသာ ရောနှောနေသော အနံ့အရသာ ပျံ့လွင့်နေသည်ကိုသာ ခံစားလိုက်ရသည်။

ဆောင်းရာသီတွင် ဤအရာကို စားရသည်မှာ တကယ့်ကို အကောင်းဆုံးပင်။

ချွမ်ချီက ဟင်းချက်နည်းများကို ကောင်းစွာ နားလည်ထားသူ ဖြစ်ရာ တစ်ခုကို သိလျှင် အားလုံးကို နားလည်နိုင်သူ ဖြစ်သည်။

မကြာမီမှာပင် သူမ၏ ဦးနှောက်ထဲတွင် အတွေးသစ်များစွာ ပေါ်ထွက်လာတော့၏။

"ဒီသိုးသား ဟင်းရည်အိုးက တကယ် အရသာရှိတာပဲ... ကျွန်မ သေချာ လေ့လာကြည့်လိုက်ဦးမယ်... တခြား စားလို့ရတဲ့ နည်းလမ်းတွေလည်း ရှိဦးမှာ သေချာတယ်"

တော်ဝင်စားဖိုဆောင်မှ လူများကလည်း ပြုံးရွှင်နေကြသည်။ ချွမ်ချီ၏ လက်ရာအပေါ် သူတို့က ဘယ်သောအခါမျှ သံသယမရှိကြပေ။

သူမ သေချာ လေ့လာပြီးသွားလျှင် ထိုအချိန်ကျမှ သူတို့က လာရောက် ပညာသင်ယူကြမည်သာ ဖြစ်သည်။

ဟင်းသီးဟင်းရွက်များနှင့် သိုးသားများကို သေချာ ပြင်ဆင်ပြီးနောက် ဤဟင်းရည်အိုးကို ပင်မအခန်းသို့ ပို့ဆောင်ပေးလိုက်လေသည်။

အဖုံးကို ဖွင့်လိုက်ချိန်တွင် အမွှေးအကြိုင်များက အခန်းတစ်ခုလုံး ပျံ့လွင့်သွားတော့၏။

ဆန်ပြုတ် စားနေသော ဒုတိယမင်းသမီးလေးပင်လျှင် အနံ့ကြောင့် ဆွဲဆောင်ခံရပြီး အာအာ ဟု အော်နေတော့သည်။

ထိုအဓိပ္ပာယ်မှာ 'ဘာလို့ ဒီအရာက ဒီလောက်တောင် မွှေးနေရတာလဲ' ဟု မေးနေသည့် ပုံစံမျိုးနှင့် တူလှပေသည်။

လင်ဝမ်ယိက ရှေ့သို့ လျှောက်လာပြီး ဤဟင်းရည်အိုးကို အလွန် စိတ်ဝင်စားနေသည်။

သို့သော် တစ်ချက် ကြည့်လိုက်ပြီးနောက် မည်သို့ စားရမည်ကို ချက်ချင်း နားလည်သွားလေ၏။

ထို့ကြောင့် သူမက ချက်ချင်းပင် ပြောလိုက်သည်။

"ဒုတိယမင်းသား က အနောက်မှာ နေလိုက်တာ ပိုကောင်းမယ်... တုမားမား ကို ပြုတ်ခိုင်းပြီးမှ ကျွေးခိုင်းလိုက်... မဟုတ်ရင် ဒီမီးသွေးတွေ ကိုယ်ပေါ် ကျလာရင် ဒုက္ခရောက်လိမ့်မယ်"

အရှင်မင်းကြီးက ဆောင်းတွင်းတွင် ဤမီးဖိုနှင့် ကြေးဝါအိုးကို အသုံးပြု၍ စားရသည်က သက်တောင့်သက်သာ ရှိမည်ဟုသာ တွေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒုတိယမင်းသားမှာ ငယ်ရွယ်သေးသည်ကိုတော့ မေ့နေခဲ့၏။

အကယ်၍ အနည်းငယ် သတိလက်လွတ် ဖြစ်သွားပါက အန္တရာယ် ဖြစ်သွားနိုင်သည်။

လင်ဝမ်ယိ၏ သတိပေးမှုကြောင့်သာ သူ ချက်ချင်း သတိဝင်တော့သည်။

မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်ကို လင်ဝမ်ယိက သတိထားမိလိုက်သည်။

သူမက ခဏစဉ်းစားပြီးနောက် နည်းလမ်းတစ်ခုကို ပြောပြလိုက်လေ၏။

"ကျွန်တော်မျိုးမ က အရပ်ထဲမှာ စားပွဲတစ်မျိုးကို မြင်ဖူးတယ်... အဲဒါက အောက်ခြေကို အပေါက်ဖောက်ပြီး မီးသွေးခွက် ထည့်ထားတာ... နန်းတွင်းရေးရာဌာန ကို တစ်လုံးလောက် လုပ်ခိုင်းလို့ရတယ်လေ... ဒီမီးဖိုကို အထဲထည့်လိုက်ရင် ကြေးဝါအိုးက စားပွဲနဲ့ တစ်ပြေးတည်း ဖြစ်သွားမှာ... အဲဒီလိုဆိုရင် ပိုလုံခြုံသွားမှာပေါ့"

သူမ၏ ဤစကားကို ကြားရသောအခါ အရှင်မင်းကြီးလည်း အနည်းငယ် စိတ်ဝင်စားသွားလေသည်။

လင်ဝမ်ယိကို စိုက်ကြည့်နေမိ၏။

ရုတ်တရက် သတိရသွားသည်မှာ သူမ၏ ဖခင်ဖြစ်သူက လက်မှုပညာ အချို့ကို တတ်ကျွမ်းသည် မဟုတ်လား။

ထို့ကြောင့် သူမ၏ ဤထူးခြားသော အကြံဉာဏ်အပေါ် အံ့ဩမနေတော့ချေ။

ထို့ကြောင့် သူက အမိန့်ပေးလိုက်သည်။

"အင်း... နောက်ကျ ချင်အန်း ကို ပြောလိုက်... သူ့ကို လုပ်ခိုင်းလိုက်"

ထို့နောက် ဒုတိယမင်းသားကို ပြောလိုက်လေ၏။

"လင်မယ်မယ် ပြောတာ မှန်တယ်... မင်းက အနောက်မှာ နေပြီးမှ စားတာ ပိုကောင်းမယ်... နောက်တစ်ခါ စားပွဲလုပ်ပြီးသွားမှပဲ မင်း စားပွဲပေါ် တက်စားတော့"

ဒုတိယမင်းသားက ခေါင်းညိတ်လိုက်သည်။

သူက မအလှပေ။ လူတိုင်းက သူ၏ ကောင်းကျိုးအတွက် ပြောနေမှန်း သူ နားလည်သည်။

ထို့အပြင် တုမားမား၏ လက်မြန်ခြေမြန် ရှိမှုကြောင့် သူက အသင့်စားရမည်ပင် မဟုတ်လား။

ထို့ကြောင့် တုမားမားကို မျှော်လင့်တကြီး ကြည့်နေလေ၏။ လက်တစ်ချက် အတင်အချတွင် သိုးသား တစ်ဖတ် ပြုတ်ပြီးသွားလေပြီ။

သူ ပါးစပ်ဟကာ စားလိုက်ချိန်တွင်မှ ခမည်းတော်ဖြစ်သူက ဘာကြောင့် ဤအရာကို အမြဲတမ်း တမ်းတနေရသနည်းကို သူ နားလည်သွားတော့သည်။

တကယ့်ပဲ လူကို လန်းဆန်းတက်ကြွစေသည်။

ခေါင်းအစ ခြေအဆုံး ထိုသို့သော လန်းဆန်းတက်ကြွမှုမျိုးပင်။

လင်ဝမ်ယိလည်း ထိုသို့ပင် တွေးမိလေသည်။

သိုးသားကို သိပ်မကြိုက်သော သူမပင်လျှင် အများကြီး စားနေမိသည်။

အားရပါးရ စားသောက်ပြီးနောက်တွင်တော့ အလွန်အမင်း ဗိုက်ပြည့်လာတော့၏။

သူမက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

"ဒီလိုမျိုး စားသောက်ပြီး မလှုပ်မရှား နေနေရင်... ကျွန်တော်မျိုးမရဲ့ လာမယ့်နှစ် ဝတ်စုံတွေ အကုန်လုံး အသစ် ပြန်ချုပ်ရလိမ့်မယ် ထင်တယ်"

အရှင်မင်းကြီးက သူမကို အထက်အောက် သေချာ ကြည့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ပြန်ပြောလိုက်လေ၏။

"အင်း... ခါးနေရာကို နည်းနည်း ချောင်ချောင်လေး ချုပ်ထားဖို့ သတိရနော်... မဟုတ်ရင် ဗိုက်ကြီး ထွက်လာရင် ကျပ်ပြီး နေရခက်လိမ့်မယ်"

လင်ဝမ်ယိမှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရသည်။

သူမ ပြောတာက ကိုယ်အလေးချိန် တက်လာမည်ကိုပင်။ ဒီအရှင်မင်းကြီးကတော့ တကယ့်ကို တွေးတတ်လွန်းလှပေသည်။

သူမ ကိုယ်ဝန်ရဖို့ မျှော်လင့်နေလို့များလား။ ဒီလောက်စောစောကြီး ကြိုပြောနေတာ။

သို့သော် ဤစကားက သူမကို သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ဒီရက်ပိုင်းအတွင်း အတူတူနေရသည့် အချိန်က များနေပြီး အရှင်မင်းကြီးကလည်း သူမအနားကနေ တစ်ခဏလေးတောင် မခွာဘူးလေ။

တကယ်လို့ မတော်တဆ ကိုယ်ဝန်ရသွားခဲ့ရင် သူမမှာ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိသေးဘူးလေ။

ထို့ကြောင့် သူမက ရှအန်း ကို အမြန် လှမ်းကြည့်လိုက်ပြီး လက်က ဝမ်းဗိုက်ပေါ်တွင် တင်ထားလိုက်သည်။ ထိုအဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။

ရှအန်းက မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး စိတ်ချရစေမည့် အကြည့်တစ်ချက်ကို ပြန်လည် ပေးပို့လိုက်လေ၏။

All Chapters