← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) ငါးသတ်ရန် ပြင်ဆင်ခြင်းနှင့် လူအများ၏ မနာလိုဖြစ်မှုများ

"ကဲပါ၊ ငါလည်း ထမင်းဟင်း သွားချက်ရဦးမယ်၊ ဘာကိစ္စပဲရှိရှိ မနက်ဖြန်မှပဲ ဆက်ပြောကြတာပေါ့"

ပြောပြီးနောက်တွင် ချန်ကောဟွားက ဆန်အိတ်ကို ထိန်းကိုင်ကာ စက်ဘီးကို တွန်းရင်း ချင်ကျင်းယွီနှင့်အတူ အိမ်ရှိရာသို့ ပြန်လာသည်။ နဂိုနေရာတွင် လူအများ၏ အားကျမနာလိုဖြစ်နေသော အကြည့်များသာ ကျန်ရစ်ခဲ့လေတော့သည်။

……

အိမ်သို့ ပြန်ရောက်ပြီးနောက် ချန်ကောဟွားသည်လည်း ထမင်းဟင်းများကို စတင်ချက်ပြုတ်သည်။

မွှေးပျံ့နေသော ဆန်ဖြူထမင်းနှင့်အတူ ယခင်က စား၍မကုန်ဘဲ ကျန်ရှိနေသော တောဝက်သားများကို ထည့်သွင်းချက်ပြုတ်ခဲ့သည်။

တစ်ခဏချင်းအတွင်း ခြံဝင်းကြီးတစ်ခုလုံး၌ ရှိသမျှသောလူများကို သေလုမတတ် သွားရည်ကျစေနိုင်သော မွှေးရနံ့များ ဖုံးလွှမ်းသွားသည်။ ဤအချိန်တွင် ချန်ကောဟွားတို့ ဇနီးမောင်နှံ၏ ရိုးရှင်းသော ထမင်းတစ်နပ်က ခြံဝင်းအတွင်းရှိ လူအတော်များများကို နောက်ကွယ်၌ သွားရည်ကျစေခဲ့ကြောင်းကို လုံးဝ မသိရှိခဲ့ကြချေ။

ထမင်းစားသောက်ပြီးစီးသွားပြီးနောက် သူတို့နှစ်ဦးသည် အနားယူရန်အတွက် အခန်းထဲသို့ အလျင်အမြန် ပြန်ဝင်ခဲ့ကြသည်။ သို့သော် ခြောက်ဆယ်ခုနှစ်များအတွင်း၌ ဖျော်ဖြေရေးကဏ္ဍများ မရှိသောကြောင့် အချိန်ဖြုန်းရန် ကိစ္စရပ်များလည်း သဘာဝကျစွာပင် မရှိခဲ့ချေ။

အခြားသူများနည်းတူ ဇနီးမောင်နှံနှစ်ဦးသည် အစားအသောက်များကို ဝပြောစွာ စားသောက်ပြီးစီးချိန်တွင် သားသမီးရတနာ ထွန်းကားရေးအတွက် အတူတကွ ကြိုးစားလေ့ရှိကြသည်။ ချန်ကောဟွားမှာ ယခုအခါတွင် စားဝတ်နေရေးအတွက် ပူပန်စရာမလိုတော့သဖြင့် ကလေးယူရန် ကိစ္စကိုလည်း သဘာဝကျစွာ တွေးတောစဉ်းစားမိသည်။

မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် အိပ်ခန်းအတွင်း၌ လှိမ့်လိုက်ကြသည်။ ကြင်နာယုယမှုများကို အချိန်အတော်ကြာ ပြုလုပ်ပြီးနောက်မှသာ ရပ်တန့်လိုက်ကြလေသည်။ရပ်တန့်ပြီးနောက်တွင် ချင်ကျင်းယွီက ကျေနပ်အားရစွာဖြင့် လှဲလျောင်းနေခဲ့ပြီး သူမ၏ ယောက်ျားဖြစ်သူအား ရီဝေသော မျက်ဝန်းများဖြင့် လှမ်းကြည့်သည်။

"ယောကျ်ား၊ ရှင်က ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ"

"ဘာကိုလဲ၊ ဘာကို ကျွမ်းကျင်တာလဲ" ချန်ကောဟွားက နားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။

"ဟိုဟာလေ၊ ကလေးယူတဲ့ ကိစ္စကို ပြောတာပါ" ချင်ကျင်းယွီက ဆွဲဆောင်မှုအပြည့်ဖြင့် ချန်ကောဟွားအား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

သက်တမ်းရင့် ဇနီးမောင်နှံဖြစ်နေပြီဆိုသော်လည်း သူမသည် မိန်းမပျိုလေးတစ်ဦးကဲ့သို့ ရှက်သွေးဖြာနေဆဲပင် ဖြစ်သည်။

"ဪ၊ ဒါကတော့ မတတ်နိုင်ဘူးလေ၊ မွေးရာပါ ပါရမီရယ်၊ ကိုယ့်ဘာသာ လေ့လာသင်ယူထားတာရယ် ပေါင်းစပ်ထားတာပေါ့"

ချန်ကောဟွားက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

"မွေးရာပါ ပါရမီဆိုတာကို နားလည်ပေးလို့ ရပေမဲ့ ကိုယ့်ဘာသာ လေ့လာသင်ယူထားတာဆိုတာကရော ဒီကိစ္စကို ကိုယ့်ဘာသာ လေ့လာလို့ ရသေးတာလား" ချင်ကျင်းယွီက ချန်ကောဟွားမှာ အလွန်တရာ ဆွဲဆောင်မှုရှိလွန်းသည်ဟု ခံစားရပြီး မသိစိတ်၏ စေခိုင်းမှုအရ ပိုမိုသိရှိလိုစိတ် ဖြစ်လာခဲ့သည်။

ဇနီးဖြစ်သူ၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားက သဘာဝကျစွာပင် ဖြေဆိုရန် ငြင်းဆန်မည် မဟုတ်ပေ။

ရုတ်တရက် သူ၏ မျက်ဝန်းများမှာ လွမ်းဆွေးသော အရိပ်အယောင်များ ပေါ်လွင်လာသည်ကို မြင်တွေ့လိုက်ရပြီးနောက် အတိတ်ကို ပြန်လည်တမ်းတနေသော လေသံဖြင့် ချင်ကျင်းယွီ နားမလည်နိုင်သော စကားတစ်ခွန်းကို ပြောလိုက်သည်။

"သေချာပေါက် ရတာပေါ့၊ ၉၁က သူငယ်ချင်းတွေကို ပိုပြီး သိကျွမ်းထားဖို့ပဲ လိုတာပါ"

ချင်ကျင်းယွီမှာ နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် ဤအရာများက အရေးမကြီးလှချေ၊ သူမ၏ ယောက်ျားဖြစ်သူမှာ အလွန်တရာ စွမ်းဆောင်နိုင်သည်ကိုသာ သိရှိထားရန် လိုအပ်ပြီး သူမလည်း ကျေနပ်စွာဖြင့် အိပ်မောကျသွားသည်။

ဘေးနားရှိ ချန်ကောဟွားမှာလည်း မူလက တစ်ရေးတစ်မော အိပ်စက်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ရုတ်တရက် သူ၏ မျက်လုံးများက အဝိုင်းသား ပြူးကျယ်သွားသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော တစ်ခဏလေးအတွင်းက စနစ်၏ လက်မှတ်ထိုးဝင်ရောက်ခြင်း အသံကို သူ ရုတ်တရက် ထပ်မံကြားလိုက်ရသောကြောင့်ပင်ဖြစ်သည်။

"တင်းတောင်၊ လက်ခံသူ စနစ်ထဲဝင်ရောက်မှု အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်"

"တင်းတောင်၊ လက်ခံသူ တာ့ထွမ်ကျဲ့ ၉ ရွက် ရရှိသည့်အတွက် ဂုဏ်ယူပါတယ်"

"တင်းတောင်၊ လက်ခံသူက ဆယ်ကျင်းအလေးချိန်ရှိ ငါးမည်း ၁ ကောင် ရရှိသည့်အတွက် ဂုဏ်ယူပါတယ်"

"တင်းတောင်၊ လက်ခံသူက ရေလုံပြုတ်ငါးအရသာ ဟင်းခတ်အမွှေးအကြိုင် ၁ ထုပ် ရရှိသည့်အတွက် ဂုဏ်ယူပါတယ်"

"တင်းတောင်၊ လက်ခံသူက မိန်းမလျာအဖြစ် ခံစားကြည့်ရှုခွင့်ကတ် (သက်တမ်း- တစ်နာရီ) ၁ ခု ရရှိသည့်အတွက် ဂုဏ်ယူပါတယ်"

"တင်းတောင်၊ လက်ခံသူက သားရဲဖမ်းထောင်ချောက် ၂ ခု ရရှိသည့်အတွက် ဂုဏ်ယူပါတယ်"

……

ယနေ့ စနစ်မှ ပေးအပ်သော ဆုလာဘ်များကို ကြားလိုက်ရသောအခါ ချန်ကောဟွားမှာ အမှန်တကယ်ပင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။

ဆူဖြိုးလှသော ငါးကြီးတစ်ကောင် ရရှိခြင်းကို သူ နားလည်နိုင်သေးသည်။ သို့သော် နောက်ပိုင်းတွင် ရရှိသော အရာများကိုမူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။

ပထမဆုံးအနေဖြင့် သားရဲဖမ်းထောင်ချောက် ဖြစ်သည်၊ မိမိသည် ခြံဝင်းကြီးအတွင်း၌ နေထိုင်နေပြီး အမဲလိုက်ထွက်မည် မဟုတ်ရာ သားရဲဖမ်းထောင်ချောက်ကို အဘယ်ကြောင့် လိုအပ်မည်နည်း။

မိန်းမလျာအဖြစ် ခံစားကြည့်ရှုခွင့်ကတ်နှင့် ပတ်သက်၍မူ ပို၍ပင် နားလည်ရခက်နေသေးသည်။

နာမည်အရဆိုရင် မိန်းမလျာတစ်ဦးအဖြစ် ခံစားကြည့်ရမယ်လို့ ဆိုလိုချင်တာလား

ဒါပေမဲ့ ဘယ်သူက မိန်းမလျာဖြစ်ချင်မှာလဲ

ချန်ကောဟွားက စိတ်ထဲမှနေ၍ အနည်းငယ် ညည်းညူလိုက်ရုံသာ ညည်းညူလိုက်ပြီး နောက်ထပ် မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

မည်သို့ပင်ဆိုစေကာမူ စနစ်က ပေးအပ်သောအရာဖြစ်ရာ အလကားရသည့်အရာကို မယူဘဲ နေစရာအကြောင်းမရှိပေ၊ တစ်နေ့နေ့တွင် အသုံးဝင်လာနိုင်လေသည်။

သို့သော် ရေလုံပြုတ်ငါးအရသာ ဟင်းခတ်အမွှေးအကြိုင်ထုပ်နှင့် ပတ်သက်၍မူ အလွန်တရာ ကောင်းမွန်သည်ဟု ပြောရပေမည်။

သိထားရမည်မှာ ရေလုံပြုတ်ငါးသည် နာမည်ကြီး စီချွမ်ဟင်းလျာတစ်ပွဲဖြစ်ပြီး အရသာမှာ အသေအချာပင် ထိပ်တန်းအဆင့်ရှိပေသည်၊ အထူးသဖြင့် မွှေးပျံ့နေသော ထိုအနံ့မှာ ပို၍ပင် ကျေနပ်စရာ အကောင်းဆုံး ဖြစ်သည်။

အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ထမင်းစားချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ထို့နောက် ချင်ကျင်းယွီအား ဟင်းသွားဝယ်မည်ဟု ပြောဆိုကာ အိပ်ရာပေါ်မှ အလျင်အမြန် ဆင်းပြီး ဇလုံတစ်လုံးနှင့် ဓားတစ်ချောင်းကို ကိုင်ဆောင်လျက် အပြင်သို့ ထွက်လာသည်။

ဤရက်ပိုင်းအတွင်း နေ့စဉ် နေ့တိုင်း ဝက်သားများကိုသာ စားသောက်နေရသည်။ဝက်သားမှာ အရသာရှိလှသော်လည်း အနည်းငယ် ရိုးအီနေပြီ ဖြစ်သည်။

ယနေ့တွင် အရသာ အသစ်အဆန်းကို ပြောင်းလဲစားသောက်ရန် အချိန်ကိုက်ပင် ဖြစ်သည်၊ အရသာ ပြောင်းလဲစားသောက်ခြင်းသည် အသေအချာပင် အရသာရှိသော ခံစားမှုတစ်ခု ဖြစ်သည်။

ထို့အပြင် ဤငါးမည်းမှာ လုံလောက်စွာ ဆူဖြိုးနေပြီး အလေးချိန်အားဖြင့် ၂ ပိသာခွဲမှ ၃ ပိသာနီးပါးလောက်ရှိလောကသည်အထိ ကြီးမားလှရာ လူနှစ်ယောက် စားမည်ဆိုလျှင်ပင် အနည်းဆုံး ဟင်းအကြိမ်ရေများစွာ စားသောက်နိုင်မည်မှာ သေချာလှပေသည်။

ချန်ကောဟွားက ဟင်းချက်ရန် ပြင်ဆင်နေချိန်တွင်လည်း ခြံဝင်းအတွင်းရှိ အိမ်ထောင်စုတိုင်းကလည်း ထမင်းဟင်းများကို စတင်ချက်ပြုတ်နေကြပြီ ဖြစ်သည်။

ခြံဝင်းကြီးမှာလည်း စတင်၍ ဆူညံသက်ဝင်လာသည်။ သို့သော် ဤခေတ်ကာလတွင် ရေအသုံးပြုမှုမှာ နောင်ခေတ်ကာလများနှင့် လုံးဝ မတူညီခဲ့ချေ။

နောင်ခေတ်ကာလများတွင် ရေပိုက်များက အိမ်ထောင်စုတိုင်း၏ အိမ်ထဲသို့ တိုက်ရိုက် သွယ်တန်းထားသော်လည်း ယခုအချိန်တွင် ခြံဝင်းအတွင်း၌ ရေပိုက်ရှိသော နေရာ သုံးခုသာ ရှိသည်၊ ဆိုလိုသည်မှာ အရှေ့ဘက်ခြံဝင်း၊ အလယ်ခြံဝင်းနှင့် အနောက်ဘက်ခြံဝင်းတို့ပင် ဖြစ်သည်။

ရေပိုက်ရှိသော နေရာတိုင်းတွင် ရေကန်တစ်ခုစီ ရှိပြီး ထိုရေကန်ထဲတွင် ရေဘုံဘိုင်ခေါင်းများစွာကို တပ်ဆင်ထားလေသည်။ အရေအတွက်မှာ မနည်းလှသော်လည်း ထမင်းဟင်းချက်ပြုတ်ရမည့် အချိန်သို့ ရောက်ရှိလာသောအခါ လုံလောက်မှု မရှိတော့သကဲ့သို့ ဖြစ်လာသည်။

ချန်ကောဟွားက ရေဘုံဘိုင်ခေါင်းရှိရာသို့ ရောက်ရှိလာသည်။ ထို့နောက် ဓားကို စတင်သွေးကာ ငါးသတ်ရန် ပြင်ဆင်လိုက်သည်။ မကြာမီမှာပင် ဓားသွေးသော ရှပ်ရှပ်ဟူသည့် အသံများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ ဟင်းသီးဟင်းရွက် ဆေးကြောသူများနှင့် ရေခပ်သူများအားလုံးက ချန်ကောဟွားကို လှမ်းကြည့်လိုက်ကြသည်။

အစပိုင်းတွင် လူတိုင်းက အားကျသော အကြည့်များဖြင့် ကျားကျန်းရှီကို လှမ်းကြည့်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သူမက ဆန်ဆေးနေသောကြောင့်ပင် ဖြစ်သည်။

ဒါက ဆန်တွေလေ

ပေါင်းအိုးထဲမှ ထွက်လာမည့် ဆန်ဖြူထမင်းလေးက မည်မျှ မွှေးပျံ့နေလိုက်မည်နည်း။

ဘေးနားရှိ ပန့်ကန့်၊ ရှောင်တန်းတို့ သုံးယောက်မှာ ဘေးတွင် ရပ်ကာ သွားရည်ကျမတတ် စိုက်ကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ဤဆန်များသည် ပြီးခဲ့သည့်အကြိမ်က ဟယ်ယွီကျူး ပေးထားသော ဆန်များဖြစ်ပြီး သူတို့အနေဖြင့် ဤကဲ့သို့သော အစားအစာမျိုးကို ရှားရှားပါးပါးသာ စားရသောကြောင့် ဖြစ်သည်။

သို့သော်လည်း ချန်ကောဟွား၏ ဇလုံထဲတွင် ငါးမည်းကြီးတစ်ကောင် ထည့်ထားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများမှာ တစ်ခဏချင်းအတွင်း ပြူးကျယ်သွားကြပြီး ဆန်ဆေးနေသော အဘွားအိုအား အားကျစရာကောင်းသည်ဟု လုံးဝ မထင်မှတ်ကြတော့ချေ။

"ဘုရားရေ၊ ဒီငါးက ၂ ပိသာကျော်လောက် ရှိမယ်မဟုတ်လား"

တတိယဦးလေး ယန်ပုကွေ့၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားသည်။

"၂ ပိသာကျော်မကဘူး၊ အနည်းဆုံး ၂ ပိသာခွဲလောက် ရှိမယ်"

လျိုဟိုင်ကျုံးက ပြန်လည်တုံ့ပြန်လိုက်သည်။

"ဒီငါးက အနည်းဆုံး ၂ ပိသာခွဲလောက် ရှိတယ်ပေါ့"

"ရှီး... ငါ့ရဲ့ အားမလိုအားမရဖြစ်နေတဲ့ သွားရည်တွေက ပါးစပ်ထောင့်ကနေ စီးကျလာပြီ"

"ဒီလောက်ကြီးတဲ့ ငါးက ပိုက်ဆံဘယ်လောက်တောင် ပေးရမလဲ"

"အတော်လေး များမယ်ထင်တယ်"

လူတိုင်းက အပြန်အလှန် ဆွေးနွေးပြောဆိုနေကြသည်။ သိသာထင်ရှားသည်မှာ ဤ ၃ ပိသာနီးပါးလောက်ရှိသော ငါးကြီးတစ်ကောင်တည်းကတင် သာမန်မိသားစုများ စားသုံးနိုင်စွမ်းရှိသော အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် လူအတော်များများက မသိစိတ်၏ စေခိုင်းမှုအရ သွားရည်များကို မျိုချလိုက်ကြလေသည်။

"ချန်ကောဟွား၊ မင်း ဒီငါးကို ဘယ်ကနေ ဝယ်လာတာလဲ၊ ပိုက်ဆံဘယ်လောက် ပေးရလဲ"

ယန်ပုကွေ့က ငါးကြီးအား ပြင်းပြသော အကြည့်များဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

အမေးခံရချိန်တွင် ချန်ကောဟွားက မူလက ဂဏန်းတစ်ခုခု ပြောပြရန် ရည်ရွယ်ထားသော်လည်း တစ်ဖက်လူက မည်သည့်နေရာမှ ဝယ်လာသနည်းဟု ထပ်မံမေးမြန်းလာမည်ကို တွေးမိသောအခါ အလွန်တရာ ပြဿနာများသွားနိုင်‌ေချကို တွေးမိသွားသည်။

ထို့ကြောင့် ပြဿနာများကို ရှောင်ရှားရန်အတွက်

"ပိုက်ဆံမပေးရပါဘူး၊ ငါ့သူငယ်ချင်းနဲ့အတူ သွားမျှားလာတာပါ" ဟု သူက တိုက်ရိုက်ပင် ဖြေကြားလိုက်သည်။

ထိုစကားတစ်ခွန်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ ငြိမ်သက်မနေနိုင်တော့ချေ။

အရင်က မင်းတို့အိမ်မှာ ဝက်သားစားခဲ့ပြီး ဝက်သားအနံ့ကတင် လူတိုင်းကို သွားရည်ကျ‌ေအာင် လုပ်ပြီးပြီ၊

လခွမ်း အခုတစ်ခါ ငါးကြီးတစ်ကောင် ထပ်ရောက်လာပြန်ပြီ။

မေးပါရစေဦး၊ ဘယ်လို ခေါင်းဆောင်မျိုးကများ ဒီလို ဖြားယောင်းသွေးဆောင်မှုကို ခံနိုင်ရည်ရှိမှာလဲ။

ထို့အပြင် မျှားလာခဲ့သည်ဟု ဆိုသေးသည်၊ ဤအရာက ပိုက်ဆံမပေးရသော အလကားရသည့် အခွင့်အရေးကြီးပင် ဖြစ်သည်။ ပိုက်ဆံမပေးရဟု ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ စိတ်ထဲတွင် လျှို့ဝှက်သော အကြံအစည်လေးများ ချက်ချင်း ပေါ်ပေါက်လာခဲ့ကြလေသည်။

"ကောဟွား၊ မင်းရဲ့ သူငယ်ချင်းက ဘယ်နေရာမှာ မျှားခဲ့တယ်ဆိုတာကို ပြောပြဖူးလား"

ယန်ပုကွေ့က မေးမြန်းလာသည်။

သူသည် စာပေဆရာတစ်ဦးဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ငါးမျှားခြင်းကို ဝါသနာပါသူတစ်ဦးလည်း ဖြစ်ကာ ငါးမျှားစွမ်းရည်မှာလည်း မဆိုးလှချေ။

"အတိအကျ နေရာကိုတော့ ငါမသိဘူး၊ သူပြောတာတော့ စစ်ကျိုမြို့ပြင်ကို ထွက်ပြီး တံခါးဝကနေ အရှေ့ဘက်ကို ဆက်သွားရတယ်လို့ ပြောတာပဲ"

ချန်ကောဟွားက လျှောက်ပြောလိုက်သည်။

သို့သော် သူ မသိရှိခဲ့သောအရာမှာ သူ၏ ဤကဲ့သို့ ပါးစပ်ကနေ အလွယ်တကူ ပြောလိုက်သော စကားတစ်ခွန်းက ယန်ပုကွေ့အား ငါးတစ်ကောင်အတွက် ခြေထောက်ကျိုးမတတ် ပြေးလွှားသွားစေခဲ့ခြင်းပင် ဖြစ်သည်။

"မြို့ပြင်ထွက်ပြီး အရှေ့ဘက်ကို သွားရမယ် ဟုတ်လား"

ယန်ပုကွေ့က မျက်မှောင်ကြုတ်လိုက်သည်။

"မဖြစ်နိုင်ဘူးလေ၊ အရှေ့ဘက်ကို သုံးလီလောက် သွားတဲ့လမ်းက ချုံနွယ်ပိတ်ပေါင်းတွေချည်းပဲ၊ အဲဒီမှာ ရေဘယ်ရှိမှာလဲ"

သူက သံသယဝင်နေသော်လည်း ဤမျှကြီးမားသော ငါးကြီးကို မြင်တွေ့ရသောအခါ အဓိကအချက်မှာ ပိုက်ဆံမပေးရခြင်းပင် ဖြစ်သည်။ အရေးအကြီးဆုံးမှာ စား၍မကုန်ပါက ဆားနယ်ထားနိုင်သေးခြင်း ဖြစ်သည်။သိမ်းဆည်းရ လွယ်ကူရုံသာမကဘဲ လဝက်ကျော်ခန့် စားသုံးရန်အတွက်လည်း လုံလောက်ပေသည်။

"ငါသိပြီ၊ အဲဒိသုံးလီအကွာမှာ နောက်ထပ် ရေကန်တစ်ခု ရှိသေးတယ်၊ အဲဒီရေကန်ထဲမှာ ဒီလောက်ကြီးတဲ့ ငါးတွေ ရှိတာပဲ ဖြစ်ရမယ်"

ယန်ပုကွေ့က ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ပြောလိုက်သည်။

ချန်ကောဟွား “……”

ယန်ပုကွေ့မှာ ပို၍ပင် သွားရည်ကျလာသည်။ အကယ်၍ ငါးမျှားရမည့် နေရာကိုသာ သိရှိသွားပါက နောင်တစ်ချိန်တွင် အိမ်၌ စား၍မကုန်နိုင်သော အသားများ ရှိလာတော့မည် ဖြစ်သည်။ထို့အပြင် ဤမျှကြီးမားသော ငါးကြီးမျိုး ဖြစ်‌ေနသည်။

စားလိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ

ချန်ကောဟွား၏ ငါးမျှားစွမ်းရည်ကို မိမိနှင့် နှိုင်းယှဉ်မည်ဆိုပါက အရူးတစ်ယောက်ဟု ခေါ်ဆိုလျှင်ပင် လွန်ကဲမည် မဟုတ်ချေ။

ဒါကို ငါက မမြှားနိုင်စရာလား

ဤသို့ တွေးတောလိုက်ပြီးနောက် ယန်ပုကွေ့က မျက်နှာလိုမျက်နှာရ ပြုံးကာ

"ဒါဆို ကောဟွား၊ မနက်ဖြန် မင်း ငါနဲ့အတူ တစ်ခေါက်လောက် လိုက်ပေးလို့ ရမလား"

ဟု ပြောလိုက်သည်။

……

အခန်း ၂၈

ယန်ပုကွေ့သည် ချန်ကောဟွားအား မျှော်လင့်တကြီးဖြင့် ကြည့်နေပြီး သူ၏ လေသံတွင်လည်း မသိစိတ်မှ ရိုသေလေးစားမှုများ ပါဝင်နေသည်။ ဤအချက်ကို သူကိုယ်တိုင်ပင် သတိမပြုမိခဲ့ချေ။

ငါးမျှားရမည့် နေရာကို ရှာတွေ့သွားပါက နောင်တစ်ချိန်တွင် အိမ်၌ အသားစားရန် ပူပန်စရာ မလိုတော့ချေ။

သူ့အပြင် ကျားကျန်းရှီကလည်း ဘေးတွင် ရပ်နေ‌‌သည်။ သူမသည် ငါးမမျှားတတ်သော်လည်း တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားသည်။ငါးရှိသော နေရာကိုသာ သိရှိရပါက နောင်တစ်ချိန်တွင် ငါးရရှိရန် နည်းလမ်းများစွာ ရှိလာမည် ဖြစ်သည်။

သို့သော် သူမသည် ချန်ကောဟွားနှင့် ယခုလေးတင် ပြဿနာတက်ထားခဲ့သဖြင့် သဘာဝကျစွာပင် ယန်ပုကွေ့ကဲ့သို့ ချန်ကောဟွားအား မျက်နှာလိုမျက်နှာရ မလုပ်လိုဘဲ ဘေးတွင် အေးတိအေးစက် ဆောင့်ကြောင့်ထိုင်ကာ ဆန်ဆေးနေခဲ့သည်။သို့သော် နားများကိုမူ စွင့်ထားခဲ့‌လေသည်။

ချန်ကောဟွားက စိတ်ထဲမှနေ၍ အေးစက်စွာ နှာမှုတ်လိုက်သည်။

သူက ဤတိရစ္ဆာန်များကို အပြင်သို့ ငါးမျှားရန် ခေါ်သွားမည် မဟုတ်ချေ၊ ထို့အပြင် ဤအရာများမှာ သူ လျှောက်ပြောထားခြင်းသာ ဖြစ်သည်။ သဘာဝကျစွာပင် ထိုနေရာမျိုး မရှိပါချေ။

"မနက်ဖြန် မအားဘူး၊ ငါဖြေရှင်းစရာ ကိစ္စတချို့ ရှိသေးတယ်၊ ပြီးတော့ ငါ့သူငယ်ချင်းက ခေါ်သွားတာဆိုတော့ အတိအကျ နေရာကိုလည်း ငါ မမှတ်မိတော့ဘူး"

ချန်ကောဟွားက ခပ်အေးအေးပင် ပြောလိုက်သည်။

ယန်ပုကွေ့၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သော်လည်း မကြာမီမှာပင် ပြန်လည် ခိုင်မာလာသည်။

"အဲဒါဆို ရှန်းယွမ်မြစ်ပဲ ဖြစ်ရမယ်၊ မမှားနိုင်ဘူး၊ ငယ်ငယ်တုန်းက အရှေ့ဘက်မှာ မြစ်တစ်စင်းရှိတယ်လို့ ငါ ကြားဖူးတယ်၊ အဲဒါ ရှန်းယွမ်မြစ်ပဲ ဖြစ်ရမယ်"

ချန်ကောဟွားက ဤလူနှင့် စကားများများ မပြောလိုတော့သဖြင့် ဓားသွေးပြီးနောက် ငါးကို စတင် သတ်လေတော့သည်။

ငါးကို ခွဲစိတ်ကာ ကလီစာများ၊ ငါးကြေးခွံများနှင့် ပါးဟက်များကို ဖယ်ရှားလိုက်သည်။ ထို့နောက် ရေသန့်ဖြင့် တစ်ခေါက် ဆေးကြောလိုက်ရာ ငါးတစ်ကောင်လုံးကို ဆေးကြောပြီးစီးသွား‌သည်။

ကျားကျန်းရှီက နောက်ကွယ်မှနေ၍ ခိုးကြည့်လိုက်ပြီး မသိစိတ်၏ စေခိုင်းမှုအရ သွားရည်မျိုချလိုက်သည်။

ဒီသေနာကျမယ့် ချန်ကောဟွား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကံကောင်းနေရတာလဲ

ဒီလောက်ကြီးတဲ့ ငါးကိုတောင် သူ ရအောင် လုပ်နိုင်တယ်ပေါ့လေ

သူမက စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲနေစဉ်မှာပင် ပန့်ကန့်က ကျားကျန်းရှီ၏ ဘေးနားသို့ တိတ်တဆိတ် လျှောက်လာသည်။

"အဖွား၊ သား၊ သား ငါးစားချင်တယ်"

"ဘာငါးစားမှာလဲ၊ ငါးစားတဲ့သူတွေ အကုန် အရိုးစူးပြီး သေကုန်လိမ့်မယ်၊ ငါတို့အိမ်က ထမင်းဖြူပဲ စားမယ်"

ချန်ကောဟွား၏ အရှက်ခွဲခြင်းကို ခံခဲ့ရသော ကျားကျန်းရှီသည် ဤအချိန်တွင် ချန်ကောဟွားထံမှ ငါးတောင်းရန် လုံးဝ ရွေးချယ်မည် မဟုတ်ပေ။

အိမ်ရှိ မြေးဖြစ်သူက ပူဆာနေလျှင်ပင် သူမ၏ ပါးစပ်မှ ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ဤသို့ မတွေးတောခဲ့ချေ။

ကလေးက အရှေ့မှာ တောင်းနေတာတောင် ချန်ကောဟွားလို လူကြီးတစ်ယောက်က နည်းနည်းပါးပါး ဖော်ပြရကောင်းမှန်း မသိဘူးလား ဟု စိတ်ထဲမှ တွေး‌ေန‌ေတာ့‌လေသည်။

သို့သော်လည်း ချန်ကောဟွားက စကားတစ်ခွန်းမျှ မပြောခဲ့သလို တစ်ဖက်လူအား လုံးဝ အဖက်မလုပ်ခဲ့ချေ။

ဓားသွေးပြီးနောက်တွင် ချန်ကောဟွားက ငါးအသားလွှာများကို စတင် လှီးဖြတ်လေတော့သည်။ မည်သို့ပင်ဆိုစေကာမူ ချက်ပြုတ်မည်မှာ ရေလုံပြုတ်ငါး ဖြစ်သောကြောင့် သဘာဝကျစွာပင် ဓားကိုင်စွမ်းရည်ကို အတော်လေး စမ်းသပ်ခံရ‌‌ပေသည်။

သို့သော် ဤကာလအတောအတွင်း ချန်ကောဟွား၏ နေထိုင်မှု အတွေ့အကြုံများလည်း အတော်လေး ကြွယ်ဝလာခဲ့သည်။

ရိုးရှင်းစွာ ငါးအသားလွှာ လှီးဖြတ်ခြင်းစသည်ဖြင့်တို့မှာ သူ့အတွက် လွယ်ကူရိုးရှင်းနေဆဲပင် ဖြစ်သည်။

မကြာမီမှာပင် သုံးပိဿာခန့် အလေးချိန်ရှိသော ငါးမည်းကြီးတစ်ကောင်လုံးကို အသားလွှာ လှီးဖြတ်ပြီးစီးသွားပြီး ဇလုံတစ်ခုလုံးကို အပြည့်အမောက် ဖုံးလွှမ်းသွားစေသည်။

"မဆိုးဘူး"

ချန်ကောဟွားက မိမိ၏ လက်ရာကို ကျေနပ်စွာ ကြည့်လိုက်သည်။

ဤငါးအသားလွှာများကို ချက်ပြုတ်ပြီးပါက အိမ်တွင် နှစ်ရက် သုံးရက်ခန့် စားသုံးရန် လုံလောက်ပြီဟု စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

ငါးအသားလွှာ လှီးဖြတ်ပြီးနောက် ချန်ကောဟွားက ဇလုံကို ပိုက်ကာ အိမ်ရှိရာသို့ တိုက်ရိုက် ပြန်လာသည်။

ရေနွေးဖြင့် ဖြောပြီးနောက်တွင် တိုက်ရိုက်ပင် ငါးကို စတင် ချက်ပြုတ်လေတော့သည်။

ဟင်းခတ်အမွှေးအကြိုင်အထုပ် ရှိသောကြောင့် အဆင့်များစွာမှာ ပိုမိုလွယ်ကူရိုးရှင်းသွားသည်။

ဆီကို အပူပေးပြီးနောက် ငရုတ်ကောင်းနှင့် ငရုတ်သီးများကို ထည့်ကြော်လိုက်ကာ မွှေးရနံ့များ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီးမှ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ အစရှိသော အဆာပလာများကို ထည့်သွင်းကာ နောက်ဆုံးတွင် ဟင်းခတ်အမွှေးအကြိုင်အထုပ်ကို ထည့်လိုက်သည်။

ရိုးရှင်းစွာ ချက်ပြုတ်ပြီးနောက် ပူနေသော ဆီများကို ငါးပေါ်သို့ လောင်းချလိုက်ရာ ဇလုံကြီးတစ်လုံးစာ ရေလုံပြုတ်ငါးကို ချက်ပြုတ်ပြီးစီးသွားလေတော့သည်။

မွှေးရနံ့များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး မီးခိုးငွေ့များနှင့်အတူ ချန်ကောဟွား၏ အိမ်ထဲမှနေ၍ ပျံ့လွင့်လာသည်။

ဤသည်မှာ မလုံလောက်သေးချေ၊ ဆက်လက်၍ ချန်ကောဟွားက ကျန်ရှိနေသော ဝက်သားများကို ယူဆောင်ကာ စီချွမ်ဟင်းလျာတစ်မျိုးဖြစ်သော ရေလုံပြုတ်ဝက်သားလွှာကိုလည်း ထပ်မံ ချက်ပြုတ်လိုက်သည်။

ခဏအကြာတွင် ခြံဝင်းကြီးတစ်ခုလုံး၌ မွှေးရနံ့များ ဖုံးလွှမ်းသွားသည်။

နောင်ခေတ်ကာလများတွင် စီချွမ်ဟင်းလျာများကို လူအများက အမြဲတစေ နှစ်သက်ကြသည်။အရေးအကြီးဆုံးသော အကြောင်းရင်းမှာ လုံလောက်စွာ မွှေးပျံ့ခြင်း၊ လုံလောက်စွာ မြှူဆွယ်နိုင်ခြင်းနှင့် လုံလောက်စွာ သွားရည်ကျစေနိုင်ခြင်းတို့ကြောင့်ပင် ဖြစ်သည်။

ဤအရသာသည် လူကြီးများအတွက်ဖြစ်စေ၊ ကလေးများအတွက်ဖြစ်စေ အသေအချာပင် အလွန်တရာ မြှူဆွယ်နိုင်စွမ်း ရှိသည်။

ခြံဝင်းကြီးတစ်ခုလုံးမှာ စီချွမ်ဟင်းလျာ၏ ပူလောင်စပ်‌ေန‌ေသာမွှေးပျံ့သော အရသာကြောင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြလေတော့သည်။

ရွှီတမောင်းက ပြောင်းဖူးပေါင်မုန့်ကို ကိုက်စားရန် ပြင်ဆင်နေဆဲမှာပင် ချက်ချင်းဆိုသလို စွဲမက်သာယာနေသော မျက်နှာထားမျိုး ဖြစ်သည်။

"ဘုရားရေ၊ မွှေးလိုက်တာ၊ တကယ်ကို မွှေးလွန်းနေတာပဲ"

ရီကျုံးဟိုင်မှာ ယခင်ကိစ္စများကြောင့် ချန်ကောဟွားအား အံကြိတ်မတတ် မုန်းတီးနေသည်။သို့သော် ထိုမွှေးရနံ့ကို သူ ရှူရှိုက်မိလိုက်ပြီးနောက် ဤအနံ့မှာ ချန်ကောဟွား၏ အိမ်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းကို သူ တွေ့ရှိလိုက်ရသောအခါ သူ၏ ဦးနှောက်ထဲတွင် ချန်ကောဟွားထံမှ အနည်းငယ်ခွဲဝေပေးရန် တောင်းဆိုပြီး မြည်းစမ်းကြည့်လိုသော အတွေးများပင် ထွက်ပေါ်လာသည်။

ဒုတိယဦးလေး လျိုဟိုင်ကျုံးကမူ ပို၍ပင် ပွင့်လင်းလှသည်။

"ဒီလခွမ်း ချန်ကောဟွားက မကြာသေးခင်ကတည်းက ဘယ်လို ခွေးချေးကံမျိုး ထလာတာလဲ၊ ဘယ်လိုလုပ် နေ့တိုင်း အသားငါးတွေ အလျှံအပယ် စားပြီး ကောင်းကောင်းစားသောက် နေနိုင်ရတာလဲ၊ ဒါက နှစ်သစ်ကူးတောင် မရောက်သေးဘူး၊ သူက ဒီလောက်ကောင်းကောင်း စားသောက်နေတာ နောင်တစ်ချိန်ကျရင် သူ့ကို ပြုစုလုပ်ကျွေးမယ့်သူ မရှိမှာကို တကယ် မကြောက်ဘူးလား"

လျိုဟိုင်ကျုံး၏ ကလေးသုံးယောက်မှာမူ သွားရည်များ ကျဆင်းနေပြီး မျက်နှာလိုမျက်နှာရဖြင့် ပြောသည်။

"အဖေ၊ သူတို့အိမ်က ဘာချက်နေတာလဲ၊ ဘာလို့ ဒီလိုအနံ့မျိုး တစ်ခါမှ မရဖူးတာလဲ"

"ဒါကို ငါက ဘယ်လိုလုပ် သိမှာလဲ"

သားဖြစ်သူ၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် လျိုဟိုင်ကျုံးကလည်း စိတ်မရှည်စွာဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။

သူ၏ သားသုံးယောက်မှာလည်း အလွန်တရာ သတ္တိကြောင်သူများဖြစ်သဖြင့် တိုက်ရိုက်ပင် ခေါင်းငုံ့ကာ ပန်းကန်ထဲမှ အရသာအနည်းငယ်မျှ မရှိသော ခေါက်ဆွဲပြုတ်ရည်များကို စတင် စားသောက်ကြလေတော့သည်။

……

ခြံဝင်းကြီးတစ်ခုလုံးအတွင်း၌မူ မည်သူက အစားအမက်ဆုံးဖြစ်သနည်းဟု ရေတွက်ရမည်ဆိုလျှင် သဘာဝကျစွာပင် ကျားမိသားစုမှ ကလေးသုံးယောက်ကို ရေတွက်ရမည် ဖြစ်သည်။ ထိုအထဲတွင်လည်း ပန့်ကန့်က အစားအမက်ဆုံးသူအဖြစ် ထိပ်ဆုံးမှ ပါဝင်နေသည်။

အလွန်တရာ မွှေးပျံ့လှသော အနံ့ကို သူ ရှူရှိုက်မိလိုက်သောအခါ အားမလိုအားမရဖြစ်သော သွားရည်များက ပါးစပ်ထောင့်မှ စီးကျလာသည်။ လက်ထဲရှိ ဆန်ဖြူထမင်းလေးမှာ မမွှေးတော့ဟု ချက်ချင်း ခံစားလိုက်ရသည်။

ခွေးတောင်မှ မစားဘူး

ကျားကျန်းရှီသည်လည်း ဤအနံ့ကို ရှူရှိုက်မိလိုက်ပြီးနောက် မျက်နှာပေါ်တွင် စွဲမက်သာယာနေသည့် အမူအရာ ပေါ်လွင်လာသည်။

သို့သော် ချန်ကောဟွား၏ အိမ်မှ ထွက်ပေါ်လာသော အနံ့ဖြစ်ကြောင်း တွေ့ရှိလိုက်ရသောအခါ သူမက အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိဘဲ စတင်၍ ကျိန်ဆဲလေတော့သည်။

"ဒီချန်မိသားစုက တိရစ္ဆာန်၊ ငါးချက်တာကို ဒီလောက်တောင် မွှေးနေအောင် ချက်နေတာ ဘာလို့ ငါးရိုးစူးပြီး မသေသွားတာလဲ"

ကျားတုန်းရွှီက ကြားပြီးနောက်တွင် ဆက်လက်၍ ဟန်ဆောင်ကာ

"ငါသာ မတ်တတ်မရပ်နိုင်တာကြောင့် မဟုတ်ရင် အိမ်မှာ ငါးလေးတစ်ကောင်တောင် မစားရတဲ့ အဖြစ်မျိုး ဘယ်ရောက်မှာလဲ၊ ဒီခွေးကောင်က နေ့တိုင်း ဒီလိုစားသောက်နေတာ၊ နောင်တစ်ချိန်ကျရင် သူတို့အိမ် ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်" ဟု ပြောလိုက်သည်။

သူတို့နှစ်ဦး ကျိန်ဆဲပြီးစီးသွားပြီးနောက် ဘေးတွင် ပြောင်းဖူးပေါင်မုန့် စားနေသော ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် လုံးဝ စကားမဆိုနိုင်အောင် ဖြစ်သွားခဲ့ရသည်။ယခုအခါ သူမသည် ကျားမိသားစု၏ သားအမိနှစ်ယောက်အပေါ် လုံးဝ သည်းမခံနိုင်တော့ချေ။

ဒီလူနှစ်ယောက်မှာ လူနဲ့တူတဲ့ အချက် နည်းနည်းလေးတောင်မှ မရှိဘူး မဟုတ်လား

သူတစ်ပါးက အိမ်ကို ကူညီထောက်ပံ့ပေးလျှင်လည်း တစ်ဖက်လူမှာ အသုံးမကျသူဟု အသေအချာ သတ်မှတ်တတ်ကြသည်၊ ထိုမျှမကသေးချေ သူတို့နှစ်ဦးက တစ်ဖက်လူသည် မိမိတို့အပေါ် မကောင်းကြံစည်နေသည်ဟုပင် ထင်မြင်တတ်ကြသေးသည်၊ သူတစ်ပါးက မကူညီလျှင်လည်း ထိုသူတစ်ပါးမှာ လူကောင်းမဟုတ်ဟု ထင်မြင်တတ်ကြပြန်သည်။

ယခုအခါ ခဲယဉ်းစွာဖြင့် ဆန်ဖြူထမင်းလေး စားရပြီဖြစ်သော်လည်း ဤလူနှစ်ယောက်မှာ မကျေနပ်နိုင်ကြသေးဘဲ အစွမ်းအစမရှိဘဲ ရူးသွပ်စွာ ဟောင်ရုံသာ သိကြသည်၊ ဤကဲ့သို့သော လူမျိုးက လူကြီးသူမတစ်ယောက်၏ ပုံစံမျိုး မည်သို့ ရှိပါမည်နည်း။

တကယ့်ကို ဝဋ်ပဲ

သို့သော် ဒါက အနာကျင်ရဆုံးသော ကိစ္စ မဟုတ်သေးချေ။

အနာကျင်ရဆုံးမှာ ပန့်ကန့်က စတင် ဆူပူသောင်းကျန်းလာခြင်းပင် ဖြစ်သည်။

"သား ငါးစားချင်တယ်"

"အမေ၊ သား ငါးစားချင်တယ်"

"အဖွား၊ သား ချန်မိသားစု ချက်တဲ့ ငါးကို စားချင်တယ်"

ချင်ဟွိုင်ယွီမှာ ယခင်က ချန်ကောဟွားထံမှ ဝက်သားသွားတောင်းခဲ့ရာ အရှက်ကွဲခဲ့ကြောင်းကို ယခုတိုင် မှတ်မိနေဆဲ ဖြစ်သည်။ထို့ကြောင့် သူမက ပန့်ကန့်အား မာန်မဲလိုက်သည်။

"စားမယ် စားမယ်နဲ့၊ စားဖို့လောက်ပဲ သိတယ်၊ ထမင်းရှိတာတောင် မလုံလောက်သေးဘူးလား"

ဤသို့ ဆူပူကြိမ်းမောင်းလိုက်ရာ ပန့်ကန့်မှာ လန့်သွားသည်။

ဘေးနားရှိ ကျားကျန်းရှီကမူ မကျေမနပ် ဖြစ်သွားသည်၊ သူမသည် ချန်ကောဟွားထံမှ ပစ္စည်းသွားတောင်း၍ မရနိုင်ကြောင်း သိရှိထားသော်လည်း မြေးဖြစ်သူကို အလွန်တရာ အလိုလိုက်ထားသူ ဖြစ်သည်။

ပန့်ကန့် မပျော်မရွှင်ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ ချင်ဟွိုင်ယွီအား ချက်ချင်းပင် အပြစ်တင်လိုက်သည်။

"ကလေးကို ဆူတာက ဘာအရည်အချင်းရှိတာလဲ၊ အရည်အချင်းရှိရင် ကလေးကို ငါးစားရအောင် လုပ်ပေးလေ"

ပြောပြီးနောက်တွင် သူမက ပန့်ကန့်အား ထပ်မံ၍ "မြေးလေး၊ မနက်ဖြန် အဖွား ငါးသွားမျှားမယ်၊ မြေးလေး စားဖို့အတွက် ငါးကြီးကြီးတစ်ကောင် သေချာပေါက် ရအောင် မျှားခဲ့ပေးမယ်" ဟု ပြောလိုက်သည်။

ကျားကျန်းရှီ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်ထားသည်၊ စောစောက သူမ ဆန်ဆေးနေချိန်တွင် စစ်ကျိုမြို့ပြင်သို့ ထွက်ပြီးနောက် အရှေ့ဘက်သို့ သွားပါက ရေကန်တစ်ခု ရှိကြောင်းကို ကြားခဲ့ရသည်။

သူမသည် ငါးမမျှားတတ်သော်လည်း အချိန်ကျရောက်လာပါက ယန်ပုကွေ့နှင့် အတူတကွ ငါးသွားမျှားနိုင်သည်။မည်သို့ပင်ဖြစ်စေ တစ်ကောင်ခန့်တော့ ခွဲဝေရရှိနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော် သူမ ထင်မှတ်မထားခဲ့သောအရာမှာ ကျားကျန်းရှီ ပြောဆိုပြီးစီးသွားပြီးနောက် ပန့်ကန့်က ပန်းကန်နှင့် တူများကို ပစ်ချကာ အခန်းပြင်သို့ တိုက်ရိုက် ပြေးထွက်သွားခြင်းပင် ဖြစ်သည်။

……

All Chapters